မြန်မာနှင့် ထိုင်းနယ်စပ်တွင် ရှောင်တိမ်းနေသည့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ပြန်လည် ခေါင်းထောင်လာခြင်းသည် တရုတ် ရုပ်ရှင်မင်းသားတယောက်ကို ကယ်ဆယ်လိုက်ပြီးနောက် အာရုံစိုက်ခံလာရသည်။ ရိုက်ကူးရေးအတွက်ဟုဆိုကာ လိမ်လည်ခေါ်ယူမှုကြောင့် ကမ္ဘာ့အကြီးမားဆုံး ဆိုက်ဘာလိမ်လည်မှု အချက်အခြာဒေသများအနက် တခုသို့ ခရီးသွားရန် အယုံသွင်းခံရသည်ဟု တရုတ် မင်းသား ဝမ်ရှင်း (ခေါ်) ရှင်းရှင်းက ပြောသည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နှင့် မျက်နှာချင်းဆိုင်ရှိ မြန်မာနိုင်ငံ၏ မြဝတီဒေသသည် ကမ္ဘာတဝန်းမှ သားကောင်များထံမှ နှစ်စဉ် ဒေါ်လာဘီလီယံနှင့်ချီ၍ အများအားဖြင့် လူကုန်ကူးခံရသည့် အလုပ်သမား အများအပြားသုံးပြီး တရုတ်ရာဇဝတ်ဂိုဏ်းအများစုက စီမံအုပ်ချုပ် လိမ်လည်သောကြောင့် အမည်ဆိုးကျော်ကြားသည့် ဗဟိုချက်ဖြစ်သည်။
၎င်းတို့၏ ပစ်မှတ်များသို့ ဖုန်းဖြင့်ဖြစ်စေ၊ လူမှုကွန်ရက်များဖြင့်ဖြစ်စေ ဆက်သွယ်ပြီး သားကောင်များကို လှည့်စားလိမ်လည်သည့် လျှို့ဝှက်လောကသို့ ဆွဲသွင်းကာ အတုအယောင် အချစ်ဇာတ်လမ်းများမှသည် အလျင်အမြန် ကြွယ်ဝချမ်းသာရေး အစီအစဉ်များအထိ အရာရာ ကမ်းလှမ်းကာ အားလုံးတို့သည် ဘဏ်မှ ငွေလွှဲပေးခြင်း သို့မဟုတ် ခရစ်ပတိုငွေပေးချေမှု ပြုလုပ်မိပြီးနောက်မှ အဖြစ်မှန်ကို သိကြရသည်။
ထိုင်းနိုင်ငံမှ သောင်ရင်းမြစ်ငယ်ဖြင့်သာ ပိုင်းခြားထားသော်လည်း ထိုလုပ်ငန်းများသည် ပုံမှန်လည်ပတ်နေသည့် တရားဥပဒေစိုးမိုးရေးဌာနများ လက်လှမ်းမမီသည် ခြံဝင်းများတွင် လုပ်ကိုင်ကြသည်။
မြန်မာစစ်တပ်၏ အကာအကွယ်အောက်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်သော ကရင်နယ်ခြားစောင့်တပ် (BGF) သည် ထိုနေရာကို စီမံခန့်ခွဲနေပြီး ဥပဒေအရ အရေးယူ အပြစ်ပေးခံရခြင်းမှ လွတ်မြောက်နေသည်။ ထို့ပြင် ထိုအဖွဲ့သည် ငွေကြေးလိမ်လည်မှု လုပ်ငန်းများကို ထိုင်းနယ်စပ်တလျှောက် တောင်ဘက်သို့ တိုးချဲ့နေသည်။
လွန်ခဲ့သောအပတ်တွင် တရုတ်ရုပ်သံမင်းသား ဝမ်ရှင်းကို ထိုင်းနိုင်ငံသို့ ရောက်ပြီးနောက် ပျောက်ဆုံးနေသည့် ရက်အနည်းငယ်အကြာတွင် ကယ်ဆယ်လိုက်ရသည်။
သူသည် သရုပ်ဆောင်ရန် လိမ်လည်ခေါ်ဆိုမှု၏ သားကောင်ဖြစ်သွားပြီး မြန်မာသို့ ဖြတ်ကူးရန် အယုံသွင်းခံရကြောင်း ပြောသည်။ ဝမ်ရှင်း (ခေါ်) ရှင်းရှင်း၏ လူသိများမှုကြောင့်သာ သူ့ကို ကယ်ဆယ်ရန် အားထုတ်မှုများ မြန်ဆန်ခဲ့ပုံရသည်။
သူသည် သရုပ်ဆောင်ရန် လိမ်လည်ခေါ်ဆိုမှု၏ သားကောင်ဖြစ်သွားပြီး မြန်မာသို့ ဖြတ်ကူးရန် အယုံသွင်းခံရကြောင်း ပြောသည်။ ဝမ်ရှင်း (ခေါ်) ရှင်းရှင်း၏ လူသိများမှုကြောင့်သာ သူ့ကို ကယ်ဆယ်ရန် အားထုတ်မှုများ မြန်ဆန်ခဲ့ပုံရသည်။
သို့သော် ထောင်နှင့်ချီသော အခြားသူများသည် ထိုမျှ ကံမကောင်းကြောင်း လူမှုအခြေပြုအဖွဲ့များက သတိပေးနေပြီး အချို့သူများသည် နှစ်များစွာ ပိတ်မိနေကြောင်း ပြောသည်။
“ရှင်းရှင်းရဲ့ အမှုဟာ ထိုင်းနိုင်ငံကို ခရီးသွားလာတဲ့အန္တရာယ်နဲ့ အဲဒီဂိုဏ်းတွေရဲ့ အတင့်ရဲမှုကို အွန်လိုင်းမှာ လူသိရှင်ကြား ဖြစ်စေတယ်” ဟု ထိုင်းအခြေစိုက် လူကုန်ကူးခံရသူများကူညီရေးကွန်ရက်က တရုတ်အာဏာပိုင်များထံ ဇန်နဝါရီလ ၇ ရက် ရက်စွဲတပ်စာတွင် ဖော်ပြထားသည်။
ထိုအဖွဲ့က တရုတ်နိုင်ငံအနေဖြင့် ထိုရာဇဝတ်ကွန်ရက်ကို အပြီးတိုင် ချေမှုန်းရန် တောင်းဆိုပြီး မြန်မာမှ ငွေကြေးလိမ်လည်မှု လုပ်ငန်းများ၏ ခြိမ်းခြောက်မှုအောက်တွင် အခြားသူများအပြင် နောက်ထပ် တရုတ်နိုင်ငံသား ၃,၉၀၀ ရှိနေသေးကြောင်း ယူဆသည်ဟု ပြောသည်။

“မြန်မာမှ ရာဇဝတ်ဂိုဏ်းများနှင့် ၎င်းတို့ကို ခွင့်ပြုသူများအား တရုတ်အစိုးရက ပြတ်သားသည့် အရေးယူမှုနှင့် တရုတ်နှင့် ထိုင်းနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၊ ထောက်လှမ်းရေးသတင်း ဖလှယ်မှုသည် ထိုင်း-မြန်မာ နယ်စပ်တွင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုနှင့် ကြီးမားသော လူကုန်ကူးမှု အကျပ်အတည်း တိုက်ဖျက်ရေးအတွက် အရေးပါသည်” ဟု ထိုစာတွင် ရေးသားထားသည်။
တရုတ်အာဏာပိုင်များ၏ လွန်ခဲ့သောနှစ်က အဓိကကျသည့် နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးများတွင် တရုတ်နယ်စပ် ကိုးကန့်ဒေသမှ ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို နှိမ်နင်းနိုင်ပြီး တရုတ်ငွေကြေးလိမ်လည်မှု သံသယရှိသူ ရာပေါင်းများစွကို ဖမ်းဆီကာ လူကုန်ကူးခံရသည့် ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ် နိုင်ငံသားများကို လွတ်မြောက်စေခဲ့သည်။
သို့သော် ငွေအများအပြား ရသောကြောင့် ထိုဂိုဏ်းများသည် မဲဆောက်တဖက်ကမ်း မြဝတီမှ အမည်ဆိုး ကျော်ကြားသည့် KK Park အပါအဝင် လက်ရှိခြံဝင်းများသည် တောင်ဘက်သို့ အလျင်အမြန် ပြန်လည် အုပ်စုဖွဲ့ကြသည်။
အရှေ့တောင်အာရှမှ ငွေကြေးလိမ်လည်မှု လုပ်ငန်းများသည် “အကြီးစား ကိုလိုနီနယ်ပယ်များ” ဖြစ်ပြီး တနှစ်လျှင် ကမ္ဘာ့ဆုံးရှုံးမှု ဒေါ်လာ ဘီလီယံ ဆယ်ပေါင်းများစွာရှိကြောင်း အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) က ဖော်ပြသည်။
ထိုလုပ်ငန်းများကို စနစ်တကျ ဖွဲ့စည်းထားပြီး စိတ်ပါလက်ပါလုပ်သော ဝန်ထမ်းများအပြင် ကမ္ဘာအနှံ့အပြားမှ လူကုန်ကူးခံရသူများနှင့် ဖွဲ့စည်းထားကြောင်း လွတ်မြောက်လာသည့် အလုပ်သမားများက ပြောသည်။
ထိုလုပ်ငန်းများကို စနစ်တကျ ဖွဲ့စည်းထားပြီး စိတ်ပါလက်ပါလုပ်သော ဝန်ထမ်းများအပြင် ကမ္ဘာအနှံ့အပြားမှ လူကုန်ကူးခံရသူများနှင့် ဖွဲ့စည်းထားကြောင်း လွတ်မြောက်လာသည့် အလုပ်သမားများက ပြောသည်။
အသွင်ယူထားသူ အမျိုးမျိုးသည် ပစ်မှတ်များကို စိတ်ရှည်လက်ရှည် ဆက်သွယ်ခြင်း၊ လူမှုကွန်ရက်မှတဆင့် ဆက်သွယ်ခြင်းများ လုပ်ကြပြီးနောက် လိမ်လည်ထားသော ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများ သို့မဟုတ် အချစ်ဇာတ်လမ်း ထွင်ထားသည့် ငွေကြေးလိမ်လည်မှုများသို့ ဆွဲသွင်းကာ ဘဏ်စာရင်းများကို ခိုးယူသည့် “ဝက်သတ်သမားများ” ဟု ခေါ်ကြသူများထံ လွှဲပြောင်းပေးသည်။
မြဝတီမှ ခြံဝင်းများတွင် အလုပ်သမားများအတွက် အဆောင်များဆောက်ပြီး အစားအစာနှင့် ဖျော်ဖြေမှုမှသည် အရှေ့တောင်အာရှတဝန်းမှ ကျွန်ပြုထားသည့် အမျိုးသမီးများထံမှ လိင်ကိစ္စအထိ ယွမ်၊ ထိုင်းဘတ်နှင့် ခရစ်ပတိုငွေကြေး သို့မဟုတ် QR ကုတ်ဖြင့် ပေးချေသည့် အတွင်းစီးပွာရေး ထူထောင်ထားသော ရင်းနှီးမြှပ်နှံသူအမျိုးမျိုးက စီမံခန့်ခွဲသည်။
သတ်မှတ်ငွေ ပြည့်မီအောင် လိမ်လည်ခြင်း မလုပ်နိုင်မှုမှသည် ထွက်ပြေးရန် ကြိုးစားမှုများအထိ ကျွဲ နွားများကို တားဆီးသည့် လျှပ်စစ်ရှော့တိုက်ခြင်းနှင့် သံတုတ်ဖြင့်ရိုက်ခြင်းဖြင့် အကြမ်းဖက်မှုများ ပုံမှန်လုပ်သည်။
“ငွေကြေးလိမ်လည်မှုမြို့ ဆက်လက် ကြီးထွားလာနေတယ်” ဟု ထိုသူများ လွတ်မြောက်အောင် ကူညီနေသည့် အန္တရာယ်ကြောင့် အမည်မဖော်လိုသော ထိုင်းတက်ကြွလှုပ်ရှားသူတဦးက This Week in Asia သို့ ပြောသည်။
“သောင်ရင်းမြစ် တဖက်ကမ်း မြဝတီမှာ နေရာ သုံးခု ရှိဖူးပေမယ့် အခုတော့ တောင်ဘက်ကို တိုးချဲ့လာပြီ။ နိုင်ငံခြားသားတွေ ဆက်လက် ကူးနေတုန်းပဲ။ အာဏာပိုင်တွေက သူတို့ကို တားဆီးဖို့ဘာမှ မလုပ်ကြသေးဘူး” ဟုလည်း ၎င်းက ဆက်လက်ပြောသည်။
“သောင်ရင်းမြစ် တဖက်ကမ်း မြဝတီမှာ နေရာ သုံးခု ရှိဖူးပေမယ့် အခုတော့ တောင်ဘက်ကို တိုးချဲ့လာပြီ။ နိုင်ငံခြားသားတွေ ဆက်လက် ကူးနေတုန်းပဲ။ အာဏာပိုင်တွေက သူတို့ကို တားဆီးဖို့ဘာမှ မလုပ်ကြသေးဘူး” ဟုလည်း ၎င်းက ဆက်လက်ပြောသည်။
ထိုခြံဝင်းများကို ဆောက်လုပ်ရေးပစ္စည်းနှင့် ဝန်ထမ်းများအတွက် လူသားရင်းမြစ် ထောက်ပံ့ရေး လမ်းကြောင်းအဖြစ် ထိုင်းနိုင်ငံသည် အရေးပါသော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေကြောင်း ထိုတက်ကြွလှုပ်ရှားသူက ပြောသည်။
အရေးပါသော တရုတ်ခရီးသည် ဈေးကွက်ကို ထိခိုက်မည် စိုးရိမ်သောကြောင့် ထိုင်းအာဏာပိုင်များသည် နယ်စပ်အနီး ပျောက်ဆုံးသူများအတွက် ဆက်သွယ်ရန်ဌာနတခု ထူထောင်ထားပြီး တရုတ်နိုင်ငံသားများကို ကယ်ဆယ်ရန်နှင့် ၎င်းတို့ လက်လှမ်းမမီသည် နေရာတွင် ကြီးထွားနေသည့် ထိုလုပ်ငန်းကို နှိမ်နင်းရန် တရုတ်အာဏာပိုင်များနှင့် ပူးပေါင်းမည်ဟု ကတိပြုထားသည်။
“ဂီတပွဲတွေ ဖျက်သိမ်းတာ၊ တရုတ်နှစ်သစ်ကူး နီးကပ်လာတာနဲ့အတူ ဒီကိစ္စက ကျနော်တို့ကို ထိခိုက်စေတယ်ဆိုတာ ကျနော်တို့ တွေ့နေရတယ်။ လူတွေ ဒီကိုမလာတော့ဘူးလို့ မျှော်လင့်ရတယ်” ဟု ထိုင်း ဒုတိယ ဝန်ကြီးချုပ် ဖမ်သမ် ဝေချယာချိုင်းက လုံခြုံရေး စိုးရိမ်သောကြောင့် ဖျော်ဖြေပွဲ ဖျက်သိမ်းသူ ဟောင်ကောင်မှ ကန်တုံပေါ့ပ် အဆိုတော်နှင့် သရုပ်ဆောင် အက်ဆွန် ချန်း၏ ဖေဖော်ဝါရီလ ဖျော်ဖြေပွဲကို ရည်ညွှန်းပြီး သတင်းထောက်များကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြောသည်။
“ကျနော်တို့ အဲဒီပြဿနာကို ကိုင်တွယ်နေပေမယ့် စစ်မှန်တဲ့ပြဿနာတွေနဲ့ နားလည်မှုကို အခြေခံရမယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
သို့သော် ထိုင်းက ထိုရာဇဝတ်မှုများအား ထိန်းချုပ်ရန် ကြိုးစားမှုများကို တောင့်ခံနိုင်သော အိမ်နီးချင်းနိုင်ငံမှ ငွေကြေးလိမ်လည်မှု လုပ်ငန်းများကို ဖြိုခွဲရန် ထိုင်းအတွက် စွမ်းရည် အကန့်အသတ်များရှိနေကြောင်း ထိုင်း ဒုတိယ ဝန်ကြီးချုပ်က ပြောသည်။
ထိုင်း အင်တာနက်ဝန်ဆောင်မှု ပေးသူများနှင့် အဆက်အသွယ်ဖြတ်ရန် အားထုတ်မှုများကို ကမ္ဘာ့ အချမ်းသာဆုံးသူ အီလွန်မတ်စ်၏ ကုမ္ပဏီ SpaceX မှ ဘရော့ဘန်း ဂြိုဟ်တုများနှင့် ဆက်သွယ်သည့် Starlink စက်များ ဝယ်ယူပြီး ကျော်ဖြတ်နေပုံရကြောင်း အတွင်းလူများက ပြောသည်။
(South China Morning Post ပါ Aidan Jones ၏ ‘Scam City is growing’: how Myanmar’s cyber fraud hubs outfox efforts to shut them down ကို ဘာသာပြန်သည်။)
You may also like these stories:
တရုတ်မင်းသား လူကုန်ကူးခံရမှု မြဝတီ၌ ကျားဖြန့်များ ဆက်ရှိနေသည်ကို ပြ
ရုပ်ရှင်မင်းသားအမှုကြောင့် ထိုင်းခရီးစဉ်များ တရုတ်တွေ ဖျက်သိမ်း
လူကုန်ကူးမှု အရူပ်တော်ပုံကြားက ရွှေကုက္ကိုလ် (ရုပ်/သံ)
သရုပ်ဆောင်မင်းသား ပြန်ရှာတွေ့လည်း ထိုင်းခရီးသွားလုံခြုံရေး တရုတ်တွေ စိုးရိမ်
တရုတ်ရာဇဝတ်ဂိုဏ်းများ ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်ထား
မြဝတီက အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် ထိုင်းတွေလည်း ပါဟု MFP ပြောဆို