နိုဝင်ဘာလ ၆ ရက်နေ့တွင် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မဟာမဲခေါင်ဒေသခွဲ ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲ အစိတ်အပိုင်းအဖြစ် တရုတ်သို့ သွားပြီး ကူမင်းတွင် တရုတ်ဝန်ကြီးချုပ် မစ္စတာ လီချန်းနှင့် တွေဆုံသည်။
မင်းအောင်လှိုင်နှင့် မစ္စတာ လီချန်းတို့ လက်ဆွဲနှုတ်ဆက်နေသည့်ပုံကို တရုတ် ဆင်ဝှာသတင်းက ထင်ထင်ရှားရှား ဖော်ပြသည်။ မစ္စတာ လီချန်းက ၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီက စီစဉ်ထားသည့် ရွေးကောက်ပွဲကို ထောက်ခံသည်ဟု ဖော်ပြသည်။ ထိုအခြေအနေသည် လက်ရှိအချိန်အထိ တရားဝင်မှု မရသည့် စစ်ကောင်စီကို တစုံတရာသောအဆင့် တရားဝင်မှုနှင့် လက်တွေ့ အသိအမှတ်ပြုဖြစ်ပြီး တရုတ်အစိုးရ၏ တွက်ကိန်းတွင် အခြေခံကျကျ ပြောင်းလဲသွားခြင်း ဖြစ်သည်။
မြန်မာပြည်တွင်းစစ်နှင့် ပတ်သက်သည့် တရုတ်၏ ခြံစည်းရိုးခွထိုင်သည့် ချဉ်းကပ်ပုံသည် ယခုအခါ စစ်ကောင်စီ အလိုကျဘက်သို့ သိသိသာသာ လမ်းကြောင်းပြောင်းသွားပြီ ဖြစ်သည်။ နွေရာသီမှ စတင်ပြီး တရုတ်ထိပ်တန်းအရာရှိများသည် စစ်ကောင်စီနှင့် ၎င်းစီစဉ်ထားသော ၂၀၂၅ “ရွေးကောက်ပွဲ” ကို တရားဝင်မှု ပိုမိုပေးရေးနှင့် စစ်တပ်အား တိုက်ခိုက်မှု ရပ်ဆိုင်းရန် အဓိက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဖိအားပေးရေးအတွက် မြန်မာသို့ လည်ပတ်မှုများ တိုးမြှင့်ကြသည်။
တရုတ်အစိုးရ၏ အမြင်မှကြည့်ပါက ၎င်းတို့ အနီးကပ်ထောက်ခံခဲ့သည့် ညီနောင်မဟာမိတ် သုံးဖွဲ့သည် တရုတ်အကျိုးစီးပွားနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိတော့ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ် ဒီမိုကရေစီလိုလားသော ပြည်သူ့ကာကွယ်ရေးတပ် (PDF) များသည် အမေရိကန်နှင့် နီးစပ်လွန်းသည်ဟု မြင်သည်။
မြန်မာပြည်တွင်းစစ်အတွက် သက်ရောက်မှုများသည် ဆိုးရွားသည်။ တရုတ်သည် ခြံစည်းရိုးခွထိုင်နေရာမှ ဆင်းလာပြီး အင်အားချိနဲ့နေသည့် စစ်ကောင်စီကို ထောက်ခံကာ အမေရိကန် လိုလားလွန်းသည်ဟု ၎င်းတို့မြင်သည့် NUG ကို ချိုးနှိမ်သည်။
အခြေအနေနှင့် ဆန့်ကျင်ဘက်ဖြစ်နေသောကိစ္စမှာ မြေပြင်တွင် အမေရိကန်ရုပ်ပိုင်းဆိုင်ရာ အကူအညီ လွန်စွာ အကန့်အသတ်ရှိခြင်း ဖြစ်သည်။ ယခုအခါ စစ်ကောင်စီ၏ ၂၀၂၅ ရွေးကောက်ပွဲကို တရုတ်က ထောက်ခံခြင်းသည် စစ်တပ်၏ “သွေးခွဲအုပ်ချုပ်ရေး” သေနင်္ဂဗျူဟာကို ပြန်လည် အသက်သွင်းပေးရန် ခြိမ်းခြောက်လာသည်။
တရုတ်အစိုးရ၏ အမြင်မှကြည့်ပါက ၎င်းတို့ အနီးကပ်ထောက်ခံခဲ့သည့် ညီနောင်မဟာမိတ် သုံးဖွဲ့သည် တရုတ်အကျိုးစီးပွားနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိတော့ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ် ဒီမိုကရေစီလိုလားသော ပြည်သူ့ကာကွယ်ရေးတပ် (PDF) များသည် အမေရိကန်နှင့် နီးစပ်လွန်းသည်ဟု မြင်သည်။
အထိနာခြင်းကို မကာကွယ်နိုင်သည့် စစ်ကောင်စီ
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် တရုတ်သည် စစ်ကောင်စီ၊ နယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများနှင့် ဆက်ဆံရေးကို ချိန်ညှိပြီး သိမ်မွေ့သော ကစားနည်းကို ကစားသည်။ လက်တွေ့တွင် မြန်မာ အစိတ်စိတ်အမွှာမွှာ ကွဲနေခြင်းသည် တရုတ်အနေဖြင့် အမျိုးမျိုးသောအုပ်စုများအပေါ် အဓိက အာဏာပွဲစားအဖြစ် သြဇာကျင့်သုံးခွင့်ရစေသည်။
ထိုသို့လုပ်ခြင်းသည် တရုတ်၏ စီးပွားရေးနှင့်သေနင်္ဂဗျူဟာ အကျိုးစီးပွားကို အကာအကွယ်ပေးပြီး “ဝင်ရောက်မစွက်ဖက်” သည့် ပုံရိပ်ကိုလည်း ထူထောင်ပေးသည်။ နေပြည်တော်တွင် မည်သူ အာဏာရနေသည်ဖြစ်စေ ၎င်း၏ အကျိုးစီးပွားများ စိတ်ချရမည်ဟု တရုတ်မျှော်လင့်သည်။
သို့သော် ထိုလက်တွေ့ကျသည့် သဘောထားက ယခုနောက်ဆုံးတွင် တရုတ်သည် ဖက်ဒရယ်ဒီမိုကရေစီကို မလိုလားသောကြောင့် စစ်ကောင်စီကို ဗြောင်ကျကျ ထောက်ခံခြင်းသို့ ပြောင်းလဲသွားသည်။ တရုတ်သည် ၎င်း၏အကျိုးစီးပွားများကို အကောင်အထည်ဖော်ရန် အနိမ့်ဆုံးအဆင့် တည်ငြိမ်မှုသက်သက်ကိုသာ လိုလားပြီး ထိုကိစ္စ အောင်မြင်ရန် စစ်ကောင်စီသည် လောင်းရမည့် နိုင်မြင်းဖြစ်သည်ဟု ယူဆသည်။
လွန်ခဲ့သောနှစ်အတွင်းတွင် မြန်မာစစ်ခေါင်းဆောင်များသည် နိုင်ငံဗဟိုချက်နှင့် မြို့ပြဒေသများတွင်သာ ပိတ်မိနေပြီး ထိုဒေသများတွင် တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ရာတွင် ပိုမိုအောင်မြင်သည်။
အန္တရာယ်များသော နောက်ဆုံးကျဆုံးမှုအတွက် အဓိက အကြောင်းရင်းမှာ တရုတ်နှင့် နှစ်ပေါင်းများစွာ နီးကပ်သော ဆက်ဆံရေးရှိသည့် အာရက္ခတပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့၏ ညီနောင်မဟာမိတ် သုံးဖွဲ့ ဖြစ်သည်။
တရုတ်သည် စစ်ကောင်စီက ဆိုက်ဘာငွေကြေးလိမ်လည်သည့် လုပ်ငန်းများကို ခွင့်ပြုသောကြာင့် ယာယီဒဏ်ခတ်သည့်အနေဖြင့် ညီနောင်မဟာမိတ်ကို ထောက်ခံပြီး ၂၀၂၃ ခုနှစ်က ၁၀၂၇ စစ်ဆင်ရေး ပထမဆင့်ကိုပင် ခွင့်ပြုသည်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှစတင်ပြီး ထိုမဟာမိတ်အဖွဲ့သည် ရခိုင်နှင့် ရှမ်းပြည်မြောက်ပိုင်းမှ ဒေသအများစုကို သိမ်းပိုက်ထားသည်။
တရုတ် ကြားဝင်စေ့စပ်သည့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် စတင်သည်။ ထိုစစ်ဆင်ရေးအဆင့်တွင် MNDAA က စစ်တပ်၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နှင့် လားရှိုးကို သြဂုတ်လအစောပိုင်းတွင် သိမ်းပိုက်ပြီး မြန်မာပြည်တွင်းစစ်တွင် အရေးပါသော အပြောင်းအလဲကာလ ဖြစ်လာသည်။
တန်ပြန်ထိုးစစ်အမျိုးမျိုးနှင့် အကြောက်တရား ဖန်တီးသည့် လေကြောင်းဗုံးကြဲမှုများ ရှိသော်လည်း စစ်တပ်သည် အထိနာခြင်းကို မတားဆီးနိုင်ပေ။ ယခုအခါ တရုတ်အတွက် မြန်မာစစ်တပ် ကျဆုံးခြင်းသည် သည်းမခံနိုင်သောအန္တရာယ် ဖြစ်လာသည်။
တချိန်တည်းတွင် TNLA နှင့် PDF များသည် မန္တလေးမြို့အနားသို့ ထိုးဖောက်လာသည်။ မြောက်ပိုင်းတွင် မဟာမိတ် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် တရုတ်နယ်စပ်အနီး နယ်မြေများသို့ ရောက်လာပြီး အဖိုးတန်သော မြေရှားသတ္တုနှင့် ကျောက်စိမ်းရင်းမြစ်များကို သိမ်းယူသည်။
KIA သည် စစ်ကိုင်းတိုင်းမှ အခြား PDF များနှင့် NUG အစိုးရကိုလည်း ထောက်ပံ့သည်။ ပိုမိုကြီးမားသည့် မြို့များဖြစ်သည့် မြဝတီနှင့် လွိုင်ကော်ကို ယခုနှစ်အတွင်း သိမ်းပိုက်ရန် ကြိုးစားရာတွင် မအောင်မြင်သော်လည်း စစ်ကိုင်းနှင့် မကွေးတိုင်းများမှ မြန်မာအဓိက ဒေသများမှ ခုခံတော်လှန်ရေး တပ်ပေါင်းစု၊ PDF များနှင့် ၎င်းတို့၏ မဟာမိတ် ကရင်အမျိုးသားအစည်းအရုံး (KNU) ကဲ့သို့ အဓိက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် အမျိုးမျိုးသော ပြောက်ကျားနည်းဗျူဟာများဖြင့် နယ်မြေများကိုသိမ်းပိုက်ကြသည်။
တန်ပြန်ထိုးစစ်အမျိုးမျိုးနှင့် အကြောက်တရား ဖန်တီးသည့် လေကြောင်းဗုံးကြဲမှုများ ရှိသော်လည်း စစ်တပ်သည် အထိနာခြင်းကို မတားဆီးနိုင်ပေ။ ယခုအခါ တရုတ်အတွက် မြန်မာစစ်တပ် ကျဆုံးခြင်းသည် သည်းမခံနိုင်သောအန္တရာယ် ဖြစ်လာသည်။
တရုတ်လက်ဝေခံများ တရုတ်ကို ပြန်ဆန့်ကျင်
၂၀၂၃ ခုနှစ်နှောင်းပိုင်းက ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် တရုတ်သည် ရှမ်းပြည်မြောက်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းပေးသည်။ ညီနောင်မဟာမိတ် အဖွဲ့ဝင်တဖွဲ့ဖြစ်သော AA သည် ရခိုင်ပြည်နယ်တွင် ထိုးစစ်ရပ်ရန် တရုတ်၏ အားထုတ်မှုကို လျစ်လျူရှုသော်လည်း ရှမ်းပြည်နယ်မှ တိုက်ခိုက်မှုကို ရပ်ဆိုင်းခြင်းသည် အခြားစစ်မျက်နှာများတွင် အာရုံစိုက်ရန် စစ်တပ်အတွက် အလွန်လိုအပ်နေသည့် အသက်ရှူပေါက် ဖြစ်စေသည်။
လားရှိုးကို MNDAA က ထိန်းချုပ်ထားခြင်းကို အသိအမှတ်မပြုကြောင်း တရုတ်က ဖော်ပြပြီး နယ်စပ်တွင် အမေရိကန်သြဇာ လွှမ်းမိုးသည်ဟု ယူဆသည့်ကိစ္စကိုလည်း သတိပေးသည်။ ထူးထူးခြားခြား စိတ်ဝင်စားစရာ ကောင်းသည်မှာ ထိုအစည်းအဝေးမှတ်တမ်း အသေးစိတ်များ ဝဘက်မှ ဖြစ်ဖွယ်ရှိသည့် ပေါက်ကြားမှုဖြစ်လာပြီး တရုတ်၏ ဖိအားနှင့်ပတ်သက်သည့် မကျေနပ်မှုအဆင့်ကို ပြသနေခြင်းဖြစ်သည်။
သို့သော် တရုတ်၏ဆန္ဒများကို ဆန့်ကျင်ပြီး TNLA, MNDAA တို့သည် စစ်ကောင်စီ၏ အားနည်းချက်ကိုသိသဖြင့် နယ်မြေသိမ်းပိုက်မှုများကို အင်အားဖြည့်နိုင်သည့် စွမ်းရည်ကို ယုံကြည်ပြီး တရုတ်၏ ရည်ရွယ်ချက်များကို မယုံကြည်သောကြောင့် ၂၀၂၄ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လတွင် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်။
ညီနောင်မဟာမိတ် သုံးဖွဲ့သည် စစ်ကောင်စီကို အကြီးအကျယ် အောင်နိုင်လာခြင်း၊ အထူးသဖြင့် လားရှိုးကို သိမ်းနိုင်သောကြောင့် ကြီးထွားလာသော ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် စစ်ကောင်စီတပ်ကို ခြိမ်းခြောက်နိုင်စွမ်းသည် တရုတ်သေနင်္ဂဗျူဟာ တွက်ချက်မှုကို ဖရိုဖရဲဖြစ်စေသည်။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းသည် တရုတ်နိုင်ငံသားများကို ဆိုက်ဘာငွေကြေးလိမ်လည်သည့် လုပ်ငန်းများ ရပ်တန့်စေပြီး တရုတ်အကျိုးစီးပွားကို ရှေ့တန်းတင်သော်လည်း ထိုစစ်ဆင်ရေး ဒုတိယပိုင်းသည် လားရှိုးကို သိမ်းပိုက်ပြီးနောက် ယခုအခါ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးကို ခြိမ်းခြောက်သည်။
အရေးကြီးသည့်အချက်မှာ ညီနောင်မဟာမိတ် သုံးဖွဲ့သည် NUG နှင့် ညှိနှိုင်းကြောင်း ထင်ရှားပြီး စစ်မြေပြင်မှ PDF များကို ကွပ်ကဲသည်။ သြဂုတ်လကုန်နှင့် စက်တင်ဘာလ အစောပိုင်းရောက်သောအခါ နယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားလာသောကြောင့် တရုတ်အစိုးရသည် အလွန် စိတ်ဆိုးလာပြီး သြဂုတ်လ အစောပိုင်းတွင် လားရှိုးမြို့ ကျဆုံးခြင်းသည် တရုတ်အတွက် သည်းမခံနိုင်သော အနီရောင်စည်း ဖြစ်လာသည်။ မဟာမိတ်များသည် စစ်တပ်ကို စိန်ခေါ်ရာတွင် တရားလွန်လာသည်ဟု တရုတ်အစိုးရ ထင်သည်။
စိတ်မချမ်းမမြေ့ဖြစ်ကြောင်း ထင်ရှားလာသည့် တရုတ်သည် ကချင် KIA နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့ ထိန်းချုပ်မှုအောက်မှ ဒေသများသို့ နယ်စပ်ဂိတ်များကို ပိတ်လိုက်သည်။ ၎င်း၏လုပ်ရပ်သည် ဆက်လက်ပြုလုပ်နေသည့် ထိုးစစ်နှင့် ဒေသစီးပွားရေးအတွက် အရေးပါသည့် အစားအသောက်၊ လျှပ်စစ်ဓာတ်အားနှင့် အထောက်အပံ့များ ရရှိမှုကို ကန့်သတ်သည်။ ထို့နောက် တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) သည် ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်ပြီး မကျေနပ်မှုကိုပြသကာ သတိပေးသည်။
MNDAA သည် NUG, PDF များနှင့် နောက်ကွယ်တွင် ပူးပေါင်းဆောင်ရွက်မှု ရှိ၊ မရှိ သို့မဟုတ် ခက်ခက်ခဲခဲ သိမ်းပိုက်ထားသည့် လားရှိုးကို စွန့်လွှတ်ခြင်း ရှိ၊ မရှိကို ဆက်လက် စောင့်ကြည့်ရမည် ဖြစ်သည်။
တရုတ်သည် အထူးသံတမန် မစ္စတာ တိန့်ရှီကျွင်း၏ ကွပ်ကဲမှုဖြင့် ထိုးစစ်များရပ်ရန် နယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဖိအားပေးသည်။ လားရှိုးတိုက်ပွဲအပြီးတွင် မစ္စတာ တိန့်ရှီကျွင်းသည် ညီနောင်မဟာမိတ် သုံးဖွဲ့ကို လက်နက်များ စီးဆင်းမှုအပါအဝင် ထောက်ပံ့မှု ဖြတ်တောက်ရေးအတွက် ခြိမ်းခြောက်ရန် ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကို တွေ့ဆုံသည်ဟု တော်လှန်ရေး သတင်းရင်းမြစ်တခုက ပြောသည်။
လားရှိုးကို MNDAA က ထိန်းချုပ်ထားခြင်းကို အသိအမှတ်မပြုကြောင်း တရုတ်က ဖော်ပြပြီး နယ်စပ်တွင် အမေရိကန်သြဇာ လွှမ်းမိုးသည်ဟု ယူဆသည့်ကိစ္စကိုလည်း သတိပေးသည်။ ထူးထူးခြားခြား စိတ်ဝင်စားစရာ ကောင်းသည်မှာ ထိုအစည်းအဝေးမှတ်တမ်း အသေးစိတ်များ ဝဘက်မှ ဖြစ်ဖွယ်ရှိသည့် ပေါက်ကြားမှုဖြစ်လာပြီး တရုတ်၏ ဖိအားနှင့်ပတ်သက်သည့် မကျေနပ်မှုအဆင့်ကို ပြသနေခြင်းဖြစ်သည်။
မစ္စတာ တိန့်ရှီကျွင်း၏ ဖိအားသည် တရုတ်စီးပွားရေးနှင့် ဝ ထံမှ လက်နက်ကို အကြီးအကျယ် မှီခိုရသည့် MNDAA ကို သြဇာသက်ရောက်ကြောင်း ထင်ရှားသည်။ တရုတ်၏ဖိအားကို တုံ့ပြန်သည့်အနေဖြင့် ၎င်းတို့သည် NUG နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ရှုတ်ချကြောင်း တရုတ်ဘာသာဖြင့် ကြေညာချက်ကို စက်တင်ဘာလတွင် ထုတ်ပြန်ပြီး ၎င်းတို့အရာရှိများ နိုင်ငံတကာနှင့်တွေ့ဆုံခြင်း၊ အမေရိကန်ဘက်နှင့်တွေ့ဆုံခြင်းကိုပိတ်ပင်သည့် မူဝါဒကို ကြေညာသည်။ ၎င်းတို့သည် ထိုးစစ်ကိုလည်း ရပ်ဆိုင်းထားပြီး အသစ် သိမ်းပိုက်ထားသည့် နယ်မြေများကို ခိုင်မာစေမည့် ခံစစ်အနေအထားသို့ ရောက်လာသည်။
နောက်ကွယ်မှ တရုတ်ဖိအားသည် MNDAA လောက် တရုတ်ကို မမှီခိုသည့် ကချင် KIA နှင့် တအာင်း TNLA များအပေါ် ထိရောက်မှုနည်းသည်။ သြဂုတ်လတွင် တရုတ်သည် TNLA အတွက် အန္တရာယ်ရှိပြီး ခြိမ်းခြောက်သည့် စာတစောင်ကို ဒေသဆိုင်ရာ လုံခြုံရေးကော်မတီတခုမှတဆင့် ထုတ်ပြန်သည်။
အားလုံးတွင် အထူးခြားဆုံးကိစ္စမှာ နိုဝင်ဘာလက မင်းအောင်လှိုင်၏ တရုတ်ခရီးသည် လက်တွေ့ အသိအမှတ်ပြုခြင်းဖြစ်ပြီး ယခင်က ရွှေ့ဆိုင်းထားသော ကိစ္စဖြစ်သည်ဆိုသည့် အချက်ဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ထိုခြိမ်းခြောက်မှုကို အတည်ပြုရန် သို့မဟုတ် ပယ်ချရန် ပညာသားပါပါ ငြင်းဆန်သောကြောင့် အတည်ပြုသည့်သဘော ဖြစ်သည်။ မကျေနပ်ကြောင်း ထင်ရှားပြီး TNLA သည် ရှေ့သို့ ဆက်လက်ချီတက်ကာ မန္တလေးမှ PDF များနှင့် နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်သည်။ တချိန်တည်းတွင် ကချင်တို့သည် တရုတ်အစိုးရနှင့် တွေ့သော်လည်း နယ်စပ်တလျှောက် နယ်မြေများကို ခေါင်းမာစွာဖြင့် ဆက်လက် သိမ်းပိုက်ကာ စစ်အုပ်ချုပ်ရေး အဆုံးသတ်ရန် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို လူသိရှင်ကြား ထပ်မံအတည်ပြုသည်။
အနှစ်ချုပ်အားဖြင့်ဆိုရပါက တရုတ်၏သြဇာသည် ၎င်းတို့ ထင်ထားသည်ထက် နည်းနိုင်သည်။ UWSA က အစည်းအဝေးမှတ်တမ်းကို ပေါက်ကြားအောင် လုပ်ခြင်းသည် မကျေနပ်ချက်ကို ဖော်ပြခြင်းဖြစ်ပြီး တရုတ်ပြောသမျှ “လုပ်မည့်သူများ” မဟုတ်ကြောင်း သတိပေးလိုက်သည်။ KIA, TNLA နှင့် AA တို့သည်လည်း တရုတ်ဖိအားကို ဆက်လက် ဆန့်ကျင်သည်။
MNDAA တခုတည်းကသာ အလျှော့ပေးသော်လည်း တရုတ်ဒေါသမှ လွတ်မြောက်နိုင်လောက်အောင် အလျှော့မပေးသေးပေ။ တရုတ်အစိုးရသည် MNDAA တပ်မှူး ဖုန်တာရွှင်ကို ၎င်းတို့တပ်များ လားရှိုးမှ လုံးဝ ဆုတ်ခွာရေးအတွက် အတင်းအကျပ်လုပ်သည့် အနေဖြင့် ဆွေးနွေးရန် အောက်တိုဘာလတွင် ဖိတ်ခေါ်ပြီး တရုတ်တွင် ဖမ်းဆီးထားသည်ဟု မကြာသေးမီက သတင်းများတွင် ဖော်ပြသည်။
ထိုသတင်းမှန်ပါက တရုတ်အစိုးရ၏ ဖိအားပေးရေး လုပ်ဆောင်မှုသည် သိသိသာသာ မြင့်မားလာခြင်းဖြစ်ပြီး တရုတ်သည် စိတ်မရှည်တော့ကြောင်း ပြသနေသည်။ MNDAA သည် NUG, PDF များနှင့် နောက်ကွယ်တွင် ပူးပေါင်းဆောင်ရွက်မှု ရှိ၊ မရှိ သို့မဟုတ် ခက်ခက်ခဲခဲ သိမ်းပိုက်ထားသည့် လားရှိုးကို စွန့်လွှတ်ခြင်း ရှိ၊ မရှိကို ဆက်လက် စောင့်ကြည့်ရမည် ဖြစ်သည်။
တရုတ်က စစ်ကောင်စီကို ကြိုးရှည်ရှည်ဖြင့် လှန်ထား
တရုတ်သည် ၎င်း၏တိုင်းရင်းသား မဟာမိတ်များကို ဒဏ်ခတ်ဖိအားပေးရုံသာမက စစ်ကောင်စီကို တိုက်ရိုက်ထိတွေ့ဆက်ဆံမှုနှင့် ထောက်ခံမှုများကိုလည်း တိုးမြှင့်သည်။ လားရှိုးကျပြီးနောက် သြဂုတ်လ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် မင်းအောင်လှိုင်နှင့် မျက်နှာချင်းဆိုင်တွေ့ရန် နေပြည်တော်သို့ သွားရောက်သည်။
ထိုသို့တွေ့ဆုံရာတွင် မစ္စတာ ဝမ်ယိက မြန်မာသည် “နိုင်ငံရေးပြန်လည်သင့်မြတ်ရေး အကောင်အထည်ဖော်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အတွင်းမှ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည် ဖော်ရမည်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို အမြန်ဆုံး ပြန်လည် စတင်ရမည်” ဟု အလေးထားပြောသည်။
ဒီမိုကရေစီလိုလားသည့် ပြောဆိုချက်ဟု ဆိုသော်လည်း လက်တွေ့တွင် “ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်” ဆိုသည်မှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရည်ညွှန်းပြီး စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုအတွက် အသုံးချပြီး အတိုက်အခံများက လုံးဝ ပယ်ချသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သည်။
စစ်ကောင်စီ၏ သန်းခေါင်စာရင်းနှင့် ထိုမူဘောင်အောက်မှ ၂၀၂၅ ခုနှစ်တွင် စီစဉ်ထားသည်ဆိုသည့် ရွေးကောက်ပွဲအား တရုတ်ထောက်ခံမှုကို နိုဝင်ဘာလက မင်းအောင်လှိုင်၏ ကူမင်းခရီးစဉ်အတွင်း ထပ်မံ အတည်ပြုသည်။ ယခုအခါ တရုတ်သည် စစ်တပ်က ၂၀၂၅ ခုနှစ်တွင် စီစဉ်ထားသည်ဆိုသည့် ရွေးကောက်ပွဲ နောက်ကွယ်မှ အဓိက တွန်းအားပေးသူ ဖြစ်လာသည်။
ယခုအခါ စစ်တပ်ကို တရုတ်ထောက်ခံခြင်းသည် ယခင်ကထက် ပိုမိုများလာသည်။ အောက်တိုဘာလတွင် စစ်တပ်လေယာဉ်တစင်း နယ်စပ်အနီး လမ်းချော်လာသည်ကို သတိပေး ပစ်ခတ်သည်ဆိုသည့် အကန့်အသတ်များအကြောင်း ပြောသော်လည်း တရုတ်သည် MNDAA က သိမ်ပိုက်ထားသည့် လားရှိုးကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်သည်ကို နှုတ်ဆိတ်နေသည်။
တရုတ်၏ စိတ္တဇမှာ မစ္စတာ ဝမ်ယိ မြန်မာသို့ ရောက်လာပြီး ပြောကြားခဲ့သလို အမေရိကန် နှင့် ထိတွေ့ဆက်ဆံမှုများ အပါအဝင် လူသိရှင်ကြား ထိတွေ့ဆက်ဆံမှုများကြောင့် ပေါ်ပေါက်လာသည်ကို သံသယဖြစ်စရာ မရှိပေ။
လက်တွေ့တွင် MNDAA က NUG, အခြား တော်လှန်ရေးအင်အားစုများနှင့် ဆက်ဆံရေးကို စွန့်လွှတ်သော်လည်း တရုတ်ဖိအား ဆက်လက်ရှိနေသလို စစ်ကောင်စီကလည်း ဆက်လက် ဗုံးကြဲတိုက်ခိုက်သောကြောင့် တရုတ်သည် MNDAA အနေဖြင့် လားရှိုးကို စွန့်လွှတ်ပြီး စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးစေလိုသည့် အဓိပ္ပာယ်ဖြစ်သည်။
စစ်ကောင်စီ၏ သေနင်္ဂဗျူဟာကျသည့် ဗုံးကြဲတိုက်ခိုက်မှုများကို တိတ်တဆိတ် ခွင့်ပြုသည့်အနေဖြင့် နောက်ထပ် စစ်လေယာဉ်များကို စစ်ကောင်စီထံ ပေးပို့ပြီး စစ်ဘက်သုံး ဒရုန်းများ ပေးပို့ရန် စဉ်းစားခဲ့သည်။ မြန်မာမှ တရုတ်ပိုင်ဆိုင်မှုများနှင့် ရပ်ဝန်းနှင့်လမ်းစီမံကိန်းများကို လုံခြုံရေးမြှင့်တင်ရန် လုံခြုံရေးကုမ္ပဏီတခု ထူထောင်ရေး တရုတ်က အဆိုပြုသည်ဟု သတင်းများတွင် ဖော်ပြကြသည်။
အားလုံးတွင် အထူးခြားဆုံးကိစ္စမှာ နိုဝင်ဘာလက မင်းအောင်လှိုင်၏ တရုတ်ခရီးသည် လက်တွေ့ အသိအမှတ်ပြုခြင်းဖြစ်ပြီး ယခင်က ရွှေ့ဆိုင်းထားသော ကိစ္စဖြစ်သည်ဆိုသည့် အချက်ဖြစ်သည်။
တရုတ်၏ စစ်အေးတိုက်ပွဲ စိတ္တဇနှင့် စစ်ကောင်စီဘက်သို့ မျက်နှာမူခြင်း
ထိုအခြေအနေများကို ပေါင်းစပ်ရှုမြင်ပါက ထိန်းချုပ်ရခက်သည့် လက်ဝေခံများအပေါ် တရုတ်၏ ဖိအားနှင့် စစ်ကောင်စီကို ကူညီမှုတိုးချဲ့ခြင်းသည် “နှစ်ခွကစားခြင်း” မှ စစ်ကောင်စီကို ပိုမိုထောက်ခံသည့် ရပ်တည်ချက်သို့ အခြေခံကျသည့် အပြောင်းအလဲဖြစ်သည်။
ကျယ်ကျယ်ပြန်ပြန့် ကြည့်မည်ဆိုပါက ညီနောင်မဟာမိတ် သုံးဖွဲ့သည် ယခင်က နားလည်ထားသည်ထက် ပိုပြီး ကိုယ်ပိုင်ဆုံးဖြတ် စီမံနိုင်ကြောင်း သဘောမပေါက်မီက တရုတ်သည် စစ်ကောင်စီကို ဒဏ်ခတ်ရန် ၂၀၂၃ ခုနှစ်တွင် ၁၀၂၇ စစ်ဆင်ရေးကို မီးစိမ်းပြသည်။
မြန်မာတွင် အမေရိကန်သြဇာနှင့် မတည်ငြိမ်မှု မြင့်မားလာခြင်းကို စိုးရိမ်ပြီး တရုတ်သည် ၎င်း၏အမှားကို ပြင်ဆင်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှ မလွတ်လပ် မမျှတဘဲ စစ်တပ်လွှမ်းမိုးသည့် “အရပ်သား” အစိုးရသာ ဖြစ်စေမည့် ဟန်ပြ ရွေးကောက်ပွဲဖြင့် စစ်ကောင်စီ အနိုင်ရအောင် လုပ်သည်။
ရွေးကောက်ပွဲများကို တရုတ်က ထောက်ခံခြင်းသည် အရေးပါပြီး လက်ရှိ စစ်မြေပြင်နှင့် နိုင်ငံရေး အကျပ်အတည်းမှ စစ်တပ်က လိုလားသည့် ထွက်ပေါက်ကို မဝေဖန်ဘဲ ထောက်ခံမှုဖြစ်သည်။ စစ်တပ်၏ နိုင်ငံတဝန်း သေနင်္ဂဗျူဟာ “သွေးခွဲအုပ်ချုပ်မှု” လုပ်သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို စီးပွားရေးဖြင့် စည်းရုံးသိမ်းသွင်းကာ ထောက်ခံမှုမရအောင် လုပ်ဆောင်ရန် ရည်ရွယ်သည်။
တရုတ်၏ စဉ်းစားပုံတွင် ထိုအပြောင်းအလဲ၏ အဓိက သက်သေအထောက်အထားမှာ တရုတ်က NUG နှင့် ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများ၏ လျော့ရဲသော မဟာမိတ်များသို့ လူသိရှင်ကြားဖြစ်စေ၊ တိတ်တဆိတ်ဖြစ်စေ ဆက်သွယ်မှု မတိုးချဲ့ခြင်း ဖြစ်သည်။
ထိုသို့ လုပ်မည့်အစား တရုတ်သည် ၎င်းတို့နှင့် ခပ်ကင်းကင်းနေပြီး စစ်တပ်နှင့်ပိုမိုနီးစပ်လာကာ မဟာမိတ် လက်နက်ကိုင်အင်အားစုများ၊ ကျန် တော်လှန်ရေးအင်အားစုများနှင့်အတူ မတိုက်ရန် တွန်းအားပေးသည်။
အခြေခံအားဖြင့် ဆိုရပါက တရုတ်သည် ဖြုတ်ချခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရနှင့် ယခင်က နီးကပ်သော ဆက်ဆံရေးရှိသော်လည်း ဒီမိုကရေစီလိုလားသည့် NUG နှင့် မဟာမိတ်များသည် အမေရိကန် ပြည်ထောင်စုနှင့် နီးစပ်လွန်းသည်ဟု တရုတ်က မြင်သည်။
NUG က ဝါရှင်တန်တွင် ရုံးခန်းဖွင့်ပြီး အမေရိကန် ပြည်ထောင်စုက ဘားမားအက်ကို ပြဋ္ဌာန်းပြီးနောက် ထိုယုံကြည်မှုသည် ၂၀၂၃ ခုနှစ်တွင် တဖြည်းဖြည်း ပေါ်ထွက်လာသည်။ တရုတ်၏ စဉ်းစားတွေးခေါ်မှုတွင် “စစ်အေးတိုက်ပွဲပုံစံ” အရွေ့ရှိနေပြီး ထိုအချိန်မှစတင်ကာ ထိုတွေးခေါ်မှု ပိုမိုနက်ရှိုင်းလာသည်။
တရုတ်၏ စိတ္တဇမှာ မစ္စတာ ဝမ်ယိ မြန်မာသို့ ရောက်လာပြီး ပြောကြားခဲ့သလို အမေရိကန် နှင့် ထိတွေ့ဆက်ဆံမှုများ အပါအဝင် လူသိရှင်ကြား ထိတွေ့ဆက်ဆံမှုများကြောင့် ပေါ်ပေါက်လာသည်ကို သံသယဖြစ်စရာ မရှိပေ။
NUG သည် တရုတ်၏ စိုးရိမ်ပူပန်မှုများကို လျှော့ချရန် ကြိုးစားပြီး “တရုတ် တပြည်ထောင်တည်းမူ” ကို ထောက်ခံကြောင်းပင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် ကြေညာချက်ထုတ်ပြန်သည်။ သို့သော်လည်း တရုတ်သည် NUG ကို လူသိရှင်ကြား ဆက်လက် လျစ်လျူရှုသည်။
စစ်ကောင်စီကို တရုတ်က ထောက်ခံခြင်းသည် တော်လှန်ရေးအင်အားစုများ အကြားတွင် တကယ့် မကျေနပ်မှု၊ အထူးသဖြင့် အတွင်းကြိတ် မကျေနပ်မှု ဖြစ်စေသည်မှာ သဘာဝကျသည်။
စစ်ကောင်စီသို့ တရုတ်၏ မည်သည့်ချေးငွေကိုမှ အသိအမှတ်ပြုမည် မဟုတ်ကြောင်း NUG က မကြာသေးမီက စိတ်ပျက်ကြောင်း လူသိရှင်ကြား ဖော်ပြသည်။ နိုဝင်ဘာလတွင် မင်းအောင်လှိုင် တရုတ်သို့ သွားပြီးနောက် NUG က တရုတ်ဖိအားနှင့် ၂၀၂၅ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြောသည်။
“တော်လှန်ရေးသည် မြန်မာ့နိုင်ငံရေးတွင် စစ်တပ်အတွက် နေရာမရှိဘဲ တိုင်းရင်းသားပြည်သူများအတွက် ဖက်ဒရယ်စနစ်ကို အာမခံသည့် စနစ်သစ်တခုကို ဆောင်ယူလာမည်ဖြစ်သည်။ ဖိအားပေးခြင်းသည် အလုပ်ဖြစ်မည် မဟုတ်ဘဲ တရုတ်နိုင်ငံအတွက် မကောင်းပေ” ဟု NUG က ပြောသည်။
တရုတ်သည် မင်းအောင်လှိုင်ကို မနှစ်သက်၊ မယုံကြည်ဘဲ ဖယ်ရှားလိုသော်လည်း စစ်တပ်သည်သာ နိုင်ငံကို တစုတစည်းတည်းရှိစေမည့် တခုတည်းသော အင်စတီကျူးရှင်း ဖြစ်သည်ဟု ပိုမိုယူဆလာသည်။ စစ်တပ်က နိုင်ငံကို ထိန်းချုပ်မှု မရှိပါက မြန်မာသည် ဘော်လကန်ဒေသကဲ့သို့ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမည်ဆိုသည့် အမြင်ကို တရုတ်က လက်ခံပုံရသည်။
ထိုအမြင်သည် စစ်တပ်က အလေးပေးပြီး အကြိမ်ကြိမ် ပြောနေသည့် အမြင်ဖြစ်သည်။ ထို့ပြင် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲများသည် စစ်တပ် အင်စတီကျူးရှင်းကို ထွက်ပေါက်ပေးမည်ဟုလည် တရုတ်က (မှားယွင်းစွာ) ယုံကြည်ပုံရသည်။
ရွေးကောက်ပွဲများကို တရုတ်က ထောက်ခံခြင်းသည် အရေးပါပြီး လက်ရှိ စစ်မြေပြင်နှင့် နိုင်ငံရေး အကျပ်အတည်းမှ စစ်တပ်က လိုလားသည့် ထွက်ပေါက်ကို မဝေဖန်ဘဲ ထောက်ခံမှုဖြစ်သည်။ စစ်တပ်၏ နိုင်ငံတဝန်း သေနင်္ဂဗျူဟာ “သွေးခွဲအုပ်ချုပ်မှု” လုပ်သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို စီးပွားရေးဖြင့် စည်းရုံးသိမ်းသွင်းကာ ထောက်ခံမှုမရအောင် လုပ်ဆောင်ရန် ရည်ရွယ်သည်။
ထိုသို့သော ချဉ်းကပ်ပုံနည်းလမ်းသည် မြန်မာပြည်တွင်းစစ်၏ လက်ရှိအခြေအနေတွင် မအောင်မြင်သော်လည်း စစ်ကောင်စီသည် စစ်တပ်၏ အကျိုးစီးပွားကို အကြီးအကျယ် မျက်နှာသာပေးသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်တွင် ရွေးကောက်ပွဲ ကျင်းပရန်ကိုသာ အကြိမ်ကြိမ် ကတိပြုနေသည်။
လွန်ခဲ့သောလများတွင် စစ်ကောင်စီသည် သန်းခေါင်စာရင်း ကောက်ယူပြီး တော်လှန်ရေးအင်အားစုများ ရွေးကောက်ပွဲဝင်ရန် ပြောသော်လည်း တော်လှန်ရေးအင်အားစုက ချက်ချင်း ပယ်ချသည်။ ၁၀၂၇ စစ်ဆင်ရေး ပထမဆင့်အပြီးတွင် တရုတ်သည် ဆွေးနွေးမှုများ ရပ်ဆိုင်းလိုက်သော်လည်း လာမည့် ရွေးကောက်ပွဲများတွင် ပါဝင်ရေးအတွက် ၎င်းတို့ကို ဖိအားပေးရန် မကြာသေးမီ လများက တိတ်တဆိတ် ပြန်လည် ဆက်သွယ်လာကြောင်း တော်လှန်ရေးအင်အားစုအချို့က စာရေးသူကို ပြောသည်။
မည်သို့ဆိုစေ တော်လှန်ရေးအင်အားစုသည် လက်ရှိအချိန်တွင် တွေ့ဆုံဆွေးနွေးရန် စိတ်အားထက်သန်ခြင်း မရှိပေ။ တရုတ်ဖိအား ရှိသော်လည်း ညီနောင်မဟာမိတ်အတွင်းမှ MNDAA တခုတည်းသာ ထိုးစစ်ရပ်စဲပြီး တော်လှန်ရေးအင်အားစု အများအပြားက စစ်ကောင်စီအဆိုပြု ရွေးကောက်ပွဲကို ဆန့်ကျင်ကြသည်။
၂၀၂၅ ခုနှစ် ရွေးကောက်ပွဲများသည် မြန်မာကို တည်ငြိမ်စေမည့် တခုတည်းသောနည်းလမ်း ဖြစ်သည်ဟု တရုတ်က ထင်ပုံရပြီး တော်လှန်ရေးအင်အားစုများ တောင်းဆိုသည့် မည်သည့် စနစ်အပြောင်းအလဲကိုမဆို ပယ်ချပုံရသည်။
စစ်ကောင်စီက တန်ပြန်ရန် တောင်းဆိုမှု နောက်ကွယ်မှ တရုတ်သြဇာ
တရုတ်သည် မြန်မာပြည်တွင်းစစ်တွင် ဘက်တဖက်ကို ရွေးချယ်လိုက်ကြောင်း အထက်ပါ ဖြစ်ရပ်များက အခြေခံအာဖြင့် ပြသနေသည်။ တရုတ်ရင်းနှီးမြှုပ်နှံမှုရှိသည့် ပတ်ဝန်းကျင်ဒေသများကို ထိန်းချုပ်ခြင်းအပါအဝင် တော်လှန်ရေးတပ်ပေါင်းစုသည် စစ်မြေပြင်တွင် အင်အား ဆက်လက်ကြီးထွားနေချိန်တွင် တရုတ်သည် NUG နှင့် ကျန် တော်လှန်ရေးအင်အားစုများကို ပိုမိုကြိုဆိုလာမည်ဟု မျှော်လင့်နိုင်သည်။
သို့သော် အမေရိကန်သြဇာနှင့် (ထင်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်လောက်အောင် နည်းသည့်) ထောက်ပံ့မှု စိတ္တဇကြောင့် တရုတ်အစိုးရသည် စစ်ကောင်စီ၏ အားနည်းချက်များကို မြင်ပြီး မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အောင်မြင်မှုများအတွက် ဒဏ်ခတ်ရန် အလျင်အမြန် လုပ်ဆောင်ပြီး စစ်တပ်၏ ကျဆုံးနေသောအုပ်ချုပ်ရေးကို ကျားကန်ပေးကာ ဘက်အားလုံး ငြိမ်းချမ်းရေးဆွေးနွေးရေးနှင့် ရွေးကောက်ပွဲကျင်းပရေးကို တွန်းအားပေးသည်။
ရွေးကောက်ပွဲများကို တရုတ် ယုံကြည်မှုသည် ၎င်းနှင့် စစ်ကောင်စီသည် တော်လှန်ရေးမဟာမိတ် ဆုပေး ဒဏ်ပေးစနစ်ဖြင့် သွေးခွဲနိုင်သည်ဆိုသည့် လောင်းကြေး သို့မဟုတ် စစ်တပ်ကို နိုင်ငံတကာတရားဝင်မှု ဟန်ပြပေးရန် နောက်ဆုံးအားထုတ်မှု တခုမဟုတ် တခု ဖြစ်နိုင်သည်။ ထိုသို့ အပေါ်ယံ တရားဝင်မှုပေးခြင်းသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကဲ့သို့ နောက်ထပ် ထောက်ခံမှုများကို ဖြစ်စေမည်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ စစ်တပ်၏ အကန့်အသတ်အောက်တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲများသည် စစ်တပ်၏ ဆက်လက်လွှမ်းမိုးမှု သို့မဟုတ် နောက်ထပ် တိုက်ပွဲများနှင့် မတည်ငြိမ်မှုများကိုသာ ဖြစ်စေမည်။
မည်သို့ဆိုစေ တော်လှန်ရေးအင်အားစုသည် လက်ရှိအချိန်တွင် တွေ့ဆုံဆွေးနွေးရန် စိတ်အားထက်သန်ခြင်း မရှိပေ။ တရုတ်ဖိအား ရှိသော်လည်း ညီနောင်မဟာမိတ်အတွင်းမှ MNDAA တခုတည်းသာ ထိုးစစ်ရပ်စဲပြီး တော်လှန်ရေးအင်အားစု အများအပြားက စစ်ကောင်စီအဆိုပြု ရွေးကောက်ပွဲကို ဆန့်ကျင်ကြသည်။
ရှေ့ဆက်ရမည်ဆိုပါက တရုတ်၏ကြားဝင်မှုသည် မြန်မာမှ တရုတ်အကျိုးစီးပွားများကို ထိခိုက်စေရုံမျှသာဖြစ်ပြီး အရာရောက်ဖွယ် မရှိပေ။ လက်တွေ့တွင်လည်း မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံး ပြင်ပတွင် အသေးစားပေါက်ကွဲတခု အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဖြစ်ပွားပြီး တရုတ်က ဆန့်ကျင်ရှုတ်ချသည်။
မည်သူ့တွင်တာဝန်ရှိသည်ကို မသိရသော်လည်း လူမုန်းများသည့် စစ်တပ်ကို တရုတ်က ထောက်ခံမှု တိုးချဲ့သောကြောင့် မြန်မာတွင် ဖြစ်ပေါ်နေသည့် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ် နက်ရှိုင်းမှုကို ပြသနေသည်။
ထို့ပြင် MNDAA တပ်မှူးကို တရုတ်တွင် ဆွေးနွေးပွဲအတွင်း ဖမ်းဆီးထားသည်ဆိုသည့် သတင်းသည် မဟာမိတ် နယ်စပ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား တရုတ်သြဇာကို ပိုမိုအားနည်းသွားစေနိုင်သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် တရုတ်၏စကားကို နားထောင်ပြီး အပစ်အခတ်ရပ်စဲခြင်း သို့မဟုတ် စစ်တပ်ကို ဆက်လက် တိုက်ခိုက်ပြီး တရုတ်လက်စားချေမှုကို ရင်ဆိုင်ခြင်း လုပ်ရမည်ဖြစ်သည်။
ဒီမိုကရေစီလိုလားသော တော်လှန်ရေးအင်အားစုနှင့် အရေးအပါဆုံး နိုင်ငံတကာ ထောက်ခံသူဖြစ်သည့် အမေရိကန် ပြည်ထောင်စုအနေဖြင့် စစ်တပ်နှင့် စေ့စပ်ညှိနှိုင်းရန် သို့မဟုတ် တရုတ်၏ စိတ္တဇကို အလျှော့ပေးရန် အလှမ်းဝေးနေသေးသည်။
အရှိန်အဟုန်သည် တော်လှန်ရေးအင်အားစုဘက်သို့ ရောက်နေပြီး ထိုမဟာမိတ်အင်အားစုသည် စစ်ပြီးခေတ် နိုင်ငံရေးမူဘောင်ချမှတ်ရန် အချိန်နှင့်ထောက်ခံမှု ပိုမိုလိုအပ်သည်။ အမေရိကန်မှ မူဝါဒချမှတ်သူများအနေဖြင့် တရုတ်သည် “စစ်အေးတိုက်ပွဲစိတ်ဓာတ်” တွင် ပိတ်မိနေသေးကြောင်း ပိုမိုထင်ရှားလာပြီး အမေရိကန်၏ ရည်ရွယ်ချက်များကို သေသေချာချာ မသိဟု တွေ့ရသည်။
အမေရိကန်သည် တရုတ်နှင့် ဖြစ်နိုင်သောနေရာများတွင် ပူးပေါင်းဆောင်ရွက်ခြင်းကို မစွန့်လွှတ်သင့်ဘဲ လက်နက်ပစ္စည်းထောက်ပံ့မှုဖြင့် တရုတ် သို့မဟုတ် ဒေသတွင်းနိုင်ငံများ အနီရောင်စည်းများကို ပြင်ဆင်မှုရှိရှိ မဖြတ်ကျော်သင့်ပေ။ သို့သော် မြန်မာမှ အားလုံးအကျုံးဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီသည် တရုတ်က ဆန့်ကျင်သည့်တိုင် အမေရိကန်၏ သေနင်္ဂဗျူဟာအကျိုးစီးပွား ဖြစ်သည်။
ထို့ကြောင့် လာမည့် ထရမ့်အစိုးရသည် တရုတ်၏ဖိအားကို တော်လှန်ရေးအင်အားစုများနှင့် ချိန်ညှိရေးအတွက် အမေရိကန် ငွေကြေးထောက်ပံ့ခြင်း၊ လက်နက် မဟုတ်သော အကူအညီကို ဘားမားအက်နှင့်အညီ တိုးချဲ့ရန်၊ မြန်မာ၏ ကြီးထွားနေသည့် လူသားချင်းစာနာမှု အကျပ်အတည်းကို ကူညီဖြေရှင်းရန်နှင့် ၎င်းတို့၏ နွေဦးတော်လှန်ရေး အောင်မြင်အောင် လိုအပ်သည့် အချိန်ရစေရန် လုပ်ဆောင်ပေးသင့်သည်။
(War on the Rocks ပါ Lucas Myers ၏ China Is Off the Fence in Myanmar ကို ဘာသာပြန်သည်။ လူးကပ်စ် မေယာသည် ဝီလ်ဆင်စင်တာ အာရှအစီအစဉ်မှ အရှေ့တောင်အာရှရေးရာ ဝါရင့်သုတေသီ ဖြစ်သည်။)
မြန်မာတွင် တရုတ်၏ မူဝါဒပန်းတိုင်များ
မြန်မာတွင် လှေနံနှစ်ဖက်နင်းသည့် တရုတ် အကုန်ဆုံးရှုံးနိုင်ခြေ ရှိသလား
ကချင်နယ်စပ်ဂိတ်တွေဖွင့်ချင်ရင် တရုတ်က KIA နဲ့ ဆွေးနွေးရမယ် (ရုပ်/သံ)
တရုတ်ထောက်ခံမှုအသစ်က စစ်ကောင်စီကို ကယ်နိုင်ဖွယ် မရှိ
ဘော်လ်ကန်မှ ပါကစ္စတန်သို့ မြန်မာကို တရုတ်ပုံသွင်းခြင်း
မြေရှားသတ္တုအရေးပါမှု၊ ပထဝီနိုင်ငံရေး အပြောင်းအလဲနှင့် မြန်မာ့တော်လှန်ရေး