ပြည်တွင်းစစ် ဖရိုဖရဲအခြေအနေအတွင်း မြန်မာတွင် မူးယစ်ဆေးထုတ်လုပ်မှု မြင့်မားလာသည့် သတင်းများ ထွက်ပေါ်ပြီးနောက် အရှေ့နှင့် အရှေ့တောင်အာရှတွင် ဓာတုဆေးဝါး စံချိန်တင်ဖမ်းမိပြီး သတိပေးချက်များ ထွက်ပေါ်နေသည်။
ရာဇဝတ်ဂိုဏ်းများသည် ဒေသတွင်းသို့ မူးယစ်ဆေးများ ပိုမိုဖြန့်ချိရန် မက်သာဖက်တမင်း၊ အက်စ်တက်စီ၊ ကီတမင်း၊ မက်သာဖက်တမင်းနှင့်ကဖင်း အရောအနှော ယာဘ ဈေးနှုန်းများ လျှော့ချမည်ကို စိုးရိမ်မှု ကြီးထွားနေသည်။
ရှမ်းပြည်နယ်သည် ဒေသတွင်း မူးယစ်ဆေးထုတ်လုပ်သည့် ထိပ်တန်းဒေသဖြစ်ပြီး ထိုင်းနိုင်ငံသည် ထိုင်း၊ လာအိုနှင့် မြန်မာတို့ဆုံသည့် ရွှေတြိဂံဒေသမှ မူးယစ်ဆေး သယ်ယူသည့် အဓိကကြားခံဖြစ်သည်ဟု လူသိများသည်။
ရှမ်းပြည်နယ်သည် ဒေသတွင်း မူးယစ်ဆေးထုတ်လုပ်သည့် ထိပ်တန်းဒေသဖြစ်ပြီး ထိုင်းနိုင်ငံသည် ထိုင်း၊ လာအိုနှင့် မြန်မာတို့ဆုံသည့် ရွှေတြိဂံဒေသမှ မူးယစ်ဆေး သယ်ယူသည့် အဓိကကြားခံဖြစ်သည်ဟု လူသိများသည်။
၂၀၂၃ ခုနှစ်က ထိုင်းနိုင်ငံတွင် အာဏာပိုင်များသည် ယာဘဆေးပြား ၆၄၈ ဒသမ ၉ သန်းနှင့် အိုက်စ် ခေါ် မက်သာဖက်တမင်း ၂၆ ဒသမ ၄ တန် ဖမ်းမိကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ယာဘဆေးပြား ၃၉၅ သန်းနှင့် အိုက်စ် ၁၇ ဒသမ ၆ တန်သာ ဖမ်းမိကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံအခြေအနေသည် ၂၀၁၉ ခုနှစ်ကထက် ပိုမိုဆိုးရွားနေကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) က Straits Times သတင်းစာသို့ ပြောသည်။ Straits Times သည် ထိုင်း-မြန်မာနယ်စပ် မူးယစ်ဆေး မှောင်ခိုမှု ရိုက်ခတ်ချက်များကို လေ့လာရန် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ်သို့ သွားရောက်ခဲ့သည်။
အရှေ့တောင်အာရှသည် ကမ္ဘာတွင် အကြီးမားဆုံးနှင့် အမြန်ဆန်ဆုံး ကြီးထွားနေသည့် မက်သာဖက်တမင်း ဈေးကွက်ဖြစ်ပြီး ၂၀၀၇ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွင်း ဖမ်းဆီးမှု ၈ ဆကျော် မြင့်မားလာသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ ထိုင်းအာဏာပိုင်များသည် ယာဘဆေးပြား ၄၈၈ သန်းနှင့် အိုက်စ် ၁၀ တန်နီးပါးကို ထိုင်း-မြန်မာနယ်စပ်တွင် ဖမ်းမိကြောင်း ONCB က ပြောသည်။
“လွန်ခဲ့တဲ့ သုံးနှစ်အတွင်း အိုက်စ်က အလှည့်အပြောင်းဖြစ်လာပြီး တတိယနိုင်ငံတွေကို မှောင်ခိုသွင်းဖို့ ထိုင်းနိုင်ငံတောင်ပိုင်းကို ခိုးသွင်းတာ တွေ့လာရတယ်” ဟု ONCB က ပြောသည်။
မြန်မာတွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကြောင့် မူးယစ်ဂိုဏ်းများသည် ထုတ်လုပ်မှုစွမ်းရည် တိုးလာပြီး အကန့်အသတ်မရှိ ထုတ်လုပ်နိုင်သည့် အလားအလာရှိကြောင်းလည်း ONCB က ပြောသည်။
UNODC အစီရင်ခံစာအရ အရှေ့နှင့် တောင်အာရှတွင် ဖမ်းဆီးမိသည့် ဆေးပြား၊ ပုံဆောင်ခဲနှင့် အခြားပုံစံရှိ မက်သာဖက်တမင်း ပမာဏသည် ၂၀၁၉ ခုနှစ်တွင် တန်ချိန် ၁၄၀ ရှိရာမှ ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၁၉၀ သို့ တိုးလာပြီး ဒေသတွင်းတွင် စံချိန်တင်ကြောင်း သိရသည်။
UNODC အစီရင်ခံစာအရ အရှေ့နှင့် တောင်အာရှတွင် ဖမ်းဆီးမိသည့် ဆေးပြား၊ ပုံဆောင်ခဲနှင့် အခြားပုံစံရှိ မက်သာဖက်တမင်း ပမာဏသည် ၂၀၁၉ ခုနှစ်တွင် တန်ချိန် ၁၄၀ ရှိရာမှ ၂၀၂၃ ခုနှစ်တွင် တန်ချိန် ၁၉၀ သို့ တိုးလာပြီး ဒေသတွင်းတွင် စံချိန်တင်ကြောင်း သိရသည်။

မူးယစ်ဂိုဏ်းများသည် ထုတ်လုပ်မှုစရိတ် လျှော့ချပြီး ထိန်းချုပ်မထားသည့် ဓာတုပစ္စည်းများသုံးကာ ထုတ်လုပ်မှု မြှင့်တင်ကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုဂိုဏ်းများသည် သန့်စင်မှုနှုန်း ပိုမိုမြင့်မားသည့် ဓာတုဆေးဝါးများကိုလည်း ထုတ်လုပ်နေပြီး အသက်အန္တရာယ် ပိုမိုများပြားစေသည်။
“ထုတ်လုပ်မှု မြင့်မားခြင်းနှင့်အတူ တန်နှင့်ချီသည့် မူးယစ်ဆေး ပို့ဆောင်မှု ပိုမိုများပြားလာပြီး ဈေးနှုန်းများ ကျဆင်းကာ ရရှိနိုင်မှုနှင့် ဝယ်ယူနိုင်မှု ပိုမိုမြင့်မားစေသည်” ဟုလည်း UNODC က ဖော်ပြသည်။
ကမ္ဘောဒီးယား၊ ထိုင်းနှင့် မလေးရှားကဲ့သို့သော နိုင်ငံများတွင် မက်သာဖက်တမင်း ပုံဆောင်ခဲ လက်ကားဈေးနှုန်းသည် ၂၀၁၉ ခုနှစ်တွင် တကီလိုလျှင် အမေရိကန် ဒေါ်လာ ၁၀,၀၀၀ မှ ၁၂,၀၀၀ ကြားရှိရာမှ ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ ၄,၀၀၀ မှ ၇,၀၀၀ ကြားအထိ စံချိန်တင် ကျဆင်းကြောင်း UNODC အစီရင်ခံစာတွင် ဖော်ပြသည်။
ပင်လယ်ပြင်မှ မှောင်ခိုကူးခြင်း
မှောင်ခိုကူးသူများသည် မူးယစ်ဆေးများကို ကုန်းလမ်းမှ သယ်ဆောင်ရန် မလုံခြုံသော ထိုင်း-မြန်မာ နယ်စပ်ကို အသုံးပြုကြောင်း Straits Times သတင်းစာက ၂၀၁၉ ခုနှစ်တွင် သိရှိရသည်။
မြန်မာ၏ အိမ်နီးချင်းများသည် ရွှေတြိဂံဒေသတွင် စစ်ဆင်ရေးများ တိုးမြှင့်လာသောအခါ ရာဇဝတ်ဂိုဏ်းများသည် အခြေအနေအလိုက် ပြောင်းလဲပြီး ရေကြောင်းလမ်းများကို အသုံးပြုကြသည်။
ရာဇဝတ်ဂိုဏ်းများသည် ရေကြောင်းလမ်းမှ ပမာဏ အများအပြားကို မှောင်ခိုပို့ရန် ကုန်းလမ်းအခြေစိုက် မှောင်ခိုစင်္ကြံလမ်းများနှင့် မဲခေါင်ဒေသ ကုန်းတွင်းနယ်စပ် အများအပြားနှင့် ဆက်စပ်နေသည့် ထိုင်းပင်လယ်ကွေ့ကဲ့သို့သော ရေကြောင်းလမ်းများကို ပိုမို ချိတ်ဆက်လာကြောင်း UNODC က ဖော်ပြသည်။
ရာဇဝတ်ဂိုဏ်းများသည် ရေကြောင်းလမ်းမှ ပမာဏ အများအပြားကို မှောင်ခိုပို့ရန် ကုန်းလမ်းအခြေစိုက် မှောင်ခိုစင်္ကြံလမ်းများနှင့် မဲခေါင်ဒေသ ကုန်းတွင်းနယ်စပ် အများအပြားနှင့် ဆက်စပ်နေသည့် ထိုင်းပင်လယ်ကွေ့ကဲ့သို့သော ရေကြောင်းလမ်းများကို ပိုမို ချိတ်ဆက်လာကြောင်း UNODC က ဖော်ပြသည်။
၂၀၂၃ ခုနှစ်တွင် ထိုင်းအာဏာပိုင်များသည် ထိုင်းပင်လယ်ကွေ့အတွင်း စက်လှေတစီးမှ မက်သာဖက်တမင်း ၉၀၀ ကီလိုဂရမ်ကျော်နှင့် စက်လှေလုပ်သား ခြောက်ဦးကို ဖမ်းမိသည်။
“၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ် အစောပိုင်းအတွင်း မက်သာဖက်တမင်း ၁ တန်ကျော်နှင့် ကီတမင်းများ ပါဝင်သည့် အကြီးစားတင်ပို့မှုများကို ရေကြောင်းလမ်းသို့ ပို့ဆောင်စဉ် သို့မဟုတ် ရေကြောင်းတွင် ဖမ်းမိကြောင်း UNODC ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ထိုင်း၊ တရုတ်နှင့် လာအိုတို့နှင့် နယ်စပ်ထိနေသည့် ရှမ်းပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသောကြောင့် အခြေအနေ မကြာမီ တိုးတက်လာဖွယ် မရှိပေ။
မကြာသေးမီ နှစ်များအတွင်း အထူးသဖြင့် မြန်မာမှ ရွေးကောက်ခံအစိုးရကို စစ်တပ်က ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်သည် အရှေ့နှင့် အရှေ့တောင်အာရှတွင် မက်သာဖက်တမင်း ထုတ်လုပ်သည့် ဗဟိုချက်ဖြစ်လာသည်။
၁၅၅,၈၀၀ စတုရန်းကီလိုမီတာ ကျယ်သည့် ရှမ်းပြည်နယ်ကို စစ်ကောင်စီနှင့် ပြည်တွင်းစစ် ဖြစ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်များက သိမ်းပိုက်ထားသည်။
ပဋိပက္ခကြောင့် မြန်မာ၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးသည် အောင်မြင်မှုမရဘဲ အာဏာပိုင်များသည် ထိုပြည်နယ်မှ မက်သာဖက်တမင်း အကြီးအကျယ် ထုတ်လုပ်သည့် ဓာတ်ခွဲခန်းများကို စောင့်ကြည့် ပစ်မှတ်ထားရန် ရုန်းကန်နေရသည်။
၂၀၂၀ ပြည့်နှစ် နောက်ပိုင်းတွင် မြန်မာအာဏာပိုင်များသည် ရှမ်းပြည်တောင်ပိုင်းမှ မက်သာဖက်တမင်း ထုတ်လုပ်သည့် လုပ်ငန်းငယ်များကို ဖြိုခွဲနိုင်ခဲ့သော်လည်း ရှမ်းပြည်၏ မူးယစ်ဆေးဝါးထုတ်လုပ်သော ဒေသများမှလာသည့် မက်သာဖက်တမင်း စုစုပေါင်းကို ထင်ဟပ်နိုင်ခြင်း မရှိကြောင်း UNODC အစီရင်ခံစာက ဖော်ပြသည်။
ဒေါ်လာ ဘီလီယံချီတန်သည့် မူးယစ်ကုန်သွယ်မှုကို ချေမှုန်းရန် ၎င်းတို့၏ အားထုတ်မှုသည် သက်ရောက်မှု မရှိကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လအစီရင်ခံစာတွင် ထိုအဖွဲ့အကြီးအကဲက ရှားရှားပါးပါး ဝန်ခံသည်။
ဒေါ်လာ ဘီလီယံချီတန်သည့် မူးယစ်ကုန်သွယ်မှုကို ချေမှုန်းရန် ၎င်းတို့၏ အားထုတ်မှုသည် သက်ရောက်မှု မရှိကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လအစီရင်ခံစာတွင် ထိုအဖွဲ့အကြီးအကဲက ရှားရှားပါးပါး ဝန်ခံသည်။
“မရေတွက်နိုင်သည့် မူးယစ်ဆေးဝါး သုံးစွဲသူ၊ ထုတ်လုပ်သူ၊ မှောင်ခိုကူးသူနှင့် မူးယစ်ဂိုဏ်းများစွာကို ဖမ်းဆီးအရေးယူသော်လည်း မူးယစ်ဆေးထုတ်လုပ်ခြင်းနှင့် မှောင်ခိုမှု လုံးဝ ကျဆင်းခြင်းမရှိပေ” ဟု အကြီးအကဲဖြစ်သူ ဦးစိုးထွဋ်က Global New Light of Myanmar သတင်းစာသို့ ပြောသည်။
နိုင်ငံအရှေ့မြောက်ပိုင်းမှ တိုင်းရင်းသားလက်ကိုင် အဖွဲ့အစည်းများ မဟာမိတ်က ပြုလုပ်သည့် အဓိက ထိုးစစ်ကို ထိုအဖွဲ့များအတွင်း တခုက ဒေသတွင်းမှ အကျိုးအမြတ်များသည့် မူးယစ်မှောင်ခိုလုပ်ငန်းမှ ရသောငွေဖြင့် ဘဏ္ဍာထောက်ပံ့ကြောင်း မြန်မာစစ်ကောင်စီခေါင်းဆောင်က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ဖော်ပြောဆိုသည်။
နိုင်ငံအရှေ့မြောက်ပိုင်း နယ်စပ်ဒေသမှ မြို့အများအပြားမှ ပြင်းထန်သော တိုက်ပွဲများကြောင့် စစ်ကောင်စီ အငိုက်မိသွားကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

ဒေသတွင်း မူးယစ်ဆေးဝါးအခြေအနေနှင့် ပတ်သက်ပြီး စိတ်ပူကြောင်း စင်ကာပူ၏ ဗဟိုမူးယစ်ဆေးဝါးဗျူရို (CNB) က ပြောသည်။
ပြောခွင့်ရသူတဦးက “နိုင်ငံဖြတ်ကျော်တဲ့ သဘောသဘာဝကြောင့် မူးယစ်မှောင်ခိုမှု ခြိမ်းခြောက်တာဟာ စင်ကာပူရဲ့ ထိခိုက်လွယ်မှုကြောင့် စင်ကာပူနိုင်ငံဟာ ဒေသတွင်း သတင်းအချက်အလက်မျှဝေရေး ပူးပေါင်းဆောင်ရွက်မှုလို အားထုတ်မှုတွေအတွက် ရင်းမြစ်တွေ ထည့်ဝင်ဖို့ အခန်းကဏ္ဍက ဆက်လက် ပါဝင်နေပါတယ်” ဟု ပြောသည်။
သတင်းအချက်အလက် မျှဝေရေးနှင့် စစ်ဆင်ရေးအတွက် နိုင်ငံတကာနှင့် ဒေသတွင်း အားထုတ်မှုများတွင် တက်ကြွစွာ ပါဝင်နေကြောင်း စင်ကာပူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနက ပြောသည်။
ထိုအားထုတ်မှုများတွင် အာဆီယံ လေဆိပ်နှင့် ပင်လယ်ဆိပ်ကမ်း တာဆီးရေးအထူးတပ်ဖွဲ့၏ အစိတ်အပိုင်းအဖြစ် လုပ်ဆောင်ခြင်း ပါဝင်သည်။ ထိုအထူးတပ်ဖွဲ့သည် တရားဥပဒေစိုးမိုးရေးဌာနများ ပူးပေါင်းဆောင်ရွက်ရန်နှင့် ဒေသတွင်း မူးယစ်မှောင်ခိုမှု တားဆီးရန် ဖြစ်သည်။
ထိုအားထုတ်မှုများတွင် အာဆီယံ လေဆိပ်နှင့် ပင်လယ်ဆိပ်ကမ်း တာဆီးရေးအထူးတပ်ဖွဲ့၏ အစိတ်အပိုင်းအဖြစ် လုပ်ဆောင်ခြင်း ပါဝင်သည်။ ထိုအထူးတပ်ဖွဲ့သည် တရားဥပဒေစိုးမိုးရေးဌာနများ ပူးပေါင်းဆောင်ရွက်ရန်နှင့် ဒေသတွင်း မူးယစ်မှောင်ခိုမှု တားဆီးရန် ဖြစ်သည်။
ထိုဌာနသည် ထောက်လှမ်းရေးသတင်း ဖလှယ်ရန် ပြည်ပမှ အလားတူဌာနများနှင့်လည်း အနီးကပ် လုပ်ဆောင်နေပြီး လွန်ခဲ့သောနှစ်များအတွင်း ဒေသတွင်းနှင့်ပြင်ပတွင် ဖမ်းဆီးမှုသိမ်းဆည်းမှု အကြီးအကျယ် လုပ်ဆောင်ခဲ့သည်။
အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက စင်ကာပူ မူးယစ်ဆေးဝါးအခြေအနေကို ယှဉ်ကြည့်လျှင် ကောင်းစွာ စီမံနိုင်ကြောင်း CNB က ပြောပြီး ဥပဒေ အကောင်အထည်ဖော်မှု ဆက်လက် ခိုင်မာနေကြောင်း ပြောကြားသည်။
၂၀၂၃ ခုနှစ်တွင် ဖမ်းမိသည့် အိုက်စ် အရေအတွက် ၁၃ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းပြီး ယာဘဖမ်းဆီးမှုသည် ၉၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းကြောင်း CNB ၏ ၂၀၂၄ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြသည်။
၂၀၂၂ ခုနှင့် ၂၀၂၃ ခုနှစ်အကြား အက်စ်တက်ဆီဆေးပြား သိမ်းဆည်းမှု ၁ ဒသမ ၅၆ ရာခိုင်နှုန်း ကျဆင်းသော်လည်း အလေးချိန်အားဖြင့် ၁၈၄ ဒသမ ၈ ရာခိုင်နှုန်း တိုးမြင့်လာသည်။ ကီတမင်း သိမ်းဆည်းမှုများ အလေးချိန်အားဖြင့် ၅၀ ရာခိုင်နှုန်းနှင့် ဆေးပြားအားဖြင့် ၉၄ ဒသမ ၅ ရာခိုင်နှုန်း တိုးလာသည်။
အိုက်စ် သုံးစွဲသူတိုးလာ
CNB စာရင်းများအရ ၂၀၂၃ ခုနှစ် ဖမ်းဆီးခဲ့သူများ၏ ထက်ဝက်ခန့် သို့မဟုတ် ၁,၆၂၁ ဦးသည် မက်သာဖက်တမင်း သုံးစွဲခဲ့ကြောင်း သိရသည်။ ၂၀၂၂ ခုနှစ်တွင် အာဏာပိုင်များသည် မက်သာဖက်တမင်း သုံးစွဲသူ ၁၄၅၁ ဦး ဖမ်းဆီးခဲ့သည်။
လူငယ်လူသစ် မူးယစ်ဆေးသုံးစွဲသူများသည် ဓာတုဆေးဝါးများကို ပိုမိုသုံးစွဲလာကြသည်။
၂၀၂၃ ခုနှစ်တွင် ဖမ်းဆီးခဲ့သည့် မူးယစ်ဆေးသုံးစွဲသူ ၉၅၂ ဦးအနက် ၅၉၉ ဦးသည် မက်သာဖက်တမင်း သုံးစွဲကြပြီး ယခင်နှစ်က အရေအတွက်ထက် ၁၉ ရာခိုင်နှုန်း တိုးလာသည်။
အသက် ၂၀ အောက် မက်သာဖက်တမင်း သုံးစွဲသူအရေအတွက်သည် ၂၀၂၃ ခုနှစ်တွင် ၂၀၂၂ ခုနှစ်ကထက် ၁၁ ရာခိုင်နှုန်း တိုးလာသည်။
ပြန်လည်ထူထောင်ရေးဌာန နှစ်ခုနှင့် သူ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်သည့် ဘုရားကျောင်းတွင် နေထိုင်သူအများစုသည် မက်သာဖက်တမင်း သုံးစွဲမှုအတွက် အဖမ်းခံရခြင်းဖြစ်ကြောင်း ပြန်လည် ကောင်းမွန်လာသည့် မူးယစ်ဆေးဝါးသုံးစွဲခဲ့ဖူးသူ ဖရန်စစ် ဟောင်းက ပြောသည်။

သူသည် ကျောင်းသားများ၊ တပ်ဖွဲ့ဝင်များ၊ ကျောင်းဆရာ၊ ဆရာမများ၊ အကျဉ်းသားများကို မူးယစ်ဆေးသုံးစွဲမှုနှင့် ဂိုဏ်းဝင်ဖြစ်ခြင်း၏ အန္တရာယ်များကို ဟောပြောပို့ချသူအဖြစ် လုပ်ကိုင်နေသည်။
အသက် ၅၀ အရွယ် မစ္စတာ ဟောင်းက “အိုက်စ်က သူတို့ကို အာရုံစိုက်နိုင်စေပြီး ပိုမိုကောင်းမွန်အောင် လုပ်ကိုင်ဆောင်ရွက်နိုင်စေတယ်လို့ တချို့လူငယ်တွေ မှားယွင်းစွာ ယူဆနေကြတယ်” ဟု ရှင်းပြသည်။
မူးယစ်ဆေးဝါး ရရှိနိုင်မှု တိုးလာခြင်းသည် ကျန်းမာရေး အကျပ်အတည်း ဖြစ်စေမည်ကို စိုးရိမ်ကြောင်း စင်ကာပူမှ မူးယစ်ဆေးစွဲသူများကို အထူးပြုသည့် စိတ်ကုထုံးပညာရှင် မစ္စတာ အင်ဒရူး ဒါ ရိုဇာက ပြောသည်။
မူးယစ်ဆေးဝါး ရရှိနိုင်မှု တိုးလာခြင်းသည် ကျန်းမာရေး အကျပ်အတည်း ဖြစ်စေမည်ကို စိုးရိမ်ကြောင်း စင်ကာပူမှ မူးယစ်ဆေးစွဲသူများကို အထူးပြုသည့် စိတ်ကုထုံးပညာရှင် မစ္စတာ အင်ဒရူး ဒါ ရိုဇာက ပြောသည်။
“ရောင်းလိုအား တိုးလာတာနဲ့အတူ သုံးစွဲသူသစ်တွေကို ဈေးကွက်ခေါ်နိုင်ပြီး လက်ရှိသုံးစွဲသူတွေကလည်း ဆေးပြား ပိုမိုများပြားစွာ ဝယ်ယူလာမယ်” ဟု မစ္စတာ ဒါ ရိုဇာက ပြောသည်။
“ဆေးဝါးကုသမှုနဲ့ ပြန်လည်ထူထောင်ရေး ထောက်ပံ့ရမှု လိုအပ်သူတွေ များလာတဲ့အတွက် ဒါဟာ ပြည်သူ့ကျန်းမာရေး အကျပ်အတည်းကို ဦးတည်စေနိုင်တယ်” ဟုလည်း ၎င်းကပြောသည်။
ဒေသတွင်း မူးယစ်ဆေးထုတ်လုပ်မှု တိုးလာသော်လည်း စင်ကာပူ အာဏာပိုင်များသည် အခြေအနေကို ကိုင်တွယ်နိုင်ကြောင်း ဝါရင့် အတိုင်ပင်ခံ စိတ်ပညာရှင် မုနိဒါဆာ ဝင်းစလိုးက ပြောသည်။
ဒေါက်တာ ဝင်းစလိုးက “ခြုံပြီးပြောရရင် ကျနော်တို့စနစ်က ဈေးနှုန်းကျဆင်းတာကို ကိုင်တွယ်နိုင်လောက်အောင် တောင့်တင်းကြံ့ခိုင်တယ်။ ဘာကြောင့်လဲဆိုတော့ သဘောတရားက ဈေးနှုန်းသာ မဟုတ်ဘူး၊ ဈေးနှုန်းက ဘယ်လောက်ပဲဖြစ်ဖြစ် မူးယစ်ဆေးသုံးရင် အပြစ်ဒဏ်ရမယ်ဆိုတဲ့အချက် ဖြစ်လို့ပါပဲ” ဟု ပြောသည်။
မက်သာဖက်တမင်း၊ ကီတမင်းနှင့် အက်စ်တက်စီ သုံးစွဲသောကြောင့် ဖမ်းမိသူများကို ထောင် ၁၀ နှစ်အထိ ချနိုင်ပြီး ဒဏ်ငွေအများဆုံး စင်ကာပူဒေါ်လာ ၂ သောင်းအထိ ရင်ဆိုင်ရနိုင်သည်။
မက်သာဖက်တမင်း ၂၅၀ ကီလိုဂရမ်နှင့်အထက် မှောင်ခိုသူသည် သေဒဏ်ပေးခံရနိုင်သည်။
ကီတမင်း သို့မဟုတ် အက်စ်တက်စီ မှောင်ခိုမှုအတွက် အပြစ်ရှိသူကို ထောင်အများဆုံး နှစ် ၂၀ အထိ ချနိုင်ပြီး ကြိမ်ဒဏ် ၁၅ ချက်လည်း ပေးနိုင်သည်။
(Straits Times ပါ Zaihan Mohamed Yusof ၏ Concerns grow as gangs in Myanmar increase production and slash prices of synthetic drugs ကို ဘာသာပြန်သည်။)
You may also like these stories:
ပြည်တွင်းစစ်ကြား မြန်မာ မူးယစ်ဆေး ထုတ်လုပ်မှု မြင့်တက်
စိတ်ဒဏ်ရာနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး ရုန်းကန်နေရ
မြန်မာနယ်စပ်ဖြတ်ကျော် မူးယစ်ဆေးမှောင်ခိုမှု မြင့်တက်လာဟု ထိုင်းပြော
ရွှေတြိဂံ မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှ ငွေကြေးခဝါချမှု
တပ်မတော်မပြိုကွဲရေး မူးယစ်ဆေးနဲ့ ထိန်းနေရပြီလား (ရုပ်/သံ)
မူးယစ်ဆေးကျွေးပြီး အိမ်တွေကို မီးရှို့ခိုင်းတာ (ရုပ်/သံ)