စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လာမည့်အပတ် တရုတ်ခရီးစဉ်မတိုင်မီ စစ်ကောင်စီသည် အဓိကကျသည့် တရုတ်အစိုးရဌာနများက တာဝန်ပေးထားသည့် တရုတ်နိုင်ငံခြားရေးမူဝါဒကို အားပေးပြီး မူဝါဒသုတေသနစီမံကိန်းများ လုပ်ကိုင်သည့် အဖွဲ့အစည်းများနှင့်တွေ့ဆုံရန် စစ်ကောင်စီ လက်ဝေခံ သုတေသနအဖွဲ့မှ စစ်ထောက်လှမ်းရေးအရာရှိဟောင်းများကို ဘေဂျင်းသို့ စေလွှတ်ခဲ့သည်။
ယခင်စစ်အုပ်စုတွင် တာဝန်ထမ်းဆောင်ခဲ့သည့် စစ်ထောက်လှမ်းရေးအဆင့်မြင့်အရာရှိ ၂ ဦးဖြစ်သော ဗိုလ်မှူးချုပ်ဟောင်း သိန်းဆွေနှင့် ဗိုလ်မှူးကြီးဟောင်း လှမင်းတို့သည် ဘေဂျင်းမှ သုတေသနအဖွဲ့ ၂ ခုနှင့်တွေ့ဆုံသည်။
မြန်မာမူဝါဒသုတေသနအဖွဲ့ ပါရာဂွန် အင်စတီကျုမှ ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အထူးအကြံပေး ဦးလှမင်းသည် ချာဟာအင်စတီကျု The Charhar Institute ဥက္ကဋ္ဌနှင့် ဘေ့ဂျင်းတွင်တွေ့ဆုံကြောင်း ထိုတရုတ်အင်စတီကျုက အင်္ဂါနေ့တွင် ထုတ်ပြန်သည်။
တရုတ်နှင့် မြန်မာအကြား သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် နှစ်ပတ်လည်ကို ပူးတွဲကျင်းပရန် လှုပ်ရှားမှုများကို ၂ ဘက်ဆွေးနွေးသည်ဟု ထိုကြေညာချက်တွင် ဖေါ်ပြသည်။ ဦးသိန်းဆွေက မြန်မာနိုင်ငံနောက်ဆုံးအခြေအနေ အထူးသဖြင့် မြန်မာ၏ ပြည်တွင်းလုံခြုံရေး အခြေအနေကိုလည်း ရှင်းလင်းပြောကြားသည်ဟု ထိုပို့စ်တွင် ဖေါ်ပြထားသည်။
ထိုနေ့တွင်ပင် ဦးသိန်းဆွေနှင့် ဦးလှမင်းတို့သည် ဘေဂျင်းရှိ တိုင်ဟဲအင်စတီကျု Taihe Institute (TI) မှ ဝါရင့်သုတေသီများ၊ သုတေသီများ၊ အယ်ဒီတာချုပ်၊ ဒုတိယအတွင်းရေးမှူးချုပ်တို့နှင့် နှစ်ဘက်စိုးရိမ်ပူပန်သောပြဿနာများကို ဆွေးနွေးရန် သွားရောက်ကြောင်း ထိုသုတေသနအဖွဲ့၏ Facebook စာမျက်နှာတွင်ဖေါ်ပြထားသည်။ TI သည် မူဝါဒ သုတေသန စီမံကိန်းများဆောင်ရွက်ရန် အဓိကကျသည့် အစိုးရဌာနများက တာဝန်ပေးထားသည့် အဖွဲ့အစည်းဖြစ်သည်။
ဝက်ဘ်ဆိုက် သို့မဟုတ် Facebook စာမျက်နှာမရှိသော ပါရာဂွန်အင်စတီကျုကိုမူ မြန်မာတွင် ကြားဖူးသူ နည်းသည်။
တရုတ်သုတေသနအဖွဲ့ ၂ ခုလုံးက မဖေါ်ပြသောအချက်မှာ ဦးသိန်းဆွေနှင့် ဦးလှမင်းတို့သည် ယခင်စစ်အုပ်စုခေတ်တွင် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ရာပေါင်းများစွာကို ဖမ်းဆီး၊ ညှင်းပမ်းနှိပ်စက်၊ သတ်ဖြတ်ပြီး အမည်ဆိုး ကျော်ကြားကာ နောက်ပိုင်း၌ ဖျက်သိမ်းခံရသည့် မြန်မာစစ်ထောက်လှမ်းရေးတပ် အရာရှိဟောင်းများဖြစ်သည် ဆိုသည့်အချက်ဖြစ်သည်။
တရုတ်သုတေသနအဖွဲ့ ၂ ခုလုံးက မဖေါ်ပြသောအချက်မှာ ဦးသိန်းဆွေနှင့် ဦးလှမင်းတို့သည် ယခင်စစ်အုပ်စုခေတ်တွင် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ရာပေါင်းများစွာကို ဖမ်းဆီး၊ ညှင်းပမ်းနှိပ်စက်၊ သတ်ဖြတ်ပြီး အမည်ဆိုး ကျော်ကြားကာ နောက်ပိုင်း၌ ဖျက်သိမ်းခံရသည့် မြန်မာစစ်ထောက်လှမ်းရေးတပ် အရာရှိဟောင်းများဖြစ်သည် ဆိုသည့်အချက်ဖြစ်သည်။
ထိုစစ်ထောက်လှမ်းရေးအဖွဲ့သည် ဝနှင့် မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အပါအဝင် အဖွဲ့အများအပြားနှင့် အပစ်အခတ်ရပ်စဲရေးတွင် ပါဝင်ပတ်သက်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအကြား သွေးခွဲအုပ်ချုပ်သည့် စနစ်ကို ကျင့်သုံးသော ဆက်ဆံရေး၌ အဓိကကျသည်။ အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် အနောက်အုပ်စုနှင့် ပြည်ပဆက်ဆံရေးတွင် စစ်ထောက်လှမ်းရေး အရာရှိများသည် ဗိုလ်ချုပ်ကျော်ဝင်း၊ ကျော်သိန်းနှင့် သိန်းဆွေအပါအဝင် ခေါင်းဆောင်များ၏ ဦးဆောင်မှုကို ခံယူသည်။ စစ်ထောက်လှမ်းရေး ဒုညွန်မှူး ကျော်ဝင်းနှင့် ကျော်သိန်းတို့သည် အသက် ၇၀ ကျော်များဖြစ်ကြပြီး ကျန်းမာရေးမကောင်းတော့ပေ။
မှတ်သားစရာကောင်းသည့်အချက်မှာ ထိုစစ်ထောက်လှမ်းရေးအရာရှိဟောင်းများသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကူမင်းတွင် ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (GMS) ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် စီစဉ်ထားသည့် ခရီးမတိုင်မီ တပတ်နီးပါးတွင် ဘေဂျင်းသို့သွားရောက်ခြင်းဖြစ်သည်။
ဦးသိန်းဆွေသည် ထိုခရီးစဉ်၏ ၂ နိုင်ငံဆက်ဆံရေးတွင် အခန်းကဏ္ဍတခုမှ ပါဝင်ကြောင်း တရုတ်-မြန်မာဆက်ဆံရေးနှင့် အကျွမ်းတဝင်ရှိသည့် တရုတ်သတင်းရင်းမြစ်တခု ပြောသည်။ လူသိနည်းသည့် ပါရာဂွန် အင်စတီကျုကို စစ်ဘက်လုံခြုံရေးရာ အကြီးအကဲရုံး (OCMSA) ရုံးက ငွေကြေးပံ့ပိုးကြောင်းလည်း သူပြောသည်။ OCMSA သည် ဗိုလ်ချုပ်ခင်ညွန့်ဦးဆောင်သည့် စစ်ထာက်လှမ်းရေးကို ဆက်ခံသည်အဖွဲ့အစည်းဖြစ်သည်။ OCMSA ၏ အကြီးအကဲမှာ မင်းအောင်လှိုင်၏ လူယုံများအနက်တဦးဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဖြစ်သည်။
စစ်ထောက်လှမ်းရေး အရာရှိဟောင်းများ၏ ဘေဂျင်းခရီးစဉ်ကို စစ်ကောင်စီ၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီး (၂) ကိုကိုလှိုင်တို့က ခွင့်ပြုခဲ့ကြောင်းလည်း သတင်းရင်းမြစ်များပြောသည်။
စစ်ထောက်လှမ်းရေးအဆင့်မြင့်အရာရှိဟောင်း ဦးသိန်းဆွေသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီကို ကူညီနေသည့် စစ်ထောက်လှမ်းရေး အရာရှိများတွင် ပါဝင်သည်ဟု ၂၀၂၂ ခုနှစ်က ဧရာဝတီ၏ သတင်းဖေါ်ပြချက်ကို အထက်ပါအချက်များအားလုံးက အတည်ပြုပေးနေသည်။
စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ဘေဂျင်းသို့ စစ်ထောက်လှမ်းရေးအရာရှိဟောင်းများ သွားရောက်ခြင်းသည် မင်းအောင်လှိုင်၏ ခရီးစဉ်နှင့်ပတ်သက်မည်ဟု လေ့လာသူများယူဆသည်။
မင်းအောင်လှိုင်၏ ခရီးစဉ်မတိုင်မီ စစ်ထောက်လှမ်းရေးအရာရှိဟောင်းများသည် တရုတ်-မြန်မာဆက်ဆံရေးကို ပုံဖေါ်ရန် အခန်းကဏ္ဍတခုမှ ပါဝင်ကြပြီး ရှမ်းပြည်မြောက်ပိုင်းမှ တရုတ်ဖိအားအောက်ပိုမိုရောက်လာနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ခွဲခြမ်းစိတ်ဖြာလေ့လာမှုများကို တင်ပြကြမည်ဖြစ်သည်။ ထိုစစ်ထောက်လှမ်းရေး အရာရှိဟောင်းများသည် ၁၉၉၀ ခုနှစ်များက ရှမ်းပြည်မြောက်ပိုင်းမှ အပစ်အခတ်ရပ်စဲရေး ပြဿနာများကို ကိုင်တွယ်ခဲ့သူများဖြစ်သည်။
စစ်ထောက်လှမ်းရေးလက်ဟောင်းများ
ဦးသိန်းဆွေသည် စစ်ထောက်လှမ်းရေးညွန်ကြားရေးမှူးရုံး (DDSI) ဟုခေါ်သည့် စစ်ထောက်လှမ်းရေးအတွက် နိုင်ငံတကာဆက်ဆံရေး အကြီးအကဲဖြစ်သည်။ ထိုနောက် သူသည် ပထမတွင် SLORC ဟုခေါ်ပြီး နောင်တွင် SPDC ဟုခေါ်သည့် ယခင်စစ်အုပ်စုခေတ်က ဘန်ကောက်တွင် စစ်သံမှူးဖြစ်ခဲ့သည်။
ထိုတာဝန်ဖြင့် သူသည် ၁၉၈၈ အရေးတော်ပုံနောက်ပိုင်း မြန်မာပြည်မှ ထွက်ပြေးသည့် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာကို စောင့်ကြည့် နှောင့်ယှက်ရန် ထိရောက်သော ထောက်လှမ်းရေးကွန်ရက် တည်ဆောက်ရင်း ထိုင်းအာဏာပိုင် အသိုက်အဝန်း၊ စစ်တပ်၊ မီဒီယာတို့နှင့် ခိုင်မာသော ဆက်ဆံရေး တည်ဆောက်ရာတွင် အရေးပါသည်။
၂၀၀၀ ခုနှစ်တွင် ထိုစဉ်က စစ်ထောက်လှမ်းရေးအကြီးအကဲ ခင်ညွန့်က မီဒီယာကို မီဒီယာဖြင့် တိုက်ရန်အတွက် စစ်အုပ်စု ဝါဒဖြန့်ချိရေး တစိတ်တပိုင်းအဖြစ် မြန်မာတိုင်းမ် သတင်းစာထုတ်ရန် သူ့ကိုတာဝန်ပေးသည်။ ထိုသတင်းစာကို ဆာဆာကာဝါ ဖေါင်ဒေးရှင်း၊ သြစတြေးလျ သတ္တုတွင်း ကုမ္ပဏီများနှင့် စစ်ထောက်လှမ်းရေးက ငွေကြေးထောက်ပံ့သည်။ ဦးသိန်းဆွေသည် နောင်တွင် Frontier Myanmar မဂ္ဂဇင်းကို ထုတ်ဝေသည့် သူ၏ သား ဦးဆန်နီဆွေနှင့်အတူ မြန်မာတိုင်းမ်ကို စီမံသည်။ ဦးသိန်းဆွေသည် သူထူထောင်သည့် ကုမ္ပဏီတွင် နောက်ကွယ်မှ ရင်းနှီးမြှုပ်နှံသူများအနက် တဦးဖြစ်သည်။
၂၀၀၀ ခုနှစ်တွင် ထိုစဉ်က စစ်ထောက်လှမ်းရေးအကြီးအကဲ ခင်ညွန့်က မီဒီယာကို မီဒီယာဖြင့် တိုက်ရန်အတွက် စစ်အုပ်စု ဝါဒဖြန့်ချိရေး တစိတ်တပိုင်းအဖြစ် မြန်မာတိုင်းမ် သတင်းစာထုတ်ရန် သူ့ကိုတာဝန်ပေးသည်။ ထိုသတင်းစာကို ဆာဆာကာဝါ ဖေါင်ဒေးရှင်း၊ သြစတြေးလျ သတ္တုတွင်း ကုမ္ပဏီများနှင့် စစ်ထောက်လှမ်းရေးက ငွေကြေးထောက်ပံ့သည်။ ဦးသိန်းဆွေသည် နောင်တွင် Frontier Myanmar မဂ္ဂဇင်းကို ထုတ်ဝေသည့် သူ၏ သား ဦးဆန်နီဆွေနှင့်အတူ မြန်မာတိုင်းမ်ကို စီမံသည်။ ဦးသိန်းဆွေသည် သူထူထောင်သည့် ကုမ္ပဏီတွင် နောက်ကွယ်မှ ရင်းနှီးမြှုပ်နှံသူများအနက် တဦးဖြစ်သည်။
စစ်ထောက်လှမ်းရေးအုပ်စုနှင့် စစ်တပ်အုပ်စုအကြား ကြာမြင့်သည့် အာဏာအားပြိုင်မှုကြောင့် ခင်ညွန့်နှင့် သူ့ဇနီးကို နေအိမ်အကျယ်ချုပ်ဖမ်းထားပြီး ထိုစဉ်က စစ်အုပ်စုခေါင်းဆောင် သန်းရွှေ၏ ၂၀၀၄ ခုနှစ် ဖြုတ်ထုတ် ရှင်းလင်းပွဲအတွင်း အမိန့်မနာခံမှုနှင့် အကျင့်ပျက်ခြစားမှုဖြင့် စွဲချက်တင်သည်။ ထိပ်တန်း စစ်ထောက်လှမ်းရေး အရာရှိ အများအပြားအဖမ်းခံရပြီး ထောင်နှစ်ရှည် ချခံရသည်။
ထိုသို့ဖမ်းဆီးခံရသူများတွင် ဗိုလ်မှူးချုပ် သိန်းဆွေနှင့် သူ၏ သားလည်း ပါဝင်သည်။ ဦးသိန်းဆွေကို ၂၀၁၄ ခုနှစ်တွင် ပြန်လွှတ်ပေးသည်။
သံတမန်တဦး၏သားအဖြစ် ဦးလှမင်းသည် လူငယ်ဘဝအများစုတွင် ပြည်ပတွင်နေထိုင်ပြီး ဥရောပတွင် အထက်တန်းကျောင်းပြီးသည်။ ၁၉၇၂ ခုနှစ်တွင် သူသည် စစ်တက္ကသိုလ်တက်ပြီး စစ်တပ်တွင် ၃၂ နှစ် တာဝန်ထမ်းဆောင်သည်။ အထူးသဖြင့် ယခင်စစ်အုပ်စုကို ကာကွယ်ရန်နှင့် အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုကို ဝေဖန်ရန် လုပ်ကိုင်သည်။ သူသည် အနောက်နိုင်ငံများတွင် ကြီးပြင်းခဲ့သောကြောင့် အင်္ဂလိပ်စကားကောင်းစွာ ပြောတတ်သည်။
စစ်တပ်တွင် တာဝန်ထမ်းဆောင်စဉ်အတွင်း သူသည် နိုင်ငံတကာမီဒီယာနှင့် ထိတွေ့ဆက်ဆံရန် တာဝန်ပေးခံရသည်။ ၁၉၉၀ ခုနှစ်များတွင် သူသည် လာရောက်လည်ပတ်သည့် နိုင်ငံတကာ အရာရှိများ၊ ကိုယ်စားလှယ်များ၊ ပြည်ပသတင်းသမားများနှင့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) နှင့် ဆက်ဆံရသည့် ယခင်စစ်အုပ်စု၏ ပြောခွင့်ရသူ ဖြစ်လာသည်။
နောင်တွင် သူသည် ခင်ညွန့်အောက်တွင် စစ်ထောက်လှမ်းရေး အရာရှိဖြစ်လာပြီး စစ်ထောက်လှမ်ရေးဌာနကို ဖျက်သိမ်းသောအခါ အခြားထောက်လှမ်းရေး အရာရှိများနှင်အတူ အဖမ်းခံရသည်။ သူ့ကို ၂၀၁၁ ခုနှစ်အောက်တိုဘာလတွင် လွှတ်ပေးသည်။ ထောင်မှလွတ်လာပြီးနောက် လှမင်းသည် မြန်မာရေနံလုပ်ငန်းရှင်ကြီး မိုက်ကယ်မိုးမြင့်ထံတွင် ခဏတာ လုပ်ကိုင်သည်။
စစ်ကောင်စီအတွက် ယခုလုပ်ကိုင်ပေးနေသော စစ်ထောက်လှမ်းရေး အရာရှိဟောင်းများ တရုတ်သုတေသန လုပ်ငန်းများနှင့် တွေ့ဆုံခြင်းသည် လုံခြုံရေးကိစ္စများ ပါဝင်နေသောကြောင့် စိုးရိမ်စရာကောင်းကြောင်း လေ့လာသူများပြောသည်။ အထူးသဖြင့် တရုတ်သည် စစ်ကောင်စီကို ထောက်ခံမှုပေးလိုက်သည့် စိုးရိမ်စရာဖြစ်ရပ်ကြောင့် ဖြစ်သည်။ ထိုသို့သော တွေ့ဆုံမှုများကို အခြားနိုင်ငံများနှင့်လုပ်ခဲ့၊ မလုပ်ခဲ့ ၎င်းတို့ မေးခွန်းထုတ်ကြသည်။
မြန်မာလေ့လာသူများနှင့် မီဒီယာကပါ လုံးဝမသိသည့် ပါရာဂွန် အင်စတီကျုအပေါ် ယုံကြည်နိုင်မှုကိုလည်း ၎င်းတို့မေးခွန်းထုတ်ကြသည်။
အမည်ဆိုးကျော်ကြားသည့် စစ်ထောက်လှမ်းရေးအရာရှိဟောင်းများကို ပြည်ပဆက်ဆံရေးအထူးသဖြင့် တရုတ်နှင့်ဆက်ဆံရေး စီမံရန် အထီးကျန်စစ်ကောင်စီက ကစားပွဲအတွင်း ပြန်သွင်းလာခြင်းကြောင့် သုတေသီများက မည်သည်တို့ ရှေ့ဆက်ဖြစ်မည်ကို မေးခွန်းထုတ်ကြသည်။ ဆက်ပြီး မျက်စိဖွင့် နားစွင့်ထားကြဖို့ လိုမည်။
အမည်ဆိုးကျော်ကြားသည့် စစ်ထောက်လှမ်းရေးအရာရှိဟောင်းများကို ပြည်ပဆက်ဆံရေးအထူးသဖြင့် တရုတ်နှင့်ဆက်ဆံရေး စီမံရန် အထီးကျန်စစ်ကောင်စီက ကစားပွဲအတွင်း ပြန်သွင်းလာခြင်းကြောင့် သုတေသီများက မည်သည်တို့ ရှေ့ဆက်ဖြစ်မည်ကို မေးခွန်းထုတ်ကြသည်။ ဆက်ပြီး မျက်စိဖွင့် နားစွင့်ထားကြဖို့ လိုမည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Brings Old Spooks Out of Retirement to Reach Out to China ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ စစ်ထောက်လှမ်းရေးဟောင်းတွေ တရုတ်ရောက်နေ (ရုပ်/သံ)
မြန်မာအာဏာရှင်တို့ မှီခိုရာ ရက်စက်ကြမ်းကြုတ်သော စစ်ထောက်လှမ်းရေးအဖွဲ့
စစ်ကောင်စီ ငရဲခန်းများ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး
စစ်ထောက်လှမ်းရေးခေတ် ပြန်ရောက်လာပြီ
မင်းအောင်လှိုင်ရာထူး ဘယ်သူဆက်ခံမလဲ