အမြဲလိုလို ပြုံးနေတတ်တဲ့ ဒါရိုက်တာ ဖေမောင်စိမ်းကို ချစ်ခင်သူတွေက ‘ကိုစိမ်း’ လို့ ခေါ်ကြပါတယ်။ နာရေးဓာတ်ပုံတွေမှာ မြင်တွေ့ရတဲ့ ပြုံးရိပ်တစွန်းတစမှ မကျန်တော့တဲ့ ကိုစိမ်းရဲ့မျက်နှာဟာ အကျဉ်းကျစဉ် ကာလတလျှောက် သူကြုံတွေ့ခဲ့ရတဲ့ နာကျင်ပင်ပန်းမှုတွေကို ထင်ဟပ်နေပါတယ်။
တကယ်တော့ ကြုံသင့်လို့ ကြုံခဲ့ရတဲ့ နာကျင်ပင်ပန်းမှုတွေမှ မဟုတ်ခဲ့ပါဘူး။ ကိုစိမ်းကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ ရိုက်ကူးရေးတာဝန်ခံလို့ စစ်ကောင်စီက စွပ်စွဲပြီး ၂၀၂၂ ခုနှစ်မှာ ဖမ်းဆီးခဲ့ပါတယ်။ တကယ်တော့ ဒါဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သာ ဖြစ်ပါတယ်။
ကင်မရာကိုင်တာ ရာဇဝတ်မှုလား၊ ဖြစ်ရပ်မှန်တွေကို လူတွေသိအောင်ပြောတာ ရာဇဝတ်မှုလား၊ အမှောင်ခေတ်ကို မှတ်တမ်းတင်ဖို့ ကြိုးစားတာဟာ ရာဇဝတ်မှုတဲ့လား။
မြန်မာ့မှတ်တမ်းရုပ်ရှင်လောကမှာ အစောဆုံးလို့ဆိုရမယ့် AV Media မှာ ဗီဒီယိုအယ်ဒီတာအဖြစ်နဲ့ အလုပ်လုပ်လာခဲ့တဲ့ နောက်ပိုင်းကစပြီး ကိုစိမ်းဟာ မြန်မာပြည်ထဲက အရေးကြီးတဲ့ ဖြစ်ရပ်အတော်များများကို မှတ်တမ်းတင် ရုပ်ရှင်ရိုက်ကူးသူ ဖြစ်လာခဲ့တယ်။
သူဟာ ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းရဲ့ ပထမဆုံးရုပ်ရှင်သင်တန်းကို ၂၀၀၅ ခုနှစ်က တက်ရောက်ခဲ့သူဖြစ်ပြီး ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းနဲ့ တွဲဖက်ပြီး မှတ်တမ်းရုပ်ရှင်ပေါင်းများစွာကို ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သင်တန်းဆရာတဦးအနေနဲ့လည်း မျိုးဆက်သစ် မှတ်တမ်းရုပ်ရှင်သမားများစွာကို သင်ကြားပေးခဲ့ပါတယ်။
သူဟာ ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းရဲ့ ပထမဆုံးရုပ်ရှင်သင်တန်းကို ၂၀၀၅ ခုနှစ်က တက်ရောက်ခဲ့သူဖြစ်ပြီး ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းနဲ့ တွဲဖက်ပြီး မှတ်တမ်းရုပ်ရှင်ပေါင်းများစွာကို ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။ သင်တန်းဆရာတဦးအနေနဲ့လည်း မျိုးဆက်သစ် မှတ်တမ်းရုပ်ရှင်သမားများစွာကို သင်ကြားပေးခဲ့ပါတယ်။
ကိုစိမ်းရဲ့ မိတ်ဆွေရင်း အမျိုးသမီး မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ မအေးဆေး (အမည်လွှဲ) ကတော့ ကိုစိမ်းကို စတွေ့တုန်းက အချိန်အခိုက်အတန့်လေးကအစ အခုထိ မှတ်မိနေသေးတယ်လို့ လွမ်းဆွတ်စကားဆိုပါတယ်။
ကိုယ့်ဇာတ်ကောင် protagonist နဲ့ စကားပြောဖို့ နည်းလမ်းကောင်းတွေ ကိုစိမ်း အကြံပေးဦးဆိုတော့ မျက်မှန်ကိုဖယ်ပြီး ကျမကို ကြည့်လိုက်တဲ့ အကြည့်နဲ့ အဲဒီ မျက်လုံးချင်းဆုံလိုက်တဲ့ တခဏ မှာပြောလိုက်တဲ့စကားကို အခုထိ မမေ့ဘူး။ ညည်းမျက်မှန်ကိုချွတ်ပြီး ကိုယ့်ဇာတ်ကောင်နဲ့ မျက်လုံးချင်းဆုံအောင်ကြည့်တဲ့”
မအေးဆေးအတွက်တော့ ကိုစိမ်းက စံနမူနာကောင်းတွေ ပေးနိုင်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာကောင်းတယောက် ဖြစ်ခဲ့ပါတယ်။ “မှတ်တမ်းရုပ်ရှင်ရဲ့ တကယ့်အနှစ်သာရကို ကိုစိမ်းက ကောင်းကောင်းကြီး ဖမ်းဆုပ်ထားနိုင်ပြီး သူ့နဲ့တွဲလုပ်တဲ့သူတွေ၊ သူ့သင်တန်းသားတွေရဲ့ တကယ့်စံနမူနာလည်း ဖြစ်တယ်။ အရုပ်ကတ်တကတ် ကောင်းကောင်းရဖို့ကို သူအားထုတ်ပုံက တကယ်အံ့မခန်းပဲ။ အဖြစ်အပျက်တွေကို စောင့်တဲ့နေရာမှာ စိတ်ရှည်ဖို့၊ ပတ်ဝန်းကျင်နဲ့ ကိုယ်ရဲ့ဇာတ်ကောင်ကို သေချာနားလည်ဖို့ ဘယ်လို သဘာဝကျကျ ချဉ်းကပ်ရမလဲဆိုတာတွေ အများကြီးရခဲ့တယ်” လို့ ပြောပါတယ်။
ကိုစိမ်းဟာ တိုင်းရင်းသားဒေသမှာရော ရန်ကုန်မှာပါ ရုပ်ရှင်သင်တန်းပေါင်း မြောက်များစွာပေးခဲ့ပြီး လူငယ်တွေကြားမှာ မှတ်တမ်းရုပ်ရှင်ရိုက်ကူးနည်း အနုပညာကို ဖြန့်ဝေခဲ့သူတဦးလည်း ဖြစ်ပါတယ်။ ကိုစိမ်းနဲ့ အနီးကပ် အလုပ်လုပ်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ အမျိုးသမီးတယောက်က “ကိုစိမ်းဟာ Documentary ကို အနုပညာမြောက် တင်ဆက်ချင်သူတဦးဖြစ်ပြီး သူ့ရဲ့သင်တန်းတိုင်းမှာ Story မှာ Issue မကပ်ဖို့၊ ရသဆန်တဲ့ အမြင်၊ အနုပညာအမြင်နဲ့ လူသားဆန်မှုတွေကို အလေးပေးသင်ကြားခဲ့သူ ဖြစ်တယ်” လို့ဆိုပါတယ်။
မြန်မာနိုင်ငံတွင်းက ဗီဒီယိုဂျာနယ်လစ်တဦးကလည်း “သူက ကျနော် အားကျရတဲ့သူပါ။ သူရဲ့ ဗီဒီယိုမဂ္ဂဇင်းကို ကြည့်ရတဲ့အခါ ကျနော်လုပ်ချင်တာ ဒါမျိုးတွေလို့ သိလာရတယ်။ အဲဒီအချိန်က ကျနော်ဟာ ရုပ်သံတွေကို ဖန်တီးလိုစိတ် ပြင်းပြပေမယ့် ကျနော့်မှာ ဘာအတတ်ပညာမှ မရှိပါ။ သူ့ကို အားကျနေရုံမျှသာ ဖြစ်ခဲ့ရတယ်။ ကျနော်ရုပ်သံပညာကို ဆည်းပူးဖန်တီးခွင့်ရတဲ့အခါ သူ့လက်ရာတွေကို အားကျ အတုယူခဲ့ရပါတယ်။ သူဟာ ကျနော်ထက် အသက် ၂၀ ငယ်ပေမယ့် ကျနော် အားကျအတုယူခဲ့ရတဲ့ ကျနော့်ရဲ့ မြင်ဆရာပါ” လို့ ပြောပါတယ်။
တခါက ကဗျာဆရာ၊ သတင်းစာဆရာ၊ ဓာတ်ပုံဆရာ၊ စာရေးဆရာ ဆရာမတွေနဲ့ ကိုစိမ်းတို့ ရိုက်ကူးသူအဖွဲ့တွေဟာ ဧရာဝတီမြစ် တနံတလျားကို သင်္ဘောတစီးနဲ့ အတူဆန်တက်ခဲ့ကြပြီး မြစ်ဆုံဆည်စီမံကိန်းကြောင့် ခြိမ်းခြောက်ခံနေရတဲ့ မိခင်ဧရာဝတီအကြောင်းကို The River Our Ayeyarwaddy အမည်နဲ့ မှတ်တမ်းတင်ခဲ့ကြဖူးပါတယ်။
တခါက ကဗျာဆရာ၊ သတင်းစာဆရာ၊ ဓာတ်ပုံဆရာ၊ စာရေးဆရာ ဆရာမတွေနဲ့ ကိုစိမ်းတို့ ရိုက်ကူးသူအဖွဲ့တွေဟာ ဧရာဝတီမြစ် တနံတလျားကို သင်္ဘောတစီးနဲ့ အတူဆန်တက်ခဲ့ကြပြီး မြစ်ဆုံဆည်စီမံကိန်းကြောင့် ခြိမ်းခြောက်ခံနေရတဲ့ မိခင်ဧရာဝတီအကြောင်းကို The River Our Ayeyarwaddy အမည်နဲ့ မှတ်တမ်းတင်ခဲ့ကြဖူးပါတယ်။
မကြာသေးခင်ကမှ ကွယ်လွန်ခဲ့တဲ့ စာရေးဆရာ ကဗျာဆရာ ညီပုလေးရဲ့ ကဗျာရှည်တပုဒ် နောက်ခံနဲ့အတူ မြန်မာနိုင်ငံရဲ့ ပင်မကျောရိုး မြစ်ကြီးဧရာဝတီရဲ့ ခမ်းနားမှု၊ ဆန်းပြားမှု၊ အရေးပါမှု၊ ဖျားနာမှုတွေကို ရသမြောက်စွာ ရိုက်ကူးနိုင်ခဲ့ပါတယ်။ သမ္မတဦးသိန်းစိန် လက်ထက်မှာ မြစ်ဆုံစီမံကိန်းကို ယာယီရပ်ဆိုင်းထားနိုင်ခဲ့တာဟာ ဒီလို ကြိုးပမ်းမှုတွေရဲ့ ရလဒ်တခုလို့ ဆိုကောင်းဆိုနိုင်ပါလိမ့်မယ်။
ဝသန်ရုပ်ရှင်ပွဲတော် ၂၀၁၃ မှာ ပြသခဲ့တဲ့ မှတ်တမ်းရုပ်ရှင် The River Our Ayeyarwaddy ဟာ ကိုစိမ်း ချန်ထားခဲ့တဲ့ ရုပ်ရှင်တွေထဲက တန်ဖိုးမဖြတ်နိုင်တဲ့ ရုပ်ရှင်အမွေအနှစ်တခုအနေနဲ့ စိမ်းလန်းဆဲပါပဲ။
ကိုစိမ်း တွဲဖက်ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ Nargis-when time stopped breathing ရုပ်ရှင်ဟာ Mumbai International Film Festival 2012 မှာ ဆုရရှိခဲ့ပြီးတော့ ဆုရွေးချယ်ရေးအဖွဲ့ဝင်တဦးက “နိုင်ငံရေး၊ လူ့အဖွဲ့အစည်းအရေး၊ လောကီအရေး အရှုပ်ထုတ်ဇာတ်တွေကို ကျော်လွန်ပြီး သီချင်းတပုဒ်လို ရဲဝံ့ ပေါ့ပါးစွာ တင်ပြထားတဲ့ ရုပ်ရှင်ကားတကား” လို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။
ကိုစိမ်းဟာ ဖခင်ဖြစ်သူ ကာတွန်းဆရာကြီး ဦးဖေသိန်း အကြောင်းကိုလည်း “ရယ်စရာလို့တော့ မထင်နဲ့” ဆိုတဲ့ အမည်နဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့ပါသေးတယ်။
ကိုစိမ်းဟာ ဖခင်ဖြစ်သူ ကာတွန်းဆရာကြီး ဦးဖေသိန်း အကြောင်းကိုလည်း “ရယ်စရာလို့တော့ မထင်နဲ့” ဆိုတဲ့ အမည်နဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့ပါသေးတယ်။
အကျဉ်းစံနေ့ရက်တွေကို လူ့ဂုဏ်သိက္ခာမဲ့စွာ ဖြတ်သန်းခဲ့ရတဲ့ ကိုစိမ်းရဲ့ဖြစ်စဉ်ဟာ မြန်မာနိုင်ငံရဲ့ အမှောင်ခေတ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ မှတ်တမ်းတင်နေကြတဲ့ မှတ်တမ်းရုပ်ရှင်သမားတွေ၊ သတင်းသမားတွေ၊ ဓာတ်ပုံသတင်းထောက်တွေ အတော်များများကြားမှာ နက်နက်ရှိုင်းရှိုင်း ရိုက်ခတ်ခဲ့ပါတယ်။
“၂၀၂၄ ဧပြီလတုန်းက ထောင်ထဲမှာ အရိုးတီဘီနဲ့ အောက်ပိုင်းသေသွားတာလေ။ (ထောင်အာဏာပိုင်တွေက) ဆေးကုသခွင့်မပေးဘဲ ပစ်ထားခဲ့လို့ မသေသသင့်ပဲ သေရတာပါ” လို့ ကိုစိမ်းရဲ့ မိတ်ဆွေရင်းချာတယောက်က မချိတင်ကဲ ဝမ်းနည်းစကား ဆိုခဲ့ပါတယ်။
ကိုစိမ်းရဲ့မိတ်ဆွေရင်း မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ တဦးဖြစ်တဲ့ ရှင်ဒေဝီဟာလည်း တသက်တကျွန်း ထောင်ဒဏ်နဲ့ ထိန်းသိမ်းခံထားရပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်းမှာ သေဆုံးခဲ့ရတဲ့ သတင်းမီဒီယာသမားတချို့လည်း ရှိနေခဲ့၊ ရှိနေဆဲပါပဲ။
အာဏာပိုင်တွေက ပြင်းပြင်းထန်ထန် နှိပ်ကွပ်နေတဲ့ကြားက အသက်အိုးအိမ်ကို ပဓာနမထားဘဲ စစ်ကောင်စီလက်အောက်က အမှောင်ခေတ်ကို မှတ်တမ်းတင်နေကြတဲ့ မှတ်တမ်းရုပ်ရှင်သမားတွေ၊ သတင်းသမားတွေ၊ ဓာတ်ပုံသတင်းထောက်တွေဟာ လျော့သွားတယ်ရယ်လို့ မရှိပါဘူး။
တချိန်က ကိုစိမ်း ဖန်တီးခဲ့တဲ့ မှတ်တမ်းရုပ်ရှင်တွေနဲ့ သူသင်ကြားပေးခဲ့တဲ့ မျိုးဆက်သစ် မှတ်တမ်းရုပ်ရှင်သမားတွေကြောင့် မှတ်တမ်းရုပ်ရှင်လောကဟာ အမြဲစိမ်းလန်းနေဦးမှာ သေချာပါတယ်။
You may also like these stories:
ဆုရ ရုပ်ရှင်ဒါရိုက်တာ ရှင်ဒေဝီကို စစ်ကောင်စီက ထောင်ဒဏ် တသက်ချ
စစ်အာဏာသိမ်းမှုအောက်က တော်လှန်အနုပညာရှင်များ
ဘာလင်ရုပ်ရှင်ပွဲတော် မှတ်တမ်းရုပ်ရှင်ဆု
BC မသိလို့ Boycott လုပ်ခံရတော့မယ့် အဆိုတော်လေးဖြူ
ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး
စာရေးဆရာ ညီပုလေး အတွက် သူတို့ရဲ့ ဝမ်းနည်းစကား