• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ဘေးနဲ့ဝမ်းရေးကြား ရှင်သန်ဖို့ ရုန်းကန်နေရတဲ့ သံတွဲဒေသခံများ

by ရိုးကျော်
1 June 2024
in ဆောင်းပါး
A A
စစ်ဘေးနဲ့ဝမ်းရေးကြား ရှင်သန်ဖို့ ရုန်းကန်နေရတဲ့ သံတွဲဒေသခံများ

ရခိုင်မြောက်ပိုင်း AA) နှင့် စစ်တပ်တို့ကြား ပြီးခဲ့သည့် နိုဝင်ဘာလက တကျော့ပြန် တိုက်ပွဲများ ပြန်ဖြစ်ခဲ့သဖြင့် ပြည်နယ်တွင်းနှင့် ပြည်မနှင့် ဆက်သည့်လမ်းများကို စစ်တပ်က ပိတ်ဆို့ခဲ့သည်(ဧရာဝတီ)

797
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်တောင်ပိုင်း တိုက်ပွဲများဖြစ်ပွားရာ ဧရိယာတဝိုက်ရှိ ပြည်သူများ သံတွဲမြိုပေါ်သို့ တက်ရောက်နိုင်မည့် လမ်းကြောင်းများကို စစ်ကောင်စီ ပိတ်ဆို့ဖြတ်တောက်ထားသည်မှာ ကာလကြာမြင့်လာပြီဖြစ်သဖြင့် ဆေးဝါးနှင့် စားနပ်ရိက္ခာများ ပြတ်လပ်နိုင်မည့်အခြေအနေနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

သံတွဲမြို့နှင့် မြောက်ဘက် မိုင် ၂၀ ဝန်းကျင်အကွာရှိ တိုက်ပွဲများဖြစ်ပွားရာဒေသမှ မြို့ပေါ်သို့ သွားလာရာတွင် အသုံး ပြုသည့်ကားလမ်းကို ပြည်သူများ အသုံးပြုနိုင်ခြင်းမရှိသည်မှာ ၁ လ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

RelatedPosts

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

18 July 2025
1.5k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

17 July 2025
3.4k
နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

16 July 2025
1.8k

သံတွဲဒေသသည် မြစ်ချောင်းများ ပေါများသည့်အလျှောက် ယင်းကျေးရွာများမှ စစ်ရှောင်ပြည်သူများသည် ဆင်ခေါင်း-ကင်းမော် ရေလမ်းကို ပြောင်းလဲအသုံးပြုခဲ့ကြသည်။ သံတွဲတိုက်ပွဲများ ဖြစ်ပွားခဲ့သည့် ရွှေလှေတိုက်နယ်မှ စစ် ရှောင်ပြည်သူများနှင့် အနီးဝန်းကျင်ကျေးရွာများ အဓိက အားကိုးအားထားပြုနေရသည့် ဆင်ခေါင်း-ကင်းမော် ရေ လမ်းကြောင်းကို မေလ ၂၀ ရက်တွင် စစ်ကောင်စီက ထပ်မံ ပိတ်ဆို့ခဲ့သည်။

အဆိုပါ လမ်းကိုအသုံးပြုပါက ပစ်မည်ဟု ခြိမ်းခြောက်ပိတ်ဆို့ထားသည်မှာ ၁၀ ရက်ဝန်းကျင် ကြာမြင့်လာပြီ ဖြစ်ရာ ဒေသခံပြည်သူများနှင့် စစ်ရှောင်အများအပြား စားနပ်ရိက္ခာပြတ်လတ်တော့မည့်အခြေအနေရင်ဆိုင်နေရပြီး အချို့မှာ အငတ်ဘေးနှင့် စတင်ရင်ဆိုင်လာနေရပြီ ဖြစ်ကြောင်း သိရသည်။

ရွှေလှေတိုက်နယ်၊ ဇီးကျွန်းကျေးရွာဒေသခံတဦးက “တနပ်ကို ဆန် ၄ ဗူး ချက်စားရတဲ့အိမ်မှာ အားလုံးမှ ၄ ဗူးပဲရှိလို့ ညနေအတွက် ၂ ဗူး ချန်ထားပြီး ဆန်ကွဲနဲ့ ရော ချက်စားနေရပြီ။ ဒီပုံစံအတိုင်းဆို မိုးရာသီမှာ ငတ်ကြဖို့၊ မြေကြီးခဲ စား နေလို့မှ မရတာ” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ အာရက္ခတပ်တော် (AA) နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တကျော့ပြန် တိုက်ပွဲများ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စစ်တပ်က ရခိုင်ပြည်နယ်တွင်း သွားလာဆက်သွယ်ရေးများကို ကန့်သတ်ခဲ့သလို၊ ပြည်မသို့ သွားလာသည့် လမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ခဲ့သည်။

ထို့နောက် သံတွဲဒေသရှိ ခရီးသွားလုပ်ငန်း၊ ရေလုပ်ငန်းစသည့် ဝင်ငွေရလုပ်ငန်းကြီး၊ လုပ်ငန်းငယ်များနှင့် တပိုင်တနိုင် အိမ်တွင်းမှု လုပ်ငန်းပေါင်းများစွာ ရပ်ဆိုင်းခဲ့ရသလို စီးပွားရေးကျပ်တည်းမှုများ၊ အခြေခံလက်လုပ်လက်စားများစွာ ငတ်မွတ်ခေါင်းပါးမှုပြဿနာကို စတင်ရင်ဆိုင်ခဲ့ရသည်။ ယင်းသို့ အကျဉ်းအကျပ် အလယ်ရောက်ရှိနေချိန်တွင် သံတွဲ ဒေသ၌ တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။

ရွှေလှေကျေးရွာသားတဦးက “ဆန်က အိမ်တိုင်းစေ့ မဖူလုံဘူး၊ လက်လုပ်လက်စားသမားများတယ်၊ ငွေကြေးတတ်နိုင် သူတွေက ကြိုဝယ်ထားနိုင်ကြပေမယ့် မဝယ်ထားနိုင်တဲ့သူတွေက ဆိုင်တွေမှာ ကုန်ရင် မလွယ်တော့ဘူး၊ အခု အခြား ဆေးပစ္စည်းတွေလည်း ဝယ်လို့ သိပ်မရတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ယခုလက်ရှိတွင် အခြေခံစားသောက်ကုန်စည်ဈေးနှုန်းများအဆမတန် မြင့်တက်နေသလို၊ အခြေခံ လူသုံးကုန် အများစုမှ ဝယ်ယူ၍ မရနိုင်တော့ကြောင်း ရွှေလှေတိုက်နယ် လင်းသီကျေးရွာသားတဦးက ပြောသည်။

၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ်သံတွဲမြို့၊ ငပလီကမ်းခြေတွင် ငါးဖမ်းသင်္ဘောမှ ငါးများသယ်လာသော အမျိုးသမီးငယ်တဦး/Reuters

“အခု ကော်ဖီမစ် တထုပ်တောင် ၇၀၀ လောက်ဖြစ်နေပြီ၊ ဆပ်ပြာမွှေးအသေးလေး တခဲကို ၂ ထောင်” ဟု သူက ဆိုသည်။

သံတွဲတိုက်ပွဲ ဧရိယာတဝိုက်မှ ပြည်သူများသည် မူလကတည်းက အခြေခံလက်လုပ်လက်စားများသော ဒေသဖြစ် သည့်အပြင် ဒေသအတွင်းပိတ်မိနေခြင်း၊ နေရပ် စွန့်ခွာကာ စစ်ဘေးမှ မကြာခဏ တိမ်းရှောင်နေရခြင်းကြောင့် အများ စုမှာ ဝင်ငွေမရှိတော့သည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ ယင်းအခြေအနေကြားက ဒေသခံများသည် ဆန်ကြမ်း ၁ ပြည်လျှင် ကျပ် ၅ ထောင်နှင့်အထက် ပေးဝယ်စားသောက်နေရသည်။ ယင်းသို့ ဈေးကြီးပေး ဝယ်ခြမ်းနေရသည့် ကုန် ပစ္စည်းများပင်လျှင် တချို့ကျေးရွာများတွင် ပြတ်တောက်လုနီးပါးဖြစ်နေကြောင်း သိရသည်။

နတ်တောင်မော်ကျေးရွာမှ ဒေသခံတဦးက “ကုန်းလမ်းကလည်း သွားမရတော့ အခက်အခဲ တော်တော်ဖြစ်တယ်။ အခု ရေလမ်းလည်း ပိတ်ထားတော့ စားရေးသောက်ရေးတောင် မလွယ်တော့ဘူးဖြစ်နေပြီ။ အခုဆို ဆိုင်တွေမှာ မနည်း ပြတ် ကုန်ရာ (ပြတ်ကုန်ပြီ)၊ ရေလမ်းကို ဆက်ပိတ်ထားရင် နောက်ဆို ငတ်ကြဖို့ပဲရှိတယ်” ဟု ပြောသည်။

ထို့ပြင် အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်များသာမက ကျန်းမာရေးအတွက် ဆေးဝါး ပြတ်တောက်မှုများလည်း ကြုံတွေ့နေရကြောင်း သိရသည်။

နတ်တောင်မော်ကျေးရွာမှ ဒေသခံတဦးက ဆက်လက်၍ ”နေမကောင်းလို့ ဆေးသောက်ချင်တာ၊ ပါရာစီတမော့ တောင် ဝယ်လို့မရဘူး။ ရွာမှာလည်း သူနာပြု ဆရာမက မရှိ၊ ရှိတဲ့ရွာကျပြန်တော့လည်း သူတို့မှာ ဆေးက မရှိ” ဟု ပြောသည်။

လမ်းကြောင်းများ ပိတ်ဆို့ထားခြင်းကြောင့် အသည်းအသန် မကျန်းမာသူများမှာ စက်လှေအသုံး မပြုဘဲ၊ လက်လှော် လှေကို သုံး၍ သွားလာရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အလားတူ သံတွဲမြို့နယ်အတွင်းရှိ စာသင်ကျောင်းများမှ ကျောင်းအုပ်များကို စစ်ကောင်စီက ကျောင်းဆရာ၊ ဆရာမ များကို ဖိအားပေး အဓမ္မအစည်းအဝေးခေါ်ခိုင်းခြင်း၊ ကျောင်းဖွင့်ခိုင်းခြင်း၊ ကျောင်းအပ်လက်ခံခြင်းများ ပြုလုပ်ခိုင်း လျက်ရှိသည်။

ယခုကဲ့သို့ လမ်းပိတ်ဆို့ထားသည့်အတွက် ကင်းမော်ကျေးရွာတွင် ကျောင်းတက်မည့် တဖက်ကမ်း ကျေးရွာများမှ ကလေးများလည်း ကျောင်းမအပ်နိုင်သည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

မေ ၂၇ ရက် နံနက်က ကင်းမော်ကျေးရွာ အ.ထ.က ကျောင်းတွင် ကျောင်းအပ်လက်ခံရန် ရေလမ်းကို ယာယီဖွင့် ပေးခဲ့သော်လည်း ကျောင်းသားမိဘမဟုတ်သူများ ဖြတ်သွားဖြတ်လာသည်ဆိုသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီမှ ချက်ချင်းပြန်ပိတ်ခဲ့ကြောင်း ကင်းမော်ကျေးရွာမှဒေသခံတဦးက ပြောသည်။

“ကူးတို့ကူးရတဲ့ရွာက ကလေးတွေ ကျောင်းမအပ်လိုက်ရဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

ဝါးနွယ်ပြင်၊ မျှော့ဝမ်း၊ ကြက်စားချောင်၊ ဒေါင်းပြင်၊ အလယ်ရွာ၊ ကျွန်းပေါက်၊ ချောင်းဝ စသည့် ကျေးရွာများတွင် နေထိုင်သည့် ကျောင်းသားကလေးသူငယ်များသည် ဆင်ခေါင်း-ကင်းမော် ရေလမ်းကို အသုံးပြုကာ အ.ထ.က (ကင်းမော်) သို့ လာရောက် ကျောင်းတက်ကြရသည်။

ယခုရက်ပိုင်းအတွင်း သံတွဲဒေသ၌ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ၊ အနည်းငယ် ငြိမ်သက်နေခြင်းကြောင့် စစ်ကောင် စီပိတ်ထားသည့် လမ်းများကို အသုံးပြုရန် မလိုအပ်သည့် အနီးဝန်းကျင်ရွာများတွင် စစ်ရှောင်နေသော တချို့ဒေသခံ များ မိမိတို့ ရွာကို ပြန်ဝင်နေကြကြောင်း ဒေသခံတချို့ထံမှ စုံစမ်းသိရသည်။

“ဝင်ငွေရ အလုပ်တွေတော့ မရှိကြတော့ဘူး၊ တချို့ကျ လက်နက်ကြီးမှန်လို့ နွားသေထားတော့ လယ်ထွန်ဖို့ နွားမရှိ ကြတော့ဘူး။ ဒီနေ့ မနက်ပိုင်းကတော့ ရွာနားက တောင်ကို ဟောင်ဝှစ်ဇာတလုံး လှမ်းပစ်တယ်” ဟု ရွှေလှေတိုက်နယ်၊ ပေါက်တောကျေးရွာမှ လယ်သမားတဦးက လက်ရှိ အခြေအနေကို ပြောသည်။ ။

You may also like these stories:

စစ်တွေမြို့ကို ပိတ်ဆို့၍ စစ်ကောင်စီ လူဖမ်းနေ

သံတွဲဒေသခံတို့ စစ်ရှောင်မည့်လမ်းများ စစ်ကောင်စီ ပိတ်ထား

သံတွဲမြို့ရှိ ဌာနဆိုင်ရာများ ပြောင်းရွှေ့နေဟုဆို

Your Thoughts …
Tags: ကုန်ဈေးနှုန်းစစ်ရှောင်စားနပ်ရိက္ခာပြတ်လပ်လမ်းကြောင်းပိတ်ဆို့သံတွဲ
ရိုးကျော်

ရိုးကျော်

ရိုးကျော်သည် ရခိုင်ပြည်နယ် အခြေစိုက် သတင်းသမားဟောင်းတဦးဖြစ်ပြီး ယခုအခါ အမျိုးသမီးအရေးကဏ္ဍနှင့် ဒေသတွင်း သတင်းဆောင်းပါးများကို ရေးသားနေသူဖြစ်သည်။

Similar Picks:

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.7k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
20.9k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

by ခင်မမ
12 January 2024
16.7k

စစ်မတိုက်တတ်၍ စစ်ရှုံးနေသော၊ ဘာမဆိုလုပ်ရဲသော သာဝတယောက် ၂၀၂၄ နှစ်ဆန်းတွင် စစ်သံမပေးရဲ၊ လေသံ မမာရဲတော့ပေ။

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

by ဇေယျ (အညာ)
10 August 2023
15.8k

ယခုလည်း မြန်မာစစ်ခေါင်းဆောင်က အကြီးဆုံးဘုရားဆိုသည်ကို ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ပြီးချိန်တွင် မြန်မာငွေက နောက်တဆင့်တိုး၍ ဖောင်းပွနေ၏။

စစ်ကောင်စီ ဆန်‌စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို

စစ်ကောင်စီ ဆန်‌စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို

by ဧရာဝတီ
28 August 2023
12.1k

ပြည်တွင်း ဆန်ဈေးကို စစ်ကောင်စီ သတ်မှတ်ထားသည့် ဈေးနှင့်သာ ရောင်းချရမည် ဖြစ်ကြောင်း၊ ယင်းသတ်မှတ် ဈေးထက် ပို၍ ရောင်းချပါက အရေးယူသွားမည်

အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

by ဝေမင်းထွန်း
26 August 2023
11.2k

မြန်မာစစ်တပ်တွင် မူမရှိချေ။ ၎င်းတို့တွင် အကျိုးစီးပွားသာရှိကြ၏။ ၎င်းတို့ အာဏာခိုင်မြဲရေးကိုသာ ရှေးရှုကြ၏။

Next Post
အနိမ့်အမြင့်အချိုးအကွေ့ အပြည့်နှင့် သူရဦးတင်ဦး၏ ဘ၀ကောက်ကြောင်း

အနိမ့်အမြင့်အချိုးအကွေ့ အပြည့်နှင့် သူရဦးတင်ဦး၏ ဘ၀ကောက်ကြောင်း

ဒေါ်နယ် ထရမ့် ထောင်ကျနိုင်ခြေရှိသလား

ဒေါ်နယ် ထရမ့် ထောင်ကျနိုင်ခြေရှိသလား

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.4k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.4k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဥ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate