ထိုင်းနိုင်ငံသည် ရွှေ့ပြောင်းသွားလာမှု အများဆုံးဖြစ်သည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံမဲ့ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အဆင်ပြေချောမွေ့စေရန် ကြိုးစားသည့် အနေဖြင့် ပြည်နယ် ငါးခုတွင် ဇီဝ အချက်အလက် ကောက်ယူရေးလုပ်ငန်းများကို ရှေ့ပြေးစီမံကိန်းအဖြစ် ဆောင်ရွက်သည်။
မျက်နှာသွင်ပြင်နှင့် မျက်လုံး သူငယ်အိမ်ကို စကန်ဖတ်ခြင်း အပါအဝင် အချက်အလက်များကို လူ ၁ သောင်းကျော်ထံမှ စုဆောင်းသည့် ထိုအစီအစဉ်သည် ရွှေ့ပြောင်းအခြေချများ၏ ဇီဝဆိုင်ရာ အချက်အလက်များအား မှတ်တမ်းပြုနိုင်သောကြောင့် အသိအမှတ်ပြုကြသည်။ သို့သော် ထိုအစီအစဉ်ကို အကောင်အထည်ဖော်ခြင်းသည် ထိုင်းနိုင်ငံ၏ ပုဂ္ဂလိက လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူများကို စိုးရိမ်ပူပန်စေသည်။
ထိုစီမံကိန်း၏ အဓိက အလေးပေးမှုမှာ လူမှတဆင့်ကူးစက်သော HPV နှင့် ကိုဗစ်နိုင်တင်း ကာကွယ်ဆေး ထိထိရောက်ရောက် မျှဝေရေး ဖြစ်သည်။ ထိုသို့မျှဝေရေးသည် နေ့မြင်ညပျောက်များအတွက် သယ်ယူပို့ဆောင်ရေး အခက်အခဲဖြစ်သည်။ ထိုအစီအစဉ်ကို ရောဂါထိန်းချုပ်ရေးဌာနသည် အမျိုးသား အီလက်ထရောနစ်နှင့် ကွန်ပျူတာ နည်းပညာဌာ၊ ထိုင်းကြက်ခြေနီ အသင်းနှင့်အတူ ဆောင်ရွက်နေသည်။
“လူတယောက်ကို နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ထိုးပြီးကောင်း ထိုးပြီးမယ်။ ဒါကြောင့် ကျနော်တို့က လူတယောက်ကို စနစ်တကျ ဆေးထိုးဖို့ သူဟာ အရင်က ကာကွယ်ဆေးထိုးပြီးပြီလား၊ ဒုတိယအကြိမ် ထိုးတာလား ကျနော်တို့ မသိနိုင်ဘူး” ဟု နည်းပညာဌာနမှ ညွှန်ကြားရေးမှူး ချိုင် ဝတ်တီတီဝပ်ချိုင်က ပြောသည်။
ထိုအစီအစဉ်မှာ ကိုယ်ရေးအချက်အလက်များ၊ မျက်လုံး သူငယ်အိမ်နှင့် မျက်နှာ စကန်ဖတ်ပြီး ကိုယ်ရေးအချက်အလက် ၁ သန်း ပြုစုရေးဖြစ်သည်။
ရွေးချယ်ထားသည့် ပြည်နယ်များတွင် တက်ခ်၊ ဆမွတ်ဆခွန်နှင့် ပရာချွတ် ခီရီခန် ပြည်နယ်များ ပါဝင်ပြီး မြန်မာအများစု နေထိုင်သော ဒေသများဖြစ်ကာ ၎င်းတို့သည် စစ်အုပ်ချုပ်သူများကို ဆန့်ကျင်ပြီး လူထုအာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင် အလုပ်ထွက်သူများ၊ ခိုလှုံခွင့်တောင်းသူများနှင့် အလုပ်သမားများအထိ ပါဝင်သည်။
ရွေးချယ်ထားသည့် ပြည်နယ်များတွင် တာ့ခ်၊ ဆမွတ်ဆခွန်နှင့် ပရာချွတ် ခီရီခန် ပြည်နယ်များ ပါဝင်ပြီး မြန်မာအများစု နေထိုင်သော ဒေသများဖြစ်ကာ ၎င်းတို့သည် စစ်အုပ်ချုပ်သူများကို ဆန့်ကျင်ပြီး လူထုအာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင် အလုပ်ထွက်သူများ၊ ခိုလှုံခွင့်တောင်းသူများနှင့် အလုပ်သမားများအထိ ပါဝင်သည်။

ရောဂါထိန်းချုပ်ရေးဌာနက အောင်မြင်မှုအဖြစ် ကြေညာသော်လည်း ကိုယ်စားလှယ်များရုံးက ထိုအစီအစဉ်ကို အခြားပြည်နယ်များအထိ တိုးချဲ့မည်ဟု ထိုင်းမီဒီယာကို ပြောသည်။
ပုဂ္ဂလိက လွတ်လပ်ခွင့်အတွက် စိုးရိမ်သောကများ
ကြက်ခြေနီအသင်း၏ ကယ်ဆယ်ရေးနှင့် လူမှုအသိုက်အဝန်း ကျန်းမာရေးဌာန ဒုညွှန်မှူး ပီချစ် ဆီရီဝန်က အချက်အလက်များကို ဆန္ဒအလျောက် ထည့်သွင်းသည့် သဘောသဘာဝကို အလေးပေးပြောပြီး ထိုလုပ်ငန်းစဉ်နှင့် အဆင်မပြေသူများကို ကျန်းမာရေးစောင့်ရှောက်မှု မငြင်းပယ်ရန် အာမခံရမည်ဖြစ်ကြောင်း ပြောသည်။
“စာရွက်စာတမ်း အထောက်အထားမရှိဘဲ ကျန်းမာရေးဌာနကို လာတဲ့သူတွေ ဒါမှမဟုတ် ကာကွယ်ဆေးထိုးဖို့ ကြိုးစားတဲ့ နေရပ်စွန့်ခွာတွေရဲ့ မျက်နှာတွေနဲ့ မျက်လုံးသူငယ်အိမ်ကိုပါ မှတ်တမ်းတင် စကင်ဖတ်ထားမှာ ဖြစ်တယ်” ဟု ပီချစ် က RFA သတင်းဌာနသို့ ပြောသည်။
“နောက်ပြီး ကျနော်တို့က Mo Prom အပလီကေးရှင်းနဲ့ ဂဏန်း ၁၃ လုံးပါ မှတ်ပုံတင်နံပါတ်ကို ရယူမှာဖြစ်တယ်။ အဲဒါကို အဆင်မပြေဘူးထင်ရင် ငြင်းဆန်ခွင့်ရှိပြီး ဝန်ဆောင်မှုကိုတော့ ဆက်လက် ရယူနိုင်ပါတယ်” ဟု ၎င်းကပြောသည်။
သို့သော် ထိခိုက်လွယ်အုပ်စုများမှ ဇီဝအချက်အလက်များကို စုဆောင်းသိုမှီးခြင်းသည် ဘေးကင်း၊ မကင်း ဒစ်ဂျစ်တယ် တက်ကြွလှုပ်ရှားသူများ မသေချာပေ။
ပုဂ္ဂလိက အချက်အလက်များကို ဗဟိုချုပ်ကိုင်ခြင်းသည် ထိုင်းနိုင်ငံတွင် နေထိုင်သော မြန်မာ နိုင်ငံသားများအတွက် ပြဿနာရှိသည်ဟု နိုင်ငံ၏ အင်တာနက် အခြေအနေကို စောင့်ကြည့်နေသည့် Myanmar Internet Project မှ ပြောခွင့်ရသူတဦးက ပြောသည်။
“ဒါဟာ ကျနော်တို့အတွက် နောက်ထပ် စိုးရိမ်စရာအဆင့်တခုပဲ။ အဲဒီအချက်အလက်တွေကို ဘယ်လိုမျှဝေမလဲ ကျနော်တို့ မသိဘူး” ဟု ထိုအဖွဲ့အစည်းမှ လုံခြုံရေးအခြေအနေအရ အမည်မဖော်လိုသည့် အရာရှိတဦးက ပြောသည်။
“အဝေးရောက် မြန်မာတွေအဖြစ်နဲ့ ကျနော်တို့က အဲဒီလို အချက်အလက်မျိုးကို အမျိုးမျိုးသော အာဏာပိုင်တွေနဲ့ မျှဝေမှာကို ကျနော်တို့ စိုးရိမ်တယ်။ အထူးသဖြင့် မြန်မာဘက်ကို မျှဝေမှာကို စိုးရိမ်တယ်” ဟု ၎င်းကပြောသည်။
ထိုအချက်အလက်များကို မည်သို့ မျှဝေမည် အပါအဝင် သိုမှီးထားပြီးနောက် မူဝါဒချမှတ်ရန် တာဝန်ရှိသည့် ကြက်ခြေနီအသင်းက မြန်မာစစ်ကောင်စီ လုပ်နေသည့် e-ID အပါအဝင် နယ်စပ်ဖြတ်ကျော် စီမံကိန်းများတွင် ပါဝင်ဆောင်ရွက်ရန် ဖြစ်နိုင်ခြေကို ငြင်းဆန်သည်။
ထိုအချက်အလက်များကို မည်သို့ မျှဝေမည် အပါအဝင် သိုမှီးထားပြီးနောက် မူဝါဒချမှတ်ရန် တာဝန်ရှိသည့် ကြက်ခြေနီအသင်းက မြန်မာစစ်ကောင်စီ လုပ်နေသည့် e-ID အပါအဝင် နယ်စပ်ဖြတ်ကျော် စီမံကိန်းများတွင် ပါဝင်ဆောင်ရွက်ရန် ဖြစ်နိုင်ခြေကို ငြင်းဆန်သည်။
မျက်လုံးသူငယ်အိမ်နှင့် မျက်နှာစကန်ဖတ်ခြင်းကို နိုင်ငံတော်နှင့် ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် မျှဝေမည် မဟုတ်ကြောင်း ပီချစ်က ပြောသည်။
သို့သော် ကြက်ခြေနီအသင်းသည် မည်သူမည်ဝါ၏ ဇီဝအချက်အလက်များကို စုဆောင်းထားပြီး ဂဏန်း ၁၃ လုံးပါ မှတ်ပုံတင်နံပါတ် ထုတ်ပေးထားခြင်း ရှိ မရှိ အစိုးရဌာနများနှင့် လူသားချင်းစာနာမှု အဖွဲ့အစည်းများကို ပြောနိုင်သည်ဟု ပီချစ်က ပြောသည်။
ရဲတပ်ဖွဲ့ အပြစ်ကင်းလွတ်နေခြင်း

ရွှေ့ပြောင်းအခြေချ များပြားသည့် နေရာများတွင် ရဲများ ပြစ်ဒဏ်ကင်းလွတ်နေသည့် ယခင် ဖြစ်ရပ်များကြောင့် အချို့သူများက ရဲများသည် ၎င်းတို့လိုချင်သည့် သတင်းအချက်အလက် ရရန် မည်သို့လုပ်မည်ကို၊ အထူးသဖြင့် အများပြည်သူ ကျန်းမာရေးဝန်ကြီးဌာနအောက်မှ ဆေးရုံများနှင့် မည်သို့လုပ်မည်ကို အထူးသတိထားနေသည်။
“ထိုင်းနိုင်ငံတောင်ဘက်စွန်းမှာ ကျနော့် အတွေ့အကြုံအရ လုံခြုံရေးနဲ့ စစ်အရာရှိတွေက လူပုဂ္ဂိုလ်တွေရဲ့ ပုဂ္ဂလိက အချက်အလက်တွေကို ဆေးရုံမှာ တောင်းတယ်” ဟု ကျေးလက် ဆရာဝန်များအသင်း ဥက္ကဋ္ဌ ဆူပက် ဟက်ဆူဝန်နာကစ်က ပြောသည်။
“သူတို့တွေက အဲဒီအချက်အလက်တွေရဖို့ တရားဝင်နဲ့ တရားမဝင် လမ်းကြောင်းတွေပါ ရှိတယ်။ အစိုးရက တရားဝင်စာ ထုတ်ပေးရင် ကျနော်တို့က လိုက်နာရတယ်” ဟု ၎င်းကပြောသည်။
ထိုင်းအာဏာပိုင်များက အဆိုပြုမည့် ဥပဒေကြမ်းတွင် တနှစ်လျှင် အမှု ၄ သိန်းနှင့် အကျဉ်းသား ၁ သောင်းထံမှ မျိုးဗီဇနှင့် အခြား ဇီဝအချက်အလက်များကို ကောက်ယူမည့် အမျိုးသား အချက်အလက်စနစ်ကို အဆိုပြုထားသည်။
ရဲနှင့် အခြားအေဂျင်စီများကို လူနာများ၏ မျက်နှာသွင်ပြင်နှင့် မျက်လုံးသူငယ်အိမ်ပုံများကို မျှဝေခြင်းဖြင့် လူနာ၏ လုံခြုံရေးအန္တရာယ်ကို ထိခိုက်အောင် လုပ်မည် မဟုတ်ကြောင်း ကြက်ခြေနီအသင်းက ပြောသည်။
သို့သော် တရားရုံးက အမိန့်ချမှတ်ပါက ထိုအချက်အလက်များကို မျှဝေပေးရကြောင်း ကြက်ခြေနီအသင်းက ပြောသည်။
ထိုင်းနိုင်ငံ၏ ရင့်ကျက်မှု မရှိသေးသည့် ပုဂ္ဂလိကလွတ်လပ်ခွင့်နှင့် ၂၀၂၃ ခုနှစ်တွင် ပေါက်ကြားလာသည့် အချက်အလက်များသည် အချက်အလက်လုံခြုံရေးနှင့် ပတ်သက်ပြီး မရေရာမှု ဖြစ်စေသည်။
၂၀၂၃ ခုနှစ်၊ မတ်လတွင် ကျေးလက်ဆရာဝန်များအသင်းမှ ဆူပက်သည် ထိုင်းနိုင်ငံသားများ ၅၅ သန်း၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားမှုအတွက် တပ်လှန့်သူ ဖြစ်လာသည်။ ကျေးလက်ဆရာဝန်များ အသင်းက ထိုပေါက်ကြားမှုသည် Mo Prom ပုဂ္ဂလိက အပလီကေးရှင်းမှ စတင်ကြောင်း ပြောသည်။
အချက်အလက် ပုဂ္ဂလိက ဥပဒေ

ထိုင်းနိုင်ငံသည် ပထမဆုံးနှင့် တခုတည်းသော အချက်အလက် ပုဂ္ဂလိကလုံခြုံမှုဥပဒေကို ၂၀၂၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော်လည်း ဝေဖန်သူများက ထိုဥပဒေသည် လုံလောက်သော အကာအကွယ်ပေးရန် အားနည်းလွန်းသည်ဟု ပြောသည်။
ထိုင်းနိုင်ငံသည် ပထမဆုံးနှင့် တခုတည်းသော အချက်အလက် ပုဂ္ဂလိကလုံခြုံမှုဥပဒေကို ၂၀၂၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော်လည်း ဝေဖန်သူများက ထိုဥပဒေသည် လုံလောက်သော အကာအကွယ်ပေးရန် အားနည်းလွန်းသည်ဟု ပြောသည်။
ထို့ပြင် ထိုဥပဒေတွင် ကြီးမားသော ဟာကွက်များရှိပြီး အချက်အလက်များကို အသက်ကယ်ရန်၊ စာရင်းအင်းအရ သုတေသနပြုရန်နှင့် အများပြည်သူ သို့မဟုတ် ပုဂ္ဂလိက အခွင့်အရေးနှင့် အကျိုးစီးပွား ကာကွယ်ရန်အတွက် သဘောတူညီချက် မရလျှင်ပင် ပဋိညာဉ်အရနှင့် ဥပဒေအရ ရယူခွင့် ပြုထားသည်။
“ထိုဥပဒေသည် အခြေခံကျသည့် ဥပဒေကောင်းဖြစ်သော်လည်း လုံလောက်မှု မရှိ” ဟု Myanmar Internet Project မှ တာဝန်ရှိသူတဦးက ပြောသည်။
အချို့သောသူများအတွက် ထိုစီမံကိန်းသည် ဘင်္ဂလားဒေ့ရှ်တွင် ပြုလုပ်သည့် စီမံကိန်းနှင့် ထူးဆန်းစွာ တူသည်။ ၂၀၂၁ ခုနှစ်က ကုလသမဂ္ဂ၏ အငြင်းပွားဖွယ်ရာ ကိစ္စတွင် ရိုဟင်ဂျာဒုက္ခသည် ၁ သန်းနီးပါးကို ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာအာဏာပိုင်များကို လွှဲပြောင်းပေးသောကြောင့် အချို့သည် ပုန်းအောင်းနေရသည်။
ယခင်က ဝန်ကြီးဌာနနှင့် တိုက်ရိုက်မှတ်ပုံတင်ခြင်းသည် အများပြည်သူဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုအတွက် ဖြစ်စေကာမူ ရွှေ့ပြောင်းအခြေချများကို စိတ်မသက်သာစရာ ဖြစ်စေသည်ဟု နည်းပညာဌာနမှ ချိုင်က ပြောသည်။
အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဆက်ဆံခြင်းသည် ပိုမိုအဆင်ပြေသည်ဟု အချို့က ယူဆသည်။
“သူတို့တွေက တရားဝင်မှတ်ပုံတင်ပြီး သူတို့ ဘယ်သူတွေဖြစ်တယ်ဆိုတာ နိုင်ငံတော်ကို ပြဖို့ ကြောက်ကြတယ်” ဟု ချိုင်က ပြောသည်။ “သူတို့မျက်နှာပုံနဲ့ မျက်လုံးသူငယ်အိမ်ပုံ ပေးနိုင်ရင် သူတို့ လူရှေ့ ထွက်မလာစရာ အကြောင်း မရှိဘူး” ဟူ ၎င်းကပြောသည်။
ကျန်းမာရေး ဝန်ကြီးဌာန ရောဂါထိန်းချုပ်ရေးဌာနသည် RFA ၏ မေးမြန်းမှုများကို မတုံ့ပြန်ခဲ့ပေ။
(RFA ပါ Kiana Duncan ၏ Thailand’s biometric data collection stirs debate for Myanmar nationals ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာများ တရားမဝင် ဝင်ရောက်မှု ကြပ်မတ်မည်ဟု ထိုင်းဝန်ကြီးချုပ် ပြော
စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရွှေ့ပြောင်းလုပ်သား ပိုများလာနိုင်
ရွှေ့ပြောင်းလုပ်သားများ သတ်မှတ်လုပ်ငန်း၌သာ လုပ်ကိုင်ရန် ထိုင်းသတိပေး
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ရ
ထိုင်း ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် မြန်မာရွှေ့ပြောင်းလုပ်သားများကို ချန်ထားမရနိုင်