• English
Monday, June 16, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သူရဲဘောကြောင်သည့် လေကြောင်းမှ သတ်ဖြတ်တိုက်ခိုက်ခြင်း

by David Scott Mathieson
1 June 2024
in ဆောင်းပါး
A A
သူရဲဘောကြောင်သည့် လေကြောင်းမှ သတ်ဖြတ်တိုက်ခိုက်ခြင်း

ဘန်ကောက်မှာ ပြတဲ့ “When We See The Planes" ပါ ပန်းချီကား တချပ်

1.3k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှ အနုပညာပြပွဲတခုသည် မြန်မာမှ ပြင်းထန်သော လေကြောင်းအကြမ်းဖက်မှုတွင် ပိတ်မိနေသည့် အရပ်သားများ၏ ကြောက်မက်ဖွယ် အတွေ့အကြုံကို စူးစမ်းလေ့လာထားသည်။

ခရိုင် ဆရီဒီးနှင့် ဆက်ထာဆီရီ ချန်ဂျာရက်ပေါင်တို့ စီစဉ်သည့် “When We See The Planes” ကို ဘန်ကောက်ရှိ Studio Fluff တွင် ၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ပြသထားသည်။

RelatedPosts

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

16 June 2025
2.1k
တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

တရုတ်ပြည်က ရှမ်းတို့ရဲ့ စစ်ဆောင်ပန္နား

16 June 2025
449
ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

16 June 2025
889

မြန်မာအနုပညာအဖွဲ့ A New Burma က ပြသသည့် ပန်းချီနှင့်ဓာတ်ပုံ အင်စတော်လေးရှင်း အနုပညာပြပွဲသည် စစ်ကောင်စီ၏ ကျယ်ပြန့်ပြီး ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများကြောင့် သတ်ဖြတ်ခံရသူများ အထိမ်းအမှတ်နှင့် ထိခိုက်သူများ၏ ကိုယ်တွေ့ အတွေ့အကြုံကို ဖော်ထုတ်လိုက်ပြီး နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများနှင့် ပတ်သက်၍ နှိုးဆော်မှုကို မြှင့်တင်ပေးသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့က စတင်လိုက်သည့် တုန်လှုပ်ဖွယ်ထိုးစစ် ၁၀၂၇ စစ်ဆင်ရေး ခုနစ်လပြည့်သည့်နေ့တွင် ရှမ်း၊ ကရင်နီ၊ ကရင်၊ ကချင်နှင့် ရခိုင်ပြည်နယ်များမှ အမျိုးမျိုးသော တော်လှန်ရေးအင်အားစုများ နယ်မြေအကြီးအကျယ် သိမ်းပိုက်နေစဉ် စစ်ကောင်စီ၏ လေကြောင်းအင်အားကို သိမ်းကြုံးအသုံးပြုမှု မြင့်မားလာသည်။

ထင်ရှားသော မြန်မာသုတေသနအဖွဲ့ဖြစ်သည့် ဉာဏ်လင်းသစ် သုတေသနအဖွဲ့က မြန်မာနိုင်ငံတဝန်းလုံးမှ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများကို ခြေရာခံပြီး ထိုကောင်းမွန်သည့် သုတေသနက ပြသချက်အရ လေကြောင်း တိုက်ခိုက်မှုများသည် ပြင်းအားနှင့် တိကျမှု ဆက်တိုက် မြင့်မားလာကြောင်း ပြသနေသည်။ ၂၀၂၄ ခုနှစ် ပထမ လေးလအတွင်း စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု ၈၁၉ ကြိမ် ပြုလုပ်ပြီး ပျမ်းမျှအားဖြင့် တနေ့လျှင် ခြောက်ကြိမ်ဖြစ်ကာ အရပ်သား ၃၅၉ ဦး သေဆုံးပြီး အခြားသူ ၇၅၆ ဦး ဒဏ်ရာရသည်။

ဘန်ကောက်တွင် “When We See The Planes” ပန်းချီနှင့်ဓာတ်ပုံ အင်စတော်လေးရှင်း အနုပညာပြပွဲကို မြန်မာအနုပညာအဖွဲ့ A New Burma က ပြသသည်

ဘာသာရေး အဆောက်အအုံ ၅၀၊ ကျောင်း ၃၈ ကျောင်းနှင့် ကျန်းမာရေး အဆောက်အအုံ ၁၁ ခုကိုလည်း ထို လေးလအတွင်း ဖျက်ဆီးခဲ့သည်။ ယခင်နှစ်များက မှတ်တမ်းတင်ထားသည့် လေကြောင်းတိုက်ခိုက်မှုများနှင့်နှိုင်းယှဉ်ပါက ၂၀၂၁ ခုနှစ်တွင် ၈၅ ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် ၃၃၉ ကြိမ်နှင့် ၂၀၂၃ ခုနှစ်တွင် ၁,၂၂၈ ကြိမ်အထိ မြင့်တက်သွားကြောင်း ဉာဏ်လင်းသစ် သုတေသနက ဖော်ပြသည်။

ခုခံတော်လှန်ရေး တယ်လီဂရမ် Enemy Air Route (EAR) သည် မြန်မာလေတပ်၏ အမျိုးမျိုးသော လေယာဉ်ပျံသန်းမှုများနှင့် ဦးတည်ရာများကို ပြည်သူလူထုအား အသိပေးနေသည်။ EAR သည် လေတပ်စခန်း တည်နေရာများ၏ ပုံများနှင့် လေယာဉ်အမျိုးမျိုး ပစ်မှတ်ဇုန်များသို့ ပျံသန်းရန် ကြာချိန်ကိုလည်း ထုတ်ပြန်ထားသည်။

ခုခံတော်လှန်ရေး တယ်လီဂရမ် Enemy Air Route (EAR) သည် မြန်မာလေတပ်၏ အမျိုးမျိုးသော လေယာဉ်ပျံသန်းမှုများနှင့် ဦးတည်ရာများကို ပြည်သူလူထုအား အသိပေးနေသည်။ EAR သည် လေတပ်စခန်း တည်နေရာများ၏ ပုံများနှင့် လေယာဉ်အမျိုးမျိုး ပစ်မှတ်ဇုန်များသို့ ပျံသန်းရန် ကြာချိန်ကိုလည်း ထုတ်ပြန်ထားသည်။

၂၃ မမ နှင့် ၃၀ မမ အမြောက်များ၊ S-8 ၈၀ မမ ဒုံးကျည်များ၊ KAB 500 ပဲ့ထိန်းဗုံးများနှင့် ၂၅၀ ကီလိုဂရမ် မြေဆွဲအားဗုံးများ စသည့် လက်နက်စနစ်များကို စစ်ကောင်စီအသုံးပြုမှု အသေးစိတ်ကိုလည်း ဖော်ပြထားသည်။

နည်းပညာဆိုင်ရာ သတင်းအချက်အလက်အများစုကို အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် လေတပ်အရာရှိဟောင်းများက ပေးခြင်းဖြစ်သော်လည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ၂၀၁၁ ခုနှစ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် ၂၀၁၉ ခုနှစ်မှ စတင်ပြီး လေကြောင်းတိုက်ခိုက်မှု ပုံမှန်တိုးလာသောကြောင့် အခြေကျပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် စစ်ကောင်စီ၏ စွမ်းရည်ကို ကောင်းစွာသိကြသည်။

စစ်ကောင်စီလေတပ်၏ အနီးကပ် လေကြောင်းအထောက်အကူ (CAS) အများစု၏ အများအားဖြင့် မတိကျမှုနှင့် ခြေလျင်တပ်များနှင့် တွဲထားသည့် ရှေ့တန်းလေကြောင်းအကဲဖြတ်သူများ (FAO) မရှိခြင်းသည် လေ့လာသူ အများအပြားအတွက် ထင်ရှားလာသည်။

သို့သော် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု တိကျခြင်းသည် သိသိသာသာ တိုးတက်လာသည်။ ထိုအချက်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလက ဖားကန့်မှ ဂီတပွဲကို ညဘက် လေကြောင်းတိုက်ခိုက်မှု၊ ၂၀၂၃ ခုနှစ်၊ ဧပြီလက မန္တလေးအနောက်ဘက်မှ ပဇီကြီးကျေးရွာတွင် အရပ်သား အနည်းဆုံး ၁၆၅ ဦး သေဆုံးစေသည့် လေကြောင်းသတ်ဖြတ်မှု၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ကချင်ပြည်နယ်မှ စစ်ဘေးရှောင်စခန်းကို တိုက်ခိုက်မှုနှင့် အရပ်သား ၁၇ ဦး သေဆုံးစေသည့် ယခုနှစ် ဇန်နဝါရီလက စစ်ကိုင်းတိုင်းမှ စိန့်ပီတာ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းကို တိုက်ခိုက်မှုတို့တွင် တွေ့ရသည်။

မကြာသေးမီ ရက်သတ္တပတ်များက ချင်းပြည်နယ်၊ တွန်းဇံမှ အရပ်သားများကို စစ်ကောင်စီလေတပ် လေကြောင်းတိုက်ခိုက်မှုသည် မကွေးတိုင်း၊ ဆောမြို့နယ်မှ အရပ်သားများကို တိုက်ခိုက်မှုကဲ့သို့ပင် အထူးပြင်းထန်သည်။

စစ်ကောင်စီလေတပ်၏ မကြာသေးမီက လေကြောင်းတိုက်ခိုက်မှုများတွင် တရုတ်လုပ် Harbin Y-12 သယ်ယူပို့ဆောင်ရေး လေယာဉ်များကဲ့သို့ ပိုမိုသစ်လွင်သော လေယာဉ်များကို အသုံးပြုလာသည်။ ထိုလေယာဉ်များသည် တော်လှန်ရေးတပ်များ သို့မဟုတ် အရပ်သားများအပေါ် အနိမ့်ပျံကာ မော်တာကျည်များ ကြဲချနိုင်သည့် ပန်ကာ နှစ်ခုတပ် အနှေးပျံလေယာဉ်များ ဖြစ်သည်။

ထိုလေကြောင်းတိုက်ခိုက်မှုများသည် အတိအကျ-ပဲ့ထိန်းခဲယမ်းများလောက် တိကျမှု မရှိသော်လည်း သေနင်္ဂဗျူဟာ ရည်မှန်းချက်သည် အကြောက်တရား ဖြစ်ပေါ်စေရန်ဖြစ်ပါက တရုတ်လုပ် ထိုလေယာဉ်များသည် စစ်ကောင်စီ၏ ရည်မှန်းချက်အတွက် အသုံးဝင်သည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက စစ်ရှောင်စခန်းတခုကို စစ်ကောင်စီတပ်က ဗုံးကြဲပြီးနောက် မြင်ကွင်း

ဗြိတိန်လုပ် BN2 Islander, အမေရိကန်လုပ် Beechcraft 19 နှင့် ATR-72 ကဲ့သို့ အပေါ့စား လေယာဉ်များ ပျံသန်းမှုကိုလည်း တွေ့ရကြောင်း EAR က ဖော်ပြသော်လည်း ထိုလေယာဉ်များကို တိုက်ခိုက်ရေးအခန်းကဏ္ဍတွင် မဖော်ပြသေးပေ။

ရုရှားလုပ် Yak-130 အပေါ့စားတိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေသော်လည်း ခုခံတော်လှန်ရေး အင်အားစုများသည် လေယာဉ်ပစ်စွမ်းရည် တိုးတက်လာသောကြောင့် Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို စစ်ပွဲဇုန်အချို့တွင် တွေ့ရနည်းလာပုံရသည်။

ထိုလေယာဉ်ပစ်စွမ်းရည်တွင် အများစုပေါင်းလှူဒါန်းသည့် စက်သေနတ်ကြီးများ ပါဝင်ပြီး အစောပိုင်းက ရန်ပုံငွေရှာပြီးနောက် ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ပြီးခဲ့သည့် နိုဝင်ဘာလတွင် Yak-130 တစီးကို ပစ်ချလိုက်သည်။

အဝေးရောက်မြန်မာများသည် လေကြောင်းတိုက်ခိုက်မှုများကို တန်ပြန်ရန် ရန်ပုံငွေရှာသည့် Project Dragonfly လှုပ်ရှားမှုလုပ်ခဲ့သည်။ မြန်မာဝေါဟာရများတွင် စကားလုံးသစ်များ ပေါ်ပေါက်လာပြီး “ငှက်ကင်” ဆိုသည်မှာ ပစ်ချလိုက်သည့် တိုက်လေယာဉ်ဖြစ်ပြီး “ပုစဉ်းကင်” ဆိုသည်မှာ ပစ်ချလိုက်သော ရဟတ်ယာဉ်ဖြစ်သည်။

အဝေးရောက်မြန်မာများသည် လေကြောင်းတိုက်ခိုက်မှုများကို တန်ပြန်ရန် ရန်ပုံငွေရှာသည့် Project Dragonfly လှုပ်ရှားမှုလုပ်ခဲ့သည်။ မြန်မာဝေါဟာရများတွင် စကားလုံးသစ်များ ပေါ်ပေါက်လာပြီး “ငှက်ကင်” ဆိုသည်မှာ ပစ်ချလိုက်သည့် တိုက်လေယာဉ်ဖြစ်ပြီး “ပုစဉ်းကင်” ဆိုသည်မှာ ပစ်ချလိုက်သော ရဟတ်ယာဉ်ဖြစ်သည်။

စစ်ကောင်စီ၏ ပိုမိုပြင်းထန်လာသည့် လေကြောင်းတိုက်ခိုက်မှုများသည် ရုရှားက ယူကရိန်းကို ကျူးကျော်ခြင်းကြောင့် စစ်ကောင်စီလေတပ်တွင် အပိုပစ္စည်းများနှင့် အစားထိုးရန်ပစ္စည်းများ ပြတ်လပ်လိမ့်မည်ဆိုသည့် ၂၀၂၂ ခုနှစ်က စဉ်းစားပုံ မမှန်ကြောင်း ပြသနေသည်။ ပြုပြင်ထိန်းသိမ်းရေးသည် ပြဿနာတခုဖြစ်ပါက ထိုကိစ္စသည် စစ်ဆင်ရေး အရှိန်အဟုန်ကို သိသိသာသာ ထိခိုက်စေခြင်း မရှိသေးပေ။

အလားတူစွာပင် ခဲယမ်းများသည်လည်း လျော့နည်းလာပုံ မရပေ။ လေယာဉ်မှူးများ၏ စိတ်ဓာတ်နှင့် တနေ့တွင် ရာဇဝတ်ကြောင်းအရ အရေးယူမှုဖြစ်နိုင်သည့် အရပ်သားပစ်မှတ်များကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ တိုက်ခိုက်သည့် စစ်ရာဇဝတ်မှုများတွင် ပါဝင်ခြင်း အပါအဝင် စစ်ကောင်စီအတွက် တာဝန်ထမ်းရန် စိတ်ပိုင်းဖြတ်မှုသည်လည်း အများအပြား မထိခိုက်ပေ။ လေယာဉ်ဆီ ရောင်းချမှုကို ကန့်သတ်ရန် အစီအမံများသည်လည်း ယခုအချိန်အထိ မည်သည့် သက်ရောက်မှုမှ မရှိသေးပေ။

ဒီဇင်ဘာလက ပြုလုပ်သည့် မြန်မာလေတပ် ထူထောင်ခြင်း ၇၆ နှစ်မြောက်နေ့ကို နေပြည်တော်လေဆိပ်၏ လုံခြုံသည့်နေရာတွင်လုပ်ပြီး ယခင်နှစ်များကထက် လေယာဉ်ပါဝင်မှု နည်းသောကြောင့် စစ်ကောင်စီ အခြေအနေ မကောင်းသည့် သင်္ကေတအဖြစ် သုတေသီအချို့က ပုံဖော်ရန် ကြိုးစားသည်။

သို့သော် ထိုကဲ့သို့ မဟုတ်ပေ။ ထိုအခမ်းအနားတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လေယာဉ်မှူးများကို ၎င်းတို့တိုက်ခိုက်မှုများ ထိရောက်မှုနှင့် စွမ်းရည်မြင့်မားမှုအတွက် ချီးကျူးပြီး ရန်သူကို ချေမှုန်းရန် လိုအပ်သည့် စစ်လက်နက်ပစ္စည်း ထောက်ပံ့ရန် ကတိပြုသည်။ (မကြာသေးမီက ရရှိထားသည့် ရုရှားလုပ် Su-30 ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ်များကိုလည်း ထိုအခမ်းအနားတွင် ပြသသည်။)

တချိန်တည်းတွင် စစ်ကောင်စီတပ်များသည် မောင်းသူမဲ့လေယာဉ် (UAVs) များကိုလည်း မကြာသေးမီက သိသိသာသာ ပိုမိုအသုံးပြုလာသည်။ နည်းဗျူဟာ ထောက်လှမ်းရေးဒရုန်းများကို ခြေလျင်တပ်များက တခါတရံ ဖြန့်ချသော်လည်း စွမ်းရည်မြင့်မားသည့်စနစ်များကို ပိုမိုနက်ရှိုင်းသော ထောက်လှမ်းမှုများ၊ ဗုံးကြဲတိုက်ခိုက်မှု အကဲဖြတ်ခြင်းနှင့် ခုခံတော်လှန်ရေး အင်အားစုများ၊ အရပ်သားပစ်မှတ်များကို အမြောက်ဖြင့် ပိုမိုတိကျစွာ ပစ်မှတ်ထားရန် အသုံးပြုသည်။

ဘန်ကောက်မှာ ပြတဲ့ “When We See The Planes” ပါ ပန်းချီကား တချပ်

CH3A, Sky O2A နှင့် Yellow Cat A2 စသည့် တရုတ်လုပ်ဒရုန်းများကို အသုံးပြုနေပြီး ရုရှားလုပ် Orlan 10E ကိုလည်း သုံးသည်။ (အစ္စရေးလုပ် Elbit Skylark ထောက်လှမ်းရေး ဒရုန်းများကိုလည်း အသုံးပြုသည်ဆိုသည့် အတည်မပြုနိုင်သော သတင်းများလည်း ရသည်။) စစ်ကောင်စီသည် လက်နက်တပ်ဆင်ထားသည့် မောင်းသူမဲ့ယာဉ် စွမ်းရည်အတွက် ပိုမိုရင်းနှီးမြှုပ်နှံနေသော်လည်း CH3A တခုတည်းသာ မော်တာကျည်များ ပစ်ချရန် အသုံးပြုနိုင်သည်။

စစ်ကောင်စီ ဒရုန်းတိုက်ခိုက်မှု ဗီဒီယိုအများအပြားကို Facebook, YouTube နှင့် စစ်ကောင်စီထောက်ခံသူများ အသုံးပြုသည့် Telegram အပါအဝင် လူမှုကွန်ရက်တွင် တင်ကြသည်။ Tactics for Myanmar Police ဟု အမည်ပေးထားသည့် Facebook စာမျက်နှာတခုတွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှု ဗီဒီယိုများအပြားကို ဖော်ပြထားပြီး ၁၉၇၀ ပြည့်နှစ်များက Electric Light Orchestra (ELO) ၏ Mr Blue Sky သီချင်းကို ထိုဗီဒီယိုများအတွက် နောက်ခံအသံအဖြစ် မလိုက်ဖက်သော်လည်း ထည့်သွင်းထားသည်။

ဗီဒီယိုတခုတွင် လူမှုကွန်ရက်တင်သူက အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကြောင်း ဝန်ခံပြီး “စစ်တပ်သည် အကြမ်းဖက်သမားများကို ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) လုပ် ဗုံးများ စတင် အသုံးပြုတိုက်ခိုက်သည်” ဟု ရေးသားထားသောကြောင့် ထိုဗုံးများကို ပြည်တွင်းတွင် ထုတ်လုပ်နေသည့်သဘော ဖြစ်သည်။

ခုခံတော်လှန်ရေး တပ်များတွင်လည်း ဒရုန်းတပ်ဖွဲ့ အများအပြားရှိပြီး အထင်ရှားဆုံးမှာ Federal Wings ဖြစ်သည်။ ထူးဆန်းစွာ အမည်ပေးထားသည့် Alpha Bat Drone တပ်ဖွဲ့သည်လည်း ထင်ရှားသည်။ မော်လမြိုင်မှ စစ်ကောင်စီ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို ဧပြီလက တိုက်ခိုက်ရာတွင် Alpha Bat Drone တပ်ကို အသုံးပြု တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းကို အပြင်းအထန် ဒဏ်ရာရစေသည်ဟု ကနဦးက ယူဆခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်သည့် တော်လှန်ရေး အင်အားစုများအနက် တခုဖြစ်သော မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (PDF) သည် ဒရုန်းစစ်ဆင်ရေးတွင် အထူးကျွမ်းကျင်ပုံရပြီး ဒရုန်းမောင်းနှင်သူ အများအပြားသည် အမျိုးသမီးငယ်များ ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်သည့် တော်လှန်ရေး အင်အားစုများအနက် တခုဖြစ်သော မန္တလေး ပြည်သူ့ကာကွယ်ရေးတပ် (PDF) သည် ဒရုန်းစစ်ဆင်ရေးတွင် အထူးကျွမ်းကျင်ပုံရပြီး ဒရုန်းမောင်းနှင်သူ အများအပြားသည် အမျိုးသမီးငယ်များ ဖြစ်သည်။

ဧပြီလက နေပြည်တော်လေဆိပ်ကို မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုသည် စစ်ကောင်စီအပေါ် ယုံကြည်မှုကို ထိုးနှက်ချက် ဖြစ်သော်လည်း ပျက်စီးမှု အနည်းငယ်သာရှိပြီး Kloud Drone Team နှင့် Lethal Prop Weapon Team တို့က ပြုလုပ်သည့် စိတ်ဓာတ်မြင့်တင်မှု ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် ညီနောင်မဟာမိတ် သုံးဖွဲ့သည် ကျင်စန်းကျော့မှ တရုတ်-မြန်မာ နယ်စပ်ဂိတ်အနီးရှိ စစ်တပ်စခန်းများကို တိုက်ခိုက်ရန် ဗုံးရာနှင့်ချီ ပစ်ချရာ ထရပ်ကား ၁၀၀ ကို ဖျက်ဆီးလိုက်သည်ဟု ဆိုသောကြောင့် တော်လှန်ရေး အင်အားစုက အဖျက်စွမ်းအား သိသိသာသာ တိုးလာသည့်သဘော ဖြစ်သည်။ စက်တင်ဘာလတွင် မြဝတီ၌ စစ်ဘက်နှင့် အရပ်ဘက် အရာရှိ ငါးဦးကို လုပ်ကြံနိုင်ခဲ့ခြင်းကြောင့် တိကျမှုကို သက်သေဖြစ်စေသည်။

ဘန်ကောက်မှာ ပြတဲ့ “When We See The Planes” ပြပွဲက ဓာတ်ပုံအချို့

အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခအများစု၏ အလားတူ အချိုးမညီမှုမျိုးဖြင့် ဒရုန်း စစ်မျက်နှာစာကိုလည်း သတ်မှတ်နိုင်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် PDF ခုခံတော်လှန်ရေးသမားများသည် ရဲရင့်ပြတ်သားမှု၊ တီထွင်ဆန်းသစ်မှု၊ စိတ်ဓာတ်နှင့် ရည်ရွယ်ချက်ကို ဆက်လက် အားကိုးကာ သရီးဒီပရင်တာဖြင့် ထုတ်လုပ်သည့် တောင်ပံများ၊ ဝန်တင်ဆောင်နိုင်အားနှင့် ပိုမိုကောင်းမွန်သည့် ဆော့ဖ်ဝဲလ်များဖြင့် ပိုမိုအဆင့်မြင့်သည့် မောင်းသူမဲ့ယာဉ်များကို ထုတ်လုပ်မည် ဖြစ်သည်။

အခြားတဖက်တွင်လည်း စစ်ကောင်စီသည် ပြည်ပမှ စနစ်များကို အားကိုးမည်ဖြစ်ပြီး ထိုစနစ်များအနက် အချို့ကို ယူကရိန်းစစ်ပွဲတွင် ထုတ်လုပ်ဖြန့်ကြက်နေသည်။ ထိုစနစ်များတွင် ပစ်မှတ်တခုစီကို ကာမိကာဇေပုံစံ တိုက်ခိုက်မှုများ ပြုလုပ်သည့် ပိုမိုသေးငယ်ပြီး first-person view (FPV) ဒရုန်းများလည်း ပါဝင်သည်။

စစ်ကောင်စီက F-12 ဖော်ကာလေယာဉ်များ သုံးခြင်းသည် စစ်ကောင်စီလေတပ်အတွက် အခြေအနေ ဆိုးနေ‌ကြောင်း ပြသသည့် သင်္ကေတ သို့မဟုတ် ‘လိုအပ်ခြင်းသည် တီထွင်မှု၏ မိခင်’ ဖြစ်သောကြောင့် လိုအပ်ချက်အရ သုံးခြင်း ဖြစ်နိုင်သည်။ အတည်မပြုနိုင်သေးသော်လည်း သတင်းအများအပြားတွင် ထိုလေယာဉ်များကို စစ်ကိုင်းတိုင်းမှ မတည်ငြိမ်သောကျေးရွာများသို့ ပေါက်ကွဲပစ္စည်းအစား ကျောက်ခဲများပစ်ချရန် သုံးသည်ဟု ဆိုကြသည်။ အလယ်ခေတ်ကနည်းလမ်း ဖြစ်သည်။

စစ်ကောင်စီတပ်သည် မြေပြင်မှ တော်လှန်ရေးဒီရေ မြင့်တက်လာခြင်းကို ထိန်းချုပ်ရန် လေထဲတွင် အဆင့်မြင့်၊ အဆင့်နိမ့် နည်းပညာများ အသုံးပြုနေသော်လည်း ထိုအချက်က ခရစ္စတိုဖာ ဟစ်ချန်၏ မြန်မာစစ်တပ်သည် “ကျောက်ခေတ် အာဏာရှင်စနစ်” နှင့် တူသည်ဆိုသည့် လွန်ခဲ့သောနှစ်များစွာက သုံးသပ်ချက်ကို အတည်ပြုပေးလိုက်ခြင်း ဖြစ်နိုင်သည်။

(Asia Times ပါ David Scott Mathieson ၏ Craven killing from above in Myanmar ကို ဘာသာပြန်သည်။ ဒေးဗစ် စကော့ မက်သီဆန်သည် ပဋိပက္ခ၊ လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေး ပြဿနာများကို လေ့လာသည့် လွတ်လပ်သော သုတေသီဖြစ်သည်။)

You may also like these stories:

စစ်ပွဲအောင်နိုင်ရေး စစ်ကောင်စီလေတပ် ရက်ရက်စက်စက် ပစ်ခတ်နေ

နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာလေတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

အရပ်ဘက်လေယာဉ်သုံး လောင်စာဆီများ မြန်မာလေတပ်က အသုံးပြုနေဟု AI ဆို

မြန်မာလေတပ် စစ်ရာဇဝတ်မှုတွေမှာ တရုတ်နှင့် ရုရှား ကြံရာပါ

လေတပ်ကို မှီ၍ ပိုချမ်းသာလာကြသည့် စစ်ဗိုလ်ချုပ် အနွယ်တော်များ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးKNDFPDFSliderခုခံတော်လှန်ရေးအင်အားစုများစစ်ကောင်စီစစ်ရာဇဝတ်မှုစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ်သုံးဖွဲ့တရုတ်တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံထောက်လှမ်းရေး ဒရုန်းဒရုန်းတပ်ဖွဲ့ဒရုန်းတိုက်ခိုက်မှုနိုင်ငံတကာဥပဒေ ချိုးဖောက်မှုမောင်းသူမဲ့လေယာဉ်ယူကရိန်းရုရှားလေကြောင်းတိုက်ခိုက်မှုလေယာဉ်ဆီရောင်းချမှုအရပ်သားပစ်မှတ်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု
David Scott Mathieson

David Scott Mathieson

ဒေးဗစ် စကော့ မက်သီဆန်သည် ပဋိပက္ခ၊ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေး ပြဿနာများနှင့် ပတ်သက်သည့် လွတ်လပ်သော သုတေသီ ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.4k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ရှားရှားပါးပါး ရထားတဲ့ ပြည်သူဖက်က ရပ်တည်တဲ့ တကယ့် မျိုးချစ်ပြည်ချစ်ပုဂ္ဂိုလ် (ရုပ်/သံ)

ရှားရှားပါးပါး ရထားတဲ့ ပြည်သူဖက်က ရပ်တည်တဲ့ တကယ့် မျိုးချစ်ပြည်ချစ်ပုဂ္ဂိုလ် (ရုပ်/သံ)

မင်းအောင်လှိုင် မျက်ဖြူဆိုက်နေပြီ (ရုပ်/သံ)

မင်းအောင်လှိုင် မျက်ဖြူဆိုက်နေပြီ (ရုပ်/သံ)

No Result
View All Result

Recommended

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

5 days ago
5.8k
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

2 days ago
5.1k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate