၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် သဘာဝ သယံဇာတနှင့် စစ်တပ်ကုမ္ပဏီများမှ ဝင်ငွေသည် မြန်မာစစ်ကောင်စီအတွက် အဓိက ဝင်ငွေရင်းမြစ် ဖြစ်သည်။ သို့သော် လွန်ခဲ့သောနှစ်တွင် စစ်ကောင်စီ၏ နိုင်ငံခြားငွေလဲလှယ်မှု (forex) မူဝါဒများနှင့် ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းသည် ထိုစနစ်ကို စတင် ပြောင်းလဲသွားစေသည်။
နိုင်ငံခြားငွေလဲလှယ်မှု မူဝါဒမှ ရငွေ၊ တနည်းအားဖြင့်ဆိုပါက ပုံသေသတ်မှတ်ပြီး ထိုနှုန်းများဖြင့် အတင်းအကျပ် လဲလှယ်စေခြင်းမှ ရရှိသည့် အကျိုးအမြတ်ရှာသော ငွေသည် ယခုအခါတွင် စစ်ကောင်စီအတွက် အရေးအပါဆုံး နိုင်ငံခြားငွေရင်းမြစ်အဖြစ် သယံဇာတဝင်ငွေနှင့် အပြိုင်ဖြစ်လာသည်။
ထိန်းချုပ်မှုသစ်များသည် မည်သူ နိုင်ငံခြားငွေ ဝယ်ယူခွင့် ရှိသည်ကိုလည်း ဆုံးဖြတ်ပေးပြီး စစ်ကောင်စီသည် ၎င်းတို့ရည်မှန်းချက်များအတွက် နိုင်ငံခြားငွေ ပိုမိုရရန် အမြတ်ထုတ်နိုင်သည့် လမ်းကြောင်းဖြစ်သည်။ ထိုအချက်က လက်နက်၊ လောင်စာ၊ ပဋိပက္ခနှင့် ပတ်သက်သည့် သွင်းကုန်များအတွက် နိုင်ငံခြားငွေရရန် သေနင်္ဂဗျူဟာ အပြောင်းအလဲကို ပြသပြီး နိုင်ငံအတွက် အရေးပါသည့် စီးပွားရေးအကျိုးဆက်များ ဖြစ်စေသည်။
နိုင်ငံခြားငွေလဲလှယ်မှု မူဝါဒမှ ရငွေ၊ တနည်းအားဖြင့်ဆိုပါက ပုံသေသတ်မှတ်ပြီး ထိုနှုန်းများဖြင့် အတင်းအကျပ် လဲလှယ်စေခြင်းမှ ရရှိသည့် အကျိုးအမြတ်ရှာသော ငွေသည် ယခုအခါတွင် စစ်ကောင်စီအတွက် အရေးအပါဆုံး နိုင်ငံခြားငွေရင်းမြစ်အဖြစ် သယံဇာတဝင်ငွေနှင့် အပြိုင်ဖြစ်လာသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ထိန်းချုပ်မှုကို အကြီးအကျယ် တိုးချဲ့ပြီး ပို့ကုန်ရငွေနှင့် အခြားလွှဲငွေများကို အုပ်ချုပ်ရေးအရ သတ်မှတ်သည့်နှုန်းများဖြင့် အတင်းအကျပ် လဲစေသည်။
ပို့ကုန်သမား အများစုသည် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို အွန်လိုင်းပလက်ဖောင်းနှုန်းဖြစ်သည့် ပေါက်ဈေးနှင့် ၃၅ ရာခိုင်နှုန်းကို တရားဝင်သတ်မှတ်ငွေလဲနှုန်း တဒေါ်လာ ၂,၁၀၀ ကျပ်ဖြင့် လဲလှယ်ရသည်။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့ မတိုင်မီက ၅၀ ရာခိုင်နှုန်းစီကို ထိုနှုန်းများနှင့် လဲလှယ်ရသည်။
ထိုနှုန်းများသည် ဈေးကွက်ပေါက်ဈေးအောက် လွန်စွာနိမ့်ကျပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လနှောင်းပိုင်းက ဈေးကွက်ပေါက်ဈေးမှာ တဒေါ်လာလျှင် ၅၅၀၀ ကျပ်ရှိသည်။ ယခုအခါ နှုန်းထားများအကြား ကွာခြားမှု အဆက်မပြတ် ကြီးထွားနေခြင်းသည် ပို့ကုန်သမားများ၏ ဝင်ငွေ ၃၄ ရာခိုင်နှုန်း သို့မဟုတ် အတင်းအကျပ် လဲလှယ်ရသည့် တဒေါ်လာတိုင်းအတွက် ၁,၅၀၀ ကျော် ၂,၀၀၀ ကျပ်အထိ ဆုံးရှုံးစေသည်။
လွန်ခဲ့သောနှစ်တွင် စစ်ကောင်စီအတွက် ဖြစ်နိုင်ခြေရှိသော ဝင်ငွေပမာဏ (ဈေးကွက်ပေါက်ဈေးနှင့် ငွေပေးငွေယူ လုပ်သည့်နေ့တွင် အမှန်တကယ် ရောင်းချသည့် တဖက်စောင်းနင်း ပျမ်းမျှနှုန်း [weighted average] အကြား ခြားနားမှု) မှာ အနည်းဆုံး ၆ ဒသမ ၄ ထရီလီယံကျပ် (အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ) ရှိသည်။ ထိုပမာဏသည် စစ်တပ်အသုံးစရိတ် နီးပါး ထပ်ထူဖြစ်ပြီး နိုင်ငံတော်၏ သဘာဝဓာတ်ငွေ့ဝင်ငွေထက် ပိုမိုများနိုင်သည်။
လွန်ခဲ့သောနှစ်တွင် စစ်ကောင်စီအတွက် ဖြစ်နိုင်ခြေရှိသော ဝင်ငွေပမာဏ (ဈေးကွက်ပေါက်ဈေးနှင့် ငွေပေးငွေယူ လုပ်သည့်နေ့တွင် အမှန်တကယ် ရောင်းချသည့် တဖက်စောင်းနင်း ပျမ်းမျှနှုန်း [weighted average] အကြား ခြားနားမှု) မှာ အနည်းဆုံး ၆ ဒသမ ၄ ထရီလီယံကျပ် (အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ) ရှိသည်။ ထိုပမာဏသည် စစ်တပ်အသုံးစရိတ် နီးပါး ထပ်ထူဖြစ်ပြီး နိုင်ငံတော်၏ သဘာဝဓာတ်ငွေ့ဝင်ငွေထက် ပိုမိုများနိုင်သည်။
ထိုငွေသည် ၂၀၂၃/၂၀၂၄ ဘဏ္ဍာရေးနှစ် ကူးသန်းရောင်းဝယ်ခွန်နှင့် ဝင်ငွေခွန် နှစ်ရပ်ပေါင်း ခန့်မှန်းခြေတန်ဖိုး ကျပ် ၅ ဒသမ ၃ ထရီလီယံထက် ပိုမိုများပြားသည်။
ဗဟိုဘဏ်သည် ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် နိုင်ငံခြားငွေ ဝယ်လိုသော ကုမ္ပဏီများ၏ အချက်အလက်များကို ဘဏ်များက ပေးရန် လိုအပ်သည့် နိုင်ငံခြားငွေကုန်သွယ်မှု ပလက်ဖောင်းတခု ထူထောင်သည်။ ထိုအချက်အလက်များတွင် ကုမ္ပဏီများ၏ အမည်၊ ဝယ်ယူလိုသည့် ပမာဏ၊ ဝယ်ယူရသည့် အကြောင်းရင်းနှင့် ငွေလဲနှုန်း စသည်တို့ ပါဝင်သည်။
ဘဏ်များနှင့် ပူးတွဲပြီး ဗဟိုဘဏ်သည် အကျုံးဝင်မှု၊ ရောင်းဝယ်သည့် ပမာဏများနှင့် ငွေလဲနှုန်းများကို ဆုံးဖြတ်ပြီး မြန်မာ၏ နှစ်စဉ် နိုင်ငံခြားငွေ စီးဆင်းမှုအား မည်သူအသုံးပြုနိုင်သည်ဆိုသည့် ကိစ္စကို ထိန်းချုပ်ခွင့် ဘဏ်များကို ပေးသည်။
လွန်ခဲ့သော ၁၂ လအတွင်း မြန်မာ၏ နိုင်ငံခြားငွေ စီးဆင်းမှုသည် အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ရှိသည်။ ထိုသို့လုပ်ဆောင်ခြင်းသည် မလှုပ်သာမလှည့်သာ နာခံမှုကို ဖြစ်စေပြီး စီးပွားရေးရလဒ်၊ စစ်တပ်နှင့် ဆက်စပ်မှုကို ချည်နှောင်ထားသည်။ စစ်ကောင်စီသည် ပိုမိုများပြားသည့် စီးပွားရေးလုပ်ငန်းများ ထိုပလက်ဖောင်းကို အသုံးပြုရန် အတင်းအကျပ် လုပ်နေသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်ကောင်စီသည် ဆန်၊ ပြောင်းနှင့် ရာဘာ တင်ပို့သူများ ယခင်ကကဲ့သို့ လောင်စာနှင့် စားသုံးဆီ တင်သွင်းသူများသို့ တိုက်ရိုက် မရောင်းစေဘဲ ထိုပလက်ဖောင်းမှတဆင့် ဝင်ငွေရောင်းချရန် စတင်လုပ်ဆောင်သည်။ ထို့ကြောင့် ထိုပလက်ဖောင်း၏ ရည်ရွယ်ချက်မှာ စစ်ကောင်စီကို ထိန်းချုပ်မှု ရစေရန်ဖြစ်ပြီး ဈေးကွက်ဖလှယ်မှု အဆင်ပြေစေရန် ဖြစ်ပုံမရပေ။
ထိုနိုင်ငံခြားငွေ ထိန်းချုပ်မှုများသည် စစ်ကောင်စီကို အမြတ်အစွန်းအတွက် ကျယ်ပြန့်သောအာဏာနှင့် အခွင့်အလမ်းများပေးသည်။ လျှော့ဈေးဖြင့်ပေးသော နိုင်ငံခြားငွေအချို့သည် မှတ်တမ်းများက ဖော်ပြသည့်အတိုင်း စစ်တပ်နှင့်ပတ်သက်သော တင်သွင်းမှုလုပ်သည့် ပုဂ္ဂလိက ကုမ္ပဏီများသို့ ရောက်သွားနိုင်သည်။
ထိုနိုင်ငံခြားငွေ ထိန်းချုပ်မှုများသည် စစ်ကောင်စီကို အမြတ်အစွန်းအတွက် ကျယ်ပြန့်သောအာဏာနှင့် အခွင့်အလမ်းများပေးသည်။ လျှော့ဈေးဖြင့်ပေးသော နိုင်ငံခြားငွေအချို့သည် မှတ်တမ်းများက ဖော်ပြသည့်အတိုင်း စစ်တပ်နှင့်ပတ်သက်သော တင်သွင်းမှုလုပ်သည့် ပုဂ္ဂလိက ကုမ္ပဏီများသို့ ရောက်သွားနိုင်သည်။
သို့သော် နိုင်ငံခြားငွေအားလုံးကို စစ်ရေးအတွက် အသုံးပြုခြင်း မဟုတ်ဘဲ အချို့သည် ကုန်သည်များနှင့် ပြည်ပသို့ သွားရောက်လည်ပတ်သူများကဲ့သို့သော အခြားသူများထံသို့ ရောက်သည်။ ပြည်ပသို့ သွားရောက်လည်ပတ်သူများသည် ပလက်ဖောင်း၏ ဈေးနှုန်းဖြင့် ဒေါ်လာ ၃၀၀ မှ ၅၀၀ ကြား ဝယ်ယူနိုင်သည်။ သို့သော် သွင်းကုန်သမားများ ရနိုင်သည့် ထိုသို့ မျက်နှာသာပေးသောဈေးနှုန်း သတ်မှတ်သည့် နိုင်ငံခြားငွေပမာဏ ကျဆင်းနေနိုင်သည်။
နိုင်ငံခြားငွေကို ပလက်ဖောင်းနှုန်းဖြင့် ဝယ်ယူရန် မဖြစ်နိုင်ကြောင်းနှင့် ၎င်းတို့သည် မှောင်ခိုဈေးဖြင့် ဝယ်ရန် ပိုမို အတင်းအကျပ် လုပ်ခံနေရကြောင်း သွင်းကုန်သမားအချို့က ပြောသည်။ အဓိကကျသည့် ကုန်စည်တင်သွင်းသူများ လျှော့ဈေးဖြင့် နိုင်ငံခြားငွေ ဝယ်နိုင်ကြောင်း ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်များတွင် စစ်ကောင်စီက မကြာခဏ ကြေညာသော်လည်း မကြာသေးမီက ထိုသို့ရောင်းချမှု အများအပြားအတွက် နှုန်းကို မကြေညာပေ။
ဈေးပေါပေါနှင့်ရသော နိုင်ငံခြားငွေကို စစ်တပ်နှင့်ပတ်သက်သည့် ကုမ္ပဏီများသို့ ရောင်းချပြီး ထိုကုမ္ပဏီများက ဈေးကွက်ပေါက်ဈေးနှုန်းဖြင့် ပြန်လည် ရောင်းချကြသည်ဟု သွင်းကုန်သမားအချို့က ပြောသည်။
စစ်ကောင်စီ၏ နိုင်ငံခြားငွေလဲလှယ်ရေး မူဝါဒသည် ၎င်းတို့ နိုင်ငံခြားငွေရရှိမှု အများဆုံး တိုးမြှင့်ပေးနိုင်သောကြောင့် အလွန်အရေးပါသည်။ သဘာဝ သယံဇာတများသည် အရေးပါသည့် နိုင်ငံခြားငွေရင်းမြစ်အဖြစ် ဆက်လက် ရှိနေသည်။
၂၀၂၁ ခုနှစ်တွင် ကမ်းလွန်နှင့် ပိုက်လိုင်းစီမံကိန်းများမှ နှစ်စဉ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရသည်ဟု ခန့်မှန်းရပြီး ဈေးနှုန်းများ ပြန်တက်လာခြင်း၊ ရင်းနှီးမြှုပ်နှံသူများ ပြန်လည် ရောင်းချသောကြောင့်နှင့် စီမံကိန်းအချို့တွင် စစ်ကောင်စီ၏ ရှယ်ယာတိုးလာသောကြောင့် ထိုနောက်ပိုင်းတွင် ဝင်ငွေ အတိုင်းအတာတခုအထိ တိုးကောင်းတိုးလာနိုင်သည်။
သို့သော် အခြား သယံဇာတဝင်ငွေများ ကျဆင်းသည်။ အာဏာသိမ်းပြီးနောက် ကြေးနီတင်ပို့မှု ၈၀ ရာခိုင်နှုန်း ကျဆင်းသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်စိမ်းကဲ့သို့ အခြားသယံဇာတ ပို့ကုန်များ တိုးတက်မှုသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်တပ် နှစ်ဖက်လုံးကို အလားတူ အကျိုးပြုကောင်း ပြုနိုင်သည်။ မည်သို့ဆိုစေ သယံဇာတဝင်ငွေများသည် ဗဟိုဘဏ်က ထိန်းချုပ်ထားသည့် နိုင်ငံခြားငွေလဲလှယ်ရေး မူဝါဒမှ နှစ်စဉ် နိုင်ငံခြားငွေစီးကြောင်း အမေရိကန်ဒေါ်လာ ၈ ဘီလီယံထက် များစွာလျော့နည်းသည်။
မြန်မာစစ်တပ်ပိုင် ကုမ္ပဏီများဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့သည်ပင် အဓိက နိုင်ငံခြားငွေရင်းမြစ်များ မဟုတ်ဘဲ ယခင်ကလောက် အကျိုးအမြတ် မများတော့ပေ။
မြန်မာစစ်တပ်ပိုင် ကုမ္ပဏီများဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့သည်ပင် အဓိက နိုင်ငံခြားငွေရင်းမြစ်များ မဟုတ်ဘဲ ယခင်ကလောက် အကျိုးအမြတ် မများတော့ပေ။
ဦးပိုင်လီမိတက်သည် ၁၉၉၀ မှ ၂၀၁၁ ခုနှစ်အထိအတွင်း အမြတ်ငွေ ဒေါ်လာ ၁၈ ဘီလီယံခွဲ ဝေပေးသည်ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ၂၀၂၀ အစီရင်ခံစာတွင် ဖော်ပြသည်။ သို့သော် ထိုအစီရင်ခံစာသည် ကျပ်ကို ဒေါ်လာဖွဲ့ရာတွင် ကျပ်ကို အလွန်တန်ဖိုးတင်ထားသည့် တဒေါ်လာ ၆ ကျပ်နှုန်းဖြင့် တွက်ထားသည်။
လက်တွေ့တွင် တီထွင်ထားသည့် ထိုနှုန်းဖြင့် မည်သူမှ ဦးပိုင်လီမိတက်ကို ဒေါ်လာ မရောင်းပေ။ ဥပမာအားဖြင့် ၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်တွင် ဦးပိုင်လီမိတက်၏ အမြတ်ငွေ ကျပ် ၁၂ ဘီလီယံကျော်သည် တရားဝင်နှုန်းဖြင့် အမေရိကန်ဒေါ်လာ ၂ ဘီလီယံရှိသော်လည်း ဈေးကွက်ပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၁၂ သန်းသာ ရှိသည်။ ၂၀၁၉ ခုနှစ်က စာရင်းများအရ ဦးပိုင်လီမိတက် အခွန် အမေရိကန်ဒေါ်လာ ၁၄ သန်း ပေးဆောင်ကြောင်း ပြသနေသည်။ ထိုအခွန်သည် များပြားလှသော အမြတ်ငွေအတွက်ပေးသည့် အခွန်ဖြစ်သော်လည်း အထက်ဖော်ပြပါ ဘီလီယံများလောက် များပြားခြင်း မရှိပေ။
ငွေလဲနှုန်းကွာဟမှု ပိုမိုကြီးထွားနေခြင်းသည် စစ်ကောင်စီကို ထပ်မံ အကျိုးပြုသောကြောင့် တစိတ်တပိုင်းအားဖြင့် စစ်တပ်၏ နိုင်ငံခြားငွေကြေးမူဝါဒများသည် အနာဂတ်တွင် ပိုမိုအရေးပါလာမည်ဖြစ်သည်။ တချိန်တည်းတွင် စစ်တပ်၏ အခြား အဓိက ဝင်ငွေရင်းမြစ်ဖြစ်သော သဘာဝဓာတ်ငွေ့သည် ၂၀၃၀ ပြည့်နှစ်တွင် ၇၅ ရာခိုင်နှုန်းသို့ ကျဆင်းပြီး ဝင်ငွေ သိသိသာသာ ကျဆင်းမည်ဟု မျှော်လင့်ရသည်။
ထို့ကြောင့် စစ်ကောင်စီသည် အာဏာတည်မြဲရေးအတွက် နိုင်ငံခြားငွေလဲလှယ်ရေး မူဝါဒကို ပိုမိုမှီခိုလာရခြင်းကို စတင် နားလည်ရန် အရေးကြီးသည်။ ထိုမူဝါဒများသည် ကုန်ထုတ်လုပ်မှု စီးပွားရေးစနစ်မှ ဖဲ့ယူသည့် အလွတ်သဘောဆောင်ရွက်ခြင်းကို အားပေးကာ စီးပွားရေးဆောင်ရွက်မှုများကို အားနည်းစေသောကြောင့် စီးပွားရေးပြိုလဲမှုကို မြန်ဆန်စေရန် ခြိမ်းခြောက်နေသည်။
မြန်မာပြည်သူများကို အကျိုးပြုသည့် နယ်စပ်ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးကဲ့သို့ စစ်ကောင်စီစနစ်ပြင်ပမှ စီးပွားရေးဆောင်ရွက်သည့် နည်းလမ်းများ ရှာဖွေခြင်းကို ပိုမိုအရေးပါစေသည်။
(Fulcrum ပါ Jared Bissinger ၏ Myanmar’s Military Funds Its War through Forex Policy ကို ဘာသာပြန်သည်။ ဂျရန် ဘစ်ဆင်ဂျာသည် Catalyst Economics မှ သုတေသနခေါင်းဆောင်နှင့် ISEAS- Yusof Ishak အင်စတီကျုမှ မြန်မာလေ့လာရေး အစီအစဉ်တွင် ဧည့်သုတေသီဖြစ်သည်။)
You may also like these stories:
ပဋိပက္ခ၊ ငွေကြေးဖောင်းပွမှုနှင့် မြန်မာ့စီးပွားရေး
သစ်ထုတ်လုပ်မှုက စစ်ကောင်စီကို ငွေကြေးထောက်ပံ့နေ
စစ်တပ် ကာကွယ်ထားသော တရုတ်နယ်စပ် ငွေကြေးလိမ်လည်လုပ်ငန်း နှစ်စဉ် ဒေါ်လာ ၁၄ ဘီလီယံ ရ
ဂျပန်-အာဆီယံဌာန စစ်ကောင်စီကို ငွေကြေးထောက်ပံ့
ငွေကြေး မတည်ငြိမ်စေရန် လုပ်ဆောင်သူများ အရေးယူမည်ဟု ဗဟိုဘဏ် ထုတ်ပြန်