၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ စစ်တပ်သည် ကာလကြာမြင့်စွာ အခြေကျနေသည့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများသာမက တနိုင်ငံလုံးတွင် အသစ် ပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေး အုပ်စုများ၏ ယခင်မကြုံဖူးသည့် တော်လှန်မှုကို ရင်ဆိုင်ရသည်။
စစ်တပ်သည် သမိုင်းတွင်သည့် ဆုံးရှုံးမှုများကို ခံစားရပြီး သိက္ခာကျဆင်းစေသည့် ချေမှုန်းခံရမှုများနှင့်လည်း ရင်ဆိုင်ရသည်။ တိုင်းစစ်ဌာနချုပ် တခု၊ စစ်ဆင်ရေးဌာနချုပ် သုံးခု၊ နယ်ခြားစောင့်ရဲတပ်ရင်း ခုနစ်ခုနှင့် တပ်ရင်းဌာနချုပ် ၅၄၅ ခုအနက် ၆၃ ခုကိုသာမက နည်းဗျူဟာဌာနချုပ်များနှင့် တိုင်းစစ်ဌာနချုပ်၏ ရှေ့တန်းဌာနချုပ်များ အပါအဝင် ရှေ့တန်းစခန်း ၂,၅၀၀ ကျော် ဆုံးရှုံးသည်။
ထိုဆုံးရှုံးမှုများ၏ ရလဒ်ကြောင့် တနိုင်ငံလုံးမှ မြို့ပေါင်း ၆၀ ခန့်သည် စစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေး အင်အားစုများလက်သို့ ကျရောက်သွားသည်။

သတင်းများနှင့် မြေပြင် သတင်းအချက်အလက်များကို အခြေခံပြီး ဧရာဝတီသတင်းဌာနသည် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများ သိမ်းပိုက်လိုက်သည့် စစ်ကောင်စီဌာနချုပ်များနှင့် စစ်တိုင်းများစာရင်းကို ပြုစုဖော်ပြလိုက်ပါသည်။

ရှမ်းပြည်မြောက်ပိုင်း
အင်အားကြီးမားသော ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် အာရက္ခတပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့နှင့် တော်လှန်ရေး မဟာမိတ်များ၏ သုံးလခန့်ကြာသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီသည် ရှေ့တန်းစခန်း ရာပေါင်းများစွာနှင့် စစ်ရေးကွပ်ကဲမှုဌာနချုပ်များ အပါအဝင် တပ်ရင်းဌာနချုပ် ၂၄ ခု ဆုံးရှုံးသည်။ ထိုကြောင့် စစ်ကောင်စီသည် မြို့များ၏ ထက်ဝက်နှင့် တရုတ်နှင့်အရေးပါသော ကုန်သွယ်ရေးလမ်းကြောင်းများကို ဆုံးရှုံးသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် သုတ်သင်ရှင်းလင်းပြီးသော စစ်ကောင်စီစခန်းများ
၁။ လောက်ကိုင် စစ်ဒေသဌာနချုပ်
၂။ အမှတ် ၁၂၅ ခြေလျင်တပ်ရင်း
၃။ အမှတ် ၁၂၈ ခြေလျင်တပ်ရင်း
၄။ အမှတ် ၁၂၉ ခြေလျင်တပ်ရင်း
၅။ အမှတ် ၂၃၉ ခြေလျင်တပ်ရင်း
၆။ အမှတ် ၃၂၂ ခြေမြန်တပ်ရင်း
၇၊။ အမှတ် ၄၅ ခြေလျင်တပ်ရင်း
၈။ အမှတ် ၁၂၃ ခြေလျင်တပ်ရင်း
၉။ အမှတ် ၁၂၇ ခြေလျင်တပ်ရင်း
၁၀။ အမှတ် ၁၃၀ ခြေလျင်တပ်ရင်း
၁၁။ အမှတ် ၁၄၃ ခြေလျင်တပ်ရင်း
၁၂။ အမှတ် ၁၄၅ ခြေလျင်တပ်ရင်း
၁၃။ အမှတ် ၃၁၂ ခြေမြန်တပ်ရင်း
၁၄။ အမှတ် ၃၂၄ ခြေမြန်တပ်ရင်း
၁၅။ အမှတ် ၃၄၇ အမြောက်တပ်
၁၆။ အမှတ် ၃၄၈ အမြောက်တပ်
၁၇။ အမှတ် ၅၉၆ အမြောက်တပ်
၁၈။ အမှတ် ၁၆ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်
၁၉။ အမှတ် ၆၉ ခြေလျင်တပ်ရင်း
၂၀။ အမှတ် ၂၄၀ ခြေလျင်တပ်ရင်း
၂၁။ အမှတ် ၂၄၁ ခြေလျင်တပ်ရင်း
၂၂။ အမှတ် ၂၄၂ ခြေလျင်တပ်ရင်း
၂၃။ အမှတ် ၅၆၇ ခြေမြန်တပ်ရင်း
၂၄။ အမှတ် ၅၆၈ ခြေမြန်တပ်ရင်း
စုစုပေါင်း ၂၄ ခု။ စစ်တပ်စခန်း ၁၃ ခုကို မချေမှုန်းရသေးပေ။
ရခိုင်ပြည်နယ်
၁၀၂၇ စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် AA သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ကောင်စီ ပစ်မှတ်များကို လွန်ခဲ့သောနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီး အကြီးအကျယ် ထိုးစစ်ဆင်သည်။ AA သည် စစ်ဆင်ရေးကွပ်ကဲမှုဌာနတခုနှင့် ဗျူဟာကုန်း အများအပြား အပါအဝင် စစ်တပ်နှင့် ရဲတပ်ရင်းဌာနချုပ် ၃၆ ခုကို အမြစ်ဖြတ်သည်။
၁၀၂၇ စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် AA သည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်ကောင်စီ ပစ်မှတ်များကို လွန်ခဲ့သောနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ပြီး အကြီးအကျယ် ထိုးစစ်ဆင်သည်။ AA သည် စစ်ဆင်ရေးကွပ်ကဲမှုဌာနတခုနှင့် ဗျူဟာကုန်း အများအပြား အပါအဝင် စစ်တပ်နှင့် ရဲတပ်ရင်းဌာနချုပ် ၃၆ ခုကို အမြစ်ဖြတ်သည်။
မြို့နှင့် မြို့နယ် ၁၁ ခုကို သိမ်းပိုက်ပြီးနောက် AA သည် ရခိုင်ပြည်နယ် ထက်ဝက်ကျော်ကို သိမ်းပိုက်လိုက်သည်။ ရခိုင်ပြည်နယ်တွင် ပြင်းထန်သောတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး AA သည် ရခိုင်ပြည်နယ်တောင်ပိုင်းမှ မြို့များကို ဆက်လက် သိမ်းပိုက်ရန် ကြိုးစားနေသည်။ တချိန်တည်းတွင် AA သည် ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို သိမ်းပိုက်ရန် ပြင်ဆင်နေသောကြောင့် စစ်ကောင်စီသည် ခံစစ်ပြင်နေသည်။
ရခိုင်ပြည်နယ်တွင် သုတ်သင်ရှင်းလင်းပြီးသော စစ်ကောင်စီတပ်ရင်းဌာနချုပ်များ
၁။ အမှတ် ၂၃၃ ခြေလျင်တပ်ရင်း
၂။ အမှတ် ၂၃၄ ခြေလျင်တပ်ရင်း
၃။ အမှတ် ၂၆၃ ခြေလျင်တပ်ရင်း
၄။ အမှတ် ၂၈၉ ခြေလျင်တပ်ရင်း
၅။ အမှတ် ၅၃၈ ခြေမြန်တပ်ရင်း
၆။ အမှတ် ၅၅၀ ခြေလျင်တပ်ရင်း
၇။ အမှတ် ၉ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်
၈။ အမှတ် ၃၇၄ ခြေမြန်တပ်ရင်း
၉။ အမှတ် ၃၇၅ ခြေမြန်တပ်ရင်
၁၀။ အမှတ် ၃၇၆ ခြေမြန်တပ်ရင်း
၁၁။ အမှတ် ၃၇၇ ခြေမြန်တပ်ရင်း
၁၂။ အမှတ် ၃၇၈ ခြေမြန်တပ်ရင်း
၁၃။ အမှတ် ၅၄၀ ခြေမြန်တပ်ရင်း
၁၄။ အမှတ် ၃၇၉ ခြေမြန်တပ်ရင်း
၁၅။ အမှတ် ၃၈၀ ခြေမြန်တပ်ရင်း
၁၆။ အမှတ် ၅၄၁ ခြေမြန်တပ်ရင်း
၁၇။ အမှတ် ၅၃၉ ခြေမြန်တပ်ရင်း
၁၈။ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်
၁၉။ အမှတ် ၃၄၅ ခြေမြန်တပ်ရင်း
၂၀။ အမှတ် ၃၅၂ ခြေမြန်တပ်ရင်း
၂၁။ အမှတ် ၃၅၃ ခြေမြန်တပ်ရင်း
၂၂။ အမှတ် ၅၃၅ ခြေမြန်တပ်ရင်း
၂၃။ အမှတ် ၅၃၆ ခြေမြန်တပ်ရင်း
၂၄။ အမှတ် ၅၃၇ ခြေမြန်တပ်ရင်း
၂၅။ အမှတ် ၅၅၁ မြေမြန်တပ်ရင်း
၂၆။ အမှတ် ၅၅၂ ခြေမြန်တပ်ရင်း
၂၇။ အမှတ် ၅၆၄ ခြေမြန်တပ်ရင်း
၂၈။ အမှတ် ၅၆၅ ခြေမြန်တပ်ရင်း
၂၉။ အမှတ် ၃၇၇ အမြောက်တပ်
၃၀။ အမှတ် ၃၇၈ အမြောက်တပ်
နယ်ခြားစောင့်ရဲတပ်ရင်း ဌာနချုပ်များ
၃၁။ အမှတ် ၁ နယ်ခြားစောင့်ရဲတပ်ရင်းဌာနချုပ်
၃၂။ အမှတ် ၂ နယ်ခြားစောင့်ရဲတပ်ရင်းဌာနချုပ်
၃၃။ အမှတ် ၃ နယ်ခြားစောင့်ရဲတပ်ရင်းဌာနချုပ်
၃၄။ အမှတ် ၆ နယ်ခြားစောင့်ရဲတပ်ရင်းဌာနချုပ်
၃၅။ အမှတ် ၇ နယ်ခြားစောင့်ရဲတပ်ရင်းဌာနချုပ်
၃၆။ အမှတ် ၈ နယ်ခြားစောင့်ရဲတပ်ရင်းဌာနချုပ်
၃၇။ အမှတ် ၉ နယ်ခြားစောင့်ရဲတပ်ရင်းဌာနချုပ်
စုစုပေါင်း ၃၇ ခု။
စစ်တွေ စစ်ဒေသဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာန ၅ နှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အပါအဝင် စစ်ကောင်စီစခန်း ၂၀ ကို မချေမှုန်းရသေးပေ။
ကချင်ပြည်နယ်
၂၀၂၀ ပြည့်နှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားသည်။ KIA သည် စစ်ကောင်စီဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာကို စစ်သင်တန်းများလည်း ပေးသည်။ ထိုသူများသည် အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အောက်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်များလည်း ဖြစ်လာကြသည်။ PDF များနှင့်အတူ KIA သည် စစ်ကောင်စီကို ကချင်ပြည်နယ်တွင်သာမက စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် အိမ်နီးချင်း ရှမ်းပြည်နယ်တွင်လည်း တိုက်ခိုက်သည်။
KIA သည် ရာနှင့်ချီသော စစ်ကောင်စီရှေ့တန်းစခန်းများ၊ မြို့များနှင့် ကချင်ပြည်နယ်တဝန်းမှ စစ်တပ် တပ်ရင်းဌာနချုပ် ရှစ်ခုနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသအချို့ကို သိမ်းပိုက်သည်။ လက်ရှိအချိန်တွင် KIA သည် ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားနှင့်ကပ်လျှက် ဝိုင်းမော်မြို့နယ်မှ စစ်ကောင်စီစခန်းများကို တိုက်ခိုက်နေသည်။
ကချင်ပြည်နယ်တွင် သိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်ရင်းဌာနချုပ်များ
၁။ အမှတ် ၁၄၁ ခြေလျင်တပ်ရင်း
၂။ အမှတ် ၁၄၂ ခြေလျင်တပ်ရင်း
၃။ အမှတ် ၃၂၁ ခြေမြန်တပ်ရင်း
၄။ အမှတ် ၃၇၀ အမြောက်တပ်
၅။ အမှတ် ၂၃၇ ခြေလျင်တပ်ရင်း
၆။ အမှတ် ၃၂၀ ခြေမြန်တပ်ရင်း
၇။ အမှတ် ၃၈၇ ခြေမြန်တပ်ရင်း
၈။ အမှတ် ၄၃၈ ခြေမြန်တပ်ရင်း
အမှတ် ၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် အပါအဝင် စစ်တပ်စခန်း ၄၀ ကို မသိမ်းပိုက်ရသေးပေ။
ကရင်ပြည်နယ်
စစ်ကောင်စီနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) လက်နက်ကိုင်တပ်ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အကြား ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ထောင်ချီဖြစ်သည်။ KNLA သည် စစ်ကောင်စီဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာကို လေ့ကျင့်ပေးပြီး ထိုသူများသည် PDF များနှင့် ပူးပေါင်းကြသည်။
PDF အဖွဲ့များနှင့်အတူ KNLA သည် ကရင်နှင့် မွန်ပြည်နယ်၊ တနင်္သာရီနှင့် ပဲခူးတိုင်းများတွင် စစ်ကောင်စီကို တိုက်ခိုက်နေသည်။ KNLA သည် စစ်ကောင်စီရှေ့တန်းစခန်း အများအပြားနှင့် ကရင်ပြည်နယ်မှ စစ်ကောင်စီတပ်ရင်း ဌာနချုပ် ၅ ခုကို သိမ်းပိုက်သည်။
PDF အဖွဲ့များနှင့်အတူ KNLA သည် ကရင်နှင့် မွန်ပြည်နယ်၊ တနင်္သာရီနှင့် ပဲခူးတိုင်းများတွင် စစ်ကောင်စီကို တိုက်ခိုက်နေသည်။ KNLA သည် စစ်ကောင်စီရှေ့တန်းစခန်း အများအပြားနှင့် ကရင်ပြည်နယ်မှ စစ်ကောင်စီတပ်ရင်း ဌာနချုပ် ၅ ခုကို သိမ်းပိုက်သည်။
မကြာသေးမီက KNLA နှင့် PDF တပ်များသည် ထိုင်းနယ်စပ်မှ အရေးပါသည့် ကုန်သွယ်ရေးမြို့ မြဝတီအနီးရှိ စစ်တပ်ဌာနချုပ်များကို ချေမှုန်းပြီးနောက် ထိုမြို့ကို ခေတ္တသိမ်းပိုက်သည်။ လက်ရှိအချိန်တွင် စစ်ကောင်စီသည် မြဝတီမှ KNLA နှင့် PDF တပ်များကို တိုက်ခိုက်ရန် အောင်ဇေယျစစ်ဆင်ရေး အမည်ဖြင့် နိုင်ငံတော်အဆင့် စစ်ဆင်ရေးဟု ၎င်းတို့ခေါ်သည့် အရေးပါသောထိုးစစ် ပြုလုပ်နေသော်လည်း ထိုစစ်ဆင်ရေးမှ စစ်ကောင်စီတပ်များသည် ဒေါနတောင်ပေါ်တွင်သာ ပိတ်မိနေသည်မှာ နှစ်လကြာပြီဖြစ်ပြီး တော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်မှုများကြောင့် အကြီးအကျယ် ထိခိုက်ဆုံးရှုံးနေသည်။
ကရင်ပြည်နယ်တွင် သုတ်သင်ရှင်းလင်းပြီးသော စစ်ကောင်စီတပ်ရင်းဌာနချုပ်များ
၁။ အမှတ် ၁၉ ခြေလျင်တပ်ရင်း
၂။ အမှတ် ၄၃၄ ခြေမြန်တပ်ရင်း
၃။ အမှတ် ၃၅၅ ခြေမြန်တပ်ရင်း
၄။ အမှတ် ၃၅၆ ခြေမြန်တပ်ရင်း
၅။ အမှတ် ၃၅၇ ခြေမြန်တပ်ရင်း
စုစုပေါင်း ၅ ခု။
ခြေမြန်တပ်မ ၁၀ ခု၏ လက်ရှိအခြေအနေ
၁။ တပ်မ ၁၁

၂၀၁၉/၂၀၂၀ က AA နှင့် တိုက်ပွဲများအတွင်း တပ်မ ၁၁ ကို ချင်းပြည်တောင်ပိုင်း ပလက်ဝနှင့် မင်းတပ်မှ စစ်ဆင်ရေးများတွင် တာဝန်ပေးထားသည်။ ညီနောင်မဟာမိတ်အဖွဲ့က ရှမ်းပြည်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တွင် ၁၀၂၇ စစ်ဆင်ရေး စတင်သောအခါ တပ်မ ၁၁ ၏ ဌာနချုပ်ကို ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မြောက်ဦးသို့ ရွှေ့ပြောင်းပြီး ချင်းပြည်နယ်၊ ပလက်ဝမှ မြောက်ဦးအထိ ကုလားတန်မြစ်ကြောင်းတွင် စစ်ဆင်ရေးများ ပြုလုပ်သည်။
တပ်မ ၁၁ ၏ တပ်မှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့က AA နှင့် တိုက်ပွဲအတွင်း သေဆုံးသည်။ တပ်မ ၁၁ အောက်မှ တပ်ရင်းဌာနချုပ် ၁၀ ခုလုံး AA နှင့်တိုက်ပွဲအတွင်း ချေမှုန်းခံရပြီး ထိုတပ်မ၏ ဒုတပ်မမှူးနှင့် ဗျူဟာမှူးများ အားလုံးသည် သေဆုံး သို့မဟုတ် ဖမ်းဆီးခံရသည်။
၂။ တပ်မ ၂၂

ထိုတပ်မကို ၂၀၁၉-၂၀၂၀ တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် AA ကို တိုက်ခိုက်သည့် စစ်ဆင်ရေးများ ပြုလုပ်ရန် တာဝန်ပေးခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် တပ်မ ၂၂ ကို ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့် ကျုံဒိုးဒေသများမှာ စစ်ဆင်ရေးများအတွက် တာဝန်ပေးသော်လည်း ကရင့်တော်လှန်ရေးတပ်များနှင့် မဟာမိတ် PDF များ၏ အပြင်းအထန် ချေမှုန်းခြင်းကို ခံရသည်။ ထိုတပ်မသည် စစ်ဆင်ရေးများကို ဦးမဆောင်နိုင်တော့ဘဲ မြဝတီကို ပစ်မှတ်ထားသည့် အောင်ဇေယျစစ်ဆင်ရေးတွင် တပ်မ ၄၄၊ ၅၅ တို့နှင့် ပူးပေါင်းပါဝင်နေသည်။
၃။ တပ်မ ၃၃
ထိုတပ်မ၏ ဌာနချုပ်သည် ကချင်ပြည်နယ်မှ ကျောက်စိမ်းတူးဖော်သည့် ဖားကန့်တွင် အခြေစိုက်ပြီး ၎င်း၏တပ်ရင်းများကို ပတ်ဝန်းကျင် ကျေးရွာများတွင် ဖြန့်ကြက်ထားသည်။ ထိုတပ်မသည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်း ချင်းရွှေဟော်တွင် စစ်ဆင်ရေးလုပ်ရန် တပ်ရင်း နှစ်ရင်း စေလွှတ်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ နှောင်းပိုင်းတွင် ချင်းရွှေဟော်သို့ လေကြောင်းမှ ပို့ဆောင်ပြီးနောက် အမှတ် ၁၃ ခြေမြန်တပ်ရင်တခုလုံးကို သုတ်သင်ချေမှုန်းလိုက်သည်။
ထိုတပ်မသည် ကျောက်စိမ်းတူးဖော်သည့် ဒေသပတ်ဝန်းကျင်မှ ရှေ့တန်းစခန်းများအားလုံးကို KIA နှင့် မဟာမိတ် PDF တပ်များ၏ ထိုးစစ်အတွင်း ဆုံးရှုံးသည်။ လက်ရှိ အချိန်တွင် တပ်မ ၃၃ ၏ ကျန်စခန်းများနှင့် တပ်များသည် KIA နှင့် PDF များကို တိုက်ခိုက်နေသည်။
၄။ တပ်မ ၄၄

ထိုတပ်မ၏ ရှေ့တန်းဌာနချုပ်သည် ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ်၊ မြဝတီတွင် တည်ရှိသည်။ မြဝတီအနီး လက်ခတ်တောင်စခန်း တိုက်ပွဲတွင် KNLA နှင့် PDF များ၏ ချေမှုန်းမှုခံရပြီးနောက် ထိုတပ်မ၏ တပ်မမှူး ဗိုလ်မှူးချုပ် ဝင်းနောင်စိုး နေရာတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းနောင်ကို ဗိုလ်မှူးချုပ်ရာထူး တိုးပေးပြီး အစားထိုးလိုက်သည်။
သို့သော် အေးမင်းနောင်သည် မြဝတီအနီး သင်္ဃန်းညီနောင် ဗျူဟာစခန်းသို့ခရီးသွားစဉ် သူ၏ရဟတ်ယာဉ်ကို ကရင်တော်လှန်ရေးတပ်များက ပစ်ချသောအခါ အခြား အဆင့်မြင့်အရာရှိများနှင်အတူ သေဆုံးသည်။ သူသေပြီးနောက် အမှတ် ၁၃ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုဌာနချုပ်မှူး ဗိုလ်မှူးကြီး စိုးမင်းထွဋ်ကို တပ်မ ၄၄ တပ်မမှူးအဖြစ် ခန့်သည်။
သို့သော် ၂၀၂၄ ခုနှစ်၊ ဧပြီလက မြဝတီတိုက်ပွဲအတွင်း သူ၏ညံ့ဖျင်းသော ကွပ်ကဲမှုကြောင့် စိုးမင်းထွဋ်ကို စစ်ကောင်စီ၏ စစ်တက္ကသိုလ် နည်းပြဟောင်း ဗိုလ်မှူးကြီး ညီညီသွင်နှင့် အစားထိုးသည်။ ထိုတပ်မသည် ဆက်လက် ချေမှုန်းခံနေရပြီး အင်အားအပြည့်အဝ ပြန်လည်ဖြစ်မလာတော့ပေ။
၅။ တပ်မ ၅၅

ရှမ်းပြည်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး မစတင်မီက တပ်မ ၅၅ ၏ ဗျူဟာတခုနှင့် တပ်ရင်း လေးခုကို ကရင်နီ (ကယား) ပြည်နယ်၊ ဖားဆောင်းမြို့နယ်တွင် အခြေစိုက်ထားပြီး တပ်မ၏ တပ်ရင်းဌာနချုပ်သည် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး စတင်သောအခါ တပ်မတခုလုံးကို ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသမှ စစ်ဆင်ရေးများအတွက် တာဝန်ပေးသည်။
ချေမှုန်းခံရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းနှင့် အခြားအရာရှိ အရာခံ ၈၉ ဦး အပါအဝင် ထိုတပ်မမှ လူ ၈၅၀ ခန့် MNDAA ထံ လက်နက်ချသည်။ စစ်ကောင်စီထံ ပြန်လည် လွှဲပြောင်းပေးပြီးနောက် ဗိုလ်မှူးချုပ် ဇော်မျိုးဝင်းကို ရန်သူထံ လက်နက်ချခြင်းအတွက် စစ်ကောင်စီ၏ စစ်ခုံရုံးက သေဒဏ်ပေးသည်။ ထို့နောက် စစ်ကောင်စီသည် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗျူဟာမှူး ဗိုလ်မှူး အောင်စိုးမင်းကို တပ်မ ၅၅ တပ်မမှူးအဖြစ် ခန့်သည်။
လက်ရှိအချိန်တွင် တပ်မ ၅၅ သည် တပ်မ ၂၂ နှင့် တပ်မ ၄၄ မှ လက်ကျန်တပ်များ၊ တင့်ကားတပ်ရင်း နှစ်ရင်း၊ ဒုံးကျည်တပ်ရင်း တရင်း၊ အမြောက်တပ်ရင်း နှစ်ရင်းနှင့်အတူ အောင်ဇေယျ စစ်ဆင်ရေးကို ဦးဆောင်နေသည်။ သို့သော် ထိုစစ်ဆင်ရေးကို ပြုလုပ်နေသည့် တပ်များသည် ဒေါနတောင်တန်းတွင် ရပ်တန့်နေပြီး အကြီးအကျယ် ချေမှုန်းခံနေရသည်မှာ ရက်ပေါင်း ၅၀ ကျော် ကြာပြီဖြစ်သည်။
၆။ တပ်မ ၆၆

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှု နောက်ပိုင်းတွင် ထိုတပ်မကို ကရင်နီပြည်နယ်မှ စစ်ဆင်ရေးများအတွက် တာဝန်ပေးသည်။ ကရင်နီတော်လှန်ရေးတပ်များ၏ အကြီးအကျယ် ချေမှုန်းခံရပြီးနောက် ၎င်း၏စစ်ဆင်ရေးတာဝန်ကို အမှတ် ၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနသို့ လွှဲပြောင်းပေးသည်။ သို့သော် တပ်မ ၆၆ ကို ကရင်နီပြည်နယ်မြို့တော် လွိုင်ကော်မှ လွိုင်ကော်ဒေသစစ်ဌာနချုပ်၏ အရန်တပ်အဖြစ် တာဝန်ပေးထားသည်။ လွိုင်ကော်ဒေသ အများစုကို တော်လှန်ရေး အင်အားစုများက ထိန်းချုပ်ထားသည်။
၇။ တပ်မ ၇၇
ထိုတပ်မသည် ၂၀၁၅/၂၀၁၆ က ရှမ်းပြည်မြောက်ပိုင်း စစ်ဆင်ရေးများနှင့် ၂၀၁၉/၂၀၂၀ ရခိုင်ပြည်နယ်မှ စစ်ဆင်ရေးအတွင်း တပ်အင်အားဆုံးရှုံးသည်။ သို့သော် ထိုတပ်မသည် ၂၀၂၀ တွင် အင်အား ပြည်လည် ဖြည့်တင်းနိုင်ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီ အာဏာသိမ်းသောအခါ ထိုတပ်မကို ရန်ကုန်နှင့် ပဲခူး လုံခြုံရေး တာဝန်ပေးသည်။
အထက်မြန်မာနိုင်ငံတွင် စစ်ကောင်စီဆန့်ကျင်ရေး လက်နက်ကိုင်တော်လှန်မှု ပေါ်ပေါက်လာသောအခါ ထိုတပ်မ ဌာနချုပ်ကို စစ်ကိုင်းတိုင်းမြောက်ပိုင်းသို့ ပြောင်းရွှေ့ပြီး ထိုဒေသမှ တော်လှန်ရေး အင်အားစုများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ စတင် စစ်ဆင်ရေးလုပ်နေသည်။ ထိုတပ်မသည် ထိခိုက်ဆုံးရှုံးမှု နည်းသည်။ လက်ရှိ အချိန်တွင် ထိုတပ်မ၏ ဗျူဟာ နှစ်ခုသည် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် စစ်ဆင်ရေး လုပ်နေပြီး နောက်ထပ်ဗျူဟာ တခုသည် ချင်းပြည်နယ်နယ်စပ်အနီး မကွေးတိုင်းမြောက်ပိုင်းတွင် စစ်ဆင်ရေး လုပ်နေသည်။
၈။ တပ်မ ၈၈

တပ်မ ၈၈ ကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ကချင်ပြည်နယ် ဗန်းမော်ဒေသတွင် တာဝန်ပေးသည်။ ၎င်း၏ဌာနချုပ်သည် ဗန်းမော်မြို့အနီး မိုးမောက်တွင် ရှိသည်။ ထိုတပ်မ၏ စစ်ဗျူဟာတခုနှင့် တပ်ရင်း သုံးရင်းသည် ကသာမြို့နယ်တွင် အခြေစိုက်သည်။ တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦးသည် မတ်လ ၂၀ ရက်နေ့က မိုးမောက်မြို့နယ် ကုန်းလောဒေသတွင် KIA နှင့်တိုက်ပွဲအတွင်း သေဆုံးသည်။ ဗန်းမော်နှင့် မိုးမောက်မြို့နယ်များမှ တပ်ရင်းများမှအပ ထိုတပ်မ၏ ရှေ့တန်းစခန်းများ အားလုံးကို KIA က ချေမှုန်းပြီးဖြစ်သည်။ KIA သည် လက်ရှိအချိန်တွင် ထိုမြို့များမှ စစ်ကောင်စီ၏ နောက်ဆုံးစခန်းများကို ထိုးစစ်ဆင်နေသည်။
တပ်မ ၈၈ ကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ကချင်ပြည်နယ် ဗန်းမော်ဒေသတွင် တာဝန်ပေးသည်။ ၎င်း၏ဌာနချုပ်သည် ဗန်းမော်မြို့အနီး မိုးမောက်တွင် ရှိသည်။ ထိုတပ်မ၏ စစ်ဗျူဟာတခုနှင့် တပ်ရင်း သုံးရင်းသည် ကသာမြို့နယ်တွင် အခြေစိုက်သည်။ တပ်မမှူး ဗိုလ်မှူးချုပ် မင်းထွဋ်ဦးသည် မတ်လ ၂၀ ရက်နေ့က မိုးမောက်မြို့နယ် ကုန်းလောဒေသတွင် KIA နှင့်တိုက်ပွဲအတွင်း သေဆုံးသည်။
၉။ တပ်မ ၉၉
၂၀၁၅/၂၀၁၆ ရှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားတပ်များက တိုက်ခိုက်မှု ပြန်လည်စတင်သောအခါ မုန်းကိုးတွင် တာဝန်ချထားသည်။ တပ်မမှူး ဗိုလ်မှူးချုပ် အောင်ကျော်လွင်သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့က မုန်းကိုးမှ ဗျူဟာကုန်း တိုက်ပွဲတခုအတွင်း သေဆုံးသည်။ ထိုတပ်မသည် သေနင်္ဂဗျူဟာ ရှေ့တန်းစခန်းများနှင့် ဗျူဟာမှူးများကိုလည်း ဆုံးရှုံးသည်။
စစ်ကောင်စီသည် ဗိုလ်မှူးချုပ် စိုးလှိုင်ကို ထိုတပ်မ တပ်မမှူးအဖြစ် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ခန့်သည်။ လက်ရှိအချိန်တွင် ထိုတပ်မဌာနချုပ်နှင့် ဗျူဟာတခု တပ်ရင်း လေးရင်းသည် တရုတ်နယ်စပ်အနီး မူဆယ်တွင် အခြေစိုက်သည်။ ထိုတပ်မ၏ အခြားဗျူဟာတခုကို မန္တလေးတိုင်း အထက်ပိုင်း မိုးကုတ်တွင် လုံခြုံရေး တာဝန်ချထားသည်။ တပ်ရင်း သုံးရင်းပါသော နောက်ထပ်ဗျူဟာတခု ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ချထားသည်။ ထိုတပ်မကို စစ်ဆင်ရေးအတွက် တာဝန်မပေးတော့သောကြောင့် အရန်အင်အားအဖြစ် တာဝန်ပေးထားသည်။
၁၀။ တပ်မ ၁၀၁

၂၀၁၇ ခုနှစ်တွင် ထိုတပ်မဌာနချုပ်သည် ရှမ်းပြည်မြောက်ပိုင်း နမ့်စမ်တွင် အခြေစိုက်ပြီး ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် စစ်ဆင်ရေးများ လုပ်သည်။ ၂၀၂၃ ခုနှစ်တွင် ထိုတပ်မ၏ တပ်ရင်း သုံးရင်းပါသော ဗျူဟာတခုကို မကွေးတိုင်းတွင် စစ်ဆင်ရေးတာဝန် ပေးသည်။ ထိုတပ်မ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်းကို တအာင်း TNLA က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့က နမ့်စမ်မှ တိုက်ပွဲအတွင်း ဖမ်းမိသည်။
စစ်ကောင်စီသည် နေပြည်တော် စစ်ရုံးချုပ်မှ ဗိုလ်မှူး မြင့်ရွှေကို တပ်မ ၁၀၁ တပ်မမှူးအဖြစ် ခန့်သည်။
ရှမ်းပြည်မြောက်ပိုင်းမှ ၁၀၂၇ စစ်ဆင်ရေးအတွင်း ထိုတပ်မကို နမ့်စမ်၊ ကျောက်မဲနှင့် နောင်ချိုမြို့နယ်များတွင် တာဝန်ပေးသည်။
လက်ရှိအချိန်တွင် ထိုတပ်မကို မန္တလေးတိုင်းမှ စစ်ကောင်စီတပ်မြို့ ပြင်ဦးလွင်နှင့် ရှမ်းပြည်မြောက်ပိုင်းမှ နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့နယ်များ၏ လုံခြုံရေးတာဝန် ပေးထားသည်။ ထိုတပ်မအောက်မှ ဗျူဟာတခုသည် မကွေးတိုင်းတွင် စစ်ဆင်ရေးလုပ်နေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Counting the Myanmar Junta Battalion HQs Lost to Resistance Attacks ကို ဘာသာပြန်သည်။ အေးချမ်းဆု ပါဝင်ကူညီသည်။)
You may also like these stories:
အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၁
အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၂
ပွင့်လင်းရာသီကုန်လျှင် စစ်ကောင်စီတပ် အကျပ်အတည်း ဆိုက်မည်
စစ်ရှိန်မြှင့်နေသည့် တိုင်းရင်းသား ပြည်နယ်များ
ဒေါနတောင်ကို အောင်ဇေယျ မကျော်နိုင်တော့တဲ့အခါ