အမေရိကန် ပြည်ထောင်စုမှ မဲဆန္ဒရှင်များသည် ၎င်းတို့၏ နောက်သမ္မတကို ရွေးချယ်ရန် နိုဝင်ဘာလ ၅ ရက်နေ့တွင် မဲပေးကြမည်ဖြစ်သည်။
ထိုရွေးကောက်ပွဲသည် ကနဦးတွင် ၂၀၂၀ ရွေးကောက်ပွဲ၏ တကျော့ပြန် ရွေးကောက်ပွဲဖြစ်သော်လည်း ဇူလိုင်လတွင် သမ္မတ ဂျိုးဘိုင်ဒင်က သူ၏မဲဆွယ်ပွဲကို အဆုံးသတ်ပြီး ဒုသမ္မတ မစ္စ ကင်မလာဟဲရစ်ကို ထောက်ခံသောအခါ အခြေအနေ ပြောင်းပြန်ဖြစ်သွားသည်။
ယခုအခါ ကြီးမားသောမေးခွန်းမှာ အမေရိကန် ပြည်ထောင်စုသည် ပထမဆုံး အမျိုးသမီးသမ္မတ တက်မည်လား သို့မဟုတ် ထရမ့်၏ ဒုတိယ ရာထူးသက်တမ်း ဖြစ်မည်လားဆိုသည့် မေးခွန်းဖြစ်သည်။
ရွေးကောက်ပွဲနေ့ နီးကပ်လာသောအခါ မိမိတို့သည် ရွေးကောက်ပွဲစစ်တမ်းကို ခြေရာခံမည်ဖြစ်ပြီး မဲဆွယ်ပွဲက အိမ်ဖြူတော်ရွေးကောက်ပွဲအပေါ် မည်သို့ သက်ရောက်မည်ကို စောင့်ကြည့်နေမည် ဖြစ်သည်။
တနိုင်ငံလုံးစစ်တမ်းတွင် မည်သူ ဦးဆောင်နေသနည်း
မစ္စ ဟဲရစ်သည် ဇူလိုင်လကုန်တွင် ရွေးကောက်ပွဲဝင်ကတည်းက တနိုင်ငံလုံးစစ်တမ်း ပျှမ်းမျှ ကိန်းဂဏန်းများတွင် မစ္စတာ ထရမ့်ကို အနည်းငယ် ဦးဆောင်နေပြီး ဆက်လက် ရှေ့ပြေးနေကာ နောက်ဆုံးရသည့် ကိန်းဂဏန်းများအရ အနီးဆုံး ကိန်းပြည့်နီးပါး တိုးတက်နေသည်။

မစ္စ ဟဲရစ်သည် သူ၏မဲဆွယ်ပွဲ ပထမ ရက်သတ္တပတ်များတွင် စစ်တမ်းအရ ထောက်ခံမှု တိုးတက်နေပြီး သြဂုတ်လကုန်တွင် ၄ ရာခိုင်နှုန်းနီးပါး ဦးဆောင်နေသည်။
မစ္စ ဟဲရစ်သည် သူ၏မဲဆွယ်ပွဲ ပထမ ရက်သတ္တပတ်များတွင် စစ်တမ်းအရ ထောက်ခံမှု တိုးတက်နေပြီး သြဂုတ်လကုန်တွင် ၄ ရာခိုင်နှုန်းနီးပါး ဦးဆောင်နေသည်။
သို့သော် စက်တင်ဘာလ အစောပိုင်းမှစတင်ပြီး ကိန်းဂဏန်းများ တည်ငြိမ်နေကာ သမ္မတလောင်း နှစ်ဦး၏ စက်တင်ဘာလ ၁၀ ရက်နေ့က တခုတည်းသော စကားစစ်ထိုးပွဲ အပြီးတွင်ပင် ဆက်လက် တည်ငြိမ်နေသည်။ ထိုစကားစစ်ထိုးပွဲကို လူ သန်း ၇၀ နီးပါး စောင့်ကြည့်ခဲ့သည်။
နောက်ဆုံးရက်သတ္တပတ် အနည်းငယ်အတွင်း တနိုင်ငံလုံးတွင် ယှဉ်ပြိုင်မှု အပြောင်းအလဲ မည်မျှနည်းသည်ကို အောက်ပါဇယားတွင် သိနိုင်ပြီး မျဉ်းများသည် ပျမ်းမျှများကို ပြသပြီး အရောင်ခြယ် အစက်များသည် သမ္မတလောင်းတဦးစီအတွက် စစ်တမ်းတခုစီ၏ ရလဒ်များကို ပြသနေသည်။

ထိုတနိုင်ငံလုံးစစ်တမ်းများသည် သမ္မတလောင်းတဦး တနိုင်ငံလုံး လူထုထောက်ခံမှု မည်မျှရှိသည်ကို ပြသသည့် အသုံးဝင်သော လမ်းညွှန်ဖြစ်သော်လည်း ရွေးကောက်ပွဲရလဒ်ကို ဟောကိန်းထုတ်ရန် တိကျသည့်နည်းလမ်း မဟုတ်ပေ။
ထိုသို့ဖြစ်ရခြင်းမှာ အမေရိကန် ပြည်ထောင်စုသည် လူဦးရေအခြေခံပြီး ပြည်နယ်တခုစီကို ခွဲဝေပေးထားသည့် အရေအတွက်ရှိသော ရွေးကောက်ပွဲအဖွဲ့ (ပြည်နယ်အရ ရွေးကောက်သူများ) စနစ်ကြောင့် ဖြစ်သည်။ ပြည်နယ်အလိုက် ရွေးကောက်သူ ရွေးကောက်ပွဲအဖွဲ့မဲ စုစုပေါင်း ၅၃၈ မဲရှိပြီး သမ္မတလောင်းတဦး အနိုင်ရရန် ၂၇၀ မဲ လိုအပ်သည်။
အမေရိကန် ပြည်ထောင်စုတွင် ပြည်နယ် ၅၀ ရှိသော်လည်း ၎င်းတို့အနက် အများစုသည် ပါတီတခုတည်းကိုသာ အမြဲတမ်းနီးပါး မဲပေးကြသောကြောင့် သမ္မတလောင်း နှစ်ဦးလုံးအတွက် အနိုင်ရရန် အခွင့်အလမ်းဖြစ်စေသည့် ပြည်နယ် လက်တဆုပ်စာသာ ရှိသည်။ ထိုပြည်နယ်များသည် ရွေးကောက်ပွဲ အရှုံးအနိုင်ကို ဆုံးဖြတ်မည့် ပြည်နယ်များဖြစ်ပြီး စစ်ခင်းရသည့်ပြည်နယ်များ သို့မဟုတ် ပြောင်းလဲလွယ်တတ်သော ပြည်နယ်များဟု သိကြသည်။
ပြောင်းလဲလွယ်တတ်သော ပြည်နယ်များ စစ်တမ်းများတွင် မည်သူနိုင်နေသနည်း
ရွေးကောက်ပွဲတွင် လေယူရာယိမ်းတတ်သော ပြည်နယ်များဟု သတ်မှတ်ထားသည့် ပြည်နယ် ခုနစ်ခုမှ စစ်တမ်းများသည် လက်ရှိအချိန်တွင် လွန်စွာ အပြိုင်အဆိုင်ဖြစ်နေပြီး မည်သည့် သမ္မတလောင်းမှ ထိုပြည်နယ်များတွင် ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခြင်း မရှိကြောင်း စစ်တမ်းများ၏ ပျှမ်းမျှကိန်းဂဏန်းများအရ သိရသည်။
မစ္စ ဟဲရစ် ရွေးကောက်ပွဲဝင်ပြီးနောက်ပိုင်း လားရာများကို ကြည့်ပါက ပြည်နယ်များအကြား ကွဲပြားခြားနားမှုများကို မီးမောင်းထိုးပြနေသည်။ သို့သော် တနိုင်ငံလုံးစစ်တမ်းထက် ပြည်နယ်စစ်တမ်း ပိုမိုနည်းပါးသောကြောင့် မိမိတို့အနေဖြင့် ဆက်လက်ခန့်မှန်းရန် အချက်အလက် အနည်းငယ်သာရှိပြီး စစ်တမ်းတိုင်းတွင်လည်း အရေအတွက် မြင့်မားစေနိုင်သည့် သို့မဟုတ် နိမ့်ကျစေနိုင်သည့် အမှားအယွင်း အနည်းငယ် ရှိသည်ကို သိရှိရန် အရေးကြီးသည်။

အရီဇိုးနား၊ ဂျော်ဂျီယာနှင့် မြောက် ကာရိုလိုင်းနားပြည်နယ်များတွင် သြဂုတ်လ အစောပိုင်းမှ စတင်ပြီး ဦးဆောင်မှုသည် အကြိမ်အနည်းငယ် လက်ပြောင်းလက်လွှဲ ဖြစ်လာသော်လည်း ယခု ရက်သတ္တပတ် အနည်းငယ်တွင် မစ္စတာ ထရမ့်သည် အနည်းငယ် ဦးဆောင်လာနေသည်။ နီဗားဒါးတွင်လည်း အလားတူပင် ဖြစ်သော်လည်း မစ္စ ဟဲရစ်သည် အနည်းငယ်ဦးဆောင်နေသော သမ္မတလောင်း ဖြစ်နေသည်။
အခြားပြည်နယ် သုံးခုဖြစ်သော မီရှီဂန်၊ ပင်ဆယ်လ်ဗေးနီးယားနှင့် ဝစ္စကွန်ဆင်တို့တွင် မစ္စ ဟဲရစ်သည် သြဂုတ်လ အစောပိုင်းမှ ဦးဆောင်နေပြီး တခါတရံ ၂ မှတ်မှ ၃ မှတ်အထိ အသာရသော်လည်း မကြာသေးမီ ရက်များအတွင်း စစ်တမ်းများသည် သိသိသာသာ အပြိုင်အဆိုင်ဖြစ်လာပြီး ယခုအခါ မစ္စတာ ထရမ့်သည် ပင်ဆယ်လ်ဗေးနီးယားတွင် အနည်းငယ်အသာဖြင့် ဦးဆောင်နေသည်။
အခြားပြည်နယ် သုံးခုဖြစ်သော မီရှီဂန်၊ ပင်ဆယ်လ်ဗေးနီးယားနှင့် ဝစ္စကွန်ဆင်တို့တွင် မစ္စ ဟဲရစ်သည် သြဂုတ်လ အစောပိုင်းမှ ဦးဆောင်နေပြီး တခါတရံ ၂ မှတ်မှ ၃ မှတ်အထိ အသာရသော်လည်း မကြာသေးမီ ရက်များအတွင်း စစ်တမ်းများသည် သိသိသာသာ အပြိုင်အဆိုင်ဖြစ်လာပြီး ယခုအခါ မစ္စတာ ထရမ့်သည် ပင်ဆယ်လ်ဗေးနီးယားတွင် အနည်းငယ်အသာဖြင့် ဦးဆောင်နေသည်။
ထိုပြည်နယ် သုံးခုလုံးသည် ၂၀၁၆ ခုနှစ်တွင် ထရမ့် သမ္မတရာထူး အနိုင်ရရေးအတွက် ရီပတ်ဘလီကန် အမာခံဒေသအဖြစ် မပြောင်းလဲလိုက်မီက ဒီမိုကရက်တစ် အမာခံဒေသ ဖြစ်သည်။ မစ္စတာ ဘိုင်ဒင်က ထိုပြည်နယ်များကို ၂၀၂၀ ပြည့်နှစ်တွင် ပြန်လည်ရယူပြီး မစ္စ ဟဲရစ်ကလည်း အလားတူလုပ်နိုင်ပါက ရွေးကောက်ပွဲနိုင်မည့် အလားအလာရှိသည်။
မစ္စ ဟဲရစ် သမ္မတလောင်းဖြစ်လာပြီးနောက် ရွေးကောက်ပွဲ မည်သို့ ပြောင်းလဲနေသည် ပြသသည့် လက္ခဏာတခုမှာ ဘိုင်ဒင် ရွေးကောက်ပွဲမှ နုတ်ထွက်သည့်နေ့တွင် သူသည် ထိုပြောင်းလဲလွယ်တတ်သော ပြည်နယ် ခုနစ်ခုတွင် ထရမ့်နောက် ၅ ရာခိုင်နှုန်းနီးပါး နောက်ကောက်ကျ နေသည်။
ရွေးကောက်ပွဲမှ နုတ်ထွက်ချိန်တွင် မစ္စတာ ဘိုင်ဒင်သည် ပင်ဆယ်လ်ဗေးနီးယားတွင် ၄ ဒသမ ၅ ရာခိုင်နှုန်းနီးပါး နောက်ကျနေကြောင်း အောက်ပါပုံက ပြသနေသည်။ ထိုပြည်နယ်သည် ပြောင်းလဲလွယ်တတ်သော ပြည်နယ် ခုနစ်ခုတွင် ပြည်နယ်အရ ရွေးကောက်သူ ရွေးကောက်ပွဲအဖွဲ့မဲ အများဆုံးရှိပြီး ထိုပြည်နယ်တွင် အနိုင်ရခြင်းသည် လိုအပ်သည့် မဲ ၂၇၀ ရရေးအတွက် လွယ်ကူစေသောကြောင့် သမ္မတလောင်း နှစ်ဦးလုံး၏ မဲဆွယ်ပွဲအတွက် အဓိကကျသည်။

ပျှမ်းမျှကိန်းဂဏန်းများကို မည်သို့ ဖန်တီးထားသနည်း
အထက်ဖော်ပြပါ ပျှမ်းမျှကိန်းဂဏန်းများသည် ABC သတင်းဌာန၏ စစ်တမ်းခွဲခြမ်းစိတ်ဖြာသည့် ၅၃၈ ဝက်ဘ်ဆိုက်က ဖန်တီးထားသော ပျှမ်းမျှကိန်းဂဏန်းများ ဖြစ်သည်။ ၅၃၈ ဝက်ဘ်ဆိုက်သည် တနိုင်ငံလုံးနှင့် ပြောင်းလဲတတ်သော ပြည်နယ်များတွင် စစ်တမ်းကောက်ယူသည့် ကုမ္ပဏီများ ကောက်ခံသည့် စစ်တမ်းများမှ အချက်အလက်များကို စုဆောင်းသည်။
အရည်အသွေးထိန်းချုပ်သည့် အနေဖြင့် ၅၃၈ ဝက်ဘ်ဆိုက်သည် လူမည်မျှအား စစ်တမ်းကောက်သည်ကို ပွင့်လင်းမြင်သာခြင်း၊ စစ်တမ်းကို မည်သည့်အချိန်တွင် ကောက်ယူသည်ကို ဖော်ပြခြင်း၊ စစ်တမ်းကို မည်သို့ကောက်ယူသည် (ဖုန်းဖြင့်၊ စာတိုဖြင့်၊ အွန်လိုင်းဖြင့် စသည်) တို့ကဲ့သို့သော သတ်မှတ်စံနှုန်းပြည့်မီသည့် ကုမ္ပဏီများက ကောက်ယူသည့် စစ်တမ်းများကိုသာ ထည့်သွင်းသည်။

စစ်တမ်းများကို ယုံကြည်နိုင်ပါသလား
လတ်တလောတွင် မစ္စ ကင်မလာဟဲရစ်နှင့် မစ္စတာ ဒေါ်နယ်ထရမ့်တို့သည့် ပြောင်းလဲလွယ်သော ပြည်နယ်များအားလုံးတွင် တဦးနှင့်တဦး ၂ ရာခိုင်နှုန်းသာ ကွာခြားမှုရှိကြောင်း စစ်တမ်းများက ဖော်ပြနေပြီး ထိုမျှနီးကပ်နေသောကြောင့် အနိုင်ရသူများကို ခန့်မှန်းရန် အလွန်ခက်ကြောင်း စစ်တမ်းများက ပြသနေသည်။
လတ်တလောတွင် မစ္စ ကင်မလာဟဲရစ်နှင့် မစ္စတာ ဒေါ်နယ်ထရမ့်တို့သည့် ပြောင်းလဲလွယ်သော ပြည်နယ်များအားလုံးတွင် တဦးနှင့်တဦး ၂ ရာခိုင်နှုန်းသာ ကွာခြားမှုရှိကြောင်း စစ်တမ်းများက ဖော်ပြနေပြီး ထိုမျှနီးကပ်နေသောကြောင့် အနိုင်ရသူများကို ခန့်မှန်းရန် အလွန်ခက်ကြောင်း စစ်တမ်းများက ပြသနေသည်။
၂၀၁၆ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် နှစ်ခုလုံးတွင် စစ်တမ်းများသည် ထရမ့်အပေါ် ထောက်ခံမှုကို လျှော့တွက်ကြသည်။ စစ်တမ်းကောက်ယူသော ကုမ္ပဏီများသည် ၎င်းတို့ရလဒ်များက မဲဆန္ဒရှင် လူဦးရေ ဖွဲ့စည်းမှုကို ထင်ဟပ်စေရန် မည်သို့လုပ်မည် အပါအဝင် ထိုပြဿနာကို နည်းလမ်းအမျိုးမျိုးဖြင့် ပြုပြင်ရန် ကြိုးစားမည်ဖြစ်သည်။
ထိုသို့သော ချိန်ညှိမှုများကို မှန်ကန်အောင်လုပ်ရန် ခက်ခဲပြီး စစ်တမ်းကောက်ယူသူများသည် နိုဝင်ဘာလ ၅ ရက်နေ့ မည်သူ အမှန်တကယ် မဲပေးမည်ကဲ့သို့သော အခြားအချက်အလက်များကိုလည်း သိရှိခန့်မှန်းမှုများလုပ်ရန် လိုအပ်သည်။
(BBC ပါ US election polls: Who is ahead – Harris or Trump? ကို ဘာသာပြန်သည်။)
You may also like these stories:
ထရမ့်ကို နောက်တကြိမ်လုပ်ကြံမှု၊ ခွေးတွေကြောင်တွေအရေး၊ တေလာဆွစ်ဖ်နှင့် အမေရိကန် ရွေးကောက်ပွဲ
ထရမ့်၊ ကင်မလာ ထိပ်တိုက်တွေ့ပွဲနှင့် အဖြေမသိသေးသည့် မေးခွန်း
ခါမလာဟဲရစ် သို့မဟုတ် ပထမဆုံး အမေရိကန် အမျိုးသမီး ဒုသမ္မတ
ဒေါ်နယ် ထရမ့် ပစ်ခတ်ခံရမှုနှင့် စိတ်ပညာအမြင်
ထရမ့် သွားရှုပ်တဲ့ စတော်မီ ဒန်နီရယ် ဘယ်သူလဲ
အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ကိုယ့်ကိုယ်ကိုယ် မဲပေးခဲ့တဲ့ Kanye West