နေရာယူတတ်သူ ဦးမောင်မောင်
ဦးမောင်မောင် (ခ) လျိုကျန်ချိသည် ဦးလျိုအာပေါက်၏ ညီအငယ်ဆုံး ဖြစ်ပြီး သွက်လက် ရေလည်သူတဦး ဖြစ်သည်။ ညီအကို လေးယောက်ထဲတွင် စစ်ခေါင်းဆောင်များနှင့် အနီးကပ်ဆုံးသူဟု ဆို၍ရသည်။ စစ်ခေါင်းဆောင်တို့က ဦးလျိုအာပေါက်ကို သာသနာဆိုင်ရာဘွဲ့ ပေးသကဲ့သို့ ၎င်း၏ညီ ဦးမောင်မောင်ကိုလည်း သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့ပေးထားသည်။
ကုန်းကြမ်းမြို့နယ် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်၊ ကိုးကန့်လူငယ်အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ကိုးကန့် လူမှုကူညီရေးအသင်းဥက္ကဋ္ဌ တာဝန်များကို ယူထားသူ ဦးမောင်မောင်သည် ယခင် အရှေ့မြောက်ပိုင်းတိုင်းမှူး ဒုဗိုလ်ချုပ်ဟောင်း အောင်သန်းထွဋ်၊ ဗိုလ်မှုးကြီး ဝေဆန်း၊ ဦးပယ်ဆောက်ချိန်၏သား ဘေရင်နယ်တို့နှင့်အတူ ၂၀၂၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ကုန်းကြမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ပြိုင်ပြီး ကြံ့ခိုင်ရေးအမတ် ဖြစ်လာခဲ့သည်။
စစ်ခေါင်းဆောင်တို့နှင့် ပလဲပနံသင့်သော ဦးမောင်မောင်သည် စစ်တပ်ကို အလှူအတန်း ရက်ရောသူ ဖြစ်ပြီး နေရာယူတတ်သူလည်း ဖြစ်သည်။ နေပြည်တော်သို့ အဝင်အထွက်ရှိသူ၊ အလိုက်သိသူ ဦးမောင်မောင်ကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာလူငယ်ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌအဖြစ် ခန့်ထားခဲ့သည်။ ဦးမောင်မောင်က ထိုရာထူးနှင့် အတူ နောက်လိုက် အပေါင်းအပါတို့ဖြင့် အာဆီယံသို့ပင် တက်ရောက်ခဲ့သေးသည်။
ဦးမောင်မောင်၏ ခမ်းနားခဲ့သောအချိန်များကို ကံကြမ္မာက ကြာရှည်စွာ မျက်နှာသာ မပေးခဲ့ပေ။ ကျားဖြန့် လုပ်ငန်းများနှင့် ပတ်သက်၍ အဦးဆုံး ဖမ်းခံလိုက်ရသည့် ကိုးကန့် စီးပွားရေးလုပ်ငန်းရှင် ၁၁ ဦးထဲတွင် ဦးမောင်မောင် ပါဝင်သွားခဲ့သည်။
ကိုးကန့်လုပ်ငန်းရှင်များ တရုတ်နိုင်ငံဘက် လင်းချန်းမြို့နယ် ကုန်စည်ပြပွဲကို တက်ရောက်နေစဉ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် တရုတ်အစိုးရက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးအပြီး တလကျော်အကြာ နိုဝင်ဘာလထဲတွင် မောင်မောင် အပါဝင် ဖမ်းဆီးခံရသူ သုံးဦးတို့ အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ပြောဆိုဝန်ခံသည့် ဗီဒီယိုဖိုင်ကို တရုတ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။
အကိုနှင့် ညီအလတ်
ဦးလျိုအာပေါက်၏ အခြား ညီအကိုရင်းများတွင် အကိုဖြစ်သူ ဦးလိကျိန်ရှင်းသည် Fully Light Gems Com ၏ ဒါရိုက်တာတဦး ဖြစ်သည်။
ညီအလတ်ဖြစ်သူ ဦးစိန်မြင့်သည် ဖွံ့ဖြိုးသစ်ကုမ္ပဏီ၏ ဒါရိုက်တာတဦး ဖြစ်သကဲ့သို့ ဖူလီလိုက် အုပ်စု ကုမ္ပဏီခွဲများတွင်လည်း ဒါရိုက်တာရာထူး ယူထားပြီး အကိုဖြစ်သူကို ဝန်းရံနေသူ ဖြစ်သည်။ ၎င်းကို ဦးလျိုအာပေါက်နှင့် အတူ တွဲတွေ့ရလေ့ ရှိသည်။
အဆုံးသတ် စောခဲ့သည့် “မြီ” မိသားစု
ကိုးကန့်၏ အကြီးအကဲ မိသားစု ငါးစုထဲတွင် “မြီ” မိသားစုလည်း ပါဝင်ပြီး ခေါင်းဆောင်ဖြစ်သူ ဦးမြီရှောက်ချန်း (ခ) မြင်ရှော်ချန်းမှာ ဦးဖုန်ကြားရှင်၏ နောက်လိုက် အပေါင်းအပါများထဲမှ တဦးဖြစ်သည်။
ဦးဖုန်ကြားရှင်တို့ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ စစ်တပ်နှင့် ငြိမ်းချမ်းရေးယူပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ (၁) အဖြစ် သတ်မှတ် အုပ်ချုပ်သည့် အချိန်က အဆိုပါ ကိုးကန့် အထူးဒေသ (၁) အုပ်ချုပ်ရေးကော်မတီတွင် ဦးမြီရှောက်ချန်းလည်း ပါဝင်ခဲ့သည်။ ထိုစဉ်က ပါစင်ကျော်၏ ဒုမြို့နယ်မှူး ဖြစ်ခဲ့သလို ကိုးကန့်အုပ်ချုပ်ရေးတွင် ဘဏ္ဍာရေးဆိုင်ရာ အကြီးအကဲ ဖြစ်ခဲ့သည်။
ထို့နောက် ၂၀၀၉ ခုနှစ်၊ ဦးပယ်ဆောက်ချိန်တို့ ကိုးကန့်ကို အာဏာသိမ်းသည့် အချိန်တွင် အတူတူ ပူးပေါင်းခဲ့ပြီး ကိုးကန့်၏ အကြီးအကဲ မိသားစုတစု ဖြစ်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် လောက်ကိုင် (၂) မဲဆန္ဒနယ်မှ ဝင်ပြိုင်ပြီး ပြိုင်သူမရှိဘဲ ကြံ့ခိုင်ရေးအမတ် ဖြစ်လာခဲ့သည်။
ထို့နောက် ၂၀၀၉ ခုနှစ်၊ ဦးပယ်ဆောက်ချိန်တို့ ကိုးကန့်ကို အာဏာသိမ်းသည့် အချိန်တွင် အတူတူ ပူးပေါင်းခဲ့ပြီး ကိုးကန့်၏ အကြီးအကဲ မိသားစုတစု ဖြစ်လာခဲ့သည်။ ၂၀၁၀ ပြည့်နှစ်၊ ရွေးကောက်ပွဲတွင် လောက်ကိုင် (၂) မဲဆန္ဒနယ်မှ ဝင်ပြိုင်ပြီး ပြိုင်သူမရှိဘဲ ကြံ့ခိုင်ရေးအမတ် ဖြစ်လာခဲ့သည်။
သားအကြီးဖြစ်သူ မြီကော်ဖျင်က ရွှေယင်စီး ပြည်သူ့စစ်၏ ခေါင်းဆောင် ဖြစ်သကဲ့သို့ သားငယ် မြီဂိုအန်းက ကိုးကန့်အခြေစိုက် အမှတ် (၂၁) ရဲတပ်ရင်း၏ အကြီးအကဲဖြစ်ရာ စစ်ရေးအာဏာတွင်လည်း “မြီ” မိသားစုတွင် ရှိသည်။ မြီဂိုအန်းမှာ မြင်းစီးရာမှ မတော်တဆမှု ဖြစ်ပြီး ကျန်းမာရေး မကောင်း ဖြစ်နေသည်။
စစ်ခေါင်းဆောင်တို့နှင့် ဆက်ဆံရေးတွင်မူ “မြီ” မိသားစုသည် အခြားသော မိသားစုများလောက် ရှေ့မရောက်ခဲ့ပေ။ သို့သော် နေပြည်တော်၏ ပွဲလမ်းသဘင်တို့ကို ဦးမြီရှောက်ချန်း၏ သားသမီးများလည်း တက်ကြသည်။
အစောဆုံးဝရမ်းနှင့် “မြီ” အိမ်
ကိုးကန့်၏ အိမ်တော် ငါးစုထဲတွင် အစောဆုံး ကျဆုံးခဲ့သည်မှာ “မြီ” မိသားစု ဖြစ်သည်။ ကျားဖြန့် လုပ်ငန်းများနှင့် ပတ်သက်သည့် တရားခံများကို တရုတ်ဘက်က ဝရမ်းထုတ်ရာတွင် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီမှ အရာရှိ နှစ်ဦးဖြစ်သည့် ပေါက်အိုက်ပန်းနှင့် အိုက်ဟော့တို့၏ ဝရမ်း အပြီး တလအကြာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် “မြီ” မိသားစုဝင်များကို တရုတ်က ဖမ်းဝရမ်း ထုတ်ခဲ့သည်။
ထိုဝရမ်းတွင် ဦးမြီရှောက်ချန်း၊ ၎င်း၏ သားကြီး မြီကော်ဖျင်၊ သမီး မြီကျွိလန်နှင့် မြေး မြီကျိန်းကျိန်းတို့ ပါဝင်ခဲ့သည်။ ၁၀၂၀ ခုနှစ်၊ အဖြစ်အပျက် ဟု အသိများသည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်က “မြီ” မိသားစုကို ထိုကဲ့သို့ စောစီးစွာ ဝရမ်းထုတ်မှု တွင် ပါဝင်စေခဲ့သည်။
ထိုဝရမ်းတွင် ဦးမြီရှောက်ချန်း၊ ၎င်း၏ သားကြီး မြီကော်ဖျင်၊ သမီး မြီကျွိလန်နှင့် မြေး မြီကျိန်းကျိန်းတို့ ပါဝင်ခဲ့သည်။ ၁၀၂၀ ခုနှစ်၊ အဖြစ်အပျက် ဟု အသိများသည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်က “မြီ” မိသားစုကို ထိုကဲ့သို့ စောစီးစွာ ဝရမ်းထုတ်မှု တွင် ပါဝင်စေခဲ့သည်။
အွန်လိုင်းလိမ်လည်မှုစင်တာအဖြစ် သတ်မှတ်ခံရသော “မြီ” မိသားစုက ပိုင်ဆိုင်သည့် Crouching Tiger Villa ၌ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်အစောပိုင်းတွင် ပစ်ခတ်မှုများ ဖြစ်ခဲ့ပြီး တရုတ်နိုင်ငံသားများ သေဆုံးခဲ့သည်။ ထိုသေဆုံးမှုတွင် တရုတ်ထောက်လှမ်းရေး အဖွဲ့ဝင်များလည်း ပါဝင်သွားသည်ဟု တရုတ်မီဒီယာများက ရေးသားခဲ့ကြသည်။
တရုတ်က ဦးဆောင်၍ လာအို၊ ထိုင်း၊ မြန်မာ လေးနိုင်ငံ ပူပေါင်းကာ ကျားဖြန့် အွန်လိုင်း လုပ်ငန်းများကို နှိမ်နှင်းရေးမစ်ရှင်အဖြစ် ဩဂုတ်လ နှောင်းပိုင်းကတည်းက ကြေညာထားခဲ့ရာ ယခုကဲ့သို့ တရုတ်နိုင်ငံသားများပါ သေဆုံးသည့်ဖြစ်စဉ် ပေါ်လာခြင်းက မြန်မာပြည်မြောက်ပိုင်း ကျားဖြန့်လုပ်ငန်းများ ဖြိုခွင်းရေးကို ပိုမို မြန်ဆန်စွာ လုပ်ဆောင် ဖြစ်စေခဲ့သည်။
တရုတ်က ဦးဆောင်၍ လာအို၊ ထိုင်း၊ မြန်မာ လေးနိုင်ငံ ပူပေါင်းကာ ကျားဖြန့် အွန်လိုင်း လုပ်ငန်းများကို နှိမ်နှင်းရေးမစ်ရှင်အဖြစ် ဩဂုတ်လ နှောင်းပိုင်းကတည်းက ကြေညာထားခဲ့ရာ ယခုကဲ့သို့ တရုတ်နိုင်ငံသားများပါ သေဆုံးသည့်ဖြစ်စဉ် ပေါ်လာခြင်းက မြန်မာပြည်မြောက်ပိုင်း ကျားဖြန့်လုပ်ငန်းများ ဖြိုခွင်းရေးကို ပိုမို မြန်ဆန်စွာ လုပ်ဆောင် ဖြစ်စေခဲ့သည်။
ဦးမြီရှောက်ချန်းတို့ မိသားစုဝင် လေးဦး ယမန်နှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် တရုတ်က ဖမ်းဝရမ်း ထုတ်ခံရပြီး နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီ၏ ဖမ်းဝရမ်းထုတ် ခြင်းခံရသည်။ နောက်တရက် နိုဝင်ဘာလ ၁၆ ရက်နေ့တွင်မှု ဦးမြီရှောက်ချန်းသည် ၎င်းအားဖမ်းဆီးစဉ် မိမိကိုယ်ကို အဆုံးစီရင်သွားပြီး ဝရမ်းတွင် ပါရှိသည့် အခြားမိသားစုဝင် သုံးဦးကိုလည်း တရုတ်လက်သို့ လွှဲပြောင်းလိုက်ပြီဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ တရုတ်အစိုးရကလည်း ၎င်းတို့ လွှဲပြောင်း လက်ခံရရှိကြောင်း ထိုနေ့မှာပင် ထုတ်ပြန်ခဲ့သည်။ ထိုအချိန်မှစ၍ “မြီ” အိမ်သည် ပြိုကွဲခဲ့ရတော့သည်။
ဦးမြီရှောက်ချန်း၏ သားမက် မြီကျွိလန်၏ ခင်ပွန်းဖြစ်သူ ပိဟွေကျွင်းသည်လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံ လင်ချန်းခရိုင်တွင် ဖမ်းဆီးခံရသည့် ကိုးကန့်လုပ်ငန်းရှင် ၁၁ ဦးထဲတွင် ပါဝင်ခဲ့သူ ဖြစ်သည်။ ကိုးကန့်တွင် ခမ်းနားခဲ့သော “မြီ” အိမ်သည် တရုတ်နိုင်ငံက ဝရမ်းထုတ်သည့် နိုဝင်ဘာလ ၁၂ရက်မှ လွှဲပြောင်းခံရသည့် နိုဝင်ဘာလ ၁၆ ရက်အထိ ငါးရက်တာ ကာလအတွင်း ပျက်သုန်း သွားခဲ့ရသည်။
ကျားဖြန့်လုပ်ငန်းခေါင်းဆောင် မြီရှောက်ချန်း၏ မြေးဖြစ်သူ မင်ကွမ်ကျုံက ဘေဂျင်းတက္ကသိုလ်တွင် တက်နေသည်ဟု တရုတ်လူမှုကွန်ရက်များတွင် သတင်းမှားများ ပျံ့နှံ့ခဲ့သေးပြီး ဘေဂျင်းသက္ကသိုလ်က မဟုတ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ရသေးသည်။
(ဆက်လက်ဖော်ပြပါမည်။)
You may also like these stories:
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၁)
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၂)
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၃)
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၄)
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၅)
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (နိဂုံး)
ကိုးကန့်ဒေသ လွတ်မြောက်ခြင်းအောင်ပွဲ ညီနောင်မဟာမိတ် ခေါင်းဆောင်များတက်
ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ
တရုတ်အလိုရှိသူ ကိုးကန့်ခေါင်းဆောင်ဟောင်း၏ ရွာ MNDAA ဝင်စီး
ကိုးကန့်ထိပ်သီးလုပ်ငန်းရှင်များ တရုတ်ဖမ်းထား
ကိုးကန့်နှင့် နွေဦးတော်လှန်ရေး အပိုင်း ၁
မြန်မာနှင့် တရုတ်ကြား ညပ်နေသော ကိုးကန့်