• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

စစ်ခေါင်းဆောင် သားနှင့်သမီးတို့ အုပ်စီးထားသည့် လျှပ်စစ်ကား လုပ်ငန်း

by ဧရာဝတီ
14 August 2024
in စီးပွားရေး, ဆောင်းပါး
A A
စစ်ခေါင်းဆောင် သားနှင့်သမီးတို့ အုပ်စီးထားသည့် လျှပ်စစ်ကား လုပ်ငန်း

မြန်မာနိုင်ငံသို့ တင်သွင်းလာသည့် လျှပ်စစ်သုံးယာဉ်များကို စစ်ကောင်စီအဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးနေစဉ်

5.4k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီလက်ထက် ပြည်ပမှ တင်သွင်းသော ကုန်စည်များထဲတွင် အထူးအခွင့်အရေး ရနေသည့် ကုန်စည်မှာ လျှပ်စစ်ကား (EV) ဖြစ်သည်။ ပို့ကုန်ရငွေရှိပါက နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ (FESC) ၏ ခွင့်ပြုချက် စောင့်စရာမလိုဘဲ တင်သွင်းခွင့် အထူးအခွင့်အရေး ဖြစ်သည်။ တခြားသော အခွင့်အရေး ပေးထားသည်များလည်း ရှိသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စက်သုံးဆီ၊ စားအုန်းဆီနှင့် ဆေးဝါးကဲ့သို့သော တိုင်းပြည်အတွက် အလွန် အရေးပါသည့် ကုန်ပစ္စည်းများ တင်သွင်းလိုပါက နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ရရှိမှ တင်သွင်းရသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပေးသော သွင်းကုန်ပါမစ် တခုတည်းဖြင့် သွင်းမရပေ။

RelatedPosts

ဖားကန့်မြို့

ဖားကန့်မြို့

20 July 2025
44
ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

19 July 2025
539
နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

19 July 2025
3.2k

ယခုကဲ့သို့ လျှပ်စစ်ကား ကားတင်သွင်းခွင့်လုပ်ငန်းကို အထူးအခွင့်အရေးပေးရခြင်းသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သားနှင့်သမီး လုပ်ကိုင်သောလုပ်ငန်း ဖြစ်ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်ကား တင်သွင်းခြင်းလုပ်ငန်းကို စစ်ကောင်စီလက်အောက်ရှိ မီဒီယာများက အကျယ်တဝင့် ရေးသားဖော်ပြခဲ့ကြသည်။

လျှပ်စစ်ကား တင်သွင်းသည့် ကုမ္ပဏီများထဲတွင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ မခင်သိရီသက်မွန်နှင့် မိတ်ဆွေများ လုပ်ကိုင်သော လုပ်ငန်းတခုရှိပြီး သားဖြစ်သူ ကိုအောင်ပြည့်စုံနှင့် အပေါင်းအသင်းများ လုပ်ကိုင်သော လုပ်ငန်းတခုလည်း ရှိသည်။

လျှပ်စစ်ကား တင်သွင်းသည့် ကုမ္ပဏီများထဲတွင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ မခင်သိရီသက်မွန်နှင့် မိတ်ဆွေများ လုပ်ကိုင်သော လုပ်ငန်းတခုရှိပြီး သားဖြစ်သူ ကိုအောင်ပြည့်စုံနှင့် အပေါင်းအသင်းများ လုပ်ကိုင်သော လုပ်ငန်းတခုလည်း ရှိသည်။

စစ်ခေါင်းဆောင်သား အောင်ပြည့်စုံနှင့် သမီး ခင်သီရိသက်မွန်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ ကိုအောင်ပြည့်စုံ၏ လျှပ်စစ်ကား တင်သွင်းသည့်လုပ်ငန်းတွင် အဓိက ပါဝင်သူများမှာ လက်ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ချုပ် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏သား၊ ဦးဥက္ကာအေး၊ ဦးရဲကံဇော်၊ ကိုကြည်သာဟန်နှင့် အဆိုတော် အာဘွိုင်းတို့ ဖြစ်သည်။

ဦးဥက္ကာအေးသည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ခေတ်က စစ်ထောက်ချုပ်လုပ်ခဲ့သော ဒုဗိုလ်ချုပ်ကြီး တင်အေး၏ သားအငယ်ဖြစ်ပြီး ဦးရဲကံဇော်သည် စစ်ကောင်စီခန့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၏ သားဖြစ်သည်။ ဦးကြည်သာဟန်သည် စစ်တပ်တွင် ဗိုလ်မှူးကြီးရာထူးဖြင့် အငြိမ်းစားယူထားသော ချစ်ဟန်၏ သားဖြစ်သည်။ အဆိုတော် အာဘွိုင်း (အမည်ရင်း ကျော်ဖြိုးထွန်း) သည် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီးတဦးဖြစ်သော ဦးစိန်ဝမ်၏ သားဖြစ်သည်။

စစ်ခေါင်းဆောင်သားနှင့် အပေါင်းအပါများ လုပ်ကိုင်သော လျှပ်စစ်ကား တင်သွင်းခြင်းလုပ်ငန်းအတွက် ရှေ့ထွက် လုပ်ဆောင်ပေးနေသူမှာ ကိုကြည်သာဟန် ဖြစ်သည်ဟုလည်း ကားလောက အသိုင်းအဝိုင်းက ဆိုသည်။

ကိုကြည်သာဟန်သည် လျှပ်စစ်ကားများ တင်သွင်းသည့် Amazing Auto ကုမ္ပဏီတွင် အုပ်ချုပ်မှုဒါရိုက်တာအဖြစ် တာဝန်ယူထားကြောင်း သူ၏ Facebook ကိုယ်ရေးအကျဉ်းတွင် ရေးသားထားသည်။ ထို့ပြင် Amazing Auto နှင့် AYA Bank တို့၏ Partnership Agreement စာချုပ် ချုပ်ဆိုပွဲတွင် အဆိုတော် အာဘွိုင်းသည် Amazing Auto ကုမ္ပဏီ၏ တာဝန်ရှိသူတဦးအနေဖြင့် လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံတွင် ဒုတိယ အများဆုံး တင်သွင်းထားသည့် လျှပ်စစ်ကားအမျိုးအစားမှာ BYD ဖြစ်သည်။ စတင်ခွင့်ပြုသည့်အချိန်မှ ၂၀၂၄ ခုနှစ်၊ မေလကုန်အထိ အစီးရေ ၆၇၁ စီး တင်သွင်းထားသည်။ အဆိုပါ BYD အမှတ်တံဆိပ်ကားများအား စစ်ခေါင်းဆောင်၏ သားဖြစ်သူ ကိုအောင်ပြည့်စုံမှ တင်သွင်းနေခြင်း ဖြစ်သည်။

BYD အမှတ်တံဆိပ်ကား၏ မြန်မာနိုင်ငံ တဦးတည်းကိုယ်စားလှယ်အဖြစ် ကိုအောင်ပြည့်စုံက ရရှိထားပြီး သူနှင့် အပေါင်းအပါများက တင်သွင်းခြင်းဖြစ်သည်။ ထို့အပြင် ကိုအောင်ပြည့်စုံသည် MG အမှတ်တံဆိပ် EV လျှပ်စစ်ကားများပါ တင်သွင်းနေပြီး MG Myanmar သည်လည်း ကိုအောင်ပြည့်စုံ ရှယ်ယာ ဝင်ထားသည့် လုပ်ငန်းတခုဖြစ်သည်။

သမီးဖြစ်သူ မခင်သီရိသက်မွန်နှင့် အပေါင်းအပါများ တင်သွင်းသော EV လျှပ်စစ်ကားကုမ္ပဏီမှာ N.P.K Motors ကုမ္ပဏီလီမိတက် ဖြစ်သည်။ N.P.K Motors ကုမ္ပဏီကို မခင်သီရိသက်မွန်နှင့်အတူ ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုန်ရွှေရည်၏ ခင်ပွန်းဖြစ်သူ ကိုနိုင်ဖြိုးကျော်တို့မှ အဓိက ဦးစီးလုပ်ကိုင်ကြသည်။

သမီးဖြစ်သူ မခင်သီရိသက်မွန်နှင့် အပေါင်းအပါများ တင်သွင်းသော EV လျှပ်စစ်ကားကုမ္ပဏီမှာ N.P.K Motors ကုမ္ပဏီလီမိတက် ဖြစ်သည်။ N.P.K Motors ကုမ္ပဏီကို မခင်သီရိသက်မွန်နှင့်အတူ ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုန်ရွှေရည်၏ ခင်ပွန်းဖြစ်သူ ကိုနိုင်ဖြိုးကျော်တို့မှ အဓိက ဦးစီးလုပ်ကိုင်ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် တည်ထောင်ခဲ့သော 7Sense ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီတွင် စစ်ခေါင်း‌ဆောင် သမီး မခင်သီရိသက်မွန်၊ ကိုနိုင်ဖြိုးကျော်နှင့် ဦးတင့်ဆန်း (ACE) ၏ သားဖြစ်သူ ကိုဖြိုးကိုကိုတင့်ဆန်းတို့အတူ လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကိုနိုင်ဖြိုးကျော်သည် စစ်ခေါင်းဆောင် သားသမီးတို့နှင့်အတူ စီးပွားရေး လုပ်ငန်းများ စတင်လုပ်ကိုင်လာခဲ့ပြီး လျှပ်စစ်ကား တင်သွင်းသည့် လုပ်ငန်းတွင်လည်း အကျိုးတူလုပ်ကိုင်လာခြင်း ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမီး၏ လုပ်ငန်းဖြစ်သည့် N.P.K Motors ကုမ္ပဏီသည် ၂၀၂၃ ခုနှစ်တွင် ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ လျှပ်စစ်ကား တင်သွင်းခွင့်ရသည့် ကုမ္ပဏီလည်း ဖြစ်သည်။

နေပြည်တော် သပြေကုန်းဈေးရှေ့က လျှပ်စစ်ကားအားသွင်းစခန်း တည်ဆောက်ရေး လုပ်ငန်းခွင်

N.P.K Motors ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ MG အမှတ်တံဆိပ် EV လျှပ်စစ်ကားများ တင်သွင်းနေပြီး နေပြည်တော် အပါအဝင် အရေးပါသည့် မြို့ကြီးများတွင်လည်း EV လျှပ်စစ်ကားများ အားသွင်းမည့်နေရာများ ရရှိထားသည်။ စစ်တပ်က အာဏာသိမ်းပြီးသည့်အချိန်မှ ၂၀၂၄ ခုနှစ်၊ မေလကုန်အထိ MG အမှတ်တံဆိပ် EV လျှပ်စစ်ကား အစီးရေ ၅၄၂ စီးဖြင့် တတိယ အများဆုံး တင်သွင်းထားသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ပုံမှန်မပေးနိုင်သည့် အခြေအနေတွင် လျှပ်စစ်ကား တင်သွင်းသည့် လုပ်ငန်းအား နိုင်ငံတော်မှာ အဓိက အားပေးနေသည်မှာ စစ်ခေါင်းဆောင် သားသမီးများ၏ လုပ်ငန်းကြောင့်လည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ပုံမှန်မပေးနိုင်သည့် အခြေအနေတွင် လျှပ်စစ်ကား တင်သွင်းသည့် လုပ်ငန်းအား နိုင်ငံတော်မှာ အဓိက အားပေးနေသည်မှာ စစ်ခေါင်းဆောင် သားသမီးများ၏ လုပ်ငန်းကြောင့်လည်း ဖြစ်သည်။

ကားတင်သွင်းခွင့်လုပ်ငန်းသည် မြန်မာနိုင်ငံတွင် အကျိုးအမြတ်များသော လုပ်ငန်းတခုဖြစ်သည်။ ထို့ပြင် EV လျှပ်စစ်ကားလုပ်ငန်းကို အကြောင်းပြုကာ အားသွင်းမည့်နေရာများကို သိမ်းယူနိုင်သည်။ နိုင်ငံတော်ပိုင် မြေကွက်များကို အားသွင်းစင်တာများ အကြောင်းပြုကာ စစ်ခေါင်းဆောင် သားသမီးများသည် ဈေးနှုန်း သက်သာစွာဖြင့် ငှားရမ်းခွင့်ရမည် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်ချုပ်ဖြစ်လာပြီးနောက်ပိုင်း သူသားနှင့်သမီးဖြစ်သူမှာလည်း စစ်တပ်နှင့် ပတ်သက်သော ဆောက်လုပ်ရေးလုပ်ငန်းများ၊ ဆေးဝါးတင်သွင်းခွင့်၊ အာမခံလုပ်ငန်းများ လုပ်ကိုင်လာခဲ့ပြီး တနေ့တခြား ကြီးပွားလာခဲ့သည်။ စစ်တပ်နှင့် ပတ်သက်သောလုပ်ငန်းများ လုပ်ကိုင်ရင်း ကြီးပွားချမ်းသာလာခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နှင့်ပတ်သက်သည့် လုပ်ငန်များအပြင် အရပ်ဘက်မှ အကျိုးအမြတ် များစွာရသော ဆက်သွယ်ရေးလုပ်ငန်း၊ စွမ်းအင်လုပ်ငန်းများနှင့် မြိုးမြိုးမြက်မြက်ရသည့် လုပ်ငန်းတိုင်းကို လုပ်ကိုင်လာခဲ့ကြပြီး မြန်မာနိုင်ငံ၏ အသက်အငယ်ဆုံး ထိပ်တန်း ခရိုနီများဖြစ်လာနေပြီ ဖြစ်သည်။

You may also like these stories:

မင်းအောင်လှိုင်၏ လျှပ်စစ်ကား အိပ်မက်

မြန်မာပြည်က EV မင်းသမီး သို့မဟုတ် ဒေါ်ခိုင်ဇော်

စိတ်မမှန်သူတိုင်း အခွန်လွတ် လျှပ်စစ်ကားကြီး စီးပြီ

လျှပ်စစ်ကား အားသွင်း လုပ်ငန်းများ ပုဂ္ဂလိက လုပ်ကိုင်ခွင့် ပေးမည်

ထိုင်း ပရီမီယံ EV ကားရောင်းချရမှု ပထမ နှစ်ဝက် အတွင်း ၃၅ ရာခိုင်နှုန်း ထိုးကျ

စစ်ကောင်စီ EV ကား အစီအစဉ် တာထွက်မလှ

Your Thoughts …
Tags: EVFESCNLDခင်သိရီသက်မွန်စစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးနိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီလျှပ်စစ်ကားအောင်ပြည့်စုံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.5k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.3k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.2k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
နှလုံးရည်တော်လှန်ရေး အဆုံးသတ်ပြီလား  အပိုင်း ၁

နှလုံးရည်တော်လှန်ရေး အဆုံးသတ်ပြီလား အပိုင်း ၁

မြို့ပေါင်း ၃၅၀ အနက် စစ်ကောင်စီ တရာအောက်သာ ထိန်းချုပ်နိုင်တော့ဟု NUG ဆို

မြို့ပေါင်း ၃၅၀ အနက် စစ်ကောင်စီ တရာအောက်သာ ထိန်းချုပ်နိုင်တော့ဟု NUG ဆို

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
3.8k
အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

1 day ago
3.7k

Most Read

  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • ထိုင်းက အမေရိကန် ကုန်စည် ၉၀ ရာခိုင်နှုန်း အခွန် ကင်းလွတ်ခွင့် ပေးမယ်တဲ့

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate