• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

သစ်တော ဝန်ကြီးဟောင်း၏သား ဦးစစ်တိုင်းအောင် စစ်ကောင်စီအတွက် လက်နက်ပွဲစား လုပ်နေ

by အောင်ဇော်
7 August 2024
in Crime, စီးပွားရေး, ဆောင်းပါး
A A
သစ်တော ဝန်ကြီးဟောင်း၏သား ဦးစစ်တိုင်းအောင် စစ်ကောင်စီအတွက် လက်နက်ပွဲစား လုပ်နေ
10.3k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် စစ်ဗိုလ်ချုပ်များနှင့် အခွင့်ထူးခံ စီးပွားရေးသမားများကြား ဆက်ဆံရေးကို ဆယ်စုနှစ်ပေါင်း များစွာ ပျိုးထောင်ခဲ့ကြသည်။

၎င်းတို့ မိသားစုများ အတွင်း နောက်မျိုးဆက်တခုကို စီးပွားရေး အမွေ လက်ဆင့်ကမ်းခဲ့ကြရာ လုပ်ငန်းမျိုးစုံ ချဲ့ထွင် လုပ်ကိုင်သည့် အင်ပါယာကြီး အဖြစ် ကြီးထွားလာသည်။

RelatedPosts

ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
276
မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

16 May 2025
790
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
947

ထိုအမွေ မျိုးဆက်ထဲ၌ စစ်ကောင်စီ အတွက် စစ်လက်နက် တင်သွင်းရာတွင် အဓိက ကျသည့် ဦးစစ်တိုင်းအောင် သည်လည်း တဦးပါဝင်သူ ဖြစ်ပြီး သူ၏ မူလ လာရာလမ်းသည် သူ့ဖခင် ဦးအောင်ဖုန်းနှင့် ယခင် စစ်အုပ်စုကြား ဆက်ဆံရေး အပေါ် မူတည်ခဲ့သည်။

သူ့ဖခင်၏ ရာထူး အရှိန်အဝါနှင့် ဦးစစ်တိုင်းအောင် ထောင်တက်လာခြင်းသည် မိသားစုများနှင့် စစ်အုပ်စုများ အတွင်း ခရိုနီ ဆက်ဆံရေးများ တည်ဆောက် ထိန်းသိမ်းထားသည့် နည်းလမ်းကို ဖော်ပြနေသည်။

၁၉၉၀ ပြည့်နှစ်များ နှောင်းပိုင်းတွင် ထိုစဉ်က သစ်တောဝန်ကြီး ဗိုလ်ချုပ်ဟောင်း ဦးအောင်ဖုန်းသည် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အုပ်စု၏ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း တည်ထောင်ရန် ရည်မှန်းချက် စီမံကိန်းကို ဖော်ဆောင်ရာတွင် အဓိကကျသူတဦး ဖြစ်သည်။

ဆန့်ကျင်ဘက် ဖြစ်နေသော အချက်မှာ သူသည် ထိုစဉ်က ကျယ်ပြန့်လှသော မြန်မာ့ ကျွန်းသစ်တော အများအပြားကို ခုတ်ပြီး မြန်မာတွင် အချမ်းသာဆုံးများ အနက် တဦးဖြစ်လာသည့် တက်သစ်စ တိုက်ကွန်း သူဌေး ဦးတေဇနှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

စစ်အုပ်စု အဆက်ဆက်အတွက် အရေးပါသည့် ဝင်ငွေ စီးကြောင်းတခု ဖြစ်သော နိုင်ငံမြောက်ပိုင်းရှိ ဟိမဝန္တာ တောင်ခြေ ဆင်ခြေလျှောမှသည် တောင်ပိုင်းရှိ အပူပိုင်း မိုးသစ်တောအထိ အာရှ၌ အကြီးမားဆုံး သစ်တောလက်ကျန် နယ်မြေတချို့လည်း ရှိနေသည်။

ဦးအောင်ဖုန်းနှင့် ဦးတေဇတို့ ဆက်ဆံရေး ပိုမိုကောင်းမွန် လာနေစဉ် သစ်တော ဝန်ကြီးဌာနသည် ဦးအောင်ဖုန်း၏ သား နှစ်ဦးဖြစ်သော စစ်တိုင်းအောင်နှင့် စစ်သွေးအောင်တို့ကို ကျွန်းအလုံးလိုက် ပြည်ပတွင်ပို့ခွင့် လိုင်စင်များ ထုတ်ပေးသည်။

ဦးအောင်ဖုန်းနှင့် ဦးတေဇတို့ ဆက်ဆံရေး ပိုမိုကောင်းမွန်လာနေစဉ် သစ်တောဝန်ကြီးဌာနသည် ဦးအောင်ဖုန်း၏ သား နှစ်ဦး ဖြစ်သော စစ်တိုင်းအောင်နှင့် စစ်သွေးအောင်တို့ကို ကျွန်းအလုံးလိုက် ပြည်ပတွင်ပို့ခွင့် လိုင်စင်များ ထုတ်ပေးသည်။

ထိုညီအစ်ကို နှစ်ဦးတို့သည် Woodland Travels ခရီးသွားလုပ်ငန်း ထူထောင်ပြီး ထိုလုပ်ငန်းသည် သဘာဝအခြေခံ အပန်းဖြေစခန်း တည်ဆောက်ခြင်းနှင့် သစ်ခုတ်ခြင်းဟူသည့် အမြီးအမောက် မတည့်သော အလုပ်များကို လုပ်ကိုင်ခဲ့ သည်။

ဦးစစ်တိုင်းအောင်က ဦးတေဇ၏ ထူးထရေးဒင်း ကုမ္ပဏီ ဒါရိုက်တာ လေးဦးအနက် တဦးလည်း ဖြစ်သည်။

ထိုဖြစ်ရပ်သည် ထူးဆန်းသော ကိစ္စမဟုတ်ပေ။ အကာအကွယ်နှင့် မျက်နှာသာပေး ခံရရန် ဗိုလ်ချုပ်များ၏ သားသမီးများကို ဒါရိုက်တာဘုတ် အဖွဲ့များတွင် ခန့်ထားသည်မှာ မြန်မာ ထိပ်တန်း စီးပွားရေးသမားများ၏ အစဉ်အလာလို ဖြစ်နေသည်။

ဆောက်လုပ်ရေးနှင့် အခြားစီးပွားရေး လုပ်ငန်းများဖြင့် ချမ်းသာ ကြွယ်ဝလာပြီးနောက် ဦးစစ်တိုင်းအောင်သည် Suntac Group of Companies ဟုခေါ်သည့် လုပ်ငန်းသစ်တခု ထူထောင်လိုက်သည်။

နအဖ စစ်အုပ်စု အတွင်းရေးမှူး ၁ နှင့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် ခင်ညွန့် သြဇာအာဏာ အကြီးမားဆုံး ဖြစ်နေချိန်တွင် Suntac သည် သစ်တောနှင့် သဘာဝ သယံဇာတ စီမံခန့်ခွဲမှု ဆွေးနွေးပွဲများ ကျင်းပကာ ပညာရပ် ဆိုင်ရာဖြင့် လူသိများအောင် လုပ်ဆောင်ပြီး ကြီးပွားတိုးတက်လာသည်။

ဦးစစ်တိုင်းအောင်သည် သူ၏ သြဇာ နယ်ပယ် ကျယ်ပြန့်လာသောကြောင့် မက္ကဆီကို နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန် ရာထူးမှသည် မြန်မာနိုင်ငံ သံနှင့် သံမဏိ လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ အထိ ရာထူးဂုဏ်ထူး များစွာ ခန့်အပ် ခံရသည်။

တချိန်တည်းတွင် Suntac ၏ အကျိုးစီးပွားသည် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များနှင့် အစိုးရများက စုံစမ်းစစ်ဆေး အရေးယူ ပိတ်ဆို့ရသည့် နယ်ပယ်များအထိ သိသိသာသာ ကျယ်ပြန့်လာသည်။

Suntac အုပ်စု၏ ဝက်ဘ်ဆိုက်အရ ၎င်း၏လုပ်ငန်းခွဲ Suntac Technologies ၏ အဓိက ရည်မှန်းချက်မှာ မြို့ပြနှင့် စက်မှု အင်ဂျင်နီယာ၊ တိုင်းတာရေး၊ ကောင်းကင်မြေတိုင်း၊ ကွန်ပျူတာ နည်းပညာ၊ အဝေးမှ စူးစမ်းလေ့လာသည့် နည်းပညာ၊ ပထဝီ သတင်းအချက်အလက် နည်းပညာနှင့် ဘူမိဗေဒကျွမ်းကျင်မှုများဖြင့် မြန်မာနိုင်ငံအတွင်း နည်းပညာနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး အလျင်အမြန် တိုးတက်မှု မြှင့်တင်ရန် ကျယ်ပြန့်သော ဝန်ဆောင်မှု အမျိုးမျိုးပေးရေး ဖြစ်သည်ဟု ဖော်ပြထားသည်။

သယ်ယူပို့ဆောင်ရေး ဆိုင်ရာ အင်ဂျင်နီယာပညာ၊ အဝေးပြေး လမ်းနှင့် ရထားလမ်းများ တည်ဆောက်ရေး၊ စိုက်ပျိုးရေး တိုးတက်မှု၊ ဆည်များနှင့် ဆည်မြောင်းစနစ်များ ဆိုင်ရာ ပညာရပ်များနှင့် အမျိုးသား နယ်ပယ်ဆိုင်ရာ အချက်အလက် တည်ဆောက်ရေး တို့တွင် စီမံကိန်း အကောင်အထည်ဖော်သည့် အတွေ့အကြုံ ရှိသည်ဟုလည်း ဖော်ပြထားသည်။

သို့သော် ဒီမိုကရေစီလိုလားသော လွတ်လပ် အမှီအခိုကင်းသည့် နိုင်ငံတကာ ကျွမ်းကျင်သူများ အကြံပေးအဖွဲ့ ဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီ (SAC-M) ၏ အဆိုအရ ဦးစစ်တိုင်းအောင်၏ လှုပ်ရှားမှုများသည် ထိုမျှသာ မကပေ။

“မြန်မာတွင် လက်နက်စက်ရုံများ တည်ဆောက်ပြီး လက်နက်များ ထုတ်လုပ်ရန် လိုအပ်သည့် ကုန်ကြမ်းများ တင်သွင်းရန် Suntac Group of Companies ပိုင်ရှင် ဦးစစ်တိုင်းအောင်သည် စစ်ဘက်သွင်းကုန်လိုင်စင် ရထားသည်ဟု သိရသည်”ဟု ထိုအဖွဲ့က ဖော်ပြသည်။

“မြန်မာတွင် လက်နက်စက်ရုံများ တည်ဆောက်ပြီး လက်နက်များ ထုတ်လုပ်ရေး လိုအပ်သည့် ကုန်ကြမ်းများ တင်သွင်းရန် Suntac Group of Companies ပိုင်ရှင် ဦးစစ်တိုင်းအောင်သည် စစ်ဘက် သွင်းကုန်လိုင်စင် ရထားသည် ဟု သိရသည်”ဟု ထိုအဖွဲ့က ဖော်ပြသည်။

လက်ရှိ စစ်တပ် ထိပ်တန်း အရာရှိများနှင့် ရင်းနှီးသော ဆက်ဆံရေးအပြင် ဦးစစ်တိုင်းအောင်သည် ဦးတေဇ၊ Myanmar Chemical & Machinery Co. မှ ဦးအောင်လှိုင်ဦး နှင့် International Gateways Group of Companies မှ ဒေါက်တာ နိုင်ထွဋ်အောင် အပါအဝင် အခြား လက်နက် အဓိကတင်သွင်းသူများနှင့်လည်း ဆက်ဆံရေး ရှိသည်။

စစ်ခေါင်းဆောင်များ၏ သားသမီး အများအပြား ကဲ့သို့ပင် ဦးစစ်တိုင်းအောင်သည် လက်နက်စက်ရုံ တည်ဆောက်ရန် နှင့် လက်နက် ထုတ်လုပ်ရန် ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရေးအတွက် စစ်ဘက် သွင်းကုန်လိုင်စင် ရထားသည်။

သူသည် ယူကရိန်းနှင့် အခြား အရှေ့ဥရောပ နိုင်ငံများမှ လက်နက်များကိုလည်း တင်သွင်းသည်။

ဦးစစ်တိုင်းအောင်သည် ၂၀၁၀ နှင့် ၂၀၁၂ ခုနှစ်များတွင် ယူကရိန်း နိုင်ငံပိုင်ကုမ္ပဏီ Ukroboronservice မှ လေယာဉ် အစိတ်အပိုင်းများကို မြန်မာစစ်တပ်သို့ ရောင်းချသည့် Yatanarpon Aviation Support Co. ကိုလည်း ပိုင်ဆိုင်သည် ဟု တက်ကြွလှုပ်ရှားသူ အဖွဲ့ Justice for Myanmar (JFM) က ဖော်ပြသည်။

ထိုရတနာပုံ ကုမ္ပဏီကို စစ်တပ်သို့ ဂျက်တိုက်လေယာဉ် အစိတ်အပိုင်းများ၊ လေကြောင်း ထောက်လှမ်းရေး ရေဒါ အစိတ်အပိုင်း များနှင့် အခြား စစ်လက်နက် ပစ္စည်းများ ရောင်းချသည့် အဓိကကုမ္ပဏီ Myanmar Consultancy Co. ၏ လိပ်စာဖြင့် မှတ်ပုံတင်ထားသည်။

Myanmar Consultancy သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင် လူကိုယ်တိုင် တက်ရောက်သည့် ရုရှား၏ MAKS 2021 လေကြောင်းပြပွဲကို အွန်လိုင်းမှ ပြသသည့် ကုမ္ပဏီ ဖြစ်သည်။

ဦးစစ်တိုင်းအောင်သည် မုတ္တမဖွံ့ဖြိုးတိုးတက်ရေး အုပ်စု ကုမ္ပဏီတွင်လည်း စီမံခန့်ခွဲရေး မိတ်ဖက်ဖြစ်ပြီး ထိုကုမ္ပဏီမှ သူ၏ စီးပွားဖက်မှာ မန်နေဂျင်း ဒါရိုက်တာ ဦးရန်ဟိုး ဖြစ်သည်။

ဦးရန်ဟိုးသည် တရုတ်-မြန်မာ အိမ်ခြံမြေ လုပ်ငန်းရှင်ဖြစ်ပြီး မြန်မာ နိုင်ငံ မြောက်ပိုင်းမှ တရုတ်လူမျိုးစု မိသားစုတွင် မွေးဖွား လာသူဖြစ်သည်ဟု ဆိုသည်။

ယနေ့တွင် မုတ္တမ ဖွံ့ဖြိုးတိုးတက်ရေးမှ အဓိက ခေါင်းဆောင်များသည် ပုန်းလျှိုးနေပုံရပြီး ထိုကုမ္ပဏီ၏ စီးပွားရေး လုပ်ငန်း စာရင်းတွင် “အပြီးတိုင်ပိတ်သိမ်း” ဟု ဖော်ပြထားသည်။

ဦးစစ်တိုင်းအောင်သည် ၂၀၁၉ ခုနှစ် ဇွန်လက ချက်သမ္မတ နိုင်ငံ၊ ပရာ့ဂ်၌ ကျင်းပသည့် B2B ဖိုရမ်တွင် မုတ္တမ ဟိုးလ်ဒင်း လီမိတက်ကို ကိုယ်စားပြုခဲ့ပြီး ကာကွယ်ရေး စက်မှုလုပ်ငန်း အတွက် သံမဏိ ထုတ်လုပ်ရေး ကျွမ်းကျင်သည့် ချက်ကုမ္ပဏီများနှင့် တွေ့ဆုံရန် တောင်းဆိုခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ကောင်စီ က ဆိုသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့တွင် ကနေဒါ၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့က စစ်ကောင်စီနှင့် စစ်ကောင်စီကို လက်နက် ရောင်းချသူအချို့ကို ပစ်မှတ်ထား အရေးယူမှု သစ်များ ချမှတ်သောအခါ ဦးစစ်တိုင်းအောင် လည်း ပစ်မှတ်ထား ခံရသည်။

တရားမဝင် မြန်မာစစ်ကောင်စီ၊ ၎င်း၏ ခရိုနီများနှင့် လက်နက်ပွဲစားများ အပေါ် ချမှတ်သည့် ပစ်မှတ်ထား အရေးယူမှု သစ်ကို ကြိုဆိုသည်ဟု JFM က ဖော်ပြသည်။

ဦးစစ်တိုင်းအောင်သည် ကန့်သတ်ကုန်များ၊ ကန့်သတ်နည်းပညာများနှင့် ထိုသို့သော ကုန်ပစ္စည်းများ၊ နည်းပညာများကို မြန်မာသို့ တင်းသွင်းခြင်းဖြင့် မြန်မာမှ အရပ်သားပြည်သူများကို ဖိနှိပ်ရာတွင် ပါဝင် ပတ်သက်သည်ဟု ဗြိတိန်အစိုးရက သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဦးစစ်တိုင်းအောင်သည် ကန့်သတ်ကုန်များ၊ ကန့်သတ် နည်းပညာများနှင့် ထိုသို့သော ကုန်ပစ္စည်းများ၊ နည်းပညာ များကို မြန်မာသို့ တင်းသွင်းခြင်းဖြင့် မြန်မာမှ အရပ်သား ပြည်သူများကို ဖိနှိပ်ရာတွင် ပါဝင်ပတ်သက်သည်ဟု ဗြိတိန် အစိုးရက သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိကျစွာ ဆိုရပါက Yatanarpon Aviation Services တွင် ဒါရိုက်တာ ရာထူးနှင့် မုတ္တမ ဟိုးလ်ဒင်း၌ လုပ်ကိုင်ခြင်းက ထိုပါဝင် ပတ်သက်မှုကို ဖော်ပြနေသည်။

ရန်ကုန်မှ အခွင့်ထူးခံ စီးပွားရေးသမားများ ထဲတွင် ဦးစစ်တိုင်းအောင်သည် ပညာရှင်ဆန်ပြီး မျှတသည် ဆိုသည့် ပုံရိပ်ရှိသည်ဟု အထင်ခံရကြောင်း သူနှင့် ရင်းနှီးသည့် လူငယ် စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။

သူသည် ပုန်းလျှိုးကွယ်လျှိုး နေပြီး အွန်လိုင်း လူမှုကွန်ရက်နှင့် အဝေးရောက် မြန်မာ မီဒီယာများက ဖော်ပြသည့် သူ၏နောက်ခံ အကြောင်းများနှင့် စီးပွားရေး လုပ်ဆောင်မှုများ အတွက် စိတ်ညစ်နေသည်ဟုလည်း ဆိုသည်။

လက်နက် ကုန်သွယ်ရေးတွင် သူပါဝင် ပတ်သက်သည့် ဆောင်းပါးတပုဒ်ကို ဖြုတ်ချပေးရေးအတွက် သူနှင့်ရင်းနှီးသည့် မိတ်ဆွေများက သူ့ကိုယ်စား အဝေးရောက် မီဒီယာများကို တခါက ချဉ်းကပ်ခဲ့ဖူးသည်။

ဝိုင်းကျဉ်ကြသည့် လူမှုရေး ပြစ်ဒဏ်ကို ရှောင်ရှားလိုခြင်း အပြင် ထိုစဉ်က ပြည်ပတွင် ပညာ သင်ကြားနေသည့် သူ့သမီးများ ပြည်ဝင်ခွင့်ဗီဇာ ရုပ်သိမ်းခံရမည်ကိုလည်း စိတ်ပူခြင်း ဖြစ်သည်။

လက်ရှိအချိန်အထိ သူ့ကို လုပ်ကြံရန် ကြိုးစားမှု မရှိသေးသော်လည်း လွန်ခဲ့သောနှစ်တွင် ဦးစစ်တိုင်းအောင်သည် စစ်ကောင်စီ ဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေး တပ်များက ရှင်းလင်းမည့် စာရင်းတွင် သူပါဝင်သည်ဟု ယူဆပြီး လုပ်ကြံခံရမည်ကို စိုးရိမ်နေသည်ဟု ဆိုသည်။

လက်ရှိ အချိန်အထိ သူ့ကို လုပ်ကြံရန် ကြိုးစားမှု မရှိသေးသော်လည်း လွန်ခဲ့သောနှစ်တွင် ဦးစစ်တိုင်းအောင်သည် စစ်ကောင်စီ ဆန့်ကျင်ရေး ပြည်သူ့ ကာကွယ်ရေး တပ်များက ရှင်းလင်းမည့် စာရင်းတွင် သူပါဝင်သည်ဟု ယူဆပြီး လုပ်ကြံ ခံရမည်ကို စိုးရိမ်နေသည်ဟု ဆိုသည်။

တိုင်းပြည်ကို ဖရိုဖရဲဖြစ်စေသော ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက် ပြည်ပသို့ ပြောင်းရွှေ့သွားသည့် လုပ်ငန်းရှင် သူဌေးများနည်းတူ ဦးစစ်တိုင်းအောင်သည်လည်း ၂၀၂၂ ခုနှစ်မှ စတင်ပြီး ရန်ကုန် နှင့် ဒူဘိုင်း အပါအဝင် တခြားသော နေရာများ၌ နေထိုင်ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသည် ရွေးချယ်စရာ အကောင်းဆုံး ဖြစ်သော်လည်း စစ်ကောင်စီနှင့် စီးပွားရေး လုပ်ကိုင်ခြင်းကို မကြာသေးခင်က ကန့်သတ် အရေးယူမှုများ ရှိလာ၍ တချို့က စင်ကာပူနှင့် ဒူဘိုင်းကို ရွေးချယ်ခဲ့ကြသည်။

“ခဏတဖြုတ် နေဖို့ပဲ။ ကျနော် အသတ်မခံချင်ဘူး” ဟု ဒူဘိုင်းသို့ မထွက်ခွာမီ မိတ်ဆွေတဦးကို ဦးစစ်တိုင်းအောင်က ပြောခဲ့သည်။ ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ အောင်ဇော်၏ Son of Former Regime’s ‘Ecotourism Minister’ Now Supplies Arms to Current Junta ကို ဘာသာပြန်သည်။ အောင်ဇော်သည် ဧရာဝတီ သတင်းဌာန၏ အယ်ဒီတာချုပ် ဖြစ်သည်။)

You may also like these stories:

အာဏာသိမ်း စစ်အုပ်စု၏ ထောက်တိုင်တခု (သို့မဟုတ်) ဦးစစ်တိုင်းအောင်

စစ်ကောင်စီနှင့် အရှေ့ဥရောပကြား လက်နက်ပွဲစား ဦးအောင်လှိုင်ဦး

မြန်မာလက်နက်ရောင်းဝယ်မှု ငွေပေးငွေယူကို စုံစမ်းစစ်ဆေးနိုင်စွမ်း မရှိကြောင်း ထိုင်းဘဏ်များ ဝန်ခံ

မြန်မာ့စစ်လက်နက်ပွဲစား ဒေါက်တာ နိုင်ထွဋ်အောင်

မြန်မာ့စစ်လက်နက် ထုတ်လုပ်ရေးအတွက် အရေးပါသူ ဦးထွန်းလှိုင်

ဘယ်လာရုစ်က လက်နက်ပွဲစား ဒေါက်တာ အောင်မိုးမြင့်

Your Thoughts …
Tags: ခရိုနီစစ်ကောင်စီစစ်တိုင်းအောင်စစ်လက်နက်ပစ္စည်းစစ်သွေးအောင်စစ်အာဏာသိမ်းမှုစီးပွားရေးယူကရိန်းလက်နက်ပွဲစားအရေးယူပိတ်ဆို့မှု
အောင်ဇော်

အောင်ဇော်

အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
တော်လှန်ရေးလမ်းဆုံ သို့မဟုတ် နိုင်ငံတော်သစ် ထူထောင်မလား ပြိုကွဲမလား

တော်လှန်ရေးလမ်းဆုံ သို့မဟုတ် နိုင်ငံတော်သစ် ထူထောင်မလား ပြိုကွဲမလား

နိုင်ငံခြားငွေလဲလှယ်ရေး မူဝါဒဖြင့် စစ်ကောင်စီ စစ်စရိတ်ရှာနေ

နိုင်ငံခြားငွေလဲလှယ်ရေး မူဝါဒဖြင့် စစ်ကောင်စီ စစ်စရိတ်ရှာနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate