စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီတပ်က သူတို့လောက် ဖွဲ့စည်းမှု မကောင်းတဲ့ ခုခံတော်လှန်ရေးတပ်တွေကို ယခင်မကြုံဖူးတဲ့ အရှက်တကွဲ အကျိုးနည်း သမိုင်းဝင် ရှုံးနိမ့်မှုတွေ ထပ်မံရင်ဆိုင်ရပြီးနောက် ဝေဖန်ရှုတ်ချမှုတွေ ထပ်မံရင်ဆိုင်နေရပါတယ်။
စစ်တပ်ထောက်ခံသူတွေနဲ့ အမျိုးသားရေး အစွန်းရောက်တွေဟာ သူ့ရဲ့ မအောင်မြင်တဲ့ ခေါင်းဆောင်မှုကို တိုက်ရိုက်တမျိုး သွယ်ဝိုက်တဖုံ ညည်းတွားနေကြတယ်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က စစ်တပ်ရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်လိုက်ပြီးနောက် ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။
အဲဒီစစ်တိုင်းဟာ ပြည်ပကျူးကျော်မှုကို မောင်းထုတ်တာ အပါအဝင် တိုက်ပွဲအတွေ့အကြုံနဲ့ အောင်ပွဲတွေကြောင့် ဆယ်စုနှစ်များစွာ ကျော်ကြားတဲ့ ဂုဏ်သတင်းရှိ စစ်တိုင်းဖြစ်ပါတယ်။ MNDAA ဟာ ရှမ်းပြည်မြောက်ပိုင်း လားရှိုးက အဲဒီစစ်တိုင်းဌာနချုပ်ကို တလကြာ စစ်ဆင်ပြီးနောက် သြဂုတ်လ ၄ ရက်နေ့မှာ သိမ်းပိုက်လိုက်ပါတယ်။
ဒါဟာ မင်းအောင်လှိုင်ရဲ့ စစ်ရေး ထိုးထွင်းသိမြင်မှုကို ဒုတိယအကြိမ် မေးခွန်းထုတ်ခံရတာ ဖြစ်ပါတယ်။ ဇန်နဝါရီလတုန်းကလည်း ရှမ်းပြည်မြောက်ပိုင်းက အရှက်တကွဲ အကျိုးနည်း ရှုံးနိမ့်မှုတွေကြောင့် သူ့ကို အခိုင်မာဆုံး ထောက်ခံသူတွေက နုတ်ထွက်ဖို့ တောင်းဆိုကြပါတယ်။
ဒါဟာ မင်းအောင်လှိုင်ရဲ့ စစ်ရေး ထိုးထွင်းသိမြင်မှုကို ဒုတိယအကြိမ် မေးခွန်းထုတ်ခံရတာ ဖြစ်ပါတယ်။ ဇန်နဝါရီလတုန်းကလည်း ရှမ်းပြည်မြောက်ပိုင်းက အရှက်တကွဲ အကျိုးနည်း ရှုံးနိမ့်မှုတွေကြောင့် သူ့ကို အခိုင်မာဆုံး ထောက်ခံသူတွေက နုတ်ထွက်ဖို့ တောင်းဆိုကြပါတယ်။
စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ (USDP) ရဲ့ နေပြည်တော် ဥက္ကဋ္ဌအဖြစ် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမှာ ဖြစ်လာတဲ့ ဒုဗိုလ်မှူးကြီးဟောင်း ဘူးလက်လှဆွေက သူစီမံတဲ့ စစ်တပ်ကျောထောက် နောက်ခံပြု ဘူးလက်ဂျာနယ် သြဂုတ်လ ၁၅ ရက်နေ့ထုတ် စာစောင်မှာ ဆောင်းပါးတပုဒ်နဲ့ မင်းအောင်လှိုင်ကို သွယ်ဝိုက် တိုက်ခိုက်ပြီး အဲဒီဝေဖန်မှုတွေမှာ ပါဝင်လာပါတယ်။

အဲဒီဆောင်းပါးမှာ အရင်စစ်ခေါင်းဆောင်တွေ အရေးကြီးတဲ့ စစ်ပွဲတွေမှာ အောင်နိုင်ဖို့ ဘယ်လို မနားမနေ လုပ်တယ်ဆိုတာကို ဖော်ပြထားပါတယ်။
အရင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမောင်ဟာ ၁၉၈၆ ခုနှစ်က စီစီဝမ် တာပန် တိုက်ပွဲအတွင်း ကြူကုတ်က ရှေ့တန်းကို ကိုယ်တိုင်သွားတယ်လို့ ဘူးလက်လှဆွေက ထောက်ပြပါတယ်။
ကြူကုတ်ဆိုတာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်က မြို့တမြို့ဖြစ်ပါတယ်။ အခုတော့ အဲဒီမြို့ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမဆင့်အတွင်း လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလလယ်က ညီနောင်မဟာမိတ်အဖွဲ့ထံ ကျဆုံးသွားခဲ့ပါပြီ။
ရှမ်းပြည်မြောက်ပိုင်းရဲ့ မြို့တော်နဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လားရှိုးကနေ စောမောင်ရဲ့ လက်ထောက် သန်းရွှေက စီစီဝမ်တာပန် တိုက်ပွဲကို ဘယ်လို အနီးကပ် ကွပ်ကဲတယ်ဆိုတာကိုလည်း ဘူးလက်ဂျာနယ်က အဲဒီ ဆောင်းပါးမှာ ဆက်လက်ဖော်ပြခဲ့တယ်။
အခြားစစ်တပ် ထိပ်တန်းခေါင်းဆောင်တွေဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ တိုက်ပွဲတွေမှာ တပ်တွေကို ကွပ်ကဲရေး ရှေ့တန်းကိုသွားဖို့ လက်မရှောင်ကြဘူးလို့ ဘူးလက်လှဆွေက ဆက်လက်ရေးသားပါတယ်။
အခြားစစ်တပ် ထိပ်တန်းခေါင်းဆောင်တွေဟာ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ တိုက်ပွဲတွေမှာ တပ်တွေကို ကွပ်ကဲရေး ရှေ့တန်းကိုသွားဖို့ လက်မရှောင်ကြဘူးလို့ ဘူးလက်လှဆွေက ဆက်လက်ရေးသားပါတယ်။
“ကျနော်ငယ်ငယ်က အဲဒီလို ခေါင်းဆောင်ကောင်းတွေနဲ့ တွေ့ခဲ့ရတာ ကံကောင်းတယ်” လို့လည်း သူက ရေးသားပါတယ်။
စစ်တပ်ကို အမာခံထောက်ခံတဲ့ ဘုန်းကြီး ပေါက်ကိုယ်တော်ကလည်း လူမှုကွန်ရက်မှာ စစ်ကောင်စီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ယာယီသမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်ကြီး၊ စစ်တပ်ကို ထောက်ခံပြီးချစ်တဲ့ ကျုပ်တို့က ခင်ဗျားကို စိတ်ပျက်နေပြီလို့ ရေးပါတယ်။
အမျိုးသားရေး အစွန်းရောက် ဘုန်းကြီး ဦးဝီရသူကလည်း မင်းအောင်လှိုင်ကို လူမှုကွန်ရက်မှာ လှောင်ပြောင်ပြီး သူဟာ ရှမ်းပြည်မြောက်ပိုင်းကို တော်လှန်ရေးတပ်တွေဆီ လှူလိုက်တယ်လို့ စွပ်စွဲပါတယ်။
ရှမ်းပြည်မြောက်ပိုင်းကို လှူဒါန်းတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့ ရောက်ပါစေလို့ သူက ရေးပါတယ်။ ဘုရားဒကာရဲ့ မြို့တွေကို လှူဒါန်းမှုတွေ အနှောင့်အယှက် မဖြစ်အောင် မြို့တွေကို မကာကွယ်ဖို့လည်း စစ်သားတွေကို သူကပြောပါတယ်။
ဘုရားဒကာဆိုတာ ဘုရားတည်တဲ့လူဖြစ်ပြီး မင်းအောင်လှိုင်ဟာ နေပြည်တော်မှာ အင်မတန်ကြီးမားတဲ့ မာရဝိဇယ ဗုဒ္ဓဆင်းတုကို တည်ဆောက်ပြီးနောက် ဘုရားဒကာဆိုတာက မင်းအောင်လှိုင်ရဲ့ ဘွဲ့ထူးတွေထဲက တခုဖြစ်လာပါတယ်။
အနာကို ဆားနဲ့အပက်ခံရတာကတော့ အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သြဂုတ်လ ၁၀ ရက်နေ့မှာ အချက်အလက်တွေ ထုတ်ပြန်ပြီး စစ်ကောင်စီဟာ နိုင်ငံတဝန်း မြို့ပေါင်း ၃၅၀ အနက် ၁၀၀ လောက်ပဲ ထိန်းချုပ်နိုင်တော့တယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။
မန္တလေးတိုင်းက ရှုံးနိမ့်မှုတွေဟာ တခါက ချေမှုန်းမရဘူးလို့ ယူဆတဲ့ စစ်တပ်ကို အမာခံ ထောက်ခံသူတွေအကြား ဒေါသ ပိုမိုထွက်စေပါတယ်။
မန္တလေးတိုင်းက ရှုံးနိမ့်မှုတွေဟာ တခါက ချေမှုန်းမရဘူးလို့ ယူဆတဲ့ စစ်တပ်ကို အမာခံ ထောက်ခံသူတွေအကြား ဒေါသ ပိုမိုထွက်စေပါတယ်။
စစ်တပ်ထောက်ခံသူ ငါးမင်းဆွေကလည်း လူမှုကွန်ရက်မှာ မြန်မာနိုင်ငံအလယ်ပိုင်းက နွားထိုးကြီးလိုနေရာမျိုး ကျဆုံးရင် စစ်တပ်ခေါင်းဆောင်နဲ့ ဒုခေါင်းဆောင် ဘာလုပ်မလဲ၊ လားရှိုးကျဆုံးတာတောင် မခံစားနိုင်ဘူး။ နွားထိုးကြီးနဲ့ မန္တလေးကျတာကို လက်မခံနိုင်ဘူးလို့ ရေးပါတယ်။
သူက ရွေးချယ်စရာတခုပေးပြီး ဆက်လက်ရေးသားရာမှာ ခင်ဗျားတို့ အားလုံး ကိုယ့်ကိုယ်ကို သတ်သေကြ၊ စစ်ခေါင်းဆောင်တွေကို ပြောတာလို့ ဆက်ရေးပါတယ်။
သူ့ကို ဒေါသတွေ ထွက်နေပေမယ့် မင်းအောင်လှိုင်ကတော့ စစ်ကောင်စီဌာနချုပ် နေပြည်တော်မှာ အေးအေးဆေးဆေး လုံလုံခြုံခြုံပါပဲ။
အရင်က စစ်တပ်ထိန်းချုပ်တဲ့မြို့တွေ တမြို့ပြီးတမြို့ တော်လှန်ရေးအင်အားစုတွေလက်ကို ကျနေချိန်မှာ မြန်မာ့ရိုးရာ ဆိုကရေးတီးပြိုင်ပွဲနဲ့ အားကစားပွဲလုပ်ဖို့ ဝန်ကြီးတွေနဲ့ စည်းဝေးနေတယ်။ အခုတော့ ကျောက်မျက်ရတနာ ပြပွဲနဲ့ အားကစားပွဲတွေကို စစ်ခေါင်းဆောင်\ မင်းအောင်လှိုင် တက်နေပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ As The Failures of Myanmar’s Dictator Pile up, His Supporters Are Lashing Out ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ခေါင်းဆောင်ကို ထောက်ခံသူတွေပါ စိတ်ပျက်နေ (ရုပ်/သံ)
ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ
စစ်ခေါင်းဆောင်နေရာ တည်မြဲရေး လူယုံများကို ရာထူးတိုးပေး
ရှမ်းမြောက်၌ အရေးနိမ့်နေချိန် စစ်တပ် ဘာသာရေးပဋိပက္ခ လှုံ့ဆော်
စစ်ကောင်စီကို ထောက်ခံသော သီတဂူဆရာတော် ဝေဖန်ခံနေရ
၂၀၂၄ သည် စစ်ကောင်စီပြိုလဲမည့်နှစ်ဟု တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်များပြော