ဝန်ကြီးချုပ် အားလုံးသည် ၎င်းတို့၏ အလုပ်သို့ သီးခြား ကိုယ်ရည်ကိုယ်သွေးနှင့် အမြင်ကို ယူဆောင်လာကြသည်။ တဦးစီတွင် မတူညီသော ခေါင်းဆောင်မှုပုံစံတမျိုးစီ ရှိကြပြီး ထိုခေါင်းဆောင်မှုသည် လုပ်ငန်းလည်ပတ်ပုံနှင့် ပြီးမြောက်မှုကို ပုံဖော်ပေးနိုင်သည်။
မစ္စတာ ကီယာ စတားမာ မည်သို့ ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာမည်နှင့် ပတ်သက်သည့် သဲလွန်စ ရှာသောအခါ များများစားစား ပြောစရာမရှိပေ။ မကြာသေးမီက ပေါ့ဒ်ကပ်စ်တခုတွင် တိုက်ရိုက်မေးသောအခါ “နိုင်ငံက လူတိုင်းကို ဂရုစိုက်မည့် အားလုံးအကျုံးဝင် ပြတ်သားသော ဝန်ကြီးချုပ်”ဟု ၎င်းက ပြောသည်။
ကိုယ်ရည်ကိုယ်သွေးနှင့် အမြင်အရ စတားမာသည် စနစ်ကျပြီး ပညာရှင်ဆန်ကာ အသေးစိတ်များကို ဂရုစိုက်တတ်သော်လည်း ပါရမီနည်းသည်ဟု ဖော်ပြကြသည်။ သူသည် ပါလီမန်ကိုယ်စားလှယ်နှင့် သမိုင်းပညာရှင် ဒေးဗစ်က ပြောသည့် လက်တွေ့ကျသော စီမံသူဖြစ်နိုင်သည်။ တိုနီဘလဲနှင့် ဟာရိုးဝီလ်ဆင်တို့၏ မျှော်မှန်းချက်ကြီးသော စွဲဆောင်မှု သို့မဟုတ် အာဝဇ္ဇန်းကောင်းခြင်းသည် စတားမာအတွက် မဟုတ်ပေ။ သို့သော် သူသည် ပုံသေကားကျ နိုင်ငံရေးသမားလည်း မဟုတ်ပေ။
စတားမာသည် တိတ်ဆိတ်ပြီး အတွေ့အကြုံရှိကာ ဆိုရှယ်လစ်ဖြစ်ခြင်း၏ တန်ဖိုးများကို ပြောတတ်သူ ဖြစ်သည်။ သို့သော် လူထုက သူ ဆိုရှယ်လစ် ဟုတ်၊ မဟုတ်နှင့် ထိုကိစ္စသည် ကောင်းသည်၊ ဆိုးသည်ကို မသိပေ။ သို့သော် သူ့အနေဖြင့် ကျိုးကြောင်းဆီလျော်စွာ ပြောနိုင်သည်မှာ သူသည် ယခင်ဝန်ကြီးချုပ် အများအပြားထက် ပိုမိုစစ်မှန်သော အလုပ်သမားလူတန်းစား နောက်ခံရှိသည်ဆိုသည့် အချက်ဖြစ်သည်။
စတားမာသည် တိတ်ဆိတ်ပြီး အတွေ့အကြုံရှိကာ ဆိုရှယ်လစ်ဖြစ်ခြင်း၏ တန်ဖိုးများကို ပြောတတ်သူ ဖြစ်သည်။ သို့သော် လူထုက သူဆိုရှယ်လစ် ဟုတ်၊ မဟုတ်နှင့် ထိုကိစ္စသည် ကောင်းသည်၊ ဆိုးသည်ကို မသိပေ။ သို့သော် သူ့အနေဖြင့် ကျိုးကြောင်းဆီလျော်စွာ ပြောနိုင်သည်မှာ သူသည် ယခင်ဝန်ကြီးချုပ် အများအပြားထက် ပိုမိုစစ်မှန်သော အလုပ်သမားလူတန်းစား နောက်ခံရှိသည်ဆိုသည့် အချက်ဖြစ်သည်။
မစ္စတာ စတားမာသည် ၂၀၁၅ ခုနှစ်မှ ပါလီမန်ကိုယ်စားလှယ် ဖြစ်လာသည်။ ထို့ကြောင့် အသက် ၅၂ နှစ်တွင် ပါလီမန်ကိုယ်စားလှယ်ဖြစ်လာပြီး နိုင်ငံရေးလောကသို့ နှိုင်းယှဉ်ချက်အားဖြင့် နောက်ကျမှ ရောက်လာသူ ဖြစ်သည်။ သူသည် နိုင်ငံရေးဘဝတလျှောက်လုံး အတိုက်အခံဖြစ်ခဲ့သည်။ ထရီဆာ မေ အပါအဝင် ယခင်ဝန်ကြီးချုပ်များသည် အစိုးရဝန်ကြီးဖြစ်ဖူးသည့် ကြီးမားသော အတွေ့အကြုံဖြင့် ဝန်ကြီးချုပ် ဖြစ်လာကြသည်။ သို့သော် ထိုအတွေ့အကြုံကြောင့် ၎င်းတို့သည် ပိုမို ပြောင်မြောက်ခြင်း မရှိကြဟု ဆိုနိုင်သည်။
သို့သော် စတားမာ၏ ပါလီမန်သက်တမ်းသည် အများစုထက် ပိုမိုပြင်းထန်သည်။ သူသည် ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂမှ ထွက်ခွာရေးတွင် နက်ရှိုင်းစွာ ပါဝင်ပတ်သက်ပြီး ကပ်ရောဂါကာလအတွင်း သူ၏ပါတီကို ဦးဆောင်ခဲ့သည်။ အတိုက်အခံခေါင်းဆောင်အနေဖြင့် ဝန်ကြီးချုပ် နှစ်ဦး အလျင်အမြန် ဖယ်ရှားခံရသည်ကို သူတွေ့ခဲ့ပြီး အနည်းဆုံး တဦးကို သူ၏စနစ်ကျသော ရှေ့နေအမြင်ဖြင့် ဖယ်ရှားရာတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်သည်။ ယခုအခါ သူသည် တတိယမြောက်ဝန်ကြီးချုပ်ကို ဖြုတ်ချလိုက်ပြီ ဖြစ်သည်။
ရည်မှန်းချက်ရှိသောသူ
အရေးကြီးသည့်အချက်မှာ စတားမာသည် ကြီးမားသော အစိုးရဌာနတခုကို ဦးဆောင်ခဲ့သည်ဆိုသည့် အချက်ဖြစ်သည်။ ရှေ့နေချုပ်ရုံး (DPP) ညွှန်ကြားရေးမှူး ငါးနှစ်လုပ်ခဲ့သောကြောင့် သူသည် နိုင်ငံရေးဘဝ မစတင်မီ အစိုးရဌာနတခုကို စီမံခဲ့သည့် အတွေ့အကြုံရှိသည့် ၁၀ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာသည်။
စတားမာ၏ ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူး အတွေ့အကြုံအရဆိုပါက သူသည် ဖြည့်ဆည်းသည့်အပိုင်းကို အလေးထားမည့်သဘော ရှိသည်။ သူသည် ပြဿနာများ ဖြေရှင်းခြင်း၊ အဖြေရှာခြင်းနှင့် လုပ်ငန်းများ ပြီးမြောက်ခြင်းကို အလေးထားမည်ဟု မျှော်လင့်နိုင်သည်။ သူသည် ရလဒ်ကို အလေးထားမည်ဟု မျှော်လင့်နိုင်ပြီး ယခင်အစိုးရ၏ အဓိကလက္ခဏာဖြစ်သည့် ဗျူရိုကရက်တစ် အစိုးရယန္တရား၊ နိုင်ငံရေး ပြဿနာရှာခြင်းနှင့် တိုက်ပွဲများ အဆုံးသတ်သွားမည်ဟု ယူဆရသည်။
စတားမာအစိုးရသည် သေချာရေရာမှုနှင့် ခိုင်မာသော အပြောင်းအလဲများကို ဖြည်ဆည်းပေးမည့် ရည်မှန်းချက်ဖြင့် စည်းမျဉ်းများနှင့် ရေရှည်လုပ်ငန်းတာဝန်များဖြင့် ဖွဲ့စည်းထားသည့် အစိုးရဖြစ်မည့်သဘော ရှိသည်။ ထိုအယူအဆသည် အသစ်အဆန်းမဟုတ်သလို အခြေအမြစ်ကျသော ပြောင်းလဲမှု မဟုတ်သော်လည်း မကြာသေးမီ နှစ်များအတွင်းက ဖရိုဖရဲအခြေအနေများနှင့် ရေတိုအတွက် စဉ်းစားမှုနောက်ပိုင်းတွင် ထိုသို့ ဖြစ်မည်သဘော ရှိသည်။
ဆုံးဖြတ်ချက်များကို မည်သို့ချမည်နှင့် မည်မျှလျင်မြန်စွာချမည်၊ မချမည်ဆိုသည့်ကိစ္စသည် အရေးပါသည့် အဆုံးအဖြတ်ပေးမည့် စမ်းသပ်မှုဖြစ်သည်။ ကာဘွန် လက်ကျန် မရှိအောင် လျှော့ချရေးနှင့် ပတ်သက်သည့် စတားမာ၏ မပြတ်သားမှုသည် ရှေ့ဖြစ်လာမည့်အခြေအနေများကို ပုံဖော်နိုင်သည်။
ဆုံးဖြတ်ချက်များကို မည်သို့ချမည်နှင့် မည်မျှလျင်မြန်စွာချမည်၊ မချမည်ဆိုသည့်ကိစ္စသည် အရေးပါသည့် အဆုံးအဖြတ်ပေးမည့် စမ်းသပ်မှုဖြစ်သည်။ ကာဘွန် လက်ကျန် မရှိအောင် လျှော့ချရေးနှင့် ပတ်သက်သည့် စတားမာ၏ မပြတ်သားမှုသည် ရှေ့ဖြစ်လာမည့်အခြေအနေများကို ပုံဖော်နိုင်သည်။ စနစ်ကျခြင်းနှင့် အသေးစိတ်များကို စိတ်ဝင်စားခြင်းသည် နှောင့်နှေးမှုနှင့် ဆုံးဖြတ်ချက် မပြတ်သားမှုအတွက် သင်္ကေတဖြစ်သည်။
သူသည် ညှိနှိုင်းတိုင်ပင်တတ်သည့် ခေါင်းဆောင်ဖြစ်မည့်သဘော ရှိသည်။ “ကျနော့်ဘဝမှာ အကောင်းဆုံး ဆုံးဖြတ်ချက်တွေဟာ သေသေချာချာ နားလည်ပြီး စူးစမ်းလေ့လာမှုကို ခံနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်တယ်။ အဆိုးရွားဆုံး ဆုံးဖြတ်ချက်တွေက ဘယ်သူမှ မဆန့်ကျင် မကန့်ကွက်တဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။ သို့သော် သူ၏ လက်ထောက် အန်ဂျယ်လာ ရေးနား ပြောသည့်အတိုင်း ဆိုပါက သူ၏ လျှို့ဝှက်လိုမှုကြောင့် ဆုံးဖြတ်ချက်ချသည့်လုပ်ငန်းကို လူယုံအုပ်စုငယ်ဖြင့်သာ ပြုလုပ်မည့်သဘောရှိသည်။
ပဟေဠိဆန်သောလူ
မစ္စတာ စတားမာ ဦးဆောင်သော အစိုးရသည် အပြောင်းအလဲများ လုပ်ခွင့်ရဖွယ်ရှိသည်။ အထူးသဖြင့် ပါလီမန်တွင် အများစုအနေအထားဖြင့် ထိုသို့လုပ်နိုင်သည်။ သူ့ကိုယ်သူ ဆိုရှယ်လစ်နှင့် တိုးတက်သူဟု ပြောသောကြောင့် ထိုကိစ္စကို သူရှောင်ရှားနိုင်မည် မဟုတ်ပေ။ သို့သော် သူ မည်မျှ အခြေအမြစ်ကျကျ ပြောင်းလဲမည်နည်း။ လေဘာဝန်ကြီးဟောင်းတဦးက သူမည်မျှ စွဲဆောင်နိုင်စွမ်းရှိသည်ကို ပြောသော်လည်း မည်သည့်အခါမှ နယ်နိမိတ် ကျော်မထွက်ကြောင်း ပြောသည်။ စတားမာသည် အခြေအမြစ်ကျသည့် ပြုပြင်ရေး ရှေ့နေဘဝတွင်ပင် သမားရိုးကျ ပြုပြင်ရေးသမားသာ ဖြစ်သည်။
စတားမာ မည်သည့်နေရာယူမည်မှာ စကားထာဖြင့် ဝှက်ထားသော ပဟေဠိဖြစ်သည်။ သူ့ကို ထောက်ခံသူတဦးက ကီယာ၏ အကြီးမားဆုံး အားသာချက်များအနက် တခုမှာ သူသည် လေဘာပါတီတွင်း အုပ်စုတခုခုတွင် မည်သည့်အခါမှ ပါဝင်ခြင်းမရှိ ဆိုသည့်အချက်ဖြစ်ကြောင်း ပြောသည်။
သို့သော် နိုင်ငံရေး ဦးဆောင်မှု၏ စစ်မှန်သောအချက်တခုမှာ အားကောင်းချက်အဖြစ် စတင်ခဲ့သောအရာသည် အားနည်းချက်အဖြစ် အဆုံးသတ်သွားခြင်းဖြစ်သည်။ ကလေးသူငယ် ဆင်းရဲနွမ်းပါးမှုမှသည် ဂါဇာအထိ လေဘာပါတီအတွင်း အက်ကြောင်း အများအပြားကို တွေ့မြင်နေရပြီဖြစ်သည်။ အခြား ပြဿနာများလည်း ကြီးထွားလာနေသည်။
ပါတီတွင်းအုပ်စုများတွင် မပါဝင်ဘဲ နေနိုင်သည့် စတားမာ၏ စွမ်းရည်သည် ကြာကြာခံမည် မဟုတ်ဘဲ ပူးပေါင်းကြံစည်မှုနှင့် စိန်ခေါ်မှုများ ရှိလာနိုင်သည်။ အထူးသဖြင့် ပါလီမန်တွင် အကြီးအကျယ် လူများစုအနေအထားကြောင့် အလေးထားမခံရသော နောက်တန်းရောက်နေသည့် ပါလီမန်ကိုယ်စားလှယ် များသောအခါ ထိုသို့ဖြစ်တတ်သည်။
စတားမာသည် လေဘာပါတီနှင့် လေဘာဝန်ကြီးချုပ်အတွက် ဂန္တဝင်မြောက်အကျပ်အတည်း နောက်တခုကိုလည်း ရင်ဆိုင်နေရသည်။ တိုးတက်ရေး အကျပ်အတည်းဟု ခေါ်သည့် ဝန်ကြီးချုပ်ရာထူးရအောင် လုပ်ပေးသည့် ကျယ်ပြန့်သော မဟာမိတ်များ၏ ထောက်ခံမှုကို မထိခိုက်စေဘဲ အပြောင်းအလဲကို မည်မျှ တွန်းအားပေးနိုင်မည်နည်းဆိုသည့် ကိစ္စဖြစ်သည်။
စတားမာသည် လေဘာပါတီနှင့် လေဘာဝန်ကြီးချုပ်အတွက် ဂန္တဝင်မြောက်အကျပ်အတည်း နောက်တခုကိုလည်း ရင်ဆိုင်နေရသည်။ တိုးတက်ရေး အကျပ်အတည်းဟု ခေါ်သည့် ဝန်ကြီးချုပ်ရာထူးရအောင် လုပ်ပေးသည့် ကျယ်ပြန့်သော မဟာမိတ်များ၏ ထောက်ခံမှုကို မထိခိုက်စေဘဲ အပြောင်းအလဲကို မည်မျှ တွန်းအားပေးနိုင်မည်နည်းဆိုသည့် ကိစ္စဖြစ်သည်။ ထိုအမြင်သည် သတိထားစရာဖြစ်ပြီး အတိုက်အခံတို့က ထောက်ခံကြသော်လည်း အများစုအနေအထားသည် ထိုအခြေအနေကို ပြောင်းလဲသွားစေနိုင်သည်။
သို့သော် အခြားခေါင်းဆောင်များသည် ကြီးမားသော အပြောင်းအလဲများကို တိတ်ဆိတ်စွာ လုပ်ဆောင်ခဲ့ကြသည်။ ဥပမာအားဖြင့် ထရီဆာ မေသည် ကာဘွန် လက်ကျန် မရှိရေးကို တိတ်ဆိတ်စွာ တွန်းအားပေးခဲ့သောကြောင့် ကွန်ဆာဗေးတစ်တို့၏ အကြီးမားဆုံးအမွေကို မည်သူမှ သတိမထားမိပေ။
အနိုင်ရပြီးနောက် စတားမာအပေါ် မျှော်မှန်းချက်များ၏ ဖိစီးမှုရှိသည်။ သို့သော် နိုင်ငံရေးသမား အားလုံးအပေါ် ယုံကြည်မှု နိမ့်ကျပျက်စီးနေသည်။ လူဝင်မှုကြီးကြပ်ရေး၊ အများပြည်သူ ဝန်ဆောင်မှု ရန်ပုံငွေနှင့် အမျိုးသားကျန်းမာရေး စောင့်ရှောက်မှုကိစ္စများ စသည့် အရေးပါသော ပြည်တွင်းပြဿနာများ ရှိနေသည်။
လေဘာအကြံပေးတဦး သတိပေးသည့်အတိုင်း ပြည်ပတွင် ဂါဇာမှ ယူကရိန်းနှင့် အမေရိကန် ရွေးကောက်ပွဲအထိ မုန်တိုင်းထန်သော ကမ္ဘာဖြစ်နေသည်။ ဝန်ကြီးချုပ် စတားမာအတွက် စစ်မှန်သော စမ်းသပ်မှုမှာ သူ၏ စနစ်ကျသောအမြင်နှင့် ရှုပ်ထွေးသော ကမ္ဘာတွေ့ဆုံသောအချိန် ဖြစ်နိုင်သည်။
(The Conversation ပါ Mark Bennister နှင့် Ben Worthy တို့၏ Keir Starmer: what we know about Britain’s new prime minister and how he will lead ကို ဘာသာပြန်သည်။ Mark Bennister သည် လင်ကွန်း တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ တွဲဘက်ပါမောက္ခဖြစ်ပြီး Ben Worthy သည် လန်ဒန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ကထိက ဖြစ်သည်။)
ဗြိတိန်သံအမတ်ဟောင်း ဖမ်းဆီးမှု “ဓားစာခံ သံတမန်ရေး” ဟု ဆိုကြ
ပိုင်နက်ကျူးကျော်မှုဖြင့် မြန်မာသံတမန်ဟောင်းကို ဗြိတိန်ရဲ စစ်ဆေးမေးမြန်း
ဗြိတိန်-မြန်မာဆက်ဆံရေး ၇၅ နှစ်ခရီး
ဝါရင့်အမေရိကန် သံတမန်နှင့် စစ်ကောင်စီ ရေတပ်အရာရှိ ဗီယက်နမ်တွင် တွေ့ဆုံ
အောင်မြင်နေသည့် ဗီယက်နမ်၏ “ဝါးရုံပင် သံတမန်ရေး”