စက်တင်ဘာလ ၁၀ ရက်နေ့တွင် ယူကရိန်းတပ်များသည် မော်စကိုသို့ ဒရုန်း ၁၄၄ စင်းဖြင့် ပစ်မှတ်ထားပြီး ယနေ့အချိန်အထိ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှု ပြုလုပ်သည်။ ထိုတိုက်ခိုက်မှုတွင် ဒရုန်း ၂၀ ပစ်ချခံရပြီး မော်စကိုအနီးမှ လူနေအဆောက်အအုံ အများအပြား မီးလောင်ကုန်သည်။
ရုရှားရှိ အရေးအပါဆုံး လေဆိပ်များမှ လေကြောင်းခရီးစဉ်များ ယာယီဆိုင်းငံ့လိုက်ရသည်။ တုံ့ပြန်သည့်အနေဖြင့် ရုရှားကလည်း ဒရုန်း ၄၆ စင်းသုံးပြီး လက်စားချေ တိုက်ခိုက်သည်။
နှစ်ဖက်လုံးမှ တိုက်ခိုက်မှုများသည် ယခုအခါ အငြင်းပွားစရာ မလိုသည့် အချက်အလက်တခုကို မီးမောင်းထိုးပြနေသည်။ ဒရုန်းစစ်ရေးသည် ယူကရိန်းစစ်ပွဲတွင် အဆုံးအဖြတ်ကျသည့် အခန်းမှ ပါဝင်လာခြင်းပင် ဖြစ်သည်။
လက်နက်တပ်ဆင်ထားသော ဒရုန်းများ သို့မဟုတ် မောင်းသူမဲ့လေယာဉ်များ (UAVs) သည် လူပုဂ္ဂိုလ်များနှင့် ပစ္စည်းကိရိယာများ အပါအဝင် ပစ်မှတ်များကို ရှာဖွေ၊ စောင့်ကြည့်၊ တိုက်ခိုက်သည့် မောင်းသူမဲ့လေယာဉ်များ ဖြစ်သည်။
ဒရုန်းများတွင် လူသားကိုင်ဆောင်ရသည့် လက်နက်များထက် အဓိက အားသာချက်များ ရှိသည်။ ၎င်းတို့သည် ၁၄ နာရီကြာ ပျံသန်းနိုင်ပြီး F-16 ကဲ့သို့သော လူသားမောင်းနှင်သည့် လေယာဉ်များသည် ၄ နာရီအောက်သာ ပျံသန်းနိုင်ခြင်းနှင့် နှိုင်းယှဉ်နိုင်ပြီး လေယာဉ်မှူး၏ လုံခြုံရေးကို အန္တရာယ် မကျရောက်စေဘဲ စဉ်ဆက်မပြတ် ထောက်လှမ်းနိုင်သည်။
စက်တင်ဘာ ၁၁ ရက်နေ့ 9/11 တိုက်ခိုက်မှုနောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးများတွင် UAVs များကို အသုံးပြုမှု အကြီးအကျယ် တိုးချဲ့သည်။ ဒရုန်းများတွင် လူသားကိုင်ဆောင်ရသည့် လက်နက်များထက် အဓိက အားသာချက်များ ရှိသည်။ ၎င်းတို့သည် ၁၄ နာရီကြာ ပျံသန်းနိုင်ပြီး F-16 ကဲ့သို့သော လူသားမောင်းနှင်သည့် လေယာဉ်များသည် ၄ နာရီအောက်သာ ပျံသန်းနိုင်ခြင်းနှင့် နှိုင်းယှဉ်နိုင်ပြီး လေယာဉ်မှူး၏ လုံခြုံရေးကို အန္တရာယ် မကျရောက်စေဘဲ စဉ်ဆက်မပြတ် ထောက်လှမ်းနိုင်သည်။
ထို့ပြင် ဒရုန်းများသည် ချက်ချင်းနီးပါး တုံ့ပြန်မှုပေးနိုင်ပြီး ၁၉၉၈ ခုနှစ်က အိုစမာ ဘင်လာဒင်ကို ခရုဇ်ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကဲ့သို့ လူသားပါဝင်ရသည့် စနစ်များနှင့်မတူဘဲ ဒုံးကျည်များသည် ပစ်မှတ်များကို စက္ကန့်ပိုင်းအတွင်း ပစ်ခတ်နိုင်သည်။ အိုစမာဘင်လာဒင်ကို တိုက်ခိုက်မှုသည် နာရီပေါင်းများစွာကြာသည့် ထောက်လှမ်းရေးသတင်းများကို အားထားရသည်။
ဒရုန်းအသုံးပြုခြင်း၊ ဒရုန်းမူဝါဒနှင့် ၎င်းတို့ကို စစ်ရေးသေနင်္ဂဗျူဟာတွင် မည်သို့ ပေါင်းစပ်သင့်သည်ကို အမေရိကန်ကာကွယ်ရေး အသိုက်အဝန်းတွင် ဆွေးနွေးမှု အများအပြားရှိသည်။ မရိန်းတပ်များ တက္ကသိုလ် (MCU) ၏ အဆိုအရ ဒရုန်းတိုက်ခိုက်မှု၏ ထိရောက်မှုကို တွက်ချက်ရန် နည်းဗျူဟာ စစ်ရေးထိရောက်မှု (TME)၊ စစ်ဆင်ရေးဆိုင်ရာ စစ်ရေးထိရောက်မှု (OME) နှင့် သေနင်္ဂဗျူဟာ စစ်ရေးထိရောက်မှု (SME) အပါအဝင် အချက်အလက် အများအပြားကို ထည့်သွင်းစဉ်းစားရန် လိုသည်။
TME သည် ဒရုန်းတိုက်ခိုက်မှုက ပစ်မှတ်တခုကို ဖျက်ဆီးခြင်းကဲ့သို့ လတ်တလော ရည်မှန်းချက်ကို မည်မျှ ကောင်းစွာ အောင်မြင်သည်ကို အကဲဖြတ်သည်။ OME သည် တပ်ဖွဲ့များလှုပ်ရှားမှု သို့မဟုတ် စစ်ဆင်ရေးညှိနှိုင်းမှုကဲ့သို့ စစ်ဘက်စစ်ဆင်ရေး၏ ပိုမိုကျယ်ပြန့်သော သက်ရောက်မှုကို တန်ဖိုးဖြတ်သည်။ SME သည် ရန်သူခေါင်းဆောင်မှု၊ အများပြည်သူအမြင်နှင့် နိုင်ငံတကာဆက်ဆံရေးတို့အပေါ် ဒရုန်းတိုက်ခိုက်မှုများ၏ သက်ရောက်မှုအပါအဝင် ဒရုန်းစစ်ရေး၏ ရေရှည်အကျိုးဆက်များကို ထည့်သွင်းစဉ်းစားသည်။ ဒရုန်းတိုက်ခိုက်မှုများသည် ရေတိုနှင့်ရေရှည် စစ်ရေးရည်မှန်းချက်များနှင့် ကိုက်ညီစေရေးတွင် ထိုအချက် သုံးချက်လုံးသည် အရေးပါသည်။
ဒရုန်းများသည် အာမေးနီးယန်းနှင့် အဇာဘိုင်ဂျန်တပ်များအကြား နာဂေါ်နို-ကာရာဘက် တိုက်ပွဲတွင် အရေးပါသောအခန်းမှ ပါဝင်ပြီးနောက် ယူကရိန်းစစ်ပွဲတွင် ဒရုန်းများကို အကြီးအကျယ် ဖြန့်ကြက်သည်။
ဒရုန်းများသည် မြန်မာပြည်တွင်းစစ်နှင့် အရှေ့အလယ်ပိုင်းတဝန်းမှ ပဋိပက္ခများတွင် အဓိကကျသည့် ပလက်ဖောင်းတခု ဖြစ်လာနေသည်။ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် အပါအဝင် အဆင့်မြင့်စစ်တပ်များသည် ၎င်းတို့၏ ဒရုန်းသေနင်္ဂဗျူဟာများကို ပိုမိုကောင်းမွန်စေရေးအတွက် ထိုစစ်မျက်နှာများကို အနီးကပ် စောင့်ကြည့်နေသည်။
ဥပမာအားဖြင့်ဆိုရပါက ပင်တဂွန်စစ်ဌာနချုပ်သည် ထိုင်ဝမ်ကို ကာကွယ်ရေးအတွက် ‘ဒရုန်းတိုက်ဖျက်ရေး သေနင်္ဂဗျူဟာ’ (drone hellscape strategy) ကို မကြာသေးမီက ထုတ်ပြန်ကြေညာပြီး တရုတ်ကလည်း ထိုင်ဝမ်ကျွန်းကို ဒရုန်းသက်သက်ဖြင့် တိုက်ခိုက်ရေး ပုံစံတူ ပြုလုပ်နေသည်။
ကမ္ဘာ့အတိုးတက်ဆုံး စစ်တပ်များသည်ပင် ဒရုန်းစစ်ရေးနှင့် ပတ်သက်သည့် တိကျသော ချဉ်းကပ်ပုံတခု ကင်းမဲ့နေပုံရသည်။ မျှော်လင့်မထားသည့်ကိစ္စမှာ ၎င်းတို့သည် အခြားဝေးကွာသော ကမ္ဘာ့ပဋိပက္ခများတွင် ရန်ပုံငွေနည်းပြီး လေ့ကျင့်မှု မလုံလောက်သည့် သူပုန်များထံမှ အဖိုးတန်သင်ခန်းစာများကို ဆက်လက် လေ့လာနေရခြင်း ဖြစ်သည်။
သို့သော် ကမ္ဘာ့အတိုးတက်ဆုံး စစ်တပ်များသည်ပင် ဒရုန်းစစ်ရေးနှင့် ပတ်သက်သည့် တိကျသော ချဉ်းကပ်ပုံတခု ကင်းမဲ့နေပုံရသည်။ မျှော်လင့်မထားသည့်ကိစ္စမှာ ၎င်းတို့သည် အခြားဝေးကွာသော ကမ္ဘာ့ပဋိပက္ခများတွင် ရန်ပုံငွေနည်းပြီး လေ့ကျင့်မှု မလုံလောက်သည့် သူပုန်များထံမှ အဖိုးတန်သင်ခန်းစာများကို ဆက်လက် လေ့လာနေရခြင်း ဖြစ်သည်။
မြန်မာပြည်တွင်းစစ်မှ ဒရုန်းစစ်ရေး
မြန်မာပြည်တွင်းစစ် ရှေ့တန်းအကူအညီပေးရေးအဖွဲ့ဖြစ်သည့် Free Burma Rangers က ပဋိပက္ခအတွင်း ဒရုန်းစစ်ရေးဖြစ်ရပ် တိုးပွားလာခြင်းကို ဖော်ပြခဲ့သည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် စစ်ကောင်စီ၏ ဒရုန်းတိုက်ခိုက်မှု၌ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း အရပ်သား လေးဦး သေဆုံးပြီး အခြားသူတဦး ဒဏ်ရာရသည်။
အခြားဒရုန်းတစင်းကလည်း ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်လင်လေးကျေးရွာမှ အရပ်သားအိမ်တလုံးအပေါ် လက်လုပ်ဗုံးချသည်။ ထိုဖြစ်ရပ်တွင် တောင်ပံ ခြောက်လုံးတပ် စစ်ကောင်စီဒရုန်းသည် စစ်မြေပြင်ပေါ်မှ ပျံသန်းနေစဉ် စက်ပိုင်းဆိုင်ရာပြဿနာများ ရင်ဆိုင်ရပြီးနောက် ဒီမိုကရေစီလိုလားသည့် လူမျိုးစုစစ်တပ်ဖြစ်သော ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က သိမ်းယူလိုက်သည်။
ထိုကိစ္စများကို စုစည်းသုံးသပ်သောအခါ ဒရုန်းစစ်ရေးသည် နည်းဗျူဟာအရ မွေးဖွားစသာရှိသေးကြောင်း ဖော်ပြနေပြီး မအောင်မြင်သည့် ဖြန့်ကြက်မှု အများအပြားရှိကာ ဝန်နှင့်လက်နက်တပ်ဆင်ခြင်းကို မြေပြင်မှ စစ်သားများက ကြုံသလို လုပ်နေကြောင်း ပြသနေသည်။
မြန်မာပြည်တွင်းစစ်မှ အခြား တော်လှန်ရေးတပ်မတော်များ အထူးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) သည် ၎င်းတို့၏ သီးခြား ဒရုန်းတပ်များကို ထူထောင်ထားကြသည်။ ဥပမာအားဖြင့် PDF တပ်ဖွဲ့တခုသည် လွိုင်ကော် တိုက်ပွဲအတွင်း ဒရုန်းတိုက်ခိုက်မှု ၁၂၅ ကြိမ် ပြုလုပ်သည်ဟု ဖော်ပြသည်။
အခြားဒရုန်းတပ်ဖွဲ့တခုကလည်း လွန်ခဲ့သောနှစ်အတွင်း ဒရုန်းတိုက်ခိုက်မှု အကြိမ် ၈၀ ခန့်လုပ်ခဲ့ပြီး စစ်ကောင်စီစစ်သား ၈၀ မှ ၁၀၀ အထိကို သတ်ခဲ့သည်ဟု ပြောသည်။ ထိုတပ်ဖွဲ့များသည် ဒရုန်းများကို ကိုယ်တိုင်ထုတ်လုပ်၍ဖြစ်စေ၊ အရပ်ဘက်သုံးဒရုန်းများတွင် ဖြန့်ကြက်နိုင်သော ပေါက်ကွဲပစ္စည်းများ တပ်ဆင်၍ဖြစ်စေ အသုံးပြုကြသည်။
ထိုဒရုန်းများသည် ဈေးမကြီးဘဲ ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ကာ ထိရောက်မှု မြင့်မားသည်။ တရုတ်နှင့်ရုရှား၏ အကူအညီဖြင့် စစ်ကောင်စီသည်ပင် ၎င်းတို့၏ဒရုန်းများတွင် မော်တာကျည်ဆံများ တပ်ဆင်ပြီး အလားတူ နည်းဗျူဟာကို သုံးသလို တိုင်းရင်းသားတပ်မတော်များကလည်း စစ်တပ်ထံမှ သိမ်းဆည်းမိသည့် မော်တာကျည်ဆံများကို အခြေခံကာ လက်လုပ်ဗုံးများ ပြုလုပ်ကြသည်။ ထိုလက်နက်များသည် ၄၀ မမ မှ ၆၀ မမ အထိပါဝင်ပြီး ဖောက်ခွဲပစ္စည်းနှင့် ဗုံးဆံများ ၂ ဒသမ ၅ ကီလိုဂရမ်အထိ ပါဝင်ကာ ကွင်းပြင်အနေအထားတွင် မီတာ ၁၀၀ ပတ်လည်အတွင်း မည်သူကိုမဆို သတ်ဖြတ်နိုင်၊ ဒဏ်ရာရစေနိုင်သည်။
ယူကရိန်းစစ်ပွဲကို အပြောင်းအလဲဖြစ်စေသည့် FPV ဒရုန်းများ
လက်လုပ်နှင့် ပြုပြင်ထားသော ဒရုန်းများအပြင် ကိုယ်တိုင်စောင့်ကြည့်နိုင်သည့် ဒရုန်း (FPV) များသည် တစင်းလျှင် ဒေါ်လာ ၅၀၀ ခန့်အထိ ကုန်ကျစေနိုင်ပြီး အဆင့်မြင့်ကင်မရာ တပ်ဆင်ထားသည့် ထောက်လှမ်းရေး ဒရုန်းများသည် ဒေါ်လာ ထောင်နှင့်ချီ ကုန်ကျစေနိုင်သည်။
ယူကရိန်းသည် ထိုဒရုန်းများကို တလလျှင် အစင်း ၁ သိန်း ဖြန့်ကြက်ပြီး ၂၀၂၄ ခုနှစ်တွင် FPV ဒရုန်း ၁ သန်း ထုတ်လုပ်ရန် စီစဉ်ထားသည်။ ထိုအရေအတွက်သည် လွန်ခဲ့သောနှစ်အတွင်း ဥရောပသမဂ္ဂတခုလုံးက ထောက်ပံ့သည့် အမြောက်ဆံ အရေအတွက်ထက် ပိုမိုများပြားသည်
ယူကရိန်းသည် ထိုဒရုန်းများကို တလလျှင် အစင်း ၁ သိန်း ဖြန့်ကြက်ပြီး ၂၀၂၄ ခုနှစ်တွင် FPV ဒရုန်း ၁ သန်း ထုတ်လုပ်ရန် စီစဉ်ထားသည်။ ယူကရိန်းစစ်ပွဲတွင် ဒရုန်းများ မည်မျှ အရေးပါသည်ကို သိရှိရန် ထိုအရေအတွက်သည် လွန်ခဲ့သောနှစ်အတွင်း ဥရောပသမဂ္ဂတခုလုံးက ထောက်ပံ့သည့် အမြောက်ဆံ အရေအတွက်ထက် ပိုမိုများပြားသည်ဆိုသည့်အချက်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
ကြုံသလိုလုပ်ထားသည့် စင်မြင့်များမှ လွှတ်တင်သည့် FPV ဒရုန်းများသည် ၎င်းတို့၏ အရွယ်အစား၊ ဘက်ထရီနှင့် ဝန်တင်ဆောင်မှုအပေါ် မူတည်ပြီး ၅ ကီလိုမီတာမှ ၂၀ ကီလိုမီတာအထိ ပျံသန်းနိုင်ကြသည်။ ကိုယ်တိုင်မြင်တွေ့နိုင်ရန် ဦးခေါင်းစွပ်ကိရိယာ ဆောင်းထားသည့် စစ်သားတဦးက ထိန်းချုပ်ကာ အခြားတဦးက တက်ဘလက်မှ မြေပုံဖြင့် လမ်းညွှန်ပေးသည့် ထိုဒရုန်းများသည် တင့်ကားတံခါးပေါက်များ သို့မဟုတ် အင်ဂျင်များကဲ့သို့ ထိခိုက်လွယ် နေရာများကို ပစ်မှတ်ထားရန် မကြာခဏ အသုံးပြုကြသည်။
ညကြည့် မျက်မှန် သို့မဟုတ် VR ဂိမ်းတွင် အသုံးပြုသည့် ခေါင်းစွပ်ကိရိယာဖြင့် အချိန်နှင့်တပြေးညီ ဗီဒီယိုမှ မြင်နေရသောကြောင့် မောင်းနှင်သူသည် အတိအကျ ထိန်းချုပ်နိုင်ပြီး အထူးသဖြင့် မြို့ပြစစ်ရေး သို့မဟုတ် မြင်ကွင်းမရှင်းသောမြေပြင် စသည့် ရှုပ်ထွေးသော နေရာများတွင် အတိအကျ ထိန်းချုပ်နိုင်သည်။
FPV ဒရုန်းများသည် ထောက်လှမ်းရေး၊ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ပျက်စီးဆုံးရှုံးခံ တိုက်ခိုက်ခြင်း (suicide mission) တို့တွင် အလွန် ထိရောက်သည်။ ပျက်စီးဆုံးရှုံးခံ တိုက်ခိုက်ခြင်းတွင် ဒရုန်းသည် ပေါက်ကွဲပစ္စည်းများကို တင်ဆောင်ကာ ပစ်မှတ်သို့ တိုက်ရိုက်ပျံသန်းသည်။ လေယာဉ်များ၊ ရဟတ်ယာဉ်များနှင့် မတူဘဲ ၎င်းတို့ကို ရှေ့တန်းစစ်မျက်နှာမှ လေကြောင်းကာကွယ်ရေးစနစ်က မဟန့်တားနိုင်ပေ။
လက်တွေ့တွင် ဒေါ်လာ ၅၀၀ တန် FPV ဒရုန်းသည် ဒေါ်လာသန်းနှင့်ချီတန်သည့် ရုရှားတင့်ကား၏ ဝင်ပေါက်ကို ပစ်မှတ်ထားနိုင်ပြီး ခေတ်သစ်စစ်ရေးတွင် ၎င်းတို့၏ ကုန်ကျစရိတ် ထိရောက်မှုကို ပြသနေသည်။
ဒရုန်းတိုက်ဖျက်ရေးနှင့် ကျော်လွှားရေးနည်းပညာများ တိုးတက်လာခြင်း
စစ်မြေပြင်တွင် ဒရုန်းစစ်ရေးကို အသုံးများလာသောအခါ ထိရောက်သော ဒရုန်းကျော်လွှားရေး (jamming) နည်းပညာများ လိုအပ်ချက် မြင့်မားလာသည်။ ရုရှား၊ ယူကရိန်းနှင့် အခြားစစ်တပ်များသည် ဒရုန်းရန်ကို ကာကွယ်နိုင်သည့် ဂျမ်မာ (Jammer) များ ရနိုင်ကြသော်လည်း မြန်မာမှ တိုင်းရင်းသားတပ်များတွင် ထိုကိရိယာများ လုံးဝနီးပါး မရှိပေ။
ဂျမ်မာများသည် ဒေါ်လာ ၂,၄၀၀ ခန့်မှ စတင်ရနိုင်သော်လည် ဈေးပေါပြီး စီးပွားရေးအရ ရနိုင်သည့် ဂျမ်မာများသည် ဒီဇိုင်းအပြစ်အနာအဆာကြောင့် အသုံးမဝင်ပေ။
ဂျမ်မာများသည် ဒေါ်လာ ၂,၄၀၀ ခန့်မှ စတင်ရနိုင်သော်လည် ဈေးပေါပြီး စီးပွားရေးအရ ရနိုင်သည့် ဂျမ်မာများသည် ဒီဇိုင်းအပြစ်အနာအဆာကြောင့် အသုံးမဝင်ပေ။
တိုက်ခိုက်မှုသည် ဘေးမှ လာသော်လည်း ဂျမ်မာ အချို့တွင် အပေါ်တည့်တည့် ထောင်ထားသည့် အင်တာနာများကို အသေတပ်ဆင်ထားကြပြီး အများအပြားသည် စနစ်ကျသည့် အအေးခံစနစ်မပါဘဲ အပူလွန်ကဲကြသည်။ ထို့ကြောင့် အရှေ့အလယ်ပိုင်းမှ သဲကန္တာရများနှင့် မြန်မာမှ စိုထိုင်းသော သစ်တောများကဲ့သို့ ကြမ်းတမ်းသော အခြေအနေများတွင် ၎င်းတို့၏ ထိရောက်မှုက စိုးရိမ်စရာ ဖြစ်စေသည်။
ထို့အပြင် အီလက်ထရွန်းနစ် ဂျမ်မာ ကိရိယာများသည် သတ်မှတ်ကြိမ်နှုန်းများဖြင့် လုပ်ဆောင်ပြီး ဒရုန်းမောင်းသူများသည် အသုံးနည်းသည့် ကြိမ်နှုန်းသို့ ပြောင်းလဲသုံးနိုင်သည်။ ထိုပြဿနာကို ရင်ဆိုင်ရန် အိတ်ဆောင်အရွယ် နည်းပညာများနှင့် ကျောပိုးအိတ်ဆောင် အီလက်ထရွန်းနစ် စစ်ရေးစနစ် (EW) များ ပေါ်ပေါက်လာပြီး အချက်ပြမှုများ ၇၂၀ မှ ၁,၀၅၀ မဂ္ဂါဟက်အထိ ဂျမ်းမင်းလုပ်ကာ ရုရှားဒရုန်းများကို တားဆီးရာတွင် ထိရောက်သည်။
ထိုသို့ ပိုမိုသစ်လွင်သည့် ဂျမ်မာများကို ယူကရိန်းက ဖြန့်ကြက်သော်လည်း ရုရှားက ရှာဖွေရေးအတွက် Orlan -10 ကို သုံးပြီး တိုက်ခိုက်ရန် Lancet ကဲ့သို့ ရှာဖွေ-သတ်ဖြတ် ဒရုန်းစနစ်များကို ဒုံးကျည်တပ်ဆင်ထားသည့် Orion ဒရုန်းနှင့်အတူ အသုံးပြုခြင်းသည် ယူကရိန်း၏ ဒရုန်းကာကွယ်ရေးအတွက် စိန်ခေါ်မှု ဆက်လက်ဖြစ်နေသည်။
ထိုကိစ္စကို တုံ့ပြန်သည့် အနေဖြင့် ယူကရိန်းသည် ဒရုန်းစစ်ရေးဌာနခွဲ လူမဲ့စနစ်များတပ်ဖွဲ့ (USF) ကို ထူထောင်သည်။ ထို့အပြင် ဂျမ်မာကို လုံးဝကျော်လွှားနိုင်ရန် ဉာဏ်ရည်တု AI အသုံးပြုသည့် တစိတ်တပိုင်း အလိုအလျောက် ဒရုန်းများကို ထုတ်လုပ်နေကြသည်။
မိမိတို့သည် ဒရုန်း စစ်ရေးတွင် မွေးကင်းစ အဆင့်တွင်သာရှိနေပြီး ဆင့်ကဲဖြစ်ပေါ် တိုးတက်မှုများသည် စစ်မြေပြင်မှ တီထွင်ဆန်းသစ်မှုများဖြင့် အချိန်နှင့်တပြေးညီ ဖြစ်ပေါ်နေသည်။ ထိုအမြင်အရ ယူကရိန်းမှ အမေရိကန် ကာကွယ်ရေး အသုံးစရိတ်သည် မနက်ဖြန် ဒရုန်းစစ်ပွဲများအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။
(Geopolitical Monitor ပါ Antonio Graceffo ၏ From Ukraine to Myanmar, Drone Warfare Marks a Paradigm Shift ကို ဘာသာပြန်သည်။)
You may also like these stories:
တော်လှန်ရေးအဖွဲ့များထံမှ လေ့လာပြီး စစ်ကောင်စီ ဒရုန်းတပ်ဖွဲ့ကို ဖွဲ့စည်း
ဒု စစ်ခေါင်းဆောင် ရောက်နေချိန် ရတခ ဒရုန်းဖြင့် တိုက်ခိုက်ခံရ
ရုရှားက အသာစီးဖြင့် တိုက်နေတဲ့ ၂ နှစ်ကြာ ယူကရိန်းစစ်ပွဲ
နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာလေတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ
“ဒရုန်းတွေက ကျနော်တို့ လေတပ်ပဲ”
ဒုံးကျည်နှင့်ဒရုန်း ရရှိရေး စစ်ကောင်စီက အီရန်ဘက် ခြေဦးလှည့်နေ