နိုင်ငံတော်ကောင်စီမှ စိုးရိမ်မှုနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ သက်ရောက်မှုများ ရှိသော်လည်း ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်နှင့် ဝင်ငွေရစေရန် ကာစီနိုရုံများနှင့် အွန်လိုင်းလောင်းကစားကို တရားဝင်အောင် ထိုင်းအစိုးရ လုပ်ဆောင်နေသည်။ ထပ်မံ စဉ်းစားသုံးသပ်ရန်အတွက် ထိုအစီအမံများကို ပါလီမန်သို့ တင်သွင်းရန် အစိုးရက စီစဉ်ထားသည်။
လောင်းကစားခြင်းနှင့် ကာစီနိုရုံများ တရားဝင်စေရန် ထိုင်းအစိုးရက ဇန်နဝါရီလ ၁၃ နေ့တွင် ခွင့်ပြုသည်။ နိုင်ငံတော်ကောင်စီက စိုးရိမ်ပူပန်ကြောင်း လွန်ခဲ့သောအပတ်က သတင်းများရှိသော်လည်း ထိုဆုံးဖြတ်ချက်ကို ချခြင်း ဖြစ်သည်။
လောင်းကစားခြင်းနှင့် ကာစီနိုရုံများ တရားဝင်စေရန် ထိုင်းအစိုးရက ဇန်နဝါရီလ ၁၃ နေ့တွင် ခွင့်ပြုသည်။ နိုင်ငံတော်ကောင်စီက စိုးရိမ်ပူပန်ကြောင်း လွန်ခဲ့သောအပတ်က သတင်းများရှိသော်လည်း ထိုဆုံးဖြတ်ချက်ကို ချခြင်း ဖြစ်သည်။
ထိုရည်မှန်းချက်ကြီးမားသော အဆိုပြုချက်ကို စတင်ရန် ဥပဒေကြမ်းတခုကို ပါလီမန်သို့ ပို့ဆောင်နေကြောင်း ဝန်ကြီးချုပ် မစ္စ ပေတောင်တန် ရှင်နာဝပ်က ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ပြောသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် နိုင်ငံခြားခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးပြီး အစိုးရအတွက် ဘတ် ဘီလီယံ ဆယ်ပေါင်းများစွာ ဝင်ငွေရမည်ဟု မျှော်လင့်ရသည်။
တချိန်တည်းတွင် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူအဖွဲ့အစည်းဝန်ကြီး ပရာဆတ် ချန်တာရာရွန်ထောင်က အစိုးရသည် အွန်လိုင်းလောင်းကစားခြင်းကို တရားဝင်အောင် လုပ်နေကြောင်း ကြေညာသည်။
အစိုးရက ကမကထပြုသည့် ဖျော်ဖြေရေး လုပ်ငန်းများ၏ တစိတ်တပိုင်းအဖြစ် တရားဝင် ကာစီနိုများကို စတင်ပြုလုပ်ရန် အစိုးရအဖွဲ့က ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အတည်ပြုသည်။ အဆိုပြု ဥပဒေကြမ်းတခုကို အစိုးရက အတည်ပြုသည်။ သို့သော် ထိုအစီအမံ၏ နယ်ပယ်သည် လုံလောက်စွာ ကျယ်ပြန့်ခြင်း မရှိမည်ကို စိုးရိမ်သည်ဟု လွန်ခဲ့သောအပတ်က ပြောသည့် နိုင်ငံတော်ကောင်စီက ထိုဥပဒေကြမ်းကို ပြုပြင်ပြောင်းလဲဖွယ်ရှိသည်။
အချုပ်အားဖြင့် ဆိုရပါက ကောင်စီအတွင်းရေးမှူးရုံးက ပါလီမန်သို့ ပေးပို့သည့် ထိုဥပဒေကြမ်းသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက ဝန်ကြီးချုပ် မစ္စ ပေတောင်တန် ရှင်နာဝပ်ပြောကြားသည့် အစိုးရမူဝါဒ ကြေညာချက်နှင့် ကိုက်ညီအောင်လုပ်မည်ဖြစ်သည်။
ထိုသတင်းကို မစ္စ ပေတောင်တန်က သတင်းစာရှင်းလင်းပွဲတွင် သူ၏ဝန်ကြီးများ ခြံရံလျက် ကြေညာသည်။

ထိုင်းအစီအစဉ်များကို စင်ကာပူပုံစံနှင့် နှိုင်းယှဉ်
ထိုကိစ္စသည် နိုင်ငံတွက် ဖြစ်ပေါ်တိုးတက်မှုသစ်ဖြစ်ကြောင်း မစ္စ ပေတောင်တန်က သတင်းထောက်များကို အလေးထားပြောသည်။ အထူးသဖြင့် အစိုးရ၏ ထိုအစီအစဉ်ကို သူက စင်ကာပူမှ အလားတူ ဖြစ်ပေါ်တိုးတက်မှုနှင့် နှိုင်းယှဉ်သည်။ စင်ကာပူသည် လွန်ခဲ့သော ၁၄ နှစ်တာ ကာလအတွင်း အောင်မြင်မှုပုံစံတမျိုးကို ဖော်ထုတ်နိုင်ခဲ့သည်။
၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် စင်ကာပူသည် တရုတ်နှစ်သစ်ကူးအတွက် ပထမဆုံး ကာစီနိုရုံများကို ဖွင့်လှစ်ခဲ့သည်။ ယခင်ကလည်း စင်ကာပူအစိုးရသည် ခွင့်ပြုချက် နှစ်ခုပေးခဲ့သည်။ ထိုခွင့်ပြုချက်များတွင် Malaysian Genting Group ပါဝင်သည်။ နောက် နှစ်လကြာသောအခါ Marina Bay Sands ကို ဖွင့်သည်။
၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် စင်ကာပူသည် တရုတ်နှစ်သစ်ကူးအတွက် ပထမဆုံး ကာစီနိုရုံများကို ဖွင့်လှစ်ခဲ့သည်။ ယခင်ကလည်း စင်ကာပူအစိုးရသည် ခွင့်ပြုချက် နှစ်ခုပေးခဲ့သည်။ ထိုခွင့်ပြုချက်များတွင် Malaysian Genting Group ပါဝင်သည်။ နောက် နှစ်လကြာသောအခါ Marina Bay Sands ကို ဖွင့်သည်။
ထိုလုပ်ငန်း အောင်မြင်မှု နောက်ပိုင်းတွင် စင်ကာပူသည် ဒုတိယအဆင့်ကို စတင်ရန်နှင့် ကာစီနိုနှင့်ဖျော်ဖြေရေး အဆောက်အအုံများ တိုးချဲ့ခြင်းကို စတင်ရန် ၂၀၂၄ ခုနှစ်တွင် ခွင့်ပြုပြီး ဘဏ္ဍာရေး ထောက်ပံ့မှုပေးသည်။
ထိုင်းနိုင်ငံတွင်ကဲ့သို့ပင် လောင်းကစားနှင့် ကာစီနိုကို စင်ကာပူတွင် တရားမဝင်ဟု သတ်မှတ်ထားသည်။ ထိုင်းနိုင်ငံသည်လည်း အလားတူ ရလဒ်မျိုးကို မျှော်လင့်နေသည်။

ခရီးသွားလုပ်ငန်း ဝင်ငွေ အကြီးအကျယ်ရမည်ဟု မျှော်လင့်
သို့သော် သတိထားရန် တိုက်တွန်းသည့် အာဘော်များလည်း ရှိသည်။ မည်သို့ဆိုစေကာမူ ထိုအဆိုပြုချက်ကို ဘန်ကောက်မြို့တော်ခရိုင်၏ တုံ့ပြန်မှုသည် အများအားဖြင့် အပြုသဘောဆောင်သည်။
ဥပမာအားဖြင့်ဆိုပါက Krungsri Securities (KSS) က ထိုဖြစ်ပေါ်တိုးတက်မှုသည် ခရီးသွားလုပ်ငန်းကို သေချာပေါက် မြှင့်တင်ပေးမည်ဖြစ်သည်ဟု မှတ်ချက်ပေးသည်။
ဈေးဝယ်စင်တာများ၊ အဆင့်မြင့်ဟိုတယ်များနှင့် ပန်းခြုံငယ်များကဲ့သို့ လူလုပ် ကမ္ဘာ့လှည့်ခရီးသည် ဆွဲဆောင်သည့် နေရာများအပါအဝင် အဆောက်အအုံတခုကို ဘန်ကောက်တွင် တည်ဆောက်ပါက ဒေါ်လ ၈ ဘီလီယံ သို့မဟုတ် ဘတ် ၂၈၀ ဘီလီယံ ကုန်ကျမည်ဟု အထက်ပါ ဘဏ္ဍာရေးအုပ်စုက ခန့်မှန်းသည်။
ထိုရန်ပုံငွေကို ရရှိပါက တည်ဆောက်ရန် ၅ နှစ်မှ ၁၀ နှစ်အထိ ကြာမည်ဖြစ်သည်။ သို့သော် အလုပ်အကိုင်များ၊ အထူးသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းအတွက် အလုပ်အကိုင်များကို ချက်ချင်း ဖန်တီးနိုင်သည်။ ထိုလုပ်ငန်းသည် အစိုးရအတွက် တနှစ်လျှင် ထိုင်းဘတ် ၅၉ မှ ၈၄ ဘီလီယံအထိ လည်ပတ်ပေးနိုင်မည်ဟုလည်း ထိုဘဏ္ဍာရေးလုပ်ငန်းက ပြောသည်။
ဘဏ္ဍာရေး ဒုဝန်ကြီး မစ္စတာ ဂျူလာပွန် အမွန်ဗီဗက်က ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ပိုမိုသတိထားစဉ်းစားပုံရသည်။ အလုပ်အကိုင် ၉,၀၀၀ မှ ၁၅,၀၀၀ အထိ ဖန်တီးနိုင်ပြီး အစိုးရဘဏ္ဍာငွေ တနှစ်လျှင် ဘတ် ၁၂ မှ ၄၀ ဘီလီယံအထိ ရနိုင်မည်ဟု သူကခန့်မှန်းသည်။
တဖက်တွင်လည်း ထိုအစီအစဉ်ကို ဦးဆောင်သည့် ဘဏ္ဍာရေး ဒုဝန်ကြီး မစ္စတာ ဂျူလာပွန် အမွန်ဗီဗက်က ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ပိုမိုသတိထားစဉ်းစားပုံရသည်။ အလုပ်အကိုင် ၉,၀၀၀ မှ ၁၅,၀၀၀ အထိ ဖန်တီးနိုင်ပြီး အစိုးရဘဏ္ဍာငွေ တနှစ်လျှင် ဘတ် ၁၂ မှ ၄၀ ဘီလီယံအထိ ရနိုင်မည်ဟု သူကခန့်မှန်းသည်။

ယဉ်ကျေးမှုနှင့် စီးပွားရေး သက်ရောက်မှုများကို စိုးရိမ်
အလားတူစွာပင် ထိုလုပ်ငန်းသည် နိုင်ငံခြားသား ခရီးသွားလုပ်ငန်းကို နှစ်စဉ် ၁၀ မှ ၁၅ ရာခိုင်နှုန်း မြှင့်တင်ပေးမည်ဖြစ်သည်။ အထူးသဖြင့် ခရီးသွားလုပ်ငန်းကို ထိပ်တန်းရာသီ မဟုတ်သည့် အချိန်များတွင် အထောက်အကူ ပြုမည်ဖြစ်သည်။
ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ် (UTCC) မှ မစ္စတာ သန်နာဗတ် ဖွန်ဗီချိုင်ကလည်း ပိုမိုစဉ်းစားချင့်ချိန်သည်။ ထိုင်းနိုင်ငံသည် စင်ကာပူ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် လာအိုကဲ့သို့သော အခြားနိုင်ငံများ၏ လမ်းကြောင်းကို လိုက်ရမည်ဖြစ်ကြောင်း ပြောသည်။ အချို့နိုင်ငံများသည် ထိုလုပ်ငန်းမှ ဘတ် ၁ ထရီလီယံ ဝင်ငွေတိုးသည်မှာ မှန်ကန်သည်။
မည်သို့ဆိုစေ ထိုင်းနိုင်ငံတွင် လောင်းကစားလုပ်ငန်း၏ ယဉ်ကျေးမှုဆိုင်ရာ သက်ရောက်မှုများကို သူက စိုးရိမ်သည်။ ထို့ကြောင့် ထိုလုပ်ငန်းကို ထိုင်းနိုင်ငံတွင် စတင်ပါက ကျွမ်းကျင်မှုဖြင့် စီမံရမည်ဟု ထင်သည်။ ထို့ပြင် အဆိုပြုထားသည့် ထိုဖြစ်ရပ်အပေါ် တိုးတက်မှုအတွက် ပိုမိုညှိနှိုင်းရန်နှင့် သတင်းအချက်ရှာရန် မစ္စတာ သန်နာဗတ် ဖွန်ဗီချိုင်က တောင်းဆိုသည်။
ဥပမာအားဖြင့် တောင်အာဖရိကတွင် ရလဒ်များမှာ ကောင်းကျိုးနည်းသည်။ ထိုနိုင်ငံများသည် လောင်းကစားနှင့် ပတ်သက်သည့် ထူးခြားသော အလေ့အထနှင့် စွဲလမ်းမှုရှိသည်။
လက်တွေ့တွင် ထိုနိုင်ငံများမှ လူအများအပြားက လောင်းကစားခြင်းသည် ဝင်ငွေ ဒုတိယရင်းမြစ်အဖြစ် မြင်ကြသည်။ ထို့ကြောင့် တရားဝင် လောင်းကစားကို စတင်ခြင်းသည် နိုင်ငံ၏ အခြေခံတည်ဆောက်ပုံကို တစုံတရာ ထိခိုက်စေမည် ဖြစ်သည်။
လောင်းကစားဥပဒေကို ပါလီမန် မတင်မီ အပြီးသတ်ရေးဆွဲမည်
“ဒီမူဝါဒမှာ ကောင်းကျိုးရော ဆိုးကျိုးရောရှိတယ်လို့ ကျနော်ထင်တယ်။ လူ့အဖွဲ့အစည်းအနေနဲ့က ပိုမို ဆွေးနွေးဖို့၊ နားလည်ဖို့နဲ့ ဘယ်လို ဆိုးကျိုးကိုမဆို လျှော့ချဖို့ နိုင်ငံတော်ဦးဆောင်တဲ့ အစီအမံတွေ လိုအပ်နေဆဲ ဖြစ်တယ်။ အစိုးရရဲ့ လေ့လာမှုတွေအရ တောင်အာဖရိကမှာ လူဦးရေရဲ့ ကြီးမားတဲ့ အချိုးအစားဟာ ဖျော်ဖြေရေး နေရာတွေမှာ ပါဝင်ကြပြီး ပြဿနာတွေ ဖြစ်စေတယ်။ ဒါကြောင့် အဲဒီ ဖျော်ဖြေရေးနေရာတွေကို လာတဲ့ နိုင်ငံခြားသားအရေအတွက်ဟာ ဒေသခံ အရေအတွက်ထက် များသင့်တယ်” ဟု မစ္စတာ သန်နာဗက်က ရှင်းပြသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့က ရှင်းလင်းပွဲတွင် ထိုဥပဒေကြမ်းကို နှစ်လအတွင်း ပါလီမန်သို့ တင်သွင်းမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ နိုင်ငံတော်ကောင်စီ၏ ပြုပြင်မှုများသည် ထိုဥပဒေကြမ်းကို အစိုးရက ကြေညာထားသည့် မူဝါဒနှင့် ပုံစံကျစေရန်သာဖြစ်မည်ဟု ဝန်ကြီးချုပ် မစ္စ ပေတောင်တန်က အခိုင်အမာ ပြောသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့က ရှင်းလင်းပွဲတွင် ထိုဥပဒေကြမ်းကို နှစ်လအတွင်း ပါလီမန်သို့ တင်သွင်းမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ နိုင်ငံတော်ကောင်စီ၏ ပြုပြင်မှုများသည် ထိုဥပဒေကြမ်းကို အစိုးရက ကြေညာထားသည့် မူဝါဒနှင့် ပုံစံကျစေရန်သာဖြစ်မည်ဟု ဝန်ကြီးချုပ် မစ္စ ပေတောင်တန်က အခိုင်အမာ ပြောသည်။
အစောပိုင်းက သတင်းစာရှင်းလင်းပွဲသည် နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးချုပ် မစ္စတာ ပါကွန် နေဖရာဖွန်ထံမှလည်း ကြားနာခဲ့သည်။ အတိုချုပ်ဆိုရပါက ကောင်စီသည် အစိုးရ၏ ထိုအစီအစဉ်အတွက် ပြဿနာနှင့် သဘောထား ကွဲလွဲမှု မရှိကြောင်း ပြောခဲ့သည်။
မည်သို့ဆိုစေ ထိုဥပဒေကြမ်းသည် အောက်လွှတ်တော်၏ စဉ်းစားသုံးသပ်ချက်များကို အခြေခံသည်ဟု သူက ရှင်းပြသည်။ ထို့ကြောင့် ထိုဥပဒေသည် လောင်းကစားနှင့် ကာစီနိုကို ခွင့်ပြုရန် လုပ်ဆောင်ရေး အလွန်အာရုံစိုက်သည်။

အွန်လိုင်းလောင်းကစား တရားဝင်စေရေး စတင်
ထို့နောက် ပါလီမန်သို့ တင်သွင်းမည့် ဥပဒေများသည် အစိုးရက ကြေညာထားသည့် မူဝါဒနှင့် ကိုက်ညီမည် ဖြစ်သည်။
ထိုအစီအစဉ်မှာ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းကို မြှင့်တင်ရန်အတွက် ခရီးသည် ဆွဲဆောင်သောနေရာများနှင့် ဖျော်ဖြေရေး နေရာများကို တည်ဆောက်စီမံရန် ဖြစ်သည်။ သို့သော် အစီအစဉ်ကို အကောင်အထည်ဖော်ရန်မှာ ထိန်းချုပ်နိုင်သည့်နေရာများမှ ၁၀ ရာခိုင်းနှုန်းသာ ရှိမည်ဟု မျှော်လင့်ရသည်။
ဝန်ကြီးချုပ် မစ္စ ပေတောင်တန်သည် ထိုဥပဒေကြမ်းကို ပါလီမန်သို့ တင်သွင်းမည်ဆိုသည်ကို အလေးထားပြောရင်း စိတ်လှုပ်ရှားနေသည်။ ထိုဥပဒေကို အတည်ပြုရန် မည်မျှကြာမည်ကို သူ မသိသော်လည်း ပါလီမန်အဖွဲ့ဝင်များအနေဖြင့် တတ်နိုင်သမျှ အချိန်မယူကြရန် တိုက်တွန်းသည်။
တချိန်တည်းတွင် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူအဖွဲ့အစည်းဝန်ကြီး ပရာဆတ် ချန်တာရာရွန်ထောင်က အစိုးရသည် အွန်လိုင်းလောင်းကစားခြင်းကို တရားဝင်အောင် လုပ်မည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ကြေညာလိုက်သည်။
ထိုသို့လုပ်ရန်အတွက် မည်သည့် ဥပဒေအပြောင်းအလဲများ ပြုလုပ်မည်ကို ရှင်းလင်းစွာ မသိသေးကြောင်း မစ္စတာ ပရာဆတ်က ရှင်းပြသည်။
“ဒါက မူပဲ။ ဒီနေ့ခေတ်မှာ တရားမဝင် အွန်လိုင်းလောင်းကစားကို နေရာတိုင်းမှာ တွေ့နေရပြီး ကျနော်တို့က အဲဒါကို တရားဝင်အောင် လုပ်နေတာ” ဟု ၎င်းကပြောသည်။
ကနဦး ခြေလှမ်း
ဒီဂျစ်တယ်စီးပွားရေးနှင့် လူ့အဖွဲ့အစည်းဝန်ကြီး ပရာဆတ်က အွန်လိုင်းလောင်းကစားကို တရားဝင် အောင်လုပ်မည်ဟု ကြေညာသည်။ အစိုးရအဖွဲ့အစည်းမျိုးစုံမှ သဘောထားများကိုလည်း ကောက်ခံနေသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အစိုးရ၏ ရည်ရွယ်ချက်များကို မစ္စ ပေတောင်တန်က အခိုင်အမာ ရှင်းပြသောအခါ သူ့ကို ဖွေထိုင်းပါတီ အစိုးရဝန်ကြီးများက ခြံရံထားသည်။ ယခင်က ဘမ်ဂျိုင်ထိုင်းပါတီက ထိုမူဝါဒနှင့် ပတ်သက်သည့် သံသယကို ပြောဆိုခဲ့သည်။
ထိုင်းအစိုးရက ဇန်နဝါရီလ ၁၃ နေ့တွင် အတည်ပြုခဲ့သော်လည်း ထိုအပြောင်းအလဲများ ဖြစ်စေမည့် ဥပဒေ အစီအမံများ သို့မဟုတ် ဥပဒေကြမ်းများကို ပါလီမန်က ဦးစွာ အတည်ပြုရမည် ဖြစ်သည်။ ထိုအဆင့်တွင် နိုင်ငံရေး ငြင်းခုံဆွေးနွေးမှုအတွက် သို့မဟုတ် သဘောထားကွဲလွဲမှုအတွက် နယ်ပယ်ရှိမည်မှာ သေချာသည်။
ထို့ပြင် ထိုင်းအစိုးရက ဇန်နဝါရီလ ၁၃ နေ့တွင် အတည်ပြုခဲ့သော်လည်း ထိုအပြောင်းအလဲများ ဖြစ်စေမည့် ဥပဒေ အစီအမံများ သို့မဟုတ် ဥပဒေကြမ်းများကို ပါလီမန်က ဦးစွာ အတည်ပြုရမည် ဖြစ်သည်။ ထိုအဆင့်တွင် နိုင်ငံရေး ငြင်းခုံဆွေးနွေးမှုအတွက် သို့မဟုတ် သဘောထားကွဲလွဲမှုအတွက် နယ်ပယ်ရှိမည်မှာ သေချာသည်။
နိုင်ငံတော်ကောင်စီ အတွင်းရေးမှူးချုပ် မှတ်ချက်များအရ ထိုဥပဒေကြမ်းကို အကြီးအကျယ် ပြုပြင်မည်ဖြစ်ကြောင်း ထင်ရှားသည်။ ဝန်ကြီးချုပ်၏ မှတ်ချက်များအရ ထိုဥပဒေကြမ်းကို ပါလီမန်သို့ မပို့ဆောင်မီ အစိုးရက ထပ်မံ စဉ်းစားသုံးသပ်မည် မဟုတ်ကြောင်း သိရသည်။
နောက်ဆုံးအချက်မှာ အွန်လိုင်းလောင်းကစားကို တရားဝင်စေမည့် ဥပဒေအစီအမံများကို မတင်ပြရသေးခြင်း ဖြစ်သည်။
ဘမ်ဂျိုင်ထိုင်းပါတီနှင့် ပါတီခေါင်းဆောင် ဒုတိယ ဝန်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီးက ထိုသို့သော အစီအစဉ်များအတွက် သံသယများကို ယခင်က ဖော်ပြခဲ့ဖူးသည်။
(Thai examiner ပါ Joseph O’ Connor ၏ Government to take its chances by legalising casino complex operations and online gambling in Thailand ကို ဘာသာပြန်သည်။)
You may also like these stories:
လိုငွေပြမှု များပြားသောကြောင့် ကာစီနိုလုပ်ငန်းက ထိုင်းအစိုးရကို ဆွဲဆောင်နေ
မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုသည် ကြီးထွားနေသည့် ကမ္ဘာ့ခြိမ်းခြောက်မှုဖြစ်ကြောင်း USIP ပြော
လာအိုအခြေစိုက် ကာစီနိုကို အမေရိကန်က ပိတ်ဆို့အရေးယူ
တရုတ်ကြောင့် ငွေလိမ်ဂိုဏ်းများ ထိုင်းနယ်စပ်သို့ ရွှေ့ပြောင်း