ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ဖမ်းဆီးခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံရန် တောင်းဆိုမှုအား စစ်ကောင်စီက မေလ ၈ ရက်နေ့တွင် ပယ်ချလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အထီးကျန်ထားရေး ၎င်းတို့၏ မူဝါဒကို ပိုမိုခိုင်မာအောင် လုပ်လိုက်သည်။
ယခုအခါ ကမ္ဘောဒီးယား အထက်လွှတ်တော် အကြီးအကဲဖြစ်သော ဟွန်ဆန်က စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် မေလ ၇ ရက်နေ့က ဗီဒီယိုဖြင့် တွေ့ဆုံစဉ် ၂၀၂၁ ခုနှစ်ကတည်းက ဖမ်းဆီး ထောင်ချခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း ပြောသည်။
တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယခုအချိန်တွင် ထိုသို့သော တွေ့ဆုံမှု စီစဉ်ပေးရန် အကြောင်းမရှိကြောင်းပြောပြီး အနာဂတ် လုပ်ငန်းစဉ်များကို နှောင့်နှေးမည့်၊ ထိခိုက်စေမည့် ကိစ္စများကို ရှောင်ရှားမည်ဖြစ်ကြောင်း ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းသည့်နေ့တွင် ဖမ်းဆီးခဲ့သည်။ သူသည် နေပြည်တော် အချုပ်ထောင်မှ တံခါးပိတ် တရားခွင်များတွင် စွဲချက် ၁၉ ခုကို ရင်ဆိုင်ရပြီးနောက် စုစုပေါင်း ထောင် ၃၃ နှစ်ချခံရသည်။ ထိုနောက် စစ်ကောင်စီက ထောင် ၃၃ နှစ်ကို ၂၇ နှစ်သို့ လျှော့ချပေးသည်။
ပြီးခဲ့သည့် ဇွန်လက အသက် ၇၉ နှစ်ပြည်ခဲ့သော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို သူ၏ ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က ဖြုတ်ချပြီးနောက် ဖမ်းဆီးထားသည်။
သူ့ကို နေပြည်တော် အချုပ်ထောင်တွင် သီးခြား ချုပ်နှောင်ထားသည်ဟု ယူဆရပြီး စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် ပတ်သက်ပြီး တစုံတရာ ပြောကြားခြင်းမပြုပေ။ ၂၀၂၂ ခုနှစ်တွင် ထိုထောင်သို့ ပြောင်းရွှေ့ချိန်မှ စတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အခြားသူများနှင့် တွေ့ခွင့်မပေးဘဲ ဖမ်းထားသည်။ သူ၏သားနှင့် ရှေ့နေများက သူ့တို့တွေ့ဆုံရန် တောင်းဆိုမှုများကိုလည်း ပယ်ချထားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံရန် တောင်းဆိုပြီး စစ်ကောင်စီက ပယ်ချခံရသည့် နိုင်ငံတကာ သံတမန်များနှင့် ခေါင်းဆောင်များတွင် မစ္စတာ ဟွန်ဆန်သည် နောက်ဆုံးလူ ဖြစ်သည်။
သူ့ကို နေပြည်တော် အချုပ်ထောင်တွင် သီးခြား ချုပ်နှောင်ထားသည်ဟု ယူဆရပြီး စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် ပတ်သက်ပြီး တစုံတရာ ပြောကြားခြင်းမပြုပေ။ ၂၀၂၂ ခုနှစ်တွင် ထိုထောင်သို့ ပြောင်းရွှေ့ချိန်မှ စတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အခြားသူများနှင့် တွေ့ခွင့်မပေးဘဲ ဖမ်းထားသည်။ သူ၏သားနှင့် ရှေ့နေများက သူ့တို့တွေ့ဆုံရန် တောင်းဆိုမှုများကိုလည်း ပယ်ချထားခဲ့သည်။
လွန်ခဲ့သော သုံးနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန် ခွင့်ပြုချက်ရသူများမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ အဖွဲ့ဝင်တဦးသာ ရှိသည်။
အာဆီယံ အထူးသံတမန်များ၏ တောင်းဆိုမှုများ ပယ်ချခံရ
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ဘရူနိုင်းနိုင်ငံ ဒုတိယမြောက် နိုင်ငံခြားရေးဝန်ကြီး အာရီဝန်ယူဆွတ်က ဖမ်းဆီးခံ နိုင်ငံတော် အတိုင်ပင်ခံ အပါအဝင် မြန်မာမှ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံရန် တောင်းဆိုသည်။ သူ၏ တောင်းဆိုမှုကို စစ်ကောင်စီက ပယ်ချပြီးနောက် ထိုအထူးသံတမန်သည် မြန်မာသို့ လာရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်သည်။
အာရီဝန် ယူဆွတ်၏ နေရာတွင် အာဆီယံ အထူးသံတမန်အဖြစ် အစားထိုး ဝင်ရောက်လာသည့် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်း ၂၀၂၂ ခုနှစ်တွင် နေပြည်တော်သို့ သွားရောက်ချိန်များတွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရပေ။
သြဇာကြီးမားသည့် အာဆီယံ အဖွဲ့ဝင် အများအပြားကလည်း အထူးသံတမန်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရန် တောင်းဆိုကြသည်။ ၎င်းတို့၏ တောင်းဆိုမှုများကိုလည်း စစ်ကောင်စီက လျစ်လျူရှုခဲ့သည်။
ကုလသမဂ္ဂ အထူးသံတမန်လည်း အခြေအနေမကောင်း
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးသံတမန် မစ္စ နိုလင်းဟေဇာသည် ထိုရာထူးတွင် ခန့်အပ်ခံရပြီး ကိုးလအကြာ ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် မြန်မာသို့ ပထမဆုံးအကြိမ် လာရောက်သည်။ သူသည် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရသောကြောင့် သူ၏ မြန်မာခရီးစဉ်ကို ဝေဖန်မှုများ ဖြစ်စေသည်။
“နောက်တကြိမ် မြန်မာကို သွားရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမှသာ သွားရောက်မှာ ဖြစ်တယ်” ဟု စစ်ခေါင်းဆောင်များနှင့် သူ၏တွေ့ဆုံမှုကို ကာကွယ်ရန် မစ္စ ဟေဇာက ပြောခဲ့သည်။
မည်သူတို့ကို တွေ့ခွင့်ပေးခဲ့သနည်း
လက်ရှိအချိန်အထိ နှစ်ဦးသာ ရှိသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒွန် ပရာမွတ်ဝီနိုင်သည် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရသည့် ပထမဆုံး နိုင်ငံခြားသားအဖြစ် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ဖြစ်လာသည်။ ၎င်းတို့ နှစ်ဦးသည် တနာရီခွဲကြာ သီးခြားဆွေးနွေးပြီး ဆွေးနွေးမှု အသေးစိတ်များကို မသိရကြောင်း စစ်ကောင်စီက ကြေညာသည်။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းပုံရကြောင်း၊ ကောင်းမွန်စွာ ဆွေးနွေးခဲ့ကြောင်း မစ္စတာ ဒွန်က ပြောသည်။ သို့သော် စစ်ကောင်စီနှင့် ထိုင်းအစိုးရတို့က ထိုဆွေးနွေးမှု မည်သည့်နေရာတွင် မည်သို့ ကျင်းပသည်ကို ပြောဆိုခြင်း မရှိပေ။
“နောက်တကြိမ် မြန်မာကို သွားရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရမှသာ သွားရောက်မှာ ဖြစ်တယ်” ဟု စစ်ခေါင်းဆောင်များနှင့် သူ၏တွေ့ဆုံမှုကို ကာကွယ်ရန် မစ္စ ဟေဇာက ပြောခဲ့သည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲ အစီအစဉ်ကို ရှင်းပြရန် စစ်တပ်နှင့် အဆက်အသွယ်ရှိသော NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်စန္ဒာမင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးသည်။ ဖြုတ်ချခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုသို့တွေ့ဆုံပြီး အဆိုပြုချက်ကို ပယ်ချကာ ဒေါသထွက်သွားပုံရကြောင်း သိရသည်။
ရှေ့နေများကလည်း အကြိမ်ကြိမ်တောင်းဆို
ဒေါ်အောင်ဆန်းစုကြည်၏ ခုခံချေပရှေ့နေများကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလက နောက်ဆုံးတရားခွင်အထိ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးခဲ့သည်။ သို့သော် ထိုနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန် သူ၏ရှေ့နေများက အကြိမ်ကြိမ် တောင်းဆိုသော်လည်း စစ်ကောင်စီက ပယ်ချသည်။
ကင်မ်အဲရစ်ကိုလည်း မိခင်ဖြစ်သူနှင့် တွေ့ခွင့်မပေး
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းသည်လည်း လန်ဒန်ရှိ မြန်မာသံရုံး၊ ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယရုံးနှင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့မှတဆင့် မိခင်နှင့် တွေ့ခွင့်ရရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။
ကင်မ်၏ တရားဝင် တောင်းဆိုမှုကို စဉ်းစားမည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသော်လည်း ကင်မ်ကို မိခင်နှင့် တွေ့ခွင့်မပေးခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းသည်လည်း လန်ဒန်ရှိ မြန်မာသံရုံး၊ ဗြိတိန် နိုင်ငံခြားရေးနှင့် ဓနသဟာယရုံးနှင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့မှတဆင့် မိခင်နှင့် တွေ့ခွင့်ရရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သည်။
ဦးသန်းရွှေ ဦးဆောင်သည့် ယခင်စစ်အုပ်စုက ရန်ကုန်ရှိ နေအိမ်တွင် အကျယ်ချုပ် ဖမ်းဆီးထားစဉ်က ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုထံမှ ဖုန်းခေါ်ဆိုမှုများနှင့် ဆေးဝါးများ လက်ခံခွင့်ပြုခဲ့သည်။
တရုတ် သံတမန်
တရုတ်သံအမတ် ချန်ဟိုင်သည် ယခင်အာဏာရှင် သန်းရွှေ၊ သူ၏လက်ထောက် မောင်အေးနှင့် သမ္မတဟောင်း သိန်းစိန်တို့ကို ဧပြီလ မြန်မာနှစ်သစ်ကူးမတိုင်မီ တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခဲ့သည်ဟု ဖော်ပြကြသည်။ ထိုသို့သော သတင်းများကို ဧရာဝတီက သီးခြား အတည်ပြုနိုင်ခြင်း မရှိသလို တရုတ်သံရုံးက ဖြစ်စေ၊ မြန်မာစစ်ကောင်စီက ဖြစ်စေ ထိုတွေ့ဆုံမှုကို အတည်ပြုခြင်း မရှိပေ။
သို့သော် ထိုသတင်းထွက်လာပြီး မကြာမီ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်နှင့် ဖြုတ်ချခံ သမ္မတ ဦးဝင်းမြင့်တို့သည် အပူလှိုင်းကြောင့် အထူးစောင့်ရှောက်ထားသည့် သက်ကြီးရွယ်အို အကျဉ်းသားများ စာရင်းတွင် ပါဝင်ကြောင်း ကြေညာသည်။
စစ်ကောင်စီ အရာရှိများသည် ဖမ်းဆီးခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပုံမှန် သွားရောက် တွေ့ဆုံကြောင်း စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းက ပြောသည်။ စစ်ကောင်စီ ပြည်ထဲရေး ဝန်ကြီး ရာပြည့်သည် ဒေါ်အောင်ဆန်းစုကြည်ကို မကြာသေးမီက သွားရောက်တွေ့ဆုံကြောင်း ၎င်းကပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ No Contact: How Myanmar’s Junta Isolated Daw Aung San Suu Kyi From the World ကို ဘာသာပြန်သည်။)
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာကြောင့် ပေးမတွေ့ရဲသလဲ (ရုပ်/သံ)
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကို အပြည့်အဝ လွှတ်ပေးရန် ထိုင်းတိုက်တွန်း
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်ထောင်မှာပဲ ဆက်ရှိနေဟု ဆို
ဒေါ်အောင်ဆန်းစုကြည်အား လူသားဒိုင်းအဖြစ်သုံးမည်ကို သားဖြစ်သူစိုးရိမ်
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်လေလံ မအောင်မြင်သည့် နောက်ကွယ်