၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့ သင်္ဃန်းညီနောင်ဗျူဟာ လက်နက်ချပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် PDF ပူးပေါင်းတပ်များက မြဝတီမြို့စောင့်တပ် ခလရ ၂၇၅ အား တိုက်ခိုက်ရန် ပြင်ဆင်နေချိန်တွင် စစ်ကောင်စီ၏ ဒုခေါင်းဆောင်နှင့် ကစထမှူးတို့ မော်လမြိုင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ ရောက်ရှိလာပြီး မြဝတီသို့ တန်ပြန် ထိုးစစ်တရပ်ဆင်နွှဲရန် ပြင်ဆင်ခဲ့ကြ၏။ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ မြဝတီသို့ ဦးတည်သည့် စစ်ဆင်ရေးကို စတင် ကြားသိမြင်တွေ့ကြရသည်။
တပ်မ ၅၅ မှ တပ်ရင်းများကို မော်လမြိုင်သို့ လေကြောင်းဖြင့် ပို့ဆောင်ပြီး မော်လမြိုင်၊ သထုံ၊ ဖားအံလမ်းကြောင်းမှ ဧပြီလ ၁၀ ရက်နေ့တွင် စတင်ချီတက်သည်ကို တွေ့ရ၏။ ခြေမြန်တပ်မ ၅၅ မှ တပ်ရင်းများသာမက သံချပ်ကာတပ်ရင်းများလည်း အတူတကွ ချီတက်သည်ကို တွေ့ရ၏။ စစ်သည်၊ ရိက္ခာ၊ ခဲယမ်းတင်သည့်ကား ၁၀၀ ခန့်ရှိပြီး သံချပ်ကာကား ၁၀ စီးခန့်ပါသည်ဟု သတင်းများ ပျံ့နှံ့လာပြီးနောက် စစ်အင်အား ၁,၅၀၀ ခန့်မှ ၂,၀၀၀ ခန့်အထိ ရှိနိုင်သည်ဟု မှန်းဆခဲ့ကြ၏။
အောင်ဇေယျ စစ်ဆင်ရေး
စစ်ကောင်စီသည် ထိုစစ်ဆင်ရေးကို အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးခဲ့သည်။ ဦးအောင်ဇေယျသည် ထိုင်းနိုင်ငံ၊ အယုဒ္ဓယသို့ စစ်ချီခဲ့သော မြန်မာဘုရင်တပါးဖြစ်ရာ ထိုင်းသို့ စစ်ချီရာတွင် အောင်မြင်မှုမရဘဲ လမ်းခုလတ်တွင် ကွယ်လွန်ခဲ့သည့် အလောင်းမင်းတရား၏ အမည်ဖြစ်သဖြင့် ထိုင်းနယ်စပ် မြဝတီသို့ ဦးတည်သည့် စစ်ဆင်ရေးသည် နိမိတ်မကောင်းလှပေ။
ရခိုင်၊ ကချင်တို့တွင် တမြို့ပြီးတမြို့၊ စခန်းတခုပြီးတခု စွန့်လွှတ်နေရပြီး စစ်ရေးအခြေမလှသော စစ်တပ်သည် ထိုဒေသများသို့ပင် စစ်ကူမဖြည့်တင်းဘဲ မြဝတီ၊ ကရင်နယ်စပ်သို့ ရှမ်းမြောက်မှ ပြန်လည်ထုတ်နုတ်လာသည့် တပ်မ ၅၅ ကို စေလွှတ်ခြင်းသည် စွန့်စားမှုတရပ်ဖြစ်၏။ အတိမ်းအစောင်းမခံသည့် စစ်ဆင်ရေးတရပ်ဖြစ်ကဲ့သို့ အောင်မြင်နိုင်ခြေ နည်းပါးသော စစ်ဆင်ရေးဖြစ်နေ၏။ အောင်ဇေယျ စစ်ဆင်ရေးသည် စစ်ကောင်စီအတွက်ဆိုလျှင် ဂုဏ်သိက္ခာအတွက် မဖြစ်မနေ ဆင်နွှဲရသည့် စစ်ဆင်ရေးဟု ဆိုရမည်။

ထို့ပြင် အောင်ဇေယျ စစ်ဆင်ရေးတွင် အသုံးပြုသည့် တပ်မ ၅၅ သည် မြဝတီ ကရင်စစ်မျက်နှာတွင် အကျွမ်းမဝင်သည့် စစ်တပ်ဖြစ်နေသည့်အပြင် ၂၀၂၄ ခုနှစ် နှစ်ဆန်းတွင် လောက်ကိုင်၌ အင်အား ၈၀၀ ကျော်၊ တပ်မတခုလုံးနီးပါး လက်နက်ချခဲ့သော ဦးကျိုးနေသည့် တပ်မဖြစ်၏။
လက်ရှိ အောင်ဇေယျ စစ်ဆင်ရေး၊ မြဝတီစစ်မျက်နှာတို့တွင် အရေးကြီးသည့် အဆုံးအဖြတ်မှာ ဒေါနတောင်ကြော ဖြစ်၏။ ဒေါနတောင်ကြောအား ဖြတ်ကျော်လာနေသည့် တပ်မ ၅၅ စစ်ကြောင်းများကို သုတ်သင်ရှင်းလင်းနိုင်ရေးသည် စစ်ပွဲရလဒ်ကို အဖြေထွက်စေမည် ဖြစ်သည်။
မြဝတီသို့ စစ်ကူလာသည့် တပ်မ ၅၅ တပ်များသည် မြဝတီ၏ မြို့စောင့်တပ် ခလရ ၂၇၅ ၏ လက်ကျန်အင်အားများ အတွက်သာမက မြဝတီတောင်ဘက် လေးကေ့ကော် ဂွင်ရှိ တပ်များနှင့် ဝေါလေ၊ စုကလိစသည့် ဒေါနတောင်အရှေ့ခြမ်း ဂွင်အတွင်းရှိ စစ်ကောင်စီတပ်များအတွက်ပါ အရေးပါ၏။ အကယ်၍သာ မြဝတီသို့သာ စစ်ကူမရောက်ပါက ထိုတပ်များပါ ကူရာကယ်ရာမဲ့ပြီဖြစ်၏။ သင်္ဃန်းညီနောင်ဗျူဟာနှင့် တပ်ရင်းသုံးရင်း၊ မြဝတီအခြေစိုက် တပ်ရင်းများကို KNU ပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီဖြစ်ရာ ထိုဟာကွက်ကို ပြန်လည် မဖြည့်တင်းနိုင်ပါက မြဝတီ၊ လေးကေ့ကော်၊ ဝေါလေ စစ်မျက်နှာတခုလုံး စစ်ကောင်စီ လက်လွှတ်ရတော့မည် ဖြစ်သည်။
အောင်ဇေယျ စစ်ဆင်ရေးတွင် အသုံးပြုသည့် တပ်မ ၅၅ သည် မြဝတီ ကရင်စစ်မျက်နှာတွင် အကျွမ်းမဝင်သည့် စစ်တပ်ဖြစ်နေသည့်အပြင် ၂၀၂၄ ခုနှစ် နှစ်ဆန်းတွင် လောက်ကိုင်၌ အင်အား ၈၀၀ ကျော်၊ တပ်မတခုလုံးနီးပါး လက်နက်ချခဲ့သော ဦးကျိုးနေသည့် တပ်မဖြစ်၏။
ထို့ကြောင့်လည်း စစ်တပ်က ရှိစုမဲ့စု တပ်မ ၅၅ ကို ထုတ်နုတ်၍ နိုင်ငံတော်အဆင့် စစ်ဆင်ရေးဟုဆိုကာ ပြုလုပ်နေခြင်းဖြစ်၏။ ထိုင်းနိုင်ငံသို့ စစ်ချီတက်ရင်း လမ်းခုလတ်တွင် ဝမ်းလျှောပြီး ကွယ်လွန်ခဲ့သည့် ဦးအောင်ဇေယျ အမည်ကို ယူသုံးထားမိသည်က ကံမကောင်းခဲ့ပေ။ စစ်ဆင်ရေးကို ဦးစီးသည့် စစ်ကောင်စီ၏ ဒုချုပ်နှင့် ထိပ်တန်း ဗိုလ်ချုပ်များအား ဧပြီလ ၈ ရက်နေ့တွင် ကာမီကာဇေ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ ဒုချုပ် စိုးဝင်း အပါအဝင် အများအပြား ဒဏ်ရာရခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့၏။
ဤသတင်းနှင့်ပတ်သက်၍ စစ်ကောင်စီက ဝန်ခံခြင်းမပြုသော်လည်း ဒုချုပ် စိုးဝင်း ယခုတိုင် လူမြင်ကွင်းသို့ ထွက်မလာနိုင်သည့်အပြင် ဧပြီလ ၂၂ ရက်နေ့က ပြုလုပ်သည့် စစ်ကောင်စီ၏ ပြည်ထောင်စုအစိုးရ အစည်းအဝေးသို့ပင် တက်ရောက်နိုင်ခြင်း မရှိပေ။ ဒုချုပ် စိုးဝင်းအား ဒရုန်းထိသည့်သတင်းသာ မှန်ပါက ပွဲဦးထွက်ကတည်းက အထိအခိုက်ကြီးသည့် အောင်ဇေယျ စစ်ဆင်ရေးဟု ဆိုရမည်။
ဒေါနတောင်တန်း
မြဝတီကို တက်လာသည့် စစ်တပ်၏ သံချပ်ကား ရှစ်စီး၊ အခြားကား ၂၂ စီးပါ ယာဉ်တန်းကို ကျုံဒိုးမရောက်မီ ဂျိုင်းတံတား၌ KNU ပူးပေါင်းတပ်များက စတင် ဖြတ်တောက်တိုက်ခိုက်ခဲ့၏။ ထို့ပြင် မြဝတီအခြေစိုက် ခလရ ၂၇၅ ဌာနချုပ်ကို ၂၀၂၄ ဧပြီလ ၁၁ ရက်နေ့ နံနက်တွင် KNU ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီ ခလရ ၂၇၅ မှ အင်အား ၁၀၀ ကျော်ခန့်သည် မြဝတီ၊ မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားအောက်သို့ ပြောင်းရွှေ့ခိုလှုံခဲ့ကြ၏။
တချိန်တည်းတွင် တပ်မ ၅၅ မှ သံချပ်ကာယာဉ် ရှစ်စီးနှင့် ကားအစီးရေ ၂၂ စီးဖြင့် ခန့်မှန်း အင်အား ၅၀၀ ခန့် ပါရှိသော ယာဉ်တန်းသည် ကော့ကရိတ်မြို့သို့ ဧပြီလ ၁၁ ရက်က ရောက်ရှိလာသည်။ တော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးနေရာယူထားသည့် ကော့ကရိတ်ရှိ နေရာအချို့မှ ဆုတ်ခွာပေးလိုက်ကြ၏။ စစ်တပ်ထိုးစစ် စတင်လာခြင်းကြောင့် မြဝတီ အဝင်အထွက်ကားလမ်းများကို KNU က ပိတ်လိုက်ပြီဖြစ်၏။
ဧပြီလ ၁၂ ရက်တွင် ကော့ကရိတ်မြို့အထွက်ရှိ ကော့နွဲ့ကျေးရွာတံတား၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကြောင်း ရှေ့ဆက်မတိုးနိုင်ရန် တော်လှန်ရေးတပ်ဖွဲ့များက အဆိုပါတံတားအား ဖျက်ဆီးခဲ့သည်။ သို့နှင့် တပ်မ ၅၅ တပ်များသည် ဧပြီလ ၁၉ ရက်နေ့အထိ အာရှလမ်းမ ဒေါနတောင်ခြေတွင်သာ ပိတ်မိနေပြီး ရှေ့ဆက်မတိုးနိုင်ပေ။ တပ်မ ၅၅ မှ အင်အား ၁၀၀ ခန့် ပြုန်းတီးခဲ့ပြီး သံချပ်ကာတစီး အပါအဝင် မော်တော်ယာဉ် ငါးစီးခန့်နှင့်အထက် ပျက်စီးခဲ့သည်ဟု သိရ၏။

ထို့ပြင် အာရှလမ်းမ ကော့ကရိတ်အနောက်ဘက်ရှိ ဗျူဟာရုံးနှင့် အခြေစိုက်တပ်ရင်း နှစ်ရင်းရှိသည့် ကျုံဒိုးမြောက်ဘက်ကိုလည်း ဧပြီလ ၁၉ ရက်တွင် KNU ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲများ ပြင်းထန်ခဲ့၏။ တပ်မ ၅၅ တပ်များ ရှေ့မတိုးနိုင်သည့်အပြင် နောက်ဘက် ထောက်ပို့လမ်းပါ ဖြတ်တောက် တိုက်ခိုက်ခိုက်ခံနေရရာ ကော့နွဲ့ဘက်သို့ တိုးနေသည့် သံချပ်ကာနှင့် တပ်အချို့ ကော့ကရိတ်သို့ ပြန်ဆုတ်သွားသည်ဟု သိရ၏။
ဒေါနတောင်ခြေတွင် တပ်မ ၅၅ နောက်ပြန်ဆုတ်ရသည့် ပထမအချက်မှာ စစ်အင်အားဖြစ်သည်။ ကော့ကရိတ်သို့ ရောက်ရှိပြီး အာရှလမ်းမအတိုင်း ကနဦး ထိုးစစ်ဆင်လာသော တပ်မ ၅၅ အင်အားမှာ ၅၀၀ ခန့်သာရှိ၏။ အင်အားလုံလောက်စွာ မရှိဘဲ စတင် ပြုလုပ်ခဲ့သည့်ထိုးစစ်ဟု ဆိုရမည်။
ဒုတိယအချက်မှာ စစ်ကောင်စီတပ်များသည် အာရှလမ်းသစ်၊ ဒေါနတောင်ကျော် လမ်းဟောင်းနှင့် ထော့ကိုးကိုးလမ်းတို့ကို အသုံးပြု၍ စစ်ကြောင်း သုံးကြောင်းခန့် ဖြန့်ခွဲတက်လာမည်ဟု ယူဆထားသော်လည်း တကယ်တမ်းတွင် ဖြန့်ခွဲနိုင်ခြင်းမရှိဘဲ အာရှလမ်းမ လမ်းသစ်အတိုင်းသာ ထိုးဝင်လာပြီး တောင်ခြေ၌ ရပ်တန့်နေ၏။
တပ်မ ၅၅ တပ်များသည် ဧပြီလ ၁၉ ရက်နေ့အထိ အာရှလမ်းမ ဒေါနတောင်ခြေတွင်သာ ပိတ်မိနေပြီး ရှေ့ဆက်မတိုးနိုင်ပေ။ တပ်မ ၅၅ မှ အင်အား ၁၀၀ ခန့် ပြုန်းတီးခဲ့ပြီး သံချပ်ကာတစီး အပါအဝင် မော်တော်ယာဉ် ငါးစီးခန့်နှင့်အထက် ပျက်စီးခဲ့သည်
တတိယအချက်မှာ KNU နှင့် ပူးပေါင်းတပ်များက ကော့ကရိတ်မှ ခေတ္တဆုတ်ပေးလိုက်ပြီး ဒေါနတောင်ကြောတွင် သတ်ကွင်းပြင်သည်ကို စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် စစ်ဆင်ရေးအား KNU ပူးပေါင်းတပ်များ မခံနိုင်ဘဲ ၄၈ နာရီအတွင်း မြဝတီကို ပြန်လည်ထိန်းချုပ်နိုင်ပြီဟု စစ်တပ်လော်ဘီများက ယူဆနေကြခြင်းဖြစ်၏။ တကယ်တမ်း ကော့ကရိတ်မှ ထွက်သည်နှင့် သတ်ကွင်းအတွင်း ရောက်သွားပြီး ရှေ့ဆက်မတိုးနိုင်ကြပေ။
ဤသို့ ရပ်တန့်နေပြီး တပတ်ခန့်ကြာသည့်အချိန်တွင် ကား ၂၄ စီးနှင့် အင်အား ၅၀၀ ခန့် ထပ်မံဖြည့်တင်းသည့် သတင်းများ ကြားရပြီး ဧပြီလ ၂၁၊ ၂၂ ရက်နေ့များတွင်လည်း ကော့ကရိတ်မှ ဆက်တိုးလာသော တပ်မ ၅၅ စစ်ကြောင်းများသည် အာရှလမ်းမဘေး ဝဲယာမှ တောတိုးတက်ပြီး သံချပ်ကာကားများက အာရှလမ်းအတိုင်း ချီတက်ကြ၏။
ထို့ပြင် လမ်းဟောင်းကိုလည်း အသုံးပြုပြီး ဆက်တိုးနေသည်ဟု သိရ၏။ လေကြောင်းမှ ဓာတုဗေဒဗုံးအမျိုးအစားကိုပင် အသုံးပြုလာကြပြီး တိုက်ခိုက်လာကြသည်ဟု သိရ၏။ ကော့ကရိတ်မြို့မှ တော်လှန်ရေး ပူးပေါင်းတပ်အချို့ နောက်သို့ အနည်းငယ်ဆုတ်ခွာပေးခဲ့ရ၏။ သို့သော်လည်း ဧပြီလ ၂၁၊ ၂၂ ရက်နေ့တွင် ရုရှားလုပ် BDRM -2MS ကင်းထောက် သံချပ်ကာယာဉ်တစီး၊ Type 02 စက်သေနတ် တပ်ဆင်ထားသည့် စစ်သုံးယာဉ် နှစ်စီးကို KNU/PDF ပူးပေါင်းတပ်ဖွဲ့များ ထပ်မံသိမ်းပိုက်ရရှိခဲ့၏။ ထိုနှစ်ရက်အတွင်း စစ်ကောင်စီမှ ၃၆ ယောက်သေပြီး ၃၀ ကျော် ဒဏ်ရာရခဲ့သည်ဟု သိရ၏။

