• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရောဂါသာရှိ ဆေးမရှိ နာတာရှည် ဝေဒနာရှင်များရဲ့ ဒုက္ခ

by ဧရာဝတီ
30 April 2024
in ဆောင်းပါး
A A
ရောဂါသာရှိ ဆေးမရှိ နာတာရှည် ဝေဒနာရှင်များရဲ့ ဒုက္ခ

နှလုံး၊ သွေးတိုး၊ ဆီးချို၊ အာရုံကြော ကျောက်ကပ် စတဲ့ ကာလရှည် စွဲသောက်ရတဲ့ ဆေးအချို့ဟာ အမေရိကန် ဒေါ်လာဈေးတက်ခြင်း၊ ဆေးဝါးတင်သွင်းဖို့ မလွယ်ကူခြင်းတို့ကြောင့် ဈေးအဆမတန်တက်ပြီး ပစ္စည်းပြတ်လုနီးပါး ဖြစ်လာနေပါတယ်။

1.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် အခက်အခဲဖြစ်ပေါ်ခဲ့တဲ့ ကဏ္ဍပေါင်းစုံထဲ လူတိုင်း မရှိမဖြစ်လိုအပ်ပြီး ကျန်းမာရေး အတွက်အဓိကကျတဲ့ ဆေးဝါးဈေးကွက်လည်း တခုအပါအဝင်ပါ။

သာမန် အိမ်သုံးဆေးကစလို့ နှလုံး၊ သွေးတိုး၊ ဆီးချို၊ အာရုံကြောနဲ့ ကျောက်ကပ် စတဲ့ နာတာရှည်ဝေဒနာရှင်တွေ ကာလရှည် စွဲသောက်နေရတဲ့ ဆေးအချို့ဟာ အမေရိကန်ဒေါ်လာဈေးတက်ခြင်း၊ ဆေးဝါးတင်သွင်းဖို့ ခွင့်ပြုချက်ရရန် မလွယ်ကူခြင်း စတဲ့ အကြောင်းကြောင်းတွေကြောင့် ဈေးနှုန်း အဆမတန် မြင့်လာသလို ဈေးကွက်မှာတော့ ပစ္စည်းရှားပါး ပြီး ပြတ်လုနီးပါး ဖြစ်လာနေပါတယ်။

RelatedPosts

ညောင်ဦးဒေသခံနှစ်သောင်းကျော် စစ်ကြောင်းမီးရှို့၍ ထွက်ပြေးရ

ညောင်ဦးဒေသခံနှစ်သောင်းကျော် စစ်ကြောင်းမီးရှို့၍ ထွက်ပြေးရ

17 July 2025
241
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

17 July 2025
1.4k
ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

15 July 2025
1k

လက်ရှိ အခြေအနေက နာတာရှည် ကျောက်ကပ်သမားတွေအတွက်ဆိုရင် ဆေးဈေးကြီးတာ ရှားပါးတာတွေ ပြတ်လပ်တာ တွေထက် အလားတူ အာနိသင်ရှိတဲ့ ဆေးကိုတောင် လိုသလောက် ဝယ်လို့ မရမှာကို စိုးရိမ်နေရတယ်လို့ အသက် ၇၁နှစ် ရှိ ကျောက်ကပ်ဝေဒနာရှင် ဒေါ်တင်အေးက ပြောပါတယ်။

“ကျောက်ကပ်သမားတွေက တခြားဆေး သောက်လို့ မရတော့ ပိုပြီး ခက်ခဲတယ်။ အာနိသင်တူတဲ့ဆေး သောက်မယ်ဆို ပြန်တော့ ဆရာဝန်နဲ့ ပြန်တိုင်ပင်ရတယ်။ ဆရာဝန်က ဘယ်ဆေးကို ထပ်သောက်ဆိုပြီး ထပ်ညွှန်းတာပေါ့။ အဲဒီအခါမှာ လည်း အလားတူ ဆေးသောက်ရင် ဖြစ်လာမယ့် ဘေးထွက်ဆိုးကျိုးကို ကာဖို့ နောက်ဆေးတမျိုး ထပ် ပေးတာပေါ့။ အဲဒီအခါကျ ဆေးနှစ်မျိုးနဲ့ ပြီးမယ့်ဟာကို ဆေးသုံးမျိုးလောက်သောက်ရတာမျိုး တွေ ဖြစ်တယ်”လို့ သူက ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကတော့ ကြိုက်တဲ့ဆေးကို အချိန်မရွေး လိုသလောက် ဝယ်လို့ရပေမယ့် အခုအချိန်မှာတော့ ပိုက်ဆံရှိလို့ ဝယ်မယ်ဆိုရင်တောင် ဆေးပြတ်လပ်တာ ဝယ်မရတာမျိုးတွေကို ဝေဒနာရှင်တွေ မကြာခဏ ကြုံနေရပါတယ်။

ကျောက်ကပ်ရောဂါသည်တွေအနေနဲ့ ဆီးများတဲ့ဝေဒနာကို ဆေးနဲ့ထိန်းရတာရှိသလို ဆီးသွားနည်းတဲ့သူတွေမှာလည်း ဆီးပုံမှန်ဖြစ်ဖို့ ဆေးနဲ့ ထိန်းရတာကြောင့် ဆီးဆေးက သူတို့အတွက် မရှိမဖြစ် လိုအပ်နေပြီး လက်ရှိမှာတော့ ဆရာဝန် ညွှန်ကြားတဲ့ ဆီးဆေးမရလို့ အလားတူဆေး ဝယ်မယ်ဆိုရင်တောင် ဆေးဆိုင်တဆိုင်ထဲကနေ လိုသလောက် ဝယ်လို့မရ ဘူးလို့ ဒေါ်တင်အေးက ဆိုပါတယ်။

ဆေးရရှိဖို့ဆိုရင် နိုင်ငံခြားမှာရှိတဲ့ အသိမိတ်ဆွေတွေနဲ့ လူမှုကွန်ရက် ဂရုတွေထဲကနေတဆင့် ချိတ်ဆက်ပြီး ဆေးဝယ်တာ၊ တချို့ ကျောက်ကပ်ရောဂါကြောင့် သေဆုံးသွားတဲ့ ဝေဒနာသည်တွေရဲ့ မိသားစုတွေဆီက ပိုနေတဲ့ ဆေးတွေကို ပြန်အလှူခံတာ မျိုးတွေထိ လုပ်နေရတယ်လို့ သိရပါတယ်။

“တချို့ ဆေးတွေကတော့ လုံးဝ အလားတူဆေး သောက်မရတာ ရှိတယ်။ ကျောက်ကပ်သမားတွေမှာ၊ အဲဒီအခါကျရင် ဒီဆေးကို ရဖို့အတွက် ဆေးကုမ္ပဏီတွေ ရှိတယ်။ အောက်လမ်းကနေ သယ်တာလား၊ ဘာလားတော့ မသိဘူးပေါ့နော်။ ဆေးပြန်ရောင်းတဲ့သူတွေရှိတယ်။ အဲဒီလူတွေကို ချိတ်ဆက်ပြီး ရှာဝယ်ရတယ်”လို့ သူက ပြောပါတယ်။

အလားတူဆေးဆိုတာကတော့ ပုံမှန်သုံးစွဲနေကျ အမှတ်တံဆိပ်မဟုတ်ဘဲ ဆေးထဲမှာပါဝင်ဓာတုပစ္စည်းတူ၊ အာနိသင်တူ တံဆိပ် မတူ၊ ထုတ်လုပ်တဲ့ကုမ္ပဏီမတူ၊ နိုင်ငံမတူတဲ့ ဆေးကို ခေါ်တာပါ။

စစ်တပ်အာဏာမသိမ်းခင်က ဒေါ်တင်အေးတို့လို ကျောက်ကပ် ဝေဒနာရှင်တွေအတွက် ၁ လစာဆေးဖိုးက ကျပ် ၄ သိန်းခွဲ သာ ကုန်ကျစရိတ်ရှိပေမယ့် အာဏာသိမ်းကာလ သုံးနှစ်ကျော်ချိန်မှာတော့ တလကို ဆေးဖိုးက ကျပ် ၁၀ သိန်း ကျော် အထိ ဖြစ်သွားတယ်လို့ ဆိုပါတယ်။

ဒါကြောင့်လည်း အရင်က အရံအဖြစ် ဆေး တလစာ၊ နှစ်လစာ ဝယ်ထားနိုင်ပေမယ့် အခုချိန်မှာတော့ တလစာပဲ ဝယ်နိုင် တာကြောင့် ဆေးပြတ်မှာကိုလည်း အထူးစိုးရိမ်နေရတယ်လို့ သိရပါတယ်။

ဒီလိုပဲ နောက်ထပ် နာတာရှည်ရောဂါသည်တဦးဖြစ်တဲ့ မအေးလေး (အမည်လွဲ)က “ကိုယ်သောက်နေကျ တချို့ဆေးတွေ ဈေးတွေ အရမ်းကြီးသွားတော့ မတတ်နိုင်တော့ဘူး။ တခြား အာနိသင်တူ ဈေးနည်းနည်းသက်သာတဲ့ ဆေးကို ပြောင်းပြီး သောက်ရတာလည်း ရှိတယ်”လို့ ပြောပါတယ်။

ဒီလို ဈေးကွက်ထဲမှာ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အဆမတန်ဈေးတက်တာ၊ ရှားပါးတာ၊ ပြတ်လပ်တဲ့အခါ နာတာရှည် ရောဂါဝေဒနာသည်တွေအနေနဲ့ အလားတူဆေးတွေကို အစားထိုး သောက်နေရတဲ့အတွက် ဝေဒနာ မသက်သာဘူးလို့ ခံစားရတယ်လို့ သူကဆိုပါတယ်။

CDM ဆရာဝန်တဦးက “ကုမ္ပဏီမတူ ဆေးအာနိသင်တူတဲ့ဆေးကို သောက်ရတဲ့အခါ လူနာတွေကတော့ တော်တော်များ များက အစွဲအလမ်း ကြီးတယ်။ ငွေကောင်းကောင်းသုံးပြီး ဆေးကောင်းကောင်းသုံးချင်တဲ့ သူတွေကဆိုရင် အဲဒီဆေးက ဒီတံဆိပ်နဲ့ဆေးသောက်မှ ပျောက်တယ်လို့ ခံယူချက်ရှိတယ်” လို့ ပြောပါတယ်။

မြန်မာပြည်မှာဆိုရင် တရုတ်ဆေး၊ အိန္ဒိယဆေးတွေ အများဆုံးသုံးကြပြီး အလားတူဆေးတွေမှာ ဘေးထွက်ဆိုးကျိုးက လချီ၊ နှစ်ချီမှသာ ဖြစ်တတ်ပြီး ခဏတဖြုတ်သောက်ရုံနဲ့တော့ မသိသာဘူးလို့ ဆိုပါတယ်။

“ဆေးရဲ့ ထိရောက်မှုက လူနာရဲ့ စိတ်ပေါ်မှာရော ဆေးရဲ့ အကျိုးသက်ရောက်မှုမှာရော ဖြစ်နိုင်တယ်။ ဘေးထွက်ဆိုးကျိုး ကတော့ နည်းနည်း ကြာရှည် စွဲသောက်တော့မှာ သိမှာဖြစ်တယ်။ ဥပမာ သွေးတိုးရောဂါသည်က ၁၅၀ ၊ ၁၆၀ လောက် အထိ တိုးနေတယ်ဆိုရင် သူပုံမှန်သောက်နေကျ ဆေးမရတဲ့အတွက် အလားတူဆေး သောက်ကြည့်တယ်။ သွေးတိုးက ကျမသွားဘူးဆိုရင်တော့ ဆေးရဲ့ အမျိုးအစား ကောင်းမကောင်း သိနိုင်တယ်”လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ ခေါင်းကိုက်ဖျားနာ၊ လေထိုးလေအောင့်စတဲ့ ဝေဒနာတွေအတွက် သာမန်အိမ်သုံးဆေးတွေတောင် ဈေး ၂ ဆလောက် တက်နေပြီး အရင်ကလို ဈေးကွက်ထဲ ပေါပေါများများ မတွေ့ရတော့ဘဲ ခွဲစိတ်ခန်းသုံး ဆေးဝါး ပစ္စည်းတွေ၊ နာတာရှည် ရောဂါတွေ ဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်၊ နှလုံး၊ ပန်းနာရင်ကျပ်ဆေးတွေ၊ ထိုးဆေးတွေ၊ အားဆေးတွေဆိုရင် ပြတ်လပ်တာတွေအထိ ရှိတယ်လို့ သိရပါတယ်။

၂၀၂၂ ခု ဇူလိုင်လက ဆေးဈေးတက်၍ ဆေးဆိုင်တချို့ အရောင်းနားသဖြင့် ဤသို့ အလုအယက်ဝယ်နေကြရသည်(CJ)

ဆေးဈေးနှုန်းက တခါဝယ် တခါတက်ဖြစ်နေပြီး ဈေးက ထပ်တက်လာဖို့ပဲရှိတယ်လို့ ဆေးဆိုင် အရောင်းဝန်ထမ်း တွေဆီ က သိရပါတယ်။ ရှေ့လျောက် ဒီလိုသာ ဆက်သွားမယ်ဆို ဝေဒနာသည်တွေအတွက် ပိုဆိုးတဲ့ အခြေအနေတွေကို ရင်ဆိုင်ရမှာပါ။

ဆေးဝါးတင်သွင်း ဖြန့်ဖြူးရောင်းချနေသူ တဦးက “ဆေးဈေးကွက်က ပစ္စည်းပေါပေါ များများရှိရင် ပုံမှန်ဈေးနဲ့ ရပြီး ပစ္စည်း ပြတ်ပြီဆိုရင် ဈေးတွေက နေ့ချင်းညချင်း ကြီးတာ။ ပစ္စည်းပြတ်တာကတော့ အခုတလော အာရုံကြောဆေးတွေ၊ အတက် ရောဂါလို ဆေးမျိုးတွေက ပြတ်တယ်။ စင်းဒိုပါ ( Syndopa) ဆိုရင် အကြီးအကျယ် ပြတ်တယ်။ အာရုံကြောသမားတွေ မသောက်လို့ မရတဲ့ဆေး ဒါမျိုးတွေဆို တော်တော်ပြတ်တယ်။ ဈေးတွေလည်း အရမ်းတက်တယ်။ ပထမ တခေါက်မှာ တကတ် ၅၀ ကျပ်လောက်တက်ရင် နောက်တခေါက်ဆို ၁၀၀ ကျပ်လောက် တက်တဲ့အထိပဲ”လို့ ဧရာဝတီကို ပြောပါတယ်။

နာတာရှည် အာရုံကြောရောဂါဝေဒနာရှင်ရဲ့ မိသားစုဝင်တဦးက ဈေးကွက်ထဲမှာ စင်းဒိုပါဆေးပြတ်နေပြီး လိုက်ရှာဝယ်မရ တဲ့ အတွက် ပြည်ပမှာနေတဲ့ မိတ်ဆွေတွေဆီ အကူအညီတောင်းထားသလို အခြားရောဂါတူတဲ့ ဝေဒနာရှင်မိသားစုတွေနဲ့ ချိတ်ဆက်ပြီး ပိုနေတဲ့ဆေးတွေကို ပြန်ဝယ်တာ၊ အလှုခံတာမျိုး လုပ်နေတယ်လို့ ဆိုပါတယ်။

CDM ဆရာဝန် တဦးက “စင်ဒိုပါဆေးက အရေးကြီးတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဟော်မုန်းမထွက်လို့ ဆေးနဲ့ကူ ရတာ၊ ဆေးပြတ်ရင် အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်” လို့ ပြောပါတယ်။

ဆေးဝါးတွေ ဈေးတက်ပြီး ရှားပါးပြတ်လပ်တာက ဘာကြောင့်လဲ

မြန်မာနိုင်ငံမှာ ဆေးဝါး ၈၅ ရာခိုင်နှုန်းလောက်ဟာ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေရှ့်၊ ပါကစ္စတန်၊ ထိုင်း စတဲ့ နိုင်ငံတွေကနေ တင်သွင်းရတာဖြစ်ပြီး ကျန် ၁၅ ရာခိုင်နှုန်းကိုသာ ပြည်တွင်းက ထုတ်လုပ်ပါတယ်။ ဒီလို ဆေးဝါးတင်သွင်းတဲ့အခါ အမေရိကန်ဒေါ်လာနဲ့ ပေးချေရတာဖြစ်ပြီး အာဏာမသိမ်းခင်က တဒေါ်လာ ၁၃၀၀ကျပ် ရှိပေမယ့် အခုလို ၃နှစ်ကျော်လာ ချိန်မှာတော့ တဒေါ်လာ၃၉၀၀ ကျပ်ဖြစ်လာတာ ဆေးဈေးနှုန်းကို တိုက်ရိုက်သက်ရောက်မှု ရှိနေပါတယ်။

ဒါအပြင် စစ်ကောင်စီက သွင်းကုန်လိုင်စင်နဲ့ ပတ်သက်ရင် တင်းကျပ်ထားတာကလည်း ဆေးဈေးကွက်ကို သက်ရောက်မှု တွေ ရှိပြီး နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက စိစစ်မှုအပိုင်း နှောင့်နှေးနေတာတွေ၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ် ရေးအပါအဝင် အကောက်ခွန်ဋ္ဌာနတွေကြား ဖြတ်သန်းရတဲ့ အဆင့်တွေကြောင့် နှောင့်နှေးကြန့်ကြာမှုတွေ ရှိတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

သွင်းကုန်လုပ်ငန်းရှင်တဦးက “တလမှာ လိုင်စင်က ၂ ခုလောက်ပဲ ကျတယ်။ အဝင်/အထွက် ငွေကြေးတွေကို စိစစ်ရတဲ့ အတွက်လို့တော့ပြောတယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ ဒါက သွင်းကုန်ပစ္စည်းတိုင်းကို လုပ်နေတာ”လို့ ပြောပါတယ်။

အခုလို သွင်းကုန်လိုင်စင် မကျတာ၊ အမေရိကန် ဒေါ်လာဈေး အဆမတန်မြင့်တက်တာကြောင့် ပြည်ပက တိုက်ရိုက်တင် သွင်းနေရတဲ့ ဆေးဝါးတွေဖြစ်တဲ့ အိမ်သုံးဆေးက စပြီးတော့ နာတာရှည် ရောဂါသည် တွေ သုံးစွဲတဲ့ ဆေးဝါးတွေအထိ ဈေးနှုန်းအဆမတန် မြင့်တက်နေတာပဲ ဖြစ်ပါတယ်။

ရန်ကုန်မြို့ ရွှေပြည့်စုံဈေးရှိ ဆေးဝါး ဖြန့်ဖြူးရောင်းချသူတဦးက “အလားတူဆေးသုံးတာတော့ အရင်ထဲက ရှိပေမယ့် အခု ကတော့ ပိုဆိုးတာပေါ့။ နာမည်ရှိပြီးသားဆေးတွေကတော့ မတရား တက်တာပေါ့။ တက်တယ်ဆိုတာကတော့ ပစ္စည်း သွင်းဖို့ ခက်တာရော ငွေဈေးတက်တာရောကြောင့်ပေါ့”လို့ ဆိုပါတယ်။

ပင်လယ်ရေကြောင်းက ဆေးဝါးတင်သွင်းတဲ့ လုပ်ငန်းရှင်တွေအတွက် သွင်းကုန်လိုင်စင်ကျဖို့ ခက်ခဲသလို ကွန်တိန်နာ သင်္ဘောရောက်ရှိဖို့ လနဲ့ ချီစောင့်ဆိုင်းရတာ၊ နယ်စပ်က တင်သွင်းပါကလည်း လတ်တလော တိုက်ပွဲတွေကြောင့် နယ်စပ်ဂိတ်တွေ ပိတ်နေတဲ့အခြေအနေတွေကလည်း ပြည်တွင်းက ဆေးဝါးဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေပါတယ်။

စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံခြားသုံးငွေ မလိုအပ်ဘဲ ပြည်ပကို စီးထွက်မှုအပေါ် တားဆီးနိုင်ဖို့ စနစ်တကျ စိစစ်ကြပ်မတ်နေတယ်လို့ ပြီးခဲ့တဲ့နှစ် ဇွန်လ ၁၇ ရက်တုန်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပြီး နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီက မရှိမဖြစ် လိုအပ်တဲ့ ကုန်ပစ္စည်းများကို ဦးစားပေး စိစစ်ခွင့်ပြုလျက်ရှိတယ်လို့ ဆိုထားပါတယ်။

ဆေးဝါးသုံးစွဲသူတွေရဲ့ အခက်အခဲ

စစ်တပ်အာဏာမသိမ်းခင်က ဘေးထွက်ဆိုးကျိုးအနည်းဆုံးနဲ့ အဆင်ပြေသင့်တော်တဲ့ ဆေးဝါးကို ဈေးအသင့်အတင့်နဲ့ သုံးစွဲခွင့်ရှိပေမယ့် အခုချိန်မှာတော့ ဆေးကွက်ထဲမှာရှိတဲ့ ဆေးဝါးကို ဈေးကြီးပေးပြီး မဖြစ်မနေ သုံးစွဲနေရတဲ့ အခြေအနေ ဖြစ်တယ်လို့ မန္တလေးမှာ နေထိုင်တဲ့သူတဦးက ပြောပါတယ်။

“ဆေးဝါးတွေက ရှားတာ ပြတ်လပ်တာ ဖြစ်တော့ ဆရာဝန်ကို တခါတည်း မေးထားရတယ်။ ညွှန်းဆေးမရရင် အာနိသင် တူတဲ့ တခြားဆေးရော သောက်လို့ရလားပေါ့။ ဆရာဝန်ညွှန်းတဲ့ ဆေးက အခု နှစ်လလောက်ရှိပြီ၊ ရှာဝယ်လို့ မရဘူး။ အဲဒီတော့ အာနိသင်တူ အလားတူဆေးပဲ သောက်နေရတယ်။ ကျနော်က နှလုံးဆေး၊ သွေးတိုးဆေးတွေ ပုံမှန်သောက် ရတယ်။ အရင်ကဆို ဆေးချင်းတူရင်တောင် စိတ်ချရတဲ့ အိန္ဒိယဆေးကိုဝယ်တာပေါ့။ အခုကတော့ တရုတ်ဆေးတွေပဲ ရတယ်။ ဘေးထွက်ဆိုးကျိုးတွေလည်း ကြည့်နေလို့ မရဘူး။ ရတဲ့ဆေးပဲ သောက်ရတာပေါ့”လို့ သူက ပြောပါတယ်။

ဈေးနှုန်းအနေနဲ့လည်း အရင်လက ဆေးတလစာ ၇ သောင်းဝန်းကျင်သာ ကုန်ကျမှုရှိပေမယ့် အခုလမှာတော့ ၈ သောင်းကျော်အထိ မြင့်တက်တယ်လို့လည်း သူက ဆိုပါတယ်။

“သွေးကျဆေးတို့ ဘာတို့ဆို အိန္ဒိယထုတ် မရဘူး။ တရုတ်ထုတ်ပဲရတယ်။ ဒါတောင် ဈေးကတက်တယ်။ နှလုံးဆေးဆို ၁၀ လုံးတကတ်ကို အရင်လထက် ၈၀၀ နဲ့ ၁၀၀၀ ကြား တက်တယ်”လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လထဲက ဆီးချိုရောဂါသမားတွေအတွက် အရေးပါတဲ့ အင်ဆူလင်ထိုးဆေးတွေ ဈေးကွက်မှာ ပြတ်လပ် နေသလို အိမ်သုံးဆေးဝါးတွေ အပါအဝင် နာတာရှည်ရောဂါအမျိုးမျိုး အတွက် ဆေးဝါးနဲ့ ပဋိဇီဝ ဆေးအမျိုးအစားတွေ၊ ဆရာဝန် ညွှန်ကြားချက် မလိုတဲ့ဆေးဝါးတွေပါ ပြတ်လပ်တာရှိတယ်လို့ ဆေးဝါး ဖြန့်ဖြူးရောင်းချသူတွေက ပြောပါတယ်။

ဆေးဝါးကျွမ်းကျင်သူတဦးက “ဆရာဝန်ညွှန်တဲ့ ဆေးစာမလိုဘဲ သာမန် ဆေးသောက်နေရတဲ့သူတွေအတွက်တော့ အာနိသင်တူတဲ့ အလားတူဆေးတွေ ပေးလို့ရပေမယ့် ခွဲစိတ်ကုသမှု ခံယူထားတဲ့သူတွေ၊ ပန်းနာရင်ကျပ် ရောဂါသည် လိုမျိုးသူတွေကျတော့ အခက်အခဲတွေ ဖြစ်တာပေါ့။ ခန္ဓာကိုယ်မှာ ကြီးကြီးမားမား ကုသမှု ခံယူထားတဲ့သူတွေအတွက် ဆေးက ၁၀ မျိုးမေးရင် ၅ မျိုးလောက်ပဲ ပစ္စည်းက ရှိတာ။ ရှိတာကလည်း ဈေးတွေက မတရားတက်တာ”လို့ ဆိုပါတယ်။

အာဏာမသိမ်းခင်က နိုင်ငံခြားကလာတဲ့ဆေးတွေကို မိမိကြိုက်ရာ ဝယ်ယူသုံးစွဲနိုင်ပေမယ့် အခုအချိန်မှာတော့ အလားတူ ဆေးကိုတောင် မနည်းရှာဝယ်နေရတဲ့အထိ စားသုံးသူအခွင့်အရေး ဆုံးရှုံးနေပါတယ်။ အာဏာသိမ်းပြီးနောက် ကျန်းမာရေး ဝန်ထမ်းတွေနဲ့ ဆရာဝန်အများအပြား CDM လုပ်တာကြောင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန် ရှားပါး လာတာ၊ ဆေး လုံလုံလောက်လောက် မရှိတာ၊ ဆေးဝယ်ယူဖို့ ခက်ခဲတာ စတဲ့အကြောင်းအရင်းတွေကြောင့် ပိုက်ဆံတတ်နိုင်တဲ့ ငွေကြေး ချမ်းသာသူအချို့က အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်လို့ မြို့တွေမှာ ပြောင်းရွှေ့နေထိုင် ဆေးကုသမှု ခံယူတာတွေလည်း ရှိလာနေပါတယ်။

ဆိုးသထက် ဆိုးလာမယ့် ဆေးဝါးဈေးကွက်

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ခြောက်လအကြာကတည်းက ဆေးဝါးဈေးကွက်မှာ ပစ္စည်းရှားပါးတာ၊ ပြတ်လပ်တာ၊ ဈေးနှုန်းကြီးမြင့်တာတွေက စတင်ဖြစ်လာဖြစ်ပြီးတော့ အခုအာဏာသိမ်းကာလ ၃ နှစ်ကျော်တဲ့အချိန်မှာ တော့ အဆိုးဆုံး အခြေအနေကို ရောက်လာတယ်လို့ ဆေးကုန်သည်တွေနဲ့ ဆေးဆိုင်တွေထံက သိရပါတယ်။

စစ်ကောင်စီက မရှိမဖြစ် သုံးစွဲနေရတဲ့ စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါး၊ ဓာတ်မြေဩဇာတွေ ပြည်ပက တင်သွင်းဖို့ အတွက် လိုင်စင်ချပေးတာ၊ နိုင်ငံခြားငွေ ရောင်းချပေးတာ လုပ်နေပေမယ့်လည်း လုပ်ငန်းရှင်တွေအဆိုအရတော့ လိုင်စင် တစောင်ကျဖို့ ဗဟိုဘဏ်နဲ့ စီးပွား/ကူးသန်းကြားမှာကို လနဲ့ချီ ကြာတယ်လို့ ပြောပါတယ်။

အခုလို ဈေးကွက်ထဲမှာ ဆေးရှားတဲ့၊ ပစ္စည်းပြတ်တဲ့သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာတဲ့နောက် မှာတော့ စစ်ကောင်စီရဲ့ စီးပွား/ကူးသန်းက ပြီးခဲ့တဲ့နှစ်ကတည်းက တင်ထားတဲ့ ဆေးဝါးလိုင်စင် အစောင် ၅၀၀ လောက် ချပေးခဲ့တယ်လို့ စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက သိရပါတယ်။

အခုလို လိုင်စင်ချပေးလိုက်ပေမယ့် တင်သွင်းပြီး ဆိပ်ကမ်းကို ရောက်ရှိလာရင်လည်း ဂိုဒေါင်ကနေ ထုတ်ယူဖို့နဲ့ ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေအတွက် ထုံးစံအတိုင်း ကြန့်ကြာနေဦးမှာ ဖြစ်ပြီး စစ်ဆေးပြီးစီးမှသာ ဈေးကွက်ထဲကို ဖြန့်ချိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် ဆေးရှားပါးတာ၊ ပြတ်လပ်တာတွေက အချိန်အတိုင်းအတာတခုထိ ဆက်ရှိနေဦးမှာ ဖြစ်သလို ပြင်ပ ဒေါ်လာပေါက်ဈေး ၁ ဒေါ်လာ ၃၉၀၀ နီးပါးဖြစ်နေတာကြောင့် ဈေးနှုန်းတွေ ထပ်မံ မြင့်တက်လာမယ့် အခြေနေတွေလည်း ရှိနေပါတယ်။
ရန်ကုန်မြို့နေ အိမ်ရှင်မတဦးက “အစစအရာရာ တက်ပြီး လုပ်အားခကျ မတက်တော့ ရောဂါဖြစ်ရင် ဒီနိုင်ငံမှာ အသေခံရမယ့် ဘဝတွေပဲ”လို့ ပြောပါတယ်။

You may also like these stories:

ဆေးဝါးရှားပါး ဈေးတက်သဖြင့် နာတာရှည် ဝေဒနာရှင်များ အခက်တွေ့

ဆေးဝါးတင်သွင်းခွင့် ပါမစ်များ ဆိုင်းငံ့ထား

ဆန်နှင့် စားသောက်ကုန်၊ ဆေးဝါးဈေးနှုန်းများ ထပ်တက်လာ

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Support The Irrawaddy: https://bit.ly/3btQYpR

Your Thoughts …
Tags: ကျောက်ကပ်ဆေးဝါးအမေရိကန်ဒေါ်လာအိမ်သုံးဆေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

by ဧရာဝတီ
11 September 2023
23.8k

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

အမေရိကန်ဒေါ်လာနှင့် ရွှေဈေး တဟုန်ထိုးတက်

အမေရိကန်ဒေါ်လာနှင့် ရွှေဈေး တဟုန်ထိုးတက်

by ဧရာဝတီ
16 August 2023
10k

စစ်ကောင်စီကမူ ရွှေနှင့် ငွေကြေး မြင့်တက်နေမှုနဲ့ပတ်သက်၍ ဖမ်းဆီးခြင်းများ ရှိနေပြီး သြဂုတ်လ ၁၄ ရက်က ရွှေနှင့် ဒေါ်လာငွေကြေး လုပ်ကိုင်သူ လုပ်ငန်းရှင် ၂ ဦးကို ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း

တဒေါ်လာ ၂၁၀၀ ကျပ် နှုန်းထား စစ်ကောင်စီ ဖျက်သိမ်းလိုက်ပြီလား

တဒေါ်လာ ၂၁၀၀ ကျပ် နှုန်းထား စစ်ကောင်စီ ဖျက်သိမ်းလိုက်ပြီလား

by ဧရာဝတီ
19 May 2024
6.5k

အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း ကျပ်ငွေတန်ဖိုး ထက်ဝက်ကျဆင်းပြီး စစ်ကောင်စီသည် ကျပ်ငွေကို ထိန်းချုပ်ရန် မည်သည့်မျှော်လင့်ချက်ကိုမဆို စွန့်လွှတ်လိုက်ပုံရသည်။

ကျပ် နှစ်သောင်းတန်ဂယက် ဒေါ်လာနှင့် ရွှေဈေးကွက် ကမောက်ကမဖြစ်

ကျပ် နှစ်သောင်းတန်ဂယက် ဒေါ်လာနှင့် ရွှေဈေးကွက် ကမောက်ကမဖြစ်

by ဧရာဝတီ
24 July 2023
4.6k

ယခုကဲ့သို့ ကျပ်နှစ်သောင်းတန် ထပ်မံရိုက်နှိပ်မှုကြောင့် ဈေးကွက်များ ပျက်သွားနိုင်သလို ပုံမှန်မဟုတ်သော ဈေးကွက်များ ဖြစ်သွားနိုင်သဖြင့် စီးပွားရေးလုပ်ကိုင်ရ ခက်ခဲသွားနိုင်သည့် အခြေအနေများ ရှိလာနိုင်ကြောင်း

နိုင်ငံခြားငွေလဲနှုန်း ကွာဟမှုမှ စစ်ကောင်စီ စစ်စရိတ်ရှာနေဟု ကျွမ်းကျင်သူများ ပြောဆို

နိုင်ငံခြားငွေလဲနှုန်း ကွာဟမှုမှ စစ်ကောင်စီ စစ်စရိတ်ရှာနေဟု ကျွမ်းကျင်သူများ ပြောဆို

by Vincent MacIsaac
22 August 2024
4.3k

တနှစ်တာအတွင်း ဈေးကွက်ပေါက်ဈေးနှင့် အတင်းအကျပ် ငွေလဲလှယ်စေခြင်းအကြား ကွာဟမှုသည် လွန်ခဲ့သော ဘဏ္ဍာရေးနှစ်က ကာကွယ်ရေး အသုံးစရိတ်ခန့် ရှိသည်

ဗဟိုဘဏ် ဒေါ်လာထုတ်မရောင်းပေးနိုင်တော့၍ စက်သုံးဆီဈေးတက်

ဗဟိုဘဏ် ဒေါ်လာထုတ်မရောင်းပေးနိုင်တော့၍ စက်သုံးဆီဈေးတက်

by ဧရာဝတီ
1 December 2023
4.3k

စက်သုံးဆီကုမ္ပဏီများ ပြည်ပမှ စက်သုံးဆီဝယ်ယူတင်သွင်းမှုအတွက် ငွေပေးချေရာတွင် လိုအပ်သော အမေရိကန် ဒေါ်လာပမာဏကို ဗဟိုဘဏ်က ထုတ်ရောင်းမပေးနိုင်တော့သောကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

Next Post
လုပ်သားရှားပါးမှု ပြသာနာ စတင်ရင်ဆိုင်လာရပြီ (ရုပ်/သံ)

လုပ်သားရှားပါးမှု ပြသာနာ စတင်ရင်ဆိုင်လာရပြီ (ရုပ်/သံ)

ကုလ အထူးသံတမန်၊ အငြင်းပွားဖွယ် အကူအညီပေးရေးနှင့် မြန်မာ့ပြည်တွင်းစစ်

ကုလ အထူးသံတမန်၊ အငြင်းပွားဖွယ် အကူအညီပေးရေးနှင့် မြန်မာ့ပြည်တွင်းစစ်

No Result
View All Result

Recommended

ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

2 days ago
3.5k
ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 week ago
5.8k

Most Read

  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate