အလွန်ဝမ်းနည်းစရာကောင်းသော အဆောက်အအုံများ၊ ဟာလာဟင်းလင်းဖြစ်နေသော ပြတင်းပေါက်များ၊ အုတ်ကျိုးအုတ်ပဲ့ဖြစ်အောင် ဗုံးကြဲခံရသည့် အဆောက်အအုံတွဲများသည် ပြည်တွင်းစစ်တွင် စစ်ကောင်စီကို အောင်ပွဲကြောင့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့က ပေးဆပ်ရသည့် တန်ဖိုးကို ပြသနေသည်။
စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် ပဋိပက္ခ လေးနှစ်အတွင်း ဝင်ရောက်လာစဉ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အာရက္ခတပ်တော် (AA) မှ တိုက်ခိုက်ရေးသမားများသည် လူဦးရေ ၂ သောင်းရှိ ငါးဖမ်းလုပ်ငန်း ဆိပ်ကမ်းမြို့ ပေါက်တောကို ပြီးခဲ့သည့် ဇန်နဝါရီလတွင် သိမ်းပိုက်သည်။
ထိုစဉ်က ပေါက်တောမြို့သည် နိုင်ငံတဝန်းတွင် စစ်ကောင်စီ ခံစားရသည့် ဆုံးရှုံးမှု အများအပြားအနက် တခုဖြစ်သည်။
လေးလကြာသောအခါ AA သည် ဆက်လက် ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်သော်လည်း ပေါက်တောသည် အများအားဖြင့် ဒေသခံများ ကင်းမဲ့နေပြီး ထိုဒေသခံများသည် မြို့စွန်တွင်သာ နေထိုင်ကြကာ စစ်ကောင်စီက မြို့ကို အမြောက်ကြီးများဖြင့် ထပ်မံတိုက်ခိုက်မည်ကို ကြောက်လန့်နေကြသည်။
“ကျနော်တို့က စစ်တပ်ကို ကြောက်တယ်” ဟု လူတဦးက ပေါက်တောမြို့စွန်ရှိ သူ၏ ယာယီအိမ်မှ AFP သတင်းဌာနသို့ပြောပြီး လုံခြုံရေးအရ အမည်မထုတ်ဖော်ရန် တောင်းဆိုသည်။
“ဘာဖြစ်မယ်ဆိုတာ ကျနော်တို့ မသိဘူး။ မြို့ထဲက အိမ်မှာပြန်နေရင် ကျနော်တို့အပေါ် ဘာလက်နက်တွေ ကြဲချမလဲ ကျနော်တို့ မသိဘူး” ဟု ၎င်းကပြောသည်။
“သူတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးတွေကို ကျနော်တို့ မသိနိုင်ဘူး။ သူတို့တိုက်ရင် ကျနော်တို့ သေမှာပဲ” ဟုလည်း ပြောသည်။
ဒေသခံများက ယခုလအတွင်း ရိုက်ကူးပြီး AFP က သီးသန့်ရရှိထားသည့် ဗီဒီယိုများတွင် လမ်းများ၌ ငှက်သံများ၊ AA စစ်သားများ အပျက်အစီးနှင့် သွပ်ပုံများအကြား ရှာဖွေနေသည်မှအပ တိတ်ဆိတ်နေသည်ကို ပြသထားသည်။
ဂဏန်းများ၊ ကျားပုစွန်များကို ရောင်းသူဝယ်သူများဖြင့် တခါက စည်ကားနေသော်လည်း ယခု လူသူကင်းမဲ့နေသည့် ဈေးအနီးတွင် စုတ်ပြဲ တွဲလောင်းကျနေသည့် မိုဘိုင်းဖုန်းကုမ္ပဏီ ကြော်ငြာတခုသည် ဝမ်းနည်းစရာကောင်းလောက်အောင် ပျက်စီးနေသည့် ဆိုင်တခု၏ တံခါးအထက်တွင် တဖြတ်ဖြတ် ရိုက်နေသည်။
ယင်းမြို့တွင် ဖုန်းနှင့် အင်တာနက် ဝန်ဆောင်မှုများကို အားလုံးနီးပါး ဖြတ်တောက်ထားသည်။
အခွင့်အရေး မရ
AA သည် ပြည်နယ်မှ ရခိုင်ပြည်သူများအတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးရရန် စစ်တပ်နှင့် အပစ်အခတ် ရပ်စဲလိုက်၊ တိုက်လိုက်လုပ်နေသည်မှာ နှစ်အတန် ကြာပြီဖြစ်သည်။
ဒေသခံများက ယခုလအတွင်း ရိုက်ကူးပြီး AFP က သီးသန့်ရရှိထားသည့် ဗီဒီယိုများတွင် လမ်းများ၌ ငှက်သံများ၊ AA စစ်သားများ အပျက်အစီးနှင့် သွပ်ပုံများအကြား ရှာဖွေနေသည်မှအပ တိတ်ဆိတ်နေသည်ကို ပြသထားသည်။
စစ်တပ်သည် ၎င်းတို့အုပ်ချုပ်ရေးကို အမျိုးမျိုးသော လက်နက်ကိုင်အင်အားစုများက ခုခံတော်လှန်မှု ကြီးထွားလာခြင်းအား ရင်ဆိုင်နေရချိန်တွင် AA က ထိုးစစ်အရှိန်မြှင့်တင်သည်။ ထိုလက်နက်ကိုင် အင်အားစုများအနက် အချို့သည် ကာလကြာမြင့်စွာ ထူထောင်ထားသည့် အဖွဲ့အစည်းများဖြစ်ပြီး အချို့မှာ အသစ်များဖြစ်သည်။
စစ်တပ်သည်မြေပြင်တွင် ပိုင်နက်ဆုံးရှုံးနေသောကြောင့် မြေပြင်တပ်များကို ကူညီရန် လေကြောင်းပစ်ကူ ပိုမိုအသုံးပြုလာသည်။
စစ်ကောင်စီသည် ၎င်းတို့ အုပ်ချုပ်ရေးကို ဆန့်ကျင်သည်ဟု သံသယရှိသည့် လူမှုအသိုက်အဝန်းများကို ဒဏ်ခတ်ရန် ထိုတိုက်ခိုက်မှုများကို ပြုလုပ်သည်ဟု လူ့အခွင့်အရေး အဖွဲ့အစည်းများက စွဲချက်တင်ကြသည်။
လွန်ခဲ့သော နိုဝင်ဘာလက ပေါက်တောမြို့ပေါ်တွင် စစ်ရဟတ်ယာဉ် ပျံဝဲပြီး မြို့ကို စတင်ပစ်ခတ်စဉ် အများအပြား တုန်လှုပ်ခြောက်ခြား ထွက်ပြေးကြသည်။
“အိမ်ကပစ္စည်းတခုတောင် ယူဖို့အခွင့်အရေးမရဘူး” ဟု ယခုအခါ မြို့ပြင်တွင် နေထိုင်နေသည် အမျိုးသမီးတဦးက AFP သတင်းဌာနသို့ ပြောသည်။
“ကျမတို့ ထမင်းတအိုး တည်ထားတာတောင်မှ မစားခဲ့ရဘူး” ဟု သူကပြောပြီး အမည်ကို ဖော်ပြခြင်း မပြုရန် တောင်းဆိုသည်။
“ထွက်ပြေးတဲ့အချိန်မှာ ပိုက်ဆံမပါဘူး။ ရွှေလက်ဝတ်လက်စား တချို့ပဲ ပါလာတယ်။ ကျမတို့ အဲဒီ လက်ဝတ်လက်စားတွေကို ပေါင်ဖို့ ကြိုးစားပေမယ့် မလွယ်ကူဘူး။ အတိုးနှုန်း အရမ်းမြင့်တယ်” ဟု ၎င်းကပြောသည်။
ပေါက်တော ဒေသခံများ၏ ကံကြမ္မာသည် တနိုင်ငံလုံးမှ ကြေကွဲစရာဖြစ်ရပ်ကို ထင်ဟပ်နေသည်။ မြန်မာနိုင်ငံ တဝန်းလုံးတွင် လူ ၂ ဒသမ ၇ သန်းသည် ပြည်တွင်းစစ်ကြောင့် ထွက်ပြေးနေရသည်။
လုယက်ခြင်း
မြို့ကို လေကြောင်း သို့မဟုတ် အမြောက်ကြီးများဖြင့် ထပ်မံ တိုက်ခိုက်နိုင်သောကြောင့် AA က ဒေသခံများကို နေအိမ်များသို့ ပြန်ခွင့်မပြုသေးပေ။
AFP နှင့် စကားပြောခဲ့သူတဦးက သူသည် အိမ်ကို စစ်ဆေးရန် ပြန်သွားခဲ့ပြီး အိမ်တစိတ်တပိုင်း ပျက်စီးနေကြောင်း၊ အိမ်ဘုရားစင်မှ ဗုဒ္ဓရုပ်ပွားတော် ကြမ်းပြင်ပေါ်တွင် ကျနေသည်ကို တွေ့ရကြောင်း ပြောသည်။
“ထွက်ပြေးတဲ့အချိန်မှာ ပိုက်ဆံမပါဘူး။ ရွှေလက်ဝတ်လက်စား တချို့ပဲ ပါလာတယ်။ ကျမတို့ အဲဒီ လက်ဝတ်လက်စားတွေကို ပေါင်ဖို့ ကြိုးစားပေမယ့် မလွယ်ကူဘူး။ အတိုးနှုန်း အရမ်းမြင့်တယ်” ဟု ၎င်းကပြောသည်။
ကလေးများအတွက် မုန့်ဖိုးနှင့် လွန်ခဲ့သောနှစ်က ဆိုင်ကလုန်းကြောင့် ပျက်သွားသော အမိုးပြင်ရန်အတွက် သစ်ဝယ်ရန် စုဆောင်းထားသည့် စုဘူးလည်း မရှိတော့ကြောင်း ၎င်းကပြောသည်။
“အဲဒီငွေတွေ အကုန် ဆုံးရှုံးသွားတယ်” ဟုပြောသည်။
အိမ်ကပစ္စည်းတွေ အကုန် အခိုးခံရတယ်။ အဖေ့ရဲ့ ငါးဖမ်းပိုက်ကွန်တောင်မှ အခိုးခံရတယ်” ဟု အခြား အမျိုးသမီးတဦးက ပြောပြီး အမည်ထုတ်ဖော်ပြောဆိုခြင်း မပြုရန် သူလည်းတောင်းဆိုသည်။
“ကျမက အထည်ချုပ်တာ။ ကံကောင်းချင်တော့ ကျမရဲ့ အပ်ချုပ်စက်ကိုတော့ ရအောင်ယူနိုင်ခဲ့တယ်” ဟု ၎င်းကပြောသည်။
တိုက်ပွဲအတွင်း နှစ်ဖက်စလုံးက အိမ်များ လုယက်ပြီး အဆောက်အအုံများကို ဖျက်ဆီးကြောင်း ဒေသသတင်းများက ဖော်ပြသည်။
မတ်လတွင် AA က တိုက်ပွဲအတွင်း ၎င်းတို့တပ်ဖွဲ့ဝင်များ လုယက်သည်ဆိုသည့် သတင်းများကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း ပြောသည်။
အဆုံးအဖြတ်ကျသည့် တိုက်ပွဲ
AA ၏ ထိုးစစ်သည် ရခိုင်ပြည်နယ်နှင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှ ကျယ်ပြန့်သော ဒေသများကို သိမ်းပိုက်သည်။
ပေါက်တောမှ ၂၅ မိုင်သာ ဝေးသော ပြည်နယ်မြို့တော် စစ်တွေကို သိမ်းပိုက်မည်ဖြစ်ကြောင်း AA က ပြောသည်။ ထိုမြို့သည် စစ်တပ်၏လက်ထဲတွင် ရှိနေသေးသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ နောက်ဆုံး အဓိကမြို့ဖြစ်သည်။
အိန္ဒိယ ကျောထောက်နောက်ခံပြု ရေနက်ဆိပ်ကမ်းရှိသော ထိုမြို့မှ ဒေသခံများအနေဖြင့် အရေးပါသော တိုက်ပွဲ မစတင်မီ ထွက်ခွာသွားရန် ဧပြီလက ပြောကြားထားသည်။
စစ်တပ်က မြို့ပြင်သို့ ကုန်းလမ်း၊ ရေလမ်းမှ ထွက်သည်ကို ကန့်သတ်ထားပြီး ဆန်နှင့် ကြက်ဥကဲ့သို့သော အခြေခံ စားသောက်ကုန်ဈေးများ နှစ်ဆတက်သွားကြောင်း AFP က ဆက်သွယ်ခဲ့သည့် စစ်တွေ ဒေသခံများက ပြောသည်။
ပေါက်တောမှ ထွက်ပြေးလာသူများသည် အနီးတွင် တိုက်ပွဲထပ်မံဖြစ်မည်ကို စိုးရိမ်နေကြသည်။
“အိမ်ကနေ ထွက်ပြေးလာရပြီး အိမ်မှာ မနေနိုင်တော့လို့ ဝမ်းနည်းတယ်” ဟု ဒေသခံတဦးက AFP သတင်းဌာနသို့ ပြောသည်။
ပေါက်တောမှ ၂၅ မိုင်သာ ဝေးသော ပြည်နယ်မြို့တော် စစ်တွေကို သိမ်းပိုက်မည်ဖြစ်ကြောင်း AA က ပြောသည်။ ထိုမြို့သည် စစ်တပ်၏လက်ထဲတွင် ရှိနေသေးသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ နောက်ဆုံး အဓိကမြို့ဖြစ်သည်။
“ကျမက ကျမဆွဲကြိုးကို ကျပ် ၁၈ သိန်း (အမေရိကန်ဒေါ်လာ ၈၅၀) နဲ့ ပေါင်ထားလို့ နေဖို့ထိုင်ဖို့ ငွေရှိသေးတယ်။ ပြန်ရွေးနိုင်မယ်လို့ မျှော်လင့်နေသေးတုန်းပဲ” ဟု ၎င်းကပြောသည်။
အချို့က လက်တုံ့ပြန်လိုကြသည်။
“ကျမကလေးတွေကို ဘယ်သူစောင့်ရှောက်မလဲ ဆိုတာကို စိတ်ပူလို့ AA ထဲကို မဝင်သေးတာ” ဟု အမျိုးသမီးတဦးက ပြောသည်။
“အဲဒီလိုသာ မဟုတ်ရင် AA ထဲဝင်ပြီး ပြန်တိုက်မယ်။ လက်စားချေရမှ ကျေနပ်နိုင်မယ်” ဟု ၎င်းက ပြောသည်။
(AFP ပါ Battered, Empty Myanmar Town Shows Price of Victory Against Junta ကို ဘာသာပြန်သည်။)
You may also like these stories:
AA သိမ်းလိုက်သည့် ပေါက်တောမြို့ကို စစ်ကောင်စီ လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်
မုန်တိုင်းအလွန် ရခိုင် ပေါက်တောတွင် ဝမ်းလျှောနေကြ
စစ်ဘေးနဲ့ဝမ်းရေးကြား ရှင်သန်ဖို့ ရုန်းကန်နေရတဲ့ သံတွဲဒေသခံများ
စစ်တွေမြို့ကို ပိတ်ဆို့၍ စစ်ကောင်စီ လူဖမ်းနေ
ရခိုင်၌ စက်သုံးဆီ၊ ဆေးဝါးနှင့် စားသောက်ကုန်များ ပြတ်လပ်