မြန်မာမှ ခြောက်လအတွင်း ထွက်ခွာရတော့မည်ဖြစ်ကြောင်း တရားဝင်သတိပေးချက်ကို အမည်ဆိုး အကျော်ကြားဆုံး ဆိုက်ဘာ ငွေကြေးလိမ်လည်မှု အချက်အချာဒေသ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှ မြန်မာမိတ်ဆွေတဦးက ပြသသောအခါ ဂျိုး (အမည်လွှဲ) သည် လွန်ခဲ့သော ၁၆ လက ကမ္ဘောဒီးယားနိုင်ငံ၏ ပူအိုက်စိုစွတ်ဆုံးလများအတွင်း ထိုနိုင်ငံသို့ ရောက်လာပြီးနောက် ခံစားရသည့် ဇောချွေးပြန်မှုနှင့် အလားတူသည့် အော်ဂလီဆန်စိတ် မြင့်တက်လာသည်။
အနောက်တိုင်း ခရက်ဒစ်ကတ်ကုမ္ပဏီတခုမှ ဆက်သွယ်ဖြေကြားရေးဌာနတွင် လစာကောင်းသည့် မန်နေဂျာအလုပ်အတွက် လာရောက်ရမည်ဖြစ်ကြောင်း သူ့ကိုပြောခဲ့သည်။ သို့သော် သူ့ကို ဖနွမ်ပင် နိုင်ငံတကာလေဆိပ်မှ ဗင်ကားတစီးက ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နယ်စပ်ရှိ ကွန်ကရစ် အဆောက်အအုံများရှိသည့် ဒေသသို့ ခေါ်ဆောင်သွားသည်။
အော်ဂလီဆန်သည့် စက်ဆုပ်ရွံရှာစိတ် ပထမဆုံးထိုးနှက်ချက်သည် ဂိတ်ပေါက်ဝတွင် AK 47 သေနတ် ကိုင်ထားသည့် စစ်သားများကို တွေ့ရသောအခါ စတင်သည်။ ထိုအော်ဂလီဆန်သည့်စိတ်သည် သူ့ခန္ဓာကိုယ် တခုလုံးကို တုန်ခါသွားစေသည်။
အော်ဂလီဆန်သည့် စက်ဆုပ်ရွံရှာစိတ် ပထမဆုံးထိုးနှက်ချက်သည် ဂိတ်ပေါက်ဝတွင် AK 47 သေနတ် ကိုင်ထားသည့် စစ်သားများကို တွေ့ရသောအခါ စတင်သည်။ ထိုအော်ဂလီဆန်သည့်စိတ်သည် သူ့ခန္ဓာကိုယ် တခုလုံးကို တုန်ခါသွားစေသည်။
တနှစ်မပြည့်မီ သူ့ကို မြဝတီရှိ ငွေကြေးလိမ်လည်မှုဌာနတခုသို့ ရောင်းချလိုက်သည်။
မြဝတီမှ ထွက်ခွာသွားရန် စိတ်အနှောင့်အယှက်ဖြစ်စေသည့် သတိပေးစာကိုဖတ်ပြီး နောက်တနေ့တွင် မထေမဲ့မြင်ဖြင့် “ငါ့အကြွေးတွေ ဆပ်ဖို့ အနည်းဆုံး အချိန် ခြောက်လတော့ ရသေးတာပေါ့” ဟု ၎င်းကပြောသည်။
သူ့ကို ခြံဝင်းအတွင်း ဖမ်းထားသည့် ယခင် ကရင်နယ်ခြားစောင့်တပ် (BGF) ခေါ် ကရင်အမျိုးသားတပ်မတော် (KNA) မှ လက်နက်ကိုင်စစ်သားတဦးကဲ့သို့ အလုပ်သမားများကို ထွက်ခွာရန်ပြောသူမျိုး ဖြစ်လိမ့်မည်ဆိုသည့် အချက်ဖြင့် ဖြေသိမ့်ရသည်။
KNA က ပြည်ပ အွန်လိုင်းအလုပ်သမားများ အောက်တိုဘာလ မကုန်မီ မြို့နယ်မှ ထွက်ခွာသွားရန် လိုအပ်သည်ဆိုသည့် ဗမာ၊ တရုတ်နှင့် အင်္ဂလိပ်ဘာသာစကား သုံးမျိုးဖြင့် ဆိုင်းဘုတ်ကြီးများကို မြဝတီတွင် ထောင်သည်မှာ မေလ ၂ ရက်နေ့က ဖြစ်သည်။
ထိုသို့ အသိပေးအကြောင်းကြားစာများကို မြဝတီမြို့နယ်အတွင်းမှ မရေတွက်နိုင်သည့် ကာစီနိုများနှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းများသို့လည်း အလားတူ မရှင်းလင်းသည့် သတင်းစကားဖြင့် ပေးပို့သည်။
“ကရင်ပြည်နယ် မြဝတီမြို့နယ်ဒေသတဝိုက်ရှိ Online လုပ်ငန်း ဆောင်ရွက်နေကြသော နိုင်ငံခြားသားများ အားလုံး ၁.၅.၂၀၂၄ မှ ၃၁.၁၀.၂၀၂၄ ရက်နေ့အတွင်း ထွက်ခွာရမည်ဖြစ်ပါသည်” ဟု ထိုသတိပေးချက်တွင် ဖော်ပြထားသည်။
“တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်လာသော နိုင်ငံခြားသားများသည် မိမိတို့လာရာလမ်းအတိုင်း သတ်မှတ်ရက်အတွင်း ထွက်ခွာပေးရမည် ဖြစ်ပါသည်။ ၃၁.၁၀.၂၀၂၄ ရက်နေ့နောက်ပိုင်း တွေ့ရှိခဲ့ပါက ထိရောက်စွာ အရေးယူခြင်းခံရမည်” ဟု ဂျိုးကို စိုးရိမ်ပူပန်နေသည့် ကရင်လုပ်ဖော်ကိုင်ဖက်က ပြသော အသိပေးစာနိဂုံးတွင် ဖော်ပြထားသည်။
KNA သည် ကရင်ပြည်နယ်တွင် ပိုမိုကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ်ခွင့်အတွက် မြန်မာ၏ အရိုင်းအစိုင်းစစ်တပ်ကို တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်မတော်ဖြစ်သည်ဟု ဂျိုးထင်ခဲ့သည်။
သူအထင်မှားခဲ့သည်။
KNA သည် ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ခေါ် စံမြင့်သည် အလွန်လောဘကြီးကြောင်း၊ ရိုင်းစိုင်းမှု သမိုင်းရှိသော စစ်ကောင်စီ၏ မဟာမိတ် လက်နက်ကိုင်အဖွဲ့ဖြစ်ကြောင်း လူ့အခွင့်အရေးနှင့် သုတေသနအဖွဲ့ Justice for Myanmar ၏ အစီရင်ခံစာက ဖော်ပြသည်။
KNA သည် ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ ခေါ် စံမြင့်သည် အလွန်လောဘကြီးကြောင်း၊ ရိုင်းစိုင်းမှု သမိုင်းရှိသော စစ်ကောင်စီ၏ မဟာမိတ် လက်နက်ကိုင်အဖွဲ့ဖြစ်ကြောင်း လူ့အခွင့်အရေးနှင့် သုတေသနအဖွဲ့ Justice for Myanmar ၏ အစီရင်ခံစာက ဖော်ပြသည်။
ကရင်အအမျိုးသားအစည်းအရုံး (KNU) ၏ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) က စစ်တပ်ကို ဧပြီလနှောင်းပိုင်းတွင် မြဝတီမှ မောင်းထုတ်သောအခါ စောချစ်သူနှင့် သူ၏ မာဖီးယား လက်နက်ကိုင်များ ထိုမြို့သို့ ဝင်ရောက်လာသည်။
စစ်ကောင်စီမဟာမိတ် စစ်ဘုရင် စောချစ်သူသည် ထိုမြို့နယ်မှ ငွေကြေးလိမ်လည်သည့် ခြံဝင်း ၁၈ ခုမှ ၂၀ ခန့်အထိနှင့် သူ၏ ဘဏ္ဍာရေး အဆက်အသွယ် အပါအဝင် စီးပွားရေးအင်ပါယာကို ကာကွယ်ရန် ချေမှုန်းခံရလုနီးပါး ဖြစ်နေသည့် စစ်ကောင်စီတပ်ကိုယ်စား ကြားဝင်စွက်ဖက်သည်ဟု မြဝတီနှင့် ထိုမြို့တဖက်ကမ်း ထိုင်းနိုင်ငံ၊ မဲဆောက်မှ သတင်းရင်းမြစ်များက ပြောသည်။
ထိုဆိုင်းဘုတ်ကြီးများထောင်ပြီး သုံးပတ်ကြာသောအခါ ဂျိုးသည် အကြွေးပိုမိုနစ်လာသော်လည်း ပိုစိတ်လှုပ်ရှားလာသည်။ “အလုပ်မှာ ဘာအပြောင်းအလဲမှ မရှိဘူး” ဟု သူ့သူဌေးကပြောပြီး ထိုကြေညာချက်ကိုကြည့်ကာ စိတ်အနှောင့်အယှက်ပင် မဖြစ်ဘဲ စောချစ်သူက ကာကွယ်ပေးထားသောကြောင့် လျစ်လျူရှုထားရန် ယုံကြည်ချက်အပြည့် ရှိနေကြောင်း ရှင်းပြသည်။
ငွေသာအဓိက
ဗိုလ်မှူးကြီး စောချစ်သူနှင့် လက်နက်ကိုင်အဖွဲ့သည် မြဝတီရှိ ရွှေကုက္ကို ငွေကြေးလိမ်လည်မှု လုပ်ငန်းတခုတည်းမှပင် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၉၂ သန်းရကြောင်း အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျု (USIP) က ဧပြီလ ၂၂ ရက်နေ့အစီရင်ခံစာတွင် ဖော်ပြသည်။ လွန်ခဲ့သောနှစ်တွင် မြန်မာမှ ငွေကြေးလိမ်လည်မှု လုပ်ငန်းများသည် ဒေါ်လာ ၁၅ ဒသမ ၃ ဘီလီယံရကြောင်း USIP ၏ မေလ အစီရင်ခံစာတွင် ဖော်ပြသည်။
ထိုလုပ်ငန်းများ အားလုံးပေါင်းလိုက်ပါက လူပေါင်း ၁၂၀,၀၀၀ ကျော်ကို အလုပ်စေခိုင်း၊ ကျွန်ပြုထားကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ၂၀၂၃ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြသည်။
ယခုနှစ် လက်ရှိအချိန်အထိ မြဝတီမှ ရွှေကုက္ကို KK Park ရှိ ငွေကြေးလိမ်လည်မှုလုပ်ငန်းများ အသုံးပြုသည့် ခရစ်ပတိုငွေကြေးဝေါလက် တခုတည်းတွင် ဒေါ်လာသန်း ၁၀၀ ကျော်ကို ခြေရာခံမိကြောင်း ဆိုက်ဘာရာဇဝတ်မှု လေ့လာစောင့်ကြည့်သည့် Chain Analysis ၏ သြဂုတ်လ ၂၉ ရက်နေ့ အစီရင်ခံစာတွင် ဖော်ပြထားသည်။
စောချစ်သူ၏ မြဝတီမှ လှုပ်ရှားမှုများကို သုတေသီ နာသန် ပေါလ် ဆောက်သန်က မအံ့သြပေ။
“ဗိုလ်မှူးကြီး စောချစ်သူဟာ အွန်လိုင်းငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ မူးယစ်မှောင်ခိုမှုတွေမှာ ပါဝင်ပတ်သက်တဲ့ မာဖီးယားအဖွဲ့တခုကို အုပ်ချုပ်နေတယ်။ အဲဒီလုပ်ငန်းတွေ လျော့ကျဖို့ မရှိဘူး”
“ဗိုလ်မှူးကြီး စောချစ်သူဟာ အွန်လိုင်းငွေကြေးလိမ်လည်မှု၊ လူကုန်ကူးမှုနဲ့ မူးယစ်မှောင်ခိုမှုတွေမှာ ပါဝင်ပတ်သက်တဲ့ မာဖီးယားအဖွဲ့တခုကို အုပ်ချုပ်နေတယ်။ အဲဒီလုပ်ငန်းတွေ လျော့ကျဖို့ မရှိဘူး” ဟု ဧရာဝတီသတင်းဌာနသို့ ၎င်းကပြောသည်။
“ကမ္ဘောဒီးယားနဲ့ လာအိုအစိုးရတွေ၊ မြန်မာစစ်တပ် ဒါမှမဟုတ် နယ်ခြားစောင့်တပ်တွေဟာ ဒီဒေသတွင်းရာဇဝတ်မှုကို ထိထိရောက်ရောက် ဖြိုခွဲဖို့ ဘာလို့ အားမထုတ်တာလဲဆိုတာကို ကျနော် ပြည့်ပြည့်စုံစုံ မပြောနိုင်သေးဘူး” ဟု မစ္စတာ ဆူသာလန်က ပြောသည်။
သူသည် ပဋိပက္ခ၊ ရာဇဝတ်မှုနှင့် အကျင့်ပျက်ခြစားများကို စုံစမ်းစစ်ဆေးပြီး အရှေ့တောင်အာရှတဝန်းမှ ငွေကြေးလိမ်လည်မှု လုပ်ငန်းများကို USIP အတွက် သုတေသနလုပ်နေသည့် လန်ဒန်အခြေစိုက် သုတေသနလုပ်ငန်း Eye Witness Project မှ လုပ်ငန်း ဒါရိုက်တာဖြစ်သည်။
မစ္စတာ နာသန် ပေါလ် ဆောက်သန်က အရေးပါသည့် အချက်တချက်ကို ပြောသည်။ “သြဂုတ်လအစောပိုင်းမှာ KNA က အမည်ဆိုးကျော်ကြားတဲ့ တရုတ်ရာဇဝတ်ဂိုဏ်း ခေါင်းဆောင် ရှိုကျီကျန်အတွက် ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်တယ်။ အဲဒီ ဝတ်ပြုဆုတောင်းပွဲမှာ လူရာပေါင်းများစွာ ပါဝင်ပြီး ရွှေကုက္ကိုနဲ့ ဒေသတွင်းရှိ ငွေကြေးလိမ်လည်မှု လုပ်ငန်းများနောက်ကွယ်က အဓိက ကြိုးကိုင်သူများအနက်တဦးဖြစ်ပြီး သူ့ကျန်းမာရေးနဲ့ လွတ်မြောက်ရေးအတွက် ဆုတောင်းပေးခြင်းဖြစ်တယ်” ဟု ၎င်းကပြောသည်။
မာဖီးယားခေါင်းဆောင် ရှိုကျီကျန် ၎င်းတို့ ရာဇဝတ်ဇုန်သို့ ပြန်လာရေးအတွက် ထိုဝတ်ပြုဆုတောင်းပွဲတက်သည့် KNA အဖွဲ့ဝင် ရာပေါင်းများစွာသည် သူ၏ပုံပါ အင်္ကျီများ ဝတ်ဆင်ထားကြောင်း USIP ၏ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဂျေဆင်တာဝါက ပြောသည်။
နားလည်ရခက်သည့် စိတ်အပြောင်းအလဲများ
ဇွန်လနှောင်းပိုင်းရောက်သောအခါ ဂျိုးသည် စိတ်ထောင်းကိုယ်ကြေဖြစ်ခြင်းနှင့် ခေါင်းနောက်စေသော အကောင်းမြင်ခြင်းအကြား ဗျာများနေသည်။ မြဝတီမြို့စွန်ရှိ ခြံဝင်းအဝင်ဂိတ်တွင် အစောင့်များချထားသည့် ငွေကြေးလိမ်လည်မှု ခြံဝင်းတခုဖြစ်သည့် ယုလောင်ဘေရှိ အဆောက်အအုံ သုံးထပ်ပါ သူအလုပ်လုပ်သည့်အခန်းမှ ထိုင်းနိုင်ငံဘက်သို့ လွမ်းဆွတ်စွာ လှမ်းကြည့်ပြီး ထိုင်းတွင် သူ့ကို စောင့်မျှော်နေသည့် လွတ်လပ်မှုကို စိတ်ကူးပုံဖော်ကြည့်နေခဲ့သည်။
အချို့နေ့များတွင် သူသည် သူ၏ ကိုယ်ရေးအချက်အလက်ပြောင်းပြီး ဘန်ကောက်တွင် အင်္ဂလိပ်စာသင်ကြားရေး အလုပ်လျှောက်မည်ဟု ပြောသည်။ (သူ့ကို ကာကွယ်ရန် ဂျိုး၏ နိုင်ငံသားနှင့် အသက်ကို မဖော်ပြခြင်း ဖြစ်ပါသည်။)
သူအလုပ်လုပ်သည့် ငွေကြေးလိမ်လည်သော လုပ်ငန်းသည် အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါမှ လူများကို ခရစ်ပတိုငွေကြေး ရင်းနှီးမြှုပ်နှံမှုဖြင့် ပစ်မှတ်ထားသည်။ သူ၏အလုပ်မှာ မြန်မာဝန်ထမ်းများက အလားအလာရှိသော ပစ်မှတ်ထားခံရသူနှင့် ဆက်ဆံရေး တည်ဆောက်ပြီးနောက် ငွေကြေးလိမ်လည်မှု စီစဉ်ရန်ဖြစ်သည်။ သူသည် ရာဇဝတ်မှုတွင် “မော်ဒယ်” ဖြစ်ပြီး ပစ်မှတ်ထားခံရသူ၏ ဘာသာစကားကို ပြောတတ်သည့် ဆွဲဆောင်မှုရှိသော လူငယ် အမျိုးသား သို့မဟုတ် အမျိုးသမီး ဖြစ်သည်။ ပစ်မှတ်ထားခံရသူများကို ဆွဲဆောင်ပြီးသောအခါ ရင်းနှီးမြှုပ်နှံရန် တယ်လီဂရမ် ဗီဒီယိုမှတဆင့် အာမခံချက်ပေးသည်။
ဂျိုး၏ အလုပ်ရှင်သည် သူ၏ နိုင်ငံကူးလက်မှတ်ကို ဘီရိုတခုတွင် သော့ခတ်ထားသည်။ သူသည် မြန်မာတွင် အမြဲတမ်း မြင့်တက်နေသည့် ဂျိုး၏ ကုန်ကျစရိတ်များကို မှတ်သားထားသည့် စာရင်းတခုကိုလည်း သိမ်းထားသည်။ ထိုကုန်ကျစရိတ်များတွင် သူ့ကို ရန်ကုန်မှ ကမ္ဘောဒီးယားသို့ ပို့ဆောင်စရိတ်နှင့် ထို့နောက် မြဝတီသို့ ပို့ဆောင်စရိတ်လည်း ပါဝင်သည်။ (ထိုကုန်ကျစရိတ်များတွင် ဂျိုးကို တနှစ်စာချုပ်ဖြင့် ကမ္ဘောဒီယားအလုပ်ရှင်ထံမှ ဝယ်ယူရာတွင် လက်ရှိအလုပ်ရှင် ပေးရသည်ဆိုသည့် ကုန်ကျစရိတ် မပါဝင်သေးပေ။)
ဧရာဝတီသတင်းဌာနက ရရှိသည့် စာရင်းတချို့အရ ဂျိုးသည် မေလတွင် ဒေါ်လာ ၉၀၀ ကျော် အကြွေးတင်သည်။ တရုတ်နိုင်ငံသား သုံးဦးမှာ စုစုပေါင်း ဒေါ်လာ ၉,၀၀၀ နီးပါး အကြွေးတင်သည်။ (၎င်းတို့ကို သိရှိသွားမည့် အန္တရာယ်ကိုရှောင်ရန် ငွေပမာဏကို အတိအကျ မဖော်ပြပါ။)
စာရင်းတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသူများက ၎င်းတို့ပေးရမည့် ကုန်ကျစရိတ် ၇ မျိုးကို ဖော်ပြထားသည်။ (၁) နိုင်ငံကူးလက်မှတ်နှင့် ဖိတ်ခေါ်စာ၊ (၂) ခြောက်လ နေထိုင်ခွင့်ဗီဇာ၊ (၃) အလုပ်သမားလက်မှတ်၊ (၄) နေ့စဉ် လိုအပ်သည့် အသုံးစရိတ်များ၊ (၅) လေယာဉ်လက်မှတ်၊ (၆) ပြည်ဝင်ခွင့်ဗီဇာ/ပြန်လည် ထွက်ခွာခွင့်ဖောင်၊ (၇) သယ်ယူပို့ဆောင်ခ (ရန်ကုန်မှ မြဝတီသို့) တို့ ဖြစ်သည်။
အဆောင်တွင် လေအေးပေးစက်၊ ရေနွေးနှင့် ချိုးခြင်း၊ အစားအစာ၊ ရေအိမ်သုံးအတွက် ထပ်မံ ကုန်ကျစရိတ်နှင့် စုစုပေါင်းအပေါ် လစဉ် အတိုး ၅ ရာခိုင်နှုန်းစသည့် အခြားကုန်ကျစရိတ်များကို လစဉ် ပေါင်းထည့်သည်။ လကုန်သောအခါ ဂျိုးသည် တပတ်လျှင် ၇၄ နာရီ အလုပ်လုပ်ရသည့်အတွက်ရသော သူ၏လစာ ဒေါ်လာ ၆၀၀ အကုန် ကုန်သည်။
အဆောင်တွင် လေအေးပေးစက်၊ ရေနွေးနှင့် ချိုးခြင်း၊ အစားအစာ၊ ရေအိမ်သုံးအတွက် ထပ်မံ ကုန်ကျစရိတ်နှင့် စုစုပေါင်းအပေါ် လစဉ် အတိုး ၅ ရာခိုင်နှုန်းစသည့် အခြားကုန်ကျစရိတ်များကို လစဉ် ပေါင်းထည့်သည်။ လကုန်သောအခါ ဂျိုးသည် တပတ်လျှင် ၇၄ နာရီ အလုပ်လုပ်ရသည့်အတွက်ရသော သူ၏လစာ ဒေါ်လာ ၆၀၀ အကုန် ကုန်သည်။ အများအားဖြင့် ညဘက်တွင် လျှပ်စစ်မီးဖြင့် မီးချောင်းများအောက်တွင် လုပ်ရခြင်းဖြစ်သည်။
သို့သော် ထိုအကြွေးများကို သူပေးဆပ်နိုင်လျှင်ပင် မြဝတီတွင် ပိတ်မိနေမည်ဖြစ်သည်။ သူသည် ထိုင်းနိုင်ငံသို့ ငွေတပြားတချပ်မှ မရှိဘဲ တရားမဝင် ဝင်ရောက်သောကြောင့် မြဝတီမှ မဲဆောက်သို့ ဆက်သွယ်သည့် သောင်ရင်းမြစ်ပေါ်မှ ချစ်ကြည်ရေးတံတား နှစ်ခုလုံးကို ဖြတ်လျှင် ဖြတ်သန်းနိုင်မည် မဟုတ်ပေ။
အခြား ဆန့်ကျင်ဘက် ဦးတည်ရာသို့ မြဝတီမှ ထွက်ခွာခြင်းသည် အသက်အန္တရာယ် ရှိနိုင်သည်။ ရန်ကုန်နှင့် ချိတ်ဆက်ထားသည့် ပင်မလမ်းမကြီးသည် ကရင်ပြည်နယ် အနောက်ပိုင်း ဒေါနတောင်တန်းများပေါ်တွင် ရှိသည်။ ထိုနေရာသည် စစ်ဇုန်ဖြစ်သည်။
မဲဆောက်မှ အစိုးရမဟုတ်သော အဖွဲ့အစည်းငယ်အချို့သည် မြဝတီရှိ ငွေကြေးလိမ်လည်သည့် လုပ်ငန်းများမှ ဂျိုးကဲ့သို့သော လူအနည်းငယ် လွတ်မြောက်ရေးအတွက် ကူညီနေကြသည်။ သို့သော် ၎င်းတို့သည် များများစားစားလုပ်ရန် ရန်ပုံငွေနှင့် ရင်းမြစ်များ မရှိပေ။
ထိုဒေသမှ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများသည် သူတို့လုပ်သင့်သည်ကို မလုပ်သောကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ကံမကောင်းလောက်အောင် လိုအပ်နေကြောင်း မစ္စတာ ဆူသာလန်က ပြောသည်။ “လူကုန်ကူးသူတွေ အကြိမ်ကြိမ် အသုံးပြုနေတဲ့ လမ်းကြောင်းတွေကို ကျနော်တို့ ကောင်းကောင်းသိပြီး ရပ်တန့်အောင် မလုပ်နိုင်တာ စိတ်ဖိစီးစရာ ကောင်းတယ်” ဟု ၎င်းက ရှင်းပြသည်။
ကယ်ဆယ်ရေးလုပ်သည့် ရုပ်ရှင်အနည်းငယ်ရှိပြီး ထိုရုပ်ရှင်များက ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေးတွင် တိုးတက်မှု ရနေသည်ဟု ယုံကြည်အောင် လုပ်ဆောင်ရာတွင် အောင်မြင်သည်။
စောချစ်သူနှင့် လက်နက်ကိုင်များက ၎င်းတို့ ထိန်းချုပ်ထားသည့် နယ်မြေများကို ရှင်းလင်းခြင်းနှင့် တရုတ်အစိုးရ ကျေနပ်စေရန် ဝင်ရောက်စီးနင်းမှု ဟန်ဆောင်ပြုလုပ်ခြင်းတို့ကို လူသိရှင်ကြား ထုတ်ပြန်ချက်များလုပ်ရန် ကြိုးစားကြသည်ဟု မစ္စတာ ဆူသာလန်က ရှင်းပြသည်။
“အဲဒီလို (တရုတ်က တွန်းအားပေးတဲ့) ဖြိုခွဲမှုတွေက တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ဆိုက်ဘာငွေကြေးလိမ်လည်မှု ခြံဝင်းတွေကို အဓိကထားပြီး တရုတ်နိုင်ငံသားတွေကို အတင်းအကျပ် လုပ်အားအသုံးပြုတဲ့ ဆိုက်ဘာငွေကြေး လိမ်လည်မှုလုပ်တဲ့ ခြံဝင်းတွေကိုသာ အတိုင်းအတာတခုအထိ အဓိကထားတယ်ဆိုတာကို သတိရဖို့ အရေးကြီးတယ်” ဟုလည်း ၎င်းကပြောသည်။
“အများအားဖြင့် စီးနင်းရှာဖွေမှုတွေ မလုပ်ခင် ဂိုဏ်းခေါင်းဆောင်တွေကို ကြိုတင်သတိပေးပြီး အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နဲ့ သြစတြေးလျကလို တရုတ်မဟုတ်တဲ့ သားကောင်တွေကို ပြောင်းလဲ ပစ်မှတ်ထားသမျှ သူတို့ကို ပြန်လည် ဖွင့်လှစ်ခွင့်ပေးတယ်”
“အများအားဖြင့် စီးနင်းရှာဖွေမှုတွေ မလုပ်ခင် ဂိုဏ်းခေါင်းဆောင်တွေကို ကြိုတင်သတိပေးပြီး အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နဲ့ သြစတြေးလျကလို တရုတ်မဟုတ်တဲ့ သားကောင်တွေကို ပြောင်းလဲ ပစ်မှတ်ထားသမျှ သူတို့ကို ပြန်လည် ဖွင့်လှစ်ခွင့်ပေးတယ်” ဟု မစ္စတာ ဆူသာလန်က ရှင်းပြသည်။
“အဲဒီလုပ်ငန်းတွေကို ပေါ်ပေါက်စေတဲ့ ငွေကြေးလိမ်လည်မှုနဲ့ လူကုန်ကူးမှု (တိုက်ဖျက်ရေး) ဟာ KNA ထိန်းချုပ်မှုအောက်မှာ ကြိုမြင်မှန်းဆနိုင်တဲ့ အနာဂတ်ကာလအတွင်း ဘယ်ခရီးမှပေါက်မှာ မဟုတ်ဘဲ အဲဒီလုပ်ငန်းတွေဟာ စစ်ကောင်စီနဲ့လည်း ထဲထဲဝင်ဝင် ပတ်သက်နေတယ်ဆိုတာကို သတိရဖို့ အရေးကြီးတယ်။ ရွှေကုက္ကိုလိုနေရာမျိုးက ရတဲ့ငွေတွေကို စစ်တပ်က မြန်မာပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာ စစ်ပွဲဆင်ရာမှာ လုံးဝလိုအပ်နေတယ်” ဟုလည်း ၎င်းကပြောသည်။
ဘုရားသုံးဆူတောင်ကြား
ငွေကြေးလိမ်လည်မှု လုပ်ငန်းများမှ ဝန်ထမ်းအချို့ကို ကရင်ပြည်နယ်တောင်ပိုင်းစွန်း ဘုရားသုံးဆူတောင်ကြားသို့ ပြောင်းရွှေ့နေကြောင်း မဲဆောက်နှင့် မြဝတီမှ သတင်းရင်းမြစ်များက ပြောသည်။ ဘုရားသုံးဆူတောင်ကြားသည် ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်မှ ဆန်ခလဘူရီနှင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ကို ဖြတ်ကူးနိုင်သည်။
၎င်းတို့သည် အများအားဖြင့် တရုတ်နိုင်ငံသားများဖြစ်ပြီး ဖမ်းဆီးထိန်းချုပ်ခံများ မဟုတ်ဘဲ ကာစီနိုနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်သူများနှင့် မန်နေဂျာများဖြစ်ကြောင်း ဘုရားသုံးဆူမှ ရင်းမြစ်တခုက ပြောသည်။ ဘုရားသုံးဆူမှ ငွေကြေးလိမ်လည်မှု လုပ်ငန်းများ၊ ကာစီနိုများ၏ အရွယ်အစားနှင့် အရေအတွက်သည် မြဝတီလောက် မကြီးမား၊ မများပြားသော်လည်း ၎င်းတို့သည် အရေအတွက်နှင့် အရွယ်အစားကို လျင်မြန်စွာ တိုးချဲ့နေကြောင်း ဘုရားသုံးဆူမှ ရင်းမြစ်များက ပြောသည်။
ထိုမြို့ကို KNU မှ မူးယစ်ဆေးရောင်းသော ခွဲထွက်အဖွဲ့ ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA) က အဓိက ထိန်းချုပ်ထားသည်။ စောချစ်သူ၏ လက်နက်ကိုင်အဖွဲ့သည် ထိုနေရာတွင် ၎င်းတို့ ပါဝင်ပတ်သက်မှု အင်အားတောင့်တင်းအောင် လုပ်နေပြီး ငွေကြေးလိမ်လည်မှု လုပ်ငန်းများ တိုးချဲ့ရန် DKBA နှင့် မဟာမိတ်ဖွဲ့ခြင်းဖြစ်ကြောင်း ထိုမြို့မှ သတင်းရင်းမြစ်များက ပြောသည်။
တရုတ် ငွေကြေးလိမ်လည်မှု လုပ်ငန်းများနှင့် ကာစီနိုလုပ်ကိုင်သူများ ဝင်ရောက်လာခြင်းသည် ဧပြီလမှ စတင်ပြီး လွန်စွာ များပြားသောကြောင့် အငှားဈေးနှုန်းများ နှစ်ဆကျော် တက်ကြောင်း၊ အသိပေး အကြောင်းကြားစာများကို တရုတ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်နေရကြောင်း ဘုရားသုံးဆူမှ မြန်မာသတင်းမီဒီယာများက ဖော်ပြသည်။ မြို့ပတ်လည် တောင်စောင်းများမှ မြေများကိုလည်း အလုအယက် ဝယ်ယူနေကြသည်။
တရုတ် ငွေကြေးလိမ်လည်မှု လုပ်ငန်းများသည် DKBA နှင့် စောချစ်သူထံမှ လက်နက်ကိုင်များကို သက်တော်စောင့်များအဖြစ် ငှားရမ်းနေကြောင်း ကရင်မီဒီယာက ဖော်ပြသည်။
တရုတ်ရာဇဝတ်ဂိုဏ်းသားများသည် မြဝတီမှ ကားဖြင့်ဖြစ်စေ၊ ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိများကို ထိုင်းပြည်ဝင်ခွင့်များ ပြသ၍ဖြစ်စေ တောင်ကြားမှ လမ်းလျှောက်ဝင်လာနေသည်ဟု မြန်မာမီဒီယာသတင်းများတွင် ဖော်ပြကြသည်။
၎င်းတို့သည် မြို့အတွင်းတွင် သေနတ်များကို ဗြောင်ကျကျ ကိုင်ဆောင်ကြသည်ဟုလည်း သတင်းများတွင် ဖော်ပြသည်။
အခြေအနေ ပိုမိုဆိုးရွားသည်ဟု မစ္စတာ တာဝါက ပြောသည်။ ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံကို ခွဲခြားထားသည့် သောင်ရင်းမြစ်၏ မြန်မာဘက်ကမ်းတခုလုံးတွင် ရာဇဝတ်ငွေကြေးလိမ်လည်မှု ခြံဝင်းများပြည့်နေကြောင်း ၎င်းကပြောသည်။
“DKBA ကလည်း တရုတ်ရာဇဝတ်ဂိုဏ်းတွေနဲ့ ပိုမိုနက်ရှိုင်းစွာ မဟာမိတ်ဖွဲ့နေလို့ သူတို့ ပိုင်နက်ထဲက ငွေကြေးလိမ်လည်ဂိုဏ်းတွေဟာ အလျင်အမြန် ကြီးထွားနေတယ်။ ပိုမိုများပြားတဲ့ တရုတ် မဟုတ်သော လူကုန်ကူမှုသားကောင်တွေကို တိုင်ချန်းလို DKBA ခြံဝင်းတွေကို ခေါ်လာနေကြတယ်”
“DKBA ကလည်း တရုတ်ရာဇဝတ်ဂိုဏ်းတွေနဲ့ ပိုမိုနက်ရှိုင်းစွာ မဟာမိတ်ဖွဲ့နေလို့ သူတို့ ပိုင်နက်ထဲက ငွေကြေးလိမ်လည်ဂိုဏ်းတွေဟာ အလျင်အမြန် ကြီးထွားနေတယ်။ ပိုမိုများပြားတဲ့ တရုတ် မဟုတ်သော လူကုန်ကူမှုသားကောင်တွေကို တိုင်ချန်းလို DKBA ခြံဝင်းတွေကို ခေါ်လာနေကြတယ်” ဟု မစ္စတာ တာဝါက ရှင်းပြသည်။
ရန်ကုန်ကို သွားမလား
မြန်မာမှ အကြီးမားဆုံး စီးပွားရေးမြို့ ရန်ကုန်သည်လည်း ငွေကြေးလိမ်လည်မှုလုပ်ငန်း ထွန်းကားလာခြင်းကို ရင်ဆိုင်နေရသည်။ ကမာရွတ်ရှိ Time City ပတ်ဝန်းကျင်သည် အဆိုးဆုံးနေရာဖြစ်ကြောင်း ဒေသခံများနှင့် သုတေသီများက ပြောသည်။
“အလုပ်အကိုင်ကြော်ငြာတွေက ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေလိုပဲ မရိုးသားဘူး” ဟု Time City အနီး ငွေကြေး လိမ်လည်မှုဌာနတခုတွင် အလုပ်လျှောက်ထားသည့် အမည်မဖော်လိုသူတဦးက ပြောသည်။
သူသည် မကြာသေးမီက ရန်ကုန်မှ ပြန်လာကြောင်းနှင့် ငွေကြေးလိမ်လည်မှု ခြံဝန်းများ ရန်ကုန်တွင် လုံးဝတိုးပွားနေကြောင်း မစ္စတာ ဆောက်သန်က ပြောသည်။
“သူတို့တွေက အဲဒီ ငွေကြေးလိမ်လည်မှု လုပ်ငန်းတွေအတွက် အတင်းအကျပ် လုပ်အား သုံး၊ မသုံး ကျနော် အတည်မပြုနိုင်သေးဘူး။ ဒါပေမယ့် မသုံးရင်တောင်မှ ရန်ကုန်ဟာ တခြား ငွေကြေးလိမ်လည်တဲ့လုပ်ငန်း ပျံ့နှံ့တဲ့ နေရာတွေလို အလားတူပုံစံမျိုး လိုက်လုပ်နိုင်တယ်” ဟုလည်း ၎င်းကပြောသည်။
“နောက်ဆုံးတော့ ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေက အမြတ်အစွန်းနဲ့ ရင်းနှီးမြှုပ်နှံမှု ကာမိအောင် လုပ်ရတာပဲ။ စိတ်လိုလက်ရလုပ်မယ့်သူတွေက ကျွန်ပြုခံထားရသူတွေလောက် လုံလောက်တဲ့ သားကောင်တွေကို မရှာပေးနိုင်ဘူးဆိုတာကတော့ ရှင်းတယ်” ဟု ၎င်းကပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်း ပါ Vincent MacIsaac ၏ Myanmar”s Scam Hells Can”t Release Their Captives ကို ဘာသာပြန်သည်။)
You may also like these stories:
လွတ်မြောက်လာသူတွေပြောပြတဲ့ ရွှေကုက္ကိုက ကျားဖြန့် လုပ်ငန်းတွေ အကြောင်း
ရွှေကုက္ကိုရောက် CDM တယောက်ရဲ့ ကျားဖြန့် အတွေ့အကြုံ
စင်ကာပူ၌ ငွေကြေးခဝါချမှုဖြင့် ဖမ်းခံရသူများ ရွှေကုက္ကိုစီမံကိန်းနှင့် ဆက်စပ်နေ
ရွှေကုက္ကိုကို တရုတ်အစိုးရက သိမ်းဖို့ ကြိုးစားနေဟု အဖမ်းခံ တရုတ်ပိုင်ရှင် ပြော
ဒေသတွင်း တည်ငြိမ်မှုကို ရွှေကုက္ကို ခြိမ်းခြောက်လာနေ