၂၀၂၃ ခုနှစ်ကုန် ရက်သတ္တပတ်များတွင် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်တခွင်၌ တိုင်းရင်းသား မဟာမိတ်တပ်များ အကြီးအကျယ် အောင်ပွဲခံလာခြင်းကို တဖြည်းဖြည်း အခြေအနေဆိုးလာသော စစ်ပွဲတွင် အဆုံးအဖြတ်ပေးမည့်ကာလအဖြစ် ဖော်ပြကြသည်။ မကျဆုံးနိုင်လောက်အောင် ကြီးမားသည်ဟု ကာလကြာမြင့်စွာ ယူဆခဲ့သည့် စစ်ကောင်စီတပ်ကို နောက်ဆုံးတွင် ချေမှုန်းနိုင်မည်ဟု အခိုင်အမာ ဖော်ပြကြသည်။
ရှစ်လကြာပြီးနောက် တရုတ်က ကြားဝင်စေ့စပ်ပေးသည့် မခိုင်မာသော အပစ်အခတ်ရပ်စဲရေး ဇွန်လနှောင်းပိုင်းတွင် ပျက်စီးသွားသောအခါ အရှိန်အဟုန်ပြည့်စစ်ပွဲ ပြန်ဖြစ်လာပြီး ရှမ်းပြည်မြောက်ပိုင်း လားရှိုးကို စစ်တပ်က ဆုံးရှုံးခြင်းကြောင့် မြန်မာပြဿနာ၏ အခြေအနေ လုံးဝ ပြောင်းလဲသွားသည်။
လွန်ခဲ့သော အောက်တိုဘာလ ၂၇ ရက်နေ့တွင် ညီနောင်မဟာမိတ်အဖွဲ့က စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယဆင့်သည် အဆုံးအဖြတ်ကာလ လွန်သောအခါ စစ်ကောင်စီအတွက် အရှိန်အဟုန်ပြင်းပြီး အလားအလာရှိသော သေလောက်သည့် ဆုတ်ယုတ်မှု ဖြစ်စေမည်၊ မဖြစ်စေမည် သို့မဟုတ် တရုတ် ကမကထပြု နောက်ထပ် အပစ်အခတ်ရပ်စဲရေးဖြင့် ကျားကန်ပြီး စစ်တပ်သည် ပိုမို မျှော်လင့်ချက်ကင်းမဲ့လာသည့် အခြေအနေကို တည်ငြိမ်အောင် လုပ်နိုင်၊ မလုပ်နိုင်ဆိုသည့် အချက်အပေါ် မူတည်လာသည်။
အခြေခံအချက်အလက် သုံးခုအရ မြန်မာနိုင်ငံမြောက်ပိုင်းမှ နောက်ဆုံး တိုက်ပွဲများသည် ပဋိပက္ခ၏ အခြေအနေကို လုံးဝ ပြောင်းလဲသွားစေသည်။ အရေးကြီးသည်မှာ ထိုအချက် သုံးချက်လုံးသည် ပြည်တွင်းပြည်ပမှ အဓိက ပါဝင်ပတ်သက်သူများ မထိန်းချုပ်နိုင်တော့သည့် အရှိန်အဟုန် ရလာပြီး ၎င်းတို့အားလုံးအပေါ် သက်ရောက်မည့် ပထဝီနိုင်ငံရေး အဓိပ္ပာယ်ဆောင်သော ဖြစ်ရပ်များ၏ လျင်မြန်မှုကို မီးမောင်းထိုးပြနေသည်။
စစ်ရေးစွမ်းရည်ရှိပြီး အများအားဖြင့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို သစ္စာခံသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ဦးဆောင်သော တိုက်ပွဲများ နိုင်ငံဗဟိုချက်သို့ အဆုံးအဖြတ်ကျသည့် ရွှေ့ပြောင်းမှုသည် ပထမဆုံးနှင့် အကြီးမားဆုံး အပြောင်းအလဲဖြစ်မည့်အချက် ဖြစ်စေသည်။
စစ်ရေးစွမ်းရည်ရှိပြီး အများအားဖြင့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို သစ္စာခံသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ ဦးဆောင်သော တိုက်ပွဲများ နိုင်ငံဗဟိုချက်သို့ အဆုံးအဖြတ်ကျသည့် ရွှေ့ပြောင်းမှုသည် ပထမဆုံးနှင့် အကြီးမားဆုံး အပြောင်းအလဲဖြစ်မည့်အချက် ဖြစ်စေသည်။
ဇွန်လ ၂၅ ရက်နေ့တွင် စတင်သည့် ၁၀၂၇ စစ်ဆင်ရေး ဒုတိယအဆင့်ကို အဖွဲ့အစည်းအရနှင့် သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုအရ ကွဲပြားခြားနားသည့် စစ်မျက်နှာ သုံးခုတွင် စီစဉ်အကောင်အထည် ဖော်သည်။
အဝေးပြေးလမ်း စစ်မျက်နှာ ဟုခေါ်ကြသည့် အကောင်းဆုံး စစ်မျက်နှာတွင် ဒေသမြို့တော် လားရှိုးနှင့် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးအကြား နိုင်ငံတော်အဝေးပြေးလမ်း တလျှောက်မှ နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့များကို ထိန်းချုပ်ရန် လိုအပ်သည်။
ထိုတာဝန်သည် ပြည်နယ်အရှေ့မြောက်ပိုင်း လက်ဖက်စိုက်သော တောင်တန်းကျေးလက်တွင် အခြေစိုက်ပြီး အင်အား ၁၁,၀၀၀ ရှိ ပလောင်လူမျိုးစု တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၏ အဓိကတာဝန် ဖြစ်သည်။
လားရှိုးကို အဓိကထားသည့် ဒုတိယစစ်မျက်နှာမှ စစ်ဆင်ရေးများကို TNLA ၏ ညီနောင်မဟာမိတ် ကိုးကန့်တရုတ် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ဆောင်ရွက်သည်။
၁၀၂၇ စစ်ဆင်ရေးမတိုင်မီက လူဦးရေ ၂ သိန်းရှိပြီး ဇွန်လနှောင်းပိုင်း ခန့်မှန်းခြေအရ စစ်အင်အား ၆,၀၀၀ ရှိသည့် ခံတပ်မြို့ လားရှိုးသည် ရှမ်းပြည်မြောက်ပိုင်းတွင် သေနင်္ဂဗျူဟာကျသည့် အဓိက အစိတ်အပိုင်းဖြစ်ပြီး သြဂုတ်လ ၃ ရက်နေ့တွင် မကျဆုံးမီအထိ စစ်ကောင်စီ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရှိခဲ့သည်။
ဇွန်လနှောင်းပိုင်းမှ ဇူလိုင်လအထိ ထိုရှမ်းစစ်မျက်နှာ နှစ်ခုမှ တိုက်ခိုက်မှုတွင် ညီနောင်မဟာမိတ်များသည် ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှု ခံရသော်လည်း မြို့ပြ ဗဟို လေးနေရာလုံးမှ အကာအကွယ် ကောင်းစွာလုပ်ထားသည့် တပ်ရင်းစခန်းများစွာကို တိုက်ခိုက်သိမ်းပိုက်သောကြောင့် ပြင်းထန်လှသည်။
သြဂုတ်လဆန်းသို့ ရောက်သောအခါ ညီနောင်မဟာမိတ် နှစ်ဖွဲ့သည် လူအင်အားတန်ဖိုး မြင့်မားစွာ ပေးဆပ်ရသော်လည်း ၎င်းတို့၏ အဓိကရည်မှန်းချက်များကို အခြေခံအားဖြင့် အောင်မြင်သည်။ ဆုံးရှုံးမှုစာရင်းကို နှစ်ဖက်လုံးက ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း တိုက်ခိုက်မှုနယ်ပယ်နှင့် ပြင်းထန်မှုအရ နှစ်ဖက်လုံးတွင် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသည်ဟု ယူဆရသူ အနည်းဆုံး ၅,၀၀၀ ခန့် ရှိနိုင်သည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း၏ အရေးပါသော အခြေခံအစိတ်အပိုင်းသစ်သည် တတိယ အနောက်ပိုင်း စစ်မျက်နှာဖြစ်ပြီး ဧရာဝတီမြစ်ဝှမ်း နိုင်ငံအလယ်ပိုင်းတလျှောက်တွင် ဖြစ်သည်။ ထိုဇုန်မှ တိုက်ပွဲသည် ပတ္တမြား တူးဖော်သည့် မိုးကုတ်မှ တောင်ဘက်ရှိ မြန်မာ၏ ဒုတိယအကြီးဆုံးမြို့ မန္တလေးမြို့စွန်အထိ ကျယ်ပြန်ပြီး PDF က ထိုထိုးစစ်ကို ဦးဆောင်သည်။
သို့သော် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း၏ အရေးပါသော အခြေခံအစိတ်အပိုင်းသစ်သည် တတိယ အနောက်ပိုင်း စစ်မျက်နှာဖြစ်ပြီး ဧရာဝတီမြစ်ဝှမ်း နိုင်ငံအလယ်ပိုင်းတလျှောက်တွင် ဖြစ်သည်။ ထိုဇုန်မှ တိုက်ပွဲသည် ပတ္တမြား တူးဖော်သည့် မိုးကုတ်မှ တောင်ဘက်ရှိ မြန်မာ၏ ဒုတိယအကြီးဆုံးမြို့ မန္တလေးမြို့စွန်အထိ ကျယ်ပြန်ပြီး PDF က ထိုထိုးစစ်ကို ဦးဆောင်သည်။
မှတ်သားစရာ အကောင်းဆုံးမှာ တပ်မြို့ ပြင်ဦးလွင် မြောက်ဘက် ရှမ်းပြည်နယ်-မန္တလေးတိုင်းနယ်စပ် တောင်တန်းများတွင် အခြေစိုက်ပြီး အင်အားအနည်းဆုံး ၃,၀၀၀ ရှိ ကောင်းစွာဖွဲ့စည်း၊ လက်နက် တပ်ဆင်ထားသည့် မန္တလေး PDF ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို သစ္စာခံကြောင်း ကြေညာထားပြီး NUG ထံမှ ရန်ပုံငွေ တစုံတရာ ရသော်လည်း ထိုတပ်ဖွဲ့သည် TNLA ထံမှ လေ့ကျင့်မှုနှင့် ရုပ်ဝတ္တု ထောက်ပံ့မှုဖြင့် ၂၀၂၂ ခုနှစ်နှောင်းပိုင်းမှ စတင် အင်အားကြီးထွားလာပြီး TNLA ၏ ကွပ်ကဲထိန်းချုပ်မှုအောက်တွင် လှုပ်ရှားသည်။
ရှမ်းပြည်နယ်တွင်ကဲ့သို့ပင် အတိုက်အခံတို့၏ တိုက်ပွဲများသည် အလွန်ပြင်းထန်သည်။ TNLA နှင့် PDF တပ်များသည် ဇူလိုင်လ ၂၄ ရက်နေ့အထိ မိုးကုတ်ကို မသိမ်းပိုက်နိုင်သေးပေ။ တောင်ဘက်တွင် သေနင်္ဂဗျူဟာကျသည့် အဓိကမြို့ဖြစ်သော စဉ့်ကူးမြို့သည် ဧရာဝတီမြစ်ကို ဖြတ်ကျော်ပြီး မန္တလေးတိုင်းမြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့ကို ဆက်သွယ်သည့် တံတားတခု တည်ရှိသောမြို့ဖြစ်ပြီး ဇူလိုင်လ ၂၀ ရက်နေ့တွင် PDF တပ်များလက်သို့ ကျရောက်သည်။
ထိုအချိန်တွင် PDF များသည် မန္တလေးမြို့ မြောက်ပိုင်းမြို့စွန်မှ ကီလိုမီတာ ၂၀ ခန့်အကွာရှိ စစ်တပ်က ထိန်းချုပ်ထားသည့် ရွာတရွာကို တိုက်ခိုက်နေသည်။ မန္တလေးတွင် လူဦးရေ ၁ ဒသမ ၆ သန်းရှိပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) တည်ရှိသည်။
ပြင်းထန်သော တိုက်ပွဲများ ဗမာအလယ်ပိုင်းဒေသသို့ ရောက်ရှိလာခြင်းသည် လွန်စွာအရေးပါသည်။ ထိုနေရာသည် မန္တလေး PDF နှင့် အခြားအဓိက ဇုန်နှစ်ခုမှ အတိုက်အခံ အင်အားစုများအကြား သယ်ယူပို့ဆောင်ရေးနှင့် အဖွဲ့အစည်းဆိုင်ရာ အဆက်အသွယ် ဖြစ်စေသည်။
မြောက်ပိုင်းတွင် မြစ်ကမ်းမြို့များဖြစ်သော ထီးချိုင့်နှင့် ကသာသည် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ ကျယ်ပြန့်သော သြဇာအောက်တွင် ရှိသည်။ အနောက်ဘက်တွင် ရွှေဘို ပတ်ဝန်းကျင်မှ စစ်ကိုင်းအလယ်ပိုင်း တော်လှန်ရေး အမာခံဒေသရှိပြီး ရွှေဘို-မန္တလေး အဝေးပြေးလမ်းကို ခြိမ်းခြောက်နိုင်သည်။
လာမည့် အပတ်များတွင် TNLA/မန္တလေး PDF များ အသစ်သိမ်းပိုက်ထားသည့် နောင်ချိုမှ အဝေးပြေးလမ်းတလျှောက် ပူးပေါင်းချီတက်မှုသည် တပ်မြို့ ပြင်ဦးလွင်ကို ခြိမ်းခြောက်လာပါက မြန်မာ၏ ရှေးဟောင်းမြို့တော် မန္တလေးပတ်လည်သည် မြောက်ဘက်နှင့် အရှေ့ဘက်တွင် လွှဲရှောင်မရဘဲ ပိုမို ကျပ်တည်းလာမည် ဖြစ်သည်။
လာမည့် အပတ်များတွင် TNLA/မန္တလေး PDF များ အသစ်သိမ်းပိုက်ထားသည့် နောင်ချိုမှ အဝေးပြေးလမ်းတလျှောက် ပူးပေါင်းချီတက်မှုသည် တပ်မြို့ ပြင်ဦးလွင်ကို ခြိမ်းခြောက်လာပါက မြန်မာ၏ ရှေးဟောင်းမြို့တော် မန္တလေးပတ်လည်သည် မြောက်ဘက်နှင့် အရှေ့ဘက်တွင် လွှဲရှောင်မရဘဲ ပိုမို ကျပ်တည်းလာမည် ဖြစ်သည်။
တရုတ်သြဇာ အကန့်အသတ်များ
သေနင်္ဂဗျူဟာတကျ ထိုးနှက်ချက်နှင့်အတူ ကောင်းစွာဖွဲ့စည်းထားသည့် PDF များ၏ အခန်းကဏ္ဍကို မီးမောင်းထိုးနေပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယဆင့်သည် လာမည့် တောင်ပြိုကမ်းပြို ချေမှုန်းခြင်းကို တားဆီးရန် တရုတ်သြဇာတွင် ထူးခြားသော အကန့်အသတ်များရှိကြောင်း ပြသလိုက်သည်။
ယခုနှစ် ဇန်နဝါရီလက ကူမင်းတွင် သဘောတူထားသည့် ဟိုင်ဂင် အပစ်အခတ်ရပ်စဲရေး ပျက်စီးသွားပြီးနောက် ပြင်းထန်သော တိုက်ပွဲများ နောက်တကြိမ် ရပ်ဆိုင်းရေး အကြိမ်ကြိမ် အားထုတ်မှုများသည် ကြိုတင်ခန့်မှန်းထားသည့်အတိုင်း မအောင်မြင်ကြောင်း ပြသနေသည်။
အာရက္ခတပ်တော် (AA) အပါအဝင် ညီနောင်မဟာမိတ် သုံးဖွဲ့လုံးသည် တရုတ်နှင့် နယ်စပ်ဖြတ်ကျော် အဆက်အသွယ်မှတဆင့် အနည်းနှင့်အများဆိုသလို အကျိုးခံစားရပြီး တရုတ်၏ စီးပွားရေးနှင့် အခြေခံအဆောက်အအုံ အကျိုးစီးပွားကို ကာကွယ်မည် ဖြစ်ကြောင်း အလေးအနက် ပြောကြားကြသည်။
တချိန်တည်းတွင် သုံးဖွဲ့လုံးသည် ၎င်းတို့ဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်မှု ရရှိရေးထက် ကျော်လွန်ပြီး စစ်အာဏာရှင်စနစ် အဆောက်အအုံကို ဖြိုချမည့် ဗမာအားထုတ်မှု အဆင့်ဆင့်ကို ထောက်ခံရေးအထိ ပါဝင်သည့် စစ်ရေးရည်မှန်းချက်များကို ဦးစားပေးရန် ရည်ရွယ်ကြောင်း ထင်ရှားသည်။
တရုတ်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အလွန် စိတ်ပျက်ကြောင်း သံသယဖြစ်စရာ မလိုပေ။ သူသည် မြန်မာရှိ တရုတ်၏ ရေရှည်စီးပွားရေးနှင့် ပထဝီသေနင်္ဂဗျူဟာ ရည်မှန်းချက်များကို ထိထိရောက်ရောက် ဖျက်ဆီးသည့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ကျူးလွန်သော ဂနာမငြိမ်၊ ကျွမ်းကျင်မှုကင်းမဲ့သည့် စစ်အာဏာရှင် ဖြစ်သည်။
တရုတ်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အလွန် စိတ်ပျက်ကြောင်း သံသယဖြစ်စရာ မလိုပေ။ သူသည် မြန်မာရှိ တရုတ်၏ ရေရှည်စီးပွားရေးနှင့် ပထဝီသေနင်္ဂဗျူဟာ ရည်မှန်းချက်များကို ထိထိရောက်ရောက် ဖျက်ဆီးသည့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ကျူးလွန်သော ဂနာမငြိမ်၊ ကျွမ်းကျင်မှုကင်းမဲ့သည့် စစ်အာဏာရှင် ဖြစ်သည်။
တချိန်တည်းတွင် တရုတ်သည် စစ်ကောင်စီပြိုလဲမှုကို လွယ်ကူအောင် လုပ်ပေးရန်လည်း စိတ်ဝင်စားခြင်း မရှိပေ။ စစ်ကောင်စီ ပြိုလဲခြင်းသည် နိုင်ငံကို အစိတ်စိတ်အမွှာမွှာကွဲသွားပြီး ဖရိုဖရဲဖြစ်စေမည်၊ NUG ကို ဗဟိုပြုသည့် ကြားဖြတ်အစိုးရတခု နေပြည်တော်တွင် ပေါ်ပေါက်စေမည်ကို တရုတ်က စိုးရိမ်သည်။ NUG သည် အနောက်နိုင်ငံများက တရုတ်အိမ်နီးချင်း မြန်မာတွင် ဝင်ရောက်စွက်ဖက်ရန် အသုံးချခံရမည့် အဖွဲ့အစည်းဖြစ်သည်ဟု တရုတ်က မြင်သည်။
ထို့ကြောင့် တရုတ်သည် ညီနောင်မဟာမိတ်နှင့် ၎င်းတို့ ထိန်းချုပ်မရသည့် စိတ်ဓာတ်ပြင်းထန်သော PDF တို့က တဖက်၊ ဗိုလ်ချုပ်များ ဦးဆောင်သည့် နေပြည်တော်မှ စစ်ကောင်စီကို ထောက်ခံမှုက တဖက်တွင် ကြားညပ်နေပုံရသည်။ ဗိုလ်ချုပ်များ၏ ထိန်းချုပ်မရသည့် ရှုံးနိမ့်မှုများနှင့် ပြိုကွဲမည့်အလားအလာသည် မြန်မာမှ နှစ်ပေါင်းများစွာ စီးပွားရေးနှင့် နိုင်ငံရေး ရင်းနှီးမြှုပ်နှံမှုများကို အန္တရာယ်ကျရောက်စေမည် ဖြစ်သည်။
လားရှိုးမြို့ ကျဆုံးခြင်းကြောင့် စိတ်သက်သာရာရပြီး နောက်ဆုံးရလဒ်မှာ ၁၉၇၈ ခုနှစ်က ကမ္ဘောဒီးယားကဲ့သို့ နိုင်ငံခြားရေးမူဝါဒ ကျဆုံးမှုမျိုး မဖြစ်နိုင်ပေ။ ထိုစဉ်က တရုတ်၏ မှားယွင်းသော ခမာနီတပည့်များကို ဗီယက်နမ်စစ်တပ်က ရုတ်တရက် ဖြုတ်ချလိုက်ပြီး ထောင်နှင့်ချီသော တရုတ်အကြံပေးများသည် အသက်အန္တရာယ်မှ လွတ်မြောက်အောင် ထွက်ပြေးခဲ့ရသည်။
တရုတ်မှ မူဝါဒချမှတ်သူများ ယနေ့ နပမ်းလုံးနေရသည့် အကျပ်အတည်းသည် အနောက်တိုင်းမှ ဝေဖန်သူအများအပြား ပုံဖော်သည့် မြန်မာမှ တရုတ်၏ လှောင်ပြောင်ခံရမှုနှင့် လွန်စွာ ကွဲပြားခြားနားနေသည်။ အနာဂတ် ဆယ်စုနှစ်များစွာ ကျယ်ပြန့်သည့် ပထဝီသေနင်္ဂဗျူဟာ မဟာရည်မှန်းချက်များ အောင်မြင်ရေးအတွက် စစ်တုရင် နယ်ရုပ်များနှင့် မြင်းရုပ်များကို ကျွမ်းကျင်စွာရွှေ့နေသည့် အကွက်မြင်သော စစ်တုရင်သမားအဖြစ် အနောက်တိုင်း ဝေဖန်သူများက တရုတ်ကို ပုံဖော်ကြသည်။
ထိုသို့သော အခြေအနေများကြောင့် စစ်တုရင်ဘုတ်ပေါ်တွင် တရုတ်ရရှိထားပြီး အားကိုးရနိုင်သည့် ယုံကြည်ရသော မြင်းရုပ်တရုပ်၏ အရေးပါမှုကို မီးမောင်းထိုးပြနေသည်။ ထိုမြင်းရုပ်မှာ ကမ္ဘာ့အကြီးမားဆုံး ဘိန်းကုန်ကူး ပြည်သူ့စစ်များအနက် တခုဖြစ်သည့် ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဖြစ်သည်။
အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးတွင် ဖြစ်ပွားနေသည့် ဖရိုဖရဲ အခြေအနေများတွင် အစောပိုင်းက ဘေးမှ ရပ်ကြည့်နေသည့် တရုတ်ယိမ်းပြီး အင်အား ၃၀,၀၀၀ ရှိ UWSA က ရုတ်တရက် ကြားဝင်လာခြင်းသည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကြောင့် ဖြစ်ပေါ်လာသည့် တတိယမြောက် အဓိက အပြောင်းအလဲ ဖြစ်စေသူဖြစ်ကြောင်း သံသယ ဖြစ်စရာမလိုပေ။
အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးတွင် ဖြစ်ပွားနေသည့် ဖရိုဖရဲ အခြေအနေများတွင် အစောပိုင်းက ဘေးမှ ရပ်ကြည့်နေသည့် တရုတ်ယိမ်းပြီး အင်အား ၃၀,၀၀၀ ရှိ UWSA က ရုတ်တရက် ကြားဝင်လာခြင်းသည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကြောင့် ဖြစ်ပေါ်လာသည့် တတိယမြောက် အဓိက အပြောင်းအလဲ ဖြစ်စေသူဖြစ်ကြောင်း သံသယ ဖြစ်စရာမလိုပေ။
စစ်တပ်နှင့် ၃၅ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး အကာအကွယ်နောက်တွင် အင်အားတောင့်တင်း၊ ချမ်းသာကြွယ်ဝ၊ သြဇာကြီးမားလာပြီးနောက် တချိန်က အနှိမ်ခံ ဝ မျိုးနွယ်စုသည် ရှမ်းပြည်နယ်တောင်ပိုင်း ဗဟိုဒေသတွင် နိုင်ငံရေးနှင် စစ်ရေးချိန်ခွင်လျှာကို ပြန်လည်ပုံဖော်မည့် အင်အားစုအဖြစ် သံလွင်မြစ် အရှေ့ဘက်ခြမ်းနှင့် ထိုင်းနယ်စပ်တလျှောက်မှ ၎င်းတို့၏ တောင်တန်းဒေသ ခံကတုတ်မှ ထွက်လာခဲ့သည်။
ဇူလိုင်လ ၂၇ ရက်နေ့က လားရှိုးတွင် တိုက်ပွဲများဖြစ်ပွားနေစဉ် အင်အား ၅၀၀ ရှိသော ဝ တပ်များသည် ဆက်ဆံရေးရုံးနှင့် အရပ်ဘက် အဆောက်အအုံများကို ကာကွယ်ရန်ဟုဆိုကာ စစ်ဖြစ်နေသည့် နှစ်ဖက်လုံးနှင့် ဆက်ဆံရေးကောင်းသည့် ကြားနေတပ်ဖွဲ့အဖြစ် လားရှိုးမြို့တွင်းသို့ ဝင်ရောက်လာသည်။
သို့သော် လွတ်လပ် အမှီအခိုကင်းသည့် လေ့လာသူများ မျက်ခြေမပြတ်သည့် အချက်မှာ UWSA က ၎င်းတို့၏ အစဉ်အလာ နယ်ပယ်ထက် များစွာကျော်လွန်သည့် ရှမ်းပြည်မြောက်ပိုင်း မြို့တော်လားရှိုးတွင် အရေးပါပြီး အလွယ်တကူ အင်အားဖြည့်တင်းနိုင်သည့် စစ်ရေးတည်ရှိမှု ထူထောင်ရန် ပဋိပက္ခကို ထိထိရောက်ရောက် အမြတ်ထုတ်သည်ဆိုသည့် အချက်ဖြစ်သည်။
အာရုံစိုက်လေ့လာသူများအတွက် ဝ ၏ ပိုမိုကျယ်ပြန့်သော ရည်မှန်းချက်နယ်ပယ်ကို ညွှန်ပြသည့် လက္ခဏာများအဖြစ် ထိုမတိုင်မီ ၁၆ ရက်အလို ဇူလိုင်လ ၁၁ ရက်နေ့တွင် UWSA တပ်များ သံလွင်မြစ်ကို ရုတ်တရက်ဖြတ်ကာ အနောက်ဘက်ကမ်း ရှမ်းပြည်အလယ်ပိုင်းရှိ စစ်တပ်မြို့ တန့်ယန်းအား သေနတ်တချက်မှ မဖောက်ဘဲ သိမ်းပိုက်လိုက်သောအခါ တွေ့မြင်ရမည်ဖြစ်သည်။
စစ်ကောင်စီ ဒုချုပ် စိုးဝင်း တရုတ်နိုင်ငံ၊ ကျင်းတောင်မြို့တွင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစည်းအဝေး မတက်ရောက်မီ နှစ်ရက်အလိုက ထိုလှုပ်ရှားမှုအတွက် တရုတ်က ကြားဝင်ဆောင်ရွက်ပေးခြင်း ရှိ၊ မရှိ ရှင်းလင်းစွာ မသိရပေ။ ဒုချုပ် စိုးဝင်းသည် ညီနောင်မဟာမိတ်များကို ထိန်းချုပ်ရန်နှင့် လက်နက်ခဲယမ်း ပိုမိုပေးရန်အတွက် တရုတ်ဘက်ကိုလည်း တောင်းဆိုဖွယ် ရှိသည်။
သို့သော် တန့်ယန်းကို သိမ်းပိုက်ခြင်းမှာ ထိုစစ်တပ်မြို့နှင့် ကြိုတင်သဘောတူထားပြီး ချီတက်လာနေသည့် MNDAA နှင့် TNLA တို့ထံ ဆုံးရှုံးခြင်းမှ စစ်တပ်ကို ထိရောက်စွာ ကာကွယ်ပေးခဲ့သည်။
ထိုသို့ လုပ်ဆောင်ခြင်းကို ဝ နှင့် ရင်းနှီးသော ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ညှိနှိုင်းလုပ်ဆောင်ခြင်း ဖြစ်သည်။ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်းတွင် SSPP သည် သံလွင်မြစ် အနောက်ဘက်ခြမ်းတွင် စစ်အင်အားချဲ့ထွင်ရန် ဝ က ထောက်ပံ့သည့် လက်နက်များ၊ မော်တော်ယာဉ်များနှင့် ဒရုန်းများ ထပ်မံရရှိပြီး အကျိုးခံစားနေရသည့် အဖွဲ့ဖြစ်သည်။ ဝ တို့ တန့်ယန်းသို့ ဝင်ရောက်ပြီးနောက် SSPP တပ်များသည် လားရှိုးလမ်းကို ထိန်းချုပ်ထားသည့် အနောက်ဘက် ၆၅ ကီလိုမီတာအကွာရှိ မိုင်းရယ်သို့ ဝင်ရောက်ကြသည်။
ဝ ၏ အာဏာပြမှုတွင် အဓိကကျသည့် ပထဝီနိုင်ငံရေး သက်ရောက်မှုရှိသော ပကတိအခြေအနေသစ် နှစ်ခုကို အထင်အရှား ဖြစ်လာစေသည်။ ပထမ တခုမှာ UWSA-SSPP မဟာမိတ်သည် ရှမ်းပြည်ဗဟိုတောင်ပိုင်းကို လွှမ်းမိုးရန် အနေအထားကောင်း ရသွားသည်။
ဝ ၏ အာဏာပြမှုတွင် အဓိကကျသည့် ပထဝီနိုင်ငံရေး သက်ရောက်မှုရှိသော ပကတိအခြေအနေသစ် နှစ်ခုကို အထင်အရှား ဖြစ်လာစေသည်။ ပထမ တခုမှာ UWSA-SSPP မဟာမိတ်သည် ရှမ်းပြည်ဗဟိုတောင်ပိုင်းကို လွှမ်းမိုးရန် အနေအထားကောင်း ရသွားသည်။
ထိုသို့ နယ်မြေတိုးချဲ့ခြင်းသည် ဒေသတွင်းမှ အခြားအရေးပါသည့် တခုတည်းသော တိုင်းရင်းသားအုပ်စုကို နစ်နာစေသည်။ ထိုအုပ်စုမှာ SSPP ၏ ကာလရှည်ကြာပြီဖြစ်သော ပြည်နယ်၏ ရှမ်းလူများစုအကြား ခေါင်းဆောင်မှု ပြိုင်ဘက် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဖြစ်သည်။
အသက်အရွယ်ကြီးရင့်သည့် စီးပွားရေးသမား စစ်ဘုရင် ယွက်ဆစ်က ဦးဆောင်ပြီး စစ်ရေးရှုံးနိမ့်မှုများကြောင့် အင်အားချိနဲ့နေပြီးဖြစ်သော RCSS သည် ထိုင်းနယ်စပ်ရှိ ၎င်းတို့၏စခန်းများဆီသို့ ပြန်လည် တွန်းပို့ခံရမည့် အလားအလာ နီးကပ်လာနေသည်။
ထိုအဖွဲ့ ဆုတ်ခွာရပါက ရှမ်းပြည် ဗဟိုနှင့် တောင်ပိုင်းတခုလုံးတွင် ဝ-SSPP ပူးပေါင်းလွှမ်းမိုးမှု ဖြစ်စေမည်ဖြစ်ပြီး မြောက်ပိုင်း ညီနောင်မဟာမိတ်တပ်များဖြစ်သည့် MNDAA, TNLA တို့နှင့် လျော့ရဲသော နယ်နိမိတ် ထိစပ်သွားမည် ဖြစ်သည်။
ဒုတိယ ထွက်ပေါ်လာသည့် ပကတိအခြေအနေသည် ပထမ ပကတိအခြေအနေနှင့် ဆက်စပ်နေသည်။ တန့်ယန်းကို သိမ်းယူခြင်းသည် စစ်တပ်၏ အလွန် အင်အားချိနဲ့နေခြင်းကို ပြသလိုက်ပြီး ပြင်းထန်သော သက်ရောက်မှုများ ဖြစ်စေနိုင်သည့် စွမ်းဆောင်ရည် ကင်းမဲ့မှုကို ဖော်ပြသည်။
လာမည့်လများတွင် နိုင်ငံအလယ်ပိုင်း၌ မြင့်မားသည့် ဖိအားကို စစ်တပ်က ရင်ဆိုင်နေရသောကြောင့် တန့်ယန်း ဖြစ်ရပ်သည် ထိုင်းနယ်စပ်တောင်ဘက်မှ ကားဖြင့် အချိန်အနည်းငယ်မျှသာ မောင်းရသည့် ကျိုင်းတုံနှင့် တာချီလိတ်မှ တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ) အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ပိုမိုကြီးမားသည့် စစ်တပ်စခန်းများကို ဝ က ထပ်မံသိမ်းယူမှုများကို ထောက်ကူဖွယ် ရှိနေသည်။
ထိုသို့သော အခြေအနေသည် ဝ တို့ ကာလကြာမြင့်စွာ အမြတ်တနိုးထားသည့် အိပ်မက် အကောင်အထည် ပေါ်လာခြင်း ဖြစ်ကြောင်း အဓိပ္ပာယ်သက်ရောက်နေသည်။ ဝ တို့၏ အိပ်မက်မှာ တရုတ်နယ်စပ်မှ ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဇုန်နှင့် ထိုင်းနယ်စပ်မှ ၎င်းတို့၏ ၁၇၁ စစ်ဒေသကို ပေါင်းစပ်ရေးဖြစ်သည်။
ထိုသို့ နယ်မြေပေါင်းစပ်လိုက်ပါက တရုတ်နှင့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး နီးကပ်သော ဆက်စပ်မှုရှိသည့် ညီညွတ်သော၊ ရှမ်းပြည်နယ်နှင့် အခြားနေရာများမှ တရုတ်၏ အခြေခံအဆောက်အအုံ ရည်မှန်းချက်များကို လိုလားသော ဝ ပြည်နယ်သစ်တခု ပေါ်ပေါက်လာသည့် အဓိပ္ပာယ်ဖြစ်သည်။
ထိုသို့ နယ်မြေပေါင်းစပ်လိုက်ပါက တရုတ်နှင့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး နီးကပ်သော ဆက်စပ်မှုရှိသည့် ညီညွတ်သော၊ ရှမ်းပြည်နယ်နှင့် အခြားနေရာများမှ တရုတ်၏ အခြေခံအဆောက်အအုံ ရည်မှန်းချက်များကို လိုလားသော ဝ ပြည်နယ်သစ်တခု ပေါ်ပေါက်လာသည့် အဓိပ္ပာယ်ဖြစ်သည်။
သို့သော် ဝ ခေါင်းဆောင်ပိုင်းအတွက် ပကတိအခြေအနေ ဖြစ်လုနီးပါး အိပ်မက်သည် ဝ အုပ်ချုပ်သည့် ပိုင်နက်မှ ထုတ်လုပ်ရေး စက်ရုံများမှ တရားမဝင် မူးယစ်ဆေး ဆူနာမီလှိုင်းများ တောင်ပိုင်းရှိ မလုံခြုံသော ထိုင်းနယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်ခြင်းအား တားဆီးရန် ရုန်းကန်နေရသည့် ထိုင်းစစ်ဘက်ခေါင်းဆောင်များအတွက်မူ အိပ်မက်ဆိုးဖြစ်ပင် ဖြစ်ပေတော့သည်။
(Asia Times ပါ Anthony Davis ၏ Surging rebel advances press for Myanmar regime collapse ကို ဘာသာပြန်သည်။ Anthony Davis သည် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ လေ့လာသုံးသပ်သူတဦးဖြစ်သည်။)
You may also like these stories:
၁၀၂၇ စစ်ဆင်ရေးကို အရှိအတိုင်း ရှုမြင်သုံးသပ်ခြင်း
ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ နောက်ဆက်တွဲ စစ်ဆင်ရေး (ရုပ်/သံ)
စစ်ကောင်စီ ထပ်မံအထိနာနေတဲ့ ၁၀၂၇ ဒုတိယလှိုင်း (ရုပ်/သံ)
ပြည်တွင်းငြိမ်းချမ်းရေး စစ်ခေါင်းဆောင်နှင့် တရုတ်အထူးကိုယ်စားလှယ် ဆွေးနွေး
စစ်ကောင်စီ ရွေးကောက်ပွဲ တရုတ် ပြန်သုံးသပ်နိုင်သလား
စစ်ကောင်စီ ရွေးကောက်ပွဲက တရုတ် အကျိုးစီးပွား ရှေးရှုနေ
UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း