၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ပြီး စစ်ကောင်စီ ထိန်းချုပ်နယ်မြေရှိ ရိုဟင်ဂျာ မွတ်စလင်ကျေးရွာများမှ လူငယ်များကို အတင်းအကျပ် ခေါ်ယူပြီး စစ်သင်တန်းပေးခြင်းကို ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ကျောက်ဖြူတို့တွင် ပြုလုပ်လာသည်ကို တွေ့ရသည်။
ထိုစစ်သင်တန်း ပေးထားသည့် မွတ်စလင်လူငယ်များအား စစ်ကောင်စီက စစ်တပ်တွင်း ထည့်သွင်းပုံမရဘဲ စစ်တပ်နှင့်တွဲဖက်၍ ပြည်သူ့စစ် ခေါ် ပျူစောထီးပုံစံမျိုး ဖွဲ့စည်းထားသည်ကို တွေ့ရ၏။ အဆိုပါ စစ်ကောင်စီ ထိန်းချုပ်ရာ ကျေးရွာများမှ မွတ်စလင်လူငယ်များကို အတင်းအကျပ်စုဆောင်း၍ စစ်သင်တန်းပေးခြင်းကို ကန့်ကွက်ခဲ့သော အဖွဲ့အစည်းများ တွေ့ရသကဲ့သို့ အတင်းအကျပ် စုဆောင်းခံခဲ့ရသည့် မွတ်စလင်လူငယ်အချို့သည်လည်း ထွက်ပြေးခဲ့ကြသည်ကို တွေ့ရ၏။
တက်ကြွသည့် မွတ်စလင် ပျူစောထီးများ
စစ်တပ်က တိုက်ရိုက်စုဆောင်းပြီး စစ်သင်တန်းတက်ခိုင်းသည့် မွတ်စလင် ပျူစောထီးများသည် မတက်ကြွကြသော်လည်း စစ်ကောင်စီနှင့် တက်တက်ကြွကြွ ပူးပေါင်းလုပ်ဆောင်သည့် မွတ်စလင် ပျူစောထီးအုပ်စုများကိုလည်း ၂၀၂၄ နှစ်ဆန်းတွင် စတင်တွေ့ရှိရသည်၊၊ ထို့အဖွဲ့များသည် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA)၊ ရိုဟင်ဂျာစည်းလုံးညီညွတ်ရေးအဖွဲ့ (RSO)၊ အာရကန် ရိုဟင်ဂျာ တပ်မတော် (ARA) စသည့် ရိုဟင်ဂျာ မွတ်စလင် လက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်ကြသည်။
စစ်တပ်က ရိုဟင်ဂျာ မွတ်စလင်များအား လူမျိုးတုံးသတ်ဖြတ်မှု ပြုလုပ်ပါသည်ဟု စွဲချက်တင်ထားသည့် ရိုဟင်ဂျာ မွတ်စလင်အဖွဲ့အစည်းအချို့က စစ်တပ်နှင့် တက်တက်ကြွကြွ ပူးပေါင်းကြခြင်းဖြစ်၏။ အထိနာနေသော စစ်တပ်နှင့် ပူးပေါင်း၍ စစ်တပ်ကို ကာကွယ်ပေးရန် ကြိုးစားလာကြသည်ကို ဘူးသီးတောင်တိုက်ပွဲအတွင်း စတင်တွေ့ခဲ့၏။
စစ်တပ်က ရိုဟင်ဂျာ မွတ်စလင်များအား လူမျိုးတုံးသတ်ဖြတ်မှု ပြုလုပ်ပါသည်ဟု စွဲချက်တင်ထားသည့် ရိုဟင်ဂျာ မွတ်စလင်အဖွဲ့အစည်းအချို့က စစ်တပ်နှင့် တက်တက်ကြွကြွ ပူးပေါင်းကြခြင်းဖြစ်၏။ အထိနာနေသော စစ်တပ်နှင့် ပူးပေါင်း၍ စစ်တပ်ကို ကာကွယ်ပေးရန် ကြိုးစားလာကြသည်ကို ဘူးသီးတောင်တိုက်ပွဲအတွင်း စတင်တွေ့ခဲ့၏။
ထိုအဖွဲ့များသည် အာရက္ခတပ်တော် (AA) ဆန့်ကျင်ရေးကြွေးကြော်သံများ ကြွေးကြော်စုရုံးပြီး ဘူးသီးတောင်မြို့တွင်းမှ ရခိုင်နှင့် ဟိန္ဒူများ၏ အိုးအိမ်များ၊ မွတ်စလင် မဟုတ်သူများ၏ ဘာသာရေး အဆောက်အုံများကို ဖျက်ဆီးပစ်ခဲ့ကြသည်။ ထို့ကြောင့် ဘူးသီးတောင်တိုက်ပွဲကာလ ပျက်စီးသည်ထက် များစွာ ပျက်စီးဆုံးရှုံးခဲ့သည်ကို တွေ့ရ၏။
၂၀၂၄ ခုနှစ်၊ မေလ ၉ ရက်နေ့က စစ်ကောင်စီတပ်နှင့် ရဲ အခြေစိုက်ထားသည့် မောင်တောအနီး ရွှေရင်အေး ရခိုင်ရွာ၊ ဝေသာလီ ရခိုင်ရွာတို့ကို မွတ်စလင် လက်နက်ကိုင် ပျူစောထီးများက ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့ပြီး မီးရှို့ဖျက်ဆီးနေသည့် ဗီဒီယိုဖိုင်များ မေလ ၁၃ ရက်နေ့က ထုတ်ပြန်ကာ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများ လှုံ့ဆော်ဖန်တီးခဲ့၏။
ဘူးသီးတောင် တိုက်ပွဲကာလက မွတ်စလင် ပျူစောထီး ၁,၀၀၀ ခန့် ရှိသည်ဟု သိရပြီး မောင်တော တိုက်ပွဲကာလတွင် မွတ်စလင် ပျူစောထီး အင်အား ၂,၀၀၀ နှင့် အထက်ထိ တိုးပွားလာသည်ကို တွေ့ရ၏။ ARSA, RSO, ARA အဖွဲ့များသည် ဘူးသီးတောင်၊ မောင်တောဒေသတွင်သာမက ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်အများအပြား ရောက်ရှိနေကြသည့် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများတွင် အတင်းအကျပ် လူသစ်စုဆောင်းနေသည်ကို တွေ့ရ၏။
ထိုသို့ မွတ်စလင်ဒုက္ခသည်စခန်းတွင်းမှ လူသစ်စုဆောင်းသည့် သတင်းများစွာထဲမှ ဥပမာအချို့ကို ကောက်နှုတ်ဖော်ပြရပါက မေလ ၃၀ ရက်နေ့ BBC မြန်မာပိုင်းသတင်းအရ လက်နက်ကိုင်အဖွဲ့တခု ဖြစ်သည့် RSO အဖွဲ့ဝင်များသည် ရခိုင်စစ်မြေပြင်သို့ပို့ရန် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများထဲမှ လူသစ်များကို အတင်းအဓမ္မ စုဆောင်းနေသည်ဟု နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့များက ပြောကြသည်။ RSO လက်နက်ကိုင်များ ခေါ်သွားခြင်းခံရသည့် ရိုဟင်ဂျာအမျိုးသား လူကြီး၊ လူငယ် အရေအတွက်သည်လည်း ပိုပြီးတိုးလာနေသည်ဟု ဖေါ်ပြထားသည်။
ရခိုင်က စစ်ပွဲထဲ၌ ဝင်တိုက်ပေးရန် RSO အဖွဲ့ လူသစ်စုဆောင်းရာတွင် ငြင်းဆန်သူများကို သတ်ဖြတ်ခဲ့သည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှ မွတ်စလင် ဒုက္ခသည်စခန်းတခုတွင် မွတ်စလင် ကျောင်းသားတဦးနှင့် ကျောင်းဆရာတဦး သေဆုံးသွားပြီး တခြား ဒဏ်ရာရသူ သုံးယောက်လည်း ရှိခဲ့သည်။ သေဆုံးသူများမှာ နူရ်ဖိုင်ဇယ်နဲ့ နူရ်အက်ဘ်ဆာ ဆိုသူတို့ဖြစ်ပြီး ၎င်းတို့ သေဆုံးသည့်အတွက် ဝမ်းနည်းကြောင်း ကုလသမဂ္ဂအေ ဂျင်စီတခုဖြစ်သည့် ယူနီဆက်ဖ်က ထုတ်ပြန်ထားကြောင်း အဆိုပါ BBC သတင်းက ဖော်ပြသည်။
၂၀၂၄ ခုနှစ်၊ မေလ ၁၅ နှင့် ၁၆ ရက်က RSO ခေါင်းဆောင် ကိုကိုလွင် ခေါ် ကော်ရိမ်က ဘင်္ဂလားဒေ့ရှ် ကူတူပါလောင် ဒုက္ခသည်စခန်းရှိ ဗလီတွင် လူသစ်စုဆောင်းရရှိရေး စည်းရုံးခဲ့သည့်ရုပ်သံ ထွက်ပေါ်ခဲ့သည်။ ယင်းအသံဖိုင် ထွက်ပေါ်လာပြီး မကြာမတင်ဘဲ ၂၀၂၄ ခုနှစ်၊ မေလ ၂၀ ရက် ညအချိန် RSO က လူသစ်စုဆောင်းရရှိရေးအတွက် လူဖမ်းပွဲလုပ်ဆောင်သဖြင့် ကလေး၊ လူကြီးမကျန် ဆူပူအော်ဟစ် ဆန္ဒပြကြသည့် ရုပ်သံအများအပြား ထွက်ပေါ်လာသည်ကို တွေ့မြင်ရသည်။
အချို့က RSO သည် စစ်ကောင်စီတပ်နှင့် လျှို့ဝှက်ပူးပေါင်းပြီး လူသစ်စုဆောင်းကာ ပေးပို့လျှက်ရှိကြောင်း စွပ်စွဲကြသည်လည်း ရှိသည်။ ယင်းအပြင် ARA သည်လည်း လူသစ်စုဆောင်းပြီး စစ်ကောင်စီတပ်နှင့် သဘောတူညီမှုရယူကာ အခြေခံစစ်သင်တန်း တက်ရောက်ပြီး လက်နက်ရယူ ထွက်ပြေးရန် ကြံစည်နေကြကြောင်းလည်း ဆိုကြသည်။
ဒေသတွင်းသတင်းများအရ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ စစ်သားသစ် စုလာသူများအား စစ်သင်တန်း နှစ်ပတ်ပေးပြီး လက်နက်ထုတ်ပေး၏။ RSO, ARSA, ARA အဖွဲ့တို့၏ နိုင်ငံရေးရည်မှန်းချက် မည်သို့ရှိစေ လက်တွေ့တွင် စစ်တပ်၏ ပျူစောထီးများအဖြစ် တာဝန်ယူကြသည်ကို တွေ့ရ၏။
ဒေသတွင်းသတင်းများအရ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ စစ်သားသစ် စုလာသူများအား စစ်သင်တန်း နှစ်ပတ်ပေးပြီး လက်နက်ထုတ်ပေး၏။ RSO, ARSA, ARA အဖွဲ့တို့၏ နိုင်ငံရေးရည်မှန်းချက် မည်သို့ရှိစေ လက်တွေ့တွင် စစ်တပ်၏ ပျူစောထီးများအဖြစ် တာဝန်ယူကြသည်ကို တွေ့ရ၏။
မွတ်စလင် ပျူစောထီးများသည် စစ်ကောင်စီစစ်သား၊ ရဲများနှင့်အတူ စစ်စခန်းများတွင် ခံစစ်ယူကြသကဲ့သို့ မောင်တောပတ်ဝန်းကျင် ရွာများတွင် အရပ်သားများအား ဓားစာခံပြု၍ ခံစစ်ဆင်နေကြရာ အရပ်သားများကို မထိခိုက်စေဘဲ ထိုပျူစောထီးများကို ရှင်းလင်းနိုင်ရန် AA ကသတိကြီးစွာထား၍ ဆောင်ရွက်နေရ၏။
ထို့ပြင် အချို့ မွတ်စလင် ပျူစောထီးများသည် ဘူးသီးတောင်နှင့် မောင်တောကြားရှိ မယူ (မေယု) တောင်တန်းကို အခြေပြု၍ လှုပ်ရှားပြီး ရခိုင်တိုင်းရင်းသားများအား တိုက်ခိုက်သတ်ဖြတ်နေကြရာ ထိုအင်အားစုများကိုလည်း လိုက်လံရှင်းလင်းနေရ၏။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ဘူးသီးတောင်မြို့နယ်၊ အမှတ် ၄ ရပ်ကွက်၊ ဂန္ဓာရီ ကယ်ဆယ်ရေးစခန်းမှ ဘူးသီးတောင်မြို့နယ်၊ လက်ပံရှည် (ခ) မော်နီကိုကျေးရွာအနီးရှိ တောတောင်ထဲသို့ မျှစ်သွားချိုးရန် သွားရောက်ကြသည့် ခမီတိုင်းရင်းသား ခုနစ်ဦးသည် ARSA အဖွဲ့ဝင်များ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကို ခံခဲ့ကြရသည်။ သူတို့ ခုနစ်ဦးကို မသတ်ဖြတ်မီ ဖမ်းဆီးနှိပ်စက်နေသည့် ဗီဒီယိုရုပ်သံဖိုင်တခုကိုလည်း ARSA က လူမှုကွန်ရက်စာမျက်နှာက ထုတ်လွှင့်ခဲ့သည်။
ထို့ပြင် စစ်ဘေးရှောင်နေသည့် ဘူးသီးတောင်မြို့မှ မောင်တောမြို့နယ်၊ ကြိမ်ချောင်းသို့ ကုန်ပစ္စည်းများ ဝယ်ယူရန် သွားသည့် အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး တဦးတို့ လိုက်ပါသည့် ကားကို ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၁ ရက် ညနေ ၅ နာရီကျော်အချိန်တွင် အကြမ်းဖက် ARSA အဖွဲ့က ခြုံခိုပစ်ခတ်ခဲ့သည့်အတွက် ငါးဦးသေ၊ နှစ်ဦးဒဏ်ရာ အပြင်းထန်ရရှိသည်ဟု ဒေသအခြေစိုက် သတင်းမီဒီယာများက ဖော်ပြသည်။
အဆိုပါ မောင်တော-ကြိမ်ချောင်းလမ်းကို ဝင်ရောက်နေသည့် ARSA အဖွဲ့အား AA က လိုက်လံရှင်းလင်းရာ ဩဂုတ်လ ၂ ရက်နေ့တွင် ငါးခူရနှင့် ဖားဝပ်ချောင်းအနီး နေရာနှစ်ခု၌ တိုက်ပွဲဖြစ်ပွားပြီး ARSA အဖွဲ့ဝင် အများအပြား သေဆုံးကာ ကိုးဦးကို အရှင်ဖမ်းမိခဲ့သည်ဟု AA နှင့်နီးစပ်သည့် သတင်းရင်းမြစ်အရ သိရသည်။ ထို့ပြင် အခြားသတ်ဖြတ်မှုအချို့ ရှိသေးသည်ဟု သိရ၏။
မည်သို့ဖြစ်စေ ARSA, RSO, ARA အဖွဲ့များသည် လက်တွေ့တွင် စစ်ရာဇဝတ်ကောင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းပြီး အကြမ်းဖက်မှုများကို ကျူးလွန်နေကြသည်။ စစ်ကောင်စီ သက်ဆိုးရှည်စေရန် ကူညီပေးနေသူများသာ ဖြစ်သည်။ သို့ဖြစ်ရာ မွတ်စလင် ပျူစောထီးများသည် မြန်မာပြည် အခြားဒေသများမှ စစ်တပ်နောက်လိုက် ပျူစောထီးများကဲ့သို့ပင် စစ်ကောင်စီတပ်ကို ကူညီပံ့ပိုးနေကြ၏။
စစ်တပ်နှင့်ပေါင်းသည့် မွတ်စလင် ပျူစောထီးများသည် အကြောင်းမဲ့ ဖြစ်လာပုံတော့ မရပေ။ အဆိုပါ ရိုဟင်ဂျာ မွတ်စလင်များကို နိုင်ငံသားပေးမည့်အပြင် ဘူးသီးတောင်၊ မောင်တောဒေသအား မွတ်စလင်တို့ အုပ်ချုပ်ခွင့်ပေးမည်ဟူသည့် မက်လုံးမျိုး စစ်ကောင်စီက ပေးပုံရသည်။ ဤမက်လုံးသည် အထူးအဆန်း မဟုတ်ပေ။ ဖဆပလ နှစ်ခြမ်းကွဲစဉ်က ဘူးသီးတောင်၊ မောင်တောဒေသကို မေယုခရိုင်ဟု ဖွဲ့စည်းပေးမည်ဖြစ်ကြောင်း ဦးနုက မွတ်စလင်တို့အား မဲဆွယ်သကဲ့သို့ပင် ဖြစ်၏။
စစ်တပ်နှင့်ပေါင်းသည့် မွတ်စလင် ပျူစောထီးများသည် အကြောင်းမဲ့ ဖြစ်လာပုံတော့ မရပေ။ အဆိုပါ ရိုဟင်ဂျာ မွတ်စလင်များကို နိုင်ငံသားပေးမည့်အပြင် ဘူးသီးတောင်၊ မောင်တောဒေသအား မွတ်စလင်တို့ အုပ်ချုပ်ခွင့်ပေးမည်ဟူသည့် မက်လုံးမျိုး စစ်ကောင်စီက ပေးပုံရသည်။ ဤမက်လုံးသည် အထူးအဆန်း မဟုတ်ပေ။ ဖဆပလ နှစ်ခြမ်းကွဲစဉ်က ဘူးသီးတောင်၊ မောင်တောဒေသကို မေယုခရိုင်ဟု ဖွဲ့စည်းပေးမည်ဖြစ်ကြောင်း ဦးနုက မွတ်စလင်တို့အား မဲဆွယ်သကဲ့သို့ပင် ဖြစ်၏။
စစ်တပ်သည် ထိုစဉ်ကတည်းက မွတ်စလင် သူပုန်များကို ရက်ရက်စက်စက် နှိမ်နင်းခဲ့သည်သာဖြစ်၏။ တလျှောက်လုံးတွင်လည်း စစ်တပ်သည် ရခိုင်နှင့် ရိုဟင်ဂျာ မွတ်စလင်များကို ရန်တိုက်ပြီး ရခိုင်ပြည်နယ်အား အုပ်ချုပ်ခဲ့သည်သာ ဖြစ်၏။
၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ယာယီသက်သေခံကတ်ပြား (White Card) ထုတ်ပေးပြီး ကတိတည်ခဲ့သည် မဟုတ်ပေ။ ၂၀၁၇ ခုနှစ်တွင် မွတ်စလင်ရွာ အများအပြား မီးရှို့ဖျက်ဆီးပြီး သတ်ဖြတ်ခဲ့သည်သာ ဖြစ်၏။ ဤသို့ အကြိမ်ကြိမ်အဖန်ဖန် ကတိမတည်သော စစ်ရာဇဝတ်ကောင် စစ်အစိုးရကို ယုံကြည်ပူးပေါင်း၍ စစ်ကောင်စီ အသက်ဆက်နိုင်ရန် ကြိုးစားနေပေးနေသည့် မွတ်စလင် ပျူစောထီးဆိုသူများသည် လွန်စွာမိုက်မဲသည့်၊ စဉ်းစားဉာဏ်ကင်းမဲ့သည့် ဆင်ခြင်တုံတရား မရှိသည့်သူများဟု ဆိုရမည်။
မွတ်စလင် ပျူစောထီးများသည် စစ်တပ်နှင့် ပူးပေါင်းပြီး စစ်ကောင်စီ အသက်ဆက်နိုင်ရန် ကာယကံအားဖြင့် ကူညီပေးနေသကဲ့သို့ ရိုဟင်ဂျာ မွတ်စလင်အရပ်သားများကိုလည်း ဒုက္ခပေးနေသူများ ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းရှိ ပြည်သူများအား ခြိမ်းခြောက်အနိုင်ကျင့်ခြင်း၊ တပ်သားသစ်စုခြင်း၊ သတ်ဖြတ်ခြင်းများပြုလုပ်သကဲ့သို့ မောင်တောဒေသရှိ မွတ်စလင် အရပ်သားများကိုလည်း စစ်ပွဲအတွင်း ဓားစာခံများအဖြစ် အသုံးချနေသည်ကို တွေ့နိုင်ပေသည်။
ထို့ပြင် မွတ်စလင် ပျူစောထီးများသည် ဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားများ၊ ခရစ်ယန်ဘာသာဝင် ရခိုင်တိုင်းရင်းသားများ၊ ဟိန္ဒူများကို လူမျိုးရေးအရ၊ ဘာသာရေးအရ အမုန်းတရားလှုံ့ဆော်ပြီး အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခြင်း၊ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း ပြုနေကြသည့်အဖွဲ့များ ဖြစ်၏။
ရိုဟင်ဂျာ မွတ်စလင် တက်ကြွသူအချို့က အဆိုပါ RSO, ARSA, ARA စသည့် စစ်တပ်နှင့် ပူးပေါင်းနေသည့် အဖွဲ့များသည် ရိုဟင်ဂျာ မွတ်စလင်များကို ကိုယ်စားမပြုပါဟု ဆိုနေကြသော်လည်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် ထိုအဖွဲ့များက တပ်သားသစ်စုဆောင်းခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချခြင်း၊ စစ်တပ်လက်အောက်ခံ မွတ်စလင် ပျူစောထီး ပြုလုပ်သည်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ခြင်း မရှိပေ။
ရိုဟင်ဂျာ မွတ်စလင် တက်ကြွသူအချို့က အဆိုပါ RSO, ARSA, ARA စသည့် စစ်တပ်နှင့် ပူးပေါင်းနေသည့် အဖွဲ့များသည် ရိုဟင်ဂျာ မွတ်စလင်များကို ကိုယ်စားမပြုပါဟု ဆိုနေကြသော်လည်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းများတွင် ထိုအဖွဲ့များက တပ်သားသစ်စုဆောင်းခြင်းကို ပြင်းပြင်းထန်ထန် ရှုတ်ချခြင်း၊ စစ်တပ်လက်အောက်ခံ မွတ်စလင် ပျူစောထီး ပြုလုပ်သည်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကန့်ကွက်ခြင်း မရှိပေ။ စစ်ကောင်စီတပ်အား ထိုးနှက်တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်သည်ထက် AA ၏ အားနည်းချက်ကို ထိုးနှက်တိုက်ခိုက်ရန်၊ AA က မွတ်စလင်များကို အကြမ်းဖက်နေပါသည်ဟု စွပ်စွဲရန်သာ ကြိုးစားနေသည်။ ထို့ပြင် မွတ်စလင် ပျူစောထီးများက ရခိုင်တိုင်းရင်းသားများအား အကြမ်းဖက် သတ်ဖြတ်နေသည်များကိုလည်း နှုတ်ဆိတ်နေကြ၏။
သို့ဖြစ်ရာ ဘူးသီးတောင်၊ မောင်တောဒေသတွင် AA သည် စစ်ကောင်စီနှင့် စစ်ရေးအရ ရင်ဆိုင်တိုက်ခိုက်ရာ စစ်ကောင်စီတပ် သက်သက်သာမက အင်အား ၂,၀၀၀ ကျော်ခန့်ရှိသည့် မွတ်စလင် ပျူစောထီးများနှင့်ပါ တိုက်ခိုက်နေရသည်။
အခြားနယ်မြေများတွင် စစ်ကောင်စီ စစ်စခန်းများကို နောက်ကျောလုံလုံဖြင့် တိုက်ခိုက်နိုင်ခဲ့သော်လည်း ဘူးသီးတောင်၊ မောင်တောဒေသတွင် AA နောက်ကျော မလုံပေ။ မွတ်စလင် ပျူစောထီးများက စခန်းတွင်းသာမက ရွာများတွင် အခြေပြုပြီး ရွာသားများအား ဓားစာခံလုပ်ခြင်း၊ စခန်းအပြင်သို့ ပြောက်ကျားထွက် လှုပ်ရှားပြီး ရခိုင်အရပ်သားများအား သတ်ဖြတ်ခြင်းများကို ရင်ဆိုင်နေရရာ စစ်ရေးအရ ခက်ခဲစိတ်ရှည်စွာ ရင်ဆိုင်တိုက်ပွဲဝင်နေရ၏။
မောင်တောတိုက်ပွဲ
သို့သော် မောင်တောတိုက်ပွဲသည် အချိန်အနည်းငယ် ပိုကြာသည်ကလွဲ၍ အရှိန်အဟုန်မပျက် တိုးတက်မှုရှိလာနေသည်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လဆန်းတွင် AA တပ်ဖွဲ့များသည် မောင်တောနှင့် ဆက်စပ်နေသော မောင်နီရွာ၊ ဟော်ရီတူလာရွာ၊ ရွှေဇားရွာတို့ကိုပါ သိမ်းပိုက်နိုင်ခဲ့ပြီး မောင်တောမြို့ ရပ်ကွက်များသို့ပါ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့၏။ တဖက်က မွတ်စလင်အရပ်သားများကို ကယ်ထုတ်ခြင်း၊ ရိက္ခာထောက်ပံ့ခြင်းများ ပြုလုပ်ပြီး တဖက်က ရန်သူ ချေမှုန်းရေးကို ဆောင်ရွက်ခဲ့ရ၏။
ခေါင်းမာမာနှင့်ခုခံနေသည့် နခခ ၅ ၏ ကာကင်းစခန်း ၁၀ ခုအနက် ခြောက်ခုအား ဩဂုတ်လ ၁၂ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည်ဟု နိရဉ္စရာသတင်းအရ သိရ၏။ ထို့ပြင် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၃ ရက်နေ့တွင် မောင်တောဘုတ်ဆိပ် POE ဝင်/ထွက် စခန်းနှင့် မောင်တော သင်္ချိုင်းများ၌ စခန်းချ ခုခံနေကြသည့် နယ်ခြားစောင့်ရဲအင်အား ၆၀၀ ကျော် မော်တော်ဘုတ်အစီး ၂၀ ကျော်နှင့် နတ်မြစ်ဝတွင် ရေတပ်များရှိသည့် ဘင်္ဂလားပင်လယ်အော်ဘက်သို့ စတင်ထွက်ပြေးကြသည်ဟု မျက်မြင်ဒေသခံတွေများ၏ ပြောဆိုချက်ကို နိရဉ္စရာသတင်းဌာနက ဖော်ပြခဲ့သည်ကို တွေ့ရ၏။ ဩဂုတ် ၁၅ ရက်နေ့ မနက်တွင် စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၃ ဦး ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးခိုလှုံသွားကြောင်း သိရသည်။
သို့နှင့် နခခ ၅ မြို့သူကြီးစခန်း၏ ပတ်လည်ကို AA က ဝိုင်းပတ်ပိတ်ဆို့ထားနိုင်ပြီးနောက် ဩဂုတ်လ ၁၄ ရက်နေ့တွင် နခခ ၅ စခန်းအား လက်နက်ချအညံ့ခံရန် ရာဇသံပေးခဲ့ကြောင်း သိရ၏။
ဘူးသီးတောင်၊ မောင်တောဒေသတိုက်ပွဲများသည် မွတ်စလင် ပျူစောထီးများ၊ လူမျိုးရေး၊ ဘာသာရေးနှင့် ထိုးနှက်တိုက်ခိုက်သူများကြောင့် အချိန်အနည်းငယ် ပိုမိုကြာမြင့်ပြီး လက်ဝင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သော်လည်း တဖက်တွင် အာရက္ခတပ်တော်၏ တိုက်ရည်ခိုက်ရည်သာမက နိုင်ငံရေးစွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရသည်
သို့ဖြစ်ရာ ဘူးသီးတောင်၊ မောင်တောဒေသတိုက်ပွဲများသည် မွတ်စလင် ပျူစောထီးများ၊ လူမျိုးရေး၊ ဘာသာရေးနှင့် ထိုးနှက်တိုက်ခိုက်သူများကြောင့် အချိန်အနည်းငယ် ပိုမိုကြာမြင့်ပြီး လက်ဝင်ခဲ့သည်ဟု ဆိုရမည်ဖြစ်သော်လည်း တဖက်တွင် အာရက္ခတပ်တော်၏ တိုက်ရည်ခိုက်ရည်သာမက နိုင်ငံရေးစွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရသည်ဟု ဆိုရပါမည်။
ထို့ကြောင့်လည်း အာရက္ခတပ်တော်၏ ခေါင်းဆောင်ပိုင်းမှ တာဝန်ရှိသူများသည် လူမျိုးရေး၊ ဘာသာရေး ခွဲခြားသူများ မဟုတ်ဘဲ အမျှော်အမြင်ရှိသူများဖြစ်သည်ဟု စစ်တွေအခြေစိုက် ကုလသမဂ္ဂ အရာရှိတဦးအဖြစ် ၂၀၁၇ ခုနှစ်မှ စတင်ကာ ၂၀၂၀ ပြည့်နှစ်အထိ ရခိုင်လူထုနှင့် အနီးကပ်ဆုံး ရှိနေခဲ့သည့် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့ (IOM) ၏ ထိုအချိန်က စီမံကိန်းမန်နေဂျာဖြစ်သူ ပေါလ်ဂရင်းနင်းက ဧပြီလ ၂၂ ရက်နေ့တွင် BBC သတင်းဌာနနှင့် အင်တာဗျူး၌ ပြောဆိုခဲ့ခြင်း ဖြစ်ပုံရ၏။
(ပြီးပါပြီ)
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
မောင်တောတိုက်ပွဲနှင့် မွတ်စလင် ပျူစောထီးများ အပိုင်း ၁
ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေ ဘာလဲ ဘယ်လဲ
ရိုဟင်ဂျာအရေး ရေရှည်အကျိုး မျှော်ကိုး၍ ဆောင်ရွက်သင့်ပြီ
စစ်ကောင်စီက ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးကို လူမျိုးရေးနှင့် လှည့်တိုက်နေ
ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို
ရိုဟင်ဂျာကိစ္စ ဖြေရှင်းနိုင်ဖို့စွမ်းရည် AA မှာပဲရှိတယ် (ရုပ်/သံ)