ဥရောပသည် တတိယကမ္ဘာစစ်အတွက် ပြင်ဆင်နေပြီး ဂျာမနီသည် ကြီးမားသော အစီအမံအချို့ကို လုပ်ဆောင်နေသည်။
အမေရိကန်တပ်ဖွဲ့များအပါအဝင် နေတိုးတပ်ဖွဲ့ဝင် ၈ သိန်းအထိ ယူကရိန်းသို့ ဖြန့်ကျက်ရာတွင် လွယ်ကူချောမွေ့စေရေး ဘာလင်သည် ဗျူဟာများ စတင်ပြင်ဆင်နေပြီဟု ပေါက်ကြားလာသော လျှို့ဝှက်စာရွက်စာတမ်းများကို ကိုးကားပြီး သတင်းများက ရေးသားဖော်ပြနေကြသည်။
ရုရှား၏ နျူကလီးယားခြိမ်းခြောက်မှုမှာ မကြုံစဖူးအဆင့်သို့ တိုးမြင့်လာသောအချိန်တွင် ယင်းသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
စာမျက်နှာတထောင်ပါ ဒွိုက်ချ်လန်းစစ်ဆင်ရေး “Operation Deutschland” သည် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်သော ဗျူဟာတခုဖြစ်ပြီး တတိယကမ္ဘာစစ်ဖြစ်ပွားနိုင်ချေအတွက် ဂျာမနီကို ပြင်ဆင်ရန် ဒီဇိုင်းထုတ်ထားသည်။
စာမျက်နှာတထောင်ပါ ဒွိုက်ချ်လန်းစစ်ဆင်ရေး “Operation Deutschland” သည် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်သော ဗျူဟာတခုဖြစ်ပြီး တတိယကမ္ဘာစစ်ဖြစ်ပွားနိုင်ချေအတွက် ဂျာမနီကို ပြင်ဆင်ရန် ဒီဇိုင်းထုတ်ထားသည်။ ဂျာမန်သတင်းစာ Frankfurter Allgemeine Zeitung ၏ အဆိုအရ အမျိုးအစားခွဲထားသော စာရွက်စာတမ်းများသည် စစ်ရေးအသုံးပြုမှုအတွက် အကာအကွယ်ပေးရမည့် သီးခြားအဆောက်အအုံများနှင့် အခြေခံအဆောက်အအုံများအပြင် စီးပွားရေးလုပ်ငန်းများနှင့် အရပ်သားများအတွက် ခြိမ်းခြောက်မှုများအတွက် ကြိုတင်ပြင်ဆင်ရမည့် လမ်းညွှန်ချက်များကို ဖော်ပြထားပါသည်။
ပိုမိုကြီးမားသော ပဋိပက္ခအတွက် ဂျာမနီ ပြင်ဆင်နေ
ယူကရိန်း၏ ကြိုးပမ်းမှုများကို ပံ့ပိုးကူညီရန် NATO နေတိုးအနေဖြင့် လိုအပ်ပါက ဂျာမနီပိုင်နက်အတွင်း စစ်ကားအစီးရေ ၂ သိန်းကို မည်ကဲ့သို့ ရွှေ့ပြောင်းရန် ဘာလင်က စီစဉ်နေကြောင်းလည်း စာတမ်းက ဖော်ပြသည်။
ဂျာမနီသည် ၎င်း၏ နိုင်ငံသားများအား ဒီဇယ်ဂျင်နရေတာများ သို့မဟုတ် လေ တာဘိုင်များ တပ်ဆင်ခြင်းကဲ့သို့သော အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်ထားရန်လည်း အကြံပြု ဖော်ပြထားသည်။
ဂျာမနီတွင်သာ စစ်ပြင်နေသည် မဟုတ်ပါ။ ဆွီဒင်နှင့် နော်ဝေးတို့သည်လည်း ယူကရိန်း ပဋိပက္ခများ ၎င်းတို့၏ နယ်မြေထဲသို့ တိုးမြင့် ရိုက်ခတ်လာပါက ၎င်းတို့ ပြည်သူများ မည်သို့ ပြင်ဆင်ရမည်ကို အကြံပေးသည့် လက်ကမ်းစာစောင်များနှင့် လမ်းညွှန်ချက်များကို မကြာသေးမီက ဖြန့်ဝေခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်၏ နျူကလီးယားပေါ်လစီတွင် ကြီးမားသော အပြောင်းအလဲတခုပြီးနောက် စိုးရိမ်မှုများ ကြီးထွားလာခြင်းဖြစ်သည်။ နျူကလီးယားမဟုတ်သော သမားရိုးကျလက်နက်ကြီးများ ပါဝင်သော တိုက်ခိုက်မှုများကို တုံ့ပြန်ရန် မော်စကိုသည် နျူကလီးယားလက်နက်များ အသုံးပြုရန် ယခုအခါ စဉ်းစားနေပြီဟု ကရင်မလင်နန်းတော်က နိုဝင်ဘာ ၁၉ ရက် အင်္ဂါနေ့တွင် ကြေညာခဲ့သည်။
“တတိယကမ္ဘာစစ် ဖြစ်လာမည်”
ရုရှားက Oreshnik သို့မဟုတ် Hazel Tree ဟု လူသိများသော တာလတ်ပစ် ပဲ့ထိန်းဒုံးပျံဖြင့် ကို ယူကရိန်းကို နိုဝင်ဘာ ၂၁ ရက် ကြာသပတေးနေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းသည် အမေရိကန်နှင့် ဗြိတိန်တို့၏ ပဲ့ထိန်းဒုံးများဖြင့် ယူကရိန်းက ရုရှားအား တိုက်ခိုက်ခဲ့ခြင်းအား တိုက်ရိုက်တုံ့ပြန်ခြင်း ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်က ပြောသည်။
ပူတင်သည် ၎င်း၏ ထုတ်ပြန်ချက်တွင် နျူလက်နက်များအကြောင်း ရှောင်ရှားခဲ့သော်လည်း၊ ယူကရိန်းရှိ Dnipro ကို ပစ်လွှတ်သော ရုရှား၏ အသံထက်မြန်သော ဒုံးကျညသစ်သည် နျူကလီးယား ထိပ်ဖူးများ တပ်ဆင်နိုင်ပြီး ဥရောပ သို့မဟုတ် အမေရိကန်၏ အနောက်ဘက်ကမ်းရိုးတန်းသို့ပင် ရောက်ရှိနိုင်သည်။
ပူတင်သည် ၎င်း၏ ထုတ်ပြန်ချက်တွင် နျူလက်နက်များအကြောင်း ရှောင်ရှားခဲ့သော်လည်း၊ ယူကရိန်းရှိ Dnipro ကို ပစ်လွှတ်သော ရုရှား၏ အသံထက်မြန်သော ဒုံးပျံသစ်သည် နျူကလီးယား ထိပ်ဖူးများ တပ်ဆင်နိုင်ပြီး ဥရောပ သို့မဟုတ် အမေရိကန်၏ အနောက်ဘက်ကမ်းရိုးတန်းသို့ပင် ရောက်ရှိနိုင်သည်။
နျူကလီးယားလက်နက် သုံးစွဲမှု မပြုသေးသော်လည်း အကယ်၍ အသုံးပြုလာခဲ့သည်ရှိသော် ယင်းသည် ၂၀၂၂ ခုနှစ် မတ်လတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားထားဖူးသည့် ရုရှားနှင့် နေတိုးမဟာမိတ်တို့ကြား တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်မှုဆီသို့ ဦးတည်သွားနိုင်သည့် တတိယကမ္ဘာစစ် ဖြစ်လာမည် ဖြစ်သည်။
ထွက်ရတော့မည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ယခင်က ယူကရိန်းကို ခွင့်မပြုခဲ့သည့် တာလတ်ပစ်ဒုံးဖြင့် ရုရှားနိုင်ငံထဲရှိ စစ်ရေးပစ်မှတ်များအား ပစ်ခတ်ခွင့်ကို မကြာသေးမီက ခွင့်ပြုခဲ့သည်။ ရွေးကောက်ခံ သမ္မတသစ် ဒေါ်နယ်ထရမ့်၏ အသိုင်းအဝိုင်းက ဘိုင်ဒင်ကို တတိယကမ္ဘာစစ် ဖြစ်အောင် တွန်းပို့လိုက်သည်ဟု စွပ်စွဲပြီး ဘိုင်ဒင်အစိုးရအသိုင်းအဝိုင်းဘက်ကမူ ရုရှက မြောက်ကိုးရီးယားတပ်ဖွဲ့အား ယူကရိန်းသို့ ခေါ်လာခြင်းကြောင့်ဟု အကြောင်းပြသည်။
ရုရှားကြောက်ရွံ့မှုနှင့် ခုခံမှု
ဂျာမနီ၏ တတိယကမ္ဘာစစ်အတွက် အရေးပေါ်အစီအစဉ်သည်လည်း မြောက်ကိုရီးယားအား စစ်ရေးအရ ပံ့ပိုးပေးရန် ရုရှား၏ မေတ္တာရပ်ခံမှုကြောင့် အစပျိုးခဲ့ကြောင်း သတင်းများက ဆိုသည်။ မော်စကိုသည် စစ်ပွဲအတွင်း အကူအညီပေးရန် အနည်းဆုံး တပ်ဖွဲ့ဝင် ၁ သိန်းကို တောင်းခံထားပြီး ကွန်မြူနစ် မြောက်ကိုးရီးယားမှ နောက်ထပ် ၁ သိန်း ပို့ပေးရန် ထပ်မံ တောင်းဆိုမည့် အလားအလာရှိကြောင်း အတွင်းသိများကို ကိုးကားရေးသည်။
ထရမ့်သည် ယူကရိန်းစစ်ပွဲအတွက် တရားဝင်ချဉ်းကပ်ပုံကို ဖော်ပြခြင်း မရှိသေးသော်လည်း နေတိုးနိုင်ငံအချို့နှင့် ရုရှားဆန့်ကျင်ရေးသမားများကမူ သူသည် မော်စကိုအပေါ် သက်ညှာမှုပြနိုင်သည်ကိုလည်း စိုးရိမ်နေကြသည်။
ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး ထရမ့်က ငြိမ်းချမ်းရေး လေသံပစ်ထားပြီး ပူတင်ကလည်း မျက်စပစ်နေသည်။ သို့သော် ယူကရိန်းသိမ်းပိုက်နယ်မြေများ ရုရှက ပြန်ပေးမည် မဟုတ်ဘဲ ယူကရိန်းက နေတိုးထဲ ဝင်ရန် အိပ်မက်ကို ထာဝရစွန့်လွှတ်ရမည်ဟု တောင်းဆိုတင်းခံထားချိန်တွင် ဘိုင်ဒင်က အမေရိကန်ဒုံးများ ယူကရိန်းကို ပစ်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။
ထို့အပြင် မြေမြှုပ်မိုင်းများအပါအဝင် အမေရိကန်ဒေါ်လာ ၆ ဘီလီယံဖိုး စစ်လက်နက်ပစ္စည်းများ ယူကရိန်းအား ထွက်ခါနီး ဘိုင်ဒင်အစိုးရက ပေးခဲ့ခြင်းသည် အကယ်၍ နောက်တက်လာမည့် ထရမ့်အစိုးရက ဖြတ်တောက်ခဲ့ပါက ခံသာစေရေး ဖြစ်မည်ဟု ဝေဖန်ပြောဆိုချက်များလည်း ရှိနေသည်။
ဥရောပ၏ စစ်ပြင်ဆင်လာမှုသည် ဒေါ်နယ်ထရန့်၏ မဲဆွယ်စည်းရုံးမှုများအတွင်း သတိပေးချက်နောက်တွင် လိုက်ပါလာခြင်း ဖြစ်သည်။ သူက အမေရိကန်သည် တတိယကမ္ဘာစစ်ကြီးနှင့် နီးလာပြီဖြစ်ကြောင်း သတိပေးခဲ့သည်။
သို့သော် ဥရောပ၏ စစ်ပြင်ဆင်လာမှုသည် ဒေါ်နယ်ထရန့်၏ မဲဆွယ်စည်းရုံးမှုများအတွင်း သတိပေးချက်နောက်တွင် လိုက်ပါလာခြင်း ဖြစ်သည်။ သူက အမေရိကန်သည် တတိယကမ္ဘာစစ်ကြီးနှင့် နီးလာပြီဖြစ်ကြောင်း သတိပေးခဲ့သည်။ အမေရိကန်၏ မဟာမိတ်များအပေါ် သက်ရောက်မှုရှိသော ပဋိပက္ခများတွင် အဓိက ရန်ဘက်သုံးနိုင်ငံ ဖြစ်သော ရုရှား၊ မြောက်ကိုးရီးယားနှင့် အီရန်တို့က ပါဝင်ပတ်သက်မှု တိုးလာကြောင်း ထရမ့်က ထောက်ပြခဲ့သည်။
တာလတ်ပစ်ဒုံးကျည်များ သုံးပြီး ယူကရိန်းနှင့် ရုရှားတို့ အပြန်အလှန်ပစ်ခတ်လာမှုနှင့် နေတိုးက စစ်ပြင်လာနေခြင်းက ဇန်နဝါရီလတွင် ကျမ်းသစ္စာကျိန်ဆိုမည့် ဒေါ်နယ်ထရမ့်၏ ငြိမ်းချမ်းရေးသမားအဖြစ် ပုံရိပ်ဖော်ဆောင်လိုသော အနေအထားကို ပိုခက်ခဲနေစေသည်။
အနေအထားက ပူတင်ကိုလည်း ခက်ခဲသွားစေသည်။ ပဋိပက္ခကို ပိုကြီးအောင် တွန်းတင်ပါက တတိယကမ္ဘာစစ်ဖြစ်နိုင်ဖွယ်ရှိပြီး အကျပ်အတည်း ဆိုက်တော့မည်ဖြစ်သည်။ လက်တုန့်မပြန်ဘဲ အရှိန်လျှော့လိုက်ပါက သူ့ကို အနောက်ကမ္ဘာက အားနည်းသူအဖြစ် မြင်ကြတော့မည်။
ကိုးကား။ ။ International Business Times နှင့် Reuters သတင်းများ
You may also like these stories:
ယူကရိန်းနှင့် မြန်မာ တူသည်များ၊ မတူသည်များနှင့် လုပ်နိုင်သည့် အလုပ်များ
ယူကရိန်းကို အာရုံစိုက်လာသောကြောင့် မြန်မာအပေါ် အာရုံစိုက်မှုနည်းလာ
ယူကရိန်းမှ လက်နက်အဝယ်တော် (သို့မဟုတ်) ဦးအောင်လှိုင်ဦး
မြန်မာမှ ယူကရိန်းအထိ ဒရုန်းစစ်ရေး အပြောင်းအလဲဖြစ်နေ
ရုရှားက အသာစီးဖြင့် တိုက်နေတဲ့ ၂ နှစ်ကြာ ယူကရိန်းစစ်ပွဲ