စီးပွားရေးကို စစ်ကောင်စီ၏ အတင်းအကျပ် ထိန်းချုပ်သောနည်းလမ်းသည် မြန်မာ၏ ကာလလယ်နှင့် ရေရှည် အလားအလာအတွက် အခြေအနေ မကောင်းပေ။
လွန်ခဲ့သော သုံးလပတ်တွင် ရခိုင်နှင့်ရှမ်းပြည်နယ်များ၌ ပဋိပက္ခများ ပြင်းထန်လာပြီး တနိုင်ငံလုံးမှ လူသားချင်းစာနာမှု အကျပ်အတည်း ပိုမိုဆိုးရွားလာသည်။ ထိုပြဿနာများသည် စစ်ကောင်စီ၏ အကျိုးစီးပွားကို ထိန်းချုပ်မှုနှင့် အတင်းအကျပ် လုပ်ဆောင်မှုတို့ဖြင့် စိတ်ချရသည့် စီးပွားရေးမူဝါဒများ၏ ဆိုးကျိုးများကို ပိုမို ဆိုးရွားစေသည်။
ကမ္ဘာ့ဘဏ်၏ တနှစ် နှစ်ကြိမ်ထုတ် မြန်မာ့စီးပွားရေးစောင့်ကြည့်မှု အစီရင်ခံစာ ၂၀၂၄ ခုနှစ်၊ ဇွန်လစာစောင်တွင် ၂၀၂၅ ခုနှစ်၊ မတ်လ၌ ကုန်ဆုံးမည့် ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု (GDP) ၁ ရာခိုင်နှုန်းသာ တိုးတက်ပြီး စီးပွားရေး ထုတ်လုပ်မှုသည် ကိုဗစ်နိုင်တင်း မတိုင်မီကထက် ၉ ရာခိုင်နှုန်း လျော့နည်းမည်ဟု ခန့်မှန်းသည်။
ကမ္ဘာ့ဘဏ်၏ တနှစ် နှစ်ကြိမ်ထုတ် မြန်မာ့စီးပွားရေးစောင့်ကြည့်မှု အစီရင်ခံစာ ၂၀၂၄ ခုနှစ်၊ ဇွန်လစာစောင်တွင် ၂၀၂၅ ခုနှစ်၊ မတ်လ၌ ကုန်ဆုံးမည့် ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု (GDP) ၁ ရာခိုင်နှုန်းသာ တိုးတက်ပြီး စီးပွားရေး ထုတ်လုပ်မှုသည် ကိုဗစ်နိုင်တင်း မတိုင်မီကထက် ၉ ရာခိုင်နှုန်း လျော့နည်းမည်ဟု ခန့်မှန်းသည်။
ရသုံးမှန်းခြေ ငွေစာရင်း ပွင်းလင်းမြင်သာမှု အလေ့အထများ အားနည်းလာကြောင်းလည်း မြန်မာပြည်သူ့ဘဏ္ဍာရေး သီးခြား အစီရင်ခံစာတွင် ကမ္ဘာ့ဘဏ်က သတိပေးသည်။ ယခင်က ပုံမှန်ထုတ်ဝေနေသည့် အစိုးရ၏ ဘဏ္ဍာရေးမူဝါဒများဆိုင်ရာ အစီရင်ခံစာနှင့် သုံးလပတ် အသုံးစရိတ် အစီရင်ခံစာများ ထုတ်ဝေခြင်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်ပြီး ရပ်ဆိုင်းထားသည်။ ငွေကြေးဖောင်းပွမှု အချက်အလက်များနှင့် လက်ရွေးစင် လစဉ်စီးပွားရေး အညွှန်းကိန်း အစီရင်ခံစာများ ထုတ်ဝေခြင်းကိုလည်း ၂၀၂၂ ခုနှစ်၊ သြဂုတ်လမှ စတင်ပြီး ထုတ်ဝေခြင်း မရှိတော့ပေ။
ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများအပေါ် စစ်ကောင်စီ ထိန်းချုပ်မှု တစိတ်တပိုင်း ဆုံးရှုံးခြင်းသည် ပို့ကုန်နှင့်သွင်းကုန်သမားများအတွက် စိန်ခေါ်မှုများကို ပိုမို ပြင်းထန်စေသော်လည်း စစ်ကောင်စီကို ဆန့်ကျင်သည့် အင်အားစုများအတွက် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် အုပ်ချုပ်ရေး အခွင့်အလမ်းအချို့ကို လမ်းပွင့်စေသည်။

ကျပ်ငွေတန်ဖိုး ဆက်လက် ကျဆင်းနေပြီး ဈေးကွက်ငွေလဲနှုန်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက တဒေါ်လာလျှင် ၁,၃၃၀ ကျပ်သာရှိရာမှ ၂၀၂၄ ခုနှစ်၊ ဇွန်လနှောင်းပိုင်းတွင် ၄,၄၅၀ ကျပ်အထိ ကျဆင်းသည်။ စစ်ကောင်စီ၏ အကျိုးစီးပွားများကို ကာကွယ်ရန် အဓိကအားဖြင့် ရည်ရွယ်သည့် နိုင်ငံခြားငွေလဲလှယ်မှု မူဝါဒများကို စစ်ကောင်စီက လိုသလို အသုံးချခြင်းကြောင့် ကြီးထွားလာနေသည့် ငွေလဲနှုန်းများ ကွာဟချက်က ဈေးကွက်အမျိုးမျိုးတွင် ငွေကြေးဝယ်ရောင်းရန် အခွင့်အလမ်းများကို ဖန်တီးပေးပြီး စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ ရရှိနိုင်သည်။ သို့သော် ထိုသို့ရရှိခြင်းသည် အလုံးစုံ မြန်မာ့စီးပွားရေးအတွက် ကြီးမားသော တန်ဖိုးပေးဆပ်ရမှုကို ဖြစ်စေသည်။
စစ်ကောင်စီက စီးပွားရေးကို စစ်ပုံစံသွင်းခြင်းသည် အဓိက စီးပွားရေးရာထူးများကို နောက်ဆက်တွဲ အပြောင်းအလဲ ပြုလုပ်ခြင်းနှင့် စီးပွားရေးနှင့် ဆက်စပ်သူများကို ထပ်မံ ကန့်သတ်ခြင်းတို့နှင့်အတူ ဆက်လက် ဖြစ်ပေါ်နေသည်။ စစ်ကောင်စီ၏ စီးပွားရေးယန္တရားမှ ပညာရှင်အရာရှိ နှစ်ဦးကို မေလနှောင်းပိုင်းတွင် ရာထူးမှ ဖယ်ရှားခဲ့သည်။
စစ်ကောင်စီက စီးပွားရေးကို စစ်ပုံစံသွင်းခြင်းသည် အဓိက စီးပွားရေးရာထူးများကို နောက်ဆက်တွဲ အပြောင်းအလဲ ပြုလုပ်ခြင်းနှင့် စီးပွားရေးနှင့် ဆက်စပ်သူများကို ထပ်မံ ကန့်သတ်ခြင်းတို့နှင့်အတူ ဆက်လက် ဖြစ်ပေါ်နေသည်။ စစ်ကောင်စီ၏ စီးပွားရေးယန္တရားမှ ပညာရှင်အရာရှိ နှစ်ဦးကို မေလနှောင်းပိုင်းတွင် ရာထူးမှ ဖယ်ရှားခဲ့သည်။ ဦးအောင်နိုင်ဦးသည် စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးနှင့် မြန်မာစီးပွားရေးအထူးဇုန် ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဖြစ်သည်။ ဦးမောင်မောင်ဝင်းသည် စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုဝန်ကြီး ဖြစ်သည်။
ဦးအောင်နိုင်ဦးသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ဦးသိန်းစိန်အစိုးခေတ်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားရေးဦးစီးဌာန ညွှန်ချုပ်အဖြစ် မြန်မာကို ရင်းနှီးမြှုပ်နှံမှု လိုလားသောနိုင်ငံဖြစ်အောင် အဓိက မြှင့်တင်အားပေးသူ ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရအောက်တွင် သူသည် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဖြစ်လာသည်။ ဦးမောင်မောင်ဝင်းသည် ချေးငွေသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌဟောင်းဖြစ်ပြီး ဒုဝန်ကြီးရာထူးတွင် လုပ်ကိုင်နေသည်မှာ ဆယ်စုနှစ်တခုကျော်ပြီဖြစ်သည်။
ထိုနေ့တွင်ပင် စစ်တပ်၏လုပ်ငန်းစု မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌနှင့် စစ်ကောင်စီဥက္ကဋ္ဌ၏ အကြံပေး ဒု ဗိုလ်ချုပ်ကြီး ညိုစောသည် နိုင်ငံခြားငွေလဲလှယ်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဖြစ်လာသည်။ သူသည် စစ်ကောင်စီ ဒုဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို အစားထိုးခြင်း ဖြစ်သည်။ သူ့ယခင်က ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးသောကြောင့် ထိုရာထူးကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက မြထွန်းဦး ရခဲ့ခြင်းဖြစ်သည်။
ငွေလဲနှုန်း တည်ငြိမ်စေရန်ဟုဆိုကာ ဖြိုခွဲမှုများ ဆက်လက် ပြုလုပ်နေပြီး ရွှေနှင့်ငွေကြေးကုန်သည်များ၊ စားအုန်းဆီ တင်သွင်းသူများ၊ ဆန်ကုန်သည်များနှင့် လက်လီရောင်းသူများ၊ အိမ်ခြံမြေ ဝယ်ယူသူများ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ဘဏ်များကို ပစ်မှတ်ထားသည်။
ဈေးကွက်တွင် လှုပ်ရှားသူများသည် လုပ်ငန်းဆောင်တာများကို ရပ်ဆိုင်းခြင်း၊ ဖုံးကွယ်ခြင်း ပြုလုပ်မည်ဖြစ်သောကြောင့် စစ်ကောင်စီ၏ အတင်းအကျပ်လုပ်သည့် နည်းလမ်းသည် ဆိုးကျိုးကိုသာ ဖြစ်စေပြီး ရှားပါးမှုနှင့် ဝယ်လိုအား မြင့်မားစေကာ ဈေးနှုန်းများ မြင့်တက်ကုန်သည်။
ဒဏ်ခတ်သည့် အစီအမံများတွင် ဂျပန်ဆူပါမားကက် ဖက်စပ်လုပ်ငန်း အမှုဆောင်တဦး၊ စင်ကာပူ၊ ဟောင်ကောင်တို့နှင့် စီးပွားရေး ဆက်စပ်သူ ထင်ရှားသော လုပ်ငန်းရှင် ဆာ့ဂျ်ပန်း (ခ) ဦးသိမ်းဝေ အပါအဝင် ဖမ်းဆီးမှုများနှင့် ထိန်းသိမ်းမှုများ ပါဝင်သည်။ ဈေးကွက်တွင် လှုပ်ရှားသူများသည် လုပ်ငန်းဆောင်တာများကို ရပ်ဆိုင်းခြင်း၊ ဖုံးကွယ်ခြင်း ပြုလုပ်မည်ဖြစ်သောကြောင့် စစ်ကောင်စီ၏ အတင်းအကျပ်လုပ်သည့် နည်းလမ်းသည် ဆိုးကျိုးကိုသာ ဖြစ်စေပြီး ရှားပါးမှုနှင့် ဝယ်လိုအား မြင့်မားစေကာ ဈေးနှုန်းများ မြင့်တက်ကုန်သည်။

အစောပိုင်းကလည်း ဗိုလ်ချုပ်ကြီး မြထွန်းဦးအောက်မှ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဆက်သွယ်ရေး အော်ပရေတာများနှင့် ဖိုက်ဘာအော့ပတစ် အင်တာနက်ဝန်ဆောင်မှုပေးသူများကို ၎င်းတို့၏ဝန်ဆောင်မှုများ ကန့်သတ်ရန်နှင့် VPN, Facebook, Instagram, X နှင့် WhatsApp အသုံးပြုမှုကို မေလကုန်တွင် ပိတ်ပင်ရန် အမိန့်ပေးသည်။
စစ်ကောင်စီသည် ပဋိပက္ခကြောင့် ထိခိုက်သည့် ဒေသအချို့တွင်လည်း ဖုန်းနှင့် အင်တာနက်ဝန်ဆောင်မှု လုံးဝ ဖြတ်တောက်ထားသည်။ ထိုသို့ ထပ်မံကန့်သတ်ခြင်းသည် မြန်မာမှ ဝန်ထမ်းများ၊ စီးပွားဘက်များ၊ ပြည်ပမှ ရှယ်ယာရှင်များ၊ နေ့စဉ်လုပ်ငန်းဆောင်တာနှင့် ဆက်သွယ်ရေးအတွက် လူမှုကွန်ရက်နှင့် ချက်ပ် အပလီကေးရှင်းများကို အားကိုးရသည့် စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများအတွက် ကြီးမားသော စိန်ခေါ်မှုများကို ဖန်တီးလိုက်သည်။
စစ်ကောင်စီသည် ပြည်တွင်းစီးပွားရေး အကျပ်အတည်းလျှော့ချရန် မြန်မာ၏ အိမ်နီးချင်းများကို အားကိုးသည်။ မေလတွင် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် နယ်စပ်ကုန်သွယ်ရေးအတွက် ကုန်ဖလှယ်ရောင်းဝယ်မှုများကို စတင်မိတ်ဆက်သည်။ ခေတ်နောက်ကျသည့် သဘောသဘာဝနှင့် အဓိပ္ပာယ် မရှင်းလင်းသည့် အတိုင်းအတာများကြောင့် ထိုစနစ်သည် အသေမွေးလာသည့် သဘောဖြစ်သည်။
စစ်ကောင်စီသည် နယ်စပ်ကုန်သွယ်ရေးတွင် ဒေါ်လာနှင့် လမ်းခွဲရန် စနစ်များကို ထိုင်း၊ တရုတ်တို့နှင့်လည်း စီစဉ်ထားသည်။ ထိုရောင်းဝယ်မှုများတွင် တန်ဖိုးနှိမ်ထားသည့် တရားဝင်ငွေလဲနှုန်းကိုသာ အသုံးပြုကြောင်း ထင်ရှားသောကြောင့် အနာဂတ် ကုန်စည်စီးဆင်းမှု အများအပြားသည် အမေရိကန်ဒေါ်လာ လွှမ်းမိုးမှုမှ မည်သို့ လမ်းခွဲမည်ကို ဆက်လက် စောင့်ကြည့်ရမည် ဖြစ်သည်။
နယူးဒေလီနှင့် နေပြည်တော်အကြား ဇန်နဝါရီလက သဘောတူခဲ့သည့် ရူပီး-ကျပ် ငွေပေးချေမှုယန္တရားကို အိန္ဒိယသို့ အမေရိကန် ဒေါ်လာ ၁၂၀,၀၀၀ တန် မြန်မာ ပဲအမျိုးမျိုး တင်ပို့ရေးအတွက် ဇွန်လတွင် စတင်အသုံးပြုသည်။ စစ်ကောင်စီသည် နယ်စပ်ကုန်သွယ်ရေးတွင် ဒေါ်လာနှင့် လမ်းခွဲရန် အလားတူ စနစ်များကို ထိုင်း၊ တရုတ်တို့နှင့်လည်း စီစဉ်ထားသည်။ ထိုရောင်းဝယ်မှုများတွင် တန်ဖိုးနှိမ်ထားသည့် တရားဝင်ငွေလဲနှုန်းကိုသာ အသုံးပြုကြောင်း ထင်ရှားသောကြောင့် အနာဂတ် ကုန်စည်စီးဆင်းမှု အများအပြားသည် အမေရိကန်ဒေါ်လာ လွှမ်းမိုးမှုမှ မည်သို့ လမ်းခွဲမည်ကို ဆက်လက် စောင့်ကြည့်ရမည် ဖြစ်သည်။
စစ်ကောင်စီသည် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် မြစ်ဆုံဆည်ကဲ့သို့သော အခြေခံအဆောက်အအုံ စီမံကိန်းကြီးများဘက်သို့လည်း ပြန်လှည့်သည်။ ထိုစီမံကိန်းများ တည်နေရာများနှင့် အနီးတွင် ပဋိပက္ခများ ဖြစ်ပွားနေသောကြောင့် လာမည့်နှစ်များတွင် တိုးတက်မှု တစုံတရာရသည်ဆိုလျှင်ပင် များများရမည် မဟုတ်ပေ။
ဆယ်စုနှစ်အတွင်း လွန်ခဲ့သော အစိုးရများက ဆိုင်းငံ့ခဲ့သည့် မြစ်ဆုံဆည်၏ အငြင်းပွားဖွယ် သဘောသဘာဝကြောင့်လည်း တရုတ်သည် မြန်မာမှ ၎င်း၏ သေနင်္ဂဗျူဟာနှင့် စီးပွားရေး အကျိုးစီးပွားများကို ကာကွယ်နိုင်မည့် အတိုင်းအတာကိုလည်း မေးခွန်းထုတ်စရာဖြစ်လာသည်။ မြန်မာမှ လက်ရှိအကျပ်အတည်းက ၎င်း၏ အကျိုးစီးပွားကို ခြိမ်းခြောက်မည်ကို စိုးရိမ်နေရသည်မှာ တရုတ်တနိုင်ငံတည်း မဟုတ်ပေ။
မြန်မာနိုင်ငံတဝန်းလုံးတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ပြင်းထန်လာသော ပဋိပက္ခ၏ ရိုက်ခတ်မှုများသည် နယ်စပ်များကို ဖြတ်ကျော်နေပြီး မြန်မာ၏ အိမ်နီးချင်း အများအပြား၏ စီးပွားရေးများနှင့် ပြည်သူများအပေါ် ဆိုးကျိုးများ သက်ရောက်စေသည်။ စစ်အာဏာသိမ်းမှု ကြာလာသည်နှင့်အမျှ မြန်မာ့ စီးပွားရေးအတွက် ကြေကွဲစရာဖြစ်ရပ်များ ဖြစ်လာမည့်သဘောလည်း ဆက်လက်ရှိနေသည်။
(Fulcrum ပါ Romain Caillaud ၏ Myanmar’s Economy Deeper in the Mire ကို ဘာသာပြန်သည်။ ရိုမိန်း ကေးလောက်ဒ်သည် ISEAS – Yusof Ishak Institute ၏ တွဲဖက်သုတေသီ၊ SIPA Partners ၏ အမှုဆောင်နှင့် Catalyst Economics ၏ လုပ်ငန်းများကို ဦးဆောင်သူဖြစ်သည်။)
You may also like these stories:
ပိတ်ဆို့မှုများထက် စီးပွားရေးကျဆင်းမှုကြောင့် စစ်ကောင်စီ ပို အကျပ်ရိုက်
ပဋိပက္ခ၊ ငွေကြေးဖောင်းပွမှုနှင့် မြန်မာ့စီးပွားရေး
မြန်မာ့စီးပွားရေး ဆက်လက် ထိုးဆင်းနေ
မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး
စစ်ကောင်စီက ရိုးမဘဏ်ပိုင်ရှင်ကို ဖမ်းဆီး