• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ခရိုနီ ပြိုလဲမှ စစ်တပ် ပြိုလဲနိုင်မယ်

by ကြာဖက်နှင်း
4 May 2024
in ဆောင်းပါး
A A
ခရိုနီ ပြိုလဲမှ စစ်တပ် ပြိုလဲနိုင်မယ်
6.2k
VIEWS
Share on FacebookShare on Twitter

ကျနော် မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများ နှင့် လက်ဖက်ရည်ဆိုင် ထိုင်ရင်း ပြောဖြစ်တာကတော့ ခရိုနီ လောက အကြောင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တပတ်ကတော့ အော်ရီဒူး အရောင်းအဝယ် ကိစ္စ။

RelatedPosts

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

အာဏာသိမ်းပြီး ၄နှစ်ကြာချိန် ရွှေတကျပ်သား သိန်း ၈၀ကျော်လာ

20 June 2025
282
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

20 June 2025
2.7k
စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

19 June 2025
6.1k

အော်ရီဒူး မြန်မာကို ထိုင်းနိုင်ငံ Link Family လုပ်ငန်းစုက အပြီးသတ် ဝယ်ယူမှု ပြီးခဲ့တယ်လို့ People’s Spring က သတင်း ထုတ်ထားပါတယ်။

ဒီအရောင်းအဝယ်တွေ အားလုံးကို အဓိက ကြိုးကိုင် စီစဉ်သူကတော့ ဂျော်နသန် ကျော်သောင်းလို့ သိရပါတယ်။ အရောင်းအဝယ် တန်ဖိုးက USD ဒေါ်လာ ၅၇၅ သန်းခန့် ရှိတယ်လို့ သတင်းတွေက ဆိုတယ်။

ဂျော်နသန် ကျော်သောင်း ဆိုတာ KT Group က အကြီးအကဲ တဦး ဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်ကတော့ သူဟာ စစ်တပ် အတွက် နယ်သာလန် နိုင်ငံထုတ် ဖော်ကာ လေယာဉ် ၂ စီးကို မှောင်ခို ဈေးကွက်က ခိုးဝယ် ပေးခဲ့သူလို့ နယူးယောက် တိုင်းမ်မှာ ၂၀၂၂ က ရေးသား ဖော်ပြခဲ့ဖူးပါတယ်။

KBZ ကမ္ဘောဇ အုပ်စုက မွေးထားတဲ့ နောက်ဆုံးပေါ် ခရိုနီလက်သစ် တဦး။

ကျနော် အံ့သြတာက မြန်မာပြည် ပြင်ပမှာ မြန်မာ့အရေးကို ရေးသား တင်ပြနေတဲ့ ပြည်ပရောက် မီဒီယာတွေက ဒီခရိုနီတွေရဲ့ အဓိက ပတ်သက်နေတဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ ဆက်ဆံရေးတွေ၊ စီးပွားရေး ဆက်နွယ်မှုတွေကို ရေးသား ဖော်ပြကြတာ အားနည်းတာပဲ ဖြစ်ပါတယ်။

သတင်းတွေ ဖတ်လိုက်ရင် တိုက်ပွဲ သတင်းတွေနဲ့ တော်လှန်ရေး အောင်မလိုလို ရေးထားတဲ့ ဝါဒဖြန့် သတင်းတွေပဲ ဖတ်နေရ၏။ အားမရဘူး ဆိုပါတော့ဗျာ။

တကယ်တော့ လွတ်လပ်တဲ့ မီဒီယာတွေ အပတ်စဉ် လစဉ် မီးမောင်းထိုး ရေးပြ၊ လေလှိုင်းကနေ၊ You Tube ကနေ ဖော်ထုတ် ပြသနေရမှာကတော့ ခရိုနီတွေရဲ့ ဇာတ်လမ်းတွေပါပဲ။

ခင်ဗျားက မေးမယ် ဘာကြောင့်လဲ…

ခရိုနီတွေဟာ စစ်အာဏာရှင်တွေ သက်ဆိုး ဆက်ပြီးရှည်ဖို့ ထောက်ကူနေတဲ့ အဓိက ဒေါက်တိုင်တွေ ဖြစ်နေလို့ပါပဲ။

စစ်ဗိုလ်ချုပ်တွေနဲ့ ခရိုနီတွေဟာ ပုလင်းတူ ဘူးဆို့လို့ ပြောကြ ရေးကြတယ်။ ကျနော်ကတော့ ပြောချင်တယ် ဒီထက် ပိုပါတယ်လို့။

အာဏာ မသိမ်းခင်ကလည်း ဒီခရိုနီတွေပဲ ဗိုလ်ချုပ်ကြီးတွေနဲ့ အတူတူ စီးပွားရေး လုပ်ခဲ့ကြတယ်။ တိုင်းပြည်ရဲ့ ဘတ်ဂျက်တွေကို၊ စီမံကိန်းတွေကို ခွဲဝေ စားသုံးခဲ့ကြတယ်။

ဦးသန်းရွှေ ခေတ် Privatization ဆိုပြီး အရင်အစိုးရ အဆောက်အအုံ ဟောင်းတွေ၊ မြေတွေကို ရန်ကုန်မှာ ခွဲဝေကြတော့ ဘယ်ပြည်သူမှ မရပါဘူး။ ခရိုနီ တသိုက်က ဝိုင်းဆွဲလိုက်ကြတာပါပဲ။

ဗိုလ်ချုပ်ကြီး အေး (နဝတ/နအဖ ဒုဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး) က သူ အကြိုက်ဆုံး စီးပွားရေး လုပ်ငန်းရှင်ကြီး ၂ ဦးကို ခေါ်ပြီး ရန်ကုန် မြေပုံပြပြီး ကဲ မင်းတို့ လိုချင်တာ ယူကြလို့ ပြောခဲ့တာပါ။

ဒါက ခရိုနီ ပါးစပ်က ပြောပြောနေတဲ့ Fair Game မဟုတ်ပါဘူး။

ဖက်ဆစ် ဗမာ စစ်တပ် သက်ဆိုးရှည်တာ ခရိုနီရဲ့ စနက် ပါသလို ခရိုနီတွေ ဆက်ပြီး ရှင်သန်နေတာလည်း ဖက်ဆစ် တပ်ကြောင့်ပါပဲ။

ဒေါ်အောင်ဆန်းစုကြည် ခေတ် ရောက်တော့လည်း သူ့ဆီကို ပြေးကပ်တာက ဆန်ရှင် လွတ်ချင်လို့ပါ။ ဒီအမျိုးသမီး လုပ်နေတဲ့ အလုပ်တွေကို ယုံကြည်လို့ မဟုတ်ပါဘူး။

တဖက်မှာလည်း သူတို့ရဲ့ ဘိုးတော်တွေ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတွေ စိတ်မဆိုးအောင်လည်း ကြိုပြီးတော့ ဂါထားရပါသေးတယ်။

၂၀၂၁ အာဏာ သိမ်းတော့လည်း ခရိုနီတွေပဲ ရင်ခုန်ပြီး စောင့်စားခဲ့ရတာပါ။ မသိမ်းမှာ စိုးလို့။ ခရိုနီ ဟောင်းတွေက တမျိုး။ ခရိုနီ လက်သစ် တွေကတော့ ဘာလာလာ ဒေါင်းမယ် ဆိုပြီး ဖြစ်ချင်တာဖြစ် ငါခရိုနီ ဖြစ်ရင် ပြီးရော ဆိုပြီး ငို့ဘ ငါ့ဘို့ပဲ ကြည့်တဲ့ ခရိုနီ လက်သစ် လူငယ် လူလတ်တွေ အများကြီး ပေါ်ခဲ့ပါတယ်။

သူတို့က မိုးကျ ရွှေကိုယ်တွေတော့ မဟုတ်ပါဘူး။

အရင်ကတည်းက ခရိုနီ ဟောင်းတွေ၊ ရှောင်လင် ကျောင်းက ခြေဖော့သိုင်း ကျွမ်းတဲ့ ခရိုနီ ဘိုးအေကြီးတွေ၊ ကြံ့ခိုင် ဖွံ့ဖြိုးရေးက လူကြီးတွေရဲ့ သားသမီး ဆွေမျိုးတွေ၊ စစ်တပ် အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ စီးပွားရေး သမားတွေ၊ သူတို့တွေ ပါကြပါတယ်။

သြော်… ကြုံလို့ ပြေပြဦးမယ်။ ကြံ့ဖွံ့က လူကြီးတွေရဲ့ သားသမီး ဆွေမျိုးတွေဟာ လက်နက်ပစ္စည်း အပိုပစ္စည်း တင်ပို့တဲ့ လုပ်ငန်းတွေလည်း လုပ်ကိုင်ကြပါတယ်။

သူတို့ ဘာလုပ်လဲ ဆိုတော့ – တိုင်းပြည်မှာ စစ်တပ်က ဗုံးကြဲ၊ ရွာတွေ မီးရှို့၊ အပြစ်မဲ့ ပြည်သူ ပြည်သားတွေကို သတ်ဖြတ်၊ ပစ္စည်းတွေ လုယက်၊ ဖြစ်ချင်တိုင်း ဖြစ် ကမာ္ဘပျက်နေချိန်မှာ လက်နက် အရောင်းအဝယ် ကိစ္စ၊ လေယာဉ်ဆီ သွင်းတဲ့ ကိစ္စ၊ အပို ပစ္စည်း၊ ရေဒါ၊ အဆင့်မြင့် ဒရန်း နဲ့ နည်းပညာ ပစ္စည်းတွေ အပြင် စစ်ကောင်စီ ဆန်ရှင်ကြောင့် လက်လှမ်းမမီတဲ့ သယ်ယူ ပို့ဆောင်ရေး လေယာဉ်တွေကိုပါ ဝယ်ယူပေးပြီး နေ့ချင်း ညချင်း မီလျံနာတွေ ဖြစ်ကုန်ကြပါတယ်။

ဒီပိုက်ဆံတွေကို ဆရာတော်ဆီလှူ၊ ရွာတွေမှာ ပြန်ပြီး ကျောင်းဆောက်၊ ဘုရားတည်၊ ရေတွင်း တူးပေးပြန်တော့ သူတို့တတွေဟာ နေ့ချင်း ညချင်း ဘုရားဒကာ၊ ကျောင်းဒကာ၊ အလွန် ကုသိုလ် ထူးတဲ့ ရှေးဘဝက ကုသိုလ်ကံ ကောင်းခဲ့သူတွေ ဖြစ်ပြန်ရော။

ကျန်တဲ့ သန်း ၆၀ လောက်ကတော့ အတိတ် ကုသိုလ်ကံ မကောင်းတာ နှစ်ပေါင်း ၄၀ – ၅၀ ရှိပါပြီ။

အာဏာသိမ်းပြီး နောက်ပိုင်း မတရား ချမ်းသာ ကြွယ်ဝလာတဲ့ ခရိုနီ ကြီး၊ ငယ်၊ လတ် တွေ အများကြီး ရှိပါတယ်။

သူတို့တတွေရဲ့ အကြောင်း မီဒီယာတွေမှာ စု၊ တု၊ ပြု အဖွဲ့တွေမှာ၊ အတိုက်အခံ နိုင်ငံရေး အဖွဲ့တွေမှာ၊ တော်လှန်ရေး အုပ်စုတွေမှာ ကမ်ပိန်း လုပ်နေတဲ့ JFM (Justice for Myanmar) လို အဖွဲ့တွေမှာ တိတိကျကျ ပြုစုထားတာ ရှိပါသလား။

မရှိရင် ရှိအောင် လုပ်ဖို့ လိုပါတယ်။ ကျောက်စာမှာ ရေးထားသလိုမျိုး မပျောက်မပျက်အောင်၊ နောင်မျိုးဆက်တွေ အဆက်ဆက် သိအောင် လုပ်ဖို့ လိုပါတယ်။

ပြီးခဲ့တဲ့ အပတ်က ရွှေဗျိုင်းဖြူ ကုမ္ပဏီ ပိုင်ရှင် သမီးဖြစ်သူ မသိမ့်ဝင်းထက် တက်ရောက်နေတဲ့ ပြင်သစ်က ကျောင်းဝင်ခွင့်ကို ရုပ်သိမ်းဖို့ ဆိုတဲ့ JFM က ထုတ်ပြန်ချက်ကို ဖတ်လိုက်ရတယ်။

ဒီလို လူမျိုးတွေ အများကြီး ရှိပါတယ်။

ခရိုနီတွေရဲ့ သားသမီးတွေ အများစုဟာ အမေရိကား၊ UK ၊ ဥရောပ နဲ့ သြစတြေးလျ က ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ တက်ကြပါတယ်။

ဟိုးတလောကတော့ ပစ်တိုင်းမှန် သူဌေးဟောင်း ခရိုနီ ဦးတေဇ နဲ့ သူ့ သားသမီးတွေ အကြောင်း JFM ကပဲ သတင်း ထုတ်ပြန်တာ တွေ့ရပြန်တယ်။

ဒါကို ဖတ်ရတော့ ဒီလူတွေနဲ့ အနောက် နိုင်ငံ အစိုးရတွေလည်း ဒီတေဇ နဲ့ပဲ အလုပ် ရှုပ်နေတာပဲ၊ အလုပ် ရှုပ်ပြနေတာပဲ ဆိုပြီး ပြုံးမိတယ်။

တကယ် ကြီးတဲ့ ငါးကြီးတွေကို သိလျက်နဲ့ ဖမ်းမပြကြဘူးလေ။ ဦးတေဇထက် ကြီးတဲ့ ငါးတွေကို ပြောတာပါ။

“ကျနော်တို့ ခရိုနီတွေပဲ တိုင်းပြည်ကို ဖျက်ဆီးခဲ့တာပါဗျာ”

အရက်မူးတော့ ကျွဲခိုးပေါ်။ တန်ဖိုးကြီး ဝီစကီ တလုံး ကုန်ချိန်တွင် ကိုယ်ဖော့ပညာ ကျွမ်းသော ခရိုနီ တဦးရဲ့ ရင်ဖွင့် စကား။ သူက အချမ်းသာဆုံး စာရင်းထဲ ပါသူ။

ထပ်မံ ဖြည့်စွက်ရမည် ဆိုလျှင်တော့ စစ်တပ်က ယူနီဖောင်းဝတ် ဖက်ဆစ် ဗိုလ်ချုပ်များ နှင့် ခရိုနီများ မြန်မာပြည်ကို ဝိုင်းပြီး ဖျက်ဆီးခဲ့ကြသည်ဟု အဓိပ္ပာယ် ယူလျှင် မမှားပါ။

ဒါကြောင့် အချက်အလက်တွေ၊ သတင်းတွေ၊ Research တွေ၊ ကမ်ပိန်းတွေ၊ Naming နဲ့ Shaming လုပ်တာတွေ (အနောက် နိုင်ငံက ဆန်ရှင် ဆိုတာ အရေးမကြီး) ကိုယ့်ဘာသာ လုပ်နိုင်ကြဖို့ လိုပါတယ်။

ဥပမာ အားဖြင့် နဝတ/နအဖ ခေတ်ကတည်းက နာမည် တလုံးနှင့် နေခဲ့သော ရန်ကုန်က သူဌေး ခရိုနီကြီး (သူ့အိမ်ကလည်း ရန်ကုန် တက္ကသိုလ် ရိပ်သာလမ်းမှာလား၊ သံရုံးတွေရဲ့ တဖက်မှာလား မမှတ်မိတော့) ရဲ့ သမီးတွေက ဒီနေ့ခေတ် စစ်ကောင်စီရဲ့ ဗိုလ်ချုပ်တွေ၊ ကတော်တွေ၊ မိသားစုတွေ အတွက် ထိုင်းမှာ အိမ်ခြံမြေ ဝယ်ယူရေး၊ အခြား တန်ဖိုးကြီး ပစ္စည်းတွေ ဝယ်ယူ တင်သွင်းရေးတွေ အတွက် ဘန်ကောက်မှာ ထိုင်ပြီး အလုပ်လုပ်ပေးနေတယ်။

မင်းအောင်လှိုင်၊ အောင်လင်းဒွေး၊ ညိုစော၊ ကြူကြူလှ အားလုံး အားလုံးရဲ့ ဘန်ကောက်က လုပ်ငန်းတွေကို ကိုယ်စားလှယ် လုပ်ပေးနေတဲ့ သူတွေ ရှိတယ်။

ဒီက မီဒီယာတွေနဲ့ JFM က မွှေနှောက်ဖို့ လိုနေတယ်။

နာမည်နှင့် တကွ ဖော်ထုတ်ဖို့ လိုတယ်။ ဒီလို လုပ်ငန်းတွေ အတွက် ငွေလိုလျှင် ဝိုင်းပြီး စုဆောင်းပေးသင့်တယ်။

ဘာကြောင့်လဲ ဆိုတော့ –

ဖက်ဆစ် ဗမာ စစ်တပ် သက်ဆိုးရှည်တာ ခရိုနီရဲ့ စနက် ပါသလို ခရိုနီတွေ ဆက်ပြီး ရှင်သန်နေတာလည်း ဖက်ဆစ် တပ်ကြောင့်ပါပဲ။

အတိုက်အခံတွေက စစ်ရေး သတင်းတွေ၊ တောင်ကုန်းသိမ်း သတင်းတွေ၊ လက်နက်ချ အလံဖြူထောင် သတင်းတွေနဲ့ အလုပ်များနေကြတယ်။

ခရိုနီတွေကတော့ စစ်ဗိုလ်ချုပ်တွေနဲ့ စီးပွားရှာရင်း စစ်အာဏာရှင် စနစ် ရှင်သန်ရေးကို နေ့စဉ် ရက်ဆက် အလုပ်များ ကြိုးစားပေးနေတယ်။ သူပြိုလို့ မရဘူးလေ။ စစ်တပ် ပြိုရင် သူလည်း ခြောက်ပေ ကျင်းထဲ ဆင်းရမှာကိုး။

အတိုက်အခံတွေက နည်းနည်း နုံတယ်။ ဒါကို မသိဘူး။

တကယ်တော့ ခရိုနီ ပြိုရင် စစ်တပ် ပြိုမယ်။ စစ်တပ် ပြိုရင် ခရိုနီ လိုက်ပြိုမယ်။ သူတို့ကို မြေလှန်မှ မြန်မှာ။

ဒါကို သဘောပေါက်မှ မြန်မာပြည် ပိုပြီး ကောင်းလာမယ်။

တော်လှန်ရေးလည်း အရှိန် ပိုရလာမယ်။ ထောင့် ပိုစုံလာမယ်။ အောင်ပွဲ ဆိုတာနဲ့လည်း နီးလာနိုင်မယ် ထင်တာပဲ။ ။

Your Thoughts …
Tags: KTSliderခရိုနီစစ်တပ်တော်လှန်ရေးဗိုလ်ချုပ်ဘန်ကောက်ရွှေဗျိုင်းဖြူဝီစကီအော်ရီဒူး
ကြာဖက်နှင်း

ကြာဖက်နှင်း

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.7k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

Next Post
မင်းဘူးခရိုင်၌ နှစ်လအတွင်း အုပ်ချုပ်ရေးမှူး ၄၀ ကျော် နုတ်ထွက်

မင်းဘူးခရိုင်၌ နှစ်လအတွင်း အုပ်ချုပ်ရေးမှူး ၄၀ ကျော် နုတ်ထွက်

စစ်ကောင်စီ သတ်ဖြတ်သောကြောင့် အရပ်သားသေဆုံးမှု ၅,၀၀၀ ကျော်တော့မည်

စစ်ကောင်စီ သတ်ဖြတ်သောကြောင့် အရပ်သားသေဆုံးမှု ၅,၀၀၀ ကျော်တော့မည်

No Result
View All Result

Recommended

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

1 day ago
6.1k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • ထိုင်းဝန်ကြီးချုပ် ပေတောင်တန်ရှင်နာဝပ် ချောင်ပိတ်မိနေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate