မြန်မာမှ ကလေးငယ် အများအပြားအတွက် လေယာဉ်များသည် စိတ်ဝင်စားစရာ ပျံသန်းနေသော အရာဝတ္တု မဟုတ်တော့ဘဲ ကောင်းကင်မှ ကြောက်စရာသတ္တဝါဆိုးကြီး ဖြစ်နေသည်။
ထိုကလေးများသည် ယခင် လေယာဉ်များကိုတွေ့ပါက စူးစမ်းလိုစိတ်များ ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ လေယာဉ်မြင်လျှင်၊ လေယာဉ်သံကြားလျှင် လွန်စွာကြောက်လန့်ပြီး အကာအကွယ်၊ ပုန်းအောင်းရန် နေရာရှာရန် ပြေးကြရသည်။ ၎င်းတို့သည် မိသားစုဝင်များ၊ သူငယ်ချင်းများ၊ အိမ်နီးချင်းများကို သေဆုံးစေသည့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် မှန်းဆမရနိုင်သည့် ကြောက်လန့်မှုများ ခံစားခဲ့ရပြီး စိတ်ဒဏ်ရာရနေသည်။
၂၀၂၂ ခုနှစ်က စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုမှ အသက်မသေဘဲ လွတ်မြောက်လာသည့် အသက် ၁၀ နှစ်အရွယ် မအေးချမ်းမိုးသည် ရဟတ်ယာဉ်တစီးကို မြင်တွေ့ရတိုင်း အလွန်ကြောက်လန့်ကြောင်း ပြောသည်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက စစ်ကိုင်းတိုင်း၊ လက်ယက်ကုန်ကျေးရွာမှ သူတက်နေသည့် စာသင်ကျောင်းကို စစ်ကောင်စီ၏ စက်ဆုတ်ဖွယ် လေကြောင်းတိုက်ခိုက်မှု ခံစားရပြီးနောက် လေယာဉ်များနှင့် ပတ်သက်သည့် သူ့အမြင် ပြောင်းလဲသွားသည်။
ကလေး ခုနစ်ဦး အပါအဝင် လူ ၁၃ ဦးသေဆုံးစေသည့် ထိုနာကျည်းဖွယ်ဖြစ်ရပ် မတိုင်မီက သူသည် ကောင်းကင်တွင် ရဟတ်ယာဉ်များ တွေ့ပါက စိတ်လှုပ်ရှားကာ ဝမ်းသာအားရ အပြင်ပြေးထွက်ပြီး ကောင်းကင်မှ ဖြတ်သန်းသွားသည်ကို ကြည့်လေ့ရှိသည်။
ထိုဖြစ်ရပ်နောက်ပိုင်းတွင် ရဟတ်ယာဉ်တွေ့တိုင်း အကြောက်တရား ကြီးစိုးနေပြီး သူ့သူငယ်ချင်းများကဲ့သို့ သေဆုံးမည်ကို ထိတ်လန့်ကြောက်ရွံ့လာသည်။ ထိုသို့ခံစားနေရသည်မှာ သူတဦးတည်း မဟုတ်ပေ။
သူ၏ နှလုံးသားတွင် နက်ရှိုင်းသော အမာရွတ်သဖွယ် ကျန်ရစ်နေသည့် ထိုနေ့က စိတ်ဒဏ်ရာကို သူ့ရွာနှင့် တနိုင်ငံလုံးမှ အခြားကလေးများလည်း ခံစားနေရသည်။ ငယ်ရွယ်သော ရှင်ကျန်လွတ်မြောက်သူများ၊ အရပ်သားများကို ရက်စက်စွာ ပစ်မှတ်ထားသော စစ်ကောင်စီ၏ အညှာတာကင်းမဲ့ပြီး သိမ်းကျုံးတိုက်ခိုက်သည့် လေကြောင်းတိုက်ခိုက်မှုများကို အမြဲတမ်းကြောက်နေရသည်။
သူ၏ နှလုံးသားတွင် နက်ရှိုင်းသော အမာရွတ်သဖွယ် ကျန်ရစ်နေသည့် ထိုနေ့က စိတ်ဒဏ်ရာကို သူ့ရွာနှင့် တနိုင်ငံလုံးမှ အခြားကလေးများလည်း ခံစားနေရသည်။ ငယ်ရွယ်သော ရှင်ကျန်လွတ်မြောက်သူများ၊ အရပ်သားများကို ရက်စက်စွာ ပစ်မှတ်ထားသော စစ်ကောင်စီ၏ အညှာတာကင်းမဲ့ပြီး သိမ်းကျုံးတိုက်ခိုက်သည့် လေကြောင်းတိုက်ခိုက်မှုများကို အမြဲတမ်းကြောက်နေရသည်။
လက်ယက်ကုန်း လေကြောင်းတိုက်ခိုက်မှုမှ အသက်မသေဘဲ လွတ်မြောက်လာသူ မောင်လင်းလင်းသည် ထိုတိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် အသက် ၈ နှစ်သာ ရှိသေးသည်။ သူ၏ညီဝမ်းကွဲကို ဗုံးထိမှန်ပြီး သေဆုံးသည်ကို သူကိုယ်တိုင် မြင်ခဲ့ရကာ သွေးအိုင်ထဲ လဲနေသော ညီဝမ်းကွဲ၏ ရုပ်ပုံက သူ့ကို အမြဲတမ်း ခြောက်လှန့်နေသည်။
“လေယာဉ်တွေ အပေါ်က ပျံသန်းသွားတိုင်း ကြောက်တယ်” ဟု မောင်လင်းလင်းက ထိုတိုက်ခိုက်မှုအပြီး နောက်တနှစ်တွင် ပြောသည်။
လက်ယက်ကုန်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် နှစ်နှစ်ကြာပြီ ဖြစ်သော်လည်း စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော လေကြောင်းတိုက်ခိုက်မှုများသည် မြန်မာနိုင်ငံတဝန်းမှ ကလေးများ၏ အသက်ကို ဆက်လက် သတ်ဖြတ်နေဆဲ ဖြစ်သည်။
တကမ္ဘာလုံးက ထိုသို့သော သတ်ဖြတ်မှုများကို သိကြသော်လည်း ကမ္ဘာသည် ထိုကလေးငယ်များကို အကာအကွယ်ပေးရေး လုံလောက်စွာ လုပ်ဆောင်ပေးရန် ပျက်ကွက်နေဆဲ ဖြစ်သည်။
အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီက အကြမ်းဖက်မှု အရှိန်မြှင့်တင်သောကြောင့် ကလေးငယ် ၁ ဒသမ ၃ သန်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြောင်း နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းရှိကြောင်း ကုလသမဂ္ဂက ဖော်ပြသည်။ ၂၀၂၄ ခုနှစ် တနှစ်တည်းတွင်ပင် ကလေးငယ် အနည်းဆုံး ၆၀၀ သေဆုံး၊ ဒဏ်ရာရပြီး ဖြစ်သည်။
ယခုလ အစောပိုင်းတွင် တိုက်ပွဲမဖြစ်ဘဲ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရှမ်းပြည်မြောက်ပိုင်းမှ ၎င်းတို့၏နေအိမ်များတွင် အိပ်နေသော ကလေးများနှင့် ကရင်နီပြည်နယ် ပြည်တွင်းနေရပ်စွန့်ခွာစခန်းတွင် အိပ်နေသော ကလေးများ အပါအဝင် ကလေးငယ် ၁၀ ဦးခန့် သေဆုံးသည်။
လက်ယက်ကုန်းတွင် လေကြောင်းမှ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပြီးတွင် ပြောခဲ့သည့် “တိုက်ခိုက်မှု ပြင်းထန်ပြီး ကလေးငယ်များ သေဆုံးသောကြောင့် လွန်စွာတုန်လှုပ်သည်” ဆိုသည့် စကားများကိုသာ နိုင်ငံတကာအဖွဲ့အစည်းများက ပြောကြားကြပြီး အလားတူ အနှစ်သာရကင်းမဲ့သည့် ဖော်ပြချက်များသာ လုပ်ကြသော်လည်း စစ်ကောင်စီက အရပ်သားများကို တိုက်ခိုက်မှုရပ်စေရန် ခိုင်မာသော အစီအမံပြုလုပ်ခြင်း မရှိပေ။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင် နိုင်ငံအများအပြားသည် မြန်မာစစ်ကောင်စီကို လေယာဉ်ဆီနှင့် လက်နက်များ ဆက်လက် ရောင်းချနေပြီး ကလေးငယ်များ သေဆုံးမှု မြင့်မားလာခြင်းကို သွယ်ဝိုက်အကျိုးဆောင်ကာ လွတ်မြောက်လာသော ကလေးများ၏ စိတ်ဒဏ်ရာကို ပိုမိုဆိုးရွားစေသည်။ လေကြောင်းတိုက်ခိုက်မှုများ၏ အမာရွတ်များသည် မြန်မာကလေးငယ်များ၏ ရုပ်ပိုင်းတွင်သာမက စိတ်ပိုင်းတွင်ပါ နက်ရှိုင်းစွာ စွဲထင်နေသည်။
လေကြောင်းတိုက်ခိုက်မှုများကြောင့် မန္တလေးတိုင်းမှ ကျေးရွာကို စွန့်ခွာထွက်ပြေးလာရသည့် အသက် ၅ နှစ်အရွယ် ကလေးငယ်တဦးသည် ယခုအခါ ရန်ကုန်တွင် ခိုလှုံနေသည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေယာဉ်တက်သံကြားရတိုင်း သူကြောက်လန့်နေသည်။
လေကြောင်းတိုက်ခိုက်မှုများကြောင့် မန္တလေးတိုင်းမှ ကျေးရွာကို စွန့်ခွာထွက်ပြေးလာရသည့် အသက် ၅ နှစ်အရွယ် ကလေးငယ်တဦးသည် ယခုအခါ ရန်ကုန်တွင် ခိုလှုံနေသည်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေယာဉ်တက်သံကြားရတိုင်း သူကြောက်လန့်နေသည်။
သူ့အတွက် လေယာဉ်များသည် အပြစ်ကင်းစင်သည့် ပျံသန်းရေးစက်များ မဟုတ်တော့ပေ။ ထိုလေယာဉ်များသည် သေမင်းကို ခေါ်လာသူများ ဖြစ်သည်။ လေယာဉ်အင်ဂျင်သံကြားသည့် အချိန်တိုင်း ဗုံးကြဲသတ်ဖြတ်ခံရမည်ကို ကြောက်လန့်ပြီး အိမ်အတွင်းသို့ အလျင်အမြန် ဝင်ပြေးသည်။
ထိုစိုးရိမ်ကြောက်လန့်မှုကို အထင်အရှား ထင်ဟပ်သည်မှာ မကြာသေးမီက ပျံ့နှံ့နေသည့် ဗီဒီယိုတခု ဖြစ်သည်။ ထိုဗီဒီယိုတွင် တိုင်းရင်းသားပြည်နယ်တခုမှ ကလေးငယ်တဦးက စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်ကို မြင်သောအခါ ဖိနပ်ဖြင့်ပစ်ချရန် ကြိုးစားပြီး ကချင်ဘာသာ စကားဖြင့် “ငါတို့ဆီကို မလာနဲ့၊ မလာနဲ့” အော်ဟစ်နေပုံကို ပြသထားသည်။
အလားတူစွာပင် ကရင်နီပြည်နယ်မှ တော်လှန်ရေးအင်အားစုက ကျင်းပသည့် ကလေးပန်းချီပြိုင်ပွဲတွင်လည်း မြန်မာကလေးငယ်များ ခံစားရသည့် ထိုအကြောက်တရားကို ဖော်ပြသည်။ ၁၁ နှစ်အရွယ် နေရပ်စွန့်ခွာ မိန်းကလေးတဦးက သူ၏ အိပ်မက်အိမ်ကို ရေးဆွဲပြီး “အိမ်ခေါင်မိုးပေါ်သို့ လေယာဉ်မလာရ” ဟု ရေးသားထားသောကြောင့် စိတ်နှလုံးနာစရာကောင်းသည့် ဘေးကင်းလုံခြုံရေး တောင်းဆိုမှုကို ဖော်ပြခြင်း ဖြစ်သည်။
၎င်းတို့အတွက် နေအိမ်၊ ကစားကွင်း၊ ကျောင်း၊ ဒုက္ခသည်စခန်း သို့မဟုတ် ဆေးရုံ မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ လုံခြုံသည်ဟု မခံစားရပေ။ စစ်ကောင်စီက ဗုံးကြဲရာတွင် ထိုနေရာများအနက် မည်သည့်နေရာကိုမှ ချမ်းသာမပေးပေ။
ပြစ်တင်ရှုတ်ချသည့် စာများနှင့်ကြေညာချက်များ သက်သက်သည် လေထဲလွင့်သွားသည့် ပါးစပ်ဖျားမှ စကားမျှသာဖြစ်ပြီး ကလေးငယ်များကို ကာကွယ်ရန် သို့မဟုတ် ၎င်းတို့ စိတ်ဒဏ်ရာများကို ကုစားရန် မည်သို့မှ လုပ်ဆောင်ပေးနိုင်ခြင်း မရှိပေ။
ထိုစဉ်က လေကြောင်းတိုက်ခိုက်မှု၏ အကြောက်တရားနှင့် စိတ်ဒဏ်ရာသည် ထိုမျှ အသက်ငယ်ငယ်နှင့် ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားရသည့် ကလေးများကိုသာမက ရွာမှလူကြီးများတွင်ပင် ကျန်ရှိနေကြောင်း လက်ယက်ကုန်းကျောင်းမှ ကျောင်းဆရာမတဦး စက်တင်ဘာလ ၁၄ ရက်နေ့တွင် ပြောသည်။
“လေယာဉ်သံကြားတိုင်း ကျမတို့လည်း ပြေးပြီးပုန်းရတာပဲ” ဟု ၎င်းက ပြောသည်။
အဖွဲ့အစည်းများက စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ပြုလုပ်ပေးကြသော်လည်း ယာယီမျှသာ သက်သာကြသည်။ ထိုခြိမ်းခြောက်မှု အမြဲတမ်း ရှိနေပြီး အကြောက်တရားသည် ပျောက်ကွယ်မသွားပေ။
ကလေးငယ်များ၏ အသံကို လျစ်လျူရှုထားပြီး ၎င်းတို့ကို စစ်ကောင်စီက တိုက်ခိုက်သတ်ဖြတ်မှုအား ရပ်တန့်အောင်လုပ်ရန် ပျက်ကွက်သူများအတွက် ရှက်စရာကောင်းသည်မှာ အဆိုပါ ကျောင်းဆရာမက သူတို့သည် မည်သည့်အရာကိုမှ မလိုဘဲ စစ်ကောင်စီတပ်များ တရားဥပဒေကို ရင်ဆိုင်ရေးနှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးသာဖြစ်သည်ဟု ပြောကြားလိုက်ခြင်း ဖြစ်သည်။
“ဒီစစ်အာဏာရှင်စနစ် ကျဆုံးသွားရင် စိတ်ပိုင်ဆိုင်ရာ ကုစားမှု မလိုအပ်တော့ဘူး။ အဲဒီအချိန်ကျရင် အရာရာ ပျောက်သွားမယ်” ဟုလည်း ထိုကျောင်းဆရာမက ပြောသည်။
“ဒီစစ်အာဏာရှင်စနစ် ကျဆုံးသွားရင် စိတ်ပိုင်ဆိုင်ရာ ကုစားမှု မလိုအပ်တော့ဘူး။ အဲဒီအချိန်ကျရင် အရာရာ ပျောက်သွားမယ်” ဟုလည်း ထိုကျောင်းဆရာမက ပြောသည်။
ထို့ကြောင့် လေယာဉ်ဆီ သို့မဟုတ် မြန်မာစစ်ကောင်စီ ဗုံးကြဲခြင်း ရပ်တန့်သွားစေရေး ပိတ်ပင်မှုဖြစ်စေရန် သင်တို့တတ်နိုင်သည့် မည်သည့်အရာကိုမဆို ယခုလုပ်ကိုင်ရမည် ဖြစ်သည်။
သင်တို့၏ အရေးယူဆောင်ရွက်မှု မရှိခြင်း၏ ရလဒ်သည် အပြစ်ကင်းစင်သည့် ကလေးများ ထပ်မံ သေဆုံးစေရုံသာမက လက်ယက်ကုန်းမှ မအေးချမ်းမိုးနှင့် မောင်လင်းလင်းကဲ့သို့ ရှင်ကျန်လွတ်မြောက်လာသူများလို စိတ်ဒဏ်ရာရသူ ပိုမိုများပြားလာစေမည် ဖြစ်သည်။ သူတို့အတွက် ထိုစိတ်ဒဏ်ရာသည် မည်မျှကြာမည်ကို မည်သူမှ မသိပေ။ ထိုကလေးများသည် သင်တို့သားသမီးများ၊ မြေးများနှင့် သက်တူရွယ်တူများ ဖြစ်သည်ကို သတိရပါ။ သနားကြင်နာတတ်သော နှလုံးသားရှိပါ။
ယခုအခါ မြန်မာမှကလေးများသည် ယခင် မည်သည့်အချိန်ကထက်မဆို အကာအကွယ် အထူးသဖြင့် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများမှ အကာအကွယ် ပိုမို လိုအပ်နေသည်။ ၎င်းတို့ ပညာသင်ယူနိုင်ရန်၊ ကစားနိုင်ရန်၊ ဘေးကင်းစွာ အိပ်စက်နိုင်စေရန်နှင့် ကလေးငယ်များဘဝ တခါပြန်လည်ရရှိပြီး လေယာဉ်၊ ရဟတ်ယာဉ်သံကြားလျှင် မကြောက်လန့်စေရန် ၎င်းတို့၏ ကြေမွသွားသောဘဝများကို ပုံမှန်အခြေအနေသို့ ပြန်လည် ထိန်းသိမ်းပေးရမည် ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ခင်နဒီ၏ Stop Turning a Blind Eye to Youngest Victims ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်တပ်က စာသင်ကျောင်းများကို တိုက်ခိုက်မှု များပြားလာ
သတ်ဖြတ်မှု ၁ နှစ်ကြာလည်း မျက်ရည်ကြားက အညံ့မခံသော လက်ယက်ကုန်း
မုန်လိုင်ခက် စစ်ရှောင်စခန်းမှ သန်းခေါင်ယံအိပ်မက်ဆိုး
ကလေးများ ပြန်ပြောပြသော လက်ယက်ကုန်း လူသတ်ပွဲ
မြန်မာပြည်အတွက် လေယာဉ်ဆီတင်သွင်းမည့် မည်သူ့ကိုမဆို အရေးယူမည်ဟု အမေရိကန်ကြေညာ
ကလေးငယ်များကို သတ်ဖြတ်မှုအပေါ် နိုင်ငံတကာအဖွဲ့များ နှုတ်ဆိတ်နေဟု ဝေဖန်