• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

Netflix ရဲ့ ထိုင်းဇာတ်လမ်းတွဲ The Believers က ဖြစ်ရပ်မှန်လား

by Nathan Patra
31 May 2024
in ဆောင်းပါး
A A
Netflix ရဲ့ ထိုင်းဇာတ်လမ်းတွဲ The Believers က ဖြစ်ရပ်မှန်လား

Netflix ရဲ့ ထိုင်းဇာတ်လမ်းတွဲ The Believers

1.7k
VIEWS
Share on FacebookShare on Twitter

Netflix တွင် ထိုင်းဇာတ်လမ်းတွဲ “သက်ဝင်ယုံကြည်သူများ” (The Believers) က ဗုဒ္ဓဘာသာဝင် ထိုင်းပြည်သူများ အထူးသဖြင့် လူငယ်များအကြား အလွန်ရေပန်းစားနေသည်။

“သက်ဝင်ယုံကြည်သူများ” သည် ရာဇဝတ်သည်းထိပ်ဖို ဇာတ်လမ်းတွဲဖြစ်ပြီး ဘာသာရေး၏ ထိခိုက်လွယ်သော သွင်ပြင်လက္ခဏာကို မေးခွန်းထုတ်ရန် ကြိုးစားကာ ဘာသာရေးရာများအပေါ် လူမှုသုံးသပ်ချက်တခုကို တင်ပြသည်။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
0
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

12 July 2025
1.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

12 July 2025
1.2k

အွမ်မာရာပွန် ဖန်ဒင်တောင်က ဖန်တီးပြီး ‘ဆာထူ’ (Sathu) ဟုလည်း သိကြသည့် ထိုင်းစကားပြော ဇာတ်လမ်းသည် ချေးငွေ မယူသင့်သူများထံတွင် အန္တရာယ်ကြီးမားလောက်အောင် အကြွေးနွံနစ်နေသော လုပ်ငန်းထူထောင်ခါစ မအောင်မြင်သည့် ငယ်ရွယ်သူ လုပ်ငန်းရှင် သုံးဦးအကြောင်းဖြစ်သည်။ ၎င်းတို့သည် ချေးယူထားသောငွေ၏ နှစ်ဆ ပြန်လည် ပေးဆပ်ရမည်ဖြစ်ပြီး မပေးဆပ်ပါက အကျိုးဆက်များ ခံရမည်ဖြစ်သည်။

၎င်းတို့သည် ပြည်သူများ၏ ဘာသာရေးယုံကြည်မှုမှ အမြတ်ထုတ်ပြီး အသုံးမပြုရသေးသလို ရှာဖွေရန်လည်း ခက်ခဲသည့် နည်းလမ်းတခုကို ရှာဖွေတွေ့ရှိကာ ထိုနည်းလမ်းဖြင့် ၎င်းတို့၏ ငွေကြေးအရ ကျဆုံးမှုမှ ပြန်လည် နာလန်ထလာကြသည်။

၎င်းတို့ သုံးဦးသည် အလွန်ရှုပ်ထွေးသည့် ကိုယ့်ကိုယ်ကို ယုံကြည်မှုနှင့် စောင့်ထိန်းအပ်သော ကျင့်ဝတ်လမ်းကြောင်းကြားတွင် အမည်ဆိုးဖြင့် ကျော်ကြားသည့် လိမ်လည်မှုတွင် ပါဝင်ခြင်းအတွက် အကျိုးဆက်များကို ကိုင်တွယ်ဖြေရှင်းရတော့သည်။ ထိုဇာတ်လမ်း၏ ကျင့်ဝတ်ဆိုင်ရာ ဒွိဟပွားစရာ ယုံကြည်မှုကြောင့် ဖြစ်ရပ်မှန်အပေါ် အခြေခံ၊ မခံဆိုသည့် မေးခွန်းများစွာကို ဖြစ်စေသည်။

“သက်ဝင်ယုံကြည်သူများ” သည် စိတ်ကူးယဉ်ဇာတ်လမ်း ဖြစ်ပြီး ဝပ်တနာပေါင်း ဝေါင်ဝန်ရေးသည့် ဇာတ်လမ်းကို အခြေခံသည်။ သူသည် ထိုဇာတ်လမ်း၏ ဒါရိုက်တာလည်း ဖြစ်သည်။

“သက်ဝင်ယုံကြည်သူများ” သည် စိတ်ကူးယဉ်ဇာတ်လမ်း ဖြစ်ပြီး ဝပ်တနာပေါင်း ဝေါင်ဝန်ရေးသည့် ဇာတ်လမ်းကို အခြေခံသည်။ သူသည် ထိုဇာတ်လမ်း၏ ဒါရိုက်တာလည်း ဖြစ်သည်။ ရှေ့ဆက် မည်သို့ဖြစ်မည်ကို သိချင်စေသည့် ထိုရာဇဝတ် ဇာတ်လမ်းသည် ဘာသာတရား ကိုင်းရှိုင်းမှုနှင့် ချမ်းသာကြွယ်ဝမှု ရှာဖွေခြင်းအကြား ပါးလွှာသော စည်းပေါ်တွင် လှုပ်ရှားနေသည်။

The Believers သည် အကြွေးနွံနစ်နေသော လုပ်ငန်းထူထောင်ခါစ မအောင်မြင်သည့် လုပ်ငန်းရှင် သုံးဦးအကြောင်းဖြစ်သည်။

ဝေါင်ဝမ်က ထိုဇာတ်လမ်းကို ရေးသားစေရန် စေ့ဆော်သည့် မည်သည့်ရင်းမြစ်ကိုမှ တိုက်ရိုက် မပြောသော်လည်း Netflix နှင့် တွေ့ဆုံမေးမြန်းသောအခါ “ကနဦးမှာ ဘာသာတရားက ကျနော်နဲ့ ရင်းနှီးကျွမ်းဝင်သလို ခံစားရပေမယ့် ကျယ်ကျယ်ပြန့်ပြန့် သုတေသနလုပ်တဲ့အခါ ကျနော် အရင်က စိတ်ကူးခဲ့တဲ့ ပိုမိုနက်ရှိုင်းတဲ့ အတွင်းသရုပ်ကိုတွေ့တယ်။ ဇာတ်ညွှန်းရေးတဲ့အခါ ပိုမို စိတ်လွတ်လပ်လာပြီး သိလိုစိတ်ဖြစ်စေတဲ့ မေးခွန်းတွေက အခုခေတ်ပြိုင် အတွေးအခေါ်ကို ဖြစ်စေတယ်” ဟု ပြောသည်။

“ဒါကြောင့် ကလေးဘဝကတည်းက ကျနော် သိချင်တဲ့ မေးခွန်းတွေကို စူးစမ်းလေ့လာဖို့ အချိန်ကျပြီလို့ ကျနော်ထင်တယ်” ဟုလည်း ၎င်းကပြောသည်။ ဘက်မလိုက်သည့်အမြင်ဖြင့် ထိရှလွယ်သောကိစ္စကို စူးစမ်းလေ့လာရှာဖွေရာတွင် ထိုဇာတ်လမ်းတွဲသည် ထိုင်းရှိ ဗုဒ္ဓဘာသာ အဖွဲ့အစည်းများ၏ ရန်ပုံငွေရသည့် နည်းလမ်းအပြင် နောက်ထပ် လုပ်ဆောင်မှုများကိုလည်း စူးစမ်းလေ့လာသည်။

ဝေါင်ဝမ်က ထိုဇာတ်လမ်းသည် သူ၏တွေ့ရှိချက်များကို သဘောလောက်သာ အခြေခံကြောင်း ပြောသည်။ အဆိုပါ တွေ့ဆုံမေးမြန်းမှုတွင်ပင် သူသည် ဗုဒ္ဓဘာသာ မိသားစုတွင် လူလားမြောက်ခဲ့သည်ကို ပြန်လည်ပြောကြားပြီး နေ့ကြီးရက်ကြီးများတွင် ဘုရားကျောင်းကန်များသို့သွားကာ ကျောင်းနေစဉ် ဘာသာရေးအကြောင်း သင်ကြားရကြောင်း ပြောသည်။ နှစ်များစွာအတွင်း လူ့အဖွဲ့အစည်းအပေါ် သူ့အမြင် ပြောင်းလဲခဲ့ပြီး ဘာသာရေးနှင့်ပတ်သက်သည့် မေးခွန်း အများအပြားကို ဖြေဆိုရန် ကြိုးစားသည်။ ထိုအတွေ့အကြုံများနှင့် လေ့လာမှုများကို ပြန်လည်စုစည်းပြီး ယခုဇာတ်လမ်းကို လွန်ခဲ့သော ငါးနှစ်က စတင် အကြမ်းရေးသားခဲ့သည်။

အကြွေးနွံနစ်နေသည့် အခြေခံဇာတ်ကောင် သုံးယောက်ဖြစ်သည့် ဝင်း၊ ဒီးရားနှင့် ဂိမ်း တို့ကို သရုပ်ဖော်ခြင်းသည် အကြိတ်အနယ် ယှဉ်ပြိုင်သည့်လောကတွင် အသက်မွေးဝမ်းကြောင်း လုပ်လိုသော လူငယ်လုပ်ငန်းရှင်များ ရင်ဆိုင်ရသည့် အခက်အခဲများကို ကူညီသရုပ်ဖော်ပြီး ပြင်ပ ပကတိအခြေအနေနှင့် များစွာတူညီသည်။

အကြွေးနွံနစ်နေသည့် အခြေခံဇာတ်ကောင် သုံးယောက်ဖြစ်သည့် ဝင်း၊ ဒီးယားနှင့် ဂိမ်း တို့ကို သရုပ်ဖော်ခြင်းသည် အကြိတ်အနယ် ယှဉ်ပြိုင်သည့်လောကတွင် အသက်မွေးဝမ်းကြောင်း လုပ်လိုသော လူငယ်လုပ်ငန်းရှင်များ ရင်ဆိုင်ရသည့် အခက်အခဲများကို ကူညီသရုပ်ဖော်ပြီး ပြင်ပ ပကတိအခြေအနေနှင့် များစွာတူညီသည်။ ၎င်းတို့သည် ငွေချေးယူခြင်းဖြင့် အားနည်းချက်များကို ကျော်ဖြတ်ရန် ကြိုးစားကြသော်လည်း နောက်ဆုံးတွင် ထိုချေးငွေကို ပြန်လည်ပေးဆပ်ရန် နည်းလမ်းမရှိ ဖြစ်ရသည်။

၎င်းတို့၏ဘဝများ အန္တရာယ်ကျရောက်ပြီး ပုဂ္ဂလိက ပြဿနာများအကြားတွင် ၎င်းတို့ သုံးဦးသည် အကြွေးကို ပြန်လည်ပေးဆပ်ရန်အတွက် အခြားအခွင့်အလမ်းများရအောင် ကြိုးစားသည်။ ထိုမျှ ပြင်းထန်ဆိုးရွားသော အခြေအနေတွင် ငွေအမြန်ဆုံးရရန် တခုတည်းသော နည်းလမ်းမှာ ဘာသာရေး၏ ထိခိုက်လွယ်မှုကို အသုံးချပြီး မတရား အကျိုးအမြတ်ရှာခြင်း ဖြစ်သည်။

လူငယ် အခွင့်အရေးသမား သုံးဦး၏ ရုန်းကန်မှုနှင့် ကြီးမားသော ဒုက္ခများက ထိုဇာတ်လမ်းတွဲကို ဆွဲခေါ်သွားသည်။

ထိုဇာတ်လမ်းတွဲသည် ထိုင်းနိုင်ငံမှ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းနှင့် သံဃာအုပ်ချုပ်ရေး၊ နိုင်ငံရေးစနစ်များ ပါဝင်သော သွင်ပြင်အနည်းငယ်ကို ဝေဖန်ထောက်ပြသည့် ရှုထောင့်မှ သုံးသပ်တင်ပြသော်လည်း ဝေါင်ဝန်သည် ဗုဒ္ဓဘာသာကို ဝေဖန်ရန် မရည်ရွယ်ပေ။

အခြား တွေ့ဆုံမေးမြန်းမှုတခုတွင် ဝေါင်ဝန်က “ကျနော်တို့က ဘာသာရေးကို ဝေဖန်ဖို့ ဒီဇာတ်လမ်းတွဲကို တင်ဆက်တာ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့မှာ အမြဲတမ်းရှိနေတဲ့ မေးခွန်းတွေကို ဇာတ်ကောင်တွေ၊ သူတို့ရဲ့ ဇာတ်လမ်းတွေနဲ့ စူးစမ်းလေ့လာချင်တယ်” ဟု ပြောသည်။

အခြား တွေ့ဆုံမေးမြန်းမှုတခုတွင် ဝေါင်ဝန်က “ကျနော်တို့က ဘာသာရေးကို ဝေဖန်ဖို့ ဒီဇာတ်လမ်းတွဲကို တင်ဆက်တာ မဟုတ်ဘူး။ ဒါပေမယ့် ကျနော်တို့မှာ အမြဲတမ်းရှိနေတဲ့ မေးခွန်းတွေကို ဇာတ်ကောင်တွေ၊ သူတို့ရဲ့ ဇာတ်လမ်းတွေတဆင့် စူးစမ်းလေ့လာချင်တယ်” ဟု ပြောသည်။

သူနှင့် သူ၏တီထွင်ဆန်းသစ်သောအဖွဲ့၏ လေ့လာမှုသည် ရိုးရာအစဉ်အလာများ၏ အုတ်မြစ်များကို သရုပ်ခွဲလေ့လာသည်။ ထိုဇာတ်လမ်းသည် ကြည့်ရှုသူများအနေဖြင့် ထုံးစံအတိုင်း တွေ့မြင်နေရသည်များကို မတူညီသောရှုထောင့်မှ လေ့လာရန် ဆွဲဆောင်သည်။

ပြည်သူများ၏ ဘာသာရေးယုံကြည်မှုမှ အမြတ်ထုတ်ပြီး အသုံးမပြုရသေးသလို ရှာဖွေရန်လည်း ခက်ခဲသည့် နည်းလမ်းတခုကို ရှာဖွေတွေ့ရှိသည်။

“ကျနော်တို့ရဲ့ ရည်မှန်းချက်က လူတွေအနေနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားတွေကို မေးခွန်းထုတ်စေဖို့ပဲ။ ကြည့်ရှုသူတွေဟာ ဘာသာရေးသမားများ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် မတူညီတဲ့အမြင်တွေနဲ့ ပြန်သွားကြလိမ့်မယ်။ ဒီဇာတ်လမ်းက ပြည်သူတွေကို စကားပြောစေ၊ ဆွေးနွေးငြင်းခုန်စေရင် ‘သက်ဝင်ယုံကြည်သူများ’ နဲ့ ပတ်သက်တဲ့ ကျနော်တို့ ရည်မှန်းချက် အောင်မြင်တယ်” ဟု ဝေါင်ဝန်က ပြောသည်။

ရင်းနှီးကျွမ်းဝင်ပြီးသား ကိစ္စများကို မေးခွန်းထုတ်ရန် ကြိုးစားသည့် အဓိက ဇာတ်လမ်းကျောရိုးအပြင် ကိုယ့်ဖာသာ ရပ်တည်ရန် အပြင်းအထန် ကြိုးစားနေသည့် လူငယ် အခွင့်အရေးသမား သုံးဦး၏ ရုန်းကန်မှုနှင့် ကြီးမားသော ဒုက္ခများက ထိုဇာတ်လမ်းတွဲကို ဆွဲခေါ်သွားသည်။

အနှစ်သာရအဖြစ် ထိုဇာတ်လမ်းတွဲသည် ၎င်းတို့ သုံးဦး၏ ဘဏ္ဍာရေး လွတ်လပ်ခွင့် ပြန်လည်ရရှိရေးအတွက် မည်မျှအထိ လုပ်ဆောင်သည်နှင့် ထိုကိစ္စ အောင်မြင်ရေး ၎င်းတို့သည် တရားမဝင်လုပ်ငန်းကို လုပ်ရန် စိတ်အားထက်သန်မှု ရှိ၊ မရှိကို ပြသသည်။

အရှိအတိုင်းဆိုရပါက ထိုဇာတ်လမ်းတွဲသည် ဘာသာရေးနှင့် ပတ်သက်သည့်အမြင်ကို ဖော်ပြနေပသည်။ “သက်ဝင်ယုံကြည်သူများ” သည် မည်သူမှ အသုံးမပြုရသေးဖွယ်ရှိသည့် အငြင်းပွားဖွယ် နည်းလမ်းတခုကို ရှာဖွေတွေ့ရှိသော လူငယ် သုံးဦး၏ ဇာတ်လမ်းတပုဒ် ဖြစ်သည်။

(The Cinemaholic ပါ Nathan Patra ၏ Netflix’s The Believers: Is the Crime Drama Show Inspired by Reality? ကို ဘာသာပြန်သည်။)

You may also like these stories:

ပျက်စီးသွားရတဲ့ အိပ်မက်များအကြောင်း ရုပ်ရှင်ပြပွဲ (ရုပ်/သံ)

မြန်မာ့ရုပ်ရှင်လောကကို သရော်ထားတဲ့ “ခြေလေးချောင်း” ရုပ်ရှင် ဒါရိုက်တာနှင့် မေးမြန်းခြင်း

မသောက်မိသောမိုးခါးရေ ရုပ်ရှင်ဖန်တီးသူ ဒါရိုက်တာကိုပေါက်နှင့်အင်တာဗျူး (ရုပ်/သံ)

ဘာလင်ရုပ်ရှင်ပွဲတော် မှတ်တမ်းရုပ်ရှင်ဆု “Myanmar Diaries”ရရှိ

Your Thoughts …
Tags: NetflixThe Believersထိုင်းဇာတ်လမ်းတွဲဖျော်ဖြေရေးဘာသာရေးလူငယ်လုပ်ငန်းရှင်
Nathan Patra

Nathan Patra

Similar Picks:

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ကြွားလုံးများ နောက်ကွယ်မှ အမှန်တရား

by မောင်ကဝိ
19 March 2024
23.4k

ကွမ်းလုံအပြင် ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကြူကုတ်(ပန်ဆိုင်း)၊ မုန်းကိုး၊ နမ့်ခမ်း စတဲ့ ရှမ်းမြောက်မြို့တွေကို ဆက်တိုက်လက်လွှတ်ရလို့ မင်းအောင်လှိုင်လည်း ဗိုလ်မြောက်ရှုံးရယ်လို့ အမည်တွင်ခဲ့တော့တယ်။

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

by ဇေယျ (အညာ)
10 August 2023
15.8k

ယခုလည်း မြန်မာစစ်ခေါင်းဆောင်က အကြီးဆုံးဘုရားဆိုသည်ကို ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ပြီးချိန်တွင် မြန်မာငွေက နောက်တဆင့်တိုး၍ ဖောင်းပွနေ၏။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
15.3k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

စစ်ရှုံးနေသော မင်းအောင်လှိုင်ကို ယတြာတွေလည်း မကယ်နိုင်

စစ်ရှုံးနေသော မင်းအောင်လှိုင်ကို ယတြာတွေလည်း မကယ်နိုင်

by မောင်ကဝိ
21 March 2024
13.7k

သမ္မတဖြစ်ချင်တဲ့အတွက် ဘုရားတွေကို ပြုပြင် ထီးတင်တာတွေကို မင်းအောင်လှိုင် လုပ်နေကျဖြစ်ပါတယ်။

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

by အောင်ဇော်
10 June 2024
13.7k

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် စစ်တပ်သည် ဘာသာရေးဝှက်ဖဲကို ဆက်လက် အသုံးပြုသည်။

ပွိုင့် ၂၂၀၂ သို့မဟုတ် နန်ထင်မင်စမ်း ကိုးကန့် ရိုးရာနတ်ကွန်း နောက်ကွယ်

ပွိုင့် ၂၂၀၂ သို့မဟုတ် နန်ထင်မင်စမ်း ကိုးကန့် ရိုးရာနတ်ကွန်း နောက်ကွယ်

by ကိုဦး
15 January 2024
13.5k

နန်ထင်မင်စမ်းတောင်ပေါ်မှ စေတီဖျက်ဆီးခြင်းကို ဘာသာရေးစော်ကားမှု၊ ဖျက်ဆီးမှုအဖြစ် အချို့ သတင်းဌာနများက သရုပ်ဖော်သည်။ ဇာစ်ဇာစ်မြစ်မြစ် စုံစမ်းမှု မပြုကြပေ။

Next Post
NLD နာယက သူရဦးတင်ဦး ဆေးကုသမှု ခံယူနေရ (ရုပ်/သံ)

NLD နာယက သူရဦးတင်ဦး ဆေးကုသမှု ခံယူနေရ (ရုပ်/သံ)

မတူပီခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ချင်းတော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်

မတူပီခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ချင်းတော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.4k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate