• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

၄ လအတွင်း မြို့သိမ်းတိုက်ပွဲများဖြင့် AA အောင်မြင်နေ

by ဟိန်းထူးဈာန်
16 March 2024
in ဆောင်းပါး
A A
၄ လအတွင်း မြို့သိမ်းတိုက်ပွဲများဖြင့် AA  အောင်မြင်နေ

စစ်ကောင်စီနှင့် လေးလကြာ တိုက်ပွဲများအတွင်း ရခိုင်နှင့် ချင်းပြည်နယ် တောင်ပိုင်းတွင် AA က မြို့ ၉ မြို့ သိမ်းပိုက်နိုင်ခဲ့သည်

5.6k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအများစုမှ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်စခန်းများကို အဓိကကျသည့် ထိုးစစ်ဖြင့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်ပြီး ရက္ခိုင့်တပ်တော် (AA) သည် လူသားချင်းစာနာမှုအရ ၂၀၂၂ ခုနှစ်တွင် ရယူထားသည့် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးကို အဆုံးသတ်လိုက်သည်။

၂၀၀၉ ခုနှစ်တွင် တည်ထောင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း AA သည် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့်အတူ ညီနောင်မဟာမိတ် သုံးဖွဲ့တွင် ပါဝင်သည်။

RelatedPosts

ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
584
တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

21 June 2025
1.4k
နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
486

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများ စတင်သောအခါ AA သည် ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီတပ်များကို တိုက်ခိုက်သည့် အဓိက ထိုးစစ် ၁၀၂၇ စစ်ဆင်ရေးတွင် ညီနောင်မဟာမိတ်များ၊ အခြားတော်လှန်ရေး အင်အားစုများနှင့်အတူ ပူးပေါင်း တိုက်ခိုက်နေသည်မှာ တလခန့် ရှိပြီဖြစ်သည်။

သို့သော် AA ၏ မကြာသေးမီက စစ်ရေးလှုပ်ရှားမှုများကို ထိုအဓိက ထိုးစစ်ကြီး နှစ်ခုတွင်သာ တွေ့ရသည် မဟုတ်ပေ။ AA သည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) အပါအဝင် အခြား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းကာ စစ်ကောင်စီကို ကချင်ပြည်နယ်နှင် စစ်ကိုင်းတိုင်းကဲ့သို့သော နိုင်ငံ၏ အခြားအစိတ်အပိုင်းများတွင်လည်း တိုက်ခိုက်နေသည်။

AA သည် ပထမတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့များကို သိမ်းပိုက်ပြီး ရခိုင်ပြည်နယ်တွင် အံ့သြစရာကောင်းသော အောင်မြင်မှုများ မကြာသေးမီက ရသောကြောင့် AA ၏ တိုးတက်မှုအတွက် မြန်မာနိုင်ငံတဝန်းမှ ပြည်သူများ စိတ်အားတက်ကြွ ကြသည်။

AA သည် ပထမတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ မြို့များကို သိမ်းပိုက်ပြီး ရခိုင်ပြည်နယ်တွင် အံ့သြစရာကောင်းသော အောင်မြင်မှုများ မကြာသေးမီက ရသောကြောင့် AA ၏ တိုးတက်မှုအတွက် မြန်မာနိုင်ငံတဝန်းမှ ပြည်သူများ စိတ်အားတက်ကြွ ကြသည်။

စစ်ကောင်စီနှင့် လေးလကြာ တိုက်ပွဲများအတွင်း ရခိုင်နှင့် ချင်းပြည်နယ် တောင်ပိုင်းတွင် AA က မြို့ ၉ မြို့ သိမ်းပိုက်နိုင်ခဲ့သည်

AA သည် စစ်ကောင်စီ စခန်းများနှင့် အခြေစိုက်စခန်းများကို နေ့စဉ်နီးပါး သိမ်းပိုက်ပြီး ရခိုင်ပြည်နယ်မှ စစ်ကောင်စီကို တိုက်ခိုက်သည့် စစ်ပွဲအရှိန်သည် အလျင်အမြန် မြင့်မားလာသည်။ AA သည် မကြာသေးမီကအထိ စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် အခိုင်အမာရှိသော မြို့များကိုပင် သိမ်းပိုက်နိုင်သည်။

AA သိမ်းပိုက်ထားသည့် မြို့များ

စစ်ကောင်စီနှင့် လေးလကြာ တိုက်ပွဲများအတွင်း ရခိုင်နှင့် ချင်းပြည်နယ် တောင်ပိုင်းတွင် AA က မြို့ ၉ မြို့ သိမ်းပိုက်နိုင်ခဲ့သည်

ယနေ့အထိ AA သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းမှ မြို့ ကိုးမြို့ကို သိမ်းပိုက်ထားသည်။ ချင်းပြည်နယ် တောင်ပိုင်းတွင် AA သည် ပလက်ဝ တမြို့လုံးကို သိမ်းပိုက်ထားပြီး ရခိုင်ပြည်နယ်တွင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောနှင့် ပုဏ္ဏားကျွန်း မြို့နယ်များကို သိမ်းပိုက်ထားသည်။

အထက်ပါမြို့နယ်များတွင် AA က အပြည့်အဝ ထိန်းချုပ်ထားသည်။ AA သည် တောင်ပြိုလက်ဝဲမြို့နှင့် ရမ်းဗြဲမြို့တို့ကို သိမ်းပိုက်ထားသော်လည်း ထိုမြို့များ တည်ရှိသည့် မြို့နယ်များဖြစ်သည့် ဘူးသီးတောင်နှင့် ရမ်းဗြဲကို ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်သည်။

အဓိက စစ်အခြေစိုက်စခန်းများကို သိမ်းပိုက်

ရခိုင်နှင့် ချင်းပြည်နယ် တောင်ပိုင်းတွင် AA က စစ်အခြေစိုက်စခန်းများ၊ ဗျူဟာကုန်းများနှင့် ခြေလျင်တပ်၊ ခြေမြန်တပ် ၁၆ နေရာကို သိမ်းပိုက်ခဲ့သည်

လွန်ခဲ့သော လေးလအတွင်း AA သည် အဓိကကျသည့် အခြေစခန်း အနည်းဆုံး ၁၆ ခု အပါအဝင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်ရဲများ၏ ရာပေါင်းများစွာသော စခန်းများ၊ ဗျူဟာကုန်းများနှင့် အခြေစိုက်စခန်းများကို သိမ်းပိုက်သည်။

ထိုအဓိကကျသည့် စစ်အခြေစိုက်စခန်းများတွင် ပုဏ္ဏားကျွန်းမြို့နယ်မှ အမှတ် ၅၅၀ ခြေမြန်တပ်ရင်းနှင့် အမှတ် ၂၇၀ ခြေလျင်တပ်ရင်း၊ မြောက်ဦးမြို့နယ်မှ အမှတ် ၃၇၇၊ ၃၇၈ နှင့် ၅၄၀ ခြေမြန်တပ်ရင်းများနှင့် မင်းပြားတို့ ပါဝင်သည်။ ထိုစစ်အခြေစိုက်စခန်းများသည် ရခိုင်ပြည်နယ်မှ စစ်ကောင်စီ၏ အရေးအပါဆုံး ကွပ်ကဲမှုဌာနချုပ်များ ဖြစ်သည်။

ရခိုင်နှင့် ချင်းပြည်နယ် တောင်ပိုင်းတွင် AA က သိမ်းပိုက်နိုင်ခဲ့သည့် အဓိက စစ်အခြေစိုက်စခန်းများတွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ

အဓိကကျသော မြို့တမြို့ဖြစ်သည့် ကျောက်တော်တွင် စစ်ကောင်စီ အခြေစိုက်စခန်း အများအပြားရှိပြီး ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ကို ပလက်ဝမှတဆင့် ဆက်သွယ်ထားသော လမ်းကြောင်းပေါ်မှ အချက်အချာနေရာ ဖြစ်သောကြောင့် ပထဝီအရ အရေးပါသည်။ ကျောက်တော်တွင် AA သည် အမှတ် ၃၇၄၊ ၃၇၅၊ ၃၇၆ နှင့် ၅၃၉ ခြေမြန်တပ်ရင်းများနှင့် အမှတ် ၃၇၇ အမြောက်တပ်ရင်းတို့ကို သိမ်းပိုက်ထားသည်။

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝတွင် AA သည် အမှတ် ၃၀၈ ခြေမြန်တပ်ရင်းနှင့် အမှတ် ၂၈၉ ခြေလျင်တပ်ရင်းတို့ကို သိမ်းပိုက်သည်။

AA နှင့် လေးလကြာ တိုက်ပွဲအတွင်း စစ်ကောင်တပ်နှင့် နယ်ခြားစောင့်ရဲ ၁,၂၀၀ ကျော်သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြသည်

ထိုအဓိကကျသည့် စစ်စခန်းများအပြင် AA သည် မင်းပြားမြို့နယ်မှ စစ်ကောင်စီ၏ အမှတ် ၉ တိုင်းဗဟို လေ့ကျင့်ရေးကျောင်းကိုလည်း သိမ်းပိုက်သည်။ ထိုကျောင်းကို ဗိုလ်မှူးချုပ်အဆင့်ရှိသူ တဦးက အုပ်ချုပ်ပြီး ထိုဒေသတွင် စခန်းချနေသည့် စစ်ကောင်စီစခန်း အများအပြားကိုလည်း ချေမှုန်းသည်။

စစ်သားများ ထွက်ပြေးနေ

AA နှင့် လေးလကြာ တိုက်ပွဲအတွင်း စစ်ကောင်တပ်နှင့် နယ်ခြားစောင့်ရဲ ၁,၂၀၀ ကျော်သည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြသည်

ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် AA နှင့် တိုက်ပွဲများ အရှိန်မြင့်လာချိန်မှ စတင်ပြီး စစ်ကောင်စီစစ်သားနှင့် နယ်ခြားစောင့်ရဲ ၇၀၀ ကျော်သည် အိန္ဒိယသို့ ထွက်ပြေးကြပြီး ၅၀၀ ကျော်သည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသောကြောင့် မြန်မာစစ်တပ် ရင်ဆိုင်နေရသည့် အတွင်းပိုင်း အကျပ်အတည်းကို ပြသလိုက်ခြင်းပင် ဖြစ်သည်။

ရေတပ်သင်္ဘောများ ဖျက်ဆီးခံရ

AA က စစ်ကောင်စီ၏ ရေတပ်သင်္ဘော အနည်းဆုံး ၇ စီးနှင့် ကမ်းကပ်ရေယာဉ် ၂ စီးကို လွန်ခဲ့သော လေးလအတွင်း ရခိုင်ပြည်နယ်တွင် ဖျက်ဆီးလိုက်သည်

ရခိုင်ပြည်နယ်မှ မြစ်များတွင် စစ်ကောင်စီသည် ရေတပ်သင်္ဘောများ ဖြန့်ကြက်ထားပြီး AA က ထိန်းချုပ်ရန် ကြိုးစားနေသည့် မြို့များနှင့် ရွာများမှ အရပ်ဘက်နေရာများကို အမြောက်ဖြင့်ပစ်သည်။ ထို့ကြောင့် အရပ်သား အများအပြား သေဆုံးသည်။

ရခိုင်ပြည်နယ်မှ မြစ်များတွင် စစ်ကောင်စီသည် ရေတပ်သင်္ဘောများ ဖြန့်ကြက်ထားပြီး AA က ထိန်းချုပ်ရန် ကြိုးစားနေသည့် မြို့များနှင့် ရွာများမှ အရပ်ဘက်နေရာများကို အမြောက်ဖြင့်ပစ်သည်။ ထို့ကြောင့် အရပ်သား အများအပြား သေဆုံးသည်။

တုံ့ပြန်သည့်အနေဖြင့် AA က စစ်ကောင်စီ၏ ရေတပ်သင်္ဘော အနည်းဆုံး ခုနစ်စီးနှင့် ကမ်းကပ်ရေယာဉ် နှစ်စီးကို လွန်ခဲ့သော လေးလအတွင်း ရခိုင်ပြည်နယ်တွင် ဖျက်ဆီးလိုက်သည်။ ထိုတိုက်ခိုက်မှုများ အပြီးတွင် AA သည် သင်္ဘောမြုပ်သွားသောကြောင့် ရေနစ်နေသည့် စစ်ကောင်စီစစ်သား အများအပြားကိုလည်း ကယ်ဆယ်ခဲ့ရသည်။

စစ်တပ်အဆင့်မြင့်အရာရှိများ ဆုံးရှုံး

AA သည် စစ်ကောင်စီ အဆင့်မြင့်အရာရှိ အနည်းဆုံး ၇ ဦးကို သုတ်သင်ပြီး အခြား အဆင့်မြင့်အရာရှိ အနည်းဆုံး ၆ ဦးကို တိုက်ပွဲတွင် ဖမ်းမိသည်။

AA သည် စစ်ကောင်စီ အဆင့်မြင့်အရာရှိ အနည်းဆုံး ခုနစ်ဦးကို သုတ်သင်ပြီး အခြား အဆင့်မြင့်အရာရှိ အနည်းဆုံး ခြောက်ဦးကို တိုက်ပွဲတွင် ဖမ်းမိသည်။

ဖေဖော်ဝါရီလက ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာအနီး စစ်ကောင်စီရေတပ်၊ ကြည်းတပ်တို့နှင့် ပြင်းထန်သော တိုက်ပွဲများအတွင်း AA တိုက်ခိုက်ရေးသမားများသည် အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်မှူး အသက် ၅၁ နှစ်အရွယ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် သူ၏တပ်သားအချို့ကို မြစ်အတွင်းမှ ကယ်ဆယ်ရသည်။

AA သည် အခြားတိုက်ပွဲများတွင် ဒဏ်ရာရသည့် စစ်ကောင်စီ အဆင့်မြင့်အရာရှိများ အပါအဝင် စစ်သားအချို့ကို ကယ်ဆယ်နိုင်ခြင်း မရှိခဲ့ပေ။ အမှတ် ၁၁ ခြေမြန်တပ်မမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်းသည် ထိုသို့ သေဆုံးသူများတွင် ပါဝင်သည်။ ဒီဇင်ဘာလ ဒုတိယပတ်တွင် စစ်ကောင်စီ အမာခံစခန်းများကို အောင်မြင်စွာ ထိုးစစ်ဆင်ပြီးနောက် AA သည် ပလက်ဝမြို့နယ်၊ နှုံးဘူးတောင် ဗျူဟာကုန်းမှ ဗျူဟာမှူး ဒု ဗိုလ်မှူးကြီး ဗညားပိုင်စိုး၏ အလောင်းကို တွေ့ခဲ့သည်။

AA သည် ပလက်ဝမှ ပြင်းထန်သော တိုက်ပွဲအတွင်း စစ်တပ် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် တစင်းကိုလည်း ပစ်ချနိုင်ခဲ့သည်

သေဆုံးကြောင်း AA က အတည်ပြုခဲ့သည့် အခြားအရာရှိများတွင် စစ်ကြောင်းမှူး ဗိုလ်မှူး ကျော်သက်နိုင်၊ အမှတ် ၉ တန်းမြင့်လေ့ကျင့်ရေးကျောင်း အုပ်ချုပ်ရေးတပ်မှူး ဒု ဗိုလ်မှူးကြီး ရဲထွဋ်ဝင်း၊ အမှတ် ၅၅၀ ခြေမြန်တပ် ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို၊ အမှတ် ၂၈ ခြေလျင်တပ်ရင်မှူး ဒု ဗိုလ်မှူးကြီး ဖြိုးသူအောင်နှင့် အမှတ် ၅၅၀ ခြေမြန်တပ်မှ ဗိုလ်မှူး စောထွေးတို့ ပါဝင်သည်။

အမှတ် ၃၄၄ ခြေမြန်တပ် ဒု တပ်မှူး ဗိုလ်မှူး သန့်ဇင်ထွန်း၊ အမှတ် ၉ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ ဒု ဗိုလ်မှူးကြီး ညီညီဝင်း၊ အမှတ် ၂၉၉ ခြေလျင်တပ်မှ ဒုဗိုလ်မှူးကြီး နေလင်းထွန်းနှင့် ဗိုလ်မှူး ဇော်လင်းထွန်း၊ အမှတ် ၃၇၈ ခြေမြန်တပ်မှ တပ်ခွဲမှူး ဗိုလ်မှူး သိန်းထိုက်စိုးတို့သည် AA ကစစ်ဆင်ရေးများအတွင်း ဖမ်းမိသူများတွင် ပါဝင်သည်။

လက်နက်ခဲယမ်းများနှင့် ရဟတ်ယာဉ်တစင်း

စစ်ကောင်စီတပ်များနှင့် လွန်ခဲ့သော လေးလကြာ တိုက်ပွဲများအတွင်း AA သည် အလွန် များပြားသည့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းမိသည်။ ထိုမျှ များပြားလှသော လက်နက်များတွင် ပစ္စတိုမှ ကြီးမားသော ဒုံးကျည်ပစ်လက်နက်များအထိ ပါဝင်သည်။ သိမ်းဆည်းမိသော ခဲယမ်းများတွင် လက်နက်ငယ် ကျည်ဆံများမှသည် ၁၀၀ မမ အထက် အမြောက်ဆံများအထိလည်း ပါဝင်သည်။ AA သည် ပလက်ဝမှ ပြင်းထန်သော တိုက်ပွဲအတွင်း စစ်တပ် သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် တစင်းကိုလည်း ပစ်ချနိုင်ခဲ့သည်။

စစ်ကောင်စီတပ်များနှင့် လွန်ခဲ့သော လေးလကြာ တိုက်ပွဲများအတွင်း AA သည် အလွန် များပြားသည့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းမိသည်

ယခုအချိန်တွင် AA သည် ရခိုင်ပြည်နယ်တခုလုံးကို ထိန်းချုပ်ရန် ကြိုးစားနေပြီး တိုက်ပွဲများ အပြင်းအထန် ဆက်လက် ဖြစ်ပွားနေသည်။ ယခုအပတ်အတွင်း ရမ်းဗြဲနှင့် ကျောက်ဖြူတွင်လည်း ပြင်းထန်သော တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အထူးသဖြင့် မောင်တောတွင် ဖြစ်ပွားနေသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်တွင် လူဦးရေ ၃ ဒသမ ၁ သန်းရှိသည်။ မတ်လ ၄ ရက်နေ့အထိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) စာရင်းအရ ရခိုင်ပြည်နယ်မှ ပြည်တွင်းနေရပ်စွန့်ခွာရသူ အရေအတွက် ၃၅၀,၉၀၀ ကျော်သွားပြီဖြစ်ကြောင်း သိရသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ဟိန်းထူးဈာန်၏ Nine Towns in Four Months: the AA’s War in Rakhine ကို ဘာသာပြန်သည်။)

You may also like these stories:

မြန်မာနိုင်ငံအနောက်ပိုင်း ပကတိအခြေအနေကို အိန္ဒိယ စ နားလည်လာပြီလား

ရက္ခိုင့်တပ်တော်က အနိုင်ယူလာနေတဲ့ ရခိုင်စစ်မျက်နှာ

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

အထိနာနေသော စစ်ကောင်စီ ကချင်ထိုးစစ်သစ်နှင့် ထပ်ရင်ဆိုင်ရ

KIA ထိုးစစ်က မြို့ကြီးများအား ဝိုင်းပတ်မည့် အခြေအနေ ရောက်လာ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAMNDAANUGTNLAစစ်ကောင်စီစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ် သုံးဖွဲ့နယ်ခြားစောင့်ရဲပြည်တွင်းနေရပ်စွန့်ခွာသူများမြို့သိမ်းတိုက်ပွဲရက္ခိုင့်တပ်တော်ရခိုင်ပြည်နယ်ရေကြောင်းတိုက်ခိုက်မှုအပစ်အခတ်ရပ်စဲရေးအမျိုးသားညီညွတ်ရေးအစိုးရ
ဟိန်းထူးဈာန်

ဟိန်းထူးဈာန်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရခိုင်ပြည်နယ်ကို ဆက်သွယ်ရေးဖြတ်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေ (ရုပ်/သံ)

ရခိုင်ပြည်နယ်ကို ဆက်သွယ်ရေးဖြတ်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေ (ရုပ်/သံ)

မိန်းမ နှင့် J

မိန်းမ နှင့် J

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.5k
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

4 days ago
3.2k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate