ပြည်တွင်းစစ်ကြောင့် အထိနာနေသည့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍမှာ တပူပေါ်နှစ်ပူဆင့်ဆိုသလို ယခုလအတွင်း ဝင်ရောက်ခဲ့သော ယာဂီမုန်တိုင်းအရှိန်ကြောင့် စိုက်ပျိုးမြေဧက ခုနစ်သိန်းခွဲကျော် ရေနစ်မြှုပ်ပျက်စီးပြီး စိုက်ပျိုးထုတ်လုပ်မှု လျော့ကျမည့်အခြေအနေသို့ ရောက်ရှိနေပြန်သည်။
နေပြည်တော်၊ မန္တလေး၊ ကရင်နီ (ကယား)၊ ပဲခူး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် ဒေသများတွင် စပါး အပါအဝင် ပဲ၊ ပြောင်း၊ ကြံ၊ နနွင်း၊ ဂျင်း၊ ကုန်စိမ်း စသည့် သီးနှံစိုက်ခင်းများစွာ ပျက်စီးခဲ့ရပြီး ပြန်လည်စိုက်ပျိုးရန်အတွက် တောင်သူလယ်သမား သောင်းနှင့်ချီမှာ မျှော်လင့်ချက်မဲ့နေသည်။
မုန်တိုင်းအရှိန်ကြောင့် ပျက်စီးရသော ကာလသည် လယ်သမားများအတွက် စပါးပြီးပါက အခြားသီးနှံ စိုက်ပျိုးမည့်အချိန်နှင့် ကပ်နေသည့်အပြင် ပျက်စီးစပါးမှာ မိုးစပါးဖြစ်သဖြင့် ပြန်လည်စိုက်ပျိုးမည်ဆိုပါက ရက်ပေါင်း ၁၂၀ ခန့် စောင့်ဆိုင်းရမည် ဖြစ်သည်။
မိုးစပါးမှာ အချိန်ကာလအားဖြင့် ကြာမြင့်ကာ စပါးအပြီးစိုက်သည့် ပဲမှာ ရက်ကာလတိုသလို စပါးထက်လည်း ငွေပိုရသောကြောင့် စပါးအစား ပဲကိုသာ စိုက်ပျိုးလိုသည့် တောင်သူက များနေသည်။ ထို့အတွက် ဆန်စပါးထွက်နှုန်း ကျဆင်းမည့် အခြေအနေရှိနေသည်ဟု ဒေသခံ လယ်သမားများနှင့် စိုက်ပျိုးရေးပညာရှင်များက ဆိုသည်။
ထို့ပြင် ရေကြီးနစ်မြှုပ်သည့် ဒေသများတွင် စပါးများ ပြန်လည်စိုက်ပျိုးပါကလည်း မိုးစပါးထက် ရက်တိုသော ကောက်စောစပါးကိုသာ စိုက်ပျိုးမည်ဖြစ်သဖြင့် အထွက်နှုန်းမှာ သေချာပေါက် လျော့ကျမည်ဖြစ်ကြောင်း တောင်သူများကလည်း ပြောသည်။
လက်ရှိတွင် နိုင်ငံတဝန်း ရေကြီးနစ်မြုပ်မှုများကြောင့် ပြည်နယ်နှင့် တိုင်းတချို့၌ သိုလှောင်ထားသော ဝမ်းစာစပါးများ ရေနှင့် မျောပါပျက်စီးခြင်း၊ လယ်ယာမြေများ နုံးဖုံးလွှမ်းတို့ကိုလည်း တောင်သူလယ်သမားများ ကြုံတွေ့နေရသဖြင့် နာလန်ပြန်ထူ နိုင်ရေး အတော်လေးရုန်းကန်နေရသည်။
လက်ရှိတွင် နိုင်ငံတဝန်း ရေကြီးနစ်မြုပ်မှုများကြောင့် ပြည်နယ်နှင့် တိုင်းတချို့၌ သိုလှောင်ထားသော ဝမ်းစာစပါးများ ရေနှင့် မျောပါပျက်စီးခြင်း၊ လယ်ယာမြေများ နုံးဖုံးလွှမ်းတို့ကိုလည်း တောင်သူလယ်သမားများ ကြုံတွေ့နေရသဖြင့် နာလန်ပြန်ထူ နိုင်ရေး အတော်လေးရုန်းကန်နေရသည်။
စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်ရှိ စိုက်ပျိုးသီးနှံများ ပျက်စီးမှု
ရေကြီးရေလျှံမှုများကြောင့် နေပြည်တော်ကောင်စီနယ်မြေတွင် မိုးသီးနှံဧက ၄ သောင်း ၇ ထောင်ကျော် ရေနစ်မြုပ်ခဲ့ကာ လက်ရှိအချိန်ထိ ဧက ၃ ထောင် ၉ ရာကျော် သီးနှံပျက်စီးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပြီး မြေပြင်၌မူ ယင်းပမာဏထက် များနိုင်ကြောင်း ဒေသခံများက ဆိုသည်။
၂၀၁၉ ခုနှစ် သန်းခေါင်စာရင်းအရ နေပြည်တော်ရှိ အချက်အချာကျသော လယ်ဝေးမြို့နယ်၌ စိုက်ပျိုးမြေဧက ၉ သောင်းကျော်ရှိပြီး မိုးစပါး ဧက ၆ ထောင်ကျော် စိုက်ပျိုးထားသည့်အနက် ယခုအခါ ပင်ထောင်ကျေးရွာအုပ်စု တခုထဲတွင်ပင် ဧက ၂၀၀၀ ကျော် ပျက်စီးသွားကြောင်း သိရသည်။
ပင်ထောင်ကျေးရွာအုပ်စုမှ လယ်သမားကြီးတဦးက “စစ်တောင်းမြစ်အရှေ့ဘက်က အကုန်လုံးနစ်တာ။ အဝေရာတို့၊ ကျခုံတို့ကလာတဲ့ ရေက ထိန်းမနိုင်သိမ်းမရ တော်တော်လေး ပျက်စီးတယ်။ အရှေဘက်ခြမ်းမှာ ရွာပေါင်း ၁၂ ရွာ ရှိတယ်။ မိုးစပါး ရက်သားလောက်နဲ့ နစ်မြုပ်သွားတာ၊ ရေကျလို့ ပြန်ပေါ်ရင် ဧက နည်းနည်းလောက်ပဲရမှာ။ အဝေရာကလာတဲ့ ဆည်ဘောင်က ကျိုးသွားတဲ့အတွက် ကုန်းပိုင်းလောက်လေး နည်းနည်းပြန်ကောင်းနိုင်တယ်။ ကျန်တာကပစ်ရမှာ” ဟု ဧရာဝတီကို ပြောသည်။
ယင်းအခြေအနေကြောင့် အထွက်နှုန်း လျော့ကျနိုင်မည်ဖြစ်ပြီး လက်ရှိတွင်လည်း လယ်သမားအများစုမှာ စိုက်ပျိုးသီးနှံ ပျက်စီးရုံသာမက ကိုယ်တိုင်ကပင် ထမင်းထုပ် စားနေရသည့် အခြေအနေဖြစ်သဖြင့် ပြန်လည်စိုက်ပျိုးရန်အတွက်လည်း အခက်အခဲများစွာ ရှိနေသည်ဟု ၎င်းက ဆိုသည်။
ရေကြီးနစ်မြုပ်မှု ဆိုးရွားစွာဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင်လည်း လယ်မြေဧက ၅ သောင်း ၄ ထောင်ကျော်ရှိသည့်အနက် ဧက ထောင်နှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ပြီး လယ်ယာစိုက်ပျိုးရေးသုံး စက်ပစ္စည်းကိရိယာများ ရေထဲ မျောပါခြင်း၊ ကျွဲ၊ နွားတိရစ္ဆာန်များ သေကြေပျက်စီးခြင်းတို့ ကြုံတွေ့ခဲ့ရသည်။
ထို့ပြင် ရေကြီးနစ်မြုပ်မှု ဆိုးရွားစွာဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင်လည်း လယ်မြေဧက ၅ သောင်း ၄ ထောင်ကျော်ရှိသည့်အနက် ဧက ထောင်နှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ပြီး လယ်ယာစိုက်ပျိုးရေးသုံး စက်ပစ္စည်းကိရိယာများ ရေထဲ မျောပါခြင်း၊ ကျွဲ၊ နွားတိရစ္ဆာန်များ သေကြေပျက်စီးခြင်းတို့ ကြုံတွေ့ခဲ့ရသည်။
နေပြည်တော်တွင် စပါး၊ မတ်ပဲ၊ ပဲတီစိမ်း၊မြေပဲ၊ ပဲစင်းငုံ၊ နှမ်း၊ နေကြာ၊ ကြံနှင့် အစေ့လွတ်ပြောင်း စသည့် သီးနှံများ အဓိက စိုက်ပျိုးကြသည်။
စစ်ကောင်စီအနေဖြင့် အဆိုပါလယ်သမားများအား မည်သည့်ကူညီတောက်ပံ့မှုမှ မပေးသေးသော်လည်း ရေပြန်ကျသည့် ရက်ပိုင်းအတွင်း၌ပင် စပါး သို့မဟုတ် အခြားသီးနှံများ အမြန်ပြန်စိုက်ပျိုးရန် တိုက်တွန်းနိုးဆော်နေသည်ကို တွေ့ရသည်။
မြန်မာ့စပါးကျီတခုဖြစ်သည့် ပဲခူးတိုင်းအခြေအနေ
ပဲခူးတိုင်းအနောက်ခြမ်းတွင် စပါး အပါအဝင် ပဲမျိုးစုံ၊ ငရုတ်၊ ပြောင်း၊ ဟင်းသီးဟင်းရွက်စိုက်ခင်းများ ရေလွှမ်းမိုးခြင်းကို ယခုနှစ် ဇူလိုင်လအတွင်းက ကြုံခဲ့ရသလို ယခုအခါ ရာဂီမုန်တိုင်းကြောင့်လည်း ပဲခူးတိုင်းအရှေ့ခြမ်းရှိ တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်း၊ လက်ပံတန်း စသည့် ဒေသများမှ လယ်ယာမြေဧက သိန်းနှင့်ချီပျက်စီးရပြန်ကြောင်း ဒေသခံများက ဆိုသည်။
မြန်မာနိုင်ငံ၌ ဆန်စပါးစိုက်ပျိုးမှု ဒုတိယအများဆုံးဖြစ်သော ပဲခူးတိုင်းသည် မိုးစပါးစိုက်ဧက ၂၇ သိန်းအထိရှိပြီး မှော်ဘီ၊ ဆင်းသုခ၊ ကရင်မ၊ ဆင်းသွယ်လတ်၊ သုခ၊ ငွေတိုးယဉ်၊ ရတနာတိုး၊ ရက် ၉၀၊ နှံကောက် စသည့် စပါးများကို စိုက်ပျိုး ကြောင်း စစ်ကောင်စီ၏ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စာရင်းများတွင် ဖော်ပြထားသည်။
တောင်ငူမြို့မှ လယ်သမားကြီးတဦးက “ကျနော်တို့ မြို့နယ်မှာ အခုထိ ရေပြန်မကျသေးတဲ့ နေရာတွေလည်း ရှိတယ်။ စစ်တောင်းမြစ်ဝှမ်းဘေးရွာတွေက ပြန်မကျသေးဘူး။ စပါးစိုက်ခင်းတွေ၊ ပန်းစိုက်ခင်းတွေ၊ ဘူး၊ ဖရုံ၊ သခွား စိုက်ခင်းတွေ ပျက်စီးတာပါတယ်။ ဧက ၅ သောင်းကျော်လောက်တော့ ပျက်စီးမှုရှိတယ်။ စာရင်းအတိအကျတော့ မသိရသေးဘူး။ ရေက လည်း ပြန်မကျသေးလို့။ တချို့ စပါးတွေက မှည့်နေမှ ရေမြုပ်တာဆိုတော့ ရေကျမှပဲ ဘယ်လောက်ပြန်ရနိုင်မလဲ သိရမယ်” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် လယ်သမားအများစုအနေဖြင့် ရေပြန်မကျသေးသဖြင့် စပါးထပ်စိုက်ပျိုးရန် ခက်ခဲသလို စပါးရာသီပြီးပါက မတ်ပဲ၊ ပဲတီစိမ်းများ စိုက်ပျိုးလေ့ရှိသောကြောင့် စပါးစိုက်ရန် မမီတော့လျှင် ပဲစိုက်ပျိုးရန်အတွက်သာ လုပ်ဆောင်ကြမည် ဖြစ်ရာ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု လျော့ကျနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
လတ်တလော လယ်သမားများ၏ ခန့်မှန်းချက်များအရ ယခုနှစ်တွင် ပဲခူးတိုင်းအတွင်း စပါးအထွက်နှုန်း ယခင်နှစ်ထက် သုံးချိုးနှစ်ချိုး လျော့ကျနိုင်မည်ဟု သိရသည်။
လတ်တလော လယ်သမားများ၏ ခန့်မှန်းချက်များအရ ယခုနှစ်တွင် ပဲခူးတိုင်းအတွင်း စပါးအထွက်နှုန်း ယခင်နှစ်ထက် သုံးချိုးနှစ်ချိုး လျော့ကျနိုင်မည်ဟု သိရသည်။
ပဲခူးတိုင်းအနောက်ခြမ်းမှ လယ်သမားကြီးတဦးက “ကျနော်ဆို စပါးမျိုးသန့် တအိတ် ၆ သောင်းခွဲကျပ်ပေးပြီး ဝယ်စိုက်တာ ရေထပ်မြုပ်တော့ အကုန်ဆုံးတာပဲ။ ကြဲခင်းမို့ ကျနော်တို့က တဧက စိုက်စရိတ် ကျပ် ၃ သိန်း၊ ၄ သိန်းပဲရှုံးတာ။ ပျိုးနုတ် စိုက်ရတဲ့သူတွေက ပိုဆုံးရှုံးမှုကြီးတယ်။ ဓာတ်မြေဩဇာလည်း ဈေးကြီးတယ်။ မြေဆီ ၁၅ ပေ ပတ်လည်ဆို တအိတ် ၁၆၀၀၀၀ ကျပ်၊ ရိုးရိုနိုက်ထရိုဂျင်ဆိုရင် ကျပ် ၈ သောင်းလောက်ရှိတယ်။ ဒီတော့ မြေဆီတအိတ် ပက်မိတာနဲ့ ကျပ် ၈ သောင်းလောက်ဆုံးပြီ။ ဒါတောင် ၃၊ ၄ ဧကလောက်ပဲ ပြန်ရမှာဖြစ်တော့ ရှုံးတာပဲ”ဟု လက်ရှိအခြေအနေကို ရှင်းပြသည်၊
မန္တလေးတိုင်းတွင်လည်း အပျက်အစီးများ
ယာဂီမုန်တိုင်းအရှိန်ကြောင့် မန္တလေးတိုင်းအတွင်းရှိ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ ကျောက်ဆည်ခရိုင်တို့တွင် စပါး အပါအဝင် သီးနှံစိုက်ခင်းဧက ၂ သိန်း ၂ သောင်းနီးပါး ပျက်စီးခဲ့ကြောင်း စစ်ကောင်စီ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စာရင်များတွင် ဖော်ပြထားသည်။
မန္တလေးတိုင်းမှ လယ်ယာထွက်ကုန်များအား ပြည်ပတင်ပို့နေသည့် လုပ်ငန်းရှင်တဦးက “အခုက အကြမ်းဖျင်းလောက်ပဲ ရှိသေးတယ်။ အဲဒီထက်လည်း ပျက်စီးတာများနိုင်တယ်။ မန္တလေးတိုင်းထဲမှာတင် ရမည်းသင်း၊ ကျောက်ဆည်၊ မြစ်သား၊ တံတားဦး အကျယ်ကြီးပဲ တော်တော်ဖြစ်သွားတာ။ ဧက အများကြီးပဲ၊ အခုစာရင်းထက် ကျော်ဖို့ပဲများတယ်။ စပါး များတယ်။ တခြားကတော့ ငရုတ်၊ ကြက်သွန်တွေရှိတယ်” ဟု ဧရာဝတီကို ပြောသည်။
ရေကြီးနစ်မြုပ်မှုများကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးထွန်ယက်ရန် ငွေကြေး၊ စိုက်ပျိုးသီးနှံအလိုက် မျိုးစေ့၊ ဓာတ်မြေဩဇာ စသည့် လိုအပ်ချက်များရှိသလို လုပ်သားရှားပါးမှုနှင့်လည်း ရင်ဆိုင်နေရသဖြင့် တောင်သူများအတွက် ပြန်လည်စိုက်ပျိုးရန် အခက်အခဲများစွာရှိနေသည်ဟု ၎င်းက ဆိုသည်။
ပျက်စီးသွားသည့် အခြေအနေကို စစ်ကောင်စီအနေဖြင့် မည်မျှပြန်လည်ကုစားနိုင်မည်၊ ထောက်ပံ့ပေးနိုင်မည် ဆိုသည်ကလည်း စောင့်ကြည့်ရအုံးမည် ဖြစ်သည်။
ရမည်းသင်းမြိုနယ် သပြေပင်ရွာမှ ဒေသခံတဦးက “ကျနော်တို့ ရွာမှာတော့ ရွှေလုပ်ကွက်တွေ၊ စိုက်ပျိုးမြေတွေရော အိမ်တွေ၊ ကားတွေ အကုန်ပျက်စီးပြီး မြေအောက်ရောက်သွားတာပေါ့။ တချို့ ကားတွေဆို ရှာမရသေးဘူး။ ရွှေလုပ်တာ ပြီးရင် စိုက်ပျိုးရေးလုပ်တာပေါ့။ ပဲတို့၊ စပါးတို့၊ ပြောင်းတို့ စတဲ့ ကောက်ပဲသီးနှံတွေ စိုက်တယ်။ အကုန်လုံးက ချောင်းပုံစံက မြစ်လောက်နီးပါးကျယ်ပြီး မြုပ်ပြီး ပျက်စီးကုန်တာ။ နုံးမြေတွေက တော်တော်ပြန်ဖော်ရမယ့် အခြေအနေရှိတယ်။ ကျနော် မြင်ရသလောက်ဆိုရင် ၁၀ တောင်နဲ့ ၁၅ တောင်အထိ (တထပ်တိုက်ကျော်ကျော်) နုံးမြေတွေ တက်နေတယ်” ဟု ပြောသည်။
သပြေပင်ရွာတွင် စိုက်ပျိုးမြေသာမက လက်ရှိ ဒေသခံများ နေထိုင်ရန်ပင် မြေနေရာ ရရှိရန် စစ်ကောင်စီနှင့် ညှိနှိုင်းနေရ သည့် အခြေအနေဖြစ်သဖြင့် ဒေသခံများ၏ စိုက်ပျိုးရေး ပြန်လည်စတင်ရန်မှာမူ အလှမ်းဝေးနေသေးကြောင်း ၎င်းက ဆိုသည်။
ရမည်းသင်းမြို့နယ်တွင် လယ်ယာမြေ ၁ သိန်း ၈ ထောင်ကျော်ရှိသည့်အနက် ဧက ၅ သောင်းကျော် ပျက်စီးပြီး ကျောက်ဆည်ခရိုင်၌ လယ်ယာမြေ ၁ သိန်း ၆ သောင်းကျော်ရှိသည့်အနက် ဧက ၁ သိန်း ၁ သောင်းကျော်ဖြင့် အများဆုံး ပျက်စီးခဲ့ကြောင်း သိရသည်။
ရမည်းသင်းမြို့နယ်တွင် လယ်ယာမြေ ၁ သိန်း ၈ ထောင်ကျော်ရှိသည့်အနက် ဧက ၅ သောင်းကျော် ပျက်စီးပြီး ကျောက်ဆည်ခရိုင်၌ လယ်ယာမြေ ၁ သိန်း ၆ သောင်းကျော်ရှိသည့်အနက် ဧက ၁ သိန်း ၁ သောင်းကျော်ဖြင့် အများဆုံး ပျက်စီးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ရှိ သီးနှံစိုက်ခင်းများ ပျက်စီးမှု
ရှမ်းပြည်တောင်ပိုင်း ကလော၊ အင်းလေး၊ အောင်ပန်း ဒေသများတွင် ရေကြီးနစ်မြုပ်မှုနှင့် မြေပြိုကျမှုများကြောင့် ပြောင်း၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ငရုတ်၊ နနွင်း၊ ဂျင်း အပါအဝင် နှစ်ရှည်သီးနှံများဖြစ်သည့် သီးနှံစိုက်ခင်း ဧကပေါင်း သောင်းနှင့်ချီ ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အင်းလေးဒေသတွင် ပရိတဆောင်ရွက်နေသူတဦးက “ညောင်ရွှေဈေးဆိုရင် လက်ရှိအနေအထားမှာ လုံးဝ ဖွင့်လို့မရသေး ဘူး။ မြို့အဝင် ဆိုင်းဘုတ်ကနေစပြီးတော့ ရေမြုပ်တာ၊ ညောင်ရွှေ-ရွှေညောင် လမ်းဘေးက စပါးစိုက်ခင်းတွေဆိုရင် အများကြီး ပျက်စီးသွားတယ်။ အင်းလေးမှာရှိတဲ့ ဒေသစိုက်ခင်းတွေ၊ ရေပေါ်မှာစိုက်တဲ့ စိုက်ခင်းတွေ အကုန်လုံးပျက် စီးတယ်။ ဧကအားဖြင့် ပြောမယ်ဆိုရင် သောင်းဂဏန်းလောက်ရှိမယ်” ဟု ဧရာဝတီကို ပြောသည်။