ဒေါနတောင်ကြောတွင် သတ်ကွင်းပြင်၍ KNU ပူးပေါင်းတပ်ဖွဲ့များက တပ်မ ၅၅ စစ်ကြောင်းများကို နေ့စဉ် ချေမှုန်းရေးသည် မြဝတီစစ်မျက်နှာအတွက် အရေးပါ၏။ ဒေါနတောင်ကြောပေါ်တွင် တပ်မ ၅၅ ၏ အောင်ဇေယျထိုးစစ်ကို ရိုက်ချိုးနိုင်ခြင်းသည် မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်ဖြစ်၏။
ဒေါနတောင်ကြောတွင် သတ်ကွင်းပြင်၍ KNU ပူးပေါင်းတပ်ဖွဲ့များက တပ်မ ၅၅ စစ်ကြောင်းများကို နေ့စဉ် ချေမှုန်းရေးသည် မြဝတီစစ်မျက်နှာအတွက် အရေးပါ၏။ ဒေါနတောင်ကြောပေါ်တွင် တပ်မ ၅၅ ၏ အောင်ဇေယျထိုးစစ်ကို ရိုက်ချိုးနိုင်ခြင်းသည် မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်ဖြစ်၏။
အခိုင်အမာ ခံစစ်ဆင်နေသော ခံကတုတ်ထဲမှရန်သူကို တိုက်ရသည်ထက် လှုပ်ရှားနေသော၊ ချီတက်နေသော စစ်ကြောင်းကို တိုက်ရသည်က ပို၍ လွယ်ကူသည်။ ထို့ပြင် ဒေါနတောင်ကြောပေါ်တွင် ဖြတ်တောက်တိုက်ခိုက်နေသည့် KNU, PDF ပူးပေါင်းတပ်ဖွဲ့များမှာ တပ်မ ၅၅ ထက် အင်အားသာလွန်၏။ စစ်တပ်အတွက် လေကြောင်းတိုက်ခိုက်မှုသာ အားကိုးရာဖြစ်၏။ သို့သော်လည်း မြောက်များစွာသောမြို့များ၊ စခန်းများအား လေကြောင်းဖြင့် မကယ်တင်နိုင်ခဲ့ပေ။ ဒေါနတောင်ကြောပေါ်မှ စစ်ရေးရလဒ်သည် မြဝတီစစ်မျက်နှာကို အဆုံးအဖြတ်ပေးမည်ဖြစ်၏။ သို့သော် အချိန်တိုအတွင်းတော့ အဖြေမပေါ်နိုင်ပါ။ လောလောဆယ် တပ်မ ၅၅ သည် ကရင်စစ်မျက်နှာတွင် နုတ်မရဘဲ လုံးပါးပါးမည့် တပ်မတခုဖြစ်သွားပေပြီ။
မြဝတီစစ်မျက်နှာ
ခလရ ၂၇၅ မှ ထွက်ပြေးလာပြီး မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေး တံတားအောက်တွင် ခိုလှုံနေသော အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်များအား ဧပြီလ ၁၉ ရက်နေ့ညတွင် KNU ပူးပေါင်းတပ်များက စတင်တိုက်ခိုက်ခဲ့သည်။ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ထိုတံတားအောက်အား ဝင်ရောက်တိုက်ခိုက်ခဲ့၏။ စစ်ကောင်စီတပ်မှ အများအပြား သေသော်လည်း လေကြောင်းပစ်ကူအားဖြင့် ခုခံနေခဲ့ကြ၏။ ဧပြီလ၂၀ ရက်နေ့ စတင်တိုက်ခိုက်သည်မှ ဧပြီလ ၂၁ ရက် နံနက်အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၅၀ ခန့် ပြုလုပ်ခဲ့သည်ကို တွေ့ရ၏။
စစ်တပ်လေတပ်က လူနေရပ်ကွက်များကို ပစ်မှတ်ထား တိုက်ခိုက်လာရာ လူထုထိခိုက်မည်စိုးရိမ်၍ KNU ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်ခြင်းကို ခေတ္တရပ်၍ တံတားနောက်သို့ အနည်းငယ်ဆုတ်ခွာပေးခဲ့၏။ တံတားအောက်ရှိ စစ်တပ်မှာလည်း ၃၀ ခန့်သေပြီး ၃၀ ကျော် ဒဏ်ရာရသည်ဟုသိရ၏။
ဧပြီလ ၂၃ ရက်နေ့တွင် ခလရ ၂၇၅ ဌာနချုပ်၌ စစ်တပ်မှ တပ်သားတဦး အလံတင်သည့်ရုပ်သံ ထွက်လာ၏။ အချို့က ခလရ ၂၇၅ အတွင်း စစ်တပ် တပ်ပြန်စွဲသည်ဟု ဆိုကြပြီး အချို့က နယ်ခြားစောင့်တပ် (BGF) အကူအညီနှင့် အလံလာတင်ခြင်းသာဖြစ်ပြီး တပ်စွဲခြင်းမရှိဟု ဆိုကြ၏။
ထို ခလရ ၂၇၅ လက်ကျန် စစ်အင်အားများကို အပြတ်မရှင်းနိုင်သေးသဖြင့် တော်လှန်ရေး ထောက်ခံသူများက မချင့်မရဲဖြစ်နေကြသော်လည်း ကရင်အခြေအနေသည် ရှမ်းမြောက်၊ ကချင်၊ ကရင်နီ၊ ရခိုင်တို့နှင့်ထပ်တူပြု၍ မရနိုင်ပေ။ နိုင်ငံရေးအရ ရှုပ်ထွေးမှုများရှိရာ စစ်ကောင်စီကလည်း ဤအချက်ကို အသုံးပြုနေခြင်းဖြစ်၏။
ဧပြီလ ၂၃ ရက်နေ့တွင် ခလရ ၂၇၅ ဌာနချုပ်၌ စစ်တပ်မှ တပ်သားတဦး အလံတင်သည့်ရုပ်သံ ထွက်လာ၏။ အချို့က ခလရ ၂၇၅ အတွင်း စစ်တပ် တပ်ပြန်စွဲသည်ဟု ဆိုကြပြီး အချို့က နယ်ခြားစောင့်တပ် (BGF) အကူအညီနှင့် အလံလာတင်ခြင်းသာဖြစ်ပြီး တပ်စွဲခြင်းမရှိဟု ဆိုကြ၏။
ခလရ ၂၇၅ တွင် တပ်အများအပြား ဖြည့်တင်းပြီဟု စစ်တပ်လော်ဘီများက ဝါဒဖြန့်ကြ၏။ တကယ်က ခလရ ၂၇၅ တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) တိုင်းတပ်ဖြစ်သည့် ခလရ ၂၇၅ မှ တပ်သားများ၊ တပ်မ ၄၄ တပ်မမှူးနှင့်အဖွဲ့၊ ထိုင်းနိုင်ငံသို့ ထွက်ပြေး၍ ထိုင်းအစိုးက ပြန်ပို့ထားသည့် စကခ ၁၃ ကျိုက်ဒုံဗျူဟာလက်အောက် တပ်ရင်းများမှ တပ်သားများ၊ စကခ ၁၂ သင်္ဃန်းညီနောင်မှ ထွက်ပြေးလာသည့် တပ်သားများထဲမှ မသေ၍ ကျန်သူများသာရှိသည်။ တပ်နံပါတ်များနေသော်လည်း အင်အားမရှိ။ ထပ်ပို့နိုင်ခြင်းလည်း မရှိပေ။
စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။ မြဝတီတွင် မရှိပေ။ မြဝတီကို စစ်ကူလာနေသော တပ်မ ၅၅ ကို ချေမှုန်းနိုင်ပါက မြဝတီသည် အလိုအလျောက် ကျပြီဖြစ်၏။ အကယ်၍ စစ်ကူကို မတားနိုင်ပါက မြဝတီကို ထိန်းထားနိုင်မည် မဟုတ်ပေ။
လက်ရှိအခြေအနေသည် မြဝတီအား စစ်ရေးအရ ထိန်းချုပ်နိုင်ခြင်း၊ စစ်ဆင်နိုင်ခြင်း မရှိသည့် စစ်တပ်က နိုင်ငံရေးကစားနေခြင်း၊ နိုင်ငံရေးအရ တိုက်ကွက်ဖော်နေခြင်းဖြစ်၏။ အပွဲပွဲရှုံးနိမ့်နေသည့် စစ်တပ်က သူ၏စစ်တပ်နှင့် ထောက်ခံသူများကို စိတ်ဓာတ်မြှင့်တင်ရန် ကြိုးစားနေခြင်းသာဖြစ်၏။ ထို့ပြင် ဒေါနတောင်ကြောပေါ်တွင် စစ်ရေးအခြေအနေ မကောင်း၍ မြဝတီသို့ အာရုံပြောင်းရန် ကြိုးစားခြင်းဖြစ်၏။
မြဝတီနှင့်အနီးပတ်ဝန်းကျင်တွင် ကရင်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ အကျိုးစီးပွားရှိ၏။ စစ်တပ်က အကျိုးစီးပွား ငါးစာသုံး၍ အနုနည်းရော ခြိမ်းခြောက်သည့်နည်းပါသုံး၍ ကရင်အဖွဲ့အစည်းများကို သွေးခွဲရန် ကြိုးစားနေသည်။
ကရင်လက်နက်ကိုင် အဖွဲ့အစည်း လေးခု ညီညွတ်ရေး တည်ဆောက်ရန် ကရင်အချင်းချင်း ညှိနှိုင်းဆောင်ရွက်နေသည့် အချိန်တွင် စစ်တပ်က ကရင်အချင်းချင်းကြား သွေးထိုးရန် ပြုလုပ်လာခြင်းဖြစ်၏။ KNU, DKBA, KNA နှင့် KNU-PC လေးဖွဲ့အပြင် စောချစ်သူ၏ KNA အသွင်ပြောင်းရာတွင် မပါဝင်ဘဲ BGF အဖြစ် ဆက်လက်ရပ်တည်လိုသူအချို့ ရှိသည်ဟုသိရ၏။ တဖန် ယခင် KNU ခေါင်းဆောင်ဟောင်းတချို့၏ သဘောထားမှာလည်း လက်ရှိ KNU ခေါင်းဆောင်များနှင့်ကွဲပြားပြီး စစ်ကောင်စီနှင့် ပူးပေါင်းနေသည်မှာ အများအမြင်ဖြစ်၏။
မြဝတီနှင့်အနီးပတ်ဝန်းကျင်တွင် ထိုအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ အကျိုးစီးပွားရှိ၏။ စစ်တပ်က အကျိုးစီးပွား ငါးစာသုံး၍ အနုနည်းရော ခြိမ်းခြောက်သည့်နည်းပါသုံး၍ ကရင်အဖွဲ့အစည်းများကို သွေးခွဲရန် ကြိုးစားနေသည်။ စစ်ကောင်စီကို ထောက်ခံသည့် ဘုန်းကြီးများ၊ မဘသ ဘုန်းကြီးများပါ သုံး၍ မြဝတီမြို့ပေါ်တွင် နိုင်ငံရေးအရ တိုက်ကွက်ဖော်နေသည်။ စစ်တပ်သည် ကရင်အချင်းချင်းသာမက KNU နှင့် PDF ကြားပါ သွေးခွဲရန် ကြိုးစားနေသည်ကို အထူးသတိပြုရန်လိုသည်။
ကရင်ညီညွတ်ရေး၊ ကရင်နှင့် PDF ညီညွတ်ရေးသည် စစ်တပ်အား ကြီးမားစွာခြိမ်းခြောက်နေသည်။ စောချစ်သူ၏ KNA သည် မပြတ်သားဟု မြင်ကြသူများရှိသော်လည်း သူတို့အဖွဲ့က အစိုးရလက်အောက်ခံ BGF အဖြစ် မရပ်တည်တော့သဖြင့် မြဝတီ၊ ဖာပွန်တို့အား တိုက်ရန် လွယ်ကူသွားသည်မှာ အမှန်ပင်ဖြစ်၏။ စောချစ်သူအဖွဲ့ သီးခြားရပ်တည်လိုက်ခြင်းသည် ကရင်ပြည်နယ်တွင် စစ်တပ် လက်မောင်းတဖက် ပြုတ်သွားခြင်းဖြစ်၏။ စစ်တပ်က စောချစ်သူအဖွဲ့ကို ပြန်လည်စည်းရုံးရန် အနုနည်းရော ခြိမ်းခြောက်သည့်နည်းပါ အသုံးပြုနေသည်ကို သတိပြုရန်လို၏။ စောချစ်သူတို့အဖွဲ့ စစ်တပ်ဖက် ပြန်ကပ်မသွားဘဲ ဆက်လက်ကြားနေရန် လိုအပ်၏။
လက်ရှိ စစ်ရေးအခြေအနေအရ မြဝတီသည် အရေးမကြီးပေ။ ဒေါနတောင်ကြောပေါ်တွင် တပ်မ ၅၅ ကို ချေမှုန်းနိုင်ပါက မြဝတီသည် ခြင်းထဲကကြက် ဖြစ်သွားပေမည်။ အကယ်၍ ဒေါနတောင်ကြောပေါ်က တပ်မ ၅၅ ကို မတားနိုင်ပါက မြဝတီကို သိမ်းထားလည်း ပြန်လည် စွန့်လွှတ်ရမည်သာဖြစ်၏။ သို့ဖြစ်ရာ စစ်ရေးအရ အရေးမပါသေးသည့် မြဝတီကို စစ်တပ်က အာရုံလွှဲနေခြင်းအား လျစ်လျူရှုထားရန် လိုအပ်သည်။
တဆက်တည်းတွင် တရားဥပဒေမဲ့ စီးပွားရေးလုပ်ငန်းများ၊ လူမှုကွန်ရက်မှ ငွေလိမ်သည့်ဂိုဏ်းများသည် မြဝတီနယ်စပ်တွင်ရှိနေပြီး ထိုကိစ္စများနှင့် ပတ်သက်၍ တရုတ်၊ အမေရိကန်၊ ထိုင်းအစိုးရတို့ နှိမ်နင်းရန် တောင်းဆိုနေရာ ခလရ ၂၇၅ တွင် အလံလွှင့်ပြီး မြဝတီကို ထိန်းချုပ်နိုင်ပြီဆိုသည့် စစ်တပ်နှင့် သူ့လူများကို တာဝန်ယူစေသည်က တော်လှန်ရေးတပ်ဖွဲ့များအတွက် ဝန်ပေါ့စေပါသည်။
မြထွန်းဦးသည် KNU ခေါင်းဆောင် စောဘိုမြ ကွယ်လွန်စဉ်က ဈာပနသို့ ဗိုလ်မှူးအဆင့်ဖြင့် လာရောက်ခဲ့သည့် ကရင်အရေး ကျွမ်းကျင်သူတဦးဖြစ်သည်။ စစ်တပ်သည် ထိုစဉ်ကာလက ကရင်တို့အကြား သွေးခွဲရေးအပြင် ကရင်ခေါင်းဆောင်များအား လုပ်ကြံသတ်ဖြတ်မှုများပါ လုပ်ခဲ့ရာ ယခုလည်း ဤသို့ ပြုလုပ်လာနိုင်သည်ကို ကရင်နှင့် PDF ခေါင်းဆောင်များ သတိပြုရန် လိုပါသည်။
မြဝတီတိုက်ပွဲသည် လက်ရှိအချိန်တွင် စစ်ရေးအရ အရေးမပါဘဲ အာရုံလွှဲသည့်တိုက်ပွဲ ဖြစ်သည်။ ကရင်ညီညွတ်ရေး၊ ကရင်နှင့် PDF ညီညွတ်ရေးကို သွေးခွဲရန်ကြိုးစားသည့် စစ်တပ်၏ နိုင်ငံရေးကစားကွက်ဖြစ်သည်။
လက်ရှိ စစ်ဆင်ရေးကို ဦးစီးနေသည်မှာ ဒုချုပ် စိုးဝင်း မဟုတ်တော့ဘဲ ဗိုလ်ချုပ်ကြီး မြထွန်းဦး ဖြစ်သည်ဟု သိရ၏။ မြထွန်းဦးသည် KNU ခေါင်းဆောင် စောဘိုမြ ကွယ်လွန်စဉ်က ဈာပနသို့ ဗိုလ်မှူးအဆင့်ဖြင့် လာရောက်ခဲ့သည့် ကရင်အရေး ကျွမ်းကျင်သူတဦးဖြစ်သည်။ စစ်တပ်သည် ထိုစဉ်ကာလက ကရင်တို့အကြား သွေးခွဲရေးအပြင် ကရင်ခေါင်းဆောင်များအား လုပ်ကြံသတ်ဖြတ်မှုများပါ လုပ်ခဲ့ရာ ယခုလည်း ဤသို့ ပြုလုပ်လာနိုင်သည်ကို ကရင်နှင့် PDF ခေါင်းဆောင်များ သတိပြုရန် လိုပါသည်။
ချုပ်၍ဆိုရလျှင် လက်ရှိ မြဝတီစစ်မျက်နှာတွင် မြဝတီမြို့သိမ်းတိုက်ပွဲသည် အရေးမပါသေးပါ။ စစ်တပ်က အာရုံလွှဲရန် ကြိုးစားနေခြင်းမျှသာ ဖြစ်၏။ ထို့ပြင် ကရင်ညီညွတ်ရေး၊ ကရင်-PDF ညီညွတ်ရေးအား သွေးခွဲရန် ကြိုးစားနေခြင်းမျှသာဖြစ်သည်။
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
မြဝတီ ခလရ ၂၇၅ တွင် စစ်ကောင်စီပြန်ထိုင်
မြဝတီတိုက်ပွဲကို အနီးကပ်ကြည့်ရှုခြင်း
အားလုံးက BGF ကို စောင့်ကြည့်နေကြသည်
မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော
ကော့ကရိတ်မြို့တွင်း စစ်တပ်နေရာယူ၊ မြိုခံများ ပြန်လာရန် ခေါ်