နိုင်ငံတကာလေ့လာသူတွေ စောင့်ကြည့်မယ့် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပဖို့ မကြာသေးခင်က တရုတ်နိုင်ငံခရီးစဉ်အတွင်း ကတိပေးခဲ့တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
လွတ်လပ်ပြီး တရာမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပြီး နိုင်ငံတကာလေ့လာသူတွေကို ဖိတ်ခေါ်မယ်လို့ တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေကို ပြောခဲ့တယ်လို့ တရုတ်ကပြန်လာပြီး ပထမဆုံးလုပ်တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က စစ်ကောင်စီအစည်းအဝေးမှာ မင်းအောင်လှိုင်က ပြောပါတယ်။
စစ်ခေါင်းဆောင်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်အဖြစ် ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ နိုဝင်ဘာလ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကျင်းပတဲ့ ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခဲ့ပါတယ်။ အဲဒီထိပ်သီးဆွေးနွေးပွဲကို ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်က ဝန်ကြီးချုပ်တွေ တက်ရောက်ခဲ့ပါတယ်။
အဲဒီ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်တဲ့ ဝန်ကြီးချုပ်တွေထဲမှာ သူတယောက်တည်းပဲ တရုတ်ဝန်ကြီးချုပ် မစ္စတာ လီချန်းနဲ့ သီးခြားဆွေးနွေးပွဲ ကျင်းပခဲ့တယ်လို့ သူ့ကိုယ်သူ ဝန်ကြီးချုပ်ခန့်ထားတဲ့ မင်းအောင်လှိုင်က စစ်ကောင်စီအစည်းအဝေးမှာ ကြွားလုံးထုတ်ပါတယ်။
အဲဒီ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်တဲ့ ဝန်ကြီးချုပ်တွေထဲမှာ သူတယောက်တည်းပဲ တရုတ်ဝန်ကြီးချုပ် မစ္စတာ လီချန်းနဲ့ သီးခြားဆွေးနွေးပွဲ ကျင်းပခဲ့တယ်လို့ သူ့ကိုယ်သူ ဝန်ကြီးချုပ်ခန့်ထားတဲ့ မင်းအောင်လှိုင်က စစ်ကောင်စီအစည်းအဝေးမှာ ကြွားလုံးထုတ်ပါတယ်။
ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်းစီစဉ်ဖို့ အကူအညီပေးမယ်လို့ မစ္စတာ လီချန်းက ကတိပြုကြောင်း မင်းအောင်လှိုင်က ပြောပါတယ်။
“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ” ကျင်းပဖို့ သူ့စစ်ကောင်စီရဲ့ ပြင်ဆင်မှုတွေနဲ့ ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုအတွက် နိုင်ငံတကာလေ့လာသူတွေကို ဖိတ်ခေါ်တာကို တက်ရောက်လာတဲ့ အာဆီယံ လေးနိုင်ငံက ဝန်ကြီးချုပ်တွေကို အသိပေးခဲ့ကြောင်း၊ ကျန်တဲ့ ဝန်ကြီးချုပ်တွေကလည်း အဲဒီရွေးကောက်ပွဲအစီအစဉ်ကို ထောက်ခံကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပါတယ်။
သန်းခေါင်စာရင်းကောက်ယူမှု ၆၃ ရာခိုင်နှုန်း ပြီးစီးပြီး ဒီနှစ်ကုန်မှာ အပြည့်အဝ ကောက်ယူပြီးမယ်လို့ ခန့်မှန်းကြောင်းလည်း စစ်ခေါင်းဆောင်က ပြောပါတယ်။ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ဖို့ နိုင်ငံရေးပါတီတွေကို ခွင့်ပြုထားကြောင်း၊ တိုင်းရင်းသားလူမျိုးစုတွေနဲ့ လူတန်းစားအလွှာအသီးသီက ကိုယ်စားလှယ်တွေ ပါဝင်နိုင်အောင် အမျိုးသားနဲ့ဒေသဆိုင်ရာ လွှတ်တော်တွေမှာ အချိုးကျ ကိုယ်စားပြုစနစ် စတင် ကျင့်သုံးမှာဖြစ်ကြောင်းလည်း သူကပြောပါတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တောင်ပြိုကမ်းပြိုနိုင်တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်ဆိုပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးကတည်းက ရွေးကောက်ပွဲလုပ်မယ်လို့ အကြိမ်ကြိမ် ကတိပေးခဲ့ပါတယ်။ အခု လေးနှစ်နီးပါးကြာချိန်အထိ စစ်ကောင်စီဟာ ရွေးကောက်ပွဲနေ့စွဲကို မသတ်မှတ်သေးပါဘူး။ ဒါပေမယ့် လာမယ့်နှစ်မှာတော့ အဲဒီ ရွေးကောက်ပွဲ ကျင်းပမယ့်သဘောမျိုး ပြောနေပါတယ်။
နိုင်ငံတကာလေ့လာသူတွေကို ဖိတ်ခေါ်မယ်လို့ စစ်ကောင်စီပြောပေမယ့် အမေရိကန် ပြည်ထောင်စု အပါအဝင် ဒီမိုကရေစီနိုင်ငံတွေက စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ယုံကြည်နိုင်မှုကို သံသယဖြစ်ကြောင်း ဖော်ပြကြပါတယ်။
စစ်ကောင်စီ စီစဉ်ထားတဲ့ရွေးကောက်ပွဲဟာ တရုတ်၊ အိန္ဒိယ၊ ရုရှားတို့ ထောက်ခံမှုနဲ့ မြန်မာစစ်တပ်က အာဏာကို ချုပ်ကိုင်မှု ဆက်လက်ထိန်းသိမ်းဖို့ အားထုတ်မှုသာဖြစ်ပြီး ပိုမိုကျယ်ပြန့်တဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှု မရှိဘူးလို့ ဝေဖန်သူတွေက ပြောပါတယ်။
စစ်ကောင်စီ စီစဉ်ထားတဲ့ရွေးကောက်ပွဲဟာ တရုတ်၊ အိန္ဒိယ၊ ရုရှားတို့ ထောက်ခံမှုနဲ့ မြန်မာစစ်တပ်က အာဏာကို ချုပ်ကိုင်မှု ဆက်လက်ထိန်းသိမ်းဖို့ အားထုတ်မှုသာဖြစ်ပြီး ပိုမိုကျယ်ပြန့်တဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှု မရှိဘူးလို့ ဝေဖန်သူတွေက ပြောပါတယ်။
သန်းခေါင်စာရင်းကို နိုင်ငံတဝန်းမှာ ကောက်ယူရမှာဖြစ်ပေမယ့် စစ်ကောင်စီဟာ ရန်ကုန်တမြို့လုံးမှာ သန်းခေါင်စာရင်းကောက်ဖို့တောင်မှ ရုန်းကန်နေရပြီး နိုင်ငံအနှံ့က ပဋိပက္ခဇုန်တွေမှာဆိုရင်တော့ ပြောစရာ မလိုသလောက်ပါပဲ။
တချိန်တည်းမှာပဲ အဲဒီသန်းခေါင်စာရင်းရဲ့ တိကျမှုဟာလည်း သန်းခေါင်းစာရင်း ကောက်ယူသူတွေနဲ့ ဖြေဆိုသူတွေရဲ့ လုံခြုံရေးကြောင့် အလျှော့အတင်းရှိပါတယ်။ သန်းခေါင်စာရင်း ကောက်ယူသူတွေဟာ တအိမ်တက်ဆင်း မသွားကြသလို မေးခွန်းလွှာမှာပါတဲ့ မေးခွန်းအားလုံးကိုလည်း မမေးကြပါဘူး။ ဖြေဆိုသူ အများစုကလည်း စစ်ကောင်စီကို အယုံအကြည် မရှိလို့ မှန်မှန်ကန်ကန် မဖြေကြပါဘူး။ ပြည့်စုံမှန်ကန်မှု မရှိတဲ့ သန်းခေါင်စာရင်း အချက်အလက်တွေကို အခြေခံပြီး စစ်ကောင်စီက ပြုစုမယ့် မဲစာရင်းတွေဟာလည်း မတိကျဘူးလို့ ဆန့်ကျင်သူတွေက ပြောပါတယ်။
မင်းအောင်လှိုင်ရဲ့အဆိုအရ အဲဒီရွေးကောက်ပွဲကို လုံခြုံရေးအရ အဆင့်လိုက် ပြုလုပ်မယ်လို့ သိရပါတယ်။ ဒါပေမယ့် နိုင်ငံအစိတ်အပိုင်း အများအပြားမှာ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ ကျယ်ပြန့်တဲ့ ပိုင်နက်တွေကို စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေ သိမ်းပိုက်ထားတယ်ဆိုတဲ့ အချက်ကြောင့် ရွေးကောက်ပွဲကို နေရာအချို့မှာပဲ လုပ်နိုင်မယ့် အဓိပ္ပာယ် သက်ရောက်ပါတယ်။
စစ်ကောင်စီဟာ NLD နဲ့ ကျားဖြူပါတီ (ခေါ်) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကို ဖျက်သိမ်းထားပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဥပဒေဟာလည်း စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို မျက်နှာသာပေးထားပါတယ်။
စစ်ကောင်စီဟာ NLD နဲ့ ကျားဖြူပါတီ (ခေါ်) ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကို ဖျက်သိမ်းထားပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဥပဒေဟာလည်း စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို မျက်နှာသာပေးထားပါတယ်။
သိက္ခာရှိတဲ့ ရွေးကောက်ပွဲနဲ့ သိက္ခာရှိတဲ့ လွှတ်တော်ကို ဖွဲ့စည်းမယ်လို့ အဲဒီအစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပေမယ့် ထုံးစံအတိုင်း ၂၀၂၀ ရွေးကောက်ပွဲအပြီး သူဖြုတ်ချခဲ့တဲ့ NLD အစိုးရကို မတိုက်ခိုက်ဘဲ မနေနိုင်ပါဘူး။
NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုအတွက် တာဝန်ရှိတယ်လို့ စွပ်စွဲပြီး အဲဒီကိစ္စဟာ လူတဦးချင်းရဲ့ လုပ်ရပ်တွေ မဟုတ်ဘဲ ပူးပေါင်းကြံစည်မှု ဖြစ်တယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ “မဲမသမာမှု” အသေးစိတ်တွေကို မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ရုရှားနဲ့ ဂျပန် ဘာသာစကား ငါးမျိုးနဲ့ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက်နဲ့ မိုဘိုင်းအပလီကေးရှင်းမှာ တင်ပြထားတယ်လို့ နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် စစ်ကောင်စီထိန်းချုပ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Myanmar Junta Boss Says He Promised Chinese, ASEAN Leaders to Hold “Fair Election” ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ရှုံးနေသော မင်းအောင်လှိုင် ရွေးကောက်ပွဲလုပ်ဖို့ စိုင်းပြင်းလာ
မင်းအောင်လှိုင်ကို လူရာသွင်းလိုက်တဲ့ တရုတ် ဆေးမြီးတို စွမ်းမလား
တရုတ် ကျားကန်မှုဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပမည်
မရိုးသားသည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ လှည့်စားမှု
အာဏာကို ရသလောက် ကုပ်တွယ်ဖို့ မင်းအောင်လှိုင် ဘာမဆိုလုပ်မယ်