စစ်ကောင်စီ၏ လူမှုရေးဝန်ကြီး၊ ဒုဝန်ကြီးနှင့် တပ်ဖွဲ့များ လာရောက်ရှင်းလင်းမှုတချို့ လုပ်သည်ကို တွေ့ရသော်လည်း ရေကြီးနစ်မြုပ် ပျက်စီးပြီးမှသာ ရောက်လာသော အခြေအနေဖြစ်သည့်အပြင် ထိရောက်သော အကူအညီပေးမှုမျိုး လက်ရှိအချိန်ထိ မတွေ့ရသေးကြောင်း ၎င်းက ဆိုသည်။
ကလောဒေသခံတဦးက “ယာခင်းတွေ၊ လယ်ကွင်းတွေ တအားပျက်စီးတယ်။ အတိအကျတော့ မခန့်မှန်းတတ်ဘူး။ ကျနော်တို့ဆီမှာတော့ ရာခိုင်နှုန်း ၅၀ ကျော်လောက် လာမယ့်နှစ်မှာ သိမ်းစရာ လယ်ယာမြေ မရှိတော့တဲ့အထိ ဖြစ်သွား တယ်။ ကျနော်တို့ဘက်မှာ ကျောက်တောင်ကြီးပြိုတာဆိုတော့ အခင်းတွေကို ဖုံးသွားတာ။ တောင်စောင်းမှာ စိုက်ထားတဲ့ နှစ်ရှည်ပင်တွေရော၊ ဂျင်း၊ နနွင်း စတဲ့ စိုက်ခင်းတွေရော ပျက်စီးသွားတာ။ ကျောက်သားတွေဆိုတော့ ကျနော်တို့ဘာမှ မတတ်နိုင်တဲ့ အခြေအနေဖြစ်သွားတာ” ဟု ရှင်းပြသည်။
ကလောမြို့၏တောင်ဘက် အရှည် ၃ မိုင်ခန့်ရှိသော တောင်ကိုးလုံးတောင် အနောက်ဘက်တခြမ်းလုံး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြိုကျခဲ့ကာ မြင်းဒိုက်ကျေးရွာအုပ်စု အင်းခေါင်းရွာ၊ ရေအေးချောင်းရွာ၊ စလယ်အင်းကျေးရွာနှင့် တောင်ပွားကျေးရွာများမှ ဒေသခံများ ပိတ်မိနေကြသလို သီးနှံစိုက်ခင်းများမှာလည်း တောင်စောင်းများတွင် စိုက်ပျိုးထားသောကြောင့် ပျက်စီးသွားကြောင်း ၎င်းက ပြောသည်။
“ဝမ်းစာစပါး စိုက်ထားတာလည်း အပြည့်မရနိုင်တော့ဘူး။ တမိသားစုမှ ၃၊ ၄ လစာလောက်ပဲ ရတော့မယ်။ စပါး၊ နနွင်းနဲ့ ဂျင်း အဓိကစိုက်တာ။ စီးပွားရေးကတော့ နနွင်းနဲ့ ဂျင်းကို အားကိုးရတာ။ တချို့ကလည်း ကပ်ပါး (လယ်ယာလုပ်သား) လုပ်စားကြတာပေါ့။ စိုက်ပျိုးစရိတ်ကတော့ တယောက်နဲ့ တယောက် မတူဘူး။ စိုက်ခင်းတခင်းကို ကျပ်သိန်း ၃၀ နဲ့ ၄၀ လောက် ကုန်တယ်။ မြေဩဇာဖိုး၊ ဆေးဖိုး အပါပေါ့။ အခုတော့ အကုန်လုံး စွန့်ပစ်လိုက်ရပြီ”
ဆက်လက်၍ ၎င်းက “ဝမ်းစာစပါး စိုက်ထားတာလည်း အပြည့်မရနိုင်တော့ဘူး။ တမိသားစုမှ ၃၊ ၄ လစာလောက်ပဲ ရတော့မယ်။ စပါး၊ နနွင်းနဲ့ ဂျင်း အဓိကစိုက်တာ။ စီးပွားရေးကတော့ နနွင်းနဲ့ ဂျင်းကို အားကိုးရတာ။ တချို့ကလည်း ကပ်ပါး (လယ်ယာလုပ်သား) လုပ်စားကြတာပေါ့။ စိုက်ပျိုးစရိတ်ကတော့ တယောက်နဲ့ တယောက် မတူဘူး။ စိုက်ခင်းတခင်းကို ကျပ်သိန်း ၃၀ နဲ့ ၄၀ လောက် ကုန်တယ်။ မြေဩဇာဖိုး၊ ဆေးဖိုး အပါပေါ့။ အခုတော့ အကုန်လုံး စွန့်ပစ်လိုက်ရပြီ”ဟု ဆိုသည်။
ထို့ပြင် ရပ်စောက်မြို့နယ်တွင်လည်း ရေကြီးရေလျှံမှုများကြောင့် ပြောင်းစိုက်ဧက ထောင်နှင့်ချီ နစ်မြုပ်ပျက်စီးသွားပြီး အင်းလေးမြို့၌ဤလည်း စပါး၊ ခရမ်းချဉ်၊ ပြောင်း၊ ကြံ သီးနှံစိုက်ခင်းများ ပျက်စီးသည့်အပြင် ရက်ကန်းစင် ရာချီမှာလည်း ရေနစ်မြုပ်ပျက်စီးမည့် အခြေအနေ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် လယ်ယာမြေ ဧက ၆ သောင်းကျော် ရှိသည့်အနက် ဧက သောင်းနှင့်ချီ ပျက်စီးသွားသည့် အခြေအနေဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ရေဆက်လက်မြင့်တက်နေဆဲ ကရင်နီ
ညောင်ရွှေမြို့နယ်၊ အင်းလေးကန်မှ ဘီလူးချောင်းတလျှောက်ဆင်းလာသည့် ရေများကို မိုးဗြဲရေကာတာမှ လွှတ်ချနေသလို မိုးလည်း အဆက်မပြတ်ရွာနေသဖြင့် ကရင်နီပြည် (ကယားပြည်နယ်) လွိုင်ကော် အပါအဝင် ဒီးမော့ဆိုမြို့နယ်များရှိ ရွာများ၌ ယခုလ ဒုတိယပတ်မှစတင်၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။
လက်ရှိတွင် လွိုင်ကော်မြို့ ဒေါအူခူ အနောက်ခြမ်း၊ မုံပြာ၊ ပိုးစာခြံ၊ မိုင်းလုံးအနောက်ဘက်ခြမ်း၊ ရွှေတောင်၊ မင်္ဂလာ၊ ဓမ္မာရုံ၊ ဈေးပိုင်း ၊ ရှမ်းပိုင်း၊ လောဓမ္မ၊ ဒေါနိုကူး၊ နမ့်ကွတ်၊ မင်းစု စသည့် နေရာများ၌ ရေကြီးမှု အဆိုးဆုံးကြုံနေရပြီး တချို့ရပ်ကွက် များ၌ နေအိမ်ခေါင်းမိုးထိ နစ်မြုပ်၍ ရေပြင်ကြီးဖြစ်နေသလို သီးနှံစိုက်ခင်းများလည်း ပျက်စီးဆုံးရှုံးမှုရှိကြောင်း သိရသည်။
လွိုင်ကော်ဒေသခံတဦးက “ဒီးမော့ဆို၊ လွိုင်ကော် မြို့နယ်ထဲက ဘီလူးချောင်းနဲ့ ပွန်ချောင်း တလျှောက်မှာရှိတဲ့ လယ်ယာမြေတွေကတော့ အကုန်ပျက်စီးကုန်ပြီ။ ဧက ထောင်ချီရှိတယ်။ အခုထိလည်း ရေကမကျသေးဘူး” ဟု ဧရာဝတီကို ပြောသည်။
မိုးဗြဲရေကာတာ ဖောက်ချမှုကြောင့်လည်း ဖယ်ခုံ၊ မိုးဗြဲရေကာတာ အောက်ဘက်ရှိ လယ် ဧက ၃ ထောင်ကျော်မှာ ရေနစ်မြုပ်လျက်ရှိကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က စက်တင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
ဆန်စပါးအထွက်နှုန်း လျော့ကျနိုင်
ကရင်ပြည်နယ်တွင်လည်း စက်တင်ဘာ ၁၄ ရက်မှစတင်ပြီး ရေကြီးရေလျှံမှုများကြောင့် ကျေးရွာပေါင်း ၇၅ ရွာ ရေကြီးနစ်မြှုပ်ခဲ့ပြီး စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ လယ်ယာမြေ ဧက ၂ သောင်း ၆ ထောင်ကျော် ပျက်စီးဆုံးရှုံးကာ ကျွဲ၊ နွား အကောင်ရေ ၁၄၀ နီးပါး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယာဂီမုန်တိုင်းအရှိန်နှင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် နိုင်ငံတဝန်း ပြည်နယ်နှင့် တိုင်း ၉ ခုရှိ မြို့နယ် ၅၄ မြို့နယ်တွင် ရေကြီးရေလျှံခဲ့ပြီး စက်တင်ဘာ ၂၄ ရက်ထိ စာရင်းများအရ တိရစ္ဆာန်အကောင်ရေ ၁ သိန်း ၅ သောင်းနီးပါးနှင့် စပါးစိုက်ဧက ၇ သိန်းခွဲကျော် ပျက်စီးခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ယာဂီမုန်တိုင်းအရှိန်နှင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် နိုင်ငံတဝန်း ပြည်နယ်နှင့် တိုင်း ၉ ခုရှိ မြို့နယ် ၅၄ မြို့နယ်တွင် ရေကြီးရေလျှံခဲ့ပြီး စက်တင်ဘာ ၂၄ ရက်ထိ စာရင်းများအရ တိရစ္ဆာန်အကောင်ရေ ၁ သိန်း ၅ သောင်းနီးပါးနှင့် စပါးစိုက်ဧက ၇ သိန်းခွဲကျော် ပျက်စီးခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
အချို့လယ်ယာများမှာ ပြန်လည်စိုက်ပျိုးရန်အတွက် ပြုပြင်မှုများစွာ ဆောင်ရွက်ရမည်ဖြစ်ပြီး စပါးပြန်လည်စိုက်ပျိုးရန် အဆင်မပြေတော့သည့် လယ်ဧကများကို နွေသီးနှံ စိုက်ပျိုးသွားရမည် ဖြစ်ကြောင်းလည်း စစ်ခေါင်းဆောင်က ပြောထားသည်။
ယခု နိုင်ငံတဝန်း ရေကြီးနစ်မြုပ်မှုမတိုင်ခင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း၊ မကွေး၊ ဧရာဝတီတိုင်းတို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်၍ ဆုံးရှုံးမှုများရှိခဲ့ရာ စပါး အပါအဝင် သီးနှံစိုက်ခင်းပျက်စီးမှုမှာ လက်ရှိ စစ်ကောင်စီ ထုတ်ပြန်သည့်စာရင်းထက် ပိုများနိုင်ကြောင်း တောင်သူများနှင့် ပညာရှင်များက ဆိုသည်။
ပြည်တွင်းရှိ စိုက်ပျိုးရေးပညာရှင်တဦးက “ရာသီမီ စိုက်ရမှာဖြစ်တဲ့အတွက် အထွက်ကတော့ သေချာပေါက်လျော့မယ်။ ဒါဆို သုံးစွဲမှုပမာဏ ဘယ်လောက်ရှိမလဲ၊ ပြည်ပတင်ပို့မှုက ဘယ်လောက်ရှိမလဲ တွက်ရမယ်။ အဲဒီမှာ ဒေါ်လာတအားလိုလို့ ဆန်စပါးကို တွန်းပို့ခိုင်းနေမယ်ဆိုရင် အရန်ဆန်ပမာဏ ထိခိုက်သွားနိုင်တယ်။ ပြည်တွင်း ဆန်လိုအပ်ချက် တော်တော်လေး ခက်ခဲနိုင်တာပေါ့။ ဆန်ဈေးကြီးတာ၊ ရှားတာမျိုး ဖြစ်သွားနိုင်တယ်” ဟု သုံးသပ်ပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီအနေဖြင့် ပြည်တွင်းဆန်ဈေးကွက်ကို ဈေးနှုန်းသတ်မှတ်ထိန်းချုပ်ထားပြီး နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် ပြည်ပတင်ပို့မှု တိုးမြှင့်တင်ပို့ရန်အတွက် ပို့ကုန်လုပ်ငန်းရှင်များအား တွန်းအားပေးလုပ်ဆောင်နေ ကြောင်း ကုန်သည်များထံမှ သိရသည်။
၂၀၂၄ ဩဂုတ်လအတွင်း ပြည်ပကို ဆန်ပို့မှုသည် တန်ချိန် ၂ သိန်း ၃ ထောင်ကျော် ရှိခဲ့ပြီး ၂၀၂၃ ဩဂုတ်လတင်ပို့မှုမှာ တန်ချိန် ၆ သောင်းကျော်သာ ရှိခဲ့သောကြောင့် ယခုနှစ်တွင် တင်ပို့မှု သုံးဆကျော်မြင့်တက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်စာရင်းများ ဖော်ပြချက်၌ တွေ့ရသည်။
စစ်ကောင်စီအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဩဂုတ်လကုန်အထိ ဆန်တန်ချိန် ၇ သိန်းကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၃၅၃ သန်း ရရှိထားသည်။
မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသည့် စိုက်ပျိုးမြေများတွင် ရာသီအချိန်မီ ပြန်စိုက်ပျိုးနိုင်ရန် နည်းပညာနှင့် အကူအညီများ ပံ့ပိုးမည်ဖြစ်ပြီး စပါးစိုက်ခင်းများ အပါအဝင် သီးနှံစိုက်ခင်းများ ပျက်စီးခြင်းအတွက် ကူညီပေးမည်ဟု ယခုလ ဒုတိယပတ်၌ နေပြည်တော်ပျဉ်းမနားမြို့နယ်ရှိ ရေဘေးဒုက္ခသည်များနှင့် တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က ပြောဆိုထားသည်။
ထို့ပြင် ရေကြီးနစ်မြုပ်မှုများကြောင့် ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာ့အာမခံလုပ်ငန်းတွင် ထားရှိသည့် ရာသီဥတု ညွှန်းကိန်းအခြေပြု သီးနှံအာမခံအတွက် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် စုစုပေါင်းလျော်ကြေးငွေအနေဖြင့် ၁၂ ဒသမ ၂၆၅ ဘီလီယံခန့် ပေးလျော်သွားမည်ဟုလည်း ဆိုသည်။
လက်ရှိ ရေကြီးနစ်မြုပ်ကာလ နှစ်ပတ်ကျော်၊ သုံးပတ်နီးပါး ရောက်သည့်အချိန်ထိ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးထားရသော လယ်သမားများထံ မည်သို့သောအကူအညီမျိုးမှ ရောက်ရှိလာခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုသည်။
သို့သော် လက်ရှိ ရေကြီးနစ်မြုပ်ကာလ နှစ်ပတ်ကျော်၊ သုံးပတ်နီးပါး ရောက်သည့်အချိန်ထိ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးထားရသော လယ်သမားများထံ မည်သို့သောအကူအညီမျိုးမှ ရောက်ရှိလာခြင်း မရှိသေးကြောင်း ဒေသခံများက ဆိုသည်။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ လယ်သမားကြီးတဦးက “သူတို့ လုပ်တော့လုပ်နေတယ်။ ဒါပေမယ့် ရောက်တော့ မလာသေးဘူး” ဟု ဧရာဝတီကို ပြောသည်။
စစ်ကောင်စီအနေဖြင့် ဇူလိုင်လအတွင်းက ရေနစ်မြုပ်ခဲ့သည့် ပြည်လမ်းဘေးဝဲယာရှိ လယ်သမားတချို့ကိုသာ မျိုးအနည်းငယ်ပေးခဲ့ပြီး ကျန်ထောက်ပံ့မှုကိုမူ ယခုအချိန်ထိ မရရှိသည့်အပြင် လယ်သမားများသည် တဧကလျှင် သီးနှံအာမခံကြေး တလ ကျပ် ၃ ထောင် ပေးရသော်လည်း သီးနှံလျော်ကြေးကို လက်ရှိအချိန်ထိမပေးကြောင်း လယ်သမားများထံမှ သိရသည်။
စစ်ကောင်စီ ထုတ်ပြန်သည့် စာရင်းများအရ ဆန်စပါးစိုက်ခင်း ၇ သိန်းခွဲကျော် ပျက်စီးပါက မိုးစပါးထွက်ရှိမှုမှာ ယခုနှစ်တွင် ဆန်အိတ် သန်းနှင့်ချီ လျော့ကျနိုင်သည့် အခြေအနေရှိကြောင်း ဝါရင့်တောင်သူလယ်သမားများထံမှ သိရသည်။
ပြည်တွင်းစိုက်ပျိုးရေးပညာရှင်တဦးက “အထွက်နှုန်းကတော့ သေချာပေါက်လျော့ကျနိုင်တယ်။ ဒါကြောင့် ဘယ်လောက်ထိ ထောက်ပံ့ပေးနိုင်မလဲဆိုတာ ကြည့်ရမယ်။ ပျက်စီးမှုက အထဲမှာရှိတဲ့ လယ်တွေတင်ပျက်သွားတာ မဟုတ်ဘူး။ အခြေခံ အဆောက်အအုံတွေပါ ပျက်သွားတာဆိုတော့ သူတို့ (စကစ) ရဲ့ အင်အား လုံလုံလောက်လောက် ရှိပါ့မလား။ ပေါ်လစီ ဘယ်လောက်ရှိမလဲ စောင့်ကြည့်ရမယ်” ဟု ဆိုသည်။
အထက်ပါ အခြေအနေများကြောင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ပြန်လည်ထူထောင်ရေးမှာ ခက်ခဲသည့် အခြေအနေတွင် ရှိ နေပြီး ဆန်စပါးထုတ်လုပ်မှု လျော့ကျနိုင်သောကြောင့်လည်း ပြည်သူများအနေဖြင့် ဈေနှုန်းကြီးမြင့်မှုဒဏ်ကို ထပ်ဆင့်ခံကြရပေအုံးမည်။ ။
You may also like these stories:
ယာဂီမုန်တိုင်းကြောင့် မြန်မာ့ဆန်တင်ပို့မှု မထိခိုက်ဟု ဆို
ရေမြုပ်လယ်များ ပြန်စိုက်ရေး စစ်ကောင်စီ တွန်းအားပေးသော်လည်း အခက်အခဲရှိ
အင်းလေးဒေသရှိ စိုက်ခင်းနှင့် ရက်ကန်းရုံတို့ ရေနစ်မြုပ်ပျက်စီး
နိုင်ငံအနှံ့ ရေကြီးရေလျှံ ကုန်စည်ပို့ဆောင်ရေး ယာယီရပ်တန့်