ညီနောင်မဟာမိတ် သုံးဖွဲ့တို့ ရှမ်းပြည်မြောက်ပိုင်းတွင် နယ်မြေသိမ်းပိုက်မှု ခိုင်မာအောင် လုပ်နေပြီး ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်ပြည်နယ်တဝန်း တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်နေချိန်တွင် ကချင်ပြည်နယ်၌ ယခုလအတွင်း စစ်ကောင်စီကို ထိုးစစ်သစ် စတင်သည်။
မတ်လ ၇ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ထိုးစစ်စတင်ပြီး တရုတ်နယ်စပ်နှင့် အပြိုင်ရှိနေသည့် ကီလိုမီတာ ၁၂၀ (၇၂ မိုင်) ရှည်သော မြစ်ကြီးနား-ဗန်းမော်လမ်းမှ စစ်တပ် အခြေစိုက်စခန်း သုံးခုနှင့် ကင်းစခန်း ၁၁ ခုကို အလျင်အမြန် သိမ်းပိုက်လိုက်သည်။ KIA သည် ၎င်းတို့ မြို့တော်သို့ ခြိမ်းခြောက်မှုများကို ဖယ်ရှားလိုက်ရုံသာမက ထိုအဝေးပြေးလမ်းတလျှောက် ကုန်သွယ်ရေးနှင့် သွားလာမှုကိုလည်း ထိန်းချုပ်လိုက်သည်။
စစ်တပ်သည် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာကို လေကြောင်းနှင့် အမြောက်ဖြင့် ပြင်းထန်စွာ တိုက်ခိုက်ပြီး တုံ့ပြန်သည်။ ယခုအခါ KIA သည် ကချင်ပြည်နယ် မြို့တော်နှင့် စီးပွားရေး အချက်အခြာ မြစ်ကြီးနား မြို့စွန်သို့ ရောက်လာသည်။
အကြောင်းရင်း ငါးခုကြောင့် KIA ထိုးစစ်ကို အနီးကပ်စောင့်ကြည့်ရန် လိုအပ်သည်။
ပထမဆုံးအချက်မှာ KIA သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပထမဆုံးပူးပေါင်းပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုပြီးနောက် စစ်ကောင်စီကို ပထမဆုံး တိုက်ခိုက်သော တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း ဖြစ်သော်လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ညီနောင်မဟာမိတ် သုံးဖွဲ့က ပူးပေါင်းညှိနှိုင်းထိုးစစ်ဆင်ချိန် နောက်ပိုင်းတွင် စစ်ရေးအရ လှုပ်ရှားမှုနည်းသည်။ ညီနောင်မဟာမိတ် သုံးဖွဲ့၏ ထိုထိုးစစ်သည် ရှမ်းပြည်နယ်တွင် စစ်ကောင်စီကို အောင်မြင်စွာ တွန်းလှန်လိုက်သည်။
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်သော ညီနောင်မဟာမိတ် သုံးဖွဲ့သည် ရှမ်းမြောက်ပိုင်းတခွင်မှ မြို့များကို သိမ်းပိုက်လိုက်သည်။
နိုဝင်ဘာလတွင် ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးကို ပစ်ပယ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းတခွင်ကို တိုက်ခိုက်သည်။ ယခုအခါ AA သည် မြို့နယ် ခြောက်မြို့နယ်ကို သိမ်းပိုက်ပြီး ပြည်နယ်မြို့တော်အနီးသို့ ရောက်လာသည်။ စစ်ကောင်စီသည် စစ်တွေမှ အရပ်ဘက် ဝန်ထမ်းများနှင့် တပ်အချို့ကို ဘေးလွတ်ရာသို့ အလျင်အမြန် ရွှေ့ပြောင်းထားရသည်။
နိုဝင်ဘာလတွင် ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးကို ပစ်ပယ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းတခွင်ကို တိုက်ခိုက်သည်။ ယခုအခါ AA သည် မြို့နယ် ခြောက်မြို့နယ်ကို သိမ်းပိုက်ပြီး ပြည်နယ်မြို့တော်အနီးသို့ ရောက်လာသည်။ စစ်ကောင်စီသည် စစ်တွေမှ အရပ်ဘက် ဝန်ထမ်းများနှင့် တပ်အချို့ကို ဘေးလွတ်ရာသို့ အလျင်အမြန် ရွှေ့ပြောင်းထားရသည်။
ရှမ်းအပစ်အခတ်ရပ်စဲရေး
ဇန်နဝါရီလ အစောပိုင်းတွင် တရုတ်နိုင်ငံသည် ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် စစ်ကောင်စီကြား အပစ်အခတ်ရပ်စဲရေးကို ကြားဝင်ဆောင်ရွက်ပေးသည်။
ရှမ်းပြည်မြောက်ပိုင်း အပစ်အခတ်ရပ်စဲရေးသည် အများအားဖြင့် တည်မြဲနေပြီး TNLA နှင့် MNDAA တို့သည် ၎င်းတို့ သိမ်းပိုက်ထားသော မြို့နယ်များတွင် အာဏာခိုင်မာရေးကို အာရုံစိုက်လုပ်ကိုင်ကာ ဥပဒေများ၊ အမိန့်များချမှတ်ပြီး လူမှုဝန်ဆောင်မှုများ ပေးနေသည်။
ထိုအပစ်အခတ် ရပ်စဲရေးကြောင့် စစ်ကောင်စီသည် ၎င်းတို့တပ်များကို ပြန်လည် စုစည်းနိုင်ခဲ့သည်။ စစ်ကောင်စီသည် စစ်ကိုင်းတိုင်းမှ ကောလင်းကို နှစ်ပတ် ဝိုင်းထားပြီးနောက် ပြန်လည် သိမ်းပိုက်နိုင်သည်။ စစ်ကောင်စီသည် ရှမ်းပြည်မြောက်ပိုင်းမှ KIA ထိန်းချုပ် မြို့နှစ်မြို့နှင့် TNLA ထိန်းချုပ် မြို့သုံးမြို့တွင် စစ်အုပ်ချုပ်ရေး ကြေညာသောကြောင့် ၎င်းတို့သည် တန်ပြန် ထိုးစစ်အတွက် ပြင်ဆင်နေပြီး ၎င်းတို့တပ်များ၏ စစ်စည်းကမ်းကို လျှော့ချထားပေးသည့် သဘောဖြစ်သည်။ ယခုအခါ တနိုင်ငံလုံးရှိ မြို့နယ် ၃၃၀ အနက် ၆၁ ခုတွင် စစ်အုပ်ချုပ်ရေး ကြေညာထားရသည်။
တရုတ်က ကြားဝင်သည့် အပစ်အခတ်ရပ်စဲရေး စတုတ္ထအကြိမ် ဆွေးနွေးပွဲများကို ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ ကျင်းပခဲ့ပြီး MNDAA နှင့် ကုန်သွယ်ရေး အခွန်ငွေ ခွဲဝေရေး သဘောတူစာချုပ် ချုပ်ဆိုသည်ဟု ယူဆရသော်လည်း ထိုအပစ်အခတ် ရပ်စဲရေးသည် ခြိမ်းခြောက်ခံနေရသည့် သဘောမျိုး ညီနောင်မဟာမိတ်များက ပြောသည်။
စစ်မျက်နှာသစ်ဖွင့်ခြင်းသည် စစ်ကောင်စီ၏ နောက်ထပ် တန်ပြန်ထိုးစစ်များကို တာဆီးရာတွင် အရေးပါသည်။ စစ်ကောင်စီသည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်နှင့် အခြားစစ်မျက်နှာများတွင် ပြန့်ကျဲနေသော ၎င်းတို့တပ်များကို ပြန်လည် ဖြန့်ကြက်နိုင်ခြင်း မရှိပေ။
KIA က စစ်ရှိန်မြှင့်တင်
ဒုတိယအချက်မှာ KIA ထိုးစစ်သည် အတိုက်အခံ အင်အားစုများအကြား လိုက်လျောညီထွေဖြစ်မှုအတွက် အရေးပါပြီး ညီနောင်မဟာမိတ်များနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် KIA သည် လွန်ခဲ့သော လေးလအတွင်း ၁၀၂၇ စစ်ဆင်ရေးတွင် အများအားဖြင့် ဘေးထွက်ထိုင်နေသောကြောင့် အတိုက်အခံအင်အားစုအကြား စိတ်ပျက်မှုများ ရှိနေသည်။
မျှတသည်ဖြစ်စေ မမျှတသည်ဖြစ်စေ KIA နှင့် ပတ်သက်သည့် မကျေမနပ်ပြောဆိုမှုများ ဖြစ်လာပြီး ဝေဖန်သူများက KIA သည် စစ်ကောင်စီဆန့်ကျင်ရေး နွေဦးတော်လှန်ရေးကို လမ်းကြောင်း ပြောင်းသွားစေသည့် ၁၀၂၇ စစ်ဆင်ရေးတွင် ထိထိရောက်ရောက် ပါဝင်ခြင်း မရှိဟု မြင်ကြသည်။
KIA သည် မတိုက်ခိုက်ဘဲ နေသည် မဟုတ်ပေ။ KIA သိမ်းပိုက်ထားသည့် မြို့တမြို့ဖြစ်သည့် မံစီတွင် ဖေဖော်ဝါရီလက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သောကြောင့် လူ ခြောက်ဦးသေဆုံးသည်။ လွန်ခဲ့သော အပတ်အတွင်း စီးပွားရေးအရ အရေးပါသော ကျောက်စိမ်းတူးဖော်သည့် ဖားကန့်တွင် KIA နှင့် စစ်ကောင်စီတပ်များအကြား ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားသည်။
KIA ကို ဝေဖန်ခြင်းသည် လုံးဝ မမျှတပေ။ KIA သည် ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ခိုက်ပြီး မြို့နှစ်မြို့နှင့် အခြားစစ်စခန်းများကို သိမ်းပိုက်သည်။ သို့သော် TNLA နှင့် KIA အကြား နီးကပ်သော ဆက်ဆံရေး ရှိသည့်တိုင် KIA ထိုဒေသတွင် ရှိနေခြင်းသည် ဒေသခံ တအာင်းလူမှုအသိုက်အဝန်းနှင့် တင်းမာမှုဖြစ်စေသော အာဏာထိန်းချုပ်မှုဟု အချို့ကမြင်သည်။
KIA ကို ဝေဖန်ခြင်းသည် လုံးဝ မမျှတပေ။ KIA သည် ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ခိုက်ပြီး မြို့နှစ်မြို့နှင့် အခြားစစ်စခန်းများကို သိမ်းပိုက်သည်။ သို့သော် TNLA နှင့် KIA အကြား နီးကပ်သော ဆက်ဆံရေး ရှိသည့်တိုင် KIA ထိုဒေသတွင် ရှိနေခြင်းသည် ဒေသခံ တအာင်းလူမှုအသိုက်အဝန်းနှင့် တင်းမာမှုဖြစ်စေသော အာဏာထိန်းချုပ်မှုဟု အချို့ကမြင်သည်။
တတိယအချက်မှာ မြစ်ကြီးနားလေဆိပ်တွင် Mi-17 ရဟတ်ယာဉ် အနည်းဆုံး တစင်း ပျက်စီးသွားသည်ဆိုသည့် အချက်ဖြစ်သည်။ ထိုဖြစ်ရပ်ကြောင့် ဝန်ပိနေသော လေတပ်အတွက် အထိနာစေသည်။
ယနေ့အထိ မတ်လ ၁ ရက်နေ့တွင် စက်ချို့ယွင်းပျက်ကျသည့် MiG-29 တစင်းအပါအဝင် အခြားလေယာဉ် ခြောက်စင်း ပျက်စီးသွားသည်။ နောက်ထပ် လေယာဉ်အကြီးစားများ ဆုံးရှုံးခြင်းသည် စစ်ကောင်စီ၏ သယ်ယူပို့ဆောင်ရေးကို ထိခိုက်နစ်နာစေမည် ဖြစ်သည်။
စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်အပါအဝင် အခြားနေရာများတွင် စစ်ရေးလှုပ်ရှားခြင်းနှင့် ပြန်လည် ဖြည့်တင်းရာတွင် အပြင်းအထန် အကျပ်အတည်း ဖြစ်နေသည်။ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်သည် စစ်တပ်သယ်ယူပို့ဆောင်ရေး ရေယာဉ် လေးစီးကို မကြာသေးမီက မြှုပ်ပစ်လိုက်သည်။ ရဟတ်ယာဉ်များသည် စစ်တပ် ရပ်တည်နိုင်ရေးအတွက် လုံးဝအရေးပါနေသည်။
တပ်ကူများကို ပို့ဆောင်ခြင်းနှင့် ဒဏ်ရာရသူများကို ပြန်လည်သယ်ဆောင်ရင်း တပ်များကို လက်နက်ခဲယမ်း၊ ရိက္ခာနှင့်ရေ ပြန်လည်ဖြည့်တင်းရန် စစ်ကောင်စီက မလုပ်နိုင်ခြင်းကြောင့် စစ်ကောင်စီတပ်များ စိတ်ဓာတ်ကျဆင်းနေကြောင်း စစ်ကောင်စီတပ်များမှ ဘက်ပြောင်းလာသူများနှင့် တွေ့ဆုံမေးမြန်းမှုများက ဖော်ပြနေသည်။
တရုတ်နယ်စပ်
ရခိုင်နှင့် ရှမ်းပြည်နယ်များတွင် တွေ့ရသည့်အတိုင်း လက်နက်ချသော ခြေမြန်တပ်ရင်းများတွင် လူအင်အား လျော့နည်းနေသောကြောင့် အတင်းအကျပ် စစ်သားစုဆောင်းရသည်။
စစ်သားများ၏ မိသားစုဝင်များကို ရှေ့တန်းစခန်းများတွင် ဖြန့်ကြက်ရန် စစ်တပ်ခေါင်းဆောင်ပိုင်းက မကြာသေးမီတွင် အမိန့်ထုတ်သည်။ စစ်သားဇနီးများကို ကတုတ်ကျင်းများအတွင်း ရိုက်ကူးထားသည့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် တက်လာနေသည်။
စစ်သားများ၏ မိသားစုဝင်များကို ရှေ့တန်းစခန်းများတွင် ဖြန့်ကြက်ရန် စစ်တပ်ခေါင်းဆောင်ပိုင်းက မကြာသေးမီတွင် အမိန့်ထုတ်သည်။ စစ်သားဇနီးများ ကတုတ်ကျင်းများအတွင်း ရိုက်ကူးထားသည့် ဓာတ်ပုံများ လူမှုကွန်ရက်တွင် တက်လာနေသည်။
ထိုသို့လုပ်ဆောင်ခြင်းမှာ ကုန်ခန်းသွားသော လူအင်အားကို ဖြည့်ရန်သာမက စစ်သားများအနေဖြင့် မည်သည့်တန်ဖိုး ပေးဆပ်ရသည်ဖြစ်စေ တိုက်ခိုက်ရန်နှင့် စခန်းများကို ထိန်းသိမ်းနိုင်ရန် စိတ်အားမြှင့်တင်ခြင်းလည်း ဖြစ်သည်။
ထိုသို့ လုပ်ဆောင်ခြင်းသည် ဆန့်ကျင်ဘက် သက်ရောက်မှုကိုသာ ဖြစ်စေပြီး စစ်သားများသည် ၎င်းတို့မိသားစုများ၏ အသက်ကို ကယ်ရန် သို့မဟုတ် ၎င်းတို့ ဇနီးများက အားပေးတိုက်တွန်းသောကြောင့် လက်နက်ချကြသည်မှာ အံ့သြစရာ မဟုတ်ပေ။
စတုတ္ထအချက်မှာ KIA သည် ထိုးစစ်ကို ဦးဆောင်နေသော်လည်း ထိုတပ်များတွင် မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များကိုသာမက စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကိုပါ ထည့်သွင်းထားသည်။ ထိုအဖွဲ့အစည်းများအကြား ယုံကြည်မှုတည်ဆောက်ရာတွင် ပူးတွဲစစ်ဆင်ရေးများသည် အရေးပါသည်။
နောက်ဆုံးအချက်မှာ နယ်စပ်တွင်တည်ရှိသော လိုင်ဇာကို စစ်ကောင်စီက ဗုံးကြဲစဉ်အတွင်း စစ်ကောင်စီ အမြောက်ဆံ အနည်းဆုံး လေးခု တရုတ်ပိုင်နက်အတွင်း ကျရောက်ပြီး အဆောက်အအုံ အများအပြား ပျက်စီးစေသည်။ စစ်တပ်က ထိုအမြောက်ဆံ ကျရောက်သည်ကို ငြင်းဆိုပြီး KIA ကို အပြစ်တင်သည်။
၎င်းတို့တပ်များ၏ အရည်အချင်း ညံ့ဖျင်းသောကြောင့် စစ်တပ်သည် တရုတ်ဘက်သို့ မလွှဲသာ မရှောင်သာ အမြောက်ဆံ ကျစေနိုင်သော်လည်း ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်ဖွယ်ရှိပြီး KIA က အပစ်အခတ်ရပ်စဲစေရန် တရုတ်ကို ဖိအားပေးရန် ပစ်ခတ်ခြင်းဖြစ်နိုင်သည်။
ကချင်ပြည်နယ်သည် ၎င်းတို့၏ သီးခြား လူမျိုးစုများအကြား တင်းမာမှုများကြောင့် ရှုပ်ထွေးသောနေရာ ဖြစ်နေသည်။ မကြာသေးမီက တိုက်ခိုက်မှုတွင် စစ်ကောင်စီလိုလားသည့် ပြည်သူစစ်ဟု လူသိများသော လီဆူးနိုင်ငံရေးသမားတဦး သေဆုံးခဲ့သည်။
လူဦးရေ အလွန်နည်းသည့် လူမျိုးစု လီဆူးများသည် အကာအကွယ်ရရန် စစ်ကောင်စီကို အားကိုးသည်။ NUG နှင့် ၎င်းတို့၏ တိုင်းရင်းသား မဟာမိတ်များသည် ထိုသို့သော လူမျိုးစုများနှင့် အမြန် ဆက်သွယ်ပြီး အာမခံချက်များ ပေးရန် လိုအပ်သည်။
KIA သည် ထိုးစစ်ကို ရေရှည် တိုက်နိုင်၊ မတိုက်နိုင်ကို ပြောရန် စောလွန်းသေးသည်။ တရုတ်သည် နယ်စပ်တလျှောက်တွင် ငြိမ်းချမ်းရေးကို တောင်းဆိုသည်။ KIA တွင် တရုတ် ထောက်ခံမှုရှိသော်လည်း ကိုယ်ပိုင်ရပ်တည်နိုင်စွမ်းလည်း ရှိသည်။
KIA သည် ထိုးစစ်ကို တိုးချဲ့ပြီး စစ်ကောင်စီကို ထူးခြားသော စစ်မျက်နှာ ရှစ်ခုတွင် ပိတ်မိအောင် ထိန်းထား၊ မထားကို စောင့်ကြည့်ရမည်ဖြစ်သည်။ သို့သော် ထိုစစ်မျက်နှာသစ်သည် ဒုက္ခရောက်နေသော စစ်ခေါင်းဆောင်များ မရင်ဆိုင်နိုင်သည့် စစ်မျက်နှာဖြစ်သည်။
(RFA ပါ Zachary Abuza ၏ Kachin offensive opens new front for overstretched Myanmar junta forces ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီ သက်ဆိုးမရှည်တော့ဟု KIA ဗိုလ်ချုပ် ပြော
စစ်ကောင်စီ တပ်စခန်းတွေကို KIA တပြိုင်တည်း ထိုးစစ်ဆင် (ရုပ်/သံ)
KIA ထိုးစစ်ကြောင့် မံစီမှ စစ်ကောင်စီတပ်သားတချို့ တရုတ်နိုင်ငံဘက် ထွက်ပြေး
နမ့်ဖတ်ကာ အခြေစိုက် စစ်ကောင်စီ တပ်ရင်းကို KIA တိုက်ခိုက် သိမ်းပိုက်