စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်လာသည့် အချိန်တွင် စစ်တပ်၏ ထိခိုက်ပျက်စီးဆုံးရှုံးမှုမှာ မျှော်လင့်ထားသည်ထက် များပြားသည်ကို တွေ့ရ၏။ မြန်မာစစ်တပ်သမိုင်းတွင် ထိခိုက်မှုအများဆုံး ဖြစ်သည်။
မြန်မာစစ်တပ် စစ်အင်္ဂါစဉ်ဖွဲ့စည်းပုံထဲမှ လုံးဝ ချေမှုန်းခံရပြီး တပ်နံပါတ်ပါ ပျောက်သွားသည့် တပ်များကို ရှမ်းမြောက်၊ ရခိုင်၊ ကချင်နှင့် ကရင်စစ်မျက်နှာများတွင် အောက်ပါအတိုင်းတွေ့ရ၏။
ရှမ်းမြောက် စစ်မျက်နှာ
ရှမ်းမြောက်စစ်မျက်နှာအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အတွင်း၌ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) အပြင် ခလရ ၁၂၅ (ကုန်ကြမ်း)၊ ခလရ ၁၂၈ (ပါစင်ကျော်)၊ ခလရ ၁၂၉ (ရန်ခွမ့် ဝါ ညန်ခွမ့်)၊ ခလရ ၂၃၉ (လောက်ကိုင်)၊ ခမရ ၃၂၂ (လောက်ကိုင်) တပ်ရင်းဌာနချုပ်များသည် လည်းကောင်း –
ရမခ လက်အောက်ခံ တိုင်းတပ်များဖြစ်ကြသည့် ခလရ ၄၅ (ကွတ်ခိုင်)၊ ခလရ ၁၂၃ (နန့်ဖတ်ကာ)၊ ခလရ ၁၂၇ (ကွမ်းလုံ)၊ ခလရ ၁၃၀ (မန်တုံ)၊ ခလရ ၁၄၃ (ဟိုပန်)၊ ခလရ ၁၄၅ (ဟိုပန်)၊ ခမရ ၃၁၂ (ကွမ်လုံ)၊ ခမရ ၃၂၄ (နမ္မတူ)၊ အမတ ၃၄၇ (ကွတ်ခိုင်)၊ အမတ ၃၄၈ (ကွမ်းလုံ) အမတ ၅၀၆ (လောက်ကိုင်) တပ်ရင်းဌာနချုပ်များသည် လည်းကောင်း –
စကခ ၁၆ (သိန္နီ) ဌာနချုပ်နှင့် လက်အောက်ခံ ခလရ ၆၉ (သိန္နီ)၊ ခလရ ၂၄၀ (သိန္နီ)၊ ခလရ ၂၄၁ (ကွတ်ခိုင်)၊ ခလရ ၂၄၂ (ကွတ်ခိုင်)၊ ခမရ ၃၂၃ (သိန္နီ)၊ ခမရ ၅၆၇ (နန့်ဆလပ်)၊ ခမရ ၅၆၈ (နန့်ဆလပ်) တပ်ရင်းဌာနချုပ်များသည် လည်းကောင်း အပြီးအပြတ် တိုက်ခိုက်ချေမှုန်းခံရပြီး တပ်နံပါတ်ပါ ပျောက်သွားပြီ ဖြစ်၏။
ရှမ်းမြောက်နယ်မြေတွင် ရမခ နယ်မြေ ဒကစ (လောက်ကိုင်) ဌာနချုပ် တခု၊ စကခ ၁၆ ဌာနချုပ်တခု၊ ခြေလျင်/ ခြေမြန် ဌာနချုပ် ၂၀ ခု၊ အမြောက်တပ် ဌာနချုပ် သုံးခု တပ်နံပါတ် ပျောက်သွားပြီဖြစ်၏။
ထို့ကြောင့် ရှမ်းမြောက်နယ်မြေတွင် ရမခ နယ်မြေ ဒကစ (လောက်ကိုင်) ဌာနချုပ် တခု၊ စကခ ၁၆ ဌာနချုပ်တခု၊ ခြေလျင်/ ခြေမြန် ဌာနချုပ် ၂၀ ခု၊ အမြောက်တပ် ဌာနချုပ် သုံးခု တပ်နံပါတ် ပျောက်သွားပြီဖြစ်၏။
ထို့ကြောင့် ရမခ တိုင်း လက်အောက်ခံ ၂၆ ရင်းအနက် ၁၃ ရင်း ပြုတ်သွားပြီး တပ်ရင်း ၁၃ ရင်းသာ ကျန်တော့၏။ စကခ ၁၆ လက်အောက်ခံ လားရှိုးအခြေစိုက် တပ်ရင်း သုံးရင်းနှင့် စကခ ၁ လက်အောက်ခံ ၁၀ ရင်းသာ ကျန်တော့၏။
ရမခ အတွင်း စစ်ဆင်ရေးဝင်ခဲ့သည့် တပ်မ ၉၉၊ တပ်မ ၁၀၁၊ စကခ ၇၊ စကခ ၁၂၊ စကခ ၁၃ တို့နှင့်ပတ်သက်၍ တပ်မအလိုက်၊ စကခအလိုက် သုံးသပ်ချက်တွင် သီးခြားဖော်ပြပါမည်။
ရခိုင် စစ်မျက်နှာ
ရခိုင် စစ်မျက်နှာဖြစ်သော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နယ်မြေအတွင်း နပခ လက်အောက်ခံ တိုင်းတပ်များဖြစ်သည့် ခလရ ၂၃၃ (ဘူးသီးတောင်)၊ ခလရ ၂၃၄ (ဘူးသီးတောင်)၊ ခလရ ၂၆၃ (ဘူးသီးတောင်)၊ ခလရ ၂၈၉ (ပလက်ဝ)၊ ခမရ ၅၃၈ (ရသေ့တောင်)၊ ခမရ ၅၅၀ (ပုဏ္ဏားကျွန်း) တပ်ရင်းဌာနချုပ်များသည် လည်းကောင်း
စကခ ၉ ဌာနချုပ် (ကျောက်တော်) နှင့် လက်အောက်ခံ ခမရ ၃၇၄ (ကျောက်တော်)၊ ခမရ ၃၇၅ (ကျောက်တော်)၊ ခမရ ၃၇၆ (ကျောက်တော်)၊ ခမရ ၃၇၇ (မြောက်ဦး)၊ ခမရ ၃၇၈ (မြောက်ဦး)၊ ခမရ ၅၄၀ (မြောက်ဦး)၊ ခမရ ၃၇၉ (မင်းပြား)၊ ခမရ ၃၈၀ (မင်းပြား)၊ ခမရ ၅၄၁ (မင်းပြား)၊ ခမရ ၅၃၉ (ကန်စောက်) တပ်ရင်းဌာနချုပ်များသည် လည်းကောင်း
စကခ ၁၅ ဌာနချုပ် (ဘူးသီးတောင်) နှင့် လက်အောက်ခံ ခမရ ၃၄၅ (ဘူးသီးတောင်)၊ ခမရ ၃၅၂ (ဘူးသီးတောင်)၊ ခမရ ၃၅၃ (ဘူးသီးတောင်)၊ ခမရ ၅၃၅ (ဘူးသီးတောင်)၊ ခမရ ၅၃၆ (ရသေ့တောင်)၊ ခမရ ၅၃၇ (ရသေ့တောင်)၊ ခမရ ၅၅၁ (ဘူးသီးတောင်)၊ ခမရ ၅၅၂ (တောင်ဘဇား)၊ ခမရ ၅၆၄ (ဘူးသီးတောင်)၊ ခမရ ၅၆၅ (ဘူးသီးတောင်) တပ်ရင်းဌာနချုပ်များသည် လည်းကောင်း
ရခိုင်စစ်မျက်နှာတွင် စကခ ဌာနချုပ် နှစ်ခု၊ ခြေလျင်၊ ခြေမြန် တပ်ရင်းဌာနချုပ် ၂၆ ခု၊ အမြောက်တပ်ဌာနချုပ် နှစ်ခု တပ်နံပါတ်ပါ ပျောက်သွားပြီဖြစ်၏။
အမတ ၃၇၇ (ကန်စောက်)၊ အမတ ၃၇၈ (ဘူးသီးတောင်) တပ်ရင်းဌာနချုပ်များသည် လည်းကောင်း အာရက္ခတပ်တော် (AA) ၏ အပြီးအပိုင် အသိမ်းခံရပြီး ရခိုင်စစ်မျက်နှာတွင် စကခ ဌာနချုပ် နှစ်ခု၊ ခြေလျင်၊ ခြေမြန် တပ်ရင်းဌာနချုပ် ၂၆ ခု၊ အမြောက်တပ်ဌာနချုပ် နှစ်ခု တပ်နံပါတ်ပါ ပျောက်သွားပြီဖြစ်၏။
လက်ရှိအချိန်တွင် နပခ တိုင်းတပ်များအနက် ဒကစ (စစ်တွေ) နှင့် တိုင်းတပ် ခုနစ်ရင်း၊ စကခ ၅ နှင့် လက်အောက်ခံ ၁၀ ရင်းသာ ကျန်ရှိပြီး ရခိုင်တောင်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)၊ တပ်မ ၂၂ မှ အင်အားများ ဖြည့်တင်းထားသည်ကို တွေ့ရ၏။ ဘူးသီးတောင်၊ မောင်တောတွင် ရဲတပ်ရင်းဌာနချုပ်အကြီး ၁၀ ခု ရှိရာမှ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ) ၁၊ ၂၊ ၃၊ ၇၊ ၈၊ ၁၀ စသည့် ခြောက်ခုအား AA က သိမ်းပိုက်သဖြင့် တပ်နံပါတ်ပျောက်သွားပြီး နခခ ၄၊ နခခ ၅၊ နခခ ၆၊ နခခ ၉ လေးခုသာ ကျန်တော့၏။
နပခ စစ်မျက်နှာစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော တပ်မ ၁၁၊ တပ်မ ၂၂၊ စကခ ၁၉ တို့နှင့်ပတ်သက်ပြီး သီးခြားဖော်ပြပါမည်။
ကချင် စစ်မျက်နှာ
ကချင် စစ်မျက်နှာ မြောက်ပိုင်းတိုင်းတိုင်းစစ်ဌာနချုပ် (မပခ) နယ်မြေအတွင်း မပခ တိုင်းလက်အောက်ခံ ခလရ ၁၄၁ (ဆင်ဘို)၊ ခလရ ၁၄၂ (ဒေါဖုန်းယန်)၊ ခမရ ၃၂၁ (ရွှေညောင်ပင်) နှင့် အမတ ၃၇၀ (မြို့သစ်) တပ်ရင်းဌာနချုပ်များအား လည်းကောင်း
စကခ ၂၁ လက်အောက်ခံ ခလရ ၂၃၇ (ဒါဆိုင်း)၊ ခမရ ၃၂၀ (မြို့သစ်)၊ ခမရ ၃၈၇ (မြို့သစ်)၊ ခမရ ၄၃၈ (နွယ်မလန်း) တပ်ရင်းဌာနချုပ်များအားလည်းကောင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်ခဲ့သဖြင့် ခြေလျင်/ခြေမြန် ဌာနချုပ် ခုနစ်ခု၊ အမြောက်တပ် တပ်ရင်းဌာနချုပ် တခု တပ်နံပါတ်ပျောက်သွားပြီ ဖြစ်၏။
လက်ရှိ မပခ တိုင်းအတွင်း တိုင်းတပ်ရင်း ၂၆ ရင်းအနက် ၂၃ ရင်း ကျန်နေသေးပြီး စကခ ၃ နှင့် လက်အောက်ခံ ၁၀ ရင်း၊ စကခ ၂၁ လက်အောက်ခံ ခြောက်ရင်း ကျန်နေသေး၏။ လက်ရှိတွင် ဗန်းမော်နှင့် မြို့သစ်ရှိ မပခ လက်အောက်ခံ တပ်ရင်းဌာနချုပ် နှစ်ခုနှင့် စကခ ၂၁ လက်အောက်ခံ တပ်ရင်းဌာနချုပ်တခု ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံနေရဆဲ ဖြစ်သည်။
ကရင် စစ်မျက်နှာ
ကရင် စစ်မျက်နှာဖြစ်သည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) နယ်မြေတွင် ရတခ လက်အောက်ခံ ခလရ ၁၉ (ဖာပွန်) နှင့် ခမရ ၄၃၄ (ဖာပွန်) တို့သည် လည်းကောင်း-
စကခ ၁၂ လက်အောက်ခံ သင်္ကန်းညီနောင်အခြေစိုက် ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇ တပ်ရင်းဌာနချုပ်များသည် လည်းကောင်း KNU ၏ တိုက်ခိုက်သိမ်းပိုက်ခံရပြီး ခြေလျင်၊ ခြေမြန်ဌာနချုပ် ငါးခု တပ်နံပါတ်ပါ ပျောက်သွားပြီ ဖြစ်၏။
ထို့ကြောင့် အဆိုပါ စစ်မျက်နှာ လေးခုတွင်
၁။ ဒကစ ဌာနချုပ် တခု
၂။ စကခ ဌာနချုပ် သုံးခု
၃။ ခြေလျင်၊ ခြေမြန်ရင်း ဌာနချုပ် ၅၈ ခု
၄။ အမတ ရင်းဌာနချုပ် ခြောက်ခုတို့သည် တပ်နံပါတ်ပျောက်ပြီး မြန်မာစစ်တပ်၏ စစ်အင်္ဂါစဉ်ထဲတွင် မရှိတော့ပေ။
တပြည်လုံးတွင် ရှိသည့် ဒကစ ခြောက်ခုထဲမှ တခု၊ စကခ ၂၀ ခုထဲမှ သုံးခု၊ ခြေလျင်၊ ခြေမြန်တပ်ရင်းဌာနချုပ် ၅၄၅ ရင်းထဲမှ ၅၈ ရင်းသည် လုံးဝ တပ်နံပါတ်ပါပျောက်ပြီး မြန်မာစစ်တပ် စစ်အင်္ဂါစဉ်ထဲမှ ကွယ်ပျောက်သွားပြီ ဖြစ်၏။
တပြည်လုံးတွင် ရှိသည့် ဒကစ ခြောက်ခုထဲမှ တခု၊ စကခ ၂၀ ခုထဲမှ သုံးခု၊ ခြေလျင်၊ ခြေမြန်တပ်ရင်းဌာနချုပ် ၅၄၅ ရင်းထဲမှ ၅၈ ရင်းသည် လုံးဝ တပ်နံပါတ်ပါပျောက်ပြီး မြန်မာစစ်တပ် စစ်အင်္ဂါစဉ်ထဲမှ ကွယ်ပျောက်သွားပြီ ဖြစ်၏။
ထိုစစ်မျက်နှာ လေးခု အပါအဝင် တပြည်လုံးတွင် အထက်ဖော်ပြပါ အခြေစိုက်တပ်ဌာနချုပ်များအပြင် ရှေ့တန်း တပ်မ၊ စကခ၊ ဗျူဟာ ဌာနချုပ်များလည်းပါသည့် ရှေ့တန်းစခန်းပေါင်း ၂,၅၀၀ နီးပါး ချေမှုန်းသိမ်းပိုက်ခံလိုက်ရပြီ ဖြစ်၏။ စစ်ရေးအရ ရှုံးနိမ့်မှု အကျိုးဆက်အဖြစ် စစ်ကောင်စီသည် တနိုင်ငံလုံးအနှံ့ မြို့ပေါင်း ၆၀ ကျော်ခန့် လက်လွှတ်ခဲ့ရပြီဖြစ်၏။
စစ်တပ်၏ စစ်ဆင်ရေးများတွင် အဓိက အသုံးပြုသည့် တပ်မ ၁၀ ခုနှင့် စကခ ၂၀ ခု၏ ၂၀၂၄ ခုနှစ်၊ မေလအတွင်း တွေ့ရသည့် အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်၏။
တပ်မများ အခြေအနေနှင့် တပ်ဖြန့်ခွဲမှု
လက်ရှိကာလတွင် တွေ့ရသည့် စစ်တပ်၏ တပ်မ ၁၀ ခု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်၏။
၁။ တပ်မ ၁၁
တပ်မ ၁၁ သည် ၂၀၁၉၊ ၂၀၂၀ ပြည့်နှစ် AA နှင့် တိုက်ပွဲများတွင် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝ၊ မင်းတပ်တွင် တာဝန်ကျသည်။ ၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်လာသောအခါ မြောက်ဦးဒေသတွင် တာဝန်ကျသည့် တပ်မ ၅၅ နှင့် အစားထိုးလဲလှယ်၍ ရှေ့တန်းတပ်မဌာနချုပ်ကို မြောက်ဦးတွင် ထားရှိပြီး ပလက်ဝမှ မြောက်ဦးအထိ ကုလားတန်မြစ်ကြောင်းတလျှောက် တာဝန်ကျသည်။ ယခင် တာဝန်ယူထားသော ပလက်ဝအား စကခ ၁၉ ထံ လွှဲပေးခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့ မြောက်ဦးတိုက်ပွဲတွင် တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်း သေဆုံးသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ စတင်ခဲ့သော AA နှင့် တိုက်ပွဲများတွင် တပ်မမှူး၊ ဒုတပ်မမှူး၊ ဗျူဟာမှူးများနှင့် ရှေ့တန်းထွက်သော တပ်ရင်း ၁၀ ရင်းလုံး ထိခိုက်ပျက်စီးခဲ့သည်။ ၂၀၂၄ ခုနှစ်၊ မေလ ၁၁ ရက်အထိ တပ်မအား ပြန်လည်ဖွဲ့စည်းနိုင်ခြင်း မရှိသေးပါ။ လက်ရှိ တာဝန်ယူထားနိုင်သော သီးခြားစစ်ဆင်ရေးတာဝန် မရှိပါ။
၂။ တပ်မ ၂၂
တပ်မ ၂၂ ဖွဲ့စည်းပုံပျက်သွားသည်အထိ အထိနာသွားပြီး စစ်ဆင်ရေးများတွင် အဓိကနေရာမှ ဦးဆောင်နိုင်ခြင်း မရှိတော့ဘဲ အရန်အင်အားအနေဖြင့်သာ ဆောင်ရွက်နိုင်တော့၏။ ယခု မြဝတီစစ်ဆင်ရေးတွင် တပ်မ ၅၅၊ ၄၄ တို့နှင့်အတူ ပါဝင်၏။
၂၀၁၉၊ ၂၀၂၀ ပြည့်နှစ် AA နှင့် ဖြစ်ပွားသော စစ်ဆင်ရေးများတွင် ရခိုင်မြောက်ခြမ်း ဘူးသီးတောင်၊ မောင်တောဒေသ၌ တာဝန်ကျသည်။ ၂၀၂၁ ခုနှစ်တွင် ရခိုင်မြောက်ခြမ်း၌ တပ်အချို့ထားခဲ့ပြီး ကျန်တပ်များ အားလုံး ကော့ကရိတ်၊ ကျုံဒိုးဒေသတွင် စစ်ဆင်ရေးဝင်သည်။ ဖွဲ့စည်းပုံပျက်သွားသည်အထိ အထိနာသွားပြီး စစ်ဆင်ရေးများတွင် အဓိကနေရာမှ ဦးဆောင်နိုင်ခြင်း မရှိတော့ဘဲ အရန်အင်အားအနေဖြင့်သာ ဆောင်ရွက်နိုင်တော့၏။ ယခု မြဝတီစစ်ဆင်ရေးတွင် တပ်မ ၅၅၊ ၄၄ တို့နှင့်အတူ ပါဝင်၏။
၃။ တပ်မ ၃၃
တပ်မ ၃၃ ၏ ရှေ့တန်းတပ်မဌာနချုပ်သည် ဖားကန့်တွင် အခြေပြုပြီး ဖားကန့်၊ ဝှေခါ၊ တာမခန်၊ လုံးခင်း-ကာမိုင်းတို့တွင် တပ်ဖြန့်ခွဲထားသည်။ ၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းမြောက်သို့ စစ်ကူ နှစ်ရင်းပို့ပြီး ခမရ ၁၃ သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ချင်းရွှေဟော်သို့ လေကြောင်းဖြင့် စစ်ကူသွားရာ တရင်းလုံး ချေမှုန်းခံရသည်။ လက်ရှိ KIA နှင့် တိုက်ပွဲများတွင် ဖားကန့်ဒေသရှိ ဝှေခါ၊ တာမခန်၊ နန့်ယားဒေသတွင် တာဝန်ယူထားသော စခန်းအများစု လက်လွှတ်ခဲ့ရသည်။ ယခုလက်ရှိ KIA နှင့် တိုက်ပွဲပြင်းထန်နေသည်။
၄။ တပ်မ ၄၄
တပ်မ ၄၄ ရှေ့တန်းတပ်မဌာနချုပ်ကို မြဝတီတွင် ထားသည်။ မြဝတီအနီး လက်ခတ်တောင်တိုက်ပွဲတွင် အရေးနိမ့်၍ တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းနောင်စိုးအား အရန်အင်အားသို့ ပြောင်းရွှေ့ပြီး ဖာပွန်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းနောင်အား တဆင့်တိုး ဗိုလ်မှူးချုပ်ရာထူးဖြင့် တပ်မမှူးတာဝန်ပေးသည်။
ဗိုလ်မှူးချုပ် အေးမင်းနောင်သည် စစ်ဆင်ရေးတာဝန် ထမ်းဆောင်ရန် သင်္ကန်းညီနောင် စစ်ဗျူဟာကုန်းသို့အသွား ကရင်အမျိုးသားအစည်းအရုံး (KNU) က ပစ်ချ၍ စစ်ရဟတ်ယာဉ် ပျက်ကျပြီး သေဆုံးသွား၏။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်တွင် စကခ ၁၃ မှ ဒုတိယ စကခမှူး ဗိုလ်မှူးကြီး စိုးမင်းထွဋ်အား ဗိုလ်မှူးချုပ်ရာထူးဖြင့် တပ်မမှူးတာဝန်ပေးသည်။ စိုးမင်းထွဋ်သည်လည်း ၂၀၂၄ ခုနှစ်၊ ဧပြီလ မြဝတီတိုက်ပွဲတွင် ကွပ်ကဲမှုညံ့ဖျင်း၍ အရေးယူခံရပြီး နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြ ဗိုလ်မှူးကြီး ညီညီသွင်အား ဗိုလ်မှူးချုပ်ရာထူးဖြင့် တပ်မမှူးတာဝန်ပေးသည်။
စစ်ဆင်ရေးများတွင် အထိနာနေပြီး တပ်မဖွဲ့စည်းပုံပျက်နေသည်။ တပ်မအနေဖြင့် အဓိကနေရာမှ စစ်ဆင်ရေးတာဝန်များအား ဆောင်ရွက်နိုင်ခြင်း မရှိတော့ပါ။ လက်ရှိ တပ်မ ၅၅၊ ၂၂ တို့နှင့်အတူ မြဝတီစစ်တင်ရေးတွင် အရန်အကူတပ်အဖြစ် ပါဝင်သည်။
၅။ တပ်မ ၅၅
၁၀၂၇ စစ်ဆင်ရေး မစတင်မီတွင် တပ်မ ၅၅ မှ တဗျူဟာနှင့် တပ်ရင်း လေးရင်းသည် ကယားပြည်နယ်၊ ဖားဆောင်းဒေသနှင့် ရှေ့တန်းဌာနချုပ်သည် ရခိုင်မြောက်ပိုင်း၊ မြောက်ဦးတွင် အခြေစိုက်သည်။ ၁၀၂၇ စစ်ဆင်ရေးဖြစ်သည့်အခါ တပ်မတခုလုံးအား လောက်ကိုင်၊ ပါစင်ကျော်၊ တာ့ရွှေထန်ဒေသတွင် တာဝန်ကျသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း ဦးစီးပြီး အရာရှိ ၉၈ ယောက်၊ အခြားအဆင့် ၇၈၂ ယောက် စုစုပေါင်း ၈၅၀ ဦး လောက်ကိုင်တွင် လက်နက်ချခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စစ်ခုံရုံးက တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းအား သေဒဏ်အမိန့်ချပြီး တပ်မမှူးနေရာအား စကခ ၈ မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး အောင်စိုးမင်းကို ဗိုလ်မှူးချုပ်ရာထူးဖြင့် တာဝန်ပေးခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း ဦးစီးပြီး အရာရှိ ၉၈ ယောက်၊ အခြားအဆင့် ၇၈၂ ယောက် စုစုပေါင်း ၈၅၀ ဦး လောက်ကိုင်တွင် လက်နက်ချခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် စစ်ခုံရုံးက တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းအား သေဒဏ်အမိန့်ချပြီး တပ်မမှူးနေရာအား စကခ ၈ မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး အောင်စိုးမင်းကို ဗိုလ်မှူးချုပ်ရာထူးဖြင့် တာဝန်ပေးခဲ့သည်။
၂၀၂၄ ခုနှစ်၊ မေလဆန်းတွင် တပ်မ ၅၅ ကို အဓိကထားပြီး တပ်မ ၂၂၊ ၄၄ ကြွင်းကျန်တပ်များနှင့် တင့်ကား၊ သံချပ်ကာတပ်ရင်း နှစ်ရင်း၊ ဒုံးတပ်ရင်း တရင်း၊ အမြောက်တပ်ရင်း တရင်းတို့ဖြင့် အောင်ဇေယျစစ်ဆင်ရေး ဝင်နေသည်။ နိုင်ငံတော်အဆင့် စစ်ဆင်ရေးဟု ကြုံးဝါးထားသည့် စစ်ဆင်ရေး စတင်သည်မှာ ရက်ပေါင်း ၅၀ ကျော်လာသော်လည်း ဒေါနတောင်အား မကျော်နိုင်ဘဲ တပ်မ ၅၅ အထိနာနေသည်ဟု သိရ၏။
၆။ တပ်မ ၆၆
၂၀၂၁ ခုနှစ်မှစပြီး ကရင်နီ (ကယား) ပြည်နယ်တွင် စစ်ဆင်ရေးဝင်နေသည်။ ထိခိုက်မှုများပြား၍ အဓိက စစ်ဆင်ရေးတာဝန်အား စကခ ၂ သို့ လွှဲပြောင်းပေးပြီး အရန်တပ်အနေဖြင့် ဒကစ (လွိုင်ကော်) နှင့်အတူ တာဝန်ထမ်းနေရသည်။
၇။ တပ်မ ၇၇
၂၀၁၅၊ ၂၀၁၆ ခုနှစ် ရှမ်းမြောက်စစ်ဆင်ရေး၊ ၂၀၁၉၊ ၂၀၂၀ ပြည့်နှစ် ရခိုင်ဒေသစစ်ဆင်ရေးတို့တွင် ပါဝင်ခဲ့ပြီး ဆုံးရှုံးအင်အားများအား ၂၀၂၀ တွင် ပြန်လည်ဖြည့်နိုင်ခဲ့သည်။ ၂၀၂၁ အာဏာသိမ်းစဉ် ရန်ကုန်နှင့် ပဲခူးတွင် လုံခြုံရေးတာဝန်ယူခဲ့သည်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလပိုင်းမှစပြီး စစ်ကိုင်းမြောက်ခြမ်း အင်းတော်တွင် ရှေ့တန်းတပ်မဌာနချုပ်ထားကာ စစ်ဆင်ရေးဝင်နေသည်။ ၁၀၂၇ စစ်ဆင်ရေးကာလတွင်လည်း စစ်ကိုင်းမြောက်ခြမ်းတွင်သာ တာဝန်ထမ်းဆောင်သည်။ လောလောဆယ် ထိခိုက်မှု၊ ဆုံးရှုံးမှုနည်းသည့် တပ်မဖြစ်သည်။ ယခု အင်းတော်၊ ဗန်းမောက်ဒေသတွင် ဗျူဟာနှစ်ခု စစ်ဆင်ရေးဝင်နေသည်။ ကျန် တဗျူဟာသည် ချင်းပြည်နယ်မြောက်ပိုင်း သို့မဟုတ် ကျောက်ထု၊ ဂန့်ဂေါဒေသတွင် ဖြန့်ခွဲထားနိုင်သည်။
၈။ တပ်မ ၈၈
၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် မိုးမောက်မြို့နယ် ကုန်းလောရွာတိုက်ပွဲတွင် တပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး သေဆုံးသည်။ လက်ရှိ KIA နှင့် တိုက်ပွဲပြင်းထန်နေသည်။ ဗန်းမော်နှင့် မိုးမောက်မှလွဲ၍ ရှေ့တန်းစခန်းအားလုံး ကျသွားပြီဖြစ်၏။
၂၀၂၁ ခုနှစ်မှစပြီး ကချင်ပြည်နယ်၊ ဗန်းမော်ဒေသတွင် တာဝန်ယူသည်။ ရှေ့တန်းတပ်မဌာနချုပ်အား ဗန်းမော်ဒေသ မိုးမောက်တွင် အခြေပြုသည်။ ဗျူဟာတခုနှင့် တပ်ရင်း သုံးရင်းသည် ကသာတွင် အခြေပြုသည်။ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် မိုးမောက်မြို့နယ် ကုန်းလောရွာတိုက်ပွဲတွင် တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦး သေဆုံးသည်။ လက်ရှိ KIA နှင့် တိုက်ပွဲပြင်းထန်နေသည်။ ဗန်းမော်နှင့် မိုးမောက်မှလွဲ၍ ရှေ့တန်းစခန်းအားလုံး ကျသွားပြီဖြစ်၏။
၉။ တပ်မ ၉၉
၂၀၁၅၊ ၂၀၁၆ ခုနှစ် မုံးကိုး တကျော့ပြန် စစ်ဆင်ရေးများမှစပြီး ရှမ်းမြောက် မုန်းကိုးဒေသတွင် တာဝန်ကျသည်။ ၁၀၂၇ စစ်ဆင်ရေးအတွင်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့တွင် မုံးကိုး ပန်လော့ဗျူဟာကုန်း၌ တပ်မမှူး ဗိုလ်မှူးချုပ် အောင်ကျော်လွင် သေဆုံးသည်။ စစ်ဆင်ရေးကာလအတွင်း ခြေကုပ်စခန်းများ ကျဆုံးပြီး ဗျူဟာမှူးအပါအဝင် ဆုံးရှုံးမှုကြီးသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှစ၍ တပ်မမှူးအဖြစ် ဗိုလ်မှူးချုပ် စိုးလှိုင် တာဝန်ယူ၏။ လက်ရှိ မူဆယ်တွင် ရှေ့တန်းတပ်မဌာနချုပ်နှင့် တဗျူဟာ တပ်ရင်း လေးရင်းရှိပြီး တဗျူဟာသည် မိုးကုတ် လုံခြုံရေးထားရှိ၏။ သုံးရင်းတဗျူဟာအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် ဗန်းမော်လုံခြုံရေး စေလွှတ်ခံရသည်။ တပ်မတခုအနေဖြင့် စစ်ဆင်ရေးတာဝန်အား အဓိက မယူနိုင်ဘဲ အရန်တပ်အဖြစ်သာ စစ်ဆင်ရေးတာဝန် ထမ်းရသည်။
၁၀။ တပ်မ ၁၀၁
၂၀၁၇ ခုနှစ်မှစပြီး နမ့်ဆန်တွင် ရှေ့တန်းတပ်မအခြေပြုကာ ပလောင်ဒေသတွင် စစ်ဆင်ရေးတာဝန်ယူရသည်။ ၂၀၂၃ ခုနှစ်တွင် တဗျူဟာ တပ်ရင်း သုံးရင်းသည် မကွေးတိုင်းတွင် စစ်ဆင်ရေးလှုပ်ရှားသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ နမ့်ဆန်တိုက်ပွဲတွင် တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းသည် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ သုံ့ပန်းအဖြစ် အဖမ်းခံရသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလပိုင်းမှစ၍ ၂၀၂၄ ခုနှစ်၊ မေလအထိ ခြောက်လကျော်အတွင်း တပ်မ ၁၁၊ ၄၄၊ ၈၈၊ ၉၉ တို့မှ တပ်မမှူးများ သေဆုံးပြီး တပ်မ ၅၅ တပ်မမှူး သေဒဏ်ပေးခံရသည်။ တပ်မ ၁၀၁ တပ်မမှူး သုံ့ပန်းအဖြစ် အဖမ်းခံခဲ့ရသည်။ လက်ရှိအချိန်တွင် တပ်မ ၇၇ တခုတည်းသာ အင်အားပြည့်ရှိသည်။
နေပြည်တော် စစ်ရာထူးခန့်ချုပ်ရုံးက စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး မြင့်ရွှေအား ဗိုလ်မှူးချုပ်ရာထူးဖြင့် တပ်မမှူးခန့်သည်။ ၁၀၂၇ စစ်ဆင်ရေးတွင် နမ့်ဆန်၊ ကျောက်မဲ၊ နောင်ချိုဒေသတွင် လှုပ်ရှားသည်။ ထိခိုက်မှုများသည်။ လက်ရှိ ပြင်ဦးလွင်၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ လုံခြုံရေးတာဝန်ယူထားသည်။ တဗျူဟာသည် မကွေးတိုင်း စစ်ဆင်ရေး တာဝန်ယူနေ၏။
(မှတ်ချက်။ ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလပိုင်းမှစ၍ ၂၀၂၄ ခုနှစ်၊ မေလအထိ ခြောက်လကျော်အတွင်း တပ်မ ၁၁၊ ၄၄၊ ၈၈၊ ၉၉ တို့မှ တပ်မမှူးများ သေဆုံးပြီး တပ်မ ၅၅ တပ်မမှူး သေဒဏ်ပေးခံရသည်။ တပ်မ ၁၀၁ တပ်မမှူး သုံ့ပန်းအဖြစ် အဖမ်းခံခဲ့ရသည်။ လက်ရှိအချိန်တွင် တပ်မ ၇၇ တခုတည်းသာ အင်အားပြည့်ရှိသည်။)
(အေးချမ်းဆုသည် နိုင်ငံရေး၊ စစ်ရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
ရှမ်းပြည်မြောက်ပိုင်းမှ မြန်မာ့ အလံဖြူတပ်မတော်
ရှမ်းမြောက်တိုက်ပွဲများတွင် ပြည်ပကျွမ်းကျင်သူများ ကူညီနေဟု မင်းအောင်လှိုင် ပြော
ရှမ်းမြောက်သာမက ရခိုင်မှာပါ အပစ်ရပ်ဖို့ တရုတ် ကြိုးစားနေ
ရခိုင်တွင် စစ်ရှုံးနေသော စစ်ကောင်စီ လူမျိုးရေး အမုန်းတရား မီးရှို့
ကချင်စစ်မျက်နှာ အလှည့်အပြောင်း
မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း