မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး ငွေကြေးဖောင်းပွမှု မြင့်မားလာသောကြောင့် မန္တလေးမှ မိုဘိုင်းဖုန်းဆိုင် သုံးခု၏ ပိုင်ရှင်တဦးက သူ၏ အလုပ်သမားများကို လုပ်အားခတိုးပေးကြောင်း ကြေညာလိုက်သည်။ ထိုသို့သော ရက်ရောမှုသည် Facebook တွင် အလျင်အမြန် ပျံ့နှံ့ပြီး ထိုသတင်းကို အလုပ်သမားများက ကြိုဆိုကြသည်။
သို့သော် စစ်ကောင်စီက ထိုသတင်းကို မတူညီသောအမြင့်ဖြင့် ကြည့်သည်။ စစ်သားများနှင့် ရဲများက ဆိုင်ပိုင်ရှင် ကိုပြည့်ဖြိုးဇော်ကို ဖမ်းဆီးပြီး သူ၏ဆိုင် သုံးဆိုင်ကို ပိတ်ကာ နိုင်ငံရေးအတိုက်အခံများကို ဖိနှိပ်ရန် မကြာခဏသုံးသည့် ရှင်းလင်းမှု မရှိသော ဥပဒေအရ ဆူပူရန် လှုံ့ဆော်မှုဖြင့် စွဲချက်တင်လိုက်သည်ဟု ၎င်း၏ ညီအကိုတော်စပ်သူတဦးနှင့် အလုပ်သမားတဦးတို့က ပြောသည်။
လစာတိုးပေးခြင်းသည် ဥပဒေနှင့် မညီသည် မဟုတ်သော်လည်း ထိုစီးပွားရေး လုပ်ငန်းရှင်များသည် ငွေကြေးဖောင်းပွနေသည်ကို လူထုက ယုံကြည်အောင်လုပ်ပြီး စစ်ကောင်စီကို ထိခိုက်စေသောကြောင့် တရားစွဲခံရကြောင်း ဥပဒေပညာရှင်တဦးက ပြောသည်။ ၎င်းတို့ အာလုံးသည် ထောင် သုံးနှစ်ကျမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
ကိုပြည့်ဖြိုးဇော်သည် အလုပ်သမားများကို လစာတိုးပေးသည်ဆိုသည့် သတင်းများ ပျံ့နှံ့ပြီးနောက် အဖမ်းခံရသည့် စီးပွားရေးလုပ်ငန်းရှင် အနည်းဆုံး ၁၀ ဦးအနက် တဦးဖြစ်သည်။ လစာတိုးပေးခြင်းသည် ဥပဒေနှင့် မညီသည် မဟုတ်သော်လည်း ထိုစီးပွားရေး လုပ်ငန်းရှင်များသည် ငွေကြေးဖောင်းပွနေသည်ကို လူထုက ယုံကြည်အောင်လုပ်ပြီး စစ်ကောင်စီကို ထိခိုက်စေသောကြောင့် တရားစွဲခံရကြောင်း ဥပဒေပညာရှင်တဦးက ပြောသည်။ ၎င်းတို့ အာလုံးသည် ထောင် သုံးနှစ်ကျမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
ရပ်ရွာငြိမ်းချမ်းတည်ငြိမ်မှုကို နှောင့်ယှက်သောကြောင့် ဆိုင်ကို ပိတ်လိုက်သည်ဟု ကိုပြည့်ဖြိုးဇော်၏ ဆိုင်များအနက် တခုတွင် စစ်သားများက စာကပ်ထားသည်။
နယူးယောက်တိုင်မ်း သတင်းဌာနက အကြိမ်ကြိမ် ဖုန်းဆက်သည်ကို စစ်ကောင်စီပြောခွင့်ရသူက ဖုန်းမကိုင်ပေ။
“လခတွေ တိုးပေးလို့ ကျနော်တို့က အရမ်းကျေးဇူးတင်တယ်။ ဒါပေမယ့် အခု ဆိုင်ပိတ်သွားပြီး လခ မရတော့ဘူး” ဟု ဖမ်းဆီးခံရမည်ကို စိုးရိမ်သောကြောင့် အမည်မဖော်လိုသည့် အလုပ်သမားတဦးက ပြောသည်။ “ကျနော်တို့လို သာမန်လူတွေက ဈေးနှုန်းကြီးလွန်းလို့ ဒုက္ခရောက်တာ စိတ်ဓာတ်ကျတဲ့ အခြေအနေတောင် ရောက်နေပြီ” ဟု ထိုအလုပ်သမားက ပြောသည်။
စစ်တပ်သည် ၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ၎င်းတို့အုပ်ချုပ်ရေးကို ပုန်ကန်မှုကြောင့် နိုင်ငံသည် စီးပွားရေးအကျပ်အတည်း ကျရောက်ကာ တဝက်တပျက် ဒီမိုကရေစီ ခေါင်းဆောင်မှု ၁၀ နှစ်အတွင်း ရရှိသည့် တိုးတက်မှုများ နောက်ကြောင်း ပြန်လှည့်သွားသည်။

စစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ လိုလားသော တိုက်ခိုက်ရေးသမားများ၏ ပြင်းထန်သော ဖိအားကို ရင်ဆိုင်ရသည်။ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဒီမိုကရေစီလိုလားသော တိုက်ခိုက်ရေးသမားများသည် နိုင်ငံပိုင်နက် ထက်ဝက်ကျော်ကို ထိန်းချုပ်ကာ စစ်မြေပြင်တွင် အနိုင်ရနေပြီး စစ်တပ်၏ စခန်းများ၊ အခြေစိုက်စခန်းများ အများအပြားကို သိမ်းပိုက်ကြသည်။
ပုန်ကန်သူများကို တိုက်ခိုက်ရင်း စစ်တပ်သည် အထက်မြန်မာနိုင်ငံ စပါးကျီ ရွှေဘိုမှ ကျေးရွာများနှင့် စပါးခင်းများကို မီးရှို့သောကြောင့် သီးနှံများ ပျက်စီးပြီး အစားအသောက်ဈေးနှုန်း မြင့်မားစွာတက်သည်။
ပုန်ကန်သူများကို တိုက်ခိုက်ရင်း စစ်တပ်သည် အထက်မြန်မာနိုင်ငံ စပါးကျီ ရွှေဘိုမှ ကျေးရွာများနှင့် စပါးခင်းများကို မီးရှို့သောကြောင့် သီးနှံများ ပျက်စီးပြီး အစားအသောက်ဈေးနှုန်း မြင့်မားစွာတက်သည်။ နယ်စပ်ဂိတ်များကို တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသောကြောင့် တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့နှင့် ကုန်သွယ်ရေး ပြတ်တောက်သည်။
ဗိုလ်ချုပ်များ၏မြို့တော် နေပြည်တော်မှအပ တနိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားသည် တနေ့လျှင် လေးနာရီပြည့်အောင် မရဘဲ ကုန်ထုတ်လုပ်မှု ပြတ်တောက်ကာ အပူချိန် ၁၀၀ ဒီဂရီ ဖာရင်ဟိုက်အထိ မြင့်မားသည့် နေရာများတွင် အခြေအနေ ပိုမို ဆိုးရွားစေသည်။ မန္တလေးနှင့် မကွေးတိုင်းတွင် မေလက အပူလှိုင်းကြောင့် လူအနည်းဆုံး ၂၅၀ ကျော် သေဆုံးကြောင်း လူနာတင်ကားဖြင့် ကူညီပေးသည့် ပရဟိတအဖွဲ့တဖွဲ့က ပြောသည်။
“၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာ့စီးပွားရေး အကျပ်အတည်းကနေ ဖရိုဖရဲဖြစ်ပြီး အရင် အလုပ်ဖြစ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်ကနေ ပြိုလဲနေတယ်” ဟု ယခင် အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေး ဒေါက်တာ ရှောင်တာနဲလ်က ပြောသည်။ သူသည် ယခုအခါ အတိုက်အခံ ခေါင်းဆောင်မှုဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အကြံပေးနေသည်။
မြန်မာ့စီးပွားရေးသည် ၂၀၁၉ ခုနှစ်နောက်ပိုင်း ၉ ရာခိုင်နှုန်း ကျုံ့သွားကြောင်းနှင့် ဆင်းရဲနွမ်းပါးမှုသည် ဆယ်စုနှစ်တခု နီးပါးအတွင်း မကြုံဖူးသည့်အဆင့်အထိ မြင့်မားလာကြောင်း ကမ္ဘာ့ဘဏ်က ဇွန်လတွင် အစီရင်ခံသည်။ ယခုအခါ လူဦးရေ ၃ ပုံ ၁ ပုံသည် ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်အောက်တွင် ရောက်နေသည်။
လူ ၃ သန်းကျော်သည် တိုက်ပွဲများကြောင့် ထွက်ပြေးပြီး ဝေးကွာသော ကျေးရွာများနှင့် တောတွင်း ခိုလှုံရေးစခန်းများတွင် နေထိုင်ကြကာ လူငယ် အမျိုးသား၊ အမျိုးသမီး အများအပြားသည် အတင်းအကျပ် စစ်သားစုဆောင်ခံရသောကြောင့် ပြည်ပသို့ ထွက်ပြေးကြသည်။ ထောင်နှင့်ချီသည့် အများအပြားသည် တော်လှန်ရေးတပ်များနှင့် ပူးပေါင်းရန် မြို့ကြီးများမှ ထွက်ပြေးနေသည်။
အနောက်နိုင်ငံများမှ ဘဏ္ဍာရေး အရေးယူပိတ်ဆို့မှုများကြောင့် စီးပွားရေးချိနဲ့နေပြီး မြန်မာ၏ ပိုမို အထီးကျန်မှုကြောင့် နိုင်ငံခြားသုံးငွေ ပြတ်တောက်နေသည်။ နိုင်ငံသုံး ကျပ်ငွေသည် မှောင်ခိုဈေးကွက်တွင် အာဏာမသိမ်းမီက တန်ဖိုး၏ ၃ ပုံ ၁ ပုံ ရောက်အောင် ကျဆင်းသည်။
အနောက်နိုင်ငံများမှ ဘဏ္ဍာရေး အရေးယူပိတ်ဆို့မှုများကြောင့် စီးပွားရေးချိနဲ့နေပြီး မြန်မာ၏ ပိုမို အထီးကျန်မှုကြောင့် နိုင်ငံခြားသုံးငွေ ပြတ်တောက်နေသည်။ နိုင်ငံသုံး ကျပ်ငွေသည် မှောင်ခိုဈေးကွက်တွင် အာဏာမသိမ်းမီက တန်ဖိုး၏ ၃ ပုံ ၁ ပုံ ရောက်အောင် ကျဆင်းသည်။
“ကျပ်ငွေတန်ဖိုး ပြိုလဲတာဟာ ချမ်းသာကြွယ်ဝမှုကို အကြီးအကျယ် ဖျက်ဆီးလိုက်တာ ဖြစ်တယ်” ဟု ဒေါက်တာ ရှောင်တာနဲလ်က ပြောသည်။ သူသည် လုပ်ကြံစွပ်စွဲမှုများဖြင့် စစ်ကောင်စီက ထောင် ၂၂ လချသည်ကို ခံခဲ့ရသူ ဖြစ်သည်။
ဗိုလ်ချုပ်များ၏ စီးပွားရေးမူဝါဒသည် ၎င်းတို့၏ စစ်ပွဲကို ငွေကြေးထောက်ပံ့ရေး ဘဏ္ဍာရေး လိုအပ်ချက် ဖြည့်ဆည်းရန် အသည်းအသန် လုပ်ကိုင်နေခြင်းသာဖြစ်ကြောင်း NUG က ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် ၎င်းက ပြောသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ကျန်းမာရေးနှင့် ပညာရေး ရန်ပုံငွေများကို ဖြတ်တောက်ပြီး စစ်အသုံးစရိတ် ၆၀ ရာခိုင်နှုန်း၏အထိ တက်လာကြောင်း ဒေါက်တာ ရှောင်တာနဲလ်က ပြောသည်။
စစ်ကောင်စီ၏ လက်နက်အများအပြားသည် ပြည်ပမှလာပြီး ထိုင်းနိုင်ငံသည် အဓိက အဆက်အသွယ် ဖြစ်လာကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စတာ တွမ်အင်ဒရူးက ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။
လွန်ခဲ့သောနှစ်အတွင်း စစ်ကောင်စီသည် ထိုင်းတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီများထံမှ လက်နက် ဒေါ်လာသန်း ၁၃၀ ဖိုးနီးပါး တင်သွင်းပြီး ယခင်နှစ်ကထက် နှစ်ဆ တိုးလာကြောင်း မစ္စတာ အင်ဒရူးက ပြောသည်။ လက်နက်စီးဆင်းမှု ရပ်တန့်အောင်လုပ်ရန် ထိုင်းကို ၎င်းက တိုက်တွန်းသည်။
နိုင်ငံပေါင်း ခုနစ်နိုင်ငံမှ ဘဏ် ၁၆ ခုသည် အနောက်တိုင်း အရေးယူပိတ်ဆို့မှုများကို မြန်မာစစ်ကောင်စီ ရှောင်ရှားရေးတွင် ကူညီနေကြောင်းနှင့် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ကူညီမှုရပ်ရန် ထိုဘဏ်များကို မစ္စတာ အင်ဒရူးက တိုက်တွန်းသည်။
စစ်ကို ထောက်ပံ့ရန်အတွက် စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ကျပ်ငွေ ၃၀ ထရီလီယံနီးပါး (လက်ရှိငွေလဲနှုန်းအရ ဒေါ်လာ ၉ ဒသမ ၂ ဘီလီယံ) ရိုက်ထုတ်သောကြောင့် ငွေကြေးတန်ဖိုး အကြီးအကျယ် ကျဆင်းပြီး ငွေကြေးဖောင်းပွမှု မြင့်မားစေသည်။
စစ်ကို ထောက်ပံ့ရန်အတွက် စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ကျပ်ငွေ ၃၀ ထရီလီယံနီးပါး (လက်ရှိငွေလဲနှုန်းအရ ဒေါ်လာ ၉ ဒသမ ၂ ဘီလီယံ) ရိုက်ထုတ်သောကြောင့် ငွေကြေးတန်ဖိုး အကြီးအကျယ် ကျဆင်းပြီး ငွေကြေးဖောင်းပွမှု မြင့်မားစေသည်။

ငွေကြေးဖောင်းပွမှုကို တားဆီးရန် စစ်ကောင်စီသည် ဆန်၊ အသားနှင့် ဆီကဲ့သို့သော အဓိက ကုန်စည် ဈေးနှုန်းများကို ထိန်းချုပ်ပြီး ရွှေနှင့် နိုင်ငံခြားငွေကြေး ဝယ်ယူမှုကို ကန့်သတ်ကာ ပြည်ပသို့ ငွေကြေးစီးထွက်မှုကို ဖြတ်တောက်သည်။
မကြာသေးမီ အပတ်များအတွင်း စစ်ကောင်စီသည် ဆန်ကုန်သည်များ၊ ရွှေကုန်သည်များနှင့် ငွေလဲလုပ်ငန်းလုပ်သူများ အပါအဝင် လူဒါဇင်ပေါင်းများစွာကို ဈေးနှုန်းနှင့် ငွေကြေးကန့်သတ်ချက်များ ချိုးဖောက်သည်ဟုဆိုကာ ဖမ်းဆီးသည်။ အဓိက ရင်းနှီးမြှုပ်နှံမှု ထွက်ပေါက်ဖြစ်သော ထိုင်းတွင် ကွန်ဒိုရောင်းသည့် ပွဲစားများ အရောင်းအဝယ် လွယ်ကူစေရန် ထိုင်းတွင် ဘဏ်စာရင်းဖွင့်သူများကိုလည်း ဖမ်းသည်။
