ရိုဟင်ဂျာမွတ်ဆလင်လူနည်းစုကို ဖိနှိပ်မှု စွပ်စွဲချက်နှင့်ပတ်သက်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများဖြင့် မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ရန် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) ရှေ့နေချုပ်ကြိုးစားသည်။
အမှုနှင့်ပတ်သက်သော အချက်များ၊ ရိုဟင်ဂျာများ အစုလိုက်အပြုံလိုက် ထွက်ပြေးခြင်းနှင့် မြန်မာ၏ ဖြေရှင်းရန် ခက်ခဲသော ပဋိပက္ခများတွင် အသက် ၆၈ နှစ်ရှိပြီဖြစ်သော မင်းအောင်လှိုင်၏ အခန်းကဏ္ဍမှာ အောက်ပါအတိုင်း ဖြစ်သည်။
အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုများနှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ
အရပ်သား အစိုးရအောက်တွင် မင်းအောင်လှိုင် စစ်တပ်အကြီးအကဲ ဖြစ်ခဲ့စဉ် ၂၀၁၇ ခုနှစ် သြဂုတ်လတွင် စစ်ဆင်ရေးများမှ လွတ်မြောက်ရန် ရိုဟင်ဂျာ ၇ သိန်း ၃ သောင်းကျော် မြန်မာမှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် ကျေးရွာများကို ဖျက်ဆီးမှုများကို ကိုးကားပြီး ထိုစစ်ဆင်ရေးသည် လူမျိုးစုသုတ်သင်သတ်ဖြတ်မှု ဖတ်စာအုပ် ဥပမာဖြစ်သည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများ နောင်တွင်ဖေါ်ပြသည်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် ကျေးရွာများကို ဖျက်ဆီးမှုများကို ကိုးကားပြီး ထိုစစ်ဆင်ရေးသည် လူမျိုးစုသုတ်သင်သတ်ဖြတ်မှု ဖတ်စာအုပ် ဥပမာဖြစ်သည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများ နောင်တွင်ဖေါ်ပြသည်။
စစ်သားများ၊ ရဲများနှင့် ဗုဒ္ဓဘာသာဝင် ကျေးရွာသားများသည် ဝေးကွာသော အနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ရွာ ရာပေါင်းများစွာကို ဖျက်စီးခဲ့သည်ဟု ဖေါ်ပြသည်။
ရခိုင်ပြည်နယ်မှ ရဲစခန်းနှင့် စစ်စခန်း ၃၀ ကို ရိုဟင်ဂျာသူပုန်များက စီးနင်းတိုက်ခိုက်ပြီး စစ်တပ်၏ အဆိုအရ ရဲနှင့် စစ်သား အနည်းဆုံး ၁၂ ဦး သေဆုံးသောကြောင့် ထိုစစ်ဆင်ရေးကို ပြုလုပ်သည်ဟု ဆိုသည်။
ထိုစဉ်က စွပ်စွဲချက်များကို မြန်မာအစိုးရက ငြင်းဆန်ပြီး စစ်တပ်နှင့် ရဲသည် စစ်သွေးကြွများကို တရားဝင် စစ်ဆင်ရေးလုပ်သည်ဟု ပြောသည်။
၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်က သူပုန်များနှင့် ပဋိပက္ခအတွင်း အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုနှင့် အမြောက်ပစ်ခတ်မှုများ လုပ်ပြီး စစ်တပ်သည် ရခိုင်ပြည်နယ်တွင် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်ဟု စွပ်စွဲသည်။
ရိုဟင်ဂျာများသည် ကမ္ဘာပေါ်တွင် အများဆုံး နိုင်ငံမဲ့ ဒုက္ခသည်များဖြစ်ပြီး တသန်းကျော်သည် မြန်မာရှိ အကြမ်းဖက်မှုများမှ ထွက်ပြေးပြီး ဘင်္ဂလားဒေ့ရှ်ရှိ ပြန့်ကျဲနေသော စခန်းများတွင်နေထိုင်ကြသည်။
စစ်အာဏာသိမ်းမှု
မင်းအောင်လှိုင်ဦးဆောင်ပြီး စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းကာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီနည်းကျရွေးကောက်ခံ အစိုးရကို ဖြုတ်ချသည်။ လူထုဆန္ဒပြပွဲများဖြစ်လာပြီး စစ်တပ်က သတ်ဖြတ်နှိမ်နင်းသည်။
ထိုဖြိုခွဲမှုကြောင့် စစ်မျက်နှာအများအပြားတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို စိန်ခေါ်သည့် တော်လှန်ရေးလှုပ်ရှားမှုဖြစ်စေသည်။ စစ်တပ်သည် အရပ်သားများကို ကျယ်ပြန့်သော ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခံရသည်။ ထိုကိစ္စသည် အနောက်တိုင်း လိမ်လည်မှုဖြစ်ပြီး ၎င်းတို့သည် အကြမ်းဖက်သမားများကို ပစ်မှတ်ထားသည်ဟု စစ်တပ်ကငြင်းသည်။
စစ်တပ်သည် ရခိုင်ပြည်နယ်မှ လူမျိုးစု အာရက္ခတပ်တော်ကို တိုက်ခိုက်နေသောကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွင်လည်း ရိုဟင်ဂျာလူနည်းစု ပိတ်မိနေသည်။
စစ်တပ်သည် ရခိုင်ပြည်နယ်မှ လူမျိုးစု အာရက္ခတပ်တော်ကို တိုက်ခိုက်နေသောကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွင်လည်း ရိုဟင်ဂျာလူနည်းစု ပိတ်မိနေသည်။
သြဂုတ်လတွင် အမျိုးသမီးနှင့် ကလေးအများအပြား အပါအဝင် လူ ၁၈၀ ခန့်သည် မောင်တောနှင့်ကပ်လျှက် နတ်မြစ်ကမ်းအနီးတွင် အမြောက်ပစ်ခတ်မှုနှင့်ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးသည်။ ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အာရက္ခတပ်တော်နှင့် မြန်မာစစ်တပ်က အပြန်အလှန်အပြစ်တင်ကြသည်။
အာရက္ခတပ်တော်ကို တိုက်ခိုက်ရန် ရိုဟင်ဂျာအချို့ကို စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းပြီး ရိုဟင်ဂျာစစ်သွေးကြွများသည် တိုက်ပွဲအတွင်းဝင်လာကာ ဘင်္ဂလားဒေ့ရှ်မှစခန်းများတွင် လူသစ်စုဆောင်းနေသည်။
ICC စုံစမ်းစစ်ဆေးရေး
ကမ္ဘာ့တခုတည်း အမြဲတမ်း စစ်ရာဇဝတ် တရားရုံးဖြစ်သော နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အထူးသဖြင့် ရိုဟင်ဂျာများကို မြန်မာမှ မောင်းထုတ်သည့် ကိစ္စကို အပြည့်အဝ စုံစမ်းစစ်ဆေးရန် ၎င်း၏ ရှေ့နေချုပ်ကို ၂၀၁၉ ခုနှစ်တွင် အခွင့်အာဏာပေးအပ်သည်။
မြန်မာသည် ထိုတရားရုံးကို ထူထောင်သည့် ရောမသဘောတူညီချက်ကို လက်မှတ်ရေးထိုးသည့် နိုင်ငံမဟုတ်သော်လည်း ထိုတရားရုံး၏ စီရင်ပိုင်ခွင်ကို အသိအမှတ်ပြုသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရိုဟင်ဂျာများ ထွက်ပြေးသောကြောင့် မြန်မာမှ ရိုဟင်ဂျာများကို ကျူးလွန်သည့် ရာဇဝတ်မှုများအား ရှေ့နေများ စုံစမ်းစစ်ဆေးခွင့်ပြုကာ ICC က အဓိကကျသည့် စီရင်ထုံးချမှတ်သည်။
၎င်း၏ စုံစမ်းစစ်ဆေးမှုသည် ကျယ်ပြန့် လွတ်လပ် အမှီခိုကင်းပြီး ဘက်မလိုက်ကြောင်းနှင့် မြန်မာနှင့်ပတ်သက်သည့် နောက်ထပ် ဖမ်းဝရမ်းများကို လျှောက်ထားမည်ဖြစ်ကြောင်း အထက်ပါရှေ့နေချုပ်ရုံးက ဗုဒ္ဓဟူးနေ့တွင်ပြောသည်။
ထိုစုံစမ်းစစ်ဆေးမှုသည် မြန်မာသို့ သွားရောက်ခွင့်မရသောကြောင့်သာမက ပြည်တွင်းစစ်ဖြစ်နေခြင်းနှင့် စစ်တပ်သည် မြန်မာကို အုပ်ချုပ်နေခြင်းကြောင့်ပါ အဟန့်အတားဖြစ်နေသည်။ ၎င်း၏ စုံစမ်းစစ်ဆေးမှုသည် ကျယ်ပြန့် လွတ်လပ် အမှီခိုကင်းပြီး ဘက်မလိုက်ကြောင်းနှင့် မြန်မာနှင့်ပတ်သက်သည့် နောက်ထပ် ဖမ်းဝရမ်းများကို လျှောက်ထားမည်ဖြစ်ကြောင်း အထက်ပါရှေ့နေချုပ်ရုံးက ဗုဒ္ဓဟူးနေ့တွင်ပြောသည်။
ယခင်အစိုးရအောက်မှ မြန်မာက ICC တွင် စီရင်ပိုင်ခွင့်မရှိကြောင်းပြောပြီး ထိတွေ့ဆက်ဆံရန် ငြင်းဆန်သည်။
မင်းအောင်လှိုင်ကို ဖမ်းဝရမ်းတောင်းခံသည်အား တုံ့ပြန်သည့် နိုဝင်ဘာလ ၂၇ ရက်နေ့ကြေညာချက်တွင် စစ်ကောင်စီက မြန်မာသည် ICC အဖွဲ့ဝင်မဟုတ်ဘဲ ထိုရုံး၏ကြေညာချက်များကို အသိအမှတ်မပြုကြောင်း ပြောသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများကို မောင်းထုတ်မှုနှင့် ဖိနှိပ်မှုအတွက် မင်းအောင်လှိုင်တွင် ရာဇဝတ်ကြောင်းအရ တာဝန်ရှိသည်ဟု ယူဆရသည့် ခိုင်လုံသော အကြောင်းများ ရှိ မရှိ တရားသူကြီး ၃ ဦးပါဝင်သောအဖွဲ့က ဆုံးဖြတ်မည်ဖြစ်သည်။ ၎င်းတို့ဆုံးဖြတ်မည် အချိန်မူဘောင်မရှိသော်လည်း ယေဘုယျအားဖြင့် ဖမ်းဝရမ်းထုတ်ရန်ဆုံးဖြတ်ရေးအတွက် အချိန် ၃ လခန့်လိုသည်။
မင်းအောင်လှိုင် အဖမ်းခံရနိုင်လား
အကယ်၍ ဖမ်းဝရမ်းခွင့်ပြုပါက ICC အဖွဲ့ဝင် ၁၂၄ နိုင်ငံသည် ၎င်းတို့နိုင်ငံသို့ လာရောက်မည်ဆိုပါက စစ်ကောင်စီ အကြီးအကဲကို ဖမ်းဆီးရန် တာဝန်ရှိသည်။ မင်းအောင်လှိုင်သည် အာဏာသိမ်းပြီး မကြာမီ ဒေသတွင်း ထိပ်သီးအစည်းအဝေးတခုအတွက် အင်ဒိုနီးရှားသို့ သွားရောက်ခဲ့သော်လည်း နိုင်ငံခြားသို့ ခရီးထွက်ခဲသည်။ ထိုအချိန်မှစ၍ ၎င်း၏တခုတည်းသော နိုင်ငံခြားခရီးစဉ်များသည် ICC အဖွဲ့ဝင်မဟုတ်သည့် မဟာမိတ်များနှင့် လက်နက်ရောင်းချသူများဖြစ်သော တရုတ်နှင့် ရုရှားတို့ထံသာ သွားသည်။
ရုရှားနိုင်ငံခေါင်းဆောင် ဗလာဒီမာ ပူတင်ကိုလည်း ICC က ဝရမ်းထုတ်ထားရာ မင်းအောင်လှိုင်အနေဖြင့် “ဂုဏ်ပြုသော ဘွဲ့တံဆိပ်”အဖြစ် ရှုမြင်နိုင်သည်ဟု International Crisis Group မှ ရစ်ချက်ဟိုဆေး က ပြောသည်။ “အထူးသဖြင့် ပူတင်နဲ့ဆိုရင် ဒါဟာ သူတို့ကို သေဖော်သေဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ပေးလိုက်တာပဲ။”
ရုရှားနိုင်ငံခေါင်းဆောင် ဗလာဒီမာ ပူတင်ကိုလည်း ICC က ဝရမ်းထုတ်ထားရာ မင်းအောင်လှိုင်အနေဖြင့် “ဂုဏ်ပြုသော ဘွဲ့တံဆိပ်”အဖြစ် ရှုမြင်နိုင်သည်ဟု International Crisis Group မှ ရစ်ချက်ဟိုဆေး က ပြောသည်။ “အထူးသဖြင့် ပူတင်နဲ့ဆိုရင် ဒါဟာ သူတို့ကို သေဖော်သေဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ပေးလိုက်တာပဲ။”
တောင်းဆိုထားသော ဝရမ်းနှင့်ပတ်သက်၍ “ရည်ရွယ်ချက်ရှိပြီး ဘက်မလိုက်သောရပ်တည်ချက်” ကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် “၎င်း၏ လုပ်ပိုင်ခွင့်အာဏာကို သတိရှိရှိအသုံးပြုရန်” ကြာသပတေးနေ့တွင် ပေကျင်းက ICC အား တောင်းဆိုခဲ့သည်။
တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Mao Ning က ပေကျင်းမြို့တော် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာ လုံခြုံရေးကောင်စီက ဖမ်းဝရမ်းထုတ်ခိုင်းခြင်း မဟုတ်ဘဲ Rome Statute စာချူပ်အဖွဲ့ဝင် မဟုတ်သော နိုင်ငံများ၌ ICC သည် လုပ်ပိုင်ခွင့် မရှိဟုလည်း ပြောဆိုသည်။ တရုတ်သည် Rome Statute စာချူပ်တွင် ပါဝင် လက်မှတ်ထိုးထားခြင်း မရှိပါ။
ကိုးကား။ ။ Reuters နှင့် AFP သတင်းများ
You may also like these stories:
တရုတ်ဖိအားအောက် စစ်ကောင်စီ ဘယ်လို အသွင်ပြောင်းမလဲ
ရှင်သန်ရေးအတွက် ရိုဟင်ဂျာ ဒုက္ခသည်များ မြန်မာစစ်တပ်ထဲ ဝင်တိုက်နေ
ရခိုင်စစ်မျက်နှာတွင် ပြင်းထန်နေသည့် တိုက်ပွဲကြီး ၄ ခု
တရုတ် အဆိုပြု လုံခြုံရေးအစီအစဉ် မြန်မာမှာ အလုပ်ဖြစ်မလား
စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း