လားရှိုးဆိုသည်က ရှမ်းမြောက်၏ မြို့တော်ဟုဆိုနိုင်၏။ အင်္ဂလိပ်က ရှမ်းပြည်ကို သိမ်းပြီးနောက် သိန္နီစော်ဘွား၊ မိုင်းရယ်စော်ဘွား၊ သီပေါစော်ဘွား၊ နမ့်ဆန်စော်ဘွား၊ မိုးမိတ်စော်ဘွားတို့ကို အုပ်ချုပ်ရန် ထူထောင်ခဲ့သည့် အုပ်ချုပ်ရေးမြို့ ဖြစ်သည်။
လားရှိုးသည် မြောက်ဘက်ရှိ သိန္နီမှတဆင့် အရှေ့မြောက်ဘက် ကွမ်းလုံ၊ ကိုးကန့်ဒေသ၊ မြောက်ဘက်ရှိ သိန္နီမှတဆင့် အနောက်မြောက်ဘက် ကွတ်ခိုင်၊ နန့်ဖတ်ကာ၊ မူဆယ်ဒေသတို့ကို ဆက်သွယ်ထားသကဲ့သို့ အရှေ့တောင်ဘက်တွင် နန့်ပေါင်၊ တန့်ယန်း၊ မိုင်းရယ်ဒေသ၊ အနောက်တောင်ဘက်တွင် သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ ပြင်ဦးလွင်တို့သို့ ဆက်သွယ်ထားသည်။ လမ်းပန်းဆက်သွယ်ရေးအရ၊ စစ်ရေးအရ အချက်အခြာကျသည့် ဒေသဖြစ်သည်။
ထို့ကြောင့်လည်း စစ်တပ်က လားရှိုးတွင် အခြေပြုသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ၁၉၇၂ ခုနှစ်၊ ဇူလိုင်လတွင် ဖွင့်လှစ်ခဲ့၏။ ရှမ်းပြည်တွင် ဖွင့်လှစ်ခဲ့သည် ဒုတိယမြောက် စစ်တိုင်းဖြစ်၏။ အရှေ့မြောက် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ရင်ဆိုင်ခဲ့သည့် စစ်တိုင်းဖြစ်ပြီး စစ်တပ်၏ နာမည်ကြီး ဗိုလ်ချုပ်များဖြစ်သည့် အေးကို၊ တင်စိန်၊ အေးစန်၊ ချစ်ဆွေ၊ စိန်အောင်၊ မောင်အေး စသူများသည် ဗကပ ခေတ်တလျှောက် တိုင်းမှူးတာဝန်ယူခဲ့ကြသူများ ဖြစ်သည်။
၁၀၂၇ စစ်ဆင်ရေးတွင် နယ်မြေအများအပြား ဆုံးရှုံးခဲ့ရသော စစ်တိုင်းဖြစ်သော်လည်း တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ် နိုင်နိုင်ဦးအား ကစထ ၂ မှူးအဖြစ် ရာထူးတိုးပေးခဲ့သည်ကို အံဩဖွယ် တွေ့ရ၏။ လက်ရှိစစ်တိုင်းမှူးမှာ ဗိုလ်ချုပ် စိုးတင့် ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့မှ စတင်တာဝန်ယူသည်။
ရမခ စစ်တိုင်းအောက်တွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တခု၊ စစ်ဗျူဟာ အခြေချ (စဗခ) သုံးခုနှင့် လှုပ်ရှား စစ်ဗျူဟာ နှစ်ခုရှိ၏။ ထို့ပြင် ရမခ နယ်မြေအတွင်း ကျောက်မဲအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁ နှင့် သိန္နီအခြေစိုက် စကခ ၁၆ တို့ ရှိ၏။
ရမခ တိုင်းစစ်ဌာနချုပ် လက်အောက်ခံတိုင်းတပ် ၂၆ ရင်း ရှိခဲ့၏။ ၁၀၂၇ စစ်ဆင်ရေးတွင် ဒကစ လောက်ကိုင်၊ စဗခ ကွန်လုံ၊ စဗခ ကွတ်ခိုင်နှင့် ခြေလျင် ခြေမြန်တပ်ရင်း ၁၃ ရင်း၊ အမြောက်တပ် သုံးရင်းတို့အား မြောက်ပိုင်းသုံးဖွဲ့က သိမ်းပိုက်ခဲ့ပြီး စစ်အင်္ဂါစဉ်မှ ပျောက်ကွယ်သွား၏။ ထို့ပြင် သိန္နီအခြေစိုက် စကခ ၁၆ ဌာနချုပ်နှင့် လက်အောက်ခံ တပ်ရင်း ခုနစ်ရင်းပါ သိမ်းပိုက်ခံရပြီး စစ်အင်္ဂါစဉ်ထဲမှ ပျောက်ကွယ်သွား၏။
ရမခ တိုင်းစစ်ဌာနချုပ် လက်အောက်ခံတိုင်းတပ် ၂၆ ရင်း ရှိခဲ့၏။ ၁၀၂၇ စစ်ဆင်ရေးတွင် ဒကစ လောက်ကိုင်၊ စဗခ ကွန်လုံ၊ စဗခ ကွတ်ခိုင်နှင့် ခြေလျင် ခြေမြန်တပ်ရင်း ၁၃ ရင်း၊ အမြောက်တပ် သုံးရင်းတို့အား မြောက်ပိုင်းသုံးဖွဲ့က သိမ်းပိုက်ခဲ့ပြီး စစ်အင်္ဂါစဉ်မှ ပျောက်ကွယ်သွား၏။ ထို့ပြင် သိန္နီအခြေစိုက် စကခ ၁၆ ဌာနချုပ်နှင့် လက်အောက်ခံ တပ်ရင်း ခုနစ်ရင်းပါ သိမ်းပိုက်ခံရပြီး စစ်အင်္ဂါစဉ်ထဲမှ ပျောက်ကွယ်သွား၏။

သို့ဖြစ်ရာ ရမခ စစ်တိုင်းနယ်မြေတွင် တိုင်းတပ်၊ စကခ ၁ နှင့် ၁၆ မှ ခြေလျင်/ခြေမြန် တပ်ရင်း ၂၆ ရင်း၊ အမြောက်စစ်ဆင်ရေး ကွပ်ကဲမှဌာနချုပ် တခု၊ အမတ တပ်ရင်း ရှစ်ရင်း၊ တင့်ကားတပ်ရင်း တရင်း၊ သံချပ်ကာတပ်ရင်း တရင်းနှင့် လက်ရုံးတပ်ရင်းတပ်ဖွဲ့များ ရှိ၏။
သို့သော် ဤတပ်အင်အားနှင့် ရမခအား ကာကွယ်ရန် မဖြစ်နိုင်၍ စကခ ၁၄ ၏ သုံးရင်းမှ ငါးရင်းအထိ ထပ်မံဖြည့်တင်းထားပြီး ယခင် နမ့်ဆန်၊ နောင်ချိုဒေသတွင် တာဝန်ယူသည့် တပ်မ ၁၀၁ ကို ရခိုင်သို့ စေလွှတ်ခဲ့ပြီးနောက် ၎င်းနေရာတွင် စကခ ၁၇ မှ တပ်အင်အားအချို့ (အနည်းဆုံး ဗျူဟာတခု) ဖြည့်တင်းထားသည်ကို တွေ့ရ၏။
သို့ဖြစ်ရာ လားရှိုးအခြေပြု ရမခ စစ်တိုင်းနယ်မြေအတွင်းရှိ လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ့်လန်၊ နမ့်ပေါင်၊ မန်ကတ်၊ တန့်ယန်း နယ်မြေတို့တွင် ရမခ ကွပ်ကဲမှုအောက်ရှိ တပ်များကို ယေဘုယျအားဖြင့် အောက်ပါအတိုင်း ဖြန့်ခွဲထားသည်ကို တွေ့ရ၏။ လားရှိုးတွင် စကခ ၁ မှ အနည်းဆုံး နှစ်ဗျူဟာနှင့် အခြေစိုက်တပ်ရင်းများ၊ အမြောက်တပ်၊ သံချပ်ကာတပ်ရင်းတို့နှင့် မြို့လုံခြုံရေး ယူထားသည်။
လားရှိုးမှ သိန္နီဘက်အထွက် နမ့်တောင်ရွာတဝိုက်တွင် စကခ ၁၄ မှ အနည်းဆုံး သုံးရင်း တဗျူဟာ၊ လားရှိုးမှ သီပေါဘက်အထွက်တွင် စကခ ၁၇ မှ အနည်းဆုံး သုံးရင်း တဗျူဟာ၊ တန်ယန်းဘက်အထွက် နမ့်ပေါင်တွင် စကခ ၁၆ မှ နှစ်ရင်းနှင့် တိုင်းတပ်တရင်းအား အခြေပြုပြီး လားရှိုးမြို့ဝင်လာမည့်လမ်းကြောင်းများအား ပိတ်ဆို့ထားသည်။
တန့်ယန်းတွင် အခြေချစစ်ဗျူဟာနှင့် တပ်ရင်း သုံးရင်းခန့် ရှိပြီး တန်ယန်းအနီး တကက ၈ အခြေစိုက်ရာ မန်ကတ်တွင် စကခ ၁၆ ဌာနချုပ်နှင့်တရင်း တွဲဖက်ထား၏။ တန့်ယန်း၊ သီပေါ၊ နန့်လန်၊ ကျောက်မဲ၊ နောင်ချို၊ တောင်ခမ်းတို့တွင် အခြေစိုက်တပ်ရင်းများရှိ၏။ ကျောက်မဲတွင် စကခ ၁ ဌာနချုပ်ရှိ၏။
တကျော့ပြန်စစ်ပွဲ အခြေအနေ
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ရမခ နယ်မြေ၌ တိုက်ပွဲများ ဖြစ်ပွားသည်။ အဓိကတိုက်ပွဲမှာ နောင်ချိုနှင့် ကျောက်မဲမြို့ပေါ်သို့ ဦးစွာဝင်ရောက်၍ မြို့တွင်းအခြေပြု စစ်တပ်အင်အားစု၊ ရဲစခန်း၊ ရုံးဌာနတို့အား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြို့ပြင်ရှိ အခြေစိုက်တပ်ရင်းများကို ဆက်လက် တိုက်သည်ကို တွေ့ရ၏။

ဇွန် ၂၅ ရက်မှ စတင်ပြီး နောင်ချိုနှင့် ကျောက်မဲမြို့တွင်းအား ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီး မြို့များကို အရင် ချုပ်ကိုင်နိုင်ခဲ့၏။ ထို့နောက် နောင်ချို မြို့ပြင်ရှိ ခမရ ၁၁၄၊ ခမရ ၁၁၅ နှင့် အမတ ၆၀၆၊ ကျောက်မဲမြို့ပြင်ရှိ စကခ ၁ ဌာနချုပ်၊ ခလရ ၂၂၊ ခမရ ၅၀၁၊ ခမရ ၅၀၂၊ အမတ ၃၄၉ တို့အနက် ခမရ ၅၀၁၊ ခမရ ၅၀၂ တို့အား ဆက်လက် ထိုးစစ်ဆင်သည်ကို တွေ့ရ၏။ သီပေါမြို့ကို တိုက်ခိုက်ခြင်း မရှိသေးဘဲ မြို့ပြင်မှ ဝိုင်းပတ်ထား၏။
နောင်ချို၊ ကျောက်မဲတိုက်ပွဲများတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်အတူ မန္တလေး PDF နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLA) တို့ ပါဝင်သည်ကို တွေ့ရ၏။ ဇွန်လ ၃၀ ရက်နေ့တွင်မှ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်များနှင့် စစ်ကောင်စီတပ်များ လားရှိုးအနီးတွင် တိုက်ပွဲဖြစ်ပွားသကဲ့သို့ MNDAA တပ်ဖွဲ့များ သီပေါအနီးသို့ ရောက်ရှိလာသည့် သတင်းကို ကြားသိရ၏။
နောင်ချို၊ ကျောက်မဲတိုက်ပွဲများတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်အတူ မန္တလေး PDF နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLA) တို့ ပါဝင်သည်ကို တွေ့ရ၏။ ဇွန်လ ၃၀ ရက်နေ့တွင်မှ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်များနှင့် စစ်ကောင်စီတပ်များ လားရှိုးအနီးတွင် တိုက်ပွဲဖြစ်ပွားသကဲ့သို့ MNDAA တပ်ဖွဲ့များ သီပေါအနီးသို့ ရောက်ရှိလာသည့် သတင်းကို ကြားသိရ၏။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့အထိ ခမရ ၁၁၄ နှင့် ခမရ ၁၁၅ တပ်ရင်းဌာနချုပ်နှစ်ခုအား TNLA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး နောင်ချို အမတ ၆၀၆ နှင့် ကျောက်မဲအခြေစိုက် တပ်များကို ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
လောလောဆယ် နောင်ချို၊ ကျောက်မဲတိုက်ပွဲများသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် (ရကတ) မှ တပ်များ စစ်ကူပို့လျက် ရှိ၏။ ပြီးခဲ့လပိုင်းများအတွင်း မန္တလေး PDF နှင့် တိုက်ပွဲဖြစ်ပြီးနောက် ရကတမှ သုံးရင်း တဗျူဟာကို ပြင်ဦးလွင် လုံခြုံရေး ပို့ထားခြင်းဖြစ်ပြီး ယခု နောင်ချိုဒေသသို့ စစ်ကူအစောဆုံး အပို့ခံရသည်မှာ ထိုတပ်များ ဖြစ်သည်။
နောင်ချိုမြို့ကို ထိန်းချုပ်နိုင်ပါက ပြင်ဦးလွင်ကို ခြိမ်းခြောက်နိုင်သည့်အပြင် နောင်ချိုမြို့တောင်ဘက် ကျောက်ကူသွားရာ လမ်းပေါ်ရှိ နောင်ချိုနှင့် ကီလို ၃၀ ခန့်အကွာတွင်ရှိသည့် တောင်ခမ်းတွင် အမြောက်တပ် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် မစခ ၉၀၂ နှင့် အမတ ၂၀၆၊ ၃၅၄၊ ၄၀၆ သုံးရင်းအားလည်း ခြိမ်းခြောက်နိုင်၏။ ယခုအခါ ထိုအမြောက်တပ်ရင်းများ၏ လုံခြုံရေးတွင် နောင်ချိုနှင့် တောင်ခမ်းကြား အလယ်ခန့်တွင်ရှိသည့် ကန်ကြီးတွင် စစ်ကောင်စီတပ်များ ခံစစ်ပြင်ဆင်နေသည်ဟု သိရ၏။
ပြင်ဦးလွင်ရှိ ရကတ ဗျူဟာကို ကျောက်မဲ၊ နောင်ချိုသို့ စစ်ကူပို့ပြီးနောက် ပြင်ဦးလွင် လုံခြုံရေးအတွက် နေပြည်တော်ရှိ တိုင်းတပ် သို့မဟုတ် စကခ ၆ မှ တပ်အချို့အား တပ်သားသစ်များဖြင့် အင်အားဖြည့်ကာ ပြင်ဦးလွင်သို့ စေလွှတ်ပြီး လုံခြုံရေးယူသည်ကို တွေ့ရ၏။
စစ်ကောင်စီသည် တပ်သားသစ် ပထမပတ်ဆင်းများအား စစ်မြေပြင်သို့ တန်းပို့သည့်အပြင် တပ်ရင်းတပ်မ နံပါတ်များကို တပ်မ ၉၉ ကဲ့သို့ နာမည်ရှိသည့် တပ်မတံဆိပ်များကပ်၍ စေလွှတ်နေပြီး သူ၏ အင်အားအစစ်အမှန်နှင့် တပ်သားသစ် ပါဝင်မှုကို ဖုံးကွယ်ရန် ကြိုးစားနေ၏။
ရမခ စစ်တိုင်းဌာနချုပ် လားရှိုး ပတ်လည်တွင် စစ်ကောင်စီက အကြီးအကျယ် စစ်ပြင်ဆင်နေစဉ်တွင် ဇွန်လ ၃၀ ရက်နေ့က လားရှိုးမြောက်ဘက် နန့်ဖူးယိုင်တွင် စစ်ကောင်စီနှင့် MNDAA ထိတွေ့တိုက်ပွဲ အနည်းငယ်ဖြစ်ခဲ့ပြီး လားရှိုးမှ ၁၂ မိုင်ခန့်ဝေးသော ဟိုပိတ်ဘက်သို့ စစ်ကောင်စီက လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သည်။ ထိုဖြစ်စဉ်မှအပ ဇူလိုင်လ ၂ ရက်နေ့အထိ လားရှိုးတဝိုက်တွင် တိုက်ပွဲမဖြစ်ပွားခဲ့ပေ။

လားရှိုး၏ အနောက်တောင်ဘက်တွင် သီပေါတဝိုက်၌သာ ဖြတ်တောက်ပိတ်ဆို့မှု လုပ်ထားပြီး တိုက်ပွဲသည် ကျောက်မဲ၊ နောင်ချို၌သာ ဖြစ်ပွားနေ၏။ လားရှိုး အရှေ့တောင်ဘက် နန့်ပေါင်၊ မန်ကတ်၊ တန့်ယန်းတို့တွင် မည်သည့် စစ်ရေးလှုပ်ရှားမှုမှ မတွေ့ရသေးပေ။
ဤအကြိမ် တကျော့ပြန် ရှမ်းမြောက်စစ်ဆင်ရေးအား ရှမ်း-မန်း စစ်ဆင်ရေးဟုလည်း ခေါ်ဆိုထားပြီး မတ္တရာ၊ မိုးကုတ်၊ မိုးမိတ်စသည့် မန္တလေးတိုင်း မြောက်ပိုင်းတွင်လည်း TNLA, မန္တလေး PDF, မိုးကုတ် PDF နှင့် အခြား PDF တပ်ရင်းများ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များအပြင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) မှ တပ်ရင်းတရင်းပါ ပူးတွဲတိုက်ခိုက်နေသည်။
ဤအကြိမ် တကျော့ပြန် ရှမ်းမြောက်စစ်ဆင်ရေးအား ရှမ်း-မန်း စစ်ဆင်ရေးဟုလည်း ခေါ်ဆိုထားပြီး မတ္တရာ၊ မိုးကုတ်၊ မိုးမိတ်စသည့် မန္တလေးတိုင်း မြောက်ပိုင်းတွင်လည်း TNLA, မန္တလေး PDF, မိုးကုတ် PDF နှင့် အခြား PDF တပ်ရင်းများ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များအပြင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) မှ တပ်ရင်းတရင်းပါ ပူးတွဲတိုက်ခိုက်နေသည်။
ဤသို့ မန်းမြောက်တွင်လည်း အတိုင်းအတာကြီးမားသည့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေပြီး မန္တလေးမြို့ကို လှုပ်ခတ်နေရာ ရှမ်းမြောက် လားရှိုးသည် တကျော့ပြန် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး တပတ်ခန့်ကြာသည်အထိ ယောင်ပြလော၊ အစစ်အမှန်လော မကွဲသေးပေ။ ကျောက်မဲ၊ နောင်ချိုအပြင် မန္တလေးမြောက်ဘက်သို့ စစ်မြားက လှည့်နေသည်။
စစ်ပွဲ၏ မြားဦးက အမှန်တကယ် မည်သည့်ဘက်သို့ ရောက်သည်ဖြစ်စေ၊ လားရှိုးစစ်မျက်နှာကို ခေါင်းတည်ထားပြီး ကစားကွက် ဖော်နေသည်ကြသည်ကတော့ အမှန်ဖြစ်သည်။ ထိုအခြေအနေအား သိပ်ကြာကြာ မစောင့်လိုက်ရပါ။ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ မနက်မှစ၍ လားရှိုးမြို့၏ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဖြစ်သော အီနိုင်း၊ မိုင်းတင်၊ မန်အိုင်-ကုန်းညောင်နှင့် ရှန်ခိုက်စသည့် လေးဘက်လေးတန်မှ တိုက်ပွဲများ စတင်ခဲ့ပြီဖြစ်၏။ အလားတူ နမ့်ပေါင်၊ တန့်ယန်းလမ်းခွဲ၊ နောင်မွန်တို့တွင်လည်း တိုက်ပွဲများ တချိန်တည်း တပြိုင်တည်း ဖြစ်ပွားနေပြီဖြစ်သည်။
လားရှိုးတိုက်ပွဲ၊ ရမခ တိုင်းစစ်ဌာနချုပ်ကို တိုက်သော တိုက်ပွဲအပါအဝင် ရှမ်း-မန်း စစ်ဆင်ရေးနှင့်အတူ အခြားဒေသမှ စစ်ရေးလှုပ်ရှားများသည်လည်း တလှိုင်းပြီးတလှိုင်း ဆက်လာမည်ဖြစ်ရာ နွေဦးတော်လှန်ရေး၏ အလှည့်အပြောင်းတခု ဖြစ်လာတော့မည်။
(မိုးစက်ငြိမ်းချမ်းသည် စစ်ရေးလေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
လားရှိုးကို မြောက်ပိုင်းညီနောင် ပိတ်ဆို့ထား
ရှမ်းမြောက် မြို့သိမ်းတိုက်ပွဲများ ပြင်းထန်နေ
ရှမ်းမြောက်တိုက်ပွဲ အရပ်သားအများစု ပိတ်မိနေပြီး ထိခိုက် သေဆုံးမှုရှိ
မန္တလေးနှင့် ပြင်ဦးလွင်ကို ခြိမ်းခြောက်လာသည့် ၁၀၂၇ တကျော့ပြန်ထိုးစစ်
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း လာပြီ
KIA အုပ်ချုပ်ရေးယန္တရား ရှမ်းမြောက်ဒေသ၌ တိုးချဲ့
လွတ်မြောက်သည့် ရှမ်းမြောက်ပိုင်း၏ ပဋိပက္ခသစ်များ
စစ်ကောင်စီ တပ်ရင်း ဌာချုပ်များ ကျရှုံးမှုကို ရေတွက်ကြည့်ခြင်း