လက်လီအရောင်းလုပ်ငန်းမှ အကြီးအကဲ လေးဦးနှင့် ဆန်စပါး အကြီးအကျယ် ထုတ်လုပ်သူ ခုနစ်ဦး အပါအဝင် ၁၁ ဦးသည် စစ်ကောင်စီ သတ်မှတ်သည့် ဆန်ဈေးနှုန်းထက် နှစ်ဆကျော် ပိုမိုရောင်းသောကြောင့် ၎င်းတို့ကို ဖမ်းဆီးကြောင်း စစ်ကောင်စီ သတင်းဌာနများက ဇွန်လ ၃၀ ရက်နေ့တွင် ကြေညာသည်။ ထိုသို့ ဖမ်းဆီးခံရသူများအနက် တဦးမှာ ဂျပန် လက်လီအရောင်းကွင်းဆက်မှ အမှုဆောင် အရာရှိတဦး ဖြစ်သည်ဟု ထိုသတင်းတွင် ဖော်ပြသည်။
“ဈေးတက်ရောင်းလို့ ဆိုင်ပိုင်ရှင်ကိုဖမ်းတာ ဘာဥပဒေနဲ့မှ မညီဘူး” ဟု လူ့အခွင့်အရေးရှေ့နေ ဦးကြီးမြင့်က ပြောသည်။ “မြန်မာမှာ ဥပဒေဆိုတာ အမည်ခံသက်သက်ပဲ။ ဒါကြောင့် ဥပဒေရှုထောင့်က ကြည့်ရင် စစ်ကောင်စီလုပ်သမျှ အရာရာဟာ မဆီမဆိုင်တွေချည်းပဲ” ဟု သူပြောသည်။
မန္တလေးမှ ဈေးတခုတွင် ဒေသဆိုင်ရာအရာရှိတဦးက အသံချဲ့စက်ဖြင့် ဝက်သား၊ အမဲသားနှင့် ဆိတ်သား သတ်မှတ်ဈေးနှုန်းများ ကြေညာနေပုံကို ဗီဒီယိုတခုတွင် ဖော်ပြသည်။ ဈေးပိုမိုတောင်းသည့် ဆိုင်ရှင်များကို တိုင်ကြားရန် အားလုံးကို ၎င်းက တိုက်တွန်းနေသည်။
“ဈေးတက်ရောင်းလို့ ဆိုင်ပိုင်ရှင်ကိုဖမ်းတာ ဘာဥပဒေနဲ့မှ မညီဘူး” ဟု လူ့အခွင့်အရေးရှေ့နေ ဦးကြီးမြင့်က ပြောသည်။ “မြန်မာမှာ ဥပဒေဆိုတာ အမည်ခံသက်သက်ပဲ။ ဒါကြောင့် ဥပဒေရှုထောင့်က ကြည့်ရင် စစ်ကောင်စီလုပ်သမျှ အရာရာဟာ မဆီမဆိုင်တွေချည်းပဲ” ဟု သူပြောသည်။
လူအများအစုအတွက် ဆန်သည် အဓိက အစားအစာဖြစ်ပြီး ဈေးနှုန်းများတက်ခြင်းသည် ဆင်းရဲသားများကို အထူးအထိနာစေသည်။
သူဝယ်နေကျဈေးမှ ကုန်ဈေးနှုန်းသည် ၃ ဆ တက်လာကြောင်း၊ ဆန်အကောင်းစား မဝယ်နိုင်တော့ကြောင်း၊ ယခုအခါ သူသည် ထုံးစံအားဖြင့် ကြက်ကျွေးသည့် ဈေးပေါသော ဆန်ကွဲကိုသာ ဝယ်နိုင်တော့ကြောင်း မန္တလေးမှ ဒေါ်ငယ်ငယ်ထွန်းက ပြောသည်။
“အရင်တုန်းက အရည်အသွေးမြင့် ဆန်ကောင်း ဝယ်နိုင်တယ်။ ဒါကို စဉ်းစားမိတော့ မြန်မာပြည်သူတွေရဲ့ ဘဝတွေဟာ အသတ်ခံရဖို့ ခြံထဲမှာ ထိုင်စောင့်နေရတဲ့ ကြက်တွေနဲ့ အတူတူပဲလို့ ထင်မိတယ်” ဟု ၎င်းက ပြောသည်။
(New York Times ပါ Richard C. Paddock ၏ As inflation soars, Myanmar shop owners are jailed for raising wages ကို ဘာသာပြန်သည်။)
You may also like these stories:
ပဋိပက္ခ၊ ငွေကြေးဖောင်းပွမှုနှင့် မြန်မာ့စီးပွားရေး
အခြေခံစားကုန်ဈေးနှုန်း အတက်ကြမ်း
ဆန်ရောင်းသူတွေကိုဖမ်းလို့ ဆန်ဈေးကျမှာလား (ရုပ်/သံ)
ငွေတန်ဖိုးပြိုလဲစဉ် ထိုင်းကွန်ဒို ဝယ်သူများနှင့် ပွဲစားများကို စစ်ကောင်စီဖမ်း
ထိုင်းဘဏ်များ မြန်မာစစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေဟု ကုလသမဂ္ဂ အစီရင်ခံ