ဖြစ်ရပ်ကို ခြုံငုံသုံးသပ်ခြင်း
အရေးပါသည့် ဇီဝလုံခြုံရေး ကျိုးပေါက်မှုတခုတွင် ဟန်ဒရာဗိုင်းရပ်စ်၊ လစ်ဆာဗိုင်းရပ်စ်နှင့် ဟန်တာဗိုင်းရပ်စ် အပါအဝင် သက်ရှိဗိုင်းရပ်စ်နမူနာများ ပါဝင်သည့် ဖန်ပြွန် ၃၂၃ ခုသည် သြစတြေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေး ဗိုင်းရပ်စ် ဓာတ်ခွဲခန်းမှ ပျောက်ဆုံးနေသည်။
အအေးပေးစက်တခု ချို့ယွင်းရာမှ ၂၀၂၁ ခုနှစ်က ဖြစ်ပေါ်ခဲ့သော ထိုကျိုးပေါက်မှုကို ၂၀၂၃ ခုနှစ် စာရင်းစစ်ဆေးသည့်အခါမှ သိရသည်။ ထိုကိစ္စသည် “အဓိကကျသော ဇီဝလုံခြုံရေးစည်းမျဉ်းများ သမိုင်းဝင် ကျိုးပေါက်မှုဖြစ်သည်” ဟု အာဏာပိုင်များက ပြောသည်။
ထိုဖြစ်ရပ်တွင် အန္တရာယ်ကြီးသည့် ဗိုင်းရပ်စ်သုံးမျိုး ပါဝင်သည်။ ဟန်ဒရာဗိုင်းရပ်စ်၊ လစ်ဆာဗိုင်းရပ်စ်နှင့် ဟန်တာဗိုင်းရပ်စ်တို့ ဖြစ်သည်။ ၎င်းတို့အနက် ၁၀၀ နီးပါးသည် အသက်သေဆုံးစေနိုင်သည့် ဟန်ဒရာဗိုင်းရပ်စ်၏ သက်ရှိနမူနာများ ဖြစ်သည်။
အန္တရာယ်ရှိသော ဗိုင်းရပ်စ်များ
၁။ ဟန်ဒရာဗိုင်းရပ်စ်
-အသက်အန္တရာယ်အလွန်မြင့်မားသည့် ဇွန်းနိုတစ်ဗိုင်းရပ်စ်ဖြစ်ပြီး သေဆုံးနိုင်ခြေ ၅၇ ရာခိုင်နှုန်း ပတ်ဝန်းကျင်ရှိသည်။
-အဓိက အန္တရာယ်များတွင် ကူးစက်ခံမြင်းများမှ လူသားများသို့ ပျံ့နှံ့ခြင်းအပါအဝင် ပြင်းထန်သော အသက်ရှူလမ်းကြောင်းနှင့် အာရုံကြောရောဂါများ ဖြစ်စေသည်။
၂။ လစ်ဆာဗိုင်းရပ်စ်
-ခွေးရူးပြန်ပိုးနှင့် အနီးကပ်ဆက်စပ်သည်။ လူသားများတွင် ရောဂါလက္ခဏာ ပေါ်လာသောအခါ သေဆုံးနိုင်ခြေ ၁၀၀ ရာခိုင်နှုန်းရှိသည်။
-တိရိစ္ဆာန်များကိုက်ခံရခြင်း သို့မဟုတ် ကုတ်ခြစ်ခံရခြင်းကြောင့် ဖြစ်နိုင်သည်။
၃။ ဟန်တာဗိုင်းရပ်စ်
-ပြင်းထန်သော အသက်ရှူလမ်းကြောင်းရောဂါဖြစ်သည့် ဟန်တာဗိုင်းရပ်စ်အဆုတ်ရောဂါ (HPS) ဖြစ်စေနိုင်ပြီး သေဆုံးနိုင်ခြေ ၃၆ ရာခိုင်နှုန်းရှိကြောင်း CDC က ဖော်ပြသည်။
-ထိုဗိုင်းရပ်စ်မျိုးစိတ် အချို့သည် ကျောက်ကပ်နှင့် သွေးလွန်တုပ်ကွေး (HFRS) ရောဂါဖြစ်နိုင်ပြီး မျိုးစိတ်အပေါ်မူတည်၍ သေဆုံးနိုင်ခြေနိမ့်ကာ မျိုးစိတ်အပေါ်မူတည်ပြီး ၁၅ ရာခိုင်နှုန်းအထိ ရှိသည်။
ကျိုးပေါက်မှု အသေးစိတ်
ဗိုင်းရပ်စ်နမူနာများကို သိုလှောင်ထားသည့် အအေးပေးစက် ချို့ယွင်းရာမှ စတင်သည်။ ဝန်ထမ်းများသည် ဗိုင်းရပ်စ်များကို လည်ပတ်နေသည့် အခြားအအေးပေးခန်းသို့ ပြောင်းရွှေ့သော်လည်း ထိုပြောင်းရွှေ့ခြင်းကို စနစ်တကျ မှတ်တမ်းတင်ရန် ပျက်ကွက်ခဲ့သည်။
ကြီးကြပ်စောင့်ကြည့်မှု မလုံလောက်သောကြောင့် ထိုဖန်ပြွန်များ ပျောက်ဆုံးနေသည်။ ခိုးယူခံရသည်ဟု ကနဦးတွင် ယူဆသော်လည်း ထိုနမူနာများသည် အပူချိန်နှင့်ဖိအားဖြင့် ပုံမှန်ပိုးသတ်ချိန်အတွင်း ပျက်စီးကုန်သည်ဟု အရာရှိများက ယူဆသည်။
ကြီးကြပ်စောင့်ကြည့်မှု မလုံလောက်သောကြောင့် ထိုဖန်ပြွန်များ ပျောက်ဆုံးနေသည်။ ခိုးယူခံရသည်ဟု ကနဦးတွင် ယူဆသော်လည်း ထိုနမူနာများသည် အပူချိန်နှင့်ဖိအားဖြင့် ပုံမှန်ပိုးသတ်ချိန်အတွင်း ပျက်စီးကုန်သည်ဟု အရာရှိများက ယူဆသည်။
ထိုဇီဝလုံခြုံမှု ကျိုးပေါက်ခြင်းကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ စာရင်းစစ်ချိန်အထိ မသိကြဘဲ အဆိုပါနမူနာများကို အမှန်တကယ် ဖျက်ဆီးခဲ့၊ ဓာတ်ခွဲခန်းမှ ဖယ်ရှားခဲ့ကြောင်း သေချာပေါက် မပြောနိုင်ပေ။
တရားဝင်တုံ့ပြန်မှုနှင့် အစိုးရ၏အရေးယူမှုများ
ကွင်းစလန် ကျန်းမာရေးဝန်ကြီး မစ္စတာ တင်မ် နစ်ခိုးစ်က တရားဝင်ကြေညာချက် ထုတ်ပြန်သည်။
ဗိုင်းရပ်စ်ဓာတ်ခွဲခန်း လုံခြုံရေးကျိုးပေါက်မှုကို စုံစမ်းစစ်ဆေးနေကြောင်း မစ္စတာ နစ်ခိုးစ်က ကြေညာပြီး ၂၀၂၁ ခုနှစ် လုံခြုံရေးကျိုးပေါက်မှုကြောင့် လူမှုအသိုက်အဝန်းသို့ အန္တရယ်ကျရောက်စေသည့် အထောက်အထား မရှိကြောင်း၊ ထိုသို့ ထပ်မံမဖြစ်ရန် အစိုးရက လုပ်ဆောင်နေကြောင်း ပြောသည်။
၂၀၂၁ ခုနှစ်က ပြည်နယ် ဗိုင်းရပ်စ်ဓာတ်ခွဲခန်းတွင် အဓိက လုံခြုံရေးကျိုးပေါက်မှုဖြစ်စဉ်ကို ကွင်းစလန် ကျန်းမာရေးဌာနက စုံစမ်စစ်ဆေးမည်ဟု အခြား Facebook ပို့စ်တခုတွင် ရေးတင်သည်။ ထိုဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ်နမူနာများ စာရင်းပျောက်နေသော်လည်း လူမှုအသိုက်အဝန်းသို့ အန္တရာယ်ကျရောက်သည့် အထောက်အထားမရှိကြောင်းလည်း ပြောသည်။
ကွင်းစလန်သားများသည် ထိုဖြစ်ရပ်နှင့်ပတ်သက်သည့် ပွင့်လင်းမြင်သာမှုကို သိခွင့်ရှိကြောင်း မစ္စတာ နစ်ခိုးစ်က ဆက်လက်ပြောကြားပြီး ထိုသို့ ထပ်မံ မဖြစ်ရန် စုံစမ်းစစ်ဆေးမှုကို ကြေညာသည်။
စိုးရိမ်စရာကောင်းသော်လည်း အများပြည်သူအတွက် အန္တရာယ်အနည်းဆုံးသာရှိကြောင်း ကျန်းမာရေး အရာရှိများက ပြောသည်။
ထိုဗိုင်းရပ်စ်များသည် အပူချိန်နည်းသော သိုလှောင်မှုတွင် အလျင်အမြန် စွမ်းရည်နည်းသွားပြီး မကူးစက်နိုင်တော့ကြောင်း ကျန်းမာရေးအရာရှိချုပ် ဒေါက်တာ ဂျွန်ဂျရတ်က ပြောသည်။ လွန်ခဲ့သော ငါးနှစ်အတွင်း ကွင်းစလန်တွင် ဟန်ဒရာ သို့မဟုတ် လစ်ဆာဗိုင်းရပ်စ် လူသားများသို့ ကူးစက်မှု မရှိကြောင်းနှင့် ဟန်တာဗိုင်းရပ်စ် လူသားသို့ မည်သည့်ကူးစက်မှုမှ မရှိကြောင်း ပြောသည်။
အစိုးရသည် တရားရုံးချုပ်တရားသူကြီးဟောင်း မာတင် ဒေါက်ဘနီ ဦးဆောင်သည့် ‘အပိုင်း ၉ စုံစမ်းစစ်ဆေးမှု’ (ပြင်းထန်သော လုံခြုံရေးကျိုးပေါက်မှု စစ်ဆေးခြင်း) စတင်ထားသည်။ ထိုစုံစမ်းစစ်ဆေးမှုတွင် ဓာတ်ခွဲခန်းမူဝါဒများ၊ လုပ်ထုံးလုပ်နည်း လိုက်နာမှုနှင့် ဝန်ထမ်းများ၏ အပြုအမူများကို စုံစမ်းစစ်ဆေးမည် ဖြစ်သည်။ အစီရင်ခံစာတစောင်ကို ကျန်းမာရေးဌာနသို့ လာမည့်နှစ် ဇွန်လ ၃၀ ရက်နေ့ မတိုင်မီ တင်သွင်းမည်ဟု မျှော်လင့်ရသည်။
ဓာတ်ခွဲခန်း၏ တုံ့ပြန်ဆောင်ရွက်မှုနှင့် တိုးတက်မှုများ
စုံစမ်းစစ်ဆေးမှုများ ။ ။ ကွင်းစလန် ကျန်းမာရေးဌာနသည် ဇီဝလုံခြုံရေးစည်းကမ်းများကို အသေးစိတ် ပြန်လည်သုံးသပ်နေသည်။ လက်ရှိ အကာအကွယ်များနှင့် အနာဂတ်လိုက်နာမှုများကို အကဲဖြတ်ရန် အပိုင်း ၉ စုံစမ်းစစ်ဆေးမှုကို ပြုလုပ်နေသည်။
အများပြည်သူအတွက် အန္တရာယ်အနည်းဆုံးသာဖြစ်ကြောင်း ကျန်းမာရေးအကြီးအကဲ ဒေါက်တာ ဂျွန်ဂျရတ်အပါအဝင် အရာရှိများက အာမခံသည်။ ၎င်းတို့ကို ထိန်းချုပ်ထားသော ပတ်ဝန်းကျင်ပြင်ပတွင် ထိုဗိုင်းရပ်စ်များသည် လျင်မြန်စွာ အစွမ်းအစလျော့ကျပြီး ကူးစက်နိုင်ခြင်း မရှိတော့ပေ။
အများပြည်သူသို့ အာမခံခြင်း ။ ။ အများပြည်သူအတွက် အန္တရာယ်အနည်းဆုံးသာဖြစ်ကြောင်း ကျန်းမာရေးအကြီးအကဲ ဒေါက်တာ ဂျွန်ဂျရတ်အပါအဝင် အရာရှိများက အာမခံသည်။ ၎င်းတို့ကို ထိန်းချုပ်ထားသော ပတ်ဝန်းကျင်ပြင်ပတွင် ထိုဗိုင်းရပ်စ်များသည် လျင်မြန်စွာ အစွမ်းအစလျော့ကျပြီး ကူးစက်နိုင်ခြင်း မရှိတော့ပေ။
ပိုမိုကောင်းမွန်သော အလေ့အထများ ။ ။ ဝန်ထမ်းများကို ပြန်လည်လေ့ကျင့်ခြင်း၊ သိုလှောင်မှုခွင့်ပြုချက်ကို စစ်ဆေးခြင်းနှင့် အနာဂတ်တွင် ထိုသို့သောဖြစ်ရပ်များ တားဆီးရေးအတွက် ဓာတ်ခွဲခန်း လုပ်ထုံးလုပ်နည်းများ ပြန်လည်စိစစ်ခြင်းတို့ကို ဦးစားပေးဆောင်ရွက်သည်။
ကျွမ်းကျင်သူများ၏ ထင်မြင်ချက်များ
ကျွမ်းကျင်သူ အများအပြားက ထိုအခြေအနေနှင့် ပတ်သက်သည့် ၎င်းတို့၏ သရုပ်ခွဲလေ့လာမှုများကို တင်ပြကြသည်။ တင်းကျပ်သော စည်းကမ်းများဖြင့် ထိုရောဂါပိုးမွှားများ စီမံမှုကို ထိန်းချုပ်သည်ဟု ကူးစက်ရောဂါကျွမ်းကျင်သူ ဒေါက်တာ ပေါလ် ဂရစ်ဖင်က ပြောသည်။
အရှေ့မြောက်တက္ကသိုလ်မှ ဒေါက်တာ ဆမ် စကာပီနိုက ထိုဖြစ်ရပ်အတွက် နည်းပညာလေ့လာမှုတခု တင်ပြသည်။ ထိုဗိုင်းရပ်စ်များသည် အရေးပါသော ရောဂါပိုးမွှားများဖြစ်သော်လည်း ၎င်းတို့၏ အကန့်အသတ်ရှိသော လူသားချင်းကူးစက်နိုင်မှု စွမ်းရည်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နိုင်ခြေ အနည်းဆုံးဖြစ်ကြောင်း ပြောသည်။ အများပြည်သူသို့ အသိပေးသည့်အချိန်နှင့် ပတ်သက်ပြီးလည်း သူက မှတ်ချက်ပေးသည်။
ဟန်တာဗိုင်းရပ်စ်များသည် သေဆုံးမှုဖြစ်နိုင်ခြေ ၁၅ ရာခိုင်နှုန်း ရှိနိုင်သော်လည်း ထိုနှုန်းသည် ကိုဗစ်နိုင်တင်းထက် မြင့်မားကြောင်း ထိုရောဂါပိုးမွှားများ၏ စရိုက်လက္ခဏာနှင့် ပတ်သက်ပြီး ဒေါက်တာ စကာပီနိုက ရှင်းပြသည်။
(မှတ်ချက်-ဟန်တာဗိုင်းရပ်စ်အချို့သည် သေဆုံးမှုဖြစ်နိုင်ခြေနိမ့်ပြီး အထူးသဖြင့် HFRS ဖြစ်စေသော မျိုးကွဲများသည် မျိုးစိတ်အပေါ်မူတည်ပြီး သေဆုံးနိုင်ခြေ ၁ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိရှိသည်။ သို့သော် HPS သည် ယခင်ဖော်ပြခဲ့သည့်အတိုင်း သေဆုံးနိုင်ခြေ ၃၆ ရာခိုင်နှုန်းအထိ ရှိသည်။)
အဓိက သုံးသပ်ချက်များ
ထိုဖြစ်ရပ်သည် ဇီဝလုံခြုံရေးစည်းကမ်းများနှင့် ကြီးကြပ်မှုတွင် တိုးတက်လာသော နယ်ပယ်များကို ပြသနေသည်။ ထိုဖြစ်ရပ်ဖြစ်ပွားချိန်နှင့် အများပြည်သူသို့ အသိပေးသည့်အကြား ကာလသည် အရေးပါသောအရာများကို ကိုင်တွယ်ရန် လေ့လာစောင့်ကြည့်ရေးနှင့် ဆက်သွယ်ရေး လုပ်ထုံးလုပ်နည်းများ မြှင့်တင်ရန် အခွင့်အလမ်းများကို ဖော်ပြနေသည်။
အဓိကပြဿနာများ ။ ။ ထိုဖြစ်ရပ်သည် ဇီဝလုံခြုံရေးစည်းကမ်းများနှင့် ကြီးကြပ်မှုတွင် တိုးတက်လာသော နယ်ပယ်များကို ပြသနေသည်။ ထိုဖြစ်ရပ်ဖြစ်ပွားချိန်နှင့် အများပြည်သူသို့ အသိပေးသည့်အကြား ကာလသည် အရေးပါသောအရာများကို ကိုင်တွယ်ရန် လေ့လာစောင့်ကြည့်ရေးနှင့် ဆက်သွယ်ရေး လုပ်ထုံးလုပ်နည်းများ မြှင့်တင်ရန် အခွင့်အလမ်းများကို ဖော်ပြနေသည်။
အာမခံသည့် အချက်များ ။ ။ ထိုဗိုင်းရပ်စ်များ ရှင်သန်ရန်အတွက် တိကျသော ဓာတ်ခွဲခန်းအခြေအနေများ လိုအပ်သောကြောင့် ကူးစက်နိုင်ခြေ အနည်းဆုံးသာရှိကြောင်း အများပြည်သူကျန်းမာရေး ကျွမ်းကျင်သူများ အာမခံသည်။ ထို့ပြင် ခိုးယူမှု သို့မဟုတ် မသမာသောရည်ရွယ်ချက် မရှိကြောင်း စုံစမ်းစစ်ဆေးမှုများက ပြသနေသောကြောင် စံလုပ်ထုံးလုပ်နည်းအတွင်း မတော်တဆ ဖျက်ဆီးမိမှုဖြစ်ကြောင်း ဖော်ပြနေသည်။
နိဂုံးချုပ်
ဓာတ်ခွဲခန်း အခြေအနေတွင် စနစ်ကျသော ဇီဝလုံခြုံရေးဆိုင်ရာ စည်းကမ်းများနှင့် ရောဂါပိုးမွှား စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ လိုအပ်ကြောင်း ယခုဖြစ်ရပ်က ပြသနေသည်။ ထိုဖြစ်ရပ်ကြောင့် လက်ရှိဓာတ်ခွဲခန်း အလေ့အထများနှင့် လုံခြုံရေးအစီအမံများကို ပြန်လည်သုံးသပ်မှု ဖြစ်ပေါ်စေသည်။
ရင်းမြစ် – ABC News, FOX News, WION, NEWS X
(Fact Crescendo ပါ Missing Virus Samples From Queensland Lab Explained ကို ဘာသာပြန်သည်။)
You may also like these stories:
မျောက်ကျောက်ရောဂါကို လျစ်လျူရှုခဲ့သောကြောင့် ကမ္ဘာ့ကပ်ရောဂါ ဖြစ်လာနိုင်
တောရိုင်း တိရစ္ဆာန်တွေဆီကနေ လူသားတို့ ရှာဖွေလာတဲ့ ကူးစက်ရောဂါ
WHO စုံစမ်းရေးအဖွဲ့ ဝူဟန်မြို့ရှိ ဓာတ်ခွဲခန်းသို့ သွားရောက် လေ့လာ
Test kits အဟောင်း သုံးခဲ့တဲ့ အင်ဒိုနီးရှား ဓာတ်ခွဲခန်း ဝန်ထမ်းတွေကို ဖမ်းဆီး အရေးယူ
ကြောင်အချင်းချင်း COVID-19 ကူးစက်နိုင်
နာဂတွင် ကူးစက်ရောဂါကြောင့် လူ ၂၀ ဦး ထပ်မံသေဆုံး