မြန်မာစစ်ကောင်စီ ပြိုလဲလုနီး ဖြစ်လာစဉ် တရုတ်သည် စစ်ဖြစ်နေသော မြန်မာတွင် ဘေ့ဂျင်း၏ အကျိုးစီးပွားများကို အကာအကွယ်ပေးမည့် ကြိုတင်ခန့်မှန်းနိုင်သော အစိုးရဖြစ်လာစေရန် ရွေးကောက်ပွဲ ကျင်းပရေး အတင့်ရဲသော အာဏာ ကစားကွက် ရွှေ့နေသည်ဟု ကျွမ်းကျင်သူများက ပြောသည်။
တွက်ချက်မှုက ရှင်းသည်။ စစ်ကောင်စီသည် ပြင်းထန်သော ပုန်ကန်မှုကြောင့် နယ်မြေများကို အကြီးအကျယ်ဆုံးရှုံးနေစဉ် တရုတ်သည် မည်သည့်ရလဒ် ထွက်ပေါ်လာသည်ဖြစ်စေ စစ်ကောင်စီကို နေရာပေးလိုကြောင်း ထင်ရှားသည်။
“မြန်မာဗိုလ်ချုပ်တွေ အနိုင်မရနိုင်သလို နာလန်မထူနိုင်တော့တဲ့နှုန်းနဲ့ ရှုံးနိမ့်နေတယ်” ဟု ဝါရှင်တန်ရှိ အမျိုးသားစစ်ကောလိပ် ပါမောက္ခ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ ဇာကာရီ အဘူဇာ ပြောသည်။ “(ဒါပေမယ့်) ဘေ့ဂျင်းက စစ်တပ်ကို စားပွဲဝိုင်းမှာ နေရာတခု ရစေချင်တယ်” ဟု သူပြောသည်။
ယခုလ ထိုင်းနိုင်ငံသို့ ခရီးတခုတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဘေ့ဂျင်းသည် မြန်မာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ခံကြောင်းနှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေးအတွက် ကူညီမည်ဖြစ်ကြောင်း ပြောသည်။ စစ်ကောင်စီအာဏာချုပ်ကိုင်မှု ဆုံးရှုံးနေကြောင်း တိတ်တဆိတ် ဝန်ခံခြင်းဖြစ်သည်။
ယခုလ ထိုင်းနိုင်ငံသို့ ခရီးတခုတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဘေ့ဂျင်းသည် မြန်မာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထောက်ခံကြောင်းနှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေးအတွက် ကူညီမည်ဖြစ်ကြောင်း ပြောသည်။ စစ်ကောင်စီအာဏာချုပ်ကိုင်မှု ဆုံးရှုံးနေကြောင်း တိတ်တဆိတ် ဝန်ခံခြင်းဖြစ်သည်။
ထိုခရီးစဉ်မတိုင်မီက ဝမ်သည် နေပြည်တော်တွင် ဗိုလ်ချုပ်များနှင် တွေ့ဆုံခဲ့သည်။ မြန်မာစစ်တပ်က လာမည့်နှစ်တွင် ကျင်းပရန် ကတိပြုသည့် ရွေးကောက်ပွဲမတိုင်မီ သန်းခေါင်စာရင်းကောက်ရာတွင် နည်းပညာနှင့် အကူအညီပေးမည်ဟု တရုတ်ကပြောကြောင်း စစ်ကောင်စီမီဒီယာက ကြေညာသည်။
သို့သော် ဘေ့ဂျင်း၏ ကစားပွဲသည် ရှည်လျားသော အရှုပ်အထွေးများနှင့် ရင်ဆိုင်နေရသည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် အဝေးရောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသည့် အမျိုးသား ညီညွတ်ရေး အစိုးရသည် စစ်တပ် လုံးဝ ရှုံးနိမ့်အောင်တိုက်ပြီး စစ်ကောင်စီ၏ ရွေးကောက်ပွဲများတွင် မည်သူမျှ မပါဝင်စေရန် ရည်ရွယ်သည်ဟု အဘူဇာပြောသည်။ စစ်မြေပြင်တွင် ရှုံးနိမ့်နေသော်လည်း စစ်တပ်သည် အာဏာစွန့်လွတ်ရန် မရည်ရွယ်ပေ။
ယခုလအစောပိုင်းတွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် MNDAA က မြန်မာစစ်တပ်၏ အဓိကကျသော လားရှိုးရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်လိုက်သောကြောင့် အဓိကကျသည့် အောင်ပွဲဖြစ်လာသည်။
ရှမ်းပြည်မြောက်ပိုင်းမှ သေနင်္ဂဗျူဟာကျသည့် ထိုမြို့ကို သိမ်းပိုက်လိုက်ခြင်းသည် လွန်ခဲ့သောနှစ် အောက်တိုဘာလတွင် ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် အကြီးမားဆုံးအောင်ပွဲဖြစ်သည်။ ထိုစစ်ဆင်ရေးတွင် တိုင်းရင်းလက်နက်ကိုင်အဖွဲ့အစည်း ညီနောင်မဟာမိတ် ၃ ဖွဲ့သည် ထိုဒေသတွင် ညှိနှိုင်းထိုးစစ်ဆင်ကြသည်။
စစ်ကောင်စီ အာဏာချုပ်ကိုင်မှု အားနည်းလာခြင်းကို ဘေ့ဂျင်းက ပိုမိုရှင်းလင်းစွာ မြင်လာကြောင်း အဘူဇာပြောသည်။ ဘေ့ဂျင်းသည် ကြိုတင်ခန့်မှန်းနိုင်မှု တစုံတရာရှိစေရေးအတွက် အနာဂတ်အစိုးရတွင် စစ်တပ်က ကိုယ်စားပြုမှု ရစေလိုကြောင်း သူပြောသည်။
“ပြည်တွင်းစစ်မှာ အတိုက်အခံတွေ အနိုင်ရသွားနိုင်တယ်ဆိုတာက ဘေ့ဂျင်းကို ခြောက်လှန့် နေတယ်။ စစ်တပ်ရှုံးနိမ့်ပြီးနောက် ပေါ်ထွက်လာတဲ့ ဒီမိုကရေစီ ဖက်ဒရယ် အစိုးရက ဘယ်လိုဆောင်ရွက်မလဲဆိုတာ သူတို့မပြောနိုင်ဘူး ဖြစ်နေတယ်”
“ပြည်တွင်းစစ်မှာ အတိုက်အခံတွေ အနိုင်ရသွားနိုင်တယ်ဆိုတာက ဘေ့ဂျင်းကို ခြောက်လှန့် နေတယ်” ဟု အဘူဇာပြောသည်။ “စစ်တပ်ရှုံးနိမ့်ပြီးနောက် ပေါ်ထွက်လာတဲ့ ဒီမိုကရေစီ ဖက်ဒရယ် အစိုးရက ဘယ်လိုဆောင်ရွက်မလဲဆိုတာ သူတို့မပြောနိုင်ဘူး ဖြစ်နေတယ်” ဟု သူပြောသည်။
၎င်း၏ ဒေသတွင်း ရည်မှန်းချက်များတွင် အရေးပါသည့် ဆက်ထုံးတခုဖြစ်သည်ဟု မြန်မာကို မြင်သော တရုတ်သည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲများကို လက်ခံသည်ဟု ထင်ခြင်းမှာ ရိုးအလွန်းရာရောက်ကြောင်း သူ ဆက်လက်ပြောသည်။
ဘေ့ဂျင်း၏ စိုးရိမ်ပူပန်မှုများကို ဝမ်နှင့် မြန်မာစစ်ခေါင်းဆောင် တွေ့ဆုံအပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် အထင်အရှားတွေ့ရကြောင်း အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျုမှ မြန်မာ့ရေးရာ ဒါရိုက်တာ ဂျေဆင်တာဝါ ပြောသည်။
“အဲဒီအစည်းအဝေးနဲ့ပတ်သက်တဲ့ ကြေညာချက်မှာ တရုတ်ဟာ တရုတ်-မြန်မာပိုက်လိုင်းစီမံကိန်း လုံခြုံရေးနဲ့ စစ်ကောင်စီက တရုတ်အကျိုးစီးပွားတွေကို ကာကွယ်နိုင်စွမ်းနဲ့ပတ်သက်ပြီး စိုးရိမ်မှု ကြီးထွားနေကြောင်း ပြသနေတယ်” ဟု သူပြောသည်။ တရုတ်ဝန်ထမ်းများနှင့် စီမံကိန်းများကို ကာကွယ်စောင့်ရှောက်မည်ဟု မျှော်လင့်ကြောင်း ဝမ် ကပြောသည်ကို ရည်ညွန်းခြင်းဖြစ်သည်။
ဝမ်၏ ခရီးစဉ်သည် မြန်မာတွင် တည်ငြိမ်ရေးနှင့် လက်ရှိဖြစ်နေသည့် ပြည်တွင်းစစ်တွင် နောက်ထပ်တင်းမာမှု ရှောင်ရှားရေးကို ရည်ရွယ်သည်ဟု အမေရိကန် ပြည်ထောင်စု ဆတင်မ်ဆန် စင်တာမှ ဝါရင့်သုတေသီနှင့် တရုတ်အစီအစဉ် ဒါရိုက်တာ ယွန်ဆန်း ပြောသည်။
“တရုတ်ရဲ့လိုလားချက်ကို လူသိရှင်ကြားပြောကြားခြင်းဟာ ပဋိပက္ခမှာ ပါဝင်သူအားလုံးကို အချက်ပြလိုက်တာဖြစ်တဲ့အတွက် အရေးကြီးတယ်” ဟု သူပြောသည်။ သို့သော် မြေပြင်အခြေအနေ မတည်ငြိမ်မှုကြောင့် လာမည့်နှစ်တွင် စစ်ကောင်စီက ရွေးကောက်ပွဲများကို စီစဉ်ထားသည့်အတိုင်း အမှန်တကယ် ကျင်းပနိုင် မကျင်းပနိုင် မရေရာကြောင်း သူပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးကောက်ပွဲများကို အပိုင်းပိုင်းခွဲ ကျင်းပမည့်သဘောပြောဆိုထားသည်။ လုံခြုံသည်ဟု ယူဆသည့် နေရာများတွင် ရွေးကောက်ပွဲများ ဦးစွာကျင်းပပြီး အခြားနေရာများကို လုံခြုံအောင် ဆက်လက်ကြိုးစားမည့်သဘောဖြစ်သည်။
လာမည့်ရွေးကောက်ပွဲသည် မလွတ်လပ် မမျှတနိုင်ကြောင်း ဆန်း က ပြဿနာများသည့် ၂၀၁၀ ရွေးကောက်ပွဲကို ကိုးကားပြောကြားသော်လည်း ဖြစ်နိုင်ခြေရှိနေကြောင်း သူပြောသည်။ “လက်ရှိ နိုင်ငံရေး အကျပ်အတည်းဟာ စာမျက်နှာသစ်ကို လှန်ဖို့ အဖြေတခုလိုနေတယ်” ဟု သူပြောသည်။
၂၀၁၀ ရွေးကောက်ပွဲ၏ မျှတမှုကို ကုလသမဂ္ဂက စိုးရိမ်ပူပန်သော်လည်း နောက်ပိုင်းနှစ်များတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ရာသီဥတု အမှန်တကယ် တိုးတက်ခဲ့သည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ လွှတ်ပြီး အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းကာ ထိုစဉ်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာသို့ သမိုင်းဝင်သွားရောက်သည်။
ထိုသို့ ရွေးကောက်ပွဲကျင်းပခြင်းသည် မြန်မာ၏ ခက်ခဲကြမ်းတမ်းသော သမိုင်းမှ တွေ့မြင်နေကျ ပုစံတခုကို ထင်ဟပ်နေသည်။ ၂၀၁၀ ရွေးကောက်ပွဲ၏ မျှတမှုကို ကုလသမဂ္ဂက စိုးရိမ်ပူပန်သော်လည်း နောက်ပိုင်းနှစ်များတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး ရာသီဥတု အမှန်တကယ် တိုးတက်ခဲ့သည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ လွှတ်ပြီး အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းကာ ထိုစဉ်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာသို့ သမိုင်းဝင်သွားရောက်သည်။
ပြင်ပအင်အားစုများ
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက မြန်မာအပေါ် သူ့သဘောထားကို ရှင်းလင်းစွာပြောပြီး သြဂုတ်လ ၁၆ ရက်နေ့တွင် ဒေသတွင်း နိုင်ငံခြားရေးဝန်ကြီးများနှင့် ဘန်ကောက်တွင် တွေ့ဆုံစဉ်အတွင်း မြန်မာတွင် ပြည်ပစွက်ဖက်မှု ကင်းရမည်ဖြစ်ကြောင်း၊ ပြင်ပအင်အားစုများ ထိုးဖေါက်မှု လက်မခံကြောင်း ပြောသည်။
ဝမ်ယိသည် အနောက်နိုင်ငံများ အထူးသဖြင့် NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်များကိုထောက်ခံသည့် အမေရိကန် ပြည်ထောင်စုကို ရည်ညွန်းပြောကြားခြင်း ဖြစ်ကြောင်း ဆန်း ပြောသည်။
“အဲဒီထောက်ခံမှုဟာ တော်လှန်ရေးအင်အားစုရဲ့ စစ်ကောင်စီနဲ့ လက်နက်ကိုင် ပဋိပက္ခ ဆက်လုပ်ဖို့ စွမ်းရည်ကို မြှင့်တင်ပေးတယ်လို့ တရုတ်က မြင်တယ်” ဟု သူပြောသည်။
သို့သော် ထိုသို့ပြောဆိုခြင်းမှာ တရုတ်သည် အပြစ်တင်ရန် စိတ်ကူးယဉ် လူကြမ်းရှာသည့် ကိစ္စသာ ဖြစ်ကြောင်းပြောသည်။ NUG နှင့် တိုင်းရင်းသားလက်နက်ကိုင်များသည် အနောက်နိုင်ငံများမှ တိုက်ရိုက်အကူအညီ အနည်းငယ်သာရကြောင်း သူပြောသည်။
သို့သော် အမေရိကန် အရာရှိ ၂ ဦးသည် NUG၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ နှင့် ချင်းအမျိုးသားတပ်ဦးတို့မှ ကိုယ်စားလှယ်များနှင့် သြဂုတ်လ ၁၆ ရက်နေ့တွင် ဗီဒီယိုမှ တွေ့ဆုံခဲ့သည်။ ထိုနေ့သည် ဝမ် နှင့် မင်းအောင်လှိုင်တွေ့ဆုံသောနေ့ ဖြစ်သည်။
“မြန်မာမှာ တရုတ်လောက် ကောင်းကောင်း ဘယ်နိုင်ငံမှ နှစ်ဖက်ခွ မကစားနိုင်ဘူး။ တရုတ်က စစ်ကောင်စီကို ထောက်ခံရင်း သူတို့နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေ လက်နက်တပ်ဆင်တာကို ကူညီနေတယ်”
ထို့ကြောင့် မည်သည့်နိုင်ငံသည် ၂ ဘက်လုံးကို ခွ ကစားနေသနည်း။ “မြန်မာမှာ တရုတ်လောက် ကောင်းကောင်း ဘယ်နိုင်ငံမှ နှစ်ဖက်ခွ မကစားနိုင်ဘူး။ တရုတ်က စစ်ကောင်စီကို ထောက်ခံရင်း သူတို့နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်တွေ လက်နက်တပ်ဆင်တာကို ကူညီနေတယ်” ဟု အဘူဇာ ပြောသည်။
ပွဲသိမ်းကစားကွက်အဖြစ် မြန်မာ၏ အနာဂတ်အတွက် ပြင်းထန်သော ပထဝီနိုင်ငံရေး လွန်ဆွဲပွဲ စင်မြင့်တခု တည်ဆောက်ထားပြီးဖြစ်သည်။
” တရုတ်က ဒီပဋိပက္ခကို နိုင်ငံတကာ ပြဿနာဖြစ်အောင် မလုပ်ရေး တားဆီးဖို့ ကြိုးစားပြီး မြန်မာက ပထဝီသေနင်္ဂဗျူဟာ အကျိုးစီးပွားအတွက် ဒီပဋိပက္ခကို သူ လိုလားတဲ့လမ်းကြောင်းအတိုင်း ပုံဖေါ်ရင်း အခွင့်အလမ်း အများဆုံးရအောင် လုပ်ချင်တယ်” ဟု အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျုမှ တာဝါ ပြောသည်။
ကိုးကား။ ။ South China Morning Post ၏ China pushes to secure Myanmar military a seat at the table as junta falters
You may also like these stories:
တရုတ်ဆန့်ကျင်ရေးကို စွန့်လွှတ်ပြီး စစ်ခေါင်းဆောင်လေသံပြောင်း
ဝမ်ယိက မင်းအောင်လှိုင်ကို သတိပေးသွားသည်
အမြဲလို နွေးထွေးနေတဲ့ စစ်သွေးဆာ မြန်မာစစ်ကောင်စီနှင့် ရုရှားကြား ဆက်ဆံရေး
ရိုဟင်ဂျာအရေး ရေရှည်အကျိုး မျှော်ကိုး၍ ဆောင်ရွက်သင့်ပြီ
မြန်မာ့တော်လှန်ရေးအပေါ် အမြင်လွဲမှားမှုများ ပြောင်းလဲချိန်တန်ပြီ