မြန်မာ-ထိုင်းနယ်စပ် မြို့တမြို့ရှိ လက်ဖက်ရည်ဆိုင်အပေါ်ထပ် လျှို့ဝှက်တွေ့ဆုံသော နေရာတခုတွင် ကိုအေးသည် အန်းဒရိုက်ဒ် ဖုန်းတလုံး၏ အတွင်းပိုင်းကို စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့မှ ထွက်ပြေးလာသည့် အခြားသူ ၁၀ ဦးနှင့်အတူ လေ့လာနေသည်။
မြန်မာစစ်ဗိုလ်ကြီးဟောင်း တဦးသည် ထိုအဖွဲ့ကို မိုဘိုင်းဖုန်းပြင် သင်ပေးနေခြင်းဖြစ်သည်။ ထိုကျွမ်းကျင်မှုသည် ၎င်းတို့ မကြာသေးမီကမှ စွန့်ခွာလာခဲ့သည့် ပဋိပက္ခနောက်ပိုင်းတွင် အနာဂတ်တခုကို တည်ဆောက်ရာတွင် အထောက်အကူပြုနိုင်သည်။
နာမည်ပျက်နေသည့် စစ်တပ်အဖွဲ့အစည်းမှ ထွက်ပြေးခဲ့ပြီးနောက် ရဲများနှင့် စစ်သားဟောင်းများသည် ယခုအခါ မြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံတွင် နေထိုင်နေကြပြီး ငြိမ်းချမ်းသော အရပ်သားဘဝတွင် လိုက်လျောညီထွေ ဖြစ်စေမည့် ကျွမ်းကျင်မှုသစ်များကို လေ့လာကြသည်။
နာမည်ပျက်နေသည့် စစ်တပ်အဖွဲ့အစည်းမှ ထွက်ပြေးခဲ့ပြီးနောက် ရဲများနှင့် စစ်သားဟောင်းများသည် ယခုအခါ မြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံတွင် နေထိုင်နေကြပြီး ငြိမ်းချမ်းသော အရပ်သားဘဝတွင် လိုက်လျောညီထွေ ဖြစ်စေမည့် ကျွမ်းကျင်မှုသစ်များကို လေ့လာကြသည်။
“တနေ့ မြန်မာမှာ ငြိမ်းချမ်းရေးရရင် ပြန်ပြီး အဲဒီမှာ ဖုန်းပြင်မယ်” ဟု ကိုအေးက ပြောသည်။ သူသည် လိင်ပြောင်းအမျိုးသားတဦးဖြစ်ပြီး ထိုအလုပ်ရုံသင်တန်းသည် သူ့အတွက် ကြံကြံခံနိုင်သော ဘဝလမ်းခရီးတွင် အခန်းကဏ္ဍသစ်အဖြစ် သတ်မှတ်ထားသူ ဖြစ်သည်။
“ဒါပေမယ့် ပျက်နေတဲ့ဖုန်းတွေကို ကျနော်အိမ်မှာ အရင် လေ့ကျင့်ရလိမ့်မယ်” ဟု ကိုအေးက သူကိုယ်တိုင်လုပ်ထားသည့် ဆေးဆိုးပန်းရိုက် ရှပ်အင်္ကျီများအနက် တထည်ဝတ်ထားစဉ် အပြုံးဖြင့် ပြောသည်။ ထိုဆေးဆိုးပန်းရိုက် ပညာသည်လည်း ဝင်ငွေရရန် သင်ယူထားရသည့် လက်မှုပညာတခု ဖြစ်သည်။
လေဆိပ်ရဲတဦးအဖြစ် တာဝန်ထမ်းဆောင်ရသည့် ကာလအတွင်း သူ၏ လိင်ရွေးချယ်မှုကို လုပ်ဖော်ကိုင်ဘက်များက လှောင်ပြောင်ခံရဖူးသည့် အသက် ၃၁ နှစ်အရွယ် ကိုအေးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ရဲတပ်ဖွဲ့မှ ဘက်ပြောင်းလာခဲ့သည်။
သူသည် နိုင်ငံမှ ဒီမိုကရေစီလိုလားသော တော်လှန်ရေးလှုပ်ရှားမှုတွင် ဆေးဝန်ထမ်းအဖြစ် ပြန်လည် လေ့ကျင့်ပြီး ထိုအချိန်သည် မြန်မာမှ စစ်အုပ်ချုပ်မှုကို ဆန့်ကျင်ကြသည့် အရပ်သားများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် လုပ်သည်ကို ပထမဆုံးအကြိမ် ကိုယ်တိုင်တွေ့ရခြင်း ဖြစ်သည်။
နောက်ဆုံးတွင် ကိုအေးသည် လုံခြုံမှုနှင့် စိတ်ကျန်းမာရေး ပြန်လည် နာလန်ထရေးအတွက် ထိုင်းနိုင်ငံသို့ ထွက်လာသည်။
ယခုအခါ သူသည် စစ်တပ်မှ ဘက်ပြောင်းလာသူများကို ကူညီနေသည့်အဖွဲ့ဖြစ်သည့် ပြည်သူ့ပန်းတိုင်အဖွဲ့က စီစဉ်သည့် အသက်မွေးဝမ်းကြောင်း ပညာရေးအစီအစဉ် ပထမအသုတ်မှ သင်တန်းဆင်းသူများတွင် ပါဝင်လာသည်။
ထိုအစီအစဉ်သည် မိုဘိုင်းဖုန်း ပြင်ခြင်းအပြင် စက်ဘီး၊ လျှပ်စစ်စက်ဘီးနှင့် မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်းများကိုလည်း လေ့ကျင့်ပေးသည်။ ထိုကျွမ်းကျင်မှုများသည် စစ်တိုက်ရာတွင် နှစ်ပေါင်းများစွာ ပါဝင်ခဲ့သူများအတွက် လမ်းကြောင်းသစ် တည်ဆောက်ပေးမည့် ကျွမ်းကျင်မှုများ ဖြစ်သည်။
“ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက်က မျှော်လင့်ချက်ပေးဖို့ပဲ”
မြန်မာစစ်တပ်မှ ဘက်ပြောင်းလာသူ အများအပြားသည် မြန်မာမှထွက်ပြေးလာပြီး ထိုင်းနိုင်ငံသို့ ရောက်သောအခါ အလုပ်နှင့် နေထိုင်ရန်နေရာ ရရေးအတွက် ရုန်းကန်ရသည်။ ၎င်းတို့တွင် တရားဝင် နေထိုင်ခွင့်မရှိဘဲ ထိုင်းလူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များ၏ ဖမ်းဆီးခံရပြီး မြန်မာသို့ ပြည်နှင်ဒဏ်ပေးခံရမည့် စိုးရိမ်မှုများကို ပိုမိုဆိုးရွားစေသည်။ မြန်မာတွင် ၎င်းတို့သည် ညှဉ်းပန်းနှိပ်စက်မှုများ၊ ရှည်ကြာသည့် ထောင်ချမှုများနှင့် ကွပ်မျက်ခံရမည့် အန္တရာယ်ပင် ရှိနေသည်။
၎င်းတို့အကြားသို့ စစ်တပ်သူလျှိုများ ဝင်ရောက်လာမည်ကို စိုးရိမ်သောကြောင့် စစ်သားဘဝမှ သင်တန်းသား ဖြစ်လာသူများသည် ကျွမ်းကျင်မှုလေ့ကျင့်ရေး အစီအစဉ်တွင် ၎င်းတို့၏ သရုပ်မှန်ကို ကာကွယ်ရန် အမည်ဝှက်များ အသုံးပြုပြီး ပြည်တွင်းတွင် ကျန်ရစ်သည့် မိသားစုများအပေါ် ဖြစ်လာနိုင်သည့် လက်စားချေမှုများမှ ကာကွယ်ကြသည်။
“ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက်ပန်းတိုင်က ဘက်ပြောင်းချင်တဲ့သူတွေကို မျှော်လင့်ချက်ပေးဖို့ပဲ” ဟု လွန်ခဲ့သော သုံးနှစ်က ဘက်ပြောင်းလာသည့် အသက် ၄၀ အရွယ် လေတပ်ဗိုလ်မှူးဟောင်း နောင်ရိုးက ပြောပြသည်။
“ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက်ပန်းတိုင်က ဘက်ပြောင်းချင်တဲ့သူတွေကို မျှော်လင့်ချက်ပေးဖို့ပဲ” ဟု လွန်ခဲ့သော သုံးနှစ်က ဘက်ပြောင်းလာသည့် အသက် ၄၀ အရွယ် လေတပ်ဗိုလ်မှူးဟောင်း နောင်ရိုးက ပြောပြသည်။
ပြည်သူ့ပန်းတိုင်အဖွဲ့က ယခင် လက်နက်ကိုင်တပ်ဖွဲ့ဝင်ဟောင်းများအတွက် ဘေးကင်းလုံခြုံသော နေအိမ်များ၊ နှစ်သိမ့်ဆွေးနွေး ပညာပေးရေး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ပတ်သက်၍ နိုင်ငံရေးဆိုင်ရာ ပညာရေးကို မည်သို့ပေးကြောင်း လေတပ်ဗိုလ်မှူးဟောင်းက ရှင်းပြသည်။
လက်နက်ကိုင်တပ်ဖွဲ့များမှ လူများသည် ၎င်းတို့နှင့် စစ်တပ်၏ အကာအကွယ် ပြင်ပ ရောက်နေသည့် မိသားစုများ ကြုံတွေ့ရမည့်အရေးများကို စိုးရိမ်သောကြောင့် ထိုသင်တန်းများသည် ဘက်ပြောင်းရန် စဉ်းစားနေသည့် စစ်သားများအတွက် အလင်းပြသည့် လမ်းကြောင်းဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့၏ ဒါရိုက်တာ ငါးဦးအနက် တဦးဖြစ်သော ကိုနောင်ရိုးက ပြောသည်။
စစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ၂၀၂၁ ခုနှစ်တွင် ဖြုတ်ချပြီး အရပ်သားခေါင်းဆောင်များကို ဖမ်းကာ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာ ကန့်ကွက်သည့် ပြည်သူများကို သတ်ဖြတ်ပြီးနောက် ပေါ်ပေါက်လာသည့် ပြည်တွင်းစစ် မြန်မာတွင် အကြီးအကျယ် ဖြစ်ပွားနေသည်မှာ လေးနှစ်နီးပါး ကြာပြီဖြစ်သည်။
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ ရည်ရွယ်ချက်ရှိရှိ ညဉ်းပန်းနှိပ်စက်ခြင်း၊ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်းနှင့် ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခြင်းများ စစ်အုပ်ချုပ်ရေးအောက်တွင် ပြင်းထန်လာကြောင်း သိရသည်။
မြန်မာပဋိပက္ခ၏ ဘက် နှစ်ဖက်လုံးတွင် ထောင်ပေါင်းများစွာသော လူငယ်များကို ရက်စက်ကြမ်းကြုတ်သည့် နှစ်ပေါင်းများစွာက ပုံသွင်းပေးသည်။
အကြမ်းဖက်မှုကြောင့် စိတ်ဒဏ်ရာရပြီး အကြမ်းဖက်မှုများကို ဂရုမစိုက်တော့သည့် မျိုးဆက်တခုသည် ပညာရေး ပြတ်တောက်ပြီး လက်နက်များကို အလွယ်တကူ ရသောအခါ အရပ်သားဘဝသို့ ပြန်လည် ပေါင်းစည်းရေးအတွက် ကြီးမားသော စိန်ခေါ်မှုများ ရင်ဆိုင်ကြရသည်။
စစ်အာဏာသိမ်းပြီးနောက် ရဲတပ်ဖွဲ့ဝင် ၁ သောင်းနှင့် စစ်သား ၃၉၀၀ ခန့် ဘက်ပြောင်း သို့မဟုတ် လက်နက်ချကြောင်း ကိုနောင်ရိုးက ပြောသည်။ ထိုအရေအတွက်သည် ၁ သောင်းခွဲ ကျော်နိုင်သည်ဟု ယုံကြည်သော်လည်း အတိအကျ အရေအတွက်ကို အတည်ပြုရန် မဖြစ်နိုင်ဟု သူက ယူဆသည်။
ကျွမ်းကျင်မှုသင်တန်းများ တက်ရောက်ရန် ၎င်းတို့ကို ချဉ်းကပ်လာသည့် စစ်သားဟောင်းများသည် စစ်ရာဇဝတ်မှုများတွင် ပါဝင်ခြင်း ရှိ၊ မရှိကိုလည်း ပြည်သူ့ပန်းတိုင်က အတည်မပြုနိုင်ဘဲ ထိုသို့ ပါဝင်ပတ်သက်ခြင်းကြောင့် အရေးယူနိုင်ခြင်းလည်း မရှိပေ။
“ယေဘုယျအားဖြင့် ပြောရရင် စစ်ရာဇဝတ်မှုတွေမှာ ပါဝင်သူတွေက ဘက်ပြောင်းလေ့ မရှိဘူး။ သူတို့တွေက စစ်တပ်ပြင်ပမှာ လုံခြုံတယ်လို့ မထင်ကြဘူး” ဟု ကိုနောင်ရိုးက ရှင်းပြသည်။
စစ်သားဟောင်းတဦးက ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံလာပါက ၎င်းတို့အဖွဲ့အနေဖြင့် ထိုသတင်းအချက်အလက်များကို မြန်မာစစ်တပ်က ကျူးလွန်သည့် ထိုသို့သော ရာဇတ်မှုများအတွက် အထောက်အထား ရှာနေသော နိုင်ငံတကာတရားရုံးများမှ စုံစမ်းစစ်ဆေးသူများသို့ ပေးပို့မည်ဖြစ်ကြောင်း လေတပ်ဗိုလ်မှူးဟောင်း ကိုနောင်ရိုးက ပြောသည်။
“ဘက်ပြောင်းတာဟာ စစ်ကောင်စီကို အင်အားချိနဲ့စေပြီး တော်လှန်ရေး နောက်ပိုင်းမှာ ရာဇဝတ်မှုကျူးလွန်သူ အားလုံးဟာ တစုံတရာသော အတိုင်းအတာအထိ တရားဥပဒေကို ရင်ဆိုင်ရမယ်” ဟုလည်း ၎င်းကပြောသည်။
မြန်မာစစ်တပ်သည် စစ်သားများကို ရက်စက်ကြမ်းကြုတ်ပြီး သွေးစွန်းသော လုပ်ရပ်များ မှန်ကန်သည်ဟု ထင်အောင် လုပ်ဆောင်သော်လည်း လူမှုကွန်ရက်နှင့် စမတ်ဖုန်းများ အသုံးပြုခွင့်သည် ထိုအယူအဆ သွတ်သွင်းမှုကို ပယ်ဖျောက်စေသည်။
မြန်မာစစ်တပ်သည် စစ်သားများကို ရက်စက်ကြမ်းကြုတ်ပြီး သွေးစွန်းသော လုပ်ရပ်များ မှန်ကန်သည်ဟု ထင်အောင် လုပ်ဆောင်သော်လည်း လူမှုကွန်ရက်နှင့် စမတ်ဖုန်းများ အသုံးပြုခွင့်သည် ထိုအယူအဆ သွတ်သွင်းမှုကို ပယ်ဖျောက်စေသည်။
အထက်အရာရှိများက အနီးကပ် စောင့်ကြည့်ခံနေရသော ထိုစစ်သားများသည် ပြည်သူအများစုထက် သတင်းအချက်အလက် အရနည်းသော်လည်း စစ်တပ်သည် အရပ်သားများကို သတ်ဖြတ်နေကြောင်း သိကြသည်ဟု ကိုနောင်ရိုးက ပြောသည်။
“အဲဒီသတ်ဖြတ်မှုတွေကို သေချာ ဆန့်ကျင်သူတွေက ဘက်ပြောင်းကြတယ်” ဟု ၎င်းက Al Jazeera သို့ ပြောသည်။
“ဒါပေမယ့် တချို့ ဘက်ပြောင်းလာသူတွေမှာ အသိပညာ လစ်ဟာနေတာ ရှိတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့က ဒီမိုကရေစီသင်တန်းနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့လုပ်ဖို့ လေ့လာဖို့ သူတို့ကို ကူညီတယ်” ဟုလည်း ကိုနောင်ရိုးက ပြောသည်။
စစ်တပ်အာဏာနှင့် ဖိအားသာရှိ
ထို အသက်မွေးဝမ်းကြောင်းပညာ သင်တန်းများသည် ဘက်ပြောင်းလာနိုင်ခြေ ရှိသူများကို အားပေးနိုင်သည်ဆိုသည့် ကိစ္စကို ဖုန်းပြုပြင်ရေးသင်တန်းဆရာ စစ်တပ်ဗိုလ်ကြီးဟောင်း အသက် ၃၀ အရွယ် ကိုသက်ဦးက သံသယရှိကြောင်း Al Jazeera သို့ ပြောသည်။
အခြားသူများထက် နောက်ကျမှ ဘက်ပြောင်းလာသည့် စစ်သားများနှင့် ရဲများကို သင်ကြားပေးရန် သူ စိတ်အားထက်သန်သော်လည်း “ပြည်သူလူထုနှင့် မရပ်တည်ဘဲ” စစ်ကောင်စီတပ်အတွင်း ဆက်လက် ရှိနေသူများအတွက် အချိန်မရှိကြောင်း ကိုသက်ဦးက ပြောသည်။
“ကျနော်တို့က ဘက်ပြောင်းလာသူတွေကို ကူညီဖို့ သူတို့ဘဝတွေ တိုးတက်စေဖို့ ဒီသင်တန်းကို ပို့ချနေတာ” ဟု ၎င်းက ပြောသည်။
“သူတို့တွေ ဘက်ပြောင်းဖို့ စဉ်းစားချိန် ကုန်ပြီလား၊ မကုန်သေးဘူးလား” ဟု ကိုသက်ဦးက မေးသည်။
“အခု စစ်တပ်ရဲ့ အာဏာနဲ့ ဖိအားကသာ ဘက်ပြောင်းတာနဲ့ လက်နက်ချတာကို ပိုမိုဖြစ်စေမှာ ဖြစ်မယ်” ဟု ၎င်းက ပြောသည်။
သာလိကာငှက်သံများ၊ လက်ဖက်ရည်ဆိုင် စကားသံများနှင့် သတ္တုခွက်ချင်း ရိုက်ခတ်သံများဖြင့် ဆူညံနေသည့် လမ်းကြားတခုတွင် စစ်တပ်မှ ဘက်ပြောင်းလာသူ သုံးဦးသည် လျှပ်စစ်စက်ဘီးတစီးကို ပြင်ဆင်နေသည်။ ထိုမြင်ကွင်းသည် အနောက်ဘက် မိုင် ၂၆၀ ခန့်အကွာရှိ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ ရန်ကုန်မှ မြင်ကွင်းကို သတိရစရာ ဖြစ်သည်။
ထိုသူများအကြားတွင် စစ်တပ်တွင် ၂၁ နှစ်လုပ်ခဲ့သည့် အရာခံဗိုလ် အသက် ၄၆ နှစ်အရွယ် ဦးဇော်ကြီးလည်း ပါဝင်သည်။ သူသည် လွန်ခဲ့သောလတွင် မက္ကင်းနစ်သင်တန်းကို တပတ်လျှင် ခြောက်ရက် တက်ရောက်ခဲ့သည်။
“သင်တန်းတက်ဖို့ လျှောက်ထားသူ အများအပြားထဲက ကျနော့်ကို ရွေးချယ်ခဲ့တာမို့လို့ ဒီအခွင့်အရေးရဖို့ ဆုတောင်းရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူး” ဟု ဦးဇော်ကြီးက ပြောသည်။ သူသည် ၂၀၂၂ ခုနှစ်၊ မေလတွင် မြန်မာမှ ထွက်ပြေးလာပြီးနောက် ရပ်တည်ရေးအတွက် ထိုင်းနိုင်ငံမှ ဆောက်လုပ်ရေး လုပ်ငန်းများကို ကြိုကြားကြိုကြား မှီခိုနေရသည်။
“အယုံအကြည် မရှိပေမယ့် ပြည်သူတွေက ဘက်ပြောင်းလာသူတွေကို ကူညီကြတယ်။ ဒါကြောင့် ကျနော်တို့ကို သံသယနဲ့ ကြည့်တဲ့သူတွေအတွက် ဥပမာကောင်းတွေ ကျနော်တို့မှာ ရှိတယ်။ ကျနော်တို့တွေ သဟဇာတဖြစ်အောင် နေလို့ရတယ်ဆိုတဲ့ ဥပမာပဲ” ဟု အရာခံဗိုလ် ဖြစ်ခဲ့သူ ဦးဇော်ကြီးက ပြောသည်။
“အယုံအကြည် မရှိပေမယ့် ပြည်သူတွေက ဘက်ပြောင်းလာသူတွေကို ကူညီကြတယ်။ ဒါကြောင့် ကျနော်တို့ကို သံသယနဲ့ ကြည့်တဲ့သူတွေအတွက် ဥပမာကောင်းတွေ ကျနော်တို့မှာ ရှိတယ်။ ကျနော်တို့တွေ သဟဇာတဖြစ်အောင် နေလို့ရတယ်ဆိုတဲ့ ဥပမာပဲ” ဟု အရာခံဗိုလ် ဖြစ်ခဲ့သူ ဦးဇော်ကြီးက ပြောသည်။
ဖုန်းပြုပြင်ရေးသင်တန်းတွင် ကိုအေးက ထိုသင်တန်းသည် မိတ်ဆွေသစ်များရရှိရေး အခွင့်အလမ်းသစ်များ ရရှိစေကြောင်း ပြောပြသည်။
“ကျနော်တို့တွေ တယောက်နဲ့တယောက် နားလည်ပြီး ကူညီလို့ ရတယ်” ဟု သူကပြောသည်။
သူနှင့် အရင်းနှီးဆုံးသူများအနက် တဦးဖြစ်သော သူ၏ ညီသည်လည်း စစ်တပ်မှ ဘက်ပြောင်းလာသည်။ သို့သော် သူသည် နိုင်ငံမှမထွက်နိုင်မီ ဖမ်းဆီးခံရသည်။
“သူသေလား၊ ရှင်လား ကျနော်တို့ မသိရဘူး” ဟု ကိုအေးက ပြောသည်။ သို့သော် ဘက်ပြောင်းရန် ဆုံးဖြတ်ချက်ချခြင်းသည် သူ့ ညီအတွက် မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောသည်။
“ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ကျနော်တို့က ပြည်သူ့ဝန်ထမ်း ဖြစ်သင့်တယ်” ဟု ကိုအေးက ပြောသည်။
“ကျနော်တို့က မခြိမ်းခြောက်သင့်သလို သတ်လည်း မသတ်သင့်ဘူး။ ဒါက ကျနော်တို့ မြန်မာမှာ အခုဖြစ်နေတာပဲ” ဟုလည်း ၎င်းက ပြောသည်။
(Al Jazeera ပါ Lorcan Lovett နှင့် Ko David တို့၏ Soldier students: Job training gives hope to Myanmar’s military defectors ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာစစ်တပ်မှ ဘက်ပြောင်းခြင်းနှင့် နွေဦးတော်လှန်ရေး
တပ်ကို စွန့်ခွာချိန်တန်ပြီ သို့မဟုတ် CDM ဗိုလ်ကြီးတဦး၏ အိတ်ဖွင့်ပေးစာ
ဗိုလ်မှူးကြီးများ ရာထူးမတိုးရေး ဆုတောင်းနေရပြီ
တပ်အင်အား ကျဆင်းလာမှု ထိန်းဖို့ အငြိမ်းစားယူရမည့် သက်တမ်းတိုးမြှင့်ခြင်းဟုဆို
စစ်ကောင်စီတပ်၏ ခံနိုင်ရည်ကို ဆန်းစစ်ခြင်း