ပဋိပက္ခ၏ ပြင်းထန်သော ရိုက်ခတ်ချက်၊ စီးပွားရေး မတည်ငြိမ်မှုနှင့် မြန်မာ့စားနပ်ရိက္ခာ ဖူလုံမှုအပေါ် သယ်ယူပို့ဆောင်ရေး စိန်ခေါ်မှုများကို ကမ္ဘာ့ဘဏ်အစီရင်ခံစာက မီးမောင်းထိုးပြနေပြီး စားနပ်ရိက္ခာ ဈေးနှုန်းများ မြင့်မားခြင်းနှင့် စိုက်ပျိုးကုန်သွယ်မှု ကျဆင်းခြင်းတို့သည် စားနပ်ရိက္ခာ ဖူလုံရေးကို ပိုမိုဆိုးရွားစေကြောင်း၊ အထူးသဖြင့် ပဋိပက္ခကြောင့် ထိခိုက်သည့် ဒေသများတွင် ပိုမိုဆိုးရွားစေကြောင်း ဖော်ပြသည်။ စိုက်ပျိုးရေး ထုတ်လုပ်မှုနှင့် စားနပ်ရိက္ခာ ရရှိရေးအတွက် နိုင်ငံတကာ အရေးပေါ်အကူအညီ လိုအပ်နေသည်။
ဗယ်လန်းစ် အမ်ဝမ်ဗန်နီဇာနှင့် အင်န်ကူလူမို ဇင်ယန်ဂျရီတို့က ကျွမ်းကျင်သူများစွာ အကူအညီဖြင့် ဦးဆောင်ပြုစုသည့် မြန်မာ့စားနပ်ရိက္ခာဖူလုံမှု၊ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ကမ္ဘာ့ဘဏ်၏ နောက်ဆုံး အစီရင်ခံစာတွင် လယ်သမားများ၏ အသက်မွေးဝမ်းကြောင်းနှင့် နိုင်ငံတဝန်း စားနပ်ရိက္ခာ ရရှိနိုင်မှုကို အကြီးအကျယ် ထိခိုက်စေသည့် ပဋိပက္ခ၊ စီးပွားရေး မတည်ငြိမ်မှု၊ သယ်ယူပို့ဆောင်ရေး စိန်ခေါ်မှုများ ပေါင်းစပ်ထားသည့် အလွန် စိုးရိမ်စရာကောင်းသော အခြေအနေကို ဖော်ပြနေသည်။
ပို့ကုန်ထိုးကျပြီး စားနပ်ရိက္ခာဈေးနှုန်း ခေါင်ခိုက်
၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် ကြားကာလတွင် မြန်မာ၏ စားနပ်ရိက္ခာတင်ပို့မှု သိသိသာသာကျဆင်းပြီး ပို့ကုန် ၉ ရာခိုင်နှုန်းကျဆင်းကာ သွင်းကုန် ၁၂ ရာခိုင်နှုန်း တက်သည်။ ထိုသို့ ကျဆင်းခြင်းသည် အခြေခံအားဖြင့် ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းနှင့် ပို့ကုန်ဝင်ငွေကို ကန့်သတ်ချက်များကြောင့် ဖြစ်သည်။
၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် ကြားကာလတွင် မြန်မာ၏ စားနပ်ရိက္ခာတင်ပို့မှု သိသိသာသာကျဆင်းပြီး ပို့ကုန် ၉ ရာခိုင်နှုန်းကျဆင်းကာ သွင်းကုန် ၁၂ ရာခိုင်နှုန်း တက်သည်။ ထိုသို့ ကျဆင်းခြင်းသည် အခြေခံအားဖြင့် ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းနှင့် ပို့ကုန်ဝင်ငွေကို ကန့်သတ်ချက်များကြောင့် ဖြစ်သည်။
ထို့ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးမတည်ငြိမ်မှုကြောင့် လက်လီ အစားအစာဈေးနှုန်း မြင့်တက်စေပြီး ယခင်နှစ်ကထက် ၅၄ ရာခိုင်နှုန်းနှင့် ၇၈ ရာခိုင်နှုန်းကြား မြင့်တက်လာသည်။ စားနပ်ရိက္ခာစရိတ် မြင့်တက်ခြင်းသည် မြန်မာမှ အဆင်းရဲဆုံး မိသားစုများ၊ အထူးသဖြင့် မြို့ပြဒေသများမှ မိသားစုများအတွက် ခက်ခဲသော အခြေအနေကို ပိုမိုဆိုးရွားစေသည်။
မြို့ပြ ဒေသများတွင် အများသုံး ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက် တန်ဖိုး ၂၉ ရာခိုင်နှုန်းနှင့် ၃၇ ရာခိုင်နှုန်း အသီးသီးတက်သွားသည်။ ထိုသို့ ဈေးတက်ခြင်းသည် ရခိုင်၊ ချင်း၊ ကယားနှင့် ရှမ်းပြည်နယ်များကဲ့သို့ ပဋိပက္ခကြောင့် ထိခိုက်သော ဒေသများတွင် ပိုမိုသိသာသည်။ ထိုဒေသများတွင် အကြမ်းဖက်မှုနှင့် သယ်ယူပို့ဆောင်ရေး ပြတ်တောက်မှုကြောင့် စားနပ်ရိက္ခာ ရရှိမှုကို ပိုမိုဆိုးရွားစေသည်။
ပြင်းထန်လာသော ပဋိပက္ခကြောင့် စားနပ်ရိက္ခာဖူလုံမှု ပိုမိုဆိုးရွား
မိသားစုအားလုံး၏ ထက်ဝက်သည် ၂၀၂၃ ခုနှစ်ကုန်တွင် အစားအစာအမျိုးမျိုး စားသုံးမှု လျော့ကျပြီး စားနပ်ရိက္ခာဖူလုံမှုသည် အဓိကပြဿနာ ဖြစ်နေသည်။ စစ်တမ်းကောက်ယူခဲ့သော မိသားစုများ၏ ၃၀ ရာခိုင်နှုန်းသည် လွန်ခဲ့သောနှစ်တွင် ကျေးရွာများ အကြမ်းဖက်ခံရပြီး ယခင်နှစ်ကထက် သိသိသာသာ တိုးလာကြောင်း အထက်ပါအစီရင်ခံစာက မီးမောင်းထိုးပြသည်။
ထို့ကြောင့် နေရပ်စွန့်ခွာမှုအများအပြားနှင့် စားနပ်ရိက္ခာ ထုတ်လုပ်မှု၊ လက်လှမ်းမီနိုင်မှု ပြတ်တောက်ခြင်းကို ပိုမိုဆိုးရွားစေသည်။ လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခသည် စားနပ်ရိက္ခာဖူလုံမှုကိုသာမက စိုက်ပျိုးရေး ထုတ်လုပ်မှုကိုလည်း အကြီးအကျယ် ထိခိုက်စေသည်။
ပဋိပက္ခဖြစ်ပွားမှုများက စားနပ်ရိက္ခာဖူလုံမှုသာမက စိုက်ပျိုးထုတ်ကုန် ကျဆင်းမှုအဖြစ် ထိခိုက်စေသည်။ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် မုတ်သုံရာသီများအတွင်း ဆန်စပါးထွက်ရှိမှု ၇ ရာခိုင်နှုန်းတိုးတက်လာပြီး မြန်မာလယ်သမားများ၏ တောင့်ခံနိုင်မှုကို ပြသနေသော်လည်း ဒေသအလိုက် ထုတ်လုပ်မှုကွာဟချက် ရှိနေဆဲဖြစ်သည်။
မလုံခြုံသော ဒေသများမှ လယ်သမားများသည် ဓာတ်မြေသြဇာကဲ့သို့ အဓိကကျသည့် စိုက်ပျိုးရေး သွင်းအားစုများရရှိရေးတွင် ကြီးမားသော စိန်ခေါ်မှုများ ရင်ဆိုင်ရသည်။ ၂၀၂၃ ခုနှစ်တွင် ဈေးနှုန်းများ သိသိသာသာကျပြီး ဓာတ်မြေသြဇာ ပိုမိုရရှိလာသော်လည်း ပဋိပက္ခဇုန်များမှ လယ်သမားများသည် ဓာတ်မြေသြဇာရရှိရန် ရုန်းကန်နေရဆဲ ဖြစ်သောကြောင့် စီးပွားရေးစိန်ခေါ်မှုများတွင် မတူညီသည့်သက်ရောက်မှုများကို မီးမောင်းထိုးပြနေသည်။
မူဝါဒနှင့် ငွေကြေးစိန်ခေါ်မှုများအကြား ကုန်သွယ်ရေးကျဆင်း
ကုန်သွယ်ရေးကဏ္ဍတွင် မြန်မာ၏ နိုင်ငံတကာ စားနပ်ရိက္ခာဆိုင်ရာ ကုန်သွယ်ရေးသည် ၂၀၂၃ ခုနှစ်တွင် လေးနှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းပြီး ဆန်တင်ပို့မှုပမာဏသည် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း မကြားဖူးသည့် အဆင့်အထိ ကျဆင်းသည်။
ကုန်သွယ်ရေးကဏ္ဍတွင် မြန်မာ၏ နိုင်ငံတကာ စားနပ်ရိက္ခာဆိုင်ရာ ကုန်သွယ်ရေးသည် ၂၀၂၃ ခုနှစ်တွင် လေးနှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းပြီး ဆန်တင်ပို့မှုပမာဏသည် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း မကြားဖူးသည့် အဆင့်အထိ ကျဆင်းသည်။
ထိုကျဆင်းမှုသည် ပို့ကုန်ဝင်ငွေအပေါ် အစိုးရ၏ မူဝါဒများ၏ ဆိုးကျိုးသက်ရောက်မှု၊ ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းနှင့် သွင်းကုန်လိုင်စင်ရရန် ခက်ခဲခြင်းကြောင့် ဖြစ်သည်။ စားသောက်ကုန် သွင်းကုန်ရရန် ခက်ခဲခြင်းသည် ငွေကြေးဖောင်းပွမှု ပိုမိုဆိုးရွားစေပြီး စားနပ်ရိက္ခာဈေးနှုန်းကို ပိုမိုမြင့်မားစေသည်။
၂၀၂၃ ခုနှစ်ကုန်မှ စတင်ဖြစ်ပေါ်နေသည့် ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းသည် အဓိကျသည့် စားသုံးဆီကဲ့သို့သော သွင်းကုန်များကို အကြီးအကျယ် ထိခိုက်စေပြီး အထူးသဖြင့် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံမှုကို ပိုမိုဆိုးရွားစေသည်။
ဆန်စပါး ထုတ်လုပ်မှုသည် ပြည်တွင်းစားသုံးမှုထက် ကျော်လွန်နေပြီး တနိုင်ငံလုံး ပိုလျှံမှု ရှိနေဆဲ ဖြစ်သော်လည်း ထိုပိုလျှံမှုကို ဖြန့်ချိရာတွင် မညီမမျှဖြစ်နေကြောင်း အထက်ပါ အစီရင်ခံစာက ဖော်ပြသည်။ ပဋိပက္ခ သို့မဟုတ် သယ်ယူပို့ဆောင်ရေး စိန်ခေါ်မှုများ ရင်ဆိုင်နေရသည့် ပြည်နယ်များနှင့်တိုင်းများသည် ထိုပိုလျှံမှုကို ရရှိရန် အခက်အခဲများစွာ ရင်ဆိုင်ရပြီး ထိုဒေသများတွင် စားနပ်ရိက္ခာဖူလုံမှုကို ပိုမိုဆိုးရွားစေသည်။
အရေးပေါ် အထောက်အပံ့လိုအပ်
မြန်မာ၏ ထိခိုက်လွယ်သည့် လူဦးရေများ ရင်ဆိုင်နေရသည် စိန်ခေါ်မှုများကို လျှော့ချရာတွင် ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များ ပါဝင်နိုင်သည့် အရေးပါသော အခန်းကဏ္ဍကို ကမ္ဘာ့ဘဏ် အစီရင်ခံစာက အလေးအနက် ဖော်ပြသည်။
လယ်သမားများ၊ အထူးသဖြင့် ပဋိပက္ခကြောင့် ထိခိုက်ပြီး ပထဝီအနေအထားအရ သီးခြားဖြစ်နေသော ဒေသများမှ လယ်သမားများကို မျိုးစေ့၊ စက်ယန္တရားနှင့် ဓာတ်မြေသြဇာကဲ့သို့သော စိုက်ပျိုးရေး သွင်းအားစုများ ထောက်ပံ့ခြင်းဖြင့် ပိုမိုထောက်ပံ့ရန် ထိုအစီရင်ခံစာက တိုက်တွန်းသည်။ ကာလတို အစားအသောက် ရရှိရေး၊ အထူးသဖြင့် ပဋိပက္ခနှင့် မလုံခြုံသော ဒေသများတွင် အစားအသောက်ရရှိရေး ပိုမိုလုပ်ဆောင်ခြင်း၏ အရေးပါမှုကို ထိုအစီရင်ခံစာက အလေးထားဖော်ပြသည်။
ထိုသို့လုပ်ဆောင်ရာတွင် စားနပ်ရိက္ခာ အရေးပေါ်အကူအညီပေးခြင်း၊ အထူးသဖြင့် ချင်း၊ ရခိုင်၊ ကချင်နှင့် ကယား ကဲ့သို့သော ပဋိပက္ခဇုန်များမှ အမျိုးသမီးများနှင့် ကလေးများအတွက် စားနပ်ရိက္ခာ အကူအညီပေးခြင်း ပါဝင်သည်။
ထိုဒေသများတွင် ကျန်းမာရေးအတွက် အာဟာရ အမျိုးအစားစုံလင်မှု သိသိသာသာ ပျက်စီးယိုယွင်းနေသည်။ ထိခိုက်အလွယ်ဆုံး မိသားစုများကို ထောက်ပံ့ရန်၊ မိခင်နှင့်ကလေးများသို့ ငွေကြေးထောက်ပံ့ခြင်း အပါအဝင် လူမှုကာကွယ်ရေး အစီအစဉ်များ တိုးချဲ့ရန် လိုအပ်ကြောင်းလည် ကမ္ဘာ့ဘဏ်က မီးမောင်းထိုးပြသည်။
မိုဘိုင်းဖုန်း အဆက်အသွယ် ရရှိနေသော ဒေသများတွင် ဒစ်ဂျစ်တယ် ငွေကြေးပေးပို့မှုသည် ထိခိုက်လွယ် မိသားစုများကို ထောက်ပံ့ရာတွင် ထိရောက်ကြောင်း၊ ငွေကြေးနှင့် စားနပ်ရိက္ခာရရှိမှုကို မြှင့်တင်ပေးကြောင်း ပြသနေသည်။
ရေရှည် နိုင်ငံတကာထောက်ပံ့မှု ပြုလုပ်ရေး တိုက်တွန်း
စိန်ခေါ်မှု အများအပြား ရင်ဆိုင်ရချိန်တွင် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ၏ တောင့်ခံနိုင်မှု ရှိသော်လည်း နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေး အခြေအနေသည် ဆိုးရွားနေဆဲဖြစ်ကြောင်း အထက်ပါ အစီရင်ခံစာက ဖော်ပြသည်။
ပဋိပက္ခ၊ စီးပွားရေး မတည်ငြိမ်မှုနှင့် သယ်ယူပို့ဆောင်ရေး ပြတ်တောက်မှုတို့ ပေါင်းစပ်လိုက်သောအခါ လယ်သမားများ၊ အထူးသဖြင့် ကျေးလက်နှင့် ပဋိပက္ခဒေသများမှ လယ်သမားများ၏ အသက်မွေးဝမ်းကြောင်းနှင့် စားနပ်ရိက္ခာ ရရှိနိုင်မှုကို ခက်ခဲစေသည်။
ပဋိပက္ခ၊ စီးပွားရေး မတည်ငြိမ်မှုနှင့် သယ်ယူပို့ဆောင်ရေး ပြတ်တောက်မှုတို့ ပေါင်းစပ်လိုက်သောအခါ လယ်သမားများ၊ အထူးသဖြင့် ကျေးလက်နှင့် ပဋိပက္ခဒေသများမှ လယ်သမားများ၏ အသက်မွေးဝမ်းကြောင်းနှင့် စားနပ်ရိက္ခာ ရရှိနိုင်မှုကို ခက်ခဲစေသည်။
ထိုစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်နှင့် လက်ရှိ အကျပ်အတည်းမှ လွတ်မြောက်ရန်၊ မြန်မာမှ အထိခိုက်အလွယ်ဆုံးသူများကို ကူညီရန် နိုင်ငံတကာ ရေရှည်အထောက်အပံ့ လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်က အကြံပြုသည်။
ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များအနေဖြင့် စိုက်ပျိုးရေးထုတ်လုပ်မှုနှင့် စားနပ်ရိက္ခာဖူလုံမှု မြှင့်တင်ရေးအတွက် အထောက်အပံ့ အားထုတ်မှုများ ဆက်လက် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ အထူးသဖြင့် အထိခိုက်ဆုံးဒေသများတွင် ဂရုတစိုက် ကြားဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ထိုအစီရင်ခံစာက နိဂုံးချုပ် ဖော်ပြသည်။
(Devdiscourse ပါ Myanmar’s Food Crisis: Rising Conflict and Economic Instability Deepen Insecurity ကို ဘာသာပြန်သည်။)
You may also like these stories:
နိုင်ငံတဝန်း ဆေးဝါးပြတ်လပ်မှု ရင်ဆိုင်နေကြရ (ရုပ်/သံ)
ကျပ်ငွေထပ်မံ ပုံနှိပ်သုံးစွဲသောကြောင့် ငွေတန်ဖိုး အရှိန်အဟုန်ဖြင့် ကျဆင်း
မီးမှန်အောင် မပေးနိုင်သော်လည်း မီတာခ နှစ်ဆ တိုးကောက်
စစ်ကောင်စီ စက်သုံးဆီပြဿနာ ဖြေရှင်းနည်း ရေရှည်မှာ ပြေလည်ပါ့မလား