• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

ဒီပဲယင်း…

by စိုးအောင်ဆန်း
25 August 2024
in Culture, Weekend Reading, ဆောင်းပါး
A A
ဒီပဲယင်း…
2.2k
VIEWS
Share on FacebookShare on Twitter

ဒီမြို့မှာ
အံကြိတ်ရ တက်ခေါက်ရတဲ့
အဖြစ်အပျက်တွေ ရှိခဲ့တယ်…။

ကဗျာဆရာ လှသန်း ရဲ့ ကြည်မောင်သန်း ကလောင်အမည် နဲ့ ဒီပဲယင်း ကို ဖွဲ့တဲ့ “ဒီပရင်္ဂ” ကဗျာထဲက လက်သီးကို ကျစ်ကျစ်ဆုပ်ပြီး ရွတ်ဖတ်ရတဲ့ စာကြောင်းလေးတွေ…။

RelatedPosts

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

14 July 2025
881
NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

NVIDIA က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၄ ထရီလျံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

13 July 2025
668
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
378

မကြာသေးခင် ရက်ပိုင်းက နွေဦး တော်လှန်ရေး တပ်ဖွဲ့တွေ ဒီပဲယင်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့ လက်သီးဆုပ်လိုက် မိသေးတယ်။

ဒီပဲယင်းကို မျက်ရည်တွေ၊ သွေးတွေနဲ့ လိမ်းကျံ စွန်းထင်းစေခဲ့တဲ့ ရာဇဝင်ကြွေးကို တော်လှန်ရေး တပ်ဖွဲ့တွေက ပြန်လည် တောင်းယူနေပြီလို့…။

၂၀၂၂ ခုနှစ် စက်တင်ဘာလ အတွင်း စကစ စစ်တပ်က ရဟတ်ယာဉ်နဲ့ ပစ်ခတ် တိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ဒီပဲယင်း မြို့နယ် လက်ယက်ကုန်း ရွာက သွေးစွန်း နေ့ရက်တွေဟာ မြန်မာပြည်သူတွေရဲ့ မှတ်ဉာဏ်ထဲ၊ နှလုံးသားထဲမှာ ရှိနေကြဆဲ ဖြစ်မှာပါ။

ကျည်ရာတွေ ဗရပွနဲ့ ပျက်စီးသွားတဲ့ စာသင် ကျောင်းကလေး နဲ့ သွေးစွန်း ကျောင်းလွယ်အိတ်ကလေးတွေ၊ ဖိနပ် ကလေးတွေ၊ ကျောင်းစာအုပ်ကလေးတွေနဲ့ သေဆုံး ဒဏ်ရာရ ကလေးငယ်လေးတွေ ရဲ့ ပုံရိပ်တွေ၊ စကားသံတွေက အံကြိတ် လက်သီးဆုပ် တက်ခေါက်မိတဲ့ ဖြစ်စဉ်တွေပါပဲ။

“မေမေ သားကို သတ်သာ သတ်ပစ်လိုက်ပါတော့၊ ဒီ ဒဏ်ရာကြီးနဲ့ နာလှပြီ” ဆိုတဲ့ သေအံ့မူးမူး ကလေးငယ်လေး ရဲ့ အသံဟာ ကြားရသူတိုင်း ရင်မချိဖွယ်ပါ။

အဲဒီ ဖြစ်စဉ်မှာ ကလေးငယ် ၇ ဦးအပါအဝင် ၁၃ ဦးခန့် သေဆုံးခဲ့တယ်လို့ အခိုင်အမာ သတင်း ထုတ်ပြန်ချက်တွေ ရှိခဲ့ပေမယ့် စစ်ကောင်စီက သူတို့ လက်ချက်မဟုတ်ကြောင်း ငြင်းဆို ဗြောင်လိမ်ခဲ့ပါတယ်။

အခု လာမယ့် စက်တင်ဘာ ၁၆ ရက်ဆိုရင် လက်ယက်ကုန်း ဖြစ်စဉ်ဟာ ၂ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

ဒီမြို့မှာ

သစ္စာဖောက်တွေ အတောင်ပေါက်ခဲ့ကြတယ်…။

…………..

ဒီမြို့မှာ

အမျိုးသမီး တယောက်

သေကံမရောက် သက်မပျောက် ဖြစ်ခဲ့ရတယ်…။

ဒီပဲယင်းမှာပဲ နအဖ စစ်အစိုးရ လက်ထက် ၂၀၀၃ မေ ၃၀ က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဦးတင်ဦးတို့ တကယ်ပဲ သေကံမရောက် သက်မပျောက် လုပ်ကြံခံရတဲ့ သမိုင်းလည်း ရှိခဲ့တယ်…။

NLD အဖွဲ့ဝင်တွေ အပါအဝင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦးတို့ ဦးဆောင်လာတဲ့ ယဉ်တန်းကို အဲဒီအချိန် စစ်ခေါင်းဆောင်ရဲ့ အမိန့်နဲ့ ကြံ့ခိုင်ရေး အဖွဲ့ဝင်တွေ၊ စွမ်းအားရှင်တွေက အသေသတ် တိုက်ခိုက်တဲ့ ရာဇဝင် အမည်းစက် ဟာလည်း ဖျက်မရတဲ့ အံကြိတ် တက်ခေါက်ရတဲ့ ဖြစ်စဉ်တွေပါပဲ။

စစ်ထောက်လှမ်းရေးရဲ့ အစီရင်ခံစာ တခုမှာလည်း အဲဒီ လုပ်ကြံမှုဟာ စစ်တပ် ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ရေး နဲ့ စွမ်းအားရှင်တို့ လက်ချက် ဖြစ်တယ်လို့ ဖော်ပြထားတာ ဖတ်ရပါတယ်။

ဒီပဲယင်း ဖြစ်စဉ်မှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကား ယာဉ်မောင်း ကိုကျော်စိုးလင်းကလည်း သူတို့ကို နောက်ကနေ တုတ်တွေနဲ့ ပိတ်ပြီး လိုက်ရိုက်နေတာ၊ ကားတွေနဲ့ ပိတ်ထားတာ၊ သံဆူးကြိုး ဘယ်ရီယာတွေ ကာထားတာ၊ ရဲတွေစောင့်နေတာ၊ ကွင်းတခုထဲမှာ ဆလိုက်မီးတွေ ဆင်ပြီး စောင့်နေတာတွေကို တွေ့ခဲ့ရတယ်လို့ မီဒီယာတွေကို ပြောပြထားပါတယ်။

အဲဒီအချိန်က စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ကတော့ သူ့ရဲ့ ၂၀၁၅ ဖေဖော်ဝါရီမှာ ထုတ်တဲ့ “ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ” စာအုပ်ထဲမှာ ဒီပဲယင်း လုပ်ကြံမှုကို ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေက ညွှန်ကြားခြင်း ဖြစ်ပြီး သူက မလုပ်သင့်ကြောင်း တင်ပြခဲ့လို့ သူ့ကို တာဝန်မပေးဖြစ်ပါလို့ ဆိုထားပါတယ်။

နအဖ အတွင်းရေးမှူး (၂) ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း (ကွယ်လွန်) နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့် တို့ကို တာဝန် ပေးခဲ့တယ် လို့လည်း ဆိုပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း ရဲ့ “မမျှော်လင့်သော ခရီးရှည်” စာအုပ်ထဲမှာတော့ ဒီပဲယင်း ဖြစ်စဉ်ဟာ NLD နဲ့ ကြံ့ခိုင်ရေး ကြားက အားပြိုင်မှု ဖြစ်စဉ် ဖြစ်ပြီး သူက ပဲလှော်ကြား ဆားညပ်တယ် ဆိုတဲ့ သဘောနဲ့ ခေါင်းရှောင်ထားပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် ဒီပဲယင်း လုပ်ကြံမှုမှာ ကြံ့ခိုင်ရေး နဲ့ စွမ်းအားရှင် အပါအဝင် လူပေါင်း ၅၀၀၀ ခန့်ရဲ့ တိုက်ခိုက်ခြင်း ခံရပြီး NLD အဖွဲ့ဝင်တွေ အပါအဝင် လူ ၇၀ ခန့် သေဆုံးခဲ့ကြောင်း အစီရင်ခံစာများအရ သိရပါတယ်။

ရိုက်နှက် တိုက်ခိုက်ခံရပေမယ့် သေကံမရောက် သက်မပျောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး နဲ့ NLD အဖွဲ့ဝင်တွေကိုလည်း ဖမ်းဆီး အကျဉ်းချ၊ NLD ရုံးချုပ်ကို ချိတ်ပိတ်တာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။

အခုဆိုရင် ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှုဟာ ၂၁ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဒီပဲယင်းဟာ နိုင်ငံတဝန်း တောင်သူလယ် သမားတွေကို ခေါင်းဆောင်ပြီး ကိုလိုနီ နယ်ချဲ့ကို တော်လှန်တိုက်ပွဲဝင် သူရဲကောင်း ဂဠုန် ဆရာစံ ရဲ့ ဇာတိ ချက်ကြွေ မွေးရပ်မြေ၊ အင်္ဂလိပ် နယ်ချဲ့ကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း အသက် စတေးသွားရတဲ့ စစ်သူကြီး မဟာဗန္ဓုလ မြို့ဝန် အဖြစ် တာဝန် ထမ်းရွက်ခဲ့တဲ့ မြို့လည်း ဖြစ်ပါတယ်။

အဲဒီအပြင် ဒီပဲယင်းဟာ စစ်ကိုင်းတိုင်း ရွှေဘို ခရိုင်အတွင်းက မြို့တမြို့လည်း ဖြစ်ပေရာ ရွှေဘိုဟာ တတိယ မြန်မာ နိုင်ငံတော် တည်ထောင်ခဲ့တဲ့ ကုန်းဘောင်ခေတ် အလောင်းမင်းတရား ဦးအောင်ဇေယျ ရဲ့ အောင်မြေ နန်းစိုက်ရာ ၅ မည်ရ မြို့ ဖြစ်ပါတယ်။

သတင်းစာ ဆရာကြီး အိုးဝေ ဦးညိုမြ ရေးသား ပြုစုခဲ့တဲ့ “ကုန်းဘောင် ရှာပုံတော်” စာအုပ်ထဲမှာ –

“အလောင်းမင်းတရား တည်ထောင်ခဲ့သော ပြည်ရွှေဘိုမှာ ၅ မည် ရခဲ့ရာ (၁) ကုန်းဘောင် နေပြည် (၂) ရန်ကြီးအောင် (၃) ရတနာသင်္ခ (ရတနာသိင်္ဃ) (၄) မုဆိုးဘို (မုဆိုးဖို) (၅) ရွှေဘို ဟူ၍ ဖြစ်သည်” လို့ ဖော်ပြထားပါတယ်။

စာပေပညာရှင် စာရေးဆရာကြီး တိုက်စိုးရဲ့ “ဧရာဝတီ” အမည်ရှိ စာအုပ်မှာလည်း –

“သူသည် မုဆိုးဖိုတွင် ကျုံးမြောင်းနန်းမြို့ တည်၍ ရတနာသိင်္ဃ ကုန်းဘောင်မြို့ ဟူ၍ သမုတ်လေသည်။ ထိုမြို့သည် နောင်အခါ ရွှေဘို ဟု ကျော်ကြား၏။” လို့ ဖော်ပြ ပါရှိပါတယ်။

တကယ်တော့ ဒီပဲယင်းဟာ သမိုင်း အစဉ်အလာ ရှိတဲ့၊ သမိုင်း တန်ဖိုးကြီးတဲ့ နယ်မြေတခု ဖြစ်ပေမယ့် စစ်အာဏာရှင် တွေရဲ့ အကြမ်းဖက် ရက်စက် ကြမ်းကြုတ်မှုတွေကြောင့် သွေးစွန်းခဲ့ရတဲ့ ဒေသ ဖြစ်ခဲ့ရပါတယ်။

ဒီမြို့မှာ

အံကြိတ်ရ တက်ခေါက်ရတဲ့

အဖြစ်အပျက်တွေ ရှိခဲ့တယ်…။ ။

Your Thoughts …
Tags: NLDကြံ့ခိုင်ရေးစစ်အာဏာရှင်ဒီပဲယင်းဒေါ်အောင်ဆန်းစုကြည်နအဖရွှေဘိုလက်ယက်ကုန်း
စိုးအောင်ဆန်း

စိုးအောင်ဆန်း

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.3k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.3k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.5k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.5k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
ရှမ်းနဲ့ ရခိုင် မှတ်ပုံတင်တွေ ကားလက်မှတ် မရောင်းပေး (ရုပ်/သံ)

ရှမ်းနဲ့ ရခိုင် မှတ်ပုံတင်တွေ ကားလက်မှတ် မရောင်းပေး (ရုပ်/သံ)

AA ကို ပြန်တိုက်ရန် ARSA နှင့် ပူးပေါင်းခဲ့ကြောင်း ဖမ်းမိ ဗိုလ်မှူး ဝန်ခံ

AA ကို ပြန်တိုက်ရန် ARSA နှင့် ပူးပေါင်းခဲ့ကြောင်း ဖမ်းမိ ဗိုလ်မှူး ဝန်ခံ

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

1 week ago
8.9k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

6 days ago
4.5k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate