စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ အာရက္ခတပ်တော် (AA) နှင့် ဒေါက်တာ ဇော်ဝေစိုးတို့ ဖြစ်သည်။ အဆိုပါ အဖွဲ့အစည်းနှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးကို သူ့ဘက်ပါအောင် စည်းရုံးနိုင်ပါက အာဏာသိမ်းမှု အောင်မြင်မည်ဟု ယူဆခဲ့သည်။
KNU ကို စည်းရုံးခြင်း
အာဏာသိမ်းသည့်အချိန်က KNU ဥက္ကဋ္ဌက ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဖြစ်သည်။ အာဏာသိမ်းသည့်နေ့၌ စစ်ခေါင်းဆောင်၏ ကိုယ်ရေးအရာရှိက KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးထံ ဖုန်းဆက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ အမြန်ဆုံး တွေ့ဆုံလိုကြောင်း ပြောခဲ့သည်။ အမြန်ဆုံး နေပြည်တော်သို့ လာရောက်ရန်လည်း ပြောဆိုခဲ့သည်။
ထိုကဲ့သို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့ဆုံလိုသော်လည်း KNU ဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ခွင့်ပေးပါရန် မေတ္တာရပ်ခံစာ ပို့ပေးရမည်ဟု စစ်ခေါင်းဆောင်၏ ကိုယ်ရေးအရာရှိက ပြောသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ KNU ဥက္ကဋ္ဌက စစ်ခေါင်းဆောင်နှင့် သွားတွေ့မည့်အစီအစဉ်အား KNU ဗဟိုထံ ချပြခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA မတိုင်ခင်က KNU ဥက္ကဋ္ဌအား ကတိတခု ပေးထားသည်။ သူအနေဖြင့် အာဏာမသိမ်းကြောင်းနှင့် လွှတ်တော်နှင့် အစိုးရအဖွဲ့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းသည့်ကိစ္စ လုပ်ဆောင်မှသာ အာဏာသိမ်းမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က KNU အား ကတိပေးထားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA မတိုင်ခင်က KNU ဥက္ကဋ္ဌအား ကတိတခု ပေးထားသည်။ သူအနေဖြင့် အာဏာမသိမ်းကြောင်းနှင့် လွှတ်တော်နှင့် အစိုးရအဖွဲ့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းသည့်ကိစ္စ လုပ်ဆောင်မှသာ အာဏာသိမ်းမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က KNU အား ကတိပေးထားခဲ့သည်။
ထိုကိစ္စနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက စစ်ခေါင်းဆောင်အား မေးမြန်းလို၍ သွားတွေ့ချင်ကြောင်း KNU ဗဟိုကော်မတီဝင်များအား ပြောခဲ့သည်။ သို့သော် KNU ဗဟိုကော်မတီဝင်အများစုက ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၏ နေပြည်တော်ခရီးစဉ်ကို သဘောမတူဘဲ ကန့်ကွက်ခဲ့ကြသည်။
ဗိုလ်ချုပ်ကြီး မူးတူးစေးဖိုး၏ လုံခြုံရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မှူး စောနယ်ဒါးထူး (လက်ရှိ ဗိုလ်မှူးကြီး ရန်နိုင်) ကိုယ်တိုင်ပင် သဘောမတူခဲ့သည့် KNU ဥက္ကဋ္ဌ၏ နေပြည်တော်သွားမည့်အစီအစဉ် ပျက်ခဲ့ရသည်။
![](https://burma.irrawaddy.com/wp-content/uploads/2024/12/Mahminaunghlaing28Dec243.jpg)
သို့သော် KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်ကို စည်းရုံးနိုင်ခဲ့သည်။ စစ်တပ်က အာဏာသိမ်းသည့် နံနက်မှာပင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင် နေအိမ်ရှေ့သို့ စစ်ဗိုလ်ချုပ်တဦးကို စေလွှတ်ခဲ့သည်။
ထို့နောက် စစ်တပ်မှ စီစဉ်ထားသော ကားတစီးသည် မန်းငြိမ်းမောင်အိမ်သို့ ရောက်လာပြီး မန်းငြိမ်းမောင်ကို နေပြည်တော်သို့ ခဏလိုက်ခဲ့ရန် ခေါ်သွားခဲ့သည်။ ကြိုတင်ပြောဆိုထားခြင်း မရှိသည့်အတွက် မန်းငြိမ်းမောင်သည် သူအဖမ်းခံရပြီဟု ယူဆခဲ့သည်။
နောက်မှ သူ့ကို စစ်ကောင်စီဝင်အဖြစ် ခန့်အပ်ရန် နေပြည်တော်သို့ ခေါ်ဆောင်ခြင်းဖြစ်သည်ကို သိ၍ မှိန်းနေခဲ့သည်။ မန်းငြိမ်းမောင်သည် ထိုအချိန်က KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် အလွန် ရင်းနှီးသူဖြစ်သည်။ မန်းငြိမ်းမောင်ကို ရာထူးပေး၍ စည်းရုံးနိုင်သော်လည်း KNU ဗဟိုကော်မတီဝင် အများစုကို မစည်းရုံးနိုင်ခဲ့ပေ။
ထို့ကြောင့် KNU က စစ်အာဏာသိမ်းမှုကို ကန့်ကွက်ကြောင်း စာထုတ်ခဲ့ပြီး ပြည်မမှ တိမ်းရှောင်လာသူများအား ခိုလှုံခွင့် ပေးခဲ့သည်။ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်မည့် PDF များအား စစ်သင်တန်းပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပေါင်းကာ KNU တပ်မဟာ အချို့သည် စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်ခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးစီးပြီး စစ်တပ်က အာဏာသိမ်းသည်ကို လက်မခံသည့် ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းမှ လူငယ်လူရွယ်များသည် KNU နယ်မြေတွင် ခိုလှုံ၍ စစ်တပ်အား ပြန်လည် ဆန့်ကျင်နိုင်သည်ဟု တွေးထားခဲ့သည်။ ထို့ကြောင့် သူ့အနေဖြင့် KNU ဥက္ကဋ္ဌကို စည်းရုံးနိုင်ပါက စစ်ကောင်စီအား တော်လှန်မည့် လူငယ်များ KNU ထိန်းချုပ်နယ်မြေများတွင် အခြေချခွင့်မရဖြစ်မည်ဟု ယူဆထားခဲ့သည်။
လုပ်ပိုင်ခွင့် ရာထူးအာဏာအချို့ ပေးရုံဖြင့် အပစ်အခတ်ရပ်စဲရေး NCA ထိုးထားသော KNU မှာ စစ်ကောင်စီဘက်မှ ရပ်တည်လိမ့်မည်ဟု တွေးထင်ခဲ့သည်။ သို့သော် အဆိုပါ စိတ်ကူးမှာ လွဲခဲ့သည်။
KNU ခေါင်းဆောင်အချို့သည် စစ်ဖြစ်မည်ကို မလိုလားသူများရှိသလို အာဏာသိမ်းသည့် စစ်ကောင်စီအား ပြန်တိုက်ရမည်ဟု ဆုံးဖြတ်ထားသည့် KNU ခေါင်းဆောင်များလည်း ရှိသည်။ ထို့ကြောင့် ပြည်မမှ တိမ်းရှောင်လာသူများအား လက်ခံစောင့်ရှောက်ပေးခဲ့ကာ စစ်သင်တန်းတက်လိုသည့် လူငယ်များအား သင်တန်းပေးခဲ့သည်။
KNU ခေါင်းဆောင်အချို့သည် စစ်ဖြစ်မည်ကို မလိုလားသူများရှိသလို အာဏာသိမ်းသည့် စစ်ကောင်စီအား ပြန်တိုက်ရမည်ဟု ဆုံးဖြတ်ထားသည့် KNU ခေါင်းဆောင်များလည်း ရှိသည်။ ထို့ကြောင့် ပြည်မမှ တိမ်းရှောင်လာသူများအား လက်ခံစောင့်ရှောက်ပေးခဲ့ကာ စစ်သင်တန်းတက်လိုသည့် လူငယ်များအား သင်တန်းပေးခဲ့သည်။
KNU အနေဖြင့် ညီလာခံမှနေ၍ KNU ဥက္ကဋ္ဌအသစ်အား ပြန်လည်ရွေးချယ်ခဲ့ပြီး နောက်ပိုင်း KNU နယ်မြေတွင် တိုက်ပွဲများ ပိုမိုဖြစ်လာခဲ့သည်။ လက်ရှိ KNU အထွေထွေ အတွင်းရေးမှူးချုပ်သည် စစ်ခေါင်းဆောင်နှင့် လုံးဝ မဆွေးနွေးဟု မူဝါဒချမှတ်ထားသည်။
ထို့ကြောင့်လည်း NUG နှင့် KNU တို့ပေါင်းကာ စစ်ကောင်စီအား ပြန်လည်တိုက်ခိုက်လာပြီး လေးနှစ်အတွင်း ကရင်ပြည်နယ်၌ စစ်ကောင်စီခန်းပေါင်း ၅၃ ခုကို သိမ်းပိုက်ထားနိုင်ခဲ့သည်။ အာဏာသိမ်း စစ်ခေါင်းဆောင်၏ KNU ကို စည်းရုံး၍ ရမည်ဟု ယူဆချက်မှာ လွဲသွားခဲ့သည်။
AA ကို စည်းရုံးမည့်အကြံ မအောင်မြင်ခြင်း
![](https://burma.irrawaddy.com/wp-content/uploads/2024/12/Mahminaunghlaing28Dec242.jpg)
စစ်ခေါင်းဆောင်အနေဖြင့် အာဏာမသိမ်းခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့် အာရက္ခတပ်တော် (ထိုစဉ်က ရက္ခိုင့်တပ်တော်- AA) ကြား ရန်တိုက်ပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က စစ်တိုက်ခိုင်းသဖြင့် AA အား တိုက်ရသည်ဟု မမှန်ကန်သည့်သတင်းအား တပ်မတော်သတင်းမှန် ပြန်ကြားရေးဟုဆိုသည့် အဖွဲ့မှ ဗိုလ်ချုပ် ထွန်းထွန်းညီက မီဒီယာများကို ပြောခဲ့သည်။
ထို့ပြင် အာဏာမသိမ်းခင် AA နှင့် စစ်ကောင်စီကြား ယာယီ အပတ်အခတ်ရပ်စဲကာ အာဏာသိမ်းသည့်အခါ AA အနေဖြင့် တော်လှန်ရေးတွင် မပါဝင်စေရန် ပြင်ဆင်ထားခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှသည် ရခိုင်တိုင်းရင်းသူဖြစ်သဖြင့် သူဇနီးမှတဆင့် AA ကို စည်းရုံးနိုင်မည်ဟု မင်းအောင်လှိုင်က ယုံကြည်ထားသည်။ ထို့ပြင် အာဏာသိမ်းပြီးနောက် စစ်တပ်မှ ဗိုလ်ချုပ်တဦးသည် ရခိုင်အမျိုးသားပါတီ (ANP) မှ ဒေါ်အေးနုစိန်ကို ဖုန်းဆက်၍ ကောင်စီဝင်အဖြစ် တာဝန်ပေးမည့်အကြောင်းနှင့် အဆိုပါရာထူးအား လက်ခံ၊ မခံကို မိနစ် ၃၀ အတွင်း အကြောင်းပြန်ရန် ပြောခဲ့သည်။
ထိုကဲ့သို့ စစ်တပ်က ကမ်းလှမ်းမှုနှင့် ပတ်သက်၍ ဒေါ်အေးနုစိန်က ပါတီဥက္ကဋ္ဌကို အသိပေးပြီးနောက် စစ်ခေါင်းဆောင် ကမ်းလှမ်းသည့်ရာထူးအား လက်ခံခဲ့သည်။
ထို့ပြင် AA တပ်မှူးချုပ်၏ ကျူရှင်ဆရာဖြစ်ခဲ့သူ ဦးဦးလှစောအား နေပြည်တော်သို့ ပြည်ထောင်စု အခမ်းအနားတက်ရန် ဦးဦးလှစောရှိသည့်နေရာသို့ ရဟတ်ယာဉ်ဖြင့် လာရောက် ခေါ်ဆောင်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ဦးအောင်မြတ်ကျော်နှင့် ဦးဦးလှစောတို့ တက်ရောက်ခဲ့ပြီး စစ်ကောင်စီက စည်းရုံးခဲ့သည်။ သို့သော် စည်းရုံးရေး မအောင်မြင်ခဲ့ပေ။
ထို့ပြင် AA တပ်မှူးချုပ်၏ ကျူရှင်ဆရာဖြစ်ခဲ့သူ ဦးဦးလှစောအား နေပြည်တော်သို့ ပြည်ထောင်စု အခမ်းအနားတက်ရန် ဦးဦးလှစောရှိသည့်နေရာသို့ ရဟတ်ယာဉ်ဖြင့် လာရောက် ခေါ်ဆောင်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ဦးအောင်မြတ်ကျော်နှင့် ဦးဦးလှစောတို့ တက်ရောက်ခဲ့ပြီး စစ်ကောင်စီက စည်းရုံးခဲ့သည်။ သို့သော် စည်းရုံးရေး မအောင်မြင်ခဲ့ပေ။
စစ်ခေါင်းဆောင်များအနေဖြင့် ANP ပါတီ၊ AA နှင့်ပတ်သက်သော ခေါင်းဆောင်အချို့ကို ရာထူးနှင့်စီးပွားရေး လုပ်ပိုင်ခွင့် အချို့ပေးကာ AA ကို နွေဦးတော်လှန်ရေးတွင် မပါဝင်လာစေရန် စည်းရုံးခဲ့ခြင်းဖြစ်သည်။ သို့သော် ဒေါ်အေးနုစိန် တယောက်သာ စစ်ကောင်စီက ပေးသည့်ရာထူးနှင့် လုပ်ပိုင်ခွင့်အချို့ကို လက်ခံခဲ့ပြီး ကျန်ခေါင်းဆောင်များက လက်မခံခဲ့ပေ။
AA ခေါင်းဆောင်များသည် နွေဦးတော်လှန်ရေးနှင့်အတူ စစ်အာဏာရှင် ချုပ်ငြိမ်းရေး အပြီးတိုင် တိုက်ပွဲဝင်မည်ဟု ဆုံးဖြတ်ထားသည့်အတွက် AA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြန်ဖြစ်ခဲ့ပြီး အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကိုပင် AA က သိမ်းပိုက်ထားပြီ ဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ AA ကို စည်းရုံးနိုင်မည်ဟု တွေးထင်ချက်မှာ တက်တက်စင် လွဲခဲ့သည်။
ဒေါက်တာ ဇော်ဝေစိုးကို စည်းရုံးခြင်း
![](https://burma.irrawaddy.com/wp-content/uploads/2024/12/Mahminaunghlaing28Dec244.jpg)
ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်းတွင် ရန်ကုန်မြို့ကို အောင်မြင်စွာ ကိုင်တွယ်ရာတွင် ဦးဆောင်ခဲ့သည့် ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ ပါမောက္ခချုပ် ဒေါက်တာ ဇော်ဝေစိုးကို အာဏာသိမ်းသည့်အခါ သူ့ဘက်ပါရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြိုးစားခဲ့သည်။
အာဏာသိမ်းသည့်နေမှာပင် လက်ရှိ စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအား ဒေါက်တာ ဇော်ဝေစိုးထံ သွားရောက်တွေ့ဆုံ၍ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရာထူး ပေးမည်ကို လက်ခံရန် ပြောဆိုခိုင်းခဲ့သည်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရာထူးကို လက်မခံပါက ကျန်းမာရေး ဒုဝန်ကြီးရာထူးပေးရန်လည်း ပြောဆိုခိုင်းခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကိုယ်တိုင် ဒေါက်တာ ဇော်ဝေစိုးထံ သွားရောက်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ် ရာထူးအား လက်ခံရန် ပြောဆိုခဲ့သည်။ သို့သော် ဒေါက်တာ ဇော်ဝေစိုးက တပတ် စဉ်းစားချိန်ပေးရန် ပြောဆိုခဲ့ပြီးနောက် လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်ခဲ့သည်။ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းကာ ယခုအချိန်အထိ နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့သည်။
ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ကိုယ်တိုင် ဒေါက်တာ ဇော်ဝေစိုးထံ သွားရောက်၍ ရန်ကုန်တိုင်းဝန်ကြီးချုပ် ရာထူးအား လက်ခံရန် ပြောဆိုခဲ့သည်။ သို့သော် ဒေါက်တာ ဇော်ဝေစိုးက တပတ် စဉ်းစားချိန်ပေးရန် ပြောဆိုခဲ့ပြီးနောက် လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်ခဲ့သည်။ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) တွင် ပူးပေါင်းကာ ယခုအချိန်အထိ နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေဖြင့် ဒေါက်တာ ဇော်ဝေစိုးကို ရာထူးပေး၍ သူ့ဘက်ပါရန် စည်းရုံးနိုင်မည်ဟု ယုံကြည်ထားခဲ့သည်။
ဒေါက်တာ ဇော်ဝေစိုးကို စည်းရုံးနိုင်ပါက ရန်ကုန်လူထုနှင့် ဆရာဝန်အများစု၏ ထောက်ခံမှုရမည်ဟု မျှော်လင့်ထားခဲ့သည်။ သို့သော် ဒေါက်တာ ဇော်ဝေစိုးသည် စစ်ခေါင်းဆောင်ကပေးသည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရာထူးကို လက်မခံဘဲ ပြည်သူ့ဘက်ရပ်တည်ကာ CDM လုပ်ခဲ့သည်။
ထို့ကြောင့် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု မျှော်လင့်ထားသော KNU, ULA/AA နှင့် ဒေါက်တာ ဇော်ဝေစိုးတို့ကို သိမ်းသွင်းမည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စိတ်ကူးမှာ တက်တက်စင် လွဲခဲ့ရသည်။
လက်တွေ့မကျသော စိတ်ကူးယဉ်များဖြင့် အာဏာသိမ်းခဲ့သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ယခုအခါ ဟန်လုပ်ပြုံးနေရသော်လည်း ညဘက်ပင် အိပ်မပျော်သည့်အတွက် အိပ်ဆေးသောက်အိပ်နေရပြီ ဖြစ်သည်။
You may also like these stories:
ချောတိုင်တက်သလိုဖြစ်နေတဲ့ ငြိမ်းချမ်းရေးလို့ ဆိုလိုက်တဲ့ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး
ကရင့် အာဇာနည်နေ့ ကျင်းပ၍ ပဒိုမန်းငြိမ်းမောင် အပါအဝင် ၆ ဦး တရားစွဲခံရ
AA ရဲ့ စစ်ဆင်ရေး ဧရာဝတီတိုင်း ကူးမှာကို စစ်ကောင်စီ စိုးရိမ် (ရုပ်/သံ)
တပ်မဌာနချုပ် ၂ ခု တပတ်အတွင်း AA သိမ်း
ကိုယ့်သမိုင်း ကိုယ်ရေးချင်သူတွေကို ဖိတ်ခေါ်လိုက်တဲ့ ဒေါက်တာဇော်ဝေစိုး