ယခုနှစ် နွေရာသီ ဧပြီလတွင် မြန်မာပြည်အပါအဝင် နိုင်ငံအချို့တွင် အပူလှိုင်းဖြတ်၍ အပူချိန်များ စံချိန်တင် မြင့်တက်နေသည်။ ကမ္ဘာ့အပူဆုံးမြို့များထဲတွင် မြန်မာနိုင်ငံမှ မြို့အချို့ ပါဝင်သည်ကိုတွေ့ရ၏။ သို့သော် စံချိန်တင် အပူချိန်များထက် မြန်မာပြည်အနှံ့တွင် စစ်ရှိန်မြင့်တက်နေပြီး ပြည်နယ်များတွင် စစ်ရှိန်မြင့်တက်နေသည်ကို အောက်ပါအတိုင်း တွေ့နေရ၏။
ကချင်ပြည်နယ်
၂၀၂၄ ခုနှစ်၊ မတ်လမှစပြီး လိုင်ဇာနှင့် ရင်ဆိုင်ထားသည့် စစ်ကောင်စီစခန်း အားလုံးကို သိမ်းပိုက်သည်။ ဗန်းမော်၊ မြစ်ကြီးနား ကားလမ်းပေါ်ရှိ ရွှေညောင်ပင်နှင့် မိုးမောက်ကြားရှိ မြို့သစ်၊ ကုန်းလော၊ နားလုံ၊ ဒေါ့ဖုန်းယန်၊ နန်ဆန်ယန်တို့ကို ထိန်းချုပ်သည်။ မဒက်ယန်၊ ကိုက်ထိပ်၊ မန်ဝိန်းကြီးစခန်းများကို တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်သည်။ စိန်လုံကဘာ၊ ယောယုံ၊ လွယ်ဂျယ်တို့အား တိုက်ခိုက်သိမ်းပိုက်ပြီး လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ထိန်းချုပ်ထား၏။ ဗန်းမော်ဒေသတွင် ဗန်းမော်၊ မံစီနှင့် မိုးမောက်တခြမ်းသာ ကျန်သည်။ မံစီတောင်ဘက်ခြမ်းကိုလည်း တိုက်ခိုက်သိမ်းပိုက်ထား၏။
ဧပြီလ ၂၈ ရက်တွင် ဆင်ဘိုရှိ ခလရ ၁၄၁ ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ တာလောကြီးကိုလည်း သိမ်းပိုက်ပြီးဖြစ်ရာ ဗန်းမော်နှင့် မြစ်ကြီးနားကြားရှိ ဧရာဝတီမြစ်ကြောင်းအား ထိန်းချုပ်ထားနိုင်ခဲ့၏။
ဧပြီလ ၂၈ ရက်တွင် ဆင်ဘိုရှိ ခလရ ၁၄၁ ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့သည်။ တာလောကြီးကိုလည်း သိမ်းပိုက်ပြီးဖြစ်ရာ ဗန်းမော်နှင့် မြစ်ကြီးနားကြားရှိ ဧရာဝတီမြစ်ကြောင်းအား ထိန်းချုပ်ထားနိုင်ခဲ့၏။
ဖားကန့်ဒေသတွင် ဝှေခါကို တိုက်ခိုက်သိမ်းပိုက်၏။ ဖားကန့်နှင့် ကာမိုင်းကြားရှိ နန့်တိန်အား သိမ်းပိုက်ပြီးနောက် နန့်ယားအား ထပ်မံ တိုက်ခိုက်သိမ်းပိုက်သည်။ ဖားကန့် အနောက်တောင်ဘက် ဥရုမြစ်တကြောရှိ တာမခန်၊ ဆယ်ဇင်းတို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖားကန့်အား ပတ်လည်မှ ပိတ်ဆို့ထား၏။ ယခုအခါ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များ ဆိုင်းတောင်နှင့် ဖားကန့်တွင် စစ်တပ်နှင့် ရင်ဆိုင်ထားကြ၏။
တနိုင်းဒေသရှိ စခန်းတချို့အား သိမ်းပိုက်ပြီး ပယင်းနှင့် ရွှေလုပ်ကွက်များရှိသော ဒေသကို ပြန်လည် ထိန်းချုပ်ထားနိုင်သည်။ ဆွမ်ပရာဘွမ်အား ၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်နေ့ နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး မြစ်ကြီးနား-ပူတာအိုလမ်းကို ဖြတ်တောက်ထားနိုင်၏။ ချီဖွေနှင့် ဆော့လော်ဒေသရှိ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ် (BGF) စခန်းငယ်များကို သိမ်းပိုက်ထားနိုင်သည်။
၂၀၂၄ ခုနှစ်၊ မေလ ၄ ရက်နေ့တွင်တွင် ကန်ဒေါင်ယန်နှင့် မလိယန်အရှေ့ဘက် တောင်ကြောရှိ တိုက်ခိုက်ပြီး အင်ခရမ်း၊ ဂမ်ဂျာ၊ ဆမား၊ ကာဂမ်၊ ပုန်းလင်၊ ရှန်ခေါင်၊ အူခိုင်ခက်၊ ငါးဂျန်၊ ဖောင်ဒေါ်၊ လောဖြူ၊ လောခုမ်နှင့် ဂီဒွန် စခန်းများကို မေလ ၆ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။ ထိုစခန်းများရှိရာ တောင်ကြောသည် ရွှေညောင်ပင်၊ ဝိုင်းမော်ဒေသအား စိုးမိုးထားသည်ဖြစ်ရာ ထိုစခန်းများကို ဖယ်ရှားပြီးနောက် ဝိုင်းမော်စစ်မျက်နှာကို ခြိမ်းခြောက်နိုင်ပြီဖြစ်သည်။
၂၀၂၄ ခုနှစ်၊ မေလ ၇ ရက်တွင် မိုးမောက်၊ မံစီ၊ စင်းခန်းတံတားတို့အား တပြိုင်တည်းစစ်မျက်နှာဖွင့်ပြီး ဗန်းမော်သို့ စစ်ဦးတည်လိုက်သည်ကို တွေ့ရ၏။ သို့ဖြစ်ရာ ကချင်စစ်မျက်နှာတွင် ပူတာအိုဒေသ၊ ဖားကန့်ဒေသတို့အား ဖြတ်တောက်ထားသည်။ ဝိုင်းမော်ဒေသ၊ မိုးကောင်း၊ မိုးညှင်း၊ ဟိုပင် သံလမ်းရိုးတို့ကို ခြိမ်းခြောက်ပြီး ဗန်းမော်အား စစ်ဦးတည်လိုက်၏။ တနိုင်းနှင့် ချီဖွေဒေသများတွင်လည်း တစတစတိုး၍ ထိန်းချုပ်နေသည်ကိုတွေ့ရ၏။
ချင်းစစ်မျက်နှာ
ချင်းစစ်မျက်နှာတွင် ၁၀၂၇ စစ်ဆင်ရေး ကာလက တပြိုင်တည်း မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့ပြီး မတ်၊ ဧပြီ၊ မေလဆန်းတွင် ကျင်ဒွေးမှအပ ကျန်သည့်နေရာများတွင် တိုက်ပွဲများ အတန်ငယ် ငြိမ်သက်နေသည်။ ၂၀၂၃ ဒီဇင်ဘာလကုန်မှ စ၍ ချင်းညီနောင်တပ်ဖွဲ့များ၊ ယော PDF များ ပူးပေါင်းပြီး ကျင်ဒွေးမြို့ကို ထိုးစစ်ဆင်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဧပြီလကုန်ပိုင်းတွင် အာရက္ခတပ်တော် (AA) က အားဖြည့်ပြီး ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ရာ ချင်းပြည်နယ်မှ မြို့တမြို့ လွတ်မြောက်သည့်အပြင် ရခိုင်၊ ချင်း၊ ယောဒေသတို့ ကျောချင်းကပ်၍ အခြေခံဒေသတခု တည်ဆောက်နိုင်ခဲ့ပြီဖြစ်၏။
ချင်းစစ်မျက်နှာ အခြားဒေသများတွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မြို့သိမ်းတိုက်ပွဲများ ပြင်ဆင်နေသည်ကို ကြားသိရ၏။
ချင်းစစ်မျက်နှာ အခြားဒေသများတွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း မြို့သိမ်းတိုက်ပွဲများ ပြင်ဆင်နေသည်ကို ကြားသိရ၏။ ထိုသတင်းများကို ချင်းတော်လှန်ရေးအင်အားစု နှစ်စု ကွဲလွဲမှုမှ ကြားသိရ၏။ မျိုးနွယ်စု များပြားသော ချင်းပြည်နယ်တွင် အုပ်စုနှစ်ခုသာ အမြင်ကွဲလွဲမှုရှိတော့သည်မှာ တော်သေး၏ဟု ဆိုရမည်။ ညှိနှိုင်းရန်သာ လိုအပ်သည်။ မည်သည့်အဖွဲ့မှ စစ်ကောင်စီနှင့် မပူးပေါင်းသည်က စစ်ကောင်စီအတွက် ကံဆိုးမိုးမှောင်ကျမှု ဖြစ်၏။
ရခိုင်စစ်မျက်နှာ
ဘူးသီးတောင်၊ မောင်တော၊ အမ်းနှင့် သံတွဲ စစ်မျက်နှာ လေးခုတွင် စစ်ရှိန်မြင့်တက်နေသည်ကို မတ်လ၊ ဧပြီလနှင့် မေလဆန်းတွင် တွေ့ရ၏။ ပလက်ဝ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံမြို့များအား သိမ်းပိုက်ပြီးနောက် AA သည် မတ်လထဲတွင် ပုဏ္ဏားကျွန်းအခြေစိုက် တပ်ရင်းဌာနချုပ်တခု၊ ကမ်းနီအခြေစိုက် တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း၊ ရသေ့တောင်အခြေစိုက် တပ်ရင်းဌာနချုပ် သုံးခုအား တိုက်ခိုက်သိမ်းပိုက်ခဲ့၏။ တချိန်တည်းတွင် ၂၀၂၄ ခုနှစ်၊ မတ်လဆန်းတွင် ပြုလုပ်သည့် ကချင်ပြည်နယ် စစ်ဆင်ရေးတွင် AA မှ တပ်ဖွဲ့အချို့သည် KIA နှင့် ပူးတွဲတိုက်ပွဲဝင်ခဲ့၏။
၂၀၂၄ ခုနှစ်၊ ဧပြီလနှင့် မေလဆန်းတွင် မောင်တောဒေသရှိ ကြိမ်ချောင်း၊ ကျီးကန်းပြင်၊ လှဖိုးခေါင်၊ ၆ မိုင်စခန်း စသည့် အင်အားရာချီရှိသည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းကြီးများကို တိုက်ခိုက်သိမ်းပိုက်ခဲ့၏။ အင်းဒင်စခန်းရှိ နယ်ခြားစောင့်ရဲများသည်လည်း စခန်းကို စွန့်ခွာထွက်ပြေးသည်ဟု သိရ၏။
နယ်ခြားစောင့်စခန်းများတွင် သေဆုံးသူ၊ AA ထံ လက်နက်ချသူ အများအပြားရှိသကဲ့သို့ ရာနှင့်ချီသော နယ်ခြားစောင့်ရဲများသည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးပြီး လက်နက်ချသည်ကိုလည်း တွေ့ရ၏။ လက်ရှိတွင် မောင်တော၌ မြို့သူကြီး၊ လေးမိုင်စသည့် နယ်ခြားစောင့် ရဲစခန်းကြီး နှစ်ခု၊ သုံးခုသာ ကျန်တော့သည်ကို တွေ့ရ၏။
အလားတူ ၂၀၂၄ ခုနှစ်၊ မတ်လ၊ ဧပြီလ၊ မေလများတွင် ဘူးသီးတောင်ဒေသ၌ စကခ ၁၅ ဌာနချုပ်နှင့် တပ်ရင်းဌာနချုပ် လေးခုအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့၏။ စစ်ကောင်စီတပ်မှ သေဆုံးသူ အများအပြားရှိသကဲ့သို့ ရာနှင့်ချီ လက်နက်ချသည်ကို တွေ့ရသည်။ ဘူးသီးတောင်တွင် ကျန်ရှိသော တပ်ရင်းဌာနချုပ် ခြောက်ခုနှင့် အမြောက်တပ်ရင်းတခုကို ဆက်လက် ပိတ်ဆို့တိုက်ခိုက်နေသည်။ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်၏။
မတ်လဆန်း ကမ်းနီတိုက်ပွဲပြီးနောက် AA တပ်ဖွဲ့များသည် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား ဆက်လက်ထိုး စစ်ဆင်တိုက်ခိုက်လျက်ရှိ၏။ စခန်းအချို့အား သိမ်းပိုက်လျက်ရှိပြီး အမ်းမြို့လုံခြုံရေးအတွက် အရေးကြီးသည့် တောဟိန်းတောင် ဗျူဟာကုန်းကို ဆက်လက် ထိုးစစ်ဆင်လျက်ရှိသည်ဟု မေလ ၄ ရက်နေ့တွင် AA က ထုတ်ပြန်ကြေညာသည်ကို တွေ့ရ၏။
မင်းဘူး၊ ပဒါန်း၊ အမ်းကားလမ်းအား ထိန်းချုပ်ဖြတ်တောက်မည်ဟု ကြေညာထားသည့်အတိုင်း AA က ထိန်းချုပ်ထားနိုင်ခဲ့၏။ မင်းဘူး၊ မကွေးမှလာသည် စစ်တပ်ရိက္ခာကားများအပါအဝင် ရိက္ခာကားများအား စစ်ဆေးပြီးမှ အမ်းလူထုအတွက် ငဲ့ညှာ၍ မေလဆန်းတွင် သွားခွင့်ပေးခဲ့သည်။
ထို့ပြင် မင်းဘူး၊ ပဒါန်း၊ အမ်းကားလမ်းအား ထိန်းချုပ်ဖြတ်တောက်မည်ဟု ကြေညာထားသည့်အတိုင်း AA က ထိန်းချုပ်ထားနိုင်ခဲ့၏။ မင်းဘူး၊ မကွေးမှလာသည် စစ်တပ်ရိက္ခာကားများအပါအဝင် ရိက္ခာကားများအား စစ်ဆေးပြီးမှ အမ်းလူထုအတွက် ငဲ့ညှာ၍ မေလဆန်းတွင် သွားခွင့်ပေးခဲ့သည်။ သို့သော် လက်နက်ခဲယမ်း ဝှက်၍ သယ်လာသည့် ကားများကို ထိန်းသိမ်းထားကြောင်း တွေ့ရ၏။ နပခ အား AA က အောင်မြင်စွာ ဝိုင်းပတ်ပိတ်ဆို့ထားသည်ကို တွေ့ရ၏။
နောက်ထပ် စစ်မျက်နှာတခုအနေဖြင့် သံတွဲနှင့် တောင်ကုတ်ကြား သူဌေးချောင်း ရေအားလျှပ်စစ် တည်ဆောက်ရာ အနီးတဝိုက်တွင် AA နှင့် စစ်ကောင်စီတပ်များ ၂၀၂၄ ခုနှစ် ဧပြီလ ၂၂ ရက်ဝန်းကျင်မှစ၍ မေလ ၄ ရက်ခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များ အထိနာခဲ့သည်ကို တွေ့ရ၏။
ထို့ပြင် AA တပ်ဖွဲ့အချို့သည် ချင်းပြည်နယ်၊ ကျင်ဒွေးမြို့တွင် ချင်းညီနောင်တပ်ဖွဲ့များနှင့် လက်တွဲ၍ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့သည်ကို တွေ့ရ၏။
ကရင်နီ
ကရင်နီ (ကယား) ပြည်နယ်ရှိ မယ်စဲ့၊ ဒီးမော့ဆို၊ ရွာသစ်၊ ရှားတော၊ မော်ချီး၊ မိုးဗြဲ၊ နန်းမယ်ခုံ မြို့ ခုနစ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်နိုင်ခဲ့ပြီး လွိုင်ကော်မြို့တဝက်ကို ထိန်းချုပ်ထားနိုင်သည်။ ကရင်နီနယ်မြေ ၉၀ ရာခိုင်နှုန်းအား ထိန်းချုပ်ထားနိုင်ပြီး ကရင်နီတွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တယား မလည်ပတ်နိုင်တော့ပေ။
၂၀၂၄ ခုနှစ် မတ်လ၊ ဧပြီလ၊ မေလများတွင် တွေ့ရသည့်တိုက်ပွဲများမှာ မိုးဗြဲ ခမရ ၄၂၂ နှင့် ဖားဆောင်းမြို့ ခလရ ၁၃၄၊ ၁၃၅ တပ်ရင်းများအား တိုက်ခိုက်သည့်တိုက်ပွဲများ ဖြစ်၏။ မိုးဗြဲ ခမရ ၄၂၂ အား ဧပြီလ တလလုံး တိုက်ခိုက်ခဲ့ပြီး စစ်ကူများရောက်လာ၍ သိမ်းပိုက်နိုင်ခြင်း မရှိသေးသော်လည်း ဝိုင်းထားဆဲဖြစ်၏။ ဖယ်ခုံမှ မိုးဗြဲသို့ စစ်ကူလာသည့် စစ်တပ်ကိုလည်း ဖြတ်တောက်တိုက်ခိုက်ခဲ့သည်ကို တွေ့ရ၏။
ဖားဆောင်းသို့ စစ်ကူလာသည့် အင်အား ၁၀၀ ကျော်ရှိ စစ်ကြောင်းအား ချေမှုန်းနိုင်သည့်အပြင် ခလရ ၁၃၄ ကို သိမ်းပိုက်နိုင်ခဲ့ပြီး ခလရ ၁၃၅ အား ဆက်လက် တိုက်ခိုက်နေဆဲဖြစ်သည်ဟု သိရ၏။ မေလ ၆ ရက်နေ့က ဖားဆောင်းအနီးတွင် ရဟတ်ယာဉ်တစီးကို ပစ်ချနိုင်ခဲ့သည်
ထို့ပြင် ဖားဆောင်းသို့ စစ်ကူလာသည့် အင်အား ၁၀၀ ကျော်ရှိ စစ်ကြောင်းအား ချေမှုန်းနိုင်သည့်အပြင် ခလရ ၁၃၄ ကို သိမ်းပိုက်နိုင်ခဲ့ပြီး ခလရ ၁၃၅ အား ဆက်လက် တိုက်ခိုက်နေဆဲဖြစ်သည်ဟု သိရ၏။ မေလ ၆ ရက်နေ့က ဖားဆောင်းအနီးတွင် ရဟတ်ယာဉ်တစီးကို ပစ်ချနိုင်ခဲ့သည်ဟု သိရ၏။
ကရင်နှင့် မွန်
ကရင်နှင့် မွန်တွင် ၂၀၂၄ မတ်လ၊ ဧပြီလ၊ မေလတို့၌ အဓိကတွေ့ရသည့် စစ်မျက်နှာများမှာ ဖာပွန်စစ်မျက်နှာ၊ မြဝတီစစ်မျက်နှာ၊ ရေး-ကြာအင်းဆိပ်ကြီး စစ်မျက်နှာနှင့် ထားဝယ်စစ်မျက်နှာ လေးခုဖြစ်သည်။ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်များအပြင် KNU/PDF ပူးပေါင်းဗျူဟာစစ်ကြောင်းများ၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) နှင့် အခြားဒေသခံတပ်ဖွဲ့များ ပါဝင်လှုပ်ရှားသည်။
ဖာပွန်စစ်မျက်နှာတွင် တပ်ရင်းဌာနချုပ်နှစ်ခုနှင့် ဖာပွန်မြို့ကို သိမ်းပိုက်ထား၏။ ကျန်ရှိသည့် ဗျူဟာကုန်း၊ တပ်ရင်းဌာနချုပ်နှစ်ခုနှင့် စစ်လက်နက်ပစ္စည်းတပ်အား ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေဆဲဖြစ်၏။
မြဝတီစစ်မျက်နှာတွင် လက်ခတ်တောင်၊ ဖလူးစခန်း၊ သင်္ဃန်းညီနောင်ရှိ ဗျူဟာရုံးနှင့် တပ်ရင်းဌာနချုပ် သုံးခုအပြင် မြဝတီအခြေစိုက် တပ်ရင်းဌာနချုပ်ပါ သိမ်းပိုက်နိုင်ခဲ့သည်။ ကော့ကရိတ်အား လေးလကြာ စီးနင်းထားပြီး ကော့ဘိန်းကိုပါ သိမ်းပိုက်ထားသည်။ မြဝတီမြို့သိမ်းတိုက်ပွဲကမူ ကရင်ညီညွတ်ရေးပြဿနာနှင့် စီးပွားရေး အကြောင်းအချက်များအောက်တွင် နောက်ဆုတ်ပေးခဲ့ရ၏။
မြဝတီ၊ မဲဆောက် ချစ်ကြည်ရေးတံတားအောက်သို့ တပ်မ ၄၄ တပ်မမှူးအပါအဝင် လက်ကျန်တပ်များ ဆုတ်ခွာပြေးခဲ့ရသည့်ဖြစ်စဉ်၌ မဲဆောက်ဘက်ခြမ်းမှ လာရောက်ကြည့်ရှုနေသည့် နိုင်ငံခြားသတင်းထောက်များ၊ နိုင်ငံခြားသားများ၏ ရှေ့မှောက်တွင် မြန်မာစစ်တပ် အရှက်ကွဲခဲ့ရ၏။
ထိုင်းဝန်ကြီးချုပ်ကလည်း မြန်မာစစ်တပ် အားနည်းနေပြီဖြစ်၍ ဆွေးနွေးအဖြေရှာသင့်သည်ဟု ဆိုခဲ့ရာ မြန်မာစစ်တပ် အနာပေါ်တုတ်ကျသကဲ့သို့ဖြစ်ပြီး နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေး ဆိုသည်ကို ပြုလုပ်ခဲ့သည်။
ထိုင်းဝန်ကြီးချုပ်ကလည်း မြန်မာစစ်တပ် အားနည်းနေပြီဖြစ်၍ ဆွေးနွေးအဖြေရှာသင့်သည်ဟု ဆိုခဲ့ရာ မြန်မာစစ်တပ် အနာပေါ်တုတ်ကျသကဲ့သို့ဖြစ်ပြီး နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ဆင်ရေး ဆိုသည်ကို ပြုလုပ်ခဲ့သည်။
တပ်မ ၅၅ ကို အခြေပြုပြီး စုပေါင်းစပ်ပေါင်းတပ်များ၊ သံချပ်ကာကားများ၊ လက်နက်ကြီးနှင့် ဒုံးပစ်ကူ၊ လေကြောင်းပစ်ကူတို့ဖြင့် မြဝတီထိုးစစ် စတင်ခဲ့၏။ KNU/PDF ပူးပေါင်းဗျူဟာ ၃၁ က ကော့ကရိတ်နှင့် ကော့ဘိန်းမှ ဆုတ်ခွာ၍လည်းကောင်း၊ ပူးပေါင်းဗျူဟာ ၃၂ က မြဝတီမှ ဆုတ်ခွာ၍လည်းကောင်း ဒေါနတောင်ကြောပေါ်တွင် သတ်ကွင်းပြင်၍ တပ်မ ၅၅ ၏ အောင်ဇေယျထိုးစစ်ကို အမှည့်ခြွေရာ စစ်အင်အား ၁၅၀ ခန့် ပြုန်းတီးပြီး သံချပ်ကာကား နှစ်စီး ပျက်စီး၍ အခြားကား အများအပြားလည်း ပျက်စီးခဲ့သည်။ အောင်ဇေယျစစ်ဆင်ရေး စတင်ပြီး တလကြာသည်အထိ တပ်မ ၅၅ နှင့် အပေါင်းအပါတပ်များသည် ဒေါနတောင်အား မကျော်နိုင်သေးပေ။ ယခုတိုင် တိုက်ပွဲများ ဖြစ်နေဆဲဖြစ်၏။
ရေး-ကြာအင်းဆိပ်ကြီး စစ်မျက်နှာတွင် ရေး-ထားဝယ်ကားလမ်းအား KNU/PDF ဗျူဟာ ၃၃ စစ်ကြောင်းများက ထိန်းချုပ်ထားသည်။ ထို့ပြင် ကျိုက်ဒုံဗျူဟာကို သိမ်းပိုက်ပြီး ကျန်စခန်းနှစ်ခုမှာ ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေးသွားသည်။ အနန်းကွင်းနှင့် တောင်စွန်းစခန်းများကို သိမ်းပိုက်နိုင်ခဲ့သည်။
ထားဝယ်စစ်မျက်နှာတွင်လည်း ယခုလပိုင်းတွင် တိုက်ပွဲများ မပြတ်လှပေ။ ထားဝယ်၊ ထီးခီဒေသတွင် မောထစခန်းကို သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ထိုင်းနိုင်ငံတွင်း ထွက်ပြေးသွားခဲ့သည်ဟု သိရ၏။
KNU တွင် ဗဟိုချုပ်ကိုင်မှု လျှော့ချထားပြီး တပ်မဟာအလိုက် ဆုံးဖြတ်နိုင်မှုမြင့်သည်။ ထို့အပြင် ကရင်လေးဖွဲ့ ညီညွတ်ရေးပြဿနာ၊ စီးပွားရေးပြဿနာများ ရှိနေသည်။ ထိုသို့သော ပဋိပက္ခများကြားတွင်ပင် KNU ၏ တိုက်ခိုက်နိုင်စွမ်းရှိသည်မှာ အသိအမှတ်ပြုဖွယ်ဖြစ်၏။
ရှမ်းပြည်
ရှမ်းပြည်နယ်တွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကစောစီးစွာ ပန်းဝင်ထားပြီး အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ထိုးထားသည့် ခွန်သူရိန်ခေါင်းဆောင်သော ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ကမူ ဆီဆိုင်နှင့် မဲနယ်တောင်အား အခြေပြုပြီး စစ်ကောင်စီအား ပြန်လည်တိုက်ခိုက်နေသည်။ ဆီဆိုင်မြို့တဝိုက် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ ရှမ်းတောင်တွင် ကရင်နီအင်အားစုများ၊ ရှမ်းတောင် PDF များပါ ပါဝင်လှုပ်ရှားသည်ကို တွေ့ရ၏။
ဓနုဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) နှင့် ဓနု PDF တို့ လှုပ်ရှားနေသော်လည်း အားကောင်းမောင်းသန်တော့ မဖြစ်သေးပေ။ ထိုင်း-မြန်မာနယ်စပ်တွင် ကျာဟားနှင့် ကျာခွန်ဆာ ဦးစီးသည့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) လေ့ကျင့် လက်နက်တပ်ဆင်နေသည်။ လှုပ်ရှားမှု မကြားသေးပေ။
ရှမ်းအဖွဲ့တဖွဲ့ဖြစ်သည် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကမူ စစ်ပြင်နေပုံရသည်။ အသံအမျိုးမျိုးကြားနေရပြီး မှတ်ချက်အမျိုးမျိုး ကြားနေရသော်လည်း လှုပ်ရှားမှုတော့ မတွေ့ရသေးပေ။
ရှမ်းအဖွဲ့တဖွဲ့ဖြစ်သည် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကမူ စစ်ပြင်နေပုံရသည်။ အသံအမျိုးမျိုးကြားနေရပြီး မှတ်ချက်အမျိုးမျိုး ကြားနေရသော်လည်း လှုပ်ရှားမှုတော့ မတွေ့ရသေးပေ။ သို့သော်လည်း SSPP သည် မြောက်ပိုင်းအဖွဲ့များ၊ အခြားတော်လှန်ရေးအဖွဲ့များနှင့် ရင်းရင်းနှီးနှီးဆက်ဆံမှု၊ ကူညီမှုများရှိသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) နှင့် PNLO အား SSPP မှတဆင့် လက်နက်ထောက်ပံ့မှုများ ရှိသည်ဟူသည့် စွပ်စွဲမှုများရှိသည်။ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးကားလမ်းနှင့် တောင်ကြီး၊ ဟိုပုံး၊ လွိုင်လင်၊ ကွန်ဟိန်းကားလမ်း ကြားရှိ ရှမ်းတောင်အား စိုးမိုးထားသည့် SSPP ၏ အနေအထားသည် စိတ်ဝင်စားဖွယ်ဖြစ်၏။
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကမူ ယခုတိုင် အထီးကျန်ဆန်သည်။ “PDF ဆိုတာ နောင်တချိန်မှာ လက်နက်ကိုင်အကြမ်းဖက်ပြီး ပြည်သူလူထုကို ဒုက္ခပေးလာနိုင်တဲ့ ဓားပြအဖွဲ့အစည်းတွေ ဖြစ်လာနိုင်တယ်။ ဒါကြောင့် PDF ကို ကျနော် အားမပေးပါဘူး” ဟု RCSS ဥက္ကဋ္ဌ စဝ်ယွက်စစ်က ဆိုခဲ့သည်။ နွေဦးတော်လှန်ရေးအား မှန်ကန်စွာ မတွက်ချက်နိုင်၊ မိမိတိုင်းရင်းသားလူမျိုးနှင့် အဖွဲ့အစည်းအတွက် အသုံးချနိုင်ခြင်း မရှိပေ။
နိဂုံး
ဗဟိုချုပ်ကိုင်မှု အားကောင်းသော ကချင်မှ KIA, ရခိုင်မှ AA, ရှမ်းပြည်နယ်မှ TNLA နှင့် MNDAA, ကရင်နီမှ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ KNDF တို့သည် နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍ စစ်ရှိန်ကို ကောင်းစွာမြှင့်နိုင်ကြောင်း တွေ့ရသည်။
ကရင်၊ ချင်းနှင့် မွန်မှ အင်အားစုများသည်လည်း နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း၍ စစ်ရှိန်မြှင့်နေသည်။ သို့သော် ကရင်၊ ချင်းနှင့် မွန်တွင် အချင်းချင်းကြား သဘောထားကွဲမှုနှင့် ညီညွတ်ရေးပြဿနာ၊ ဗဟိုချုပ်ကိုင်မှု အားနည်းခြင်းတို့ကြောင့် ထင်သလောက် မပေါက်သည်တော့ ရှိသည်။ ရှမ်းပြည်နယ်တွင် PNLO, SSPP, LDU တို့က နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် လုံးပမ်းနေကြသည်။ RCSS ကမူ အထီးကျန်၍ နွေဦးတော်လှန်ရေးတွင် ပါဝင်ခြင်းမရှိပေ။
တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများသည် အချိန်အတန်ကြာကတည်းက လေ့ကျင့်စုဖွဲ့ထားကြသည်ဖြစ်ရာ တိုက်ခိုက်ရေးအတွေ့အကြုံ ကောင်းစွာရှိသကဲ့သို့ လက်နက်ခဲယမ်းလည်း တစုံတရာ တောင့်တင်းသည်ဖြစ်ရာ လက်ရှိ နွေဦးတော်လှန်ရေးတွင် အရေးပါသည့်အခန်းကဏ္ဍတွင် ရှိ၏။
တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများသည် အချိန်အတန်ကြာကတည်းက လေ့ကျင့်စုဖွဲ့ထားကြသည်ဖြစ်ရာ တိုက်ခိုက်ရေးအတွေ့အကြုံ ကောင်းစွာရှိသကဲ့သို့ လက်နက်ခဲယမ်းလည်း တစုံတရာ တောင့်တင်းသည်ဖြစ်ရာ လက်ရှိ နွေဦးတော်လှန်ရေးတွင် အရေးပါသည့်အခန်းကဏ္ဍတွင် ရှိ၏။
လက်ရှိကာလတွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည် ပြည်နယ်အသီးသီးတွင် စစ်ရှိန်မြှင့်နေသည်ကို တွေ့ရ၏။ ပြည်မ နွေဦးတော်လှန်ရေး အင်အားစုများ၏ လက်နက်ကိုင်တော်လှန်မှုက စစ်အုပ်စုအား အကြပ်ရိုက်စေသကဲ့သို့ တိုင်းရင်းသားတပ်ဖွဲ့များ၏ စစ်ရေးအရ ထိုးနှက်မှုများကလည်း အကြပ်ရိုက်နေသော စစ်အုပ်စုကို ယိုင်နဲ့ပြိုလဲစေသည်ကို တွေ့နေရပေသည်။
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
ဒေါနတောင်ကျော်ပြီး အောင်ဇေယျစစ်ကြောင်း မြဝတီရောက်နိုင်မလား
အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်
မံစီနှင့်မိုးမောက်ကို KIA ထိုးစစ်ဆင်ကာ ဗန်းမော်သို့ ဦးတည်လာ
၄ လကျော်ကြာ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ ဘာကြောင့် အရေးပါသလဲ
AA ထိုးစစ်ဆင်နေတဲ့ တောဟိန်းတောင်ဗျူဟာကုန်း (ရုပ်/သံ)
စစ်ကောင်စီ ရခိုင်မြောက်ပိုင်းမှာ မွတ်စလင် ပျူစောထီး မွေးနေသည်
ရှမ်းပြည်ရဲ့ ရွံကြောက် လက်နက်ကိုင်တပ်တွေ ဘာကြောင့် စစ်ကောင်စီကို မတိုက်သလဲ