နွေဦးတော်လှန်ရေး စစ်ရှိန်မြင့်လာပြီး စစ်ကောင်စီ ရှုံးပွဲဆက်နေသည့်အပြင် မြို့များကိုပါ တော်လှန်ရေးအင်အားစုများက သိမ်းပိုက်လာနိုင်သည့်အချိန်တွင် စစ်ကောင်စီသည် ခံစစ်စခန်းကြီးများ စုစည်းတည်ဆောက်၍ ခံစစ်ပြင်နေသကဲ့သို့ မြို့များတွင်လည်း ခံစစ်ပြင်လာသည်ကို တွေ့ရသည်။
အရပ်သား ဓားစာခံများ
မြို့များတွင် ခံစစ်ပြင်ရာ၌ အရပ်သားများကို ဓားစာခံအဖြစ် အသုံးပြုလာသည်ကို နေရာတကာတွင် တွေ့မြင်လာရ၏။ အထူးသဖြင့် မြို့သိမ်းတိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်တွင် ရခိုင်လူမျိုးအရပ်သားများအား ဓားစာခံအဖြစ် ပိတ်လှောင်ထားသည်ကို ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ကျောက်ဖြူမြို့များတွင် တွေ့မြင်နေရ၏။
စစ်တွေမြို့ကို ပိတ်ထားပြီး မြို့တွင်းမှလူများ မြို့ပြင်ထွက်ခွင့်မပြုတော့။ မြို့ပြင်ထွက်သည့်လမ်းများတွင် မိုင်းများထောင်ထား၏။ ၂၀၂၄ ခုနှစ်၊ မေလကုန်မှစ၍ ဆတ်ရိုးကျ၊ ဗျိုင်းဖြူ စသည့် ရွာလေးရွာမှ အရပ်သားများကို နှိပ်စက်သတ်ဖြတ်ပြီးနောက် ကျန်လူများအား စစ်တွေမြို့တွင် ပြောင်းရွှေ့နေစေခဲ့သည်။ တဖန် ဇွန်လဆန်းပိုင်းတွင် စစ်တွေမြို့ ပတ်ချာလည်ရှိ ရေချမ်းပြင်၊ အောင်တိုင်၊ ပလ္လင်ပြင် စသည့် ရခိုင်ရွာ ၁၂ ရွာကို စစ်တွေမြို့တွင်းသို့ ငါးရက်အတွင်း ပြောင်းရွှေ့ခိုင်းထားသည်။ ရွာများကို ဖျက်ဆီးပစ်မည်ဟုဆိုသည်။
စစ်တွေသည် မြစ်၊ ချောင်း၊ ပင်လယ် ပတ်လည်ဝိုင်းနေသည့် ကျွန်းတကျွန်းဟု ဆို၍ရသည်။ မယူမြစ်၊ ကုလားတန်မြစ်ကဲ့သို့ မြစ်ကြီးများအပြင် ကြွီတဲ၊ ဆတ်ရိုးကျ စသည့် မြစ်ငယ်များစွာလည်း ဖြတ်သန်း စီးဆင်းနေသဖြင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တော စသည့် ရခိုင်မြောက်ပိုင်းနှင့်လည်း ကုန်းမြေတဆက်တည်း ရှိမနေပေ။ မြစ်များ၊ ချောင်းများ ခြားနေ၏။ စစ်တွေမှ ထိုဒေသများသို့ ကားလမ်းဖြင့် ဆက်သွယ်ပေးထားသည်မှာ စစ်တွေ အမြင့်ကျွန်းအနီးရှိ မင်းချောင်းတံတား ဖြစ်သည်။ ရခိုင်စစ်ပွဲ အစောပိုင်းကတည်းက အစောဆုံး ချိုးပစ်ခဲ့သည့်တံတား ဖြစ်သည်။
သို့ဖြစ်ရာ ယခုအခါ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်လာပါက ကုန်းလမ်းဖြင့် လာ၍မရပေ။ မြစ်ချောင်းများကို ကူးဖြတ်ပြီး စစ်တွေကျွန်းပတ်လည်ကို ခြေကုပ်ယူရမည်။ AA အနေဖြင့် စစ်တွေ အနောက်ဘက်နှင့် တောင်ဘက် ပင်လယ်ဘက်ခြမ်းမှ ကူးဖြတ်ရန် ခက်ခဲသည်။ စစ်တွေ၏ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်ခြမ်းရှိ မြစ်ချောင်းများမှ ကူးဖြတ်ရန် လွယ်ကူသည်။ ထိုသို့ ကူးဖြတ်လာလျှင် ရခိုင်ရွာများက AA ကို ကူညီမည်စိုးရိမ်၍ သော်လည်းကောင်း၊ စစ်တွေပတ်လည် ပစ်ကွင်းရှင်းရန် ရည်ရွယ်၍သော်လည်းကောင်း ရခိုင်ရွာများကို ပြောင်းရွှေ့ခြင်း ဖြစ်ပုံရ၏။

တကယ်တမ်းတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) စစ်တွေနှင့် စစ်တပ် တပ်ရင်းဌာနချုပ်များသည် စစ်တွေမြောက်ဘက် မြို့နှင့်သီးသန့် ဖြစ်၏။ စစ်တွေပတ်လည်မှ ရခိုင်ရွာအားလုံးကို စစ်တွေမြို့တွင်းသို့ အဓမ္မပြောင်းရွှေ့ပြီး လူသားတံတိုင်းပြုလုပ်ခြင်း၊ ဓားစာခံပြုလုပ်ခြင်း ဖြစ်ပုံရသည်။ သို့ဖြစ်ရာ တကယ်တမ်း AA ထိုးစစ်ဆင်လာပါက စစ်ကောင်စီတပ်အချို့သည် စစ်တွေမြို့တွင်းရှိ အထပ်မြင့် အဆောက်အအုံများနှင့် ရဲတပ်ရင်းသို့ ပြောင်းရွှေ့နေရာယူပြီး ရခိုင်လူထုအား ဓားစာခံပြုလုပ်ကာ စစ်တိုက်ရန် ရည်ရွယ်ပုံရ၏။
ဤအချက်ကို မောင်တောမြို့ ကျလုကျခင်အချိန် စစ်တွေ၌ ခံစစ်ပြင်ရာတွင် တွေ့ရသည့်အချက်ဖြစ်ရာ စစ်ကောင်စီသည် မြို့ပြင် စစ်တပ်စခန်းများတွင်သာ သီသန့် ခံစစ်ဆင်ဖွယ် မရှိပေ။ စစ်တွေမြို့တွင်းရှိ လူထုအား လူသားတံတိုင်းပြုလုပ်၍ ဓားစာခံအဖြစ်ထားပြီး ခံစစ်ဆင်ရန် ပြင်ဆင်နေ၏။
ဤအချက်ကို မောင်တောမြို့ ကျလုကျခင်အချိန် စစ်တွေ၌ ခံစစ်ပြင်ရာတွင် တွေ့ရသည့်အချက်ဖြစ်ရာ စစ်ကောင်စီသည် မြို့ပြင် စစ်တပ်စခန်းများတွင်သာ သီသန့် ခံစစ်ဆင်ဖွယ် မရှိပေ။ စစ်တွေမြို့တွင်းရှိ လူထုအား လူသားတံတိုင်းပြုလုပ်၍ ဓားစာခံအဖြစ်ထားပြီး ခံစစ်ဆင်ရန် ပြင်ဆင်နေ၏။
စစ်တွေတွင် တွေ့ရသည်မှာ စစ်တွေပတ်လည်ရှိ ရခိုင်လူမျိုးများနေထိုင်သည့် ရွာများကိုသာ စစ်တပ်က စစ်တွေမြို့အတွင်း ပြောင်းရွှေ့စေပြီး လူသားတံတိုင်း ပြုလုပ်သော်လည်း မွတ်စလင်ရွာများကို ပြောင်းရွှေ့ခြင်း မပြုသည်ကို တွေ့ရ၏။ လူမျိုးရေးအရ ခွဲခြားမှုကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သည်ကို တွေ့ရ၏။
မောင်တော မြို့သိမ်းတိုက်ပွဲ ဖြစ်လာသည့် နောက်ဆုံးချိန်တွင် ရခိုင်၊ ဟိန္ဒူများသာမက မွတ်စလင်များကိုပါ မြို့တွင်းမှ ထွက်ခွာခွင့်မပေးဘဲ ဓားစာခံပြုလုပ်ထားသည်ကို တွေ့ရ၏။
လက်ရှိ သံတွဲမြို့တိုက်ပွဲတွင် တွေ့ရသည်မှာ မြို့အဝင်အထွက်ကို လုံးဝ ပိတ်ထားပြီး ကျန်ရှိသည့် မြို့သူမြို့သားများကို မြို့တွင်းမှ ထွက်ခွင့်မပေးပေ။
မဇင်လေဆိပ် မြောက်ဘက် ဂေါ့တောင်၌ တိုက်ပွဲဖြစ်ပွားရာတွင် ကြောက်လန့်၍ ထွက်ပြေးကြသည့် ရွာသားများအား အမရာဟိုတယ်တွင် ရှိနေသည့် စစ်ကောင်စီတပ်သားများက ဆက်လက် ပြေးခွင့်မပေးဘဲ ဟိုတယ်တွင်း၌ ဓားစာခံအဖြစ် ဖမ်းဆီးထားခဲ့ကြသည်။ စစ်ကောင်စီတပ်သားများ ထွက်သွားမှ အရပ်သားများလည်း ပြေးခွင့်ရခဲ့သည်။
တောင်ကုတ်တွင်လည်း အရပ်သားများအား မြို့ကို စွန့်ခွာခြင်း မပြုရန် ခြိမ်းခြောက်ထားပြီး မြို့ပြင်ထွက်သည့် လမ်းများကို မြေကော်စက်နှင့်တူး၍ မြောင်းကြီးများဖော်ကာ ကားသွား မရအောင်ပြုလုပ်ခြင်း၊ တံတားများချိုးခြင်း ပြုလုပ်ထားသည်။ ထိုသို့ မြို့အား ပိတ်လှောင်ထားသည့်အပြင် မြို့နေလူထုက ဗုံးခိုကျင်းတူးခြင်းကိုလည်း တားမြစ်ပြီး တူးပြီးသွားသော ဗုံးခိုကျင်းများကို ပြန်လည် မြေဖို့ခိုင်းသည်။
ကျောက်ဖြူမြို့တွင်လည်း မြို့ပြင်ထွက်သည့် ဂိတ်အားလုံးကို ပိတ်ဆို့ထားပြီး မည်သူမှ မြို့ပြင်သို့ ထွက်ခွင့်မပေးဟု သိရ၏။ ငွေကြေးတတ်နိုင်သူများက လေယာဉ်နှင့် ပြည်မသို့ စစ်ဘေးရှောင်ကြသော်လည်း၊ ဆင်းရဲသည့် ဒေသခံ ကျောက်ဖြူမြို့သားများက မြို့မှထွက်၍ စစ်ဘေးလွတ်ရာနေရာများသို့ ရှောင်ချင်ကြသော်လည်း မြို့တွင်းမှ ထွက်ခွာခွင့်မပြုဘဲ ပိတ်လှောင်ထားသည်ဟု သိရ၏။
ထို့ပြင် စစ်တွေ၊ ကျောက်ဖြူ စသည့် မြို့များ၏ ပတ်လည်ထွက်ပေါက်များတွင်လည်း မိုင်းအများအပြား မြှုပ်နှံထားသဖြင့် ဒေသခံများ မြို့မှ ခိုးထွကရန် မလွယ်ကူသည့်အပြင် ခိုးထွက်သူအချို့မှာ မိုင်းနင်းမိပြီး အသက်ဆုံးရှုံးသူများ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူများ ရှိသည်။
ထို့ပြင် စစ်တွေ၊ ကျောက်ဖြူ စသည့် မြို့များ၏ ပတ်လည်ထွက်ပေါက်များတွင်လည်း မိုင်းအများအပြား မြှုပ်နှံထားသဖြင့် ဒေသခံများ မြို့မှ ခိုးထွက်ရန် မလွယ်ကူသည့်အပြင် ခိုးထွက်သူအချို့မှာ မိုင်းနင်းမိပြီး အသက်ဆုံးရှုံးသူများ၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူများ ရှိသည်။

စစ်ကောင်စီ မြို့သိမ်းတိုက်ပွဲများတွင် လူထုကို မြို့ထဲတွင် ပိတ်ထားပြီး ၎င်းတို့က အရပ်သားလူထုကြား နေရာယူပြီး လူထုကို ဓားစာခံပြုလုပ်ကာ စစ်တိုက်ရန် ယုတ်ညံ့စွာ ကြံစည်နေသည်ဟု ဆိုရမည်။ ထို့ပြင် စစ်တွေမြို့ထဲသို့ ပြောင်းရွှေ့ခံရသော စားဝတ်နေရေးကို စစ်တပ်က တာဝန်မယူသည့်အပြင် စစ်တွေ၊ တောင်ကုတ်၊ ကျောက်ဖြူ၊ သံတွဲ၊ အမ်း စသည့် ပိတ်ဆို့ထားသည့် မြို့များတွင် ကုန်စည်အဝင်အထွက်ပါ ပိတ်ဆို့ထားရာ လူထုကို အငတ်ထားပြီး အသေခံခိုင်းသကဲ့သို့ ဖြစ်နေသည်။
တပ်မိသားစု ဓားစာခံများ
စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ၏ ဇနီးမယားမှာလည်း ယခင်စစ်ကောင်စီ၏ ဝါဒဖြန့်ချိချက်များအရ ရဲ့ဝံ့စွာ လက်နက်ကိုင် တိုက်ခိုက်ကြသူ ရဲမေများ ဖြစ်ကြ၏။ စစ်သားမိသားစုဝင် ဇနီးမယားများသည် စစ်သင်တန်း တက်ရသည်၊ လက်နက်ကြီး/ငယ် ပစ်ခတ်နည်း သင်တန်းတက်ထားရ၏။
ယခင်အခါက တပ်ရင်းဌာနချုပ်များမှ စစ်သားများ ရှေ့တန်းထွက်ချိန် ရဲမေများက ကင်းစောင့်တာဝန် ယူကြသည်မှာ မထောင်းတာလှသော်လည်း ယခုအခါ တပ်ရင်းဌာနချုပ်များ၊ မြို့များ အတိုက်ခံရသည့်အခါ အိမ်ထောင်သည်ရဲမေများ၊ မိသားစုဝင် ကလေးများသည်လည်း စစ်မြေပြင် ရောက်ကုန်ကြသည်။
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်တွင် စတွေ့ရသည်။ စစ်ရေးအရ အခြေအနေမကောင်းဘဲ လောက်ကိုင်၌ ဝိုင်းပတ်မိသောအချိန်တွင် စစ်တပ်မိသားစုဝင် ၂ ထောင်ခန့်လည်း လောက်ကိုင်တွင် ပိတ်မိနေ၏။ သို့သော် စစ်ကောင်စီ ခေါင်းဆောင်ပိုင်းသည် ကေတီဗီမှ အပျော်မယ်ကို လောက်ကိုင်မှ လားရှိုးသို့ ခေါ်ထုတ်သော်လည်း စစ်တပ်မိသားစုဝင် အမျိုးသမီးများ၊ ကလေးများကို ကယ်ထုတ်ခြင်း မရှိပေ။ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခံနေရသည့် လောက်ကိုင် စစ်မြေပြင်တွင်ပင် ပစ်ထားသည်ကို တွေ့ရသည်။
ဤသို့ ကလေးများအပါအဝင် စစ်သားမိသားစုများကို စစ်မြေပြင်တွင် ထားခြင်းသည် စစ်ကောင်စီ ခေါင်းဆောင်များက ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ပုံရ၏။ စစ်သားများသည် မိသားစုဝင်များ၊ ကလေးငယ်များ မသေစေလိုပါက၊ အကာအကွယ်ပေးလိုပါက အသက်စွန့်ပြီး တိုက်ခိုက်ကြရန် စစ်တပ်မိသားစုဝင်များကို ဓားစာခံလုပ်ခြင်းဖြစ်သည်။
လောက်ကိုင်တွင် စစ်ကောင်စီ ထင်တိုင်းမပေါက်ခဲ့ပေ။ ဗိုလ်မှူးချုပ် ခြောက်ဦး ခေါင်းဆောင်ပြီး မိသားစုဝင်များအပါအဝင် ၄ ထောင်ကျော် လက်နက်ချခဲ့သည်။ ဤဖြစ်ရပ် ကြုံပြီးသောအခါ စစ်ကောင်စီသည် ထိုဗိုလ်မှူးချုပ်များကို သေဒဏ်ပေးပြီး နောက်ထပ် လက်နက်ချမည့်သူများ ကြောက်ရွံ့စေရန် ရည်ရွယ်ခဲ့သည်။ ထို့ပြင် စစ်တပ်မိသားစုဝင်များကို စစ်မြေပြင်တွင် ဆက်လက်၍ ဓားစာခံထားပြီး တိုက်ခိုက်စေခဲ့သည်။
အထူးသဖြင့် တပ်ရင်းဌာနချုပ်များစွာ ဆက်လက် တိုက်ခိုက်ခံရသည့် ရခိုင်တွင် စစ်သားမိသားစုဝင်များကို ဓားစာခံထားပြီး တိုက်ခိုက်ခဲ့သည်။ စကခ ၉၊ စကခ ၁၅ ဌာနချုပ်များ၊ လက်အောက်ခံ တပ်ရင်းဌာနချုပ်များတွင် တွေ့ရသည်။ ကျောက်တော် စကခ ဌာနချုပ်မှ မိသားစုဝင်များဆိုလျှင် တိုက်ပွဲပြင်းထန်ချိန်မှ ရေတပ်သင်္ဘောများဖြင့် ဆုတ်ခွာခွင့်ပြုရာ စကခ ၉ စကခ မှူးနှင့် စစ်သားအချို့သာ ရေကူးနိုင်၍ အသက်ရှင်ပြီး AA ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ စစ်သားမိသားစုဝင် အမျိုးသမီးနှင့် ကလေးများစွာ ရေနစ်သေဆုံးခဲ့သည်ကို တွေ့ရ၏။
စကခ ၉ လက်အောက်ခံ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးတို့၌ အခြေစိုက်သော တပ်ရင်းဌာနချုပ်များရှိသည့် မိသားစုဝင် မိန်းမနှင့် ကလေးများကို စစ်ကောင်စီခေါင်းဆောင်များက ဓားစာခံပြုသကဲ့သို့ စကခ ၁၅ လက်အောက်ခံ ရသေ့တောင်၊ ဘူးသီးတောင်အခြေစိုက် တပ်ရင်းဌာနချုပ်များရှိ မိသားစုဝင် ကလေးငယ်များကိုလည်း ဆက်လက်၍ ဓားစာခံပြု စစ်တိုက်ခိုင်းခဲ့ကြ၏။
စကခ ၉ လက်အောက်ခံ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးတို့၌ အခြေစိုက်သော တပ်ရင်းဌာနချုပ်များရှိသည့် မိသားစုဝင် မိန်းမနှင့် ကလေးများကို စစ်ကောင်စီခေါင်းဆောင်များက ဓားစာခံပြုသကဲ့သို့ စကခ ၁၅ လက်အောက်ခံ ရသေ့တောင်၊ ဘူးသီးတောင်အခြေစိုက် တပ်ရင်းဌာနချုပ်များရှိ မိသားစုဝင် ကလေးငယ်များကိုလည်း ဆက်လက်၍ ဓားစာခံပြု စစ်တိုက်ခိုင်းခဲ့ကြ၏။

နောက်ဆုံး မောင်တောတွင် ဝိုင်းဝန်းပိတ်ဆို့ခံနေရသည့် ရဲများ၏ ဇနီးနှင့်ကလေးများကိုလည်း ကယ်မထုတ်ဘဲ ဓားစာခံအဖြစ်ထားပြီး ရဲများကို စစ်တိုက်ခိုင်းသည်ကို တွေ့ရသည်။ AA က သိမ်းပိုက်လိုက်သည့် မြင်းလွှတ်၊ မောရဝတီစခန်းများမှ ထွက်ပြေး ဆုတ်ခွာလာသည့် ရဲများတွင် ဇနီးများနှင့်ကလေးငယ်များပါ ပါပြီး ပင်လယ်ကမ်းခြေတွင် ကူရာကယ်ရာမဲ့နေခြင်း၊ ပင်လယ်အတွင်း လှေမှောက်၍ မိန်းမနှင့်ကလေးများ သေဆုံးခြင်းကို တွေ့ရ၏။
စစ်ရေးမျက်စိနှင့် မဟုတ်ဘဲ သာမန်မျက်စိနှင့်ပင် စစ်ရေးအရ အခြေအနေဆိုးနေသည်ကို မြင်တွေ့နေရသည့် မောင်တောဒေသရှိ စခန်းများမှ စစ်တပ်နှင့်ရဲ မိသားစုဝင် မိန်းမနှင့်ကလေးများကို ကယ်ထုတ်ခြင်းမပြုဘဲ စစ်စခန်းများတွင် ဆက်လက် နေထိုင်ခိုင်းပြီး စစ်တိုက်ခိုင်းခြင်းမှာ စစ်သားနှင့်ရဲ မိသားစုဝင်များကို ဓားစာခံပြုလုပ်ခြင်း ဖြစ်၏။
စစ်ကောင်စီသည် ၎င်းတို့ အာဏာတည်မြဲနိုင်ရေးအတွက် အရပ်သားများကို ဓားစာခံ၊ လူသားတံတိုင်း၊ လူသားဒိုင်း ပြုလုပ်ပြီး အကာအကွယ်ယူနေသကဲ့သို့ လက်အောက်ခံ စစ်သားနှင့်ရဲများကိုလည်း ၎င်းတို့၏ ဇနီးနှင့်ကလေးများကို ဓားစာခံပြုပြီး စစ်တိုက်ခိုင်းနေသည်ကို တွေ့နေရသည်။
နွေဦးတော်လှန်ရေးတပ်ဖွဲ့များဖြစ်စေ၊ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များဖြစ်စေ ၎င်းတို့တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များ၊ ကလေးများကို ဓားစာခံပြု၍ စစ်တိုက်ခိုင်းသည့် အဖွဲ့မရှိပေ။ တပ်ဖွဲ့ဝင်များ၏ ဇနီး သားသမီးများကို လုံခြုံရာသို့ ပို့ဆောင်ပြီး တိုက်ပွဲဝင်ကြသည်သာ ဖြစ်၏။ ဤအချက်သည် မိသားစုဝင်များနှင့် ပတ်သက်၍ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားတပ်ဖွဲ့များအကြား ခြားနားချက်ဖြစ်သည်။
မိုက်မဲသူများ
ဤသို့ အမျိုးသမီးနှင့် ကလေးများကို ဓားစာခံထားပြီး စစ်တိုက်သည်ကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင်လည်း တွေ့ရသည်။ ဖာပွန်မြို့နှင့် တပ်ရင်း နှစ်ရင်း ကျသွားပြီဖြစ်သော်လည်း ဗျူဟာရုံးနှင့် အခြေစိုက်တပ်ရင်းနှစ်ရင်း ကျန်သေးသည်။ ထိုအခြေစိုက် တပ်ရင်းနှစ်ရင်းတွင် အိမ်ထောင်သည်ဇနီးနှင့်ကလေးများ ရှိသည်။ ယခု ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပူးပေါင်းတပ်ဖွဲ့များက ဖာပွန်မြို့ကို တိုက်ခိုက်နေသည်မှာ သုံးလခန့်ရှိပြီး လက်ကျန် တပ်ရင်းနှစ်ရင်းကို ဆက်လက် ပိတ်ဆို့တိုက်ခိုက်နေသည်။
စခန်းတွင်းရှိ စစ်သားဇနီးနှင့် ကလေးများသည်လည်း ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများအတွင်း နေနေရသည်။ ထို့အတူ KNU တပ်များက ဝိုင်းပိတ်ဆို့ပြီး လက်ဖြောင့်တပ်သားများကလည်း စောင့်ဆိုင်းပစ်ခတ်နေသဖြင့် စခန်းတွင်းရှိ သေဆုံးနေသူများ၏ အလောင်းများကိုလည်း မြှုပ်နှံနိုင်ခြင်းမရှိဘဲ အပုပ်နံ့များ တလှိုင်လှိုင် ထွက်နေသည်ဟု ရှေ့တန်းစစ်မြေပြင် အရင်းအမြစ်များထံမှ သိရ၏။
စခန်းတွင်းရှိ စစ်သားဇနီးနှင့် ကလေးများသည်လည်း ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများအတွင်း နေနေရသည်။ ထို့အတူ KNU တပ်များက ဝိုင်းပိတ်ဆို့ပြီး လက်ဖြောင့်တပ်သားများကလည်း စောင့်ဆိုင်းပစ်ခတ်နေသဖြင့် စခန်းတွင်းရှိ သေဆုံးနေသူများ၏ အလောင်းများကိုလည်း မြှုပ်နှံနိုင်ခြင်းမရှိဘဲ အပုပ်နံ့များ တလှိုင်လှိုင် ထွက်နေသည်ဟု ရှေ့တန်းစစ်မြေပြင် အရင်းအမြစ်များထံမှ သိရ၏။
သို့သော်လည်း လက်နက်ချခြင်းမရှိဟု သိရ၏။ မိသားစုဝင် ဇနီးနှင့် ကလေးများကို ဓားစာခံလုပ် စစ်တိုက်ခိုင်းနေသည်ကိုပင် မိုက်မဲစွာ ဆက်လက် တိုက်ခိုက်နေဆဲဖြစ်၏။ ဤသို့ အယူမှားနေသူတချို့အား ကယ်တင်၍ မရနိုင်ပေ။ သမိုင်းတွင် ပြောစမှတ်ပြုသည့် ကျန်စစ်သားက စောလူးမင်းအား ပြောသကဲ့သို့ပင် “ဟယ် … မင်းဆိုးမင်းညစ်လက်ထဲမှာ ခွေးသေဝက်သေ သေရစ်ပေတော့” ဟုသာ ထိုမိုက်မဲသူများအား ဆိုရပေမည်။
အရပ်သားများအား ဓားစာခံလုပ်ခြင်း၊ မိမိတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ဓားစာခံလုပ်ခြင်းတို့သည် စစ်ပွဲကို စစ်ပွဲနှင့်တူအောင် တိုက်သည့် စစ်သည်တော်ကျင့်ဝတ်နှင့် ညီညွတ်ခြင်း မရှိသကဲ့သို့ စစ်သားကောင်းတို၏ အပြုအမူ မဟုတ်ပေ။ အကြမ်းဖက်သမားများ၊ လူစိတ်ကင်းမဲ့သူများ၏ လုပ်ရပ်သာဖြစ်ပေသည်။
(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
စစ်တွေမြို့ကို ပိတ်ဆို့၍ စစ်ကောင်စီ လူဖမ်းနေ
ရခိုင်ပြည်နယ်ရဲ့ မြို့တော်မှာ စစ်ကောင်စီ ခံစစ်ပြင် (ရုပ်/သံ)
မိုးမောက်မြို့ခံတွေကို စစ်တပ်ကဖမ်းပြီး လူသားဒိုင်းကာအဖြစ်သုံးနေ (ရုပ်/သံ)
လောက်ကိုင်တွင် လူသားဒိုင်းအဖြစ်ထိန်းသိမ်းထားသည့် ထိုင်းနိုင်ငံသားများကို နေရာရွှေ့ပြောင်း
လူသားဒိုင်း သုံးတာဟာ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တာ ဖြစ်တယ် (ရုပ်/သံ)
ကျွန်ဝယ်ရာအဆစ်ပါရတဲ့ စစ်သားမယားများ
စစ်သား သားသမီးများကို တပ်ပြင် လုံခြုံရေးတာဝန် ခိုင်းစေလာ