• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း

by ဧရာဝတီ
31 August 2024
in စီးပွားရေး, ဆောင်းပါး
A A
စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူ ဦးကျော်ဟိန်း

ချမ်းဟိန်းကုမ္ပဏီ ပိုင်ရှင် ဦးကျော်ဟိန်းနှင့် ဇနီး ဒေါ်မြဒါယု

27.4k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများကို အဓိက ထောက်ပံ့ပေးနေသူ မန္တလေးသားတဦး ရှိသည်။ သို့သော် သူ့ကို လူသိနည်းသည်။ မြန်မာပြည် သူဌေးကြီးများက သူအား ‘ကုလား ကျော်ဟိန်း’ ဟု ခေါ်ကြသည်။ အမှန်တကယ်တွင် ဦးကျော်ဟိန်းသည် ဟိန္ဒူဘာသာဝင် မန္တလေး ဒေသခံ တဦးဖြစ်သည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) အစိုးရလက်ထက် ကာကွယ်ရေးဝန်ကြီးဌာန အောက်တွင်ရှိသော စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများကို ဦးကျော်ဟိန်းနှင့် ဦးရန်ဟိုး တို့က အဓိက ဆောက်လုပ်ခဲ့သည်။ အထူးသဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူသော စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ခဲ့သူဖြစ်သည်ဟု အဆိုပါစက်ရုံများ တည်ဆောက်ရေးတွင် ပါဝင်ခဲ့သူအချို့က ဆိုသည်။

RelatedPosts

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

Apple ကို ရှယ်ယာရှင်တွေ ပြန်တရားစွဲ

22 June 2025
34
ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
211
တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

21 June 2025
993

မန္တလေးဇာတိဖွား ဦးကျော်ဟိန်းသည် နဝတ အစိုးရလက်ထက် တပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု အရာရှိချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး တာဝန်ယူထားသူ ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

မန္တလေးဇာတိဖွား ဦးကျော်ဟိန်းသည် နဝတ အစိုးရလက်ထက် တပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု အရာရှိချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး တာဝန်ယူထားသူ ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

နဝတ အစိုးရလက်ထက်တွင် ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးသည့် တပ်မတော် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု အရာရှိချုပ် ဖြစ်လာပြီးနောက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များ တည်ဆောက်ရာတွင် စစ်အင်ဂျင်နီယာဌာနကို အသုံးမပြုတော့ပေ။

ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အလွန်ရင်းနှီးသူဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အိပ်နေသည့်အချိန်တွင်ပင် နှိုး၍ သတင်းပို့နိုင်သူ ဖြစ်သည်။ ထို့ကြောင့်လည်း ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးသည် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး ညွှန်ကြားရေးမှူး ဖြစ်လာသည့်အခါ သူနှင့်ရင်းနှီးသော မိတ်ဆွေများအား ကပစ စက်ရုံများ ဆောက်လုပ်ရန် တာဝန်ပေးခဲ့သည်။

ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးသည် စစ်လက်နက်ပစ္စည်းစက်ရုံများ တည်ဆောက်ရန် ဦးကျော်ဟိန်း ကို တာဝန်ပေးလာသည့်အတွက် ဦးကျော်ဟိန်းနှင့် ဦးရန်ဟိုးတို့သည် ကပစ စက်ရုံများ တည်ဆောက်ရန် Asia Metal Company (AMC) ကုမ္ပဏီကို တည်ထောင်ခဲ့သည်။

ထို့နောက် နဝတ အစိုးရလက်ထက်တွင် စစ်လက်နက်ပစ္စည်း စက်ရုံများကို အဆိုပါကုမ္ပဏီက ဆောက်လုပ်ခဲ့သည်။ အထူးသဖြင့် တရုတ်နိုင်ငံမှ ဝယ်ယူသော စက်ရုံများနှင့် မြောက်ကိုရီးယားနိုင်ငံက လုပ်ကိုင်သော စက်ရုံများကိုပါ AMC ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခဲ့သည်။

ကပစ စက်ရုံများ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ဘတ်ဂျက်မှာ လိုသလောက် တောင်းလို့ရသည့်အတွက် ဦးကျော်ဟိန်းနှင့် ဦးရန်ဟိုးတို့မှာ နေချင်းညချင်း ချမ်းသာလာခဲ့သည်။ မြန်မာနိုင်ငံတွင် လူမသိသူမသိ ခရိုနီများ ဖြစ်လာခဲ့သည်။

ကပစ စက်ရုံများ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ဘတ်ဂျက်မှာ လိုသလောက် တောင်းလို့ရသည့်အတွက် ဦးကျော်ဟိန်းနှင့် ဦးရန်ဟိုးတို့မှာ နေချင်းညချင်း ချမ်းသာလာခဲ့သည်။ မြန်မာနိုင်ငံတွင် လူမသိသူမသိ ခရိုနီများ ဖြစ်လာခဲ့သည်။

သို့သော် ၁၉၉၆ ခုနှစ်တွင် AMC ကုမ္ပဏီအား မြောက်ကိုရီးယားနှင့် ဆက်စပ်သည့်အတွက် အမေရိကန်အစိုးရက စီးပွားရေးပိတ်ဆို့အရေးယူ ဒဏ်ခတ်ခဲ့သည်။ ထို့နောက် ဦးကျော်ဟိန်းသည် ချမ်းဟိန်းကုမ္ပဏီ (CHC) ကို ပြောင်းလဲ ထူထောင်ခဲ့သည်။ ဦးရန်ဟိုးကလည်း မုတ္တမ Trading ကုမ္ပဏီအဖြစ် ပြောင်းလဲထူထောင်ခဲ့သည်။

ချမ်းဟိန်း စက်မှုလက်မှုကုမ္ပဏီ လီမီတက်၊ ချမ်းဟိန်းကုမ္ပဏီ၊ ချမ်းဟိန်း ဆောက်လုပ်ရေးကုမ္ပဏီနှင့် ချမ်းဟိန်း ဆေးဝါး ဝန်ဆောင်မှုကုမ္ပဏီတို့၏ ဒါရိုက်တာစာရင်းတွင် ဒါရိုက်တာအဖြစ် ဦးကျော်ဟိန်းနှင့် ဒေါ်မြဒါယုတို့ ပါဝင်နေသည်ကို တွေ့ရသည်။ ဒေါ်မြဒါယုသည် ဦးကျော်ဟိန်း၏ဇနီး ဖြစ်သည်။

ထို့ပြင် ဦးကျော်ဟိန်းသည် လျှပ်စစ်နှင့်ဆိုင်သော လုပ်ငန်းများပါ လုပ်ကိုင်သည်။ ဇနီး ဒေါ်မြဒါယုသည် မြန်မာနိုင်ငံအမျိုးသမီးစွမ်းဆောင်ရှင်များ အသင်းတွင် ခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့သူဖြစ်သည်။

ချမ်းဟိန်းကုမ္ပဏီအနေဖြင့် နဝတ အစိုးရလက်ထက်တွင်သာမက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအစိုးရ လက်ထက်နှင့် မင်းအောင်လှိုင် လက်ထက်တွင်လည်း စစ်တပ်နှင့် အဆင်ပြေခဲ့သည်။

ဦးသိန်းစိန်အစိုးရ ဆင်းခါနီးတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မြို့သစ် ၂ ရပ်ကွက်တွင် ရှိသော စည်ပင်ပိုင်မြေ ၁၁ ဧကကျော်အား ချမ်းဟိန်းကုမ္ပဏီသို့ လုပ်ပိုင်ခွင့်ပေးခဲ့သည်မှာ ထင်ရှားသော သာဓကတခုဖြစ်သည်။

ဦးသိန်းစိန်အစိုးရ ဆင်းခါနီးတွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မြို့သစ် ၂ ရပ်ကွက်တွင် ရှိသော စည်ပင်ပိုင်မြေ ၁၁ ဧကကျော်အား ချမ်းဟိန်းကုမ္ပဏီသို့ လုပ်ပိုင်ခွင့်ပေးခဲ့သည်မှာ ထင်ရှားသော သာဓကတခုဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အဝေးပြေးဝန်းအနီး ဇေကမ္ဘာ ဝန်းရှေ့ရှိ အထပ်မြင့် အဆောက်အအုံသည် CHC ကုမ္ပဏီ အုပ်စုပိုင်အဆောက်အဦး ဖြစ်သည်။

စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံများ တည်ဆောက်ရေးနှင့် အဆိုပါ စက်ရုံများအတွက် ကုန်ကြမ်းတင်သွင်းခွင့် ရထားသော ကုမ္ပဏီအချို့သည် မင်းအောင်လှိုင် တပ်ချုပ်ဖြစ်လာပြီးနောက် အဆင်မပြေမှုများ ရှိလာခဲ့သည်။ အထူးသဖြင့် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးနှင့် မင်းအောင်လှိုင် ဆက်ဆံရေး မကောင်းသည့် ၂၀၁၇ ခုနှစ်နောက်ပိုင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ (ကကထုတ်) အရာရှိချုပ် ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးကို ယင်းရာထူးမှ အနားပေးလိုက်သည်။ ဦးကျော်ဟိန်းမှာ ဒု ဗိုလ်ချုပ်ကြီး သိန်ဌေး အနားယူသွားသော်လည်း လက်ရှိ စစ်ခေါင်းဆောင်နှင့် အဆင်ပြေအောင် ဆက်ဆံနိုင်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် မင်းအောင်လှိုင်က စစ်ကိုင်းတိုင်းအတွင်းရှိ တိုင်းရင်းသားလူငယ်ဖွံဖြိုးရေး တက္ကသိုလ်နှင့် ကောလိပ်အား ကွန်ပျူတာပစ္စည်းများ လှူဒါန်းသည့်အခါ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့်အတူ ကမ္ဘောဇ ကုမ္ပဏီလီမိတက်၊ မက်စ်မိသားစု၊ ထူးဖောင်ဒေးရှင်း မိသားစု၊ ချမ်းဟိန်း ကုမ္ပဏီ လီမိတက်မိသားစု၊ အိုင်ဂျီအီး မိသားစု၊ Jewellery Lucky Production ကုမ္ပဏီ လီမိတက်မိသားစု၊ Gateways Group of Companies မိသားစု၊ Asia World ကုမ္ပဏီ လီမိတက် မိသားစုတို့ ပါဝင်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင် မင်းအောင်လှိုင်က ရန်ကုန်ဆေးရုံကြီးသို့ ဆေးရုံသုံးပစ္စည်းများ လှူဒါန်းသည့်အခါ ဦးအောင်မျိုးဟိန်း Authentic Co. Ltd, ဦးလှမျိုး၏ အောင်မြင်သူကုမ္ပဏီ၊ ဦးကျော်ဟိန်း၏ ချမ်းဟိန်းကုမ္ပဏီ တို့လည်း ပါဝင်လှူဒါန်းခဲ့သည်။

စစ်တပ်ကအာဏာသိမ်းပြီး ၁၉-၈-၂၁ နေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရထံ ကိုဗစ်နိုင်တင်းရောဂါ ကာကွယ် ရေးအတွက် အလှူငွေပေးအပ်ရာတွင် ဦးကျော်ဟိန်း+ဒေါ်မြဒါနု (ချမ်းဟိန်းကုမ္ပဏီ) မှ ကျပ်သိန်း ၅၀၀၊ ဦးမျိုးထွေး မိသားစုမှ ကျပ်သိန်း ၂၀၀ တို့ လှူဒါန်းခဲ့သည်ကို တွေ့ရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက် စစ်တပ်နှင့် ပတ်သက်သော လှူဒါန်းမှုများတွင် ချမ်းဟိန်းကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ထိပ်တန်းခရိုနီကြီးများ ပိုင်ဆိုင်သော ကုမ္ပဏီများနှင့် တန်းတူလှူဒါန်းသည်ကို ကြည့်ခြင်းအားဖြင့် ချမ်းဟိန်းကုမ္ပဏီသည် စစ်တပ်နှင့် ပတ်သက်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက် စစ်တပ်နှင့် ပတ်သက်သော လှူဒါန်းမှုများတွင် ချမ်းဟိန်းကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ထိပ်တန်းခရိုနီကြီးများ ပိုင်ဆိုင်သော ကုမ္ပဏီများနှင့် တန်းတူလှူဒါန်းသည်ကို ကြည့်ခြင်းအားဖြင့် ချမ်းဟိန်းကုမ္ပဏီသည် စစ်တပ်နှင့် ပတ်သက်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဦးကျော်ဟိန်းသည့် စစ်ခေါင်းဆောင် သားသမီးများနှင့် စီးပွားရေး အကျိုးတူလုပ်ဆောင်မှုများ ရှိလာသည်ဟုလည်း ကုန်သည်အချို့က ဆိုသည်။ ပြင်ဦးလွင်ရှိ မြေကွက်အချို့ကို စစ်ခေါင်းဆောင် သမီးနှင့် အကျိုးတူ လုပ်ပိုင်ခွင့် ရထားသည်ဟုလည်း ဆိုသည်။ ထို့ပြင် ဦးကျော်ဟိန်းသည် စစ်ထောက်လှမ်းရေး စရဖမှ ဗိုလ်ချုပ်များနှင့်လည်း ဆက်ဆံရေး ကောင်းမွန်သူ ဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ချမ်းဟိန်းကုမ္ပဏီသည် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆက်လက် လုပ်ပိုင်ခွင့် ရရှိထားသည့် မြန်မာနိုင်ငံတွင် လူသိနည်းသော ကုမ္ပဏီတခု ဖြစ်သည်။

You may also like these stories:

စစ်တပ်ခရိုနီ သံမဏိဘုရင် ဦးရန်ဟိုး

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

အသက်ငင်နေဆဲ မြန်မာ့စီးပွားရေးနှင့် တကျော့ပြန် ခရိုနီဝါဒ

အာဏာသိမ်းခေါင်းဆောင် မိသားစုစီးပွားရေးများကို သပိတ်မှောက်ရန် NUG တိုက်တွန်း

Your Thoughts …
Tags: AMCCHCSliderကကထုတ်ကပစကာကွယ်ရေးပစ္စည်းစက်ရုံကုမ္ပဏီကျော်ဟိန်းကျော်ဟိုးခရိုနီချမ်းဟိန်းကုမ္ပဏီစစ်ကောင်စီစစ်လက်နက်ပစ္စည်းစစ်အာဏာသိမ်းမှုနဝတသိန်းဌေးအရေးယူပိတ်ဆို့မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
စစ်ကောင်စီက ရုရှား ဝဂ္ဂနာကြေးစားတပ်ကို အားကိုးရှာလာနိုင်သလား

စစ်ကောင်စီက ရုရှား ဝဂ္ဂနာကြေးစားတပ်ကို အားကိုးရှာလာနိုင်သလား

တရားခံ ဘယ်သူလဲ

တရားခံ ဘယ်သူလဲ

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

2 days ago
3.9k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate