ရှေ့သိပ်မထွက်သူ ဝေချင်ဟိုင်း
ဦးဝေရှောက်ရင်၏သား ကိုးကန့် နယ်ခြားစောင့်တပ် အကြံပေးနှင့် ကြီးကြပ်ရေးအဖွဲ့ဝင် ဝေချင်ဟိုင်း (ခ) အောင်ဝင်းသည် Jingjang Company, Hanley Group နှင့် Henery Paing Group တို့၏ ဒါရိုက်တာ ဖြစ်သည်။
သူသည် ဝေဆန်း၏သား ဝေချင်းဆုန်ကဲ့သို့ ကိုးကန့်ပြန့်ကြားရေး မျက်နှာစာတွင် မြင်ရလေ့ရှိသူ မဟုတ်ပေ။ စစ်တပ်ခေါင်းဆောင်များနှင့် နီးကပ်သည့် ဆက်ဆံရေးကိုမူ တည်ဆောက်ထားပြီး ပြီးခဲ့သည့်နှစ် မတ်လ ၂၇ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ၇၈ နှစ်မြောက် တပ်မတော်နေ့ ညစာစားပွဲကိုပင် တက်ရောက်ကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား လက်ဆွဲနှုတ်ဆက် ဂါဝရပြုခဲ့သေးသည်။ တရုတ်က ကျားဖြန့် လုပ်ငန်းများနှင့် ဆက်စပ်၍ ဖမ်းဝရမ်းထုတ်ခဲ့သည့်အထဲတွင် ဝေချင်ဟိုင်း မပါခဲ့ပေ။
ကိုးကန့်၏ ဩဇာရှိ အမျိုးသမီး (သို့မဟုတ်) ဝေယုံ
ဝေယုံ (ခ) ချောချောအေးသည် မိသားစု စီးပွားရေးလုပ်ငန်းများကို အဓိက ဦးဆောင်နေသူ အမျိုးသမီးဖြစ်ပြီး ဖခင်၏ လုပ်ငန်းများကို ၎င်းလက်ထက်တွင် များစွာ တိုးချဲ့ခဲ့သူလည်း ဖြစ်သည်။ ဟိန်းလီအုပ်စု၊ ဟင်နရီပိုင်အုပ်စု ကုမ္ပဏီများ၏ ဒါရိုက်တာ ရာထူးကို အကိုဖြစ်သူ ဝေချင်ဟိုင်းနှင့်အတူ ယူထားပြီး အကိုထက် ပို၍ လူမှုရေး အားကောင်းသူ ဖြစ်သည်။ ‘ဝေ” မိသားစု၏ နောက်ပိုင်း အသစ်ထောင်သည့် လုပ်ငန်းများကို သူက ဦးဆောင်ခဲ့သည်။
ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်းဖြစ် ကိုးကန့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် တဦးလည်းဖြစ်သည့် ဝေယုံသည် လောက်ကိုင်၏ ဩဇာရှိ အမျိုးသမီးတဦးဖြစ်ပြီး လူမှု ပွဲလမ်းသဘင်များတွင်လည်း အမြဲတွေ့ရတတ်သည်။
ဝေယုံနှင့် ဦးပယ်ဆောက်ချိန်၏ သမီး ပယ်ရင်လန်တို့သည် သူငယ်ချင်းများ ဖြစ်ကြပြီး နှစ်ဦးစလုံးက လောက်ကိုင်၌ ထင်ပေါ် လွှမ်းမိုးမှုရှိသည့် အမျိုးသမီးများ ဖြစ်သည်။ ၎င်းတို့ကို ကိုးကန့် မိသားစုကြီး ငါးစု၏ ဒုတိယမျိုးဆက်များဟု ပြော၍ရသည်။
ကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌလည်းဖြစ် ကိုးကန့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် တဦးလည်းဖြစ်သည့် ဝေယုံသည် လောက်ကိုင်၏ ဩဇာရှိ အမျိုးသမီးတဦးဖြစ်ပြီး လူမှု ပွဲလမ်းသဘင်များတွင်လည်း အမြဲတွေ့ရတတ်သည်။
ကိုးကန့် ဦးဆောင် မိသားစုများတွင် စီးပွားရေးလုပ်ငန်းနှင့် ဆိုင်သည့် ဝက်ဘ်ဆိုက်ကို စနစ်တကျ တည်ထောင်ထားသည့် မိသားစု နှစ်စုတွင်လည်း “ဝေ” မိသားစု ပါသည်။ အခြားတခုမှာ ‘လျို” မိသားစု၏ ဝက်ဘ်ဆိုက် ဖြစ်သည်။
အွန်လိုင်း လိမ်လည်မှုလုပ်ငန်း ကျားဖြန့်များနှင့် ပတ်သက်၍ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အလိုရှိသောတရားခံ ၁၀ ဦးစာရင်းတွင် ဝေယုံ ပါလာခဲ့သည်။ ယခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က ပြောကြားခဲ့သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်တဲရင်၏ မိန့်ခွန်းထဲတွင် ကျားဖြန့်တရားခံများကို နေပြည်တော်သို့ စစ်ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားသည်ဟု ပါရှိခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့က ကျားဖြန့် တရားခံ ၁၀ ဦးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်မှ တရုတ်သို့ လွှဲပြောင်းသည့်သတင်း များတွင်မှု အဓိက ခေါင်းဆောင် ခြောက်ဦးနှင့် သံသယရှိသူ လေးဦးဟုသာ တွေ့ရပြီး ထိုသံသယ လေးဦးထဲတွင် ဝေယုံ ပါ၊ မပါ အတိအကျ မသိရှိရပေ။ ခေါ်ဆောင်သွားသူများကို ဖော်ပြသည့် သတင်းများတွင်လည်း ဝေယုံ၏ ပုံကို မတွေ့ရပေ။
အဦးဆုံး အဖမ်းခံရသူ ဝေချင်းထောင်
ဦးဝေရှောက်ရင်၏ အငယ်ဆုံးသား ဝေချင်းထောင်သည် ကျားဖြန့် သံသယနှင့် ပတ်သက်၍ အဦးဆုံး ဖမ်းခံခဲ့ရသူများတွင် ပါဝင်ခဲ့သည်။ တရုတ်နိုင်ငံဘက် လင်းချန်းမြို့နယ် ကုန်စည်ပြပွဲကို တက်ရောက်နေသည့် ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ ရာ ထိုအထဲတွင် ဝေချင်းထောင် ပါသွားခဲ့သည်။
နိုဝင်ဘာလထဲတွင် ဝေချင်းထောင်၊ “လျို” အိမ်မှ မောင်မောင်နှင့် “မြီ” အိမ်မှ ပိဟွေကျွင်းတို့ သုံးဦး အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ပြောဆိုဝန်ခံသည့် ဗီဒီယိုဖိုင်ကို တရုတ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာလထဲတွင် ဝေချင်းထောင်၊ “လျို” အိမ်မှ မောင်မောင်နှင့် “မြီ” အိမ်မှ ပိဟွေကျွင်းတို့ သုံးဦး အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ပြောဆိုဝန်ခံသည့် ဗီဒီယိုဖိုင်ကို တရုတ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
အဖိုးတန်နာရီများကို ဝယ်ယူလေ့ရှိသူ ဝေချင်းထောင်သည် သီချင်းဆိုရသည်ကိုလည်း ဝါသနာပါသူဖြစ်ပြီး Kokang Dream Voice သီချင်းဆိုပြိုင်ပွဲတွင် ဒိုင်အဖြစ် လုပ်ခဲ့သေးသည်။
ကိုးကန့် လူငယ်အဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌတဦးလည်း ဖြစ်ပြီး “ပယ်” မိသားစု၊ “လျို” မိသားစုတို့မှ တတိယ မျိုးဆက်များ ဖြစ်သော ပယ်ရင်ချန်၊ လျိုကျိကွမ်းတို့နှင့် သူငယ်ချင်းများ ဖြစ်သည်။
You may also like these stories:
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၁)
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၂)
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၃)
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၅)
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၆)
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (နိဂုံး)
ကိုးကန့်ဒေသ လွတ်မြောက်ခြင်းအောင်ပွဲ ညီနောင်မဟာမိတ် ခေါင်းဆောင်များတက်
ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ
တရုတ်အလိုရှိသူ ကိုးကန့်ခေါင်းဆောင်ဟောင်း၏ ရွာ MNDAA ဝင်စီး
ကိုးကန့်ထိပ်သီးလုပ်ငန်းရှင်များ တရုတ်ဖမ်းထား
ကိုးကန့်နှင့် နွေဦးတော်လှန်ရေး အပိုင်း ၁
မြန်မာနှင့် တရုတ်ကြား ညပ်နေသော ကိုးကန့်