• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Ethnic Issues

မောင်တောတိုက်ပွဲနှင့် မွတ်စလင် ပျူစောထီးများ အပိုင်း ၁

by ဗညားအောင်
21 August 2024
in Ethnic Issues, ဆောင်းပါး
A A
မောင်တောတိုက်ပွဲနှင့် မွတ်စလင် ပျူစောထီးများ  အပိုင်း ၁

စစ်တပ်လက်အောက်ခံ မွတ်စလင်ပျူစောထီးများ/ Western News

6.4k
VIEWS
Share on FacebookShare on Twitter

အာရက္ခတပ်တော် (AA) သည် ဘူသီးတောင်တွင် အခြေစိုက်သည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၅ နှင့် လက်အောက်ခံ တပ်ရင်းဌာနချုပ်များ၊ စစ်တွေ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံဗျူဟာနှင့် တပ်ရင်းဌာနချုပ်များ၊ အမြောက်တပ်နှင့် အခြားလက်ရုံးတပ်များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ နှစ်ခုတို့ကို ၂၀၂၄ ခုနှစ်၊ မေ ၁၈ ရက်နေ့တွင် အပြီးအပြတ် သိမ်းပိုက်ရရှိခဲ့၏။ AA သည် ဘူးသီးတောင်တိုက်ပွဲကို မတ်လမှ စတင်ခဲ့ပြီး နှစ်လခန့် တိုက်ခိုက်ခဲ့ရ၏။

AA သည် ဘူးသီးတောင်ကို သိမ်းပိုက်ပြီးနောက် မောင်တောဒေသအား ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့၏။ မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများထဲမှ အချို့ကို ဇွန်လ ၂ ရက်နေ့မှစတင်၍ AA က တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ တာဝါတိုင်စခန်းကို ဇွန်လ ၂ ရက်‌ နေ့၊ ကျောက်ပန္ဒူစခန်းကို ဇွန်လ ၃ ရက်နေ့၊ ခွဆုံပြင်စခန်းနှင့် မြင်းလွှတ်စခန်းကို ဇွန်လ ၄ ရက်နေ့၊ အင်းဒင်စခန်း (သို့မဟုတ်) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ) ၆ စခန်းကို ဇွန်လ ၆ ရက်နေ့၊ နခခ ၉ စခန်းကို ဇွန်လ ၇ ရက်နေ့တို့တွင် အသီးသီး သိမ်းပိုက်ရရှိခဲ့သည်။

RelatedPosts

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

23 June 2025
4k
TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
1.6k
ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

23 June 2025
3.9k

ဆက်လက်ပြီး ဇွန်လ ဒုတိယပတ်အတွင်း၌လည်း မောင်တောမြို့နယ်အတွင်းရှိ နခခ ၄ တပ်ရင်းဌာနချုပ်နှင့် အလယ်သံကျော်စခန်းကို ဇွန်လ ၁၀ ရက်နေ့၊ မောရဝတီဗျူဟာနှင့် နခေါင်းတိုစခန်းကို ဇွန်လ ၁၃ ရက်နေ့တို့တွင် အသီးသီး ထပ်မံသိမ်းပိုက်နိုင်ခဲ့၏။

နခခ ၂ နယ်ခြားစောင့်တပ်စခန်း၊ လေးမိုင်စခန်းကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် ရန်သူ့အလောင်း ၃၅၀ ကျော်၊ လက်နက်ခဲယမ်းအများအပြားတို့နှင့်အတူ သိမ်းဆည်းရမိခဲ့သည်။

စစ်ကောင်စီ၏ အမာခံစခန်းအနေဖြင့် နခခ ၅ မြို့သူကြီးစခန်းသာကျန်ပြီး ကျန်အင်အားစုများသည် မောင်တောမြို့တွင်းနှင့် ဆက်စပ်‌နေသော ဘေးပတ်လည်ရွာများ၌ ခြေကုပ်ယူ ခုခံလျက်ရှိသည်။ ယခုအခါ မောင်တောဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်မှာ သုံးလခန့် ရှိခဲ့ပြီဖြစ်ပြီး မောင်တောမြို့တွင်းသို့ စတင်ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း အပြီးသတ် သိမ်းပိုက်နိုင်ရန် ကြိုးစားနေရဆဲဖြစ်၏။

စစ်ကောင်စီ၏ အမာခံစခန်းအနေဖြင့် နခခ ၅ မြို့သူကြီးစခန်းသာကျန်ပြီး ကျန်အင်အားစုများသည် မောင်တောမြို့တွင်းနှင့် ဆက်စပ်‌နေသော ဘေးပတ်လည်ရွာများ၌ ခြေကုပ်ယူ ခုခံလျက်ရှိသည်။ ယခုအခါ မောင်တောဒေသကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်မှာ သုံးလခန့် ရှိခဲ့ပြီဖြစ်ပြီး မောင်တောမြို့တွင်းသို့ စတင်ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း အပြီးသတ် သိမ်းပိုက်နိုင်ရန် ကြိုးစားနေရဆဲဖြစ်၏။

မောင်တောဒေသ၌ စစ်ကောင်စီသည် နယ်ခြားစောင့်ရဲတပ်ဖွဲ့ စခန်းများတွင် စကခ ၁၅၊ စကခ ၁၇၊ တပ်မ ၂၂ နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) မှ တပ်များ ဖြည့်တင်းပြီး ခုခံနေသည့်အပြင် စစ်တပ်လက်အောက်ခံ ပျူစောထီးအင်အား ထောင်နှင့်ချီ၍ အသုံးပြု ခုခံနေသည်ကို တွေ့ရ၏။

၂၀၂၄ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့က စစ်တွေမြို့၊ အောင်မင်္ဂလာရပ်ကွက်တွင် ရိုဟင်ဂျာများ ဆန္ဒပြနေစဉ်

AA သည် ဘူးသီးတောင်၊ မောင်တောဒေသ တိုက်ပွဲများတွင် အခက်အခဲနှစ်ခုကို ကိုင်တွယ်ဖြေရှင်းပြီး ခက်ခက်ခဲခဲ ‌တိုက်ပွဲဝင်နေသည်ကို တွေ့ရ၏။ ပထမ ပြဿနာမှာ ရိုဟင်ဂျာ မွတ်စလင်ပြဿနာနှင့် ဒုတိယ ပြဿနာမှာ မွတ်စလင် ပျူစောထီးပြဿနာ ဖြစ်၏။

ရိုဟင်ဂျာ မွတ်စလင်ပြဿနာ

ဘူးသီးတောင်တိုက်ပွဲမှစ၍ ရိုဟင်ဂျာ မွတ်စလင်ပြဿနာကို AA စတင်ကြုံတွေ့ရ၏။ ရိုဟင်ဂျာ မွတ်စလင်များကို AA က စစ်သားကောက်သည်ဟုလည်းကောင်း၊ မွတ်စလင်များ၏ အိုးအိမ်များကို မီးရှို့သည်ဟုလည်းကောင်း၊ မွတ်စလင်များကို သတ်ဖြတ်သည်ဟုလည်းကောင်း AA အား အခြေအမြစ်မရှိ စွပ်စွဲပြစ်တင် တိုက်ခိုက်မှုများကို ရိုဟင်ဂျာ မွတ်စလင်အရေး တက်ကြွလှုပ်ရှားသူများ၊ ကုလသမဂ္ဂ ဝန်ထမ်းထမ်းအချို့အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများနှင့် သတင်းဌာနအချို့က ဘူးသီးတောင်တိုက်ပွဲ ပြင်းထန်လာချိန်တွင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်လာသည်ကို တွေ့ရ၏။

ဘူးသီးတောင်တိုက်ပွဲမတိုင်မီ AA သိမ်းပိုက်ထားသည့် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော စသည့် မြို့နယ်တွင်ရှိသော မည်သည့်မွတ်စလင်ကိုမှ တပ်သားသစ်ဆွဲခြင်း မပြုလုပ်သည့် AA ကို တိုက်ပွဲပြင်းထန်နေသည့် ဘူးသီးတောင်မြို့တွင်မှ မွတ်စလင်များအား တပ်သားသစ် ကောက်သည်ဆိုသည်မှာ အဓိပ္ပာယ်မဲ့လှသည်။ တကယ်တမ်း မွတ်စလင်များအား စစ်မှုထမ်းခိုင်းနေသည့် စစ်ကောင်စီနှင့် တန်းတူထားပြီး သရုပ်ဖျက်ရန် ကြံစည်ခြင်းဖြစ်၏။

ထို့ပြင် AA က မွတ်စလင်များအား အစုလိုက်အပြုံလိုက် သတ်ဖြတ်ပါသည်ဟု အထောက်အထားမဲ့ စွပ်စွဲပြန်သည်။ တဖန် ကုလသမဂ္ဂတာဝန်ရှိသူကပါ ဘူးသီးတောင်အား AA က သိမ်းပိုက်ပြီးမှ အိမ်များ မီးရှို့ခံရပါသည်ဟု အခြေအမြစ်မရှိ စွပ်စွဲပြန်သည်။

AA မသိမ်းခင် ၂၀၂၄ ခုနှစ်၊ မေလ ၁၇ ရက်မတိုင်မီအထိ ဘူးသီးတောင်တွင် မွတ်စလင်အကြမ်းဖက်များ၊ မွတ်စလင်ပျူစောထီးများ သွေးထိုးလှုံ့ဆော် မီးရှို့မှုကြောင့် အိမ်ခြေ ၂,၃၂၂ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး AA က ဘူးသီးတောင် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲစဉ်ကာလ၌ အိမ်ခြေ ၅၅၀ သာ မီးလောင်ကျွမ်းခဲ့သည်ဟု AA က အချက်အလက် အပြည့်အစုံဖြင့် ထုတ်ဖော်ပြောဆိုခဲ့သည်။

ဘူးသီးတောင်တွင် မီးရှို့ခံရသည့်အထဲ မွတ်စလင် အာရဗီကျောင်း တကျောင်းသာပါပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၁၂ ကျောင်း၊ ဟိန္ဒူဘုရားကျောင်း နှစ်ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်း ပါဝင်ခဲ့၏။

မီးရှို့ခံရသည့်အထဲတွင် မွတ်စလင် အာရဗီကျောင်း တကျောင်းသာပါပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း ၁၂ ကျောင်း၊ ဟိန္ဒူဘုရားကျောင်း နှစ်ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်း ပါဝင်ခဲ့၏။

ထို့ပြင် တိုက်ပွဲကာလအတွင်း ဘူးသီးတောင်မြို့မှ အရပ်သားများ ထွက်ခွာပြီး စစ်ဘေးရှောင်ရန် လှုံ့ဆော်ခြင်းကို ဘူးသီးတောင်မှ မွတ်စလင်များအား မောင်းထုတ်နေပါသည်ဟု စွပ်စွဲပြီး လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခဲ့၏။

ဘူးသီးတောင်၊ မောင်တော မြို့သိမ်းတိုက်ပွဲများ မတိုင်မီ AA ထိန်းချုပ်ထားသည့် ဒေသများတွင် မွတ်စလင်များအား တရားမျှတစွာ အုပ်ချုပ်ထားခြင်း၊ စစ်ကောင်စီတပ်ကဲ့သို့ မွတ်စလင်များအား အသွားအလာ ကန့်သတ်မထားဘဲ လွတ်လပ်စွာ သွားလာခွင့်ပြုထားခြင်း၊ ရခိုင်နှင့်မွတ်စလင် သင့်သင့်မြတ်မြတ် သဟဇာတဖြစ်နေသည့် အခြေအနေများကို မျက်ကွယ်ပြုပြီး AA ဆန့်ကျင်ရေး၊ ရခိုင်ဆန့်ကျင်ရေးပြုလုပ်ရန် အချက်အလက်မှားများဖြင့် လှုံ့ဆော်နေကြသည်ကို တွေ့ရ၏။

စစ်တပ်လက်အောက်ခံ မွတ်စလင်ပျူစောထီးများအား စစ်သင်တန်းပေးနေစဉ်/BBC

ထို့ပြင် တိုက်ပွဲများဖြစ်လျှင် စစ်ဘေးရှောင်ရခြင်း၊ အိုးအိမ်များ မီးလောင်ပျက်စီးခြင်းများကို မြန်မာပြည်အနှံ့တွင် ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးများ အားလုံး ကြုံတွေ့ခံစားနေရသည်ကို တွေ့မြင်နိုင်သည့် အခြေအနေတွင် စစ်ဘေးရှောင်ခိုင်းခြင်းကို မွတ်စလင်များအား မောင်းထုတ်ပါသည်ဟု စွပ်စွဲခြင်း၊ တိုက်ပွဲကြောင့် အိုးအိမ်များ မလွှဲမရှောင်သာ မီးလောင်ခြင်းများအား AA က မီးရှို့ပါသည်ဟု စွပ်စွဲနေခြင်းများသည် အဓိပ္ပာယ်မဲ့ စွပ်စွဲနေခြင်း ဖြစ်သကဲ့သို့ AA အား လူမျိုးရေးအရ တိုက်ခိုက်ရန် သွေးထိုးလှုံ့ဆော်နေခြင်းဖြစ်၏။

ထိုသို့ လှုံ့ဆော်နေခြင်းသည် ယခု လားရှိုးတိုက်ပွဲ၌ ကိုးကန့်တရုတ်များက ဗမာနှင့် ကျန်တိုင်းရင်းသားများအား သတ်ဖြတ်သည်၊ မောင်းထုတ်နေသည်၊ အိုးအိမ်များအား ဖျက်ဆီးပစ်သည်ဟု စွပ်စွဲနေသည့် စစ်တပ်လော်ဘီများ၊ မဘသများ၊ ပျူစောထီးများနှင့် တလေတည်း တသံတည်းဖြစ်၏။

လက်ရှိ စစ်အာဏာရှင်များ တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များတွင် AA သည် တိုက်ခိုက်ရေးအားကောင်းပြီး စစ်တပ်ကို အများအပြား ချေမှုန်းနိုင်စွမ်းရှိသည့် တပ်ဖြစ်၏။ ထို့ပြင် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်မှုကို တပြိုင်တည်း ရင်ဆိုင်နေသည့် တခုတည်းသော တပ်ဖြစ်သည်။ စစ်ကောင်စီကို ပြတ်ပြတ်သားသား တိုက်ခိုက်နေသော တပ်ဖွဲ့လည်း ဖြစ်၏။

ဤသို့ စစ်ကောင်စီကို တိုက်ခိုက်နေသော AA အား လူမျိုးရေးအရ ထိုးနှက်တိုက်ခိုက်နေကြသည်မှာ စစ်တပ်အား တဖက်လှည့်နှင့် အားပေးရာရောက်သကဲ့သို့ AA သည်လည်း ထိုထိုးနှက်မှုများကို မှန်မှန်ကန်ကန် ပြန်လည် တုံ့ပြန်နိုင်ရန် အားထုတ်နေရသည်ဖြစ်ရာ ဘူးသီးတောင်၊ မောင်တော စစ်မျက်နှာတွင် ပို၍ အားစိုက်နေရသည်။ အခက်အခဲများကို ကျော်လွှားနေရသည်။ အချိန်ပိုယူနေသည်ကို တွေ့ရသည်။

ထို့ပြင် မွတ်စလင်အရေး တက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းအချို့နှင့် NGO အဖွဲ့အချို့များအနေဖြင့် ၂၀၁၇ ခုနှစ်က စစ်ရာဇဝတ်မှု ကျူးလွန်ခံရသော၊ လက်ရှိတွင်လည်း နိုင်ငံမဲ့ဖြစ်နေသော ရိုဟင်ဂျာမွတ်စလင်များအား သနားစာနာသည်မှာ ပြဿနာမဟုတ်ပေ။ သို့သော် လက်ရှိတွင် စစ်ကောင်စီက တပြည်လုံးတွင် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ၊ ရခိုင်ပြည်နယ်ရှိ ရခိုင်လူမျိုးများအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုများနှင့် ချိန်ထိုးကြည့်ရမည်ဖြစ်၏။

ယခုကာလသည် ၂၀၁၇ ခုနှစ်ကကဲ့သို့ ရိုဟင်ဂျာ မွတ်စလင်များသာ ကျူးလွန်ခံနေရသည် မဟုတ်ပေ။ တပြည်လုံးရှိ လူမျိုးတိုင်း စစ်ရာဇဝတ်မှု ကျူးလွန်ခံနေရခြင်း၊ လူမျိုးတိုင်းလိုလို တိုက်ပွဲဝင်နေခြင်းတို့ကို သတိပြုရန်လို၏။

ယခုကာလသည် ၂၀၁၇ ခုနှစ်ကကဲ့သို့ ရိုဟင်ဂျာ မွတ်စလင်များသာ ကျူးလွန်ခံနေရသည် မဟုတ်ပေ။ တပြည်လုံးရှိ လူမျိုးတိုင်း စစ်ရာဇဝတ်မှု ကျူးလွန်ခံနေရခြင်း၊ လူမျိုးတိုင်းလိုလို တိုက်ပွဲဝင်နေခြင်းတို့ကို သတိပြုရန်လို၏။

၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်မှစ၍ လေးရက်အတွင်း စစ်တွေမြို့၊ ဗျိုင်းဖြူရွာတွင် အရပ်သား ၇၆ ဦး သေဆုံးသည့် အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုအပါအဝင် ရခိုင်ပြည်နယ် အနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ရခိုင်တိုင်းရင်းသား အရပ်သား အမြောက်အများသေဆုံး၊ ဒဏ်ရာရ‌နေသည်ကို ရခိုင်စစ်ပွဲ ပြန်လည် စတင်ချိန်မှစ၍ တွေ့မြင်နိုင်၏။ ထိုသို့သော အချိန်ကာလတွင် မွတ်စလင်များ ထိခိုက်သေဆုံးမှုဖြစ်သည်နှင့် လူမျိုးရေးအရ ထိလွယ်ရှလွယ်သော အကြောင်းအရာများဖြင့် တိုက်ခိုက်နေသည်ကို တွေ့ရ၏။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့က စစ်ရေးပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးကြသည့် မွတ်စလင်များ ပစ်ခတ်ခံရပြီး အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးခဲ့သည်ဆိုသည့် ရုပ်သံဖိုင်များ အွန်လိုင်းပေါ်တွင် ပျံ့နှံ့လာခဲ့သည်။

ပလက်ဝတွင် အမြောက်တပ် သံချပ်ကာ စစ်သုံးယာဉ်များအား AA က သိမ်းပိုက်ရမိစဉ်

အဆိုပါ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်ပြီး နတ်မြစ်ကို ဖြတ်ကူး၍ ဘင်္ဂလားဒေ့ရှ်သို့ စစ်ဘေးရှောင်ရန် စက်လှေစောင့်နေကြစဉ် AA က ရှော့တိုက်ဒုံးများ သို့မဟုတ် ဒရုန်းများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြည်ပရှိ ရိုဟင်ဂျာအရေး လှုပ်ရှားသူအချို့က စွပ်စွဲပြောဆိုထားသည်။ AA က သူတို့နှင့် မသက်ဆိုင်ကြောင်း၊ စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ရ၏။

ဤအချက်တို့မှာ ဘူးသီးတောင်၊ မောင်တော တိုက်ပွဲတလျှောက် AA ကြုံနေရသည့် စွပ်စွဲချက်များဖြစ်သည်။ ထိုစွပ်စွဲချက်များကို စစ်တပ်လော်ဘီများက ပြုလုပ်နေခြင်း မဟုတ်ဘဲ စစ်တပ်အား လူမျိုးတုံးသတ်ဖြတ်နေသည်ဟု စွပ်စွဲနေသူများက ပြုလုပ်နေခြင်းဖြစ်၏။

သို့ဖြစ်ရာ AA သည် မောင်တောဒေသတွင် စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်မှုကို တုန့်ပြန်ရသည့်အပြင် အချက်အလက်မဲ့၊ အထောက်အထားမဲ့ လူမျိုးရေးအမုန်းတရား လှုံ့ဆော်မှုများကိုပါ ရင်ဆိုင်ဖြေရှင်းနေရပေရာ မောင်တောတိုက်ပွဲသည် AA အတွက် အခက်အခဲကြီး၏။

မောင်တောတိုက်ပွဲနှင့်အတူ သံတွဲတိုက်ပွဲကိုလည်း AA က ဆင်နွှဲနေသည်။ သံတွဲတိုက်ပွဲအတွင်း အရပ်သားသေဆုံးများ ရှိခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က သံတွဲအနီး ပင်လယ်ကမ်းခြေရှိ ဆင်ခေါင်းကျေးရွာကို စစ်ကောင်စီ ရေတပ်၊ လေတပ်တို့မှ ဦးတည် တိုက်ခိုက်ဖျက်ဆီးသည့်အတွက် အရပ်သားအများအပြား သေဆုံးဒဏ်ရာရရှိခဲ့ပြီး အိုးအိမ်များစွာ ပျက်စီးခဲ့သည်။ သို့သော် နိုင်ငံတကာက အာရုံမပြုကြပေ။

မောင်တောတိုက်ပွဲတွင် မွတ်စလင်အချို့ သေဆုံးလျှင် AA ကြောင့်ဟု စွပ်စွဲအပြစ်တင်ရန် စောင့်ဆိုင်းနေသူများ ရှိ၏။ ထို့ပြင် မောင်တောတိုက်ပွဲတွင် စစ်ကောင်စီနှင့် မွတ်စလင် ပျူစောထီးများက မြို့တွင်း လူထုအား မြို့ပြင်ထွက်ခွင့်မပေးဘဲ ဓားစာခံများအဖြစ် ထိန်းသိမ်းအကာအကွယ်ယူနေကြရာ AA သည် ထိုပြဿနာကိုလည်း ဖြေရှင်းနေရ၏။

AA သည် မောင်တောအနီး ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်အတွင်းမှ မွတ်စလင် အရပ်သားများအား အသုတ်လိုက်၊ အသုတ်လိုက် ထုတ်နေရရာ ယခုအချိန်အထိ မွတ်စလင်အရပ်သား ၂ သောင်းခန့် ကယ်ထုတ်ခဲ့ပြီဖြစ်သည်။ ထို့သို့ ကယ်ထုတ်ခြင်းနှင့်အတူ ရိက္ခာထောက်ပံ့ခြင်းများကိုလည်း ပြုလုပ်သည်ကို တွေ့ခဲ့ရ၏။ တဖက်ကလည်း မောင်တောမြို့တွင်း စစ်ဆင်ရေးကို ဆင်နွှဲရင်း မွတ်စလင်များနှင့် နိုင်ငံရေးပြဿနာပါ သတိကြီးစွာထား၍ ဖြေရှင်းနေရ၏။

AA အနေဖြင့် ၎င်းတို့ ထိန်းချုပ်ရာဒေသများအတွင်းရှိ ရိုဟင်ဂျာ မွတ်စလင်များနှင့် ရခိုင်များကြား သဟဇာတမူဝါဒကို ကျင့်သုံးပြီး မွတ်စလင်များသည်လည်း ရခိုင်များနှင့်တန်းတူ နိုင်ငံသားအခွင့်အရေး ပေးအပ်သည့်အခြေခံအပေါ်မှ ပြဿနာကို ဖြေရှင်းသည်။

AA အနေဖြင့် ၎င်းတို့ ထိန်းချုပ်ရာဒေသများအတွင်းရှိ ရိုဟင်ဂျာ မွတ်စလင်များနှင့် ရခိုင်များကြား သဟဇာတမူဝါဒကို ကျင့်သုံးပြီး မွတ်စလင်များသည်လည်း ရခိုင်များနှင့်တန်းတူ နိုင်ငံသားအခွင့်အရေး ပေးအပ်သည့်အခြေခံအပေါ်မှ ပြဿနာကို ဖြေရှင်းသည်။

သို့သော်လည်း AA ရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာကြီး နှစ်ခုရှိသေးသည်။

ဩဂုတ်လ ၁၁ ရက်၌ မောင်တောရှိ မွတ်စလင်စစ်ရှောင်များအား AA က ဆန်ထောက်ပံ့စဉ်/ Narinjara

ပထမ အချက်မှာ “ဘင်္ဂါလီမွတ်စလင်” ဆိုသည့်အစား “ရိုဟင်ဂျာလူမျိုး” ဟု ပြောင်းလဲခေါ်ဝေါ်ရန် တဖက်က လိုလားနေခြင်းဖြစ်၏။ ဤပြဿနာသည် သမိုင်းဆိုင်ရာပြဿနာဖြစ်သဖြင့် အမြန်ဖြေရှင်းနိုင်ရန် ခဲယဉ်းသည်။

ဒုတိယပြဿနာမှာ ရိုဟင်ဂျာမွတ်စလင်များဘက်က တရားဝင် ထုတ်ဖော် မပြောသော်လည်း ဘူးသီးတောင်၊ မောင်တောဒေသကို မွတ်စလင်တို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအဖြစ် ရလိုခြင်းဖြစ်သည်။ ဤပြဿနာကမူ ညှိနှိုင်းဖြေရှင်းရန် ပို၍လွယ်ကူသည်။

သို့သော် ထိုပြဿနာနှစ်ခုလုံး ချက်ချင်းဖြေရှင်းရန် မဖြစ်နိုင်ရာ AA အနေဖြင့် ၎င်းတို့ ထိန်းချုပ်ရာဒေသရှိ မွတ်စလင်များအား နိုင်ငံသားအခွင့်အရေး၊ လူ့အခွင့်အရေး ပေးခြင်းဖြင့် ဦးစွာကျော်လွှားနေမည်ဖြစ်ပြီး ကျန်သည့် အတိုက်အခိုက်များကို နိုင်ငံရေးအရ ရင်ဆိုင်ဖြေရှင်းသွားရမည်သာ ဖြစ်သည်။

မွတ်စလင်အရေး လှုပ်ရှားကြသည် ဆိုသူများ အဓိကရန်သူ ပျောက်နေကြသည်။ မြန်မာပြည်ရှိ အဖိနှိပ်ခံပြည်သူအားလုံး၏ ဘုံရန်သူဖြစ်သည့် စစ်အုပ်စုအား ထိုးနှက်တိုက်ခိုက်ရန် မေ့ပျောက်နေပြီး အာရက္ခတပ်တော်အမှားကို စောင့်၍ ထိုးနှက်နေကြ၏။

ထို့ပြင် ဤပြဿနာကို ခက်ခက်ခဲခဲ ဖြေရှင်းနေရသည့်အချက်မှာ မွတ်စလင်အရေး လှုပ်ရှားကြသည် ဆိုသူများ အဓိကရန်သူ ပျောက်နေကြသည်။ မြန်မာပြည်ရှိ အဖိနှိပ်ခံပြည်သူအားလုံး၏ ဘုံရန်သူဖြစ်သည့် စစ်အုပ်စုအား ထိုးနှက်တိုက်ခိုက်ရန် မေ့ပျောက်နေပြီး အာရက္ခတပ်တော်အမှားကို စောင့်၍ ထိုးနှက်နေကြ၏။

ထိုတက်ကြွသူဆိုသူများသည် ရိုဟင်ဂျာ မွတ်စလင်ပြဿနာကို ရခိုင်နှင့် မွတ်စလင်ကြား သဟဇာတဖြစ်ရေး အခြေခံပေါ်မှ ဖြေရှင်းနိုင်ခြင်းမရှိသည့် ဘုံရန်သူ စစ်အာဏာရှင်များအား တိုက်ခိုက်ရမည် ဖြစ်သော်လည်း လမ်းလွဲနေကြရာ အာရက္ခတပ်တော်အနေဖြင့် စိတ်ရှည်ရှည်ထားပြီး ဖြေရှင်းရန် လိုအပ်နေ၏။

သို့ဖြစ်ရာ မောင်တောတိုက်ပွဲသည် အာရက္ခတပ်တော်အတွက် စစ်ရေးအရသာမက နိုင်ငံရေးအရပါ ရင်ဆိုင်တိုက်ပွဲဝင်နေရသည့် တိုက်ပွဲတပွဲဖြစ်၍ ပို၍ အချိန်ကြန့်ကြာနေရသည်ဟု ဆိုရပါမည်။

(ဆက်လက်ဖော်ပြပါမည်)

(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)

You may also like these stories:

ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေ ဘာလဲ ဘယ်လဲ

ရိုဟင်ဂျာတွေ စစ်မှုထမ်းဖို့ ဖိအားပေး ခြိမ်းခြောက်ခံနေရ (ရုပ်/သံ)

ရိုဟင်ဂျာအရေး ရေရှည်အကျိုး မျှော်ကိုး၍ ဆောင်ရွက်သင့်ပြီ

စစ်ကောင်စီက ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးကို လူမျိုးရေးနှင့် လှည့်တိုက်နေ

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

ရိုဟင်ဂျာကိစ္စ ဖြေရှင်းနိုင်ဖို့စွမ်းရည် AA မှာပဲရှိတယ် (ရုပ်/သံ)

Your Thoughts …
Tags: AAစစ်ကောင်စီစစ်ဘေးရှောင်စစ်မှုထမ်းဥပဒေစစ်ရာဇဝတ်မှုစစ်အာဏာသိမ်းမှုတိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနယ်ခြားစောင့်တပ်ပျူစောထီးမြို့သိမ်းတိုက်ပွဲရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုလေကြောင်းတိုက်ခိုက်မှုအစုအလိုက်အပြုံလိုက် သတ်ဖြတ်မှုအတင်းအကျပ် စစ်သားစုဆောင်းမှုအာရက္ခတပ်တော်
ဗညားအောင်

ဗညားအောင်

ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.5k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဈေးနှုန်းထိန်းချုပ်မှုကြောင့် စီးပွားရေးအကျပ်အတည်း ပိုဆိုးနေ

ဈေးနှုန်းထိန်းချုပ်မှုကြောင့် စီးပွားရေးအကျပ်အတည်း ပိုဆိုးနေ

Yoma က ဧရာဝတီသတင်းကြောင့် အရေးယူရန် ဥပဒေအကြံဉာဏ် တောင်းခံနေ

Yoma က ဧရာဝတီသတင်းကြောင့် အရေးယူရန် ဥပဒေအကြံဉာဏ် တောင်းခံနေ

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

7 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate