အခု စစ်အာဏာသိမ်းတာ လေးနှစ်ပြည့်ပါပြီ။ စစ်အာဏာသိမ်းမှုကို ဘယ်သူတွေက အဓိက ဦးဆောင် အကောင်အထည် ဖော်ခဲ့ကြပါသလဲ။ အာဏာသိမ်းမှု လေးနှစ်အကြာမှာ ဒီလူတွေရဲ့ လားရာကရော ဘယ်လို ရှိပါလဲ။
စစ်အာဏာသိမ်းတာကို ပါဝင်ဦးဆောင် အကောင်အထည်ဖော်ရင်း ရာထူးတက်၊ လုပ်ပိုင်ခွင့်တိုးလိမ့်မယ်လို့ ဗိုလ်ချုပ်တွေက တွက်ခဲ့ကြပုံရပါတယ်။ အာဏာသိမ်း လေးနှစ်ကြာလာချိန်မှာ ပါဝင်ခဲ့တဲ့ ဗိုလ်ချုပ်တွေထဲက တချို့သာ စစ်တပ်မှာ ရာထူးတက်၊ နေရာမြဲခဲ့ကြပေမယ့် အများစုက ရာထူးက အနားပေးခံရတာ၊ စစ်တပ်က ထုတ်ပယ်ခံရတာ၊ ထောင်ချခံရတာ၊ တိုက်ပွဲမှာ သေသွားတဲ့အထိပါ ရှိလာခဲ့ပါပြီ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အာဏာ တည်ဆောက်ရေးအတွက် အန္တရာယ်လို့ ယူဆရသူ မှန်သမျှကို ‘ဖြုတ်၊ ထုတ်၊ သတ်’ လုပ်ခဲ့တာပါ။ ဒါကြောင့် အာဏာသိမ်းရင် အမြတ်ထွက်မယ်လို့ တွက်ခဲ့ကြတဲ့ ဗိုလ်ချုပ်တွေ အတွက်မှားခဲ့ကြပါပြီ။
ဒါကို ကြည့်ရင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့အာဏာ တည်ဆောက်ရေးအတွက် အန္တရာယ်လို့ ယူဆရသူ မှန်သမျှကို ‘ဖြုတ်၊ ထုတ်၊ သတ်’ လုပ်ခဲ့တာပါ။ ဒါကြောင့် အာဏာသိမ်းရင် အမြတ်ထွက်မယ်လို့ တွက်ခဲ့ကြတဲ့ ဗိုလ်ချုပ်တွေ အတွက်မှားခဲ့ကြပါပြီ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒု စစ်ခေါင်းဆောင် စိုးဝင်းပြီးရင် စစ်အာဏာသိမ်းတာကို အဓိက ဦးဆောင်ပါဝင်ခဲ့သူ ထိပ်ပိုင်းအရာရှိ ၁၀ ဦးခန့် ရှိပါတယ်။
ညှိနှိုင်းကွပ်ကဲရေးမှူးဟောင်း (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူးအသစ် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပြည်ထဲရေးဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ စစ်ထောက်ချုပ် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ စစ်ဥပဒေချုပ် ဒု ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရဖ) ဒု ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ ဖြစ်ပါတယ်။
တတပ်တအား ပါဝင်အကောင်အထည် ဖော်ခဲ့သူတွေလည်း ၁၀ ဦးခန့် ရှိပါတယ်။ ထိုစဉ်က စစ်ဆင်ရေး အထူးအဖွဲ့အမှူးတွေဖြစ်တဲ့ အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထ ၁) ဒု ဗိုလ်ချုပ်ကြီး တေဇကျော်၊ ကစထ ၂ ဒု ဗိုလ်ချုပ်ကြီး ခင်လှိုင်၊ ကစထ ၃ ဒု ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ကစထ ၄ ဒု ဗိုလ်ချုပ်ကြီး အောင်စိုး၊ ကစထ ၅ ဒု ဗိုလ်ချုပ်ကြီး သက်ပုံ၊ ကစထ ၆ ဒု ဗိုလ်ချုပ်ကြီး သန်းလှိုင်နဲ့ နေပြည်တော်စစ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်တို့ ဖြစ်ပါတယ်။
ဒါ့အပြင် နေပြည်တော် လုံခြုံရေးကို အဓိက တာဝန်ယူခဲ့ရတဲ့ ပျဉ်းမနားအခြေစိုက် အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့တဲ့ တပ်မ ၇၇ ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ဝင်ရောက် ဖမ်းဆီးရာမှာ ဦးဆောင်ခဲ့တဲ့ ဗိုလ်မှူး ဝင်းထွဋ်ဦးတို့ကလည်း လက်တွေ့ အကောင်အထည်ဖော်ခဲ့တဲ့ တရားခံတွေ ဖြစ်ပါတယ်။
အာဏာသိမ်းမှုကို ဦးဆောင် ပါဝင်ခဲ့ကြသူတွေထဲမှာ စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်မှု နေရာမှာ ဆက်ရှိနေတာ၊ ရာထူးတိုးလာတာဆိုလို့ စရဖချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ညှိကွပ်အသစ် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ပဲ ဖြစ်ပါတယ်။
အာဏာသိမ်းမှုကို ဦးဆောင် ပါဝင်ခဲ့ကြသူတွေထဲမှာ စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်မှု နေရာမှာ ဆက်ရှိနေတာ၊ ရာထူးတိုးလာတာဆိုလို့ စရဖချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ညှိကွပ်အသစ် ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်းတို့ပဲ ဖြစ်ပါတယ်။
ညှိကွပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးက အာဏာသိမ်းပြီးချိန်မှာ ကာကွယ်ရေးဝန်ကြီး၊ နောက် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး အဖြစ် တပ်လက်ကိုင် မရှိတဲ့ အရပ်ဘက်ရာထူးကို ဖယ်ရှားခံရသလို ညှိကွပ် မောင်မောင်အေးလည်း ကာကွယ်ရေးဝန်ကြီးအဖြစ် ရာထူးက လျှော့ချခံလိုက်ရပါတယ်။

ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်လည်း စစ်ဘက်ရာထူးက ဖယ်ရှားခံရပြီး အရပ်ဘက် ဝန်ကြီးဌာနဖြစ်တဲ့ နစကဥက္ကဋ္ဌရုံးဝန်ကြီးဆိုပြီး ရာထူးလျှော့ချခံရပါတယ်။ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ကတော့ အာဏာသိမ်း တနှစ် မပြည့်ခင်မှာဘဲ ရာထူးက ဖယ်ရှားအနားပေးခံခဲ့ရပါတယ်။
သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးရာမှာ ဦးဆောင်ပြီး “ခင်ဗျားတို့ တော်တော် လူပါးဝတယ်” လို့ ကြိမ်းမောင်းခဲ့တဲ့ ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကတော့ စစ်ကောင်စီအဖွဲ့ဝင်၊ နိုင်ငံခြားငွေ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကော်မတီ သုံးခုမှာ ဥက္ကဋ္ဌအဖြစ် မြှောက်စားခံရပါတယ်။ ဒါပေမယ့် အာဏာသိမ်း နှစ်နှစ်ကျော်အကြာမှာ ရာထူးနဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး အဂတိလိုက်စားတယ်လို့ဆိုကာ ထောင်ဒဏ် တသက်တကျွန်း ချခံခဲ့ရပါတယ်။
ဒု ဗိုလ်ချုပ်ကြီး စိုးထွဋ်လည်း မိုးမြင့်ထွန်း အရေးယူခံရပြီး ရက်ပိုင်းအကြာမှာ အဂတိလိုက်စားတာ၊ ဌာနတွင်း လုပ်ထုံးလုပ်နည်းနဲ့ မညီတာတွေကို ကြီးကြပ်ဖို့ ပျက်ကွက်တယ်ဆိုပြီး ရာထူးက ဖယ်ရှားကာ ထောင် ၅ နှစ် ချခံရပါတယ်။
လက်ရှိ စစ်ကောင်စီ အတွင်းရေးမှူးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကိုလည်း အာဏာသိမ်းပြီး တနှစ်အကြာမှာ စစ်ဘက်ရာထူးဖြစ်တဲ့ စစ်ဥပဒေချုပ်ရာထူးက ဖယ်ရှားလိုက်သလို နောက်တလ အကြာမှာ အနာဂတ် တပ်ချုပ်ဖြစ်နိုင်သူလို ရေပန်းစားခဲ့ဖူးတဲ့ ဒု ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းကို ရာထူးက ထပ်ဖယ်ရှားလိုက်ပါတယ်။ ဒု ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းကိုတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ပို့ခဲ့ပါတယ်။
ဒါကြောင့် စစ်အာဏာသိမ်းမှုမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်တွေမှာ စစ်ဘက်ရာထူးလက်ကိုင် ရှိတော့တာဆိုလို့ နှစ်ဦးသာ ရှိပါတော့တယ်။ စစ်ဘက်ရာထူးက ဖယ်ရှားခံလိုက်ရပြီး အရပ်ဘက်ဝန်ကြီးဌာနတွေ ပို့ခံရတဲ့ ဗိုလ်ချုပ်ကြီးနဲ့ ဒု ဗိုလ်ချုပ်ကြီး လေးဦး ရှိသလို အနားပေးခံရသူ နှစ်ဦး ရှိပါတယ်။ ဒါ့အပြင် ဖမ်းဆီးထောင်ချခံရသူ နှစ်ဦးလည်း ရှိပါတယ်။
ကစထမှူး ခြောက်ဦးမှာတော့ ရာထူးမြဲတာဆိုလို့ ဒု ဗိုလ်ချုပ်ကြီး တေဇကျော်နဲ့ ဒု ဗိုလ်ချုပ်ကြီး သက်ပုံပဲ ရှိပါတယ်။
ကစထမှူး ခြောက်ဦးမှာတော့ ရာထူးမြဲတာဆိုလို့ ဒု ဗိုလ်ချုပ်ကြီး တေဇကျော်နဲ့ ဒု ဗိုလ်ချုပ်ကြီး သက်ပုံပဲ ရှိပါတယ်။
ဒု ဗိုလ်ချုပ်ကြီး ခင်လှိုင်က ကရင်၊ မွန်နဲ့ တနင်္သာရီကို ကွပ်ကဲရတဲ့ ကစထ ၄ ကို အာဏာသိမ်းပြီး နှစ်နှစ်အကြာ အပြောင်းခံရပြီး သိပ်မကြာခင် ရာထူးက ဖယ်ရှားခံရပါတယ်။ ဒု ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်လည်း အာဏာသိမ်းပြီး လပိုင်းအကြာမှာ အရန်အင်အားရောက်ပြီး ငြိမ်းချမ်းရေးကော်မတီမှာပဲ နေရာရပါတော့တယ်။
ဒု ဗိုလ်ချုပ်ကြီး အောင်စိုးကလည်း ဒု ဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနဲ့အတူ ရာထူးက အနားပေးခံရပြီး USDP ကို ရောက်သွားပါတယ်။ ကိုယ့်ညီအရင်းကိုတောင် သတ်ပြခဲ့တဲ့ ဒု ဗိုလ်ချုပ်ကြီး သန်းလှိုင်ကိုလည်း စစ်ကိုင်းတိုင်းကို ကွပ်ကဲခိုင်းပြီး အာဏာသိမ်း တနှစ်အကြာမှာတင် ရာထူးက ဖယ်ရှားခံရပါတယ်။
သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံကို ဖမ်းရာမှာ ပါဝင်ခဲ့တဲ့ နေပြည်တော်စစ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်ကတော့ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်အဖြစ် မြှောက်စားခံရပါတယ်။ ဒါပေမယ့် အာဏာသိမ်းပြီး တနှစ်အကြာမှာ စစ်ဘက်ရာထူးက ဖယ်ရှားပြီး ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အိမ်ကို စီးနင်းရှာဖွေခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံ အမှုမှာ သက်သေထွက်ဆိုခဲ့တဲ့ ဗိုလ်မှူး ဝင်းထွဋ်ဦးကတော့ ဗိုလ်မှူးချုပ်ရာထူးနဲ့ တပ်မ ၈၈ ရဲ့ တပ်မမှူးအဖြစ် ရာထူးတိုးမြှင့်ခံရပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ ကချင်ပြည်နယ်၊ မိုးမောက်က တိုက်ပွဲမှာ မိုင်းထိပြီး သေဆုံးသွားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အိမ်ကို စီးနင်းရှာဖွေခဲ့သလို နိုင်ငံတော်အတိုင်ပင်ခံ အမှုမှာ သက်သေထွက်ဆိုခဲ့တဲ့ ဗိုလ်မှူး ဝင်းထွဋ်ဦးကတော့ ဗိုလ်မှူးချုပ်ရာထူးနဲ့ တပ်မ ၈၈ ရဲ့ တပ်မမှူးအဖြစ် ရာထူးတိုးမြှင့်ခံရပြီး ၂၀၂၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ ကချင်ပြည်နယ်၊ မိုးမောက်က တိုက်ပွဲမှာ မိုင်းထိပြီး သေဆုံးသွားတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

စစ်အာဏာသိမ်းမှုကို လက်တွေ့ အကောင်အထည် ဖော်ပေးသူတွေထဲမှာ အမြတ်ထွက်ခဲ့ကြသူတွေလည်း ရှိပါတယ်။
နေပြည်တော်လုံခြုံရေးကို တာဝန်ယူခဲ့တဲ့ စကခ ၆ က ဗိုလ်မှူးချုပ် သန်းထိုက်ကတော့ ဗိုလ်ချုပ်ရာထူးနဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူးကနေတဆင့် တပ်ရဲ့ နံပါတ် ၆ နေရာဖြစ်တဲ့ စစ်ဦးစီးအရာရှိချုပ် (ကြည်း) အထိ ရာထူးတိုးခဲ့ပါတယ်။
အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့တဲ့ တပ်မ ၇၇ ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်ကတော့ တပ်မတော် နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးကနေ အခုဆို စစ်တက္ကသိုလ် (DSA) ရဲ့ ကျောင်းအုပ်ကြီးရာထူးကို ဗိုလ်ချုပ်ဘဝနဲ့ ရနေပါတယ်။
ဒီလို အမြတ်ထွက်တာက စစ်ဗိုလ်ချုပ် အနည်းစုသာ ဖြစ်ပါတယ်။ ရာထူးမြဲတာနဲ့ ရာထူးတိုးတာဆိုလို့ စရဖချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ညှိကွပ်အသစ် ဒု ဗိုလ်ချုပ်ကြီးကျော်စွာလင်း၊ ကစထမှူးတွေဖြစ်တဲ့ ဒု ဗိုလ်ချုပ်ကြီး တေဇကျော်၊ ဒု ဗိုလ်ချုပ်ကြီး သက်ပုံ၊ စစ်ဦးစီးအရာရှိချုပ် (ကြည်း) ဗိုလ်ချုပ် သန်းထိုက်နဲ့ DSA ကျောင်းအုပ်ကြီး ဗိုလ်ချုပ် စိုးမြတ်ထွဋ်တို့သာ ရှိပါတယ်။
စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။ ကိုယ်ကျိုးရှာ အမြတ်ထွက်မယ်လို့ တွက်ခဲ့ကြတဲ့ စစ်တပ်အရာရှိတွေက အာဏာသိမ်း လေးနှစ်အကြာမှာ အတွက်မှားပြီး အရှုံးကြီး ရှုံးခဲ့ကြပါသလို အသက်ဆုံးခဲ့ရသူလည်း မနည်းပါဘူး။
စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။ ကိုယ်ကျိုးရှာ အမြတ်ထွက်မယ်လို့ တွက်ခဲ့ကြတဲ့ စစ်တပ်အရာရှိတွေက အာဏာသိမ်း လေးနှစ်အကြာမှာ အတွက်မှားပြီး အရှုံးကြီး ရှုံးခဲ့ကြပါသလို အသက်ဆုံးခဲ့ရသူလည်း မနည်းပါဘူး။
လက်ရှိ စစ်တပ်က အရာရှိတွေလည်း ဒီသာဓကတွေကို ကြည့်ပြီး လက်ရှိ စစ်တပ်ထိပ်ပိုင်း အရာရှိတွေ အပါအဝင် အောက်ခြေတပ်သားအဆင့်အထိ စစ်တပ်ကို စွန့်ခွာတာ၊ တန်ပြန် အာဏာသိမ်းတာ အပါအဝင် စစ်ခေါင်းဆောင်တွေကို နည်းမျိုးစုံ ပုန်ကန်ကြဖို့ အသိစိတ်ဝင်ချိန်တန်တဲ့အပြင် အတော်တောင် လွန်ခဲ့ပါပြီ။
(ဥသြသည် ရန်ကုန်တက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံကျောင်းသားဟောင်း တဦးဖြစ်ပြီး မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ သုတေသီတဦးလည်း ဖြစ်ပါသည်။)
You may also like these stories:
စစ်တပ် ထိပ်ပိုင်းရာထူး အပြောင်းအလဲတွေရဲ့ နောက်ကွယ် (ရုပ်/သံ)
စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း
မